News @ M-Media

Blog

  • အမေရိကန် မွတ်စလင်များ၏ ရမ်ဇာန်ဥပုသ်လနှင့် ဝါကျွတ်အီးဒ် ပုံရိပ်များ

    အမေရိကန် မွတ်စလင်များ၏ ရမ်ဇာန်ဥပုသ်လနှင့် ဝါကျွတ်အီးဒ် ပုံရိပ်များ

    ဇူလိုင် ၁၆ ၊ ၂၀၁၅
    M-Media

    1 copy
    – ဇွန်လ ၁၈ ရက်နေ့က စတင်ခဲ့တဲ့ အစ္စလာမ်ဘာသာဝင်တို့ရဲ့ ရမ်ဇာန်ဥပုဉ်လဟာ မကြာခင် ရက်ပိုင်းအတွင်းမှာ ကုန်ဆုံးပါတော့မယ်။ ၀တ်ပြုဆုတောင်းတာ၊ ဥပုသ်သီလဆောက်တည်တာ၊ မိတ်ဆွေသူငယ်ချင်းတွေ မိသားစုတွေနဲ့အတူ အစ်ဖ်သာရ်ဝါဖြေကြတာနဲ့ လူ့အဖွဲ့အစည်းအတွင်း ပရဟိတလုပ်ငန်းတွေကို လုပ်ဆောင်ကြတာဟာ ရမ်ဇာန်ဥပုသ်လအတွင်း အမေရိကန် မွတ်စလင်တွေ လိုက်နာကျင့်သုံးခဲ့ကြတဲ့ အမှတ်လက္ခဏာတွေပဲ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ တစ်နံတစ်လျားက အမေရိကန်မွတ်စလင်တွေ ရမ်ဇာန်လမြတ်ကို ဘယ်လို ဖြတ်သန်းကြတယ်ဆိုတာကို ဓာတ်ပုံနဲ့တကွ တင်ဆက်လိုက်ပါတယ်။

    အမေရိကန်နိုင်ငံသား ၁၀၀ တိုင်းမှာ အကြမ်းဖျင်းအားဖြင့် မွတ်စလင်တစ်ယောက် ရှိနေပါတယ်။ သမ္မတကလည်း နှစ်စဉ်နှစ်တိုင်း အိမ်ဖြူတော်မှာ ၀ါဖြေပွဲလုပ်ပြီး အမေရိကန်မွတ်စလင်တွေကို ဂုဏ်ပြုလေ့ရှိပါတယ်။

    ref: share.america.gov

    2 copy 3 copy 4 copy 5 copy 6 copy 7 copy

  • “သင့်မြတ်လိုသူ ဘာသာပေါင်းစုံ လူငယ်များ” အဖွဲ့မှ ကိုဇော်ဇော်လတ် ဖမ်းဆီးခံရ

    “သင့်မြတ်လိုသူ ဘာသာပေါင်းစုံ လူငယ်များ” အဖွဲ့မှ ကိုဇော်ဇော်လတ် ဖမ်းဆီးခံရ

    ဇူလိုင် ၁၆ ၊ ၂၀၁၅
    M-Media
    သီဟ
    .11055393_773581592756063_5203927022709990775_n
    မန္တလေးအခြေစိုက် သင့်မြတ်လိုသူ ဘာသာပေါင်းစုံလူငယ်များ ပရဟိတအဖွဲ့က ကိုဇော်ဇော်လတ်ကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နဲ့ ချမ်းအေးသာဇံမြို့နယ် အမှတ် ၃ မှုခင်းရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်က ကချင်ပြည်နယ် လိုင်ဇာမြို့က KIA တပ် စခန်းမှာ သေနတ်ကိုင်ထားတဲ့ ဓါတ်ပုံရိုက်ခဲ့တာကို လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး ကိုဇော်ဇော်လတ် ဖမ်းဆီးခံခဲ့ရတာဖြစ်ကြောင်း အဖွဲ့ဝင်တဦးဖြစ်တဲ့ မပွင့်ဖြူလတ်က ပြောပါတယ်။
    .
    ” တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ဒုက္ခသည်စခန်းတွေ ရောက်တဲ့ သတင်းထောက်တွေ ၊ ပရဟိတအဖွဲ့က လူငယ်တွေဟာ လူငယ်သဘာဝ အပျော်သဘောနဲ့ သေနတ်ကိုင်၊ တိုင်းရင်းသားတပ်ဖွဲ့ ဝတ်စုံတွေ ဝတ်ပြိး ဓါတ်ပုံရိုက်တာ အများကြိးရှိပါတယ်။ ဒီလို ဓါတ်ပုံတွေက ဆိုရှယ်မီဒီယာပေါ်မှာ အရင်ကလဲ တွေ့နေကျပါ။  ဒီပုံက တင်ထားတာ ၂ နှစ်အရင်ကပါ ။အစ္စလာမ်ဘာသာဝင် တယောက်ဖြစ်တဲ့ ကိုဇော်ဇော်လတ်ကိုပဲ ရွေးပြိး ဖမ်းတာ တမင်တကာ အကြောင်းရှာပြီး လုပ်တယ်လို့မြင်ပါတယ်။ ”  လို့ပြောလာသူကတော့ ကိုဇော်ဇော်လတ်နဲ့ ဘာသာပေါင်းစုံ ညီညွှတ်ရေး သင်တန်း အတူတက်ဖူးတဲ့ လူငယ်တယောက်ရဲ့ ပြောကြားချက်ပါ။

    11742726_653310814771001_3696088171492555601_n
    .
    သင့်မြတ်လိုသူ ဘာသာပေါင်းစုံ လူငယ်များ ပရဟိတအဖွဲ့ကို ၂၀၁၃ မတ်လက မိတ္တီလာ ဘာသာရေး ပဋိပက္ခအပြီး ဗုဒ္ဓဘာသာ၊ဟိန္ဒူ၊ မွတ်စလင်၊ ခရစ်ယာန်၊ ဘာဟာအီ စတဲ့ ဘာသာ ငါးခုက လူငယ်တွေနဲ့ စုပေါင်း ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
    .
    ဒီအဖွဲ့ဟာ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး လှုပ်ရှားမှုတွေအပြင် လူမှုရေး အကူအညီလိုအပ်တာတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။
    .
    လွန်ခဲ့သည့် လများအတွင်း ကိုဇော်ဇော်လတ်နဲ့ ၄င်းတို့ အဖွဲ့ဝင်များ လှုပ်ရှားမှု ဓါတ်ပုံများကို အသုံးပြုပြီး ဆိုရှယ်မီဒီယာများတွင် ဘာသာရေး အသွင်ဆောင် အသုံးအနှုန်းများဖြင့် ဝါဒဖြန့် လှုံဆော်မှုများ ပြုလုပ်ခဲ့တာကို တွေ့ရှိရပါတယ်။
    .
    ကိုးကား-RFA
    ဓါတ်ပုံ-ကိုဇော်ဇော်လတ် FB စာမျက်နှာ

  • မတရားအသင်း (ကာတွန်း)

    မတရားအသင်း (ကာတွန်း)

    ကာတွန်း-လဂွန်းအိန်
    125

  • iPACE မှ ဦးဆောင်ပြီး Interfaith Advocacy  နှင့် ဝါဖြေပွဲပြုလုပ်မည်။

    iPACE မှ ဦးဆောင်ပြီး Interfaith Advocacy နှင့် ဝါဖြေပွဲပြုလုပ်မည်။

    ဇူလိုင် ၁၅ ၊ ၂၀၁၅
    Institute for Political and Civic Engagement - iPACE
    အိုင်ပေ့စ် (Institute for Political and Civic Engagement – iPACE) သင်တန်းကျောင်းမှ “ဘာသာပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရေးအတွက် Advocacy လုပ်ခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပမယ့် Advocacy Forum တခုပြုမှာ ဖြစ်ကြောင်းသိရပါတယ်။
    .
    ဆွေးနွေးပွဲကို ကြာသပတေးနေ့၊ ဇူလိုင်လ (၁၆) ရက်နေ့၊ ညနေ (၄း၀၀) အချိန်တွင် စတင်သွားမှာဖြစ်ပြီးတော့ စိတ်ဝင်စားတဲ့သူ ဘယ်သူမဆို တက်ရောက်နိုင်ကြောင်း မြန်မာလို ကျင်းပသွားမှာ ဖြစ်ပြီး နေရာကတော့ တော်ဝင်လမ်းမှာရှိတဲ့ အမေရိကန်စင်တာမှာ ဖြစ်ကြောင်းသိရပါတယ်။
    .
    ဘာသာပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရေး အတွက် ဦးဆောင်ပြီး advocacy လုပ်ဆောင်နေကြတဲ့ ခေါင်းဆောင်များက ပိုပြီး အားကောင်းတဲ့ ဘာသာပေါင်းစုံ ဒိုင်ယာလော့ခ် တည်ဆောက်နိုင်ရေး သူတို့ရဲ့ အတွေ့အကြုံများ၊ ရရှိခဲ့တဲ့ သင်ခန်းစာများ နဲ့ အကြံဥာဏ်များကို မျှဝေပေးသွားမှာ ဖြစ်ကြောင်း iPACE ရဲ့ FB စာမျက်နှာမှာ ဖော်ပြထားပါတယ်။
    .
    မတူညီကွဲပြားတဲ့ ဘာသာပေါင်းစုံမှ အတူတကွနေထိုင်ကြတဲ့သူများ အပြန်အလှန်ဆွေးနွေးခြင်းအားဖြင့် ပိုပြီးတည်ငြိမ်တဲ့၊ ပိုပြီး ခိုင်မြဲတဲ့ အုပ်ချုပ်မှုကို ဘယ်လိုဦးတည်သွားစေနိုင်သလဲ ဆိုတာကို ဆွေးနွေး အဖြေရှာသွားမှာ ဖြစ်ပြီး ဆွေးနွေးပွဲအပြီးတွင် အစ္စလာမ်ဘာသာဝင်တွေရဲ့ ရမသွာန် ဥပုသ်လကို ဂုဏ်ပြုတဲ့အနေနဲ့ တက်ရောက်လာသူများကို ရမသွာန် ရဲ့ အရေးကြီးပုံကို အနည်းငယ် ရှင်းပြသွားမှာဖြစ်ပြီး၊ iftar(ဥပုသ်ထွက်) ညစာကိုလဲ ကျွေးမွေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
    .
    ဦးဆောင်ဆွေးနွေးမယ့် သူတွေကတော့-
    .
    အလ်ဟာဂ်ျ ဦးအေးလွင်၊ အစ္စလာမ်ဓမ္မဗိမာန် ဦးဆောင် ဆော်သြရေးမှူး
    .
    ကာဒီနယ် (ဦး)ချားလ်မောင်ဘို၊ ကက်သလစ်ဂိုဏ်းချုပ်၊ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ကာဒီနယ်
    .
    အရှင်ဇယဓိသ (အရှင်သုည)၊ မလိခ၀ါဆိုကျောင်းတိုက်ဆရာတော်၊ မန္တလေးမြို့ တို့ဖြစ်ကြပါတယ်။
    .
    ref: Institute for Political and Civic Engagement – iPACE FB

  • အင်တာတွင် ဖလားသုံးလုံးရသည့် မော်ရင်ဟိုအား မနာလိုဟု မန်စီနီပြော

    အင်တာတွင် ဖလားသုံးလုံးရသည့် မော်ရင်ဟိုအား မနာလိုဟု မန်စီနီပြော

    ဇူလိုင် ၁၅၊ ၂၀၁၅
    M-Media

    inter

    – နည်းပြမော်ရင်ဟို အင်တာမီလန်နှင့် ဖလား ၃ လုံးရရှိခဲ့မှုကို မိမိအနေဖြင့် သ၀န်တိုမိပြီး အင်တာသို့ ဒုတိယံမိ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်းမှာလည်း ပေါကြောင်ကြောင်နိုင်သည်ဟု မန်စီးတီးနည်းပြဟောင်း မန်စီနီက ပြောကြားလိုက်သည်။

    အင်တာတွင် ပထမအကြိမ် နည်းပြစဉ်က စီးရီးအေဖလားကို ၃ နှစ်ဆက်တိုက် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သော်လည်း မန်စီနီမှာ ၂၀၀၈ ခုနှစ်တွင် ထုတ်ပယ်ခံလိုက်ရကာ မော်ရင်ဟိုနှင့် အစားထိုးခံခဲ့ရသည်။

    “အထုတ်ခံရမယ်လို့ ကျွန်တော် မမျှော်လင့်ခဲ့ပါဘူး။ မနက်ကျမှ ကျွန်တော် ဆောင်းပါးဖတ်ရပြီး ကျွန်တော့်စိတ်ထဲမှာ သံသယတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ မိုရက်တီက ကျွန်တော့်ကို ဖုန်းခေါ်ပြီး ဆုံးဖြတ်ချက်ကို သူချခဲ့တာလို့ ပြောပါတယ်” ဟု မန်စီနီက GazzettaTV သို့ ပြောကြားခဲ့သည်။

    မိုရက်တီက မော်ရင်ဟိုအား အစားထိုးမည်ဆိုသည်ကို ပြောခဲ့သလားဟု မေးမြန်းရာ မန်စီနီက မပြောခဲ့ကြောင်း၊ မိမိဘ၀၏ အရေးအကြီးအဆုံးအချိန်တွင် အင်တာအား နည်းပြခွင့်ပေးသည့်အတွက် မိုရက်တီကို ကျေးဇူးတင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    မော်ရင်ဟိုလက်ထက်တွင် အင်တာမှာ တစ်နှစ်အတွင်း ဖလား ၃ လုံးကို ဆွတ်ခူးရရှိနိုင်ခဲ့သည်။

    “သူက နည်းပြကောင်းတစ်ယောက်လို့ ကျွန်တော်ထင်ပါတယ်။ ဖလား ၃ လုံးအတွက် မနာလိုဖြစ်လားလို့မေးရင်တော့ – ဒါက သဘာဝပါပဲ” ဟု မန်စီနီကဆိုသည်။

    အင်တာမှထွက်ခွာခဲ့ပြီးနောက် မန်စီးတီးကို နည်းပြခဲ့သည့် မန်စီနီမှာ အသင်းအတွက် ၄၄ နှစ်ကြာ ဝေးကွာနေသည့် ပရီးမီးယားလိဂ်ဖလားကို ရရှိရန် ဦးဆောင်နိုင်ခဲ့ပြီး၊ နောက်နှစ်တွင် ဒုတိယနေရာဖြင့် ရာသီသိမ်းခဲ့သောကြောင့် အထုတ်ခံခဲ့ရကာ ဂါလာတာစာရေးသို့ ပြောင်းရွှေ့ခဲ့သည်။

    သို့သော်လည်း ပြီးခဲ့သည့် နိုဝင်ဘာတွင် အင်တာသို့ အံအားသင့်ဖွယ် ပြန်လည်ရောက်ရှိခဲ့သည်။

    “အီတလီကိုပြန်ဖို့ထက် နိုင်ငံရပ်ခြားက ခေါ်ဆိုမှုကို ကျွန်တော် စောင့်နေခဲ့တာပါ။ အင်တာကိုပြန်ဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးပါဘူး။ လူတွေဟာ ဘ၀မှာ ပေါကြောင်ကြောင်အလုပ်တွေ တော်တော်များများကို လုပ်ကြပါတယ်။ ကျွန်တော်လည်း ဒီလို လုပ်ခဲ့တာပါပဲ”

    Ref: Goal