News @ M-Media

Blog

  • ရုန်းကန်ရမှုများက စွမ်းရည်တိုးတက်စေသည်ဟု အဲဗာတန်တိုက်စစ်မှူး လူကာကူဆို

    ရုန်းကန်ရမှုများက စွမ်းရည်တိုးတက်စေသည်ဟု အဲဗာတန်တိုက်စစ်မှူး လူကာကူဆို

    မတ် ၁၅၊ ၂၀၁၅
    M-Media

    977042_heroa

    – မိမိအနေဖြင့် လက်ရှိအချိန်တွင် ရုန်းကန်နေရသော်လည်း ထိုရုန်းကန်ရမှုများက အဖိုးတန်သည့် အတွေ့အကြုံများနှင့် တိုးတက်မှုများကို ရရှိစေသည်ဟု အဲဗာတန်တိုက်စစ်မှူး လူကာကူက ပြောကြားလိုကသည်။

    ရာသီအစ ချယ်ဆီးမှ အငှားဖြင့်ရောက်လာကာ အံ့သြဖွယ်ခြေစွမ်းများကို ပြသခဲ့သည့် လူကာကူမှာ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၂၈သန်းဖြင့် အပြီးသတ် ပြောင်းရွှေ့ခဲ့ပြီးကတည်းက ခြေစွမ်းပြနိုင်ခြင်း မရှိတော့ပေ။

    “ဒီရာသီဟာ အဓိကလူ ဘယ်လိုမျိုးဖြစ်ရမယ်ဆိုတာကို ခံစားနားလည်ဖို့ လိုအပ်တဲ့ရာသီ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီရာသီက ကျွန်တော့်ကို အများကြီးသင်ပေးပြီး အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာပေါ့ဗျာ” ဟု လူကာကူက ပြောကြားခဲ့သည်။

    ၎င်းမှာ ယူရိုပါလိဂ်တွင် ၇ ဂိုး သွင်းပေးထားနိုင်သော်လည်း ပရီးမီးယားလိဂ်တွင်မူ ဂိုးပေါက်ပျောက်နေကာ ယခုအချိန်အထိ ၇ ဂိုးသာ သွင်းထားနိုင်သည်။

    သို့သော်လည်း လူကာကူက မိမိမှာ စိတ်ဓာတ်ခိုင်မာသူတစ်ဦးဖြစ်ပြီး ပရိတ်သတ်များက မိမိထံမှ ပို၍ မျှော်လင့်ကြကြောင်း၊ ဂိုးသွင်းနိုင်ပြီဆိုလျှင် ဝေဖန်ပြောကြားမှုများ ပျောက်သွားပြီး ဂိုးမသွင်းနိုင်လျှင် အဆိုပါ ဝေဖန်မှုများမှ တစ်ဖန်ပြန်ရောက်လာကြောင်း လူကာကူက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal.com

  • လာမည့် ၃ ရက်အတွင်း တီကရစ်မြို့ IS လက်မှ လွတ်မြောက်မည်

    လာမည့် ၃ ရက်အတွင်း တီကရစ်မြို့ IS လက်မှ လွတ်မြောက်မည်

    မတ် ၁၅၊ ၂၀၁၅
    M-Media

    a85bb455bb004779898cff0d518eca13_18

    – အီရတ်နိုင်ငံ မြောက်ပိုင်း တီကရစ်မြို့ရှိ IS တပ်ဖွဲ့များအား အီရတ်စစ်တပ်မှ ၀ိုင်းထားလိုက်ပြီး တီကရစ်မြို့မှာ ၃ ရက်အတွင်း လွတ်မြောက်နယ်မြေဖြစ်တော့မည်ဟု အီရတ်စစ်တပ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက
    ပြောကြားလိုက်သည်။

    IS တပ်ဖွဲ့များ ထိန်းချုပ်ထားရာ တီကရစ်မြို့အား ပြန်လည်သိမ်းပိုက်ရန်အတွက် အီရန်မှ ကျောထောက်နောက်ခံပြုထားသည့် ပြည်သူ့စစ်၊ လူမျိုးစု တပ်ဖွဲ့များနှင့် အီရတ်စစ်တပ်တို့ ပူးပေါင်းကာ ပြုလုပ်ခဲ့သည့် ထိုးစစ်မှာ ၂ ပတ်တာ ကြာမြင့်နေပြီဖြစ်ပြီး အောင်မြင်မှုများလည်း ရရှိကာ ယခုအချိန်တွင် တီကရစ် မြို့ထဲသို့ ၀င်ရောက်နိုင်ပြီဖြစ်သည်။

    အဆိုပါ တိုက်ခိုက်မှုတွင် ပါသည့် ဘဒါရ် ပြည်သူ့စစ်အဖွဲ့၏ ခေါင်းဆောင်ဖြစ်ပြီး စေတနာ့ဝန်ထမ်း တပ်ဖွဲ့ Popular Mobilisation ၏ ပြောရေးဆိုခွင့်ရှိသူ ကရင်မ် အလ်-နူရီကလည်း မိမိတို့တပ်ဖွဲ့များမှာ မြို့လယ်ကောင်တွင် အန္တရာယ်ကင်းစွာ ပုန်းအောင်နေနိုင်ပြီး IS တပ်များကို လေးဖက်လေးတန်မှ ၀န်းရံထားကြောင်း၊ IS တပ်ဖွဲ့အရေအတွက်မှာ ၆၀ မှ ၇၀ အကြားတွင်သာ ရှိတော့ကြောင်း AFP သတင်းဌာနသို့ ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ယခုလက်ရှိတွင် အီရတ်တပ်ပေါင်းစုမှာ တိုက်ခိုက်မှုများကို ရပ်နားထားပြီး စစ်ကူကိုစောင့်ဆိုင်းနေသည်။ IS တပ်များကလည်း မြို့လည်ကောင်တွင် ထောင်ပေါင်းမျာစွာသော ဗုံးများကို ထောင်ထားပြီး ထိုဗုံးများကို ရှင်းလင်းနိုင်သည့်အချိန်တွင်မှ တီကရစ်မြို့ လွတ်မြောက်ကြောင်း ကြေညာမည်ဟု နူရီက ထည့်သွင်းပြောကြားခဲ့သည်။

    အဆိုပါ စစ်ဆင်ရေး အောင်မြင်သွားခဲ့ပါက အီရတ်၏ ဒုတိယမြို့တော် မူဆိုးလ်အား ထပ်မံသိမ်းပိုက်ရေး အီရတ်စစ်တပ်အတွက် ခွန်အားလည်း ဖြစ်လာမည်ဖြစ်သည်။

    Ref: Aljazeera

     

     

  • ရှာကီးရားကိုကျော်ကာ Facebook အားပေးသူအများဆုံး ဖြစ်လာတဲ့ ရော်နယ်ဒို

    ရှာကီးရားကိုကျော်ကာ Facebook အားပေးသူအများဆုံး ဖြစ်လာတဲ့ ရော်နယ်ဒို

    မတ် ၁၅၊ ၂၀၁၅
    M-Media

    26A313FE00000578-2994765-image-a-3_1426344959736

    – ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ အောင်မြင်မှုတွေ ဆက်တိုက်ရပြီး နာမည်ကျော်လာတဲ့ ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုတစ်ယောက် အခုလည်း နောက်ထပ်အောင်မြင်မှုတစ်ခု ထပ်ရခဲ့ပြန်ပါတယ်။

    ဒါကတော့ ကမ္ဘာတစ်ဝှမ်း လူသန်းရာနဲ့ချီ သုံးစွဲနေတဲ့ Facebook မှာ ကိုလံဘီယာအဆိုတော် ရှာကီရားကို ကျော်ဖြတ်ပြီး အားပေးမှုအများဆုံး နာမည်ကြီးတစ်ယောက် ဖြစ်လာခဲ့တာပါပဲ။ အခုဆိုရင် ရော်နယ်ဒိုရဲ့ Facebook ပရိတ်သတ်ဟာ ၁၀၇ သန်းရှိလာခဲ့ပြီး ရှာကီးရားကို ၅၀၀၀ နီးပါး ဖြတ်ထားနိုင်ခဲ့ပါတယ်။

    အားကစားသမားတွေထဲမှာတော့ ရော်နယ်ဒိုရဲ့ အရေအတွက်ဟာ အတော်လေးများပြားပြီး အနီးစပ်ဆုံးဆိုလို့ အားပေးသူ ၇၈ သန်းရှိတဲ့ မက်ဆီတစ်ယောက်ပဲ ရှိပါတယ်။ ရော်နယ်ဒိုဟာ Facebook မှာတင် အားပေးမှုများတာ မဟုတ်ဘဲ Twitter မှာလည်း ၃၄ သန်းနဲ့ အားပေးသူအများဆုံး အားကစားသမားတစ်ယောက် ဖြစ်လာနေပါတယ်။ Twtter မှာ ရော်နယ်ဒိုနဲ့ အနီးစပ်ဆုံးကတော့ ဘရာဇီးလ်ကွင်းလယ်လူဟောင်း ကာကာပဲ ဖြစ်ပါတယ်။

    Facebook အားပေးသူအများဆုံး အားကစားသမား ၁၀ ယောက်ထဲမှာ ရော်နယ်ဒိုနဲ့ မက်ဆီပြီးရင် တတိယနေရာမှာ ချိတ်နေသူဟာ တစ်ချိန်က ဘောလုံးမင်းသားဖြစ်ခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်ဟောင်း ဒေးဗစ်ဘက်ခမ်းပါပဲ။ ဘာစီလိုနာတိုက်စစ်မှူး နေးမာကတော့ စတုတ္ထနေရာမှာ ရှိနေပြီး ထိပ်ဆုံး ၁၀ ယောက်မှာ ဘောလုံးသမားက ၈ ယောက်အထိ ရှိနေပါတယ်။

    Ref: Dailymail

  • မိမိတို့ပိုင်နက်အတွင်း တိုက်ခိုက်မှုထပ်ဖြစ်ပါက ပြတ်သားစွာ ဆောင်ရွက်သွားမည်ဟု တရုတ်စစ်တပ် ကြေညာ

    မိမိတို့ပိုင်နက်အတွင်း တိုက်ခိုက်မှုထပ်ဖြစ်ပါက ပြတ်သားစွာ ဆောင်ရွက်သွားမည်ဟု တရုတ်စစ်တပ် ကြေညာ

    မတ် ၁၅၊ ၂၀၁၅
    M-Meida

    Rebel soldiers of Myanmar National Democratic Alliance Army (MNDAA) gather at a military base in Kokang region

    – မြန်မာစစ်လေယာဉ်မှ ဗုံးတစ်လုံးမှာ သောကြာနေ့က တရုတ်နိုင်ငံအတွင်းရှိ ကြံစိုက်ခင်းထဲသို့ ကျရောက်ကာ တရုတ်နိုင်ငံသား ၄ ဦး သေဆုံးခဲ့ပြီးနောက် တရုတ်ပိုင်နက်အတွင်း မြန်စစ်တပ်၏ ထိုအဖြစ်အပျက်မျိုး ထပ်ရှိလာလျှင် ပြတ်သားသည့်ဆောင်ရွက်မှုများကို ပြုလုပ်သွားမည်ဟု တရုတ် စစ်ဘက်ဆိုင်ရာ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။

    တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် ထိစပ်လျက်ရှိနေသည့် ကိုးကန့်ဒေသတွင်း မြန်မာအစိုးရတပ်များမှာ ကိုးကန့်လက်နက်ကိုင်များနှင့် ပြီးခဲ့သည့်လကတည်းက တိုက်ပွဲများ ဖြစ်ပွားနေပြီး လေကြောင်းမှ တိုက်ခိုက်မှုများလည်း ပြုလုပ်နေကာ တရုတ်နိုင်ငံကမူ တင်းမာမှုများကို လျှော့ချရန် မြန်မာအစိုးရအား တိုက်တွန်းထားသည်။

    သောကြာနေ့က တရုတ်ပိုင်နက်အတွင်း လေယာဉ်ဗုံးဆံ ကျရောက်မှုနှင့်ပတ်သက်၍ မြန်မာအစိုးရက ငြင်းဆိုထားပြီး နှစ်နိုင်ငံအကြား နားလည်မှုလွဲမှားစေရန် လက်နက်ကိုင်များက ပစ်ခတ်ခြင်းဖြစ်မည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း လက်နက်ကိုင်များတွင် စစ်လေယာဉ်များ မရှိချေ။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ထိုအဖြစ်အပျက်အတွက် မြန်မာသံအမတ်အား ဆင့်ခေါ်ကာ ဖြေရှင်းချက်တောင်းခဲ့သည်။ တရုတ်လေတပ်ကလည်း နယ်စပ်အနီး ကင်းလှည့်ရန်နှင့် တရုတ်လေပိုင်နက်ကို ကာကွယ်ရန်အတွက် လေယာဉ်များကို ပို့ဆောင်ထားပြီး နယ်စပ်တစ်လျှောက် ကင်းလှည့်စောင့်ကြပ်မှုများ ပြုလုပ်နေသည်။

    တရုတ် ဗဟိုစစ်ကော်မရှင်မှ ဒုတိယအကြီးအကဲဖြစ်သူ ဖန်ချန်လွန်က မြန်မာလေတပ်မှ လေယာဉ်များမှာ ယခုတစ်လောတွင် တရုတ်လေပိုင်နက်သို့ အကြိမ်ပေါင်းများစွာ ဖြတ်ကျော်ဝင်ရောက်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    “ဒီပြဿနာရဲ့လေးနက်မှုကို မြန်မာဘက်က မဖြစ်မနေ အသိအမှတ်ပြုရမယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး သေသေချာချာဆောင်ရွက်ရမယ်။ အပြစ်ရှိတဲ့သူတွေကို အပြစ်ပေးရမယ်။ သေဆုံးသွားတဲ့ မိသားစုဝင်တွေကို တောင်းပန်ပြီး နစ်နာကြေးလည်း ပေးရပါမယ်။ ပြီးတော့ တရုတ်နိုင်ငံကို ရှင်းပြရမယ်” ဟု အရေးပေါ်ဖုန်းခေါ်ဆိုမှုအတွင်း မြန်မာစစ်တပ်အား ပြောကြားခဲ့ကြောင်း ဖန်က ဆိုသည်။

ုထို့ပြင် ထိုကဲ့သို့ အဖြစ်အပျက်မျိုး ထပ်မဖြစ်စေရေး စစ်တပ်အား ထိန်းသိမ်းရန်အတွက် မြန်အစိုးရမှာ တင်းကြပ်သည့် ဆောင်ရွက်မှုများကိုလည်း ပြုလုပ်ရမည်ဟု ဖန်က ထည့်သွင်းပြောကြားခဲ့သည်။

    “အဲဒီလိုမဟုတ်ရင်တော့ တရုတ်ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ဖို့အတွက် တရုတ်စစ်တပ်ဟာ
    တိကျပြီး ပြတ်သားတဲ့ ဆောင်ရွက်မှုမျိုးတွေကို ပြုလုပ်ရပါလိမ့်မယ်”

    မြန်မာလေတပ်၏ ပစ်ခတ်မှု တရုတ်ပိုင်နက်အတွင်းသို့ ကျရောက်ခြင်းမှာ ယခုသီတင်းပတ်အစောပိုင်းကလည်း ဖြစ်ပွားခဲ့ပြီး လူနေအိမ်တစ်လုံး မီးလောင်ပျက်ဆီးခဲ့သည်။

    Ref: Channelnewsasia

  • နိုင်ငံတကာ သတင်းတို (မတ် ၁၄၊ ၂၀၁၅)

    မတ် ၁၄၊ ၂၀၁၅
    M-Media

    – တိုက်ပွဲများဖြင့် မတည်ငြိမ်ဖြစ်နေသည့် နိုင်ငံအရှေ့ပိုင်း ဒေသများတွင် ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်များ ချထားရန်အတွက် ယူကရိန်းက ယမန်နေ့တွင် တရားဝင်တောင်းဆိုလိုက်သည်ဟု AP သတင်းဌာနတွင် ဖော်ပြခဲ့သည်။

    – မုဒိမ်းမှုနှင့် လူသတ်မှုကျူးလွန်သူ ၂ ဦးကို ပါကစ္စတန်က ယမန်နေ့တွင် ကြိုးပေးကွပ်မျက်လိုက်ပြီး ထိုသို့ ကွပ်မျက်ခြင်းမှာ သေဒဏ်စီရင်ခံရသူများအား ကြိုးပေးကွပ်မျက်မှု ပိတ်ပင်ထားခြင်းကို ပယ်ဖျက်လိုက်ပြီးနောက်ပိုင်း ပထမဆုံး စီရင်ခဲ့ခြင်းလည်း ဖြစ်သည်။

    – အာဖရိကနှင့် အရှေ့အလယ်ပိုင်းမှ ဒုက္ခသည်များ မြေထဲပင်လယ်ကို အန္တရာယ်ကြီးစွာဖြတ်၍ ဥရောပသို့ လာရောက်ခိုလှုံမှုအား လျော့ချရန်အတွက် အာဖရိကနှင့် အရှေ့အလယ်ပိုင်းတွင် ဒုက္ခသည်စခန်းများ တည်ဆောက်ပေးရန် ဥရောပ သမဂ္ဂက စဉ်းစားနေပြီး လာမည့် တနင်္လာနေ့တွင် ဆွေးနွေးသွားရန် ရှိနေသည်။ ၂၀၁၄ ခုနှစ်အတွင်း ထိုကဲ့သို့ မြေထဲပင်လယ်ကို ဖြတ်ကျော်လာရောက်ရာတွင် အနည်းဆုံး ဒုက္ခသည်ပေါင်း ၃၅၀၀ သေဆုံးခဲ့ရသည်။

    – ဗီယက်နမ်ရှိ အမေရိကန် လေတပ်စခန်းအဟောင်းတစ်ခုကို ရုရှားဗုံးကြဲလေယာဉ်များ ဆီဖြည့်ရန် အသုံးပြုခြင်းအတွက် စိုးရိမ်မှုများရှိနေသည်ဟု အမေရိကန်၏ ပြောကြားမှုအား ရုရှားက ငြင်းပယ်လိုက်ပြီး အမေရိကန်၏ ထိုသို့ပြောဆိုမှုမှာ ထူးဆန်းပြီး ပဟေဠိဆန်သည်ဟု ပြောကြားလိုက်သည်။

    – ပစိဖိတ်ဒေသအတွင်း တိုက်ခတ်ခဲ့သော ဆိုက်ကလုန်းမုန်တိုင်းများ၌ အကြီးဆုံးဟု ယူဆနိုင်သော ဆိုက်ကလုန်းပန် တိုက်ခတ်မှုကြောင့် သြစတေးလျ အရှေ့မြောက်ပိုင်းရှိ ကျွန်းနိုင်ငံ ဗါနောင်တူတွင် အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့ပြီး ပျောက်ဆုံးဒဏ်ရာရမှုများလည်း အများအပြားရှိနေသည်။

    – နျူးစွမ်အင်သုံး ဓာတ်အားပေးစနစ် သုံးစွဲခြင်းကို ဆန့်ကျင်သော ဆန္ဒပြမှုများကို ထိုင်ဝမ်နိုင်ငံရှိ မြို့အများအပြား၌ ယနေ့တွင် ပြုလုပ်ခဲ့ပြီး လက်ရှိရှိနေသည့် နျူဓာတ်အားပေးစက်ရုံများကို ဖျက်သိမ်းရန်နှင့် နျူကလီးယား စွန့်ပစ်ပစ္စည်းများ နိုင်ငံခြားသို့ ပို့ဆောင်မှုကို ရပ်တန့်ရန် ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။

    – မော်လ်ဒိုက်နိုင်ငံ၏ သမ္မတဟောင်း မိုဟာမက် နက်စ်ဟီးဒ်ကို ၎င်းတာဝန်ထမ်းဆောင်သည့်အချိန်က တရားသူကြီးများကို ဖမ်းဆီးရန် အမိန့်ပေးခဲ့သည့်အတွက် အကြမ်းဖက်မှုဖြင့် အပြစ်ရှိကြောင်း တွေ့ရှိရ၍ မော်လ်ဒိုက် တရားရုံးက ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခဲ့ပြီး အမေရိကန်နှင့် အိန္ဒိယတို့မှ လူ့အခွင့်အရေးအဖွဲ့ကမူ ထိုပြစ်ဒဏ်အတွက် စိုးရိမ်မိသည်ဟု ပြောကြားခဲ့သည်။

    – ရခိုင်ပြည်နည် ကျောက်ဖြူမြို့မှ စစ်တွေသို့ ခုတ်မောင်းသွားသည့် ခရီးသည် ၂၀၀ ခန့်ပါသော သင်္ဘောတစ်စီုးယမန်နေ့က နစ်မြုပ်မှုကြောင့် အနည်းဆုံး ၂၁ ဦး သေဆုံးခဲ့ပြီး ၂၆ ဦးပျောက်ဆုံးနေကာ ရဲတပ်ဖွဲ့ကမူ ခံနိုင်ဝန်ထက် ပိုမိုတင်ဆောင်ခြင်းက သင်္ဘောနစ်မြုပ်ခြင်း၏ အကြောင်းအရင်းဖြစ်မည်ဟု ယူဆနေကြသည်။

    Ref: news agencies