News @ M-Media

Blog

  • အဖွင့်ပွဲ အနိုင်ရလဒ်က အရေးပါဆုံးဖြစ်သည်ဟု ချီလီကွင်းလယ်လူပြော

    အဖွင့်ပွဲ အနိုင်ရလဒ်က အရေးပါဆုံးဖြစ်သည်ဟု ချီလီကွင်းလယ်လူပြော

    ဇွန် ၁၂၊ ၂၀၁၅
    M-Media

    vida;

    – မိမိအနေဖြင့် ဂိုးသွင်းနိုင်ခဲ့သော်လည်း အရေးအကြီးဆုံးမှာ မိမိတို့အသင်း အဖွင့်ပွဲတွင် ၃ မှတ်အပြည့် ယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု ချီလီအသင်း၏ အားထားရသည့် အလယ်တန်းလူ အာတူရို ဗီဒဲလ်က ပြောကြားလိုက်သည်။

    ယနေ့မနက်က ကစားခဲ့သည့် ကိုပါအမေရိက ဘောလုံးပြိုင်ပွဲ အုပ်စု (က) အဖွင့်ပွဲစဉ်တွင် အိမ်ရှင်ချီလီအသင်းနှင့် အီကွေဒေါအသင်းတို့ ကစားခဲ့ရာ ချီလီက ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ချီလီအတွက်ဂိုးများကို ဗီဒဲလ်က ပင်နယ်တီမှ တစ်ဂိုး ဗာရ်ဂက်စ်က တစ်ဂိုး သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။

    ဂျူဗင်တပ်စ်အသင်း၏ အလယ်တန်းကစားသမားဖြစ်သူ ဗီဒဲလ်က မိမိတို့အသင်းမှာ အိမ်ကွင်းဖိအားကြောင့် အနည်းငယ် ကြောက်ရွံ့မှုရှိခဲ့သည်ဟု ဆိုသည်။

    “ပထမပွဲကတော့ အမြဲတမ်း ခက်ခဲတာပါပဲ။ ကြောက်ရွံ့မှုတွေ၊ အနိုင်ရဖို့ ဆန္ဒတွေရှိလို့ပါ။ ဒါပေမယ့် ကျွန်တော်တို့ တည်ငြိမ်ပြနိုင်ခဲ့ပြီး အနိုင်လည်း ရယူနိုင်ခဲ့ပါတယ်။ ရလဒ်က အရေးပါဆုံးဖြစ်ပြီး ကျွန်တော်တို့ ပျော်လည်းပျော်ပါတယ်” ဟု ဗီဒဲလ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    အီကွေဒေါမှာ ထိုပွဲတွင် အခွင့်အရေးအချို့ ရခဲ့သော်လည်း အသုံးမချနိုင်ခဲ့သောကြောင့် သရေကျခဲ့ခြင်းဖြစ်သည်။ ဗီဒဲလ်ကမူ အသင်းတွင် လိုအပ်ချက်ရှိနေသည်ဟု ၀န်ခံခဲ့သည်။

    “ကျွန်တော်တို့ တိုးတက်အောင် အများကြီး လုပ်ရပါမယ်။ စူးစိုက်မှု၊ ကစားပုံ အဲဒါတွေပေါ့။ ဒီပွဲဟာ ပထမပွဲဖြစ်ပြီး ကစားပုံကောင်းဖို့ ခက်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နိုင်တာက အရေးပါပါတယ်”

    Ref: Goal

  • ရိုဟင်ဂျာအရေး မလေးရှားကြားဝင်ရန် ၀န်ကြီးချုပ်ဟောင်း မဟာသီ တိုက်တွန်း

    ရိုဟင်ဂျာအရေး မလေးရှားကြားဝင်ရန် ၀န်ကြီးချုပ်ဟောင်း မဟာသီ တိုက်တွန်း

    ဇွန် ၁၂၊ ၂၀၁၅
    M-Media

    ro

    – မြန်မာနိုင်ငံအတွင်းရှိ ရိုဟင်ဂျာများအပေါ် အစိုးရကပြုလုပ်သည့် ခွဲခြားဆက်ဆံမှုအတွက် မလေးရှားအနေဖြင့် ကြားဝင်ဆောင်ရွက်ရန် ၀န်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာမိုဟာမက်က ပြောကြားခဲ့ပြီး ထိုကဲ့သို့ ဆက်ဆံမှုမှာ လူမျိုးတုန်း သတ်ဖြတ်မှုဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

    “Plight of the Rohingya Part II — Crime Against Humanity” ခေါင်းစဉ်ဖြင့် ယနေ့တွင် ကွာလာလမ်ပူ၌ ကျင်းပသည့် နိုင်ငံတကာ ညီလာခံတွင် မဟာသီက ထိုကဲ့သို့ ပြောကြားလိုက်ဖြစ်ပြီး ရိုဟင်ဂျာများနှင့် ဘင်္ဂလားဒေ့ရှ်မှ ရွှေပြောင်းလာသူ ထောင်ပေါင်းများစွာမှာ ပင်လယ်ထဲတွင် သောင်တင်ခဲ့ပြီးနောက်ပိုင်း အာခြားသော အာဆီယံနိုင်ငံများအနေဖြင့် ၎င်းတို့၏ ကြားမ၀င်ရေး ပေါ်လစီကို ပယ်ဖျက်ရန်လည်း မဟာသီယာက တိုက်တွန်းခဲ့သည်။

    “ဒါက လှေစီးပြဿနာမဟုတ်ပါဘူး။ ကြားမ၀င်ဘူးဆိုတဲ့ အယူအဆက ကန့်သတ်ချက်တော့ ရှိသင့်ပါတယ်။ ဒါဟာ ပြည်တွင်းရေး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူတို့ရဲ့ ပြည်သူတွေကို ဒီလိုနည်းလမ်းနဲ့ ဆက်ဆံဖို့ ဘယ်နိုင်ငံကမှ အခွင့်အရေးမရှိပါဘူး။ ဒါဟာ လူမျိုးတုန်းသတ်ဖြတ်မှုပါ။ အကန့်အသတ်တစ်ခုကို ကျော်ပြီး ကျွန်တော်တို့ မဖြစ်မနေ ကြားဝင်ရမှာပါ။ ကြားမ၀င်ရေး ပေါ်လစီကို
    ပယ်ဖျက်ဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်” ဟု မဟာသီက အဆိုပါညီလာခံမိန့်ခွန်း၌ ပြောကြားခဲ့သည်။

    “မလေးရှားအနေနဲ့ ဒီကိစ္စကို အာဆီယံအဖွဲ့နဲ့အတူ ဆွေးနွေးသင့်ပါတယ်။ ကျွန်တော်တို့ အာဆီယံမှာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်တဲ့နိုင်ငံ မရှိရပါဘူး။ ကျွန်တော်တို့ ကြားဝင်စွက်ဖက်ရပါမယ်”

    ထို့ပြင် ဒေါက်တာမဟာသီမှာ မြန်မာအစိုးရ၏ ရိုဟင်ဂျာများအပေါ် ညှင်းပန်းနှိပ်စက်မှုများအား ကုလသမဂ္ဂသို့ ရောက်ရှိရန် အာဆီယံအသိုင်းအ၀ိုင်းက ဆောင်ရွက်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံအား ၀ိုင်းကျဉ်ထားရန်လည်း တိုက်တွန်းခဲ့သည်။

    “ကျွန်တော်တို့ ဒါကို ကုလသမဂ္ဂကို ယူသွားနိုင်ပါတယ်။ သူတို့ဘာမှ မလုပ်နိုင်တာမျိုးတော့ မဟုတ်ပါဘူး။ ဒီနိုင်ငံကို ၀ိုင်းကျဉ်ဖို့ လိုအပ်ပါတယ်” ဟု မြန်မာနိုင်ငံကို ရည်ညွှန်း၍ ဒေါက်တာ မဟာသီယာက ထည့်သွင်းပြောကြားခဲ့သည်။

    ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက မေလ ၈ ရက်နေ့တွင် ထုတ်ပြန်သော ကြေညာချက်၌ ဇန်န၀ါရီလမှ မတ်လအတွင်း လူကုန်ကူးသူများ၏ လှေပေါ်တွင် ရှိနေကြသည့် ရိုဟင်ဂျာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဦးရေမှာ ၂၅၀၀၀ ခန့်ရှိသည်ဟု ဖော်ပြထားသည်။

    နိုင်ငံတကာမှ သံတမန်များနှင့် လေ့လာသူများကမူ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်ရေးတွင် ကြားမ၀င်ရေး မူဝါဒက ရိုဟင်ဂျာများအပေါ် မြန်မာနိုင်ငံက စနစ်တကျ ညှင်းပန်းနှိပ်စက်မှုကို တားဆီးရန် မအောင်မြင်ခဲ့ဟု ပြောကြားခဲ့ကြောင်း မေလ ၁၇ ရက်နေ့တွင် AFP သတင်းဌာနက ဖော်ပြခဲ့သည်။

    Ref: sg.news.yahoo

  • တောင်တရုတ် ပင်လယ်အတွင်း နယ်မြေစိုးမိုးမှု ရပ်တန့်ရန် တရုတ်ကို အမေရိကန်ပြော

    တောင်တရုတ် ပင်လယ်အတွင်း နယ်မြေစိုးမိုးမှု ရပ်တန့်ရန် တရုတ်ကို အမေရိကန်ပြော

    ဇွန် ၁၂၊ ၂၀၁၅
    M-Media

    – တောင်တရုတ်ပင်လယ်အတွင်း နယ်မြေစိုးမိုးရေးလုပ်ငန်းများကို ရပ်တန့်ရန်အတွက် အမေရိကန်နိုင်ငံက တရုတ်အား ထပ်မံပြောဆိုလိုက်ပြီး တရုတ်နှင့် စစ်ဘက်ဆိုင်ရာ ဆက်သွယ်မှုကိုလည်း ဆက်လက်ပြုလုပ်ရန် သန္ဓိဌာန်ချထားသည်ဟု ဆိုသည်။

    အမေရိကန်ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာမှာ တရုတ်နိုင်ငံ၏ ဗဟိုစစ်ကော်မရှင် ဒုတိယအကြီးအကဲ ဗိုလ်ချုပ် ဖန်ချန်လွန်နှင့် ယမန်နေ့က အိမ်ဖြူတော်၌ တွေ့ဆုံစဉ် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

    ထို့ပြင် ရေရှည်တည်တံ့ပြီး ထိရောက်သည့် အမေရိကန်-တရုတ် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး ဖွံ့ဖြိုးအောင်လုပ်ဆောင်ရန် ဆန္ဒရှိသည်ဟုလည်း ကာတာက ထည့်သွင်းပြောကြားခဲ့ကာ အဆိုပါ ဆက်ဆံရေးမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးခြင်း၊ သဘာဝဘေးအန္တရာယ် တုံ့ပြန်ခြင်း၊ ငြိမ်းချမ်းမှု ထိန်းသိမ်းခြင်း၊ ပင်လယ်ဓားပြတိုက်မှု ချေမှုန်းခြင်း၊ ထိုနည်းတူစွာ
    မတူကွဲပြားမှုများအား အကျိုးရှိသည့် စီမံခန့်ခွဲခြင်း စသောနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေး ဆန္ဒအပေါ် အခြေခံသွားမည်ဟု ဆိုသည်။

    တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုများအတွက်လည်း စိုးရိမ်ကြောင်း ကာတာက ပြောကြားခဲ့ပြီး ပိုင်ဆိုင်မှု အငြင်းပွားနေသည့် နယ်မြေများတွင် စိုးမိုးရေးလုင်ငန်းများနှင့် စစ်အင်အား တိုးချဲ့ခြင်းလုပ်ငန်းများကို ရပ်တန့်ရန်အတွက်လည်း တရုတ်နှင့် အခြားနိုင်ငံများကို
    တိုက်တွန်းခဲ့သည်။ ထို့ပြင် နိုင်ငံတကာဥပဒေနှင့်အညီ ငြိမ်းချမ်းသော အဖြေရှာရန်လည်း ပြောကြားခဲ့သည်ဟု ပင်တဂွန်က ထုတ်ပြန်သော ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

    ဖန်ချန်လွန်၏ အိမ်ဖြူတော်သို့ လာရောက်တွေ့ဆုံမှုမှာ အမေရိကန်သို့ တစ်ပတ်ကြာ လာရောက်သည့် ခရီးစဉ်၏ အစိတ်အပိုင်းဖြစ်ပြီး ထိုခရီးစဉ်အတွင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဆူဆန်ရိုက်စ်နှင့် ယနေ့တွေ့ဆုံမှုလည်း ပါဝင်သည်။

    Ref: Channelnewsasia

  • အာဂျင်တီးနား၏ နှစ် ၂၀ ကျော် ဖလားလက်မဲ့ဖြစ်မှုကို အဆုံးသတ်ရန် မက်ဆီမျှော်လင့်

    အာဂျင်တီးနား၏ နှစ် ၂၀ ကျော် ဖလားလက်မဲ့ဖြစ်မှုကို အဆုံးသတ်ရန် မက်ဆီမျှော်လင့်

    ဇွန် ၁၂၊ ၂၀၁၅
    M-Media

    messi

    – နိုင်ငံအသင်း၏ နှစ်ပေါင်း ၂၀ ကျော် ဖလားလက်မဲ့ဖြစ်နေမှုအား ၂၀၁၅ ကိုပါအမေရိကဖလားတွင် အဆုံးသတ်နိုင်ရန် အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ်မက်ဆီက မျှော်လင့်နေသည်။

    အာဂျင်တီးနားအသင်းမှာ ၁၉၉၃ ခုနှစ်တွင် ကိုပါအမေရိကဖလား၌ ဗိုလ်စွဲခဲ့ပြီးနောက်ပိုင်း နိုင်ငံကာ ပြိုင်ပွဲများတွင် ဆုတံဆိပ်များ ဆွတ်ခူရရှိခြင်း မရှိတော့သည်မှာ နှစ်ပေါင်း ၂၂ နှစ် ရှိခဲ့ပြီဖြစ်သည်။ ကလပ်အသင်းတွင် အောင်မြင်မှုသရဖူများစွာ ဆောင်းနိုင်ခဲ့သော်လည်း နိုင်ငံအသင်းနှင့်အတူ အောင်မြင်မှု မရသေးသည့် မက်ဆီကမူ အသင်း၏ ဖလားမိုးခေါင်မှုကို အဆုံးသတ်ချင်နေသည်ဟု ဆိုသည်။

    “နောက်ဆုံး ဖလားရပြီးကတည်း ကျွန်တော်တို့ဟာ အသင်းကောင်းအချို့ထဲမှာ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် ဗိုလ်မစွဲနိုင်တာတော့ အတော်ကြာခဲ့ပါပြီ။ ဘရာဇီးလ်ကမ္ဘာ့ဖလားပွဲမှာ ကျွန်တော်တို့ နီးစပ်ခဲ့ပေမယ့် အခုတော့ ဒါက အနောက်မှာ ကျန်ခဲ့ပါတယ်။ အခု ရည်မှန်းချက်တော့ ကိုပါအမေရိကပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ပါပဲ” ဟု မက်ဆီက Short List သို့ ပြောကြားခဲ့သည်။

    သို့သော်လည်း တောင်အမေရိကတိုက်အတွင်း ဂုဏ်သိက္ခာအတွက် အဆိုပါပြိုင်ပွဲမှာ ပြိုင်ဆိုင်မှုကြီးမားမည်ဟုလည်း ဆိုသည်။

    “ကျွန်တော်တို့နဲ့ ဘရာဇီးလ်အသင်းဟာ တော်တော်လေး တောင့်တင်းပါတယ်။ ဒါပေမယ့် ကိုလံဘီယာကလည်း သူတို့ဟာ ဘယ်လောက်ကောင်းကြောင်း ကမ္ဘာဖလားမှာ ပြသခဲ့ပါတယ်။ ဥရုဂွေကလည်း ကစားသမားကောင်းတွေရှိပြီး အိမ်ရှင်ဖြစ်တဲ့ ချီလီဟာလည်း တောင့်တင်းမှာပါ။ အသင်းတော်တော်များများက ဗိုလ်စွဲဖို့ အခွင့်အရေး ရှိနေပါတယ်” ဟု ၎င်းက
    ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • ရမည်းသင်းတွင် ၂ ရက်အတွင်း မီးရှို့မှု ၃ ခု ဖြစ်ပွား၊ ဒေသခံများ စိုးရိမ်ထိတ်လန့်နေ

    ရမည်းသင်းတွင် ၂ ရက်အတွင်း မီးရှို့မှု ၃ ခု ဖြစ်ပွား၊ ဒေသခံများ စိုးရိမ်ထိတ်လန့်နေ

    ဇွန် ၁၂ ၊ ၂၀၁၅
    M-Media
    သီဟ
    .Yamethin_Ba.Ma.Ka
    ရမည်းသင်းမြို့နယ် ဗ.မ.က ရပ်ကွက်နှင့် ကျော်ဇင်ရပ်ကွက်တို့တွင် ၂ ရက်အတွင်း မီးရှို့မှု ၃ ခု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
    .
    ၂၀၁၅ ခုနှစ် ဇွန် ၁၁ ရက်နေ့ မနက်လင်းအားကြီး ၁ နာရီခန့်မှာ ရမည်းသင်း ဗ.မ.က ရပ်ကွက် အနောက်ပိုင်း စည်ပင်သာယာ လမ်းဘေးရှိ မစိမ်း အကြော်ဆိုင်အား အမည်သိ ဆိုင်ကယ်သမားက ဓါတ်ဆီဖြန်း မီးရှို့ပြီး ထွက်ပြေး သွားကြောင်း ဒေသခံတစ်ဦးက M-Media ကို ပြောပါတယ်။
    .
    ဆက်တိုက်ဆိုသလို ဧကရာဇ် ဗလီနှင့် လမ်းသာခြားနေတဲ့ မုန်ဟင်းခါးဆိုင်ကို မီးရှို့မှု ထပ်မံဖြစ်ပွား ခဲ့ပါတယ်။ မြို့နယ် မီးသတ်ရောက်ရှိလာပြီး ဆိုင် ၂ ခုစလုံးကို မီးငြိမ်းသတ်ခဲ့ပြီး ရပ်ကွက်နေပြည်သူများမှလည်း ဝိုင်းဝန်းငြိမ်းသတ် ခဲ့ရတယ်လို့ သိရပါတယ်။ အဆိုပါ ဗ.မ.က ရပ်ကွက်မှာ အစ္စလာမ်ဘာသာဝင် အများစု နေထိုင်ကြတာဖြစ်ပါတယ်။ ဧကရာဇ် ဗလီကတော့ တစုံတရာ ထိခိုက်မှုမရှိခဲ့ကြောင်း သိရပါတယ်။
    .

    မီးရှို့၍ ဆိုင်ကယ်ဖြင့် ထွက်ပြေးခဲ့သူကို ဖမ်းဆိးရမိခြင်း မရှိခဲ့ပါဘူး။

    .
    အလားတူ ယမန်နေ့ ဇွန်လ ၁၁ ရက်နေ့ ညပိုင်းတွင် ဗ.မ.က ရပ်ကွက်နှင့် ကပ်လျက် ဗုဒ္ဓ ဘာသာဝင် အများစု နေထိုင်ရာ ကျော်ဇင် ရပ်ကွက်မှာလည်း မီးရှို့မှုဖြစ်ပွားခဲ့ပါတယ်။  မီးရှို့သူ ၂ ဦးကို ဖမ်းဆိးရမိထားကြောင်း သိရပြီး  ၂ ဦးစလုံးမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြောင်း သိရှိရပါတယ်။
    .
    လွန်ခဲ့တဲ့ တလ အရင်က ဗ.မ.က ရပ်ကွက် မစိမ်း အကြော်ဆိုင် ဘေးက အိမ်ကို မီးရှို့မှုဖြစ်ပွားခဲ့ ပါသေးတယ်။
    .
    အဆိုပါ အဖြစ်အပျက်များနှင့် ပတ်သက်ပြီး ရမည်းသင်းမြို့ခံတဦးက “ရမည်းသင်း ဗ.မ.က ရပ်ကွက်ဆိုတာ ရှေးမြန်မာဘုရင်များ လက်ထက်တွင် စစ်မှုထမ်းခဲ့ကြသည့် အစ္စလာမ် ဘာသာဝင် အမှုထမ်းများကို နေရာချထားခဲ့ရာ အရပ်ဖြစ်ပြီး ရှေးအစဉ်အဆက် ဗုဒ္ဓ ဘာသာဝင်များနှင့် ငြိမ်းချမ်းစွာ အတူ နေထိုင်ခဲ့တဲ့ နေရာဖြစ်ကြောင်း၊  ၂၀၁၂ ခုနှစ်နောက်ပိုင်း ၉၆၉ အဖွဲ့ (ယခု မ.ဘ.သ) ပေါ်လာပြိးနောက်ပိုင်း အစ္စလာမ် ဘာသာဝင်များအား ဆန့်ကျင် ခွဲခြားသည့် တရားခွေများ၊ သီချင်းများကို အလှူခံများ၊ မင်္ဂလာဆောင်များ၊ ဘုန်းကြိးကျောင်းများတွင်  အမြဲမပြတ်ဆိုသလို ဖွင့်လာကြကြောင်း၊ ယခုကဲ့သို့ နိုင်ငံသား အချင်းချင်းကြား အမုန်းပွား၊ စိတ်ဝမ်းကွဲ ပြသနာဖြစ်စေမည့် အဆိုပါ လုပ်ဆောင်မှုများကို သက်ဆိုင်ရာ သံဃာ အဖွဲ့အစည်းများနှင့် အာဏာပိုင်များမှ တားမြစ်ပိတ်ပင်စေလိုကြောင်း၊ ယခု မီးရှို့မှု သတင်းကြောင့် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်နေရကြောင်း M-Media ကို ပြောကြားခဲ့ပါတယ်။