News @ M-Media

Blog

  • သမီး၀န်ကြီးချုပ်ဖြစ်ပြီးနောက် ဘုရင်၏ လွတ်ငြိမ်းချမ်းသာခွင့် ထပ်ရခဲ့သည့် သက်ဆင်

    သမီး၀န်ကြီးချုပ်ဖြစ်ပြီးနောက် ဘုရင်၏ လွတ်ငြိမ်းချမ်းသာခွင့် ထပ်ရခဲ့သည့် သက်ဆင်

    သြဂုတ် ၁၇၊ ၂၀၂၄
    M-Media

    -အာဏာရှိစဥ်က ခြစားမှုနဲ့ ထောင်ဒဏ် ချမှတ်ခြင်း ခံထားရတဲ့ ထိုင်း၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာ၀ပ်ထရာဟာ ဘုရင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ထိပ်မံ ရရှိခဲ့ပြီး သြဂုတ်လ ၁၈ ရက်နေ့မှာ ပြန်လည် လွတ်မြောက်လာတော့မှာ ဖြစ်ပါတယ်။

    ၂၀၀၆ ခုနှစ် စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ခံရပြီးတဲ့နောက် သက်ဆင်ဟာ နိုင်ငံခြားကို ထွက်ပြေးသွားခဲ့ပြီး ပြီးခဲ့တဲ့နှစ်က ပြည်တော်ပြန်လာတာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲအပြီး သက်ဆင်ရဲ့သမီး ဖေထုံတန် ရှင်နာ၀ပ်ထရာ ဦးဆောင်တဲ့ ဖွေထိုင်းပါတီနဲ့ စစ်တပ်တို့အကြား သဘောတူညီချက်ကြောင့် ပြန်လာနိုင်ခဲ့တာပါ။

    အဲဒီနောက် ခြစားမှုနဲ့ ထောင်ဒဏ် ၈ နှစ် ချမှတ်ခံရပြီး၊ ဘုရင်ရဲ့ ပထမတစ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်မှာ ထောင်ဒဏ် ၁ နှစ်သာ ကျခံဖို့ လျှော့ပေါ့ပေးခဲ့ပါတယ်။ အခုနှစ်အစောပိုင်းမှာ လွတ်ငြိမ်းချမ်းသာခွင့် တစ်ကြိမ် ထပ်ရခဲ့ပြီး သြဂုတ်လ ၃၁ ရက်နေ့မှာ ထောင်ဒဏ်က လွတ်မြောက်မှာပါ။

    သမီးဖြစ်သူ ဖေထုံတန် ၀န်ကြီးချုပ်အဖြစ် တင်မြှောက်ခံရအပြီး ၂ ရက်အကြာမှာပဲ တတိယအကြိမ် ဘုရင်ရဲ့ လွတ်လပ်ငြိမ်းချမ်းသာခွင့် ထပ်ရခဲ့ကာ သြဂုတ်လ ၁၈ ရက်နေ့ကျရင် လုံး၀ လွတ်မြောက်လာတော့မှာ ဖြစ်ပါတယ်။

    သက်ဆင်ဟာ ထောင်ဒဏ်ကျခံနေရစဥ်အတွင်း ဆေးရုံမှာပဲ နေခဲ့ရတာ ဖြစ်ပါတယ်။

    Ref: The Star

  • အိုလံပစ် ဆုတံဆိပ်ရခဲ့သည့် ဥပရောမှ ပထမဆုံး ပု၀ါဆောင်းအမျိုးသမီး

    အိုလံပစ် ဆုတံဆိပ်ရခဲ့သည့် ဥပရောမှ ပထမဆုံး ပု၀ါဆောင်းအမျိုးသမီး

    သြဂုတ် ၁၄၊ ၂၀၂၄
    M-Media

    -ဘလ်ဂျီယံ တိုက်ကွမ်ဒို အားကစားမယ် ဆာရာ အလ် ရှယ်ရီဟာ ၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ ဆုတံဆိပ်တစ်ခု ရရှိပြီး ဥပရောက အိုလံပစ်ဆုတံဆိပ်ရ ပထဆုံး ပု၀ါဆောင်း အမျိုးသမီးအဖြစ် မှတ်တမ်း၀င်ခဲ့ပါတယ်။

    မော်ရိုကိုနွယ်ဖွား ဖခင်၊ ဘလ်ဂျီယံ မိခင်တို့က မွေးဖွားတဲ့ ဆာရာဟာ အသက် ၁၉ နှစ်သာ ရှိပါသေးတယ်။ ၂၀၂၂ ခုနှစ်က ကမ္ဘာ့ တိုက်ကွမ်ဒိုချန်ပီယံဖြစ်ခဲ့ပါတယ်။

    သူမဟာ ပညာရေးဖက်မှာလည်း ထူးချွန်ခဲ့ပြီး ဆေးတက္ကသိုလ် တက်ရောက်နေပါတယ်။

    Ref: Explore Islam

  • မိုဟာဂျီရ် (သို့မဟုတ်) အီရန်၏ အဆင့်မြင့် ဘက်စုံသုံး ဒရုန်း

    မိုဟာဂျီရ် (သို့မဟုတ်) အီရန်၏ အဆင့်မြင့် ဘက်စုံသုံး ဒရုန်း

    သြဂုတ် ၁၄၊ ၂၀၂၄
    M-Media

    -အီရန်ဟာ သူတို့ရဲ့ ပြည်တွင်းဖြစ် Mohajer-10 ဒရုန်းကို အခုတစ်ပတ် ရုရှားနိုင်ငံမှာလုပ်တဲ့ စစ်လက်နက်ပစ္စည်းပြပွဲမှာ ထုတ်ပြလာပါတယ်။

    ၂၀၂၃ ခုနှစ် သြဂုတ်လမှာ မိတ်ဆက်ခဲ့ပြီး အီရန်ပြင်ပ နိုင်ငံတစ်ခုမှာ ပထမဆုံးအကြိမ် ပြသတာ ဖြစ်ပါတယ်။

    Mohajer-10 ဒရုန်းဟာ ၂၄ နာရီ မရပ်မနား ပျံသန်းနိုင်ပြီး မိုင်ပေါင်း ၁၂၄၀ အထိ ရောက်ရှိနိုင်ပါတယ်။ အီရန်ပြည်တွင်းထုတ် ဒရုန်းတွေထဲမှာ အဆင့်အမြင့်ဆုံး ဖြစ်ပါတယ်။ အမေရိကန်ရဲ့ နာမည်ကျော် MQ-9 Reaper ဒရုန်းနဲ့ ယှဥ်နိုင်တယ်လို့ အီရန်ပြည်တွင်း မီဒီယာတွေက ဖော်ပြပါတယ်။

    Mohajer-10 ကို ထောက်လှမ်းရေး၊ ပစ်မှတ် စုဆောင်းရေးနဲ့ တိုက်ခိုက်ရေးတွေမှာ အသုံးပြုနိုင်ပြီး အလေးချိန် ကီလို ၃၀၀ တင်ဆောင်နိုင်ပါတယ်။ ပစ်မှတ်ကို ထိထိရောက်ရောက် ဗုံးကြဲတိုက်ခိုက်နိုင်တယ်လို့လည်း ဆိုပါတယ်။

    ဒီဒရုန်းဟာ အစ္စရေး၊ ယူကရိန်းနဲ့ အနောက်နိုင်ငံတွေအတွက် ပြဿနာဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    ၁၀ လအတွင်း ပါလက်စတိုင်းပြည်သူ ၄ သောင်းနီးပါး သတ်ဖြတ်ထားတဲ့ အစ္စရေးနဲ့ အီရန်တို့အကြား တင်းမာမှုက ပိုမိုမြင့်တက်လာနေသလို၊ ရုရှားကလည်း ယူကရိန်းမှာ အီရန်လုပ်ဒရုန်းတွေကို အသုံးပြုနေတယ်လို့ သတင်းထွက်နေပါတယ်။

    အီရန်ဟာ ရုရှားမှာလုပ်တဲ့ လက်နက်ပြပွဲမှာ ပြည်တွင်းဖြစ် လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ၊ ရေဒါတွေအပါအ၀င် စစ်လက်နက်ပစ္စည်း အများအပြား ပြသခဲ့ပါတယ်။

    Ref: Interesting Engineering

  • ယူကရိန်းထိုးစစ်ကြောင့် ရုရှားတွင် အရေးပေါ်အခြေအနေ ကြေငြာထားရ

    ယူကရိန်းထိုးစစ်ကြောင့် ရုရှားတွင် အရေးပေါ်အခြေအနေ ကြေငြာထားရ

    သြဂုတ် ၁၄၊ ၂၀၂၄
    M-Media

    (ဓာတ်ပုံ – ရုရှားနိုင်ငံထဲ ၀င်ရောက်လာကြသည့် ယူကရိန်းတင့်ကားများ)

    -ပြီးခဲ့တဲ့တစ်ပတ်က စတင်တဲ့ ယူကရိန်းရဲ့ ရုရှားပိုင်နက်ထဲအထိ ရုတ်တရက် ထိုးစစ်ဟာ မြန်မြန်ဆန်ဆန်ပဲ အောင်မြင်မှု ရရှိနေပြီး ပြည်နယ်နှစ်ခုအထိ ၀င်ရောက်ထိုး ဖောက်နိုင်ပြီ ဖြစ်ပါတယ်။

    ယူကရိန်းနဲ့ ကပ်နေတဲ့ ကာ့ဆ် ပြည်နယ်ကို စတင် ၀င်ရောက်ခဲ့တဲ့ ယူကရိန်းတပ်တွေဟာ ရုရှားရဲ့ ခံစစ်လိုင်း ၂ ခုကို အောင်မြင်စွာ ဖောက်ထွက်နိုင်ခဲ့ပြီး အနည်းဆုံး ရွာပေါင်း ၂၈ ရွာကို သိမ်းပိုက် ထားနိုင်ပါတယ်။ ရုရှားစစ်သား ၁၀၀ ကျော်ကို ဖမ်းဆီးထားနိုင်တယ်လို့ ယူကရိန်းဖက်က ထုတ်ပြန်ပါတယ်။

    သြဂုတ်လ ၁၃ ရက်နေ့မှာတော့ ယူကရိန်းတပ်တွေဟာ ကာ့ဆ်နဲ့ ကပ်နေတဲ့ ဘယ်ဂိုရော့ဒ် ပြည်နယ်ကိုပါ တိုက်ခိုက်လာတဲ့အတွက် ရုရှားအစိုးရက အရေးပေါ်အခြေအနေ ကြေငြာထားရပါတယ်။

    ယူကရိန်းစစ်တပ် နိုင်ငံထဲအထိ ထိုးဖောက်၀င်ရောက်လာတာကို ရုရှားကလည်း ၀န်ခံခဲ့ပါတယ်။

    အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းရဲ့ ကာ့ဆ်ထိုးစစ်ဟာ ရုရှားသမ္မတ ပူတင်အတွက် ခေါင်းခဲစရာဖြစ်မယ်လို့ မှတ်ချက်ပေးခဲ့ပေမယ့် ဒီကိစ္စမှာ အမေရိကန်ဖက်က ပါ၀င်ပတ်သက်ခြင်းမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

    Ref: Reuters

  • ထိုင်း၀န်ကြီးချုပ် သာဗီဆင် ရာထူးမှ ဖယ်ရှားခံရ

    ထိုင်း၀န်ကြီးချုပ် သာဗီဆင် ရာထူးမှ ဖယ်ရှားခံရ

    သြဂုတ် ၁၄၊ ၂၀၂၄
    M-Media

    -လာဘ်စားမှုနဲ့ ထောင်ဒဏ်ကျခံခဲ့ရတဲ့ ရှေ့နေဟောင်း ပီချစ် ချူအန်ဘန်ကို အစိုးရအဖွဲ့၀င်အဖြစ် ခန့်အပ်မှုအတွက် အခြေခံဥပဒေခုံရုံးက ထိုင်း၀န်ကြီးချုပ် ဆရက်သာ သာဗီဆင်ကို သြဂုတ်လ ၁၄ ရက်နေ့ မနက်ပိုင်းမှာ ရာထူးကနေ ဖယ်ရှားလိုက်ပါတယ်။

    ပီချစ်ဟာ ထိုင်းစစ်တပ်ရဲ့ ဖယ်ရှားမှုကို ခံခဲ့ရတဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာ၀ပ်ထရာရဲ့ ရှေ့နေဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် သက်ဆင်အတွက် ရှေ့နေလိုက်ပေးစဥ်မှာ တရားရုံးတာ၀န်ရှိသူကို လာဘ်ပေးမှုနဲ့ တရားစွဲဆိုခံရပြီး ထောင်ဒဏ် ၆ လ ချမှတ်ခံခဲ့ရပါတယ်။

    နောက်ပိုင်းမှာ ပီချစ်ဟာ သက်ဆင်မိသားစုပါတီ Pheu Thai ရဲ့ ဥပဒေအကြံပေးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

    ပီချစ်ကို ၀န်ကြီးချုပ်ရုံး၀န်ကြီးအဖြစ် ခန့်အပ်မှုဟာ ကျင့်၀တ်ပိုင်းဆိုင်ရာ ဖောက်ဖျက်မှုဖြစ်တယ်လို့ အခြေခံဥပဒေခုံရုံးက ဆုံးဖြတ်ကာ သာဗီဆင်ကို ရာထူးကနေ ဖယ်ရှားလိုက်တာဖြစ်ပါတယ်။

    သာဗီဆင်ကတော့ ဆုံးဖြတ်ချက်ကို လက်ခံကြောင်း ပြောကြားခဲ့ပေမယ့် သူ့အနေနဲ့ ကျင့်၀တ်ဖောက်ဖျက် လုပ်ဆောင်ခဲ့တာမရှိကြောင်း၊ ရိုးသားစွာ နိုင်ငံရေးလုပ်ခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲမှာ ဒုတိယမဲအများဆုံး ရခဲ့တဲ့ သက်ဆင်မိသားစုရဲ့ Pheu Thai ပါတီဟာ စစ်တပ်နဲ့ ရင်ကြားစေ့ကာ စစ်တပ်ကြီးစိုးတဲ့ အထက်လွှတ်တော်ရဲ့ မျက်နှာသာပေးမှုနဲ့ သာဗီဆင်ကို ၀န်ကြီးချုပ်နေရာထားပြီး အစိုးရဖွဲ့နိုင်ခဲ့တာ ဖြစ်ပါတယ်။

    အခု သာဗီဆင်ကို ဖယ်ရှားလိုက်မှုကြောင့် စစ်တပ်နဲ့ Pheu Thai ပါတီတို့အကြား အကွဲအပြဲ ပြန်ဖြစ်လာတယ်လို့ သတင်းတွေထွက်သလို၊ သက်ဆင်ရဲ့ သမီးဖြစ်ပြီး၊ Pheu Thai ပါတီ ခေါင်းဆောင်ဖြစ်တဲ့ အသက် ၃၇ နှစ်အရွယ် ပေထုံတန် ရှင်နာ၀ပ်ထရာ ၀န်ကြီးချုပ်ဖြစ်လာရေး အကွက်ချ လုပ်ဆောင်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

    Ref: CNA