News @ M-Media

Blog

  • ဟေတီ ကာနေဗယ်လ်ပွဲတော်အတွင်း ဓာတ်ကြိုးပြတ်ကျ၍ လူ ၂၀ သေဆုံး

    ဟေတီ ကာနေဗယ်လ်ပွဲတော်အတွင်း ဓာတ်ကြိုးပြတ်ကျ၍ လူ ၂၀ သေဆုံး

    ဖေဖော်ဝါရီ ၁၇၊ ၂၀၁၅
    M-Media

    ht

    – ကာရစ်ဘီယံနိုင်ငံတစ်ခုဖြစ်သည့် ဟေတီနိုင်ငံတွင် ကာနေဗယ်လ်ပွဲတော် ကျင်းပနေစဉ် လျှင်စစ်ဓာတ်အားလိုင်းမှ ဓာတ်ကြိုးပြတ်ကျမှုကြောင့် ဓာတ်လိုက်သေဆုံးသူ အနည်းဆုံး ၂၀ ခန့်ရှိခဲ့သည်ဟု သိရသည်။

    မြို့တော် ပေါ့တ်အူပရင့်ရှိ မြို့လည်ကောင်တွင် ထောင်ပေါင်းများစွာသော ပရိတ်သတ်ပြည်သူများနှင့် အလှပြယာဉ်လှည့်လည်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၄၆ ဦး ဒဏ်ရာရရှိခဲ့သည်။

    ဖျော်ဖြေရေးဂီတအဖွဲ့ လိုက်ပါလာသည့် အဆိုပါအလှပြယာဉ်မှ လူတစ်ဦးမှာ ယာဉ် လွတ်ကင်းစွာ သွားလာနိုင်ရန် ဓာတ်ကြိုးအား တုတ်ဖြင့် မထားရာမှ ပြတ်ကြခဲ့ခြင်းဖြစ်ပြီး သီချင်းဆိုနေသည့် အဆိုတော်၏ ခေါင်းပေါ်သို့ တည့်တည့် ကြသွားခဲ့သည်။ အချို့သူများမှာ ချက်ချင်းပင် ဓာတ်လိုက်ခဲ့ကြပြီး အချို့မှာ ကားပေါ်မှ ခုန်ချ ထွက်ပြေးခဲ့ကြသည်။

    “၀ါယာကြိုး ပြတ်ကျပြီး မီးပွားတွေထွက်လာတာကို ကျွန်တော်တွေ့လိုက်ရပါတယ်။ အဲဒီနောက်မှာ အသက်လုပြီး ထွက်ပြေးခဲ့ရတာပါပဲ” ဟု အခင်းဖြစ်ပွားချိန် အလှပြယာဉ်အနားတွင် ရှိနေသည့် အသက် ၂၂ နှစ်အရွယ် နာတာချာ စိန့် ဖလောရ်က ပြောကြားခဲ့သည်။

    ထိုအဖြစ်အပျက်အတွင်း ထိခိုက်ခံစားရသူများအတွက် မိမိအနေဖြင့် ထပ်တူထပ်မျှ ၀မ်းနည်မိပါကြောင်း ဟေတီသမ္မတ မိုက်ကယ် မာတဲလီက Twitter စာမျက်နှာမှတစ်ဆင့် ၀မ်းနည်းကြောင်း ပြောကြားခဲ့ပြီး၊ သမ္မတ၏ ဇနီးဖြစ်သူကလည်း ဒဏ်ရာရရှိသူများအား ဆေးရုံတွင် သွားရောက်တွေ့ဆုံ အားပေးခဲ့သည်။

    Ref: foxnews

  • စစ်ဘေးရှောင် ဒုက္ခသည်များ အတွက် ” မွတ်စလင်မ် လူငယ်များ နိဗ္ဗာန်ဆော်” အဖွဲ့ မှ ဆန်အိတ် ၁၀၀ ကျော်လှူဒါန်းမည်။

    စစ်ဘေးရှောင် ဒုက္ခသည်များ အတွက် ” မွတ်စလင်မ် လူငယ်များ နိဗ္ဗာန်ဆော်” အဖွဲ့ မှ ဆန်အိတ် ၁၀၀ ကျော်လှူဒါန်းမည်။

    ဖေဖော်ဝါရီ ၁၇ ၊ ၂၀၁၅
    M-Media
    သတင်း၊ သီဟ
    10983421_1573665476220304_8062383532085543247_n
    တိုက်ပွဲများဖြစ်ပွားလျက်ရှိသည့် ကိုးကန့် အထူးဒေသ လောက်ကိုင်မြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် ဒုက္ခသည်များအား မန္တလေးမြို့မှ ” မွတ်စလင်မ် လူငယ်များ နိဗ္ဗာန်ဆော် အဖွဲ့” မှ ဆန်အိတ် ၁၀၀ ကျော် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရပါတယ်။

    ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ကူမဲမြို့မှ  “မေတ္တာ အလင်းတန်း လူမှုဆောင်ရွက်ရေး” အဖွဲလိုက်ပါပြီး စစ်ဘေးရှောင် ဒုက္ခသည်များ ခိုလှုံ့ရာ လားရှိုးမြို့ မန်ဆူ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက် လှူဒါန်းမည်ဖြစ်ကြောင်း သိရှိရပါတယ်။
    မန္တလေးမှ အစ္စလာမ်ဘာသာဝင်များ ၁၉၅၂ ခုနှစ်မှ စတင် တည်ထောင်ခဲ့သည့် နိဗ္ဗာန်ဆော် အဖွဲ့ဟာ နှစ်ပေါင်း ၆၃ နှစ်ကျော် သက်တမ်းရှိပြီဖြစ်ပြီး၊ လူမျိုးဘာသာ မခွဲခြားဘဲ နာရေးကိစ္စရပ်များ ဆောင်ရွက်ခြင်း၊ အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်း ကိစ္စရပ်များကို ဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာပြည်တွင် အစောဆုံး လူမျိုးဘာသာ မခွဲခြားဘဲ နာရေးကိစ္စ ရပ်များ ဆောင်ရွက်ခဲ့သည့်  လူမှုရေး အဖွဲ့ဖြစ်ကြောင်းကို အဖွဲ့ရဲ့ စာရင်းစစ်ဖြစ်သူ ဦးခင်မောင်ဝင်း(ဓူဝံ) မှ ပြောပါတယ်။

    ယခု ကိုးကန့် ဒေသမှ စစ်ဘေးရှောင် ဒုက္ခသည်များကို လှူဒါန်းရခြင်းမှာလည်း တိုင်းပြည်အတွင်းဖြစ်ပေါ်လျက်ရှိသည့် အရေးကိစ္စအား လူမျိုးဘာသာမကြည့်ဘဲ ဘာသာပေါင်းစုံ ချစ်ကြည်ရေးကို ရည်ရွယ်က လှူဒါန်းရခြင်းဖြစ်ကြောင်း၊ ဆန်အိတ်များအပြင် အဝတ်အထည်များကိုလည်း ထပ်မံ၍ လှူဒါန်းသွားရန်ရှိကြောင်း သိရှိရပါတယ်။
    ဆက်စပ်ဆောင်းပါးဖတ်လိုလျှင်
    ——————————–
    မန္တလေးမြို့ နိဗ္ဗာန်ဆော်အဖွဲ့ နှစ် (၆၀) ပြည့် တိုင်ခဲ့ပြီ
    http://www.m-mediagroup.com/news/1922

  • တက္ကဆက်ရှိ ဗလီဝတ်ကျောင်းတော် မီးရှို့သူကို အမေရိကန်အာဏာပိုင်များ ဖမ်းဆီးကာ တရားစွဲ

    တက္ကဆက်ရှိ ဗလီဝတ်ကျောင်းတော် မီးရှို့သူကို အမေရိကန်အာဏာပိုင်များ ဖမ်းဆီးကာ တရားစွဲ

    ဖေဖော်ဝါရီ ၁၇၊ ၂၀၁၅
    M-Media

    txe

    – အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဟူစတန်မြို့ရှိ ဗလီဝတ်ကျောင်းတော်တစ်ခုပြီးခဲ့သည့်တစ်ပတ်က မီးလောင်မှုအတွက် သံသယရှိသူ အမျိုးသားတစ်ဦးကို ဖမ်းဆီးလိုက်သည်ဟု ဟူစတန် မီးသတ်အရာရှိများက ပြောကြားခဲ့သည်။

    ဖမ်းဆီးရမိခဲ့သူမှာ အသက် ၅၅ နှစ်အရွယ် ဒါရိုင်း ဖာဂူဆန်ဆိုသူ အိမ်ယာမဲ့တစ်ဦးဖြစ်ပြီး သောကြောနေ့ နံနက်စောစောပိုင်းက ကူဗာ ဗလီဝတ်ကျောင်းတော် မီးလောင်မှုနှင့် ဆက်စပ်၍ ပထမအဆင့် မီးရှို့မှုစွဲချက်ဖြင့် တရားစွဲဆိုထားသည်။

    တာဝန်ရှိသူများက ပြောကြားရာတွင် ဖာဂူန်အား အဆိုပါ ဗလီဝတ်ကျောင်းတော်အနီးတွင် စက်ဘီးစီးနေစဉ် မသင်္ကာသောကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရဲစခန်း၌ မီးရှို့ကြောင်း ၀န်ခံခဲ့သည်ဟု ဆိုသည်။ အဆိုပါအစ္စလာမ့်စင်တာမှ ရှေ့ဆောင်အီမာမ်၏ သားဖြစ်သူ အဟ်ဆန် ဇာဟစ်ဒ်ကမူ ထိုကဲ့သို့ ဖမ်းဆီးနိုင်ခဲ့ခြင်းက မိမိတို့ပတ်ဝန်းကျင်အတွက် ပိုမိုလုံခြုံသွားစေခဲ့သည်ဟု ပြောကြားခဲ့သည်။

    ဖာဂူဆန်မှာ တက္ကဆက်ပြည်နယ်အတွင်း ရာဇ၀တ်မှုများဖြင့် အကြိမ်ပေါင်းများစွာ ဖမ်းဆီးခံခဲ့ရပြီး ဖောက်ထွင်းမှု၊ မူးယစ်ဆေးဝါးပိုင်ဆိုင်မှု၊ ပိုင်နက်ကျူးလွန်မှု၊ လက်ရောက်မှုနှင့် ပြည့်တန်ဆာမှုတို့ဖြင့် တရားစွဲဆိုခြင်း ခံခဲ့ရသူဖြစ်သည်။ မီးရှို့ခဲ့သည့် နောက်ခံအကြောင်းအရင်းကိုမူ စုံစမ်းစစ်ဆေးသူများက ထုတ်ဖော်ပြာဆိုခြင်းမရှိခဲ့ပေ။

    “ကျွန်တော့်အဖေကတော့ အဲဒီသူကို ဗလီဝတ်ကျောင်းတော်နားမှာ တွေ့ရလေ့ရှိတယ်လို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ ခွင့်လွှတ်ပါတယ်။ ဒါကို ကျွန်တော်တို့မေ့လိုက်ပါပြီ။ သူ ကျွန်တော်တို့ဆီကိုလာတွေ့ပြီး ဒီလိုပြစ်မှုမျိုး ကျူးလွန်ရလောက်အောင် ကျွန်တော်တို့နဲ့ ပတ်သက်လို့ ဘာတွေအထင်မှားအမြင်မှားရှိနေသလဲဆိုတာ ကျွန်တော်တို့ကို ပြောပြစေချင်ပါတယ်” ဟု ဇာဟစ်ဒ်က ထပ်လောင်းပြောကြားခဲ့သည်။

    မီးလောင်မှုကြောင့် ဗလီဝတ်ကျောင်းတော်၏ အစိတ်ပိုင်းအများအပြား ပျက်ဆီးသွားခဲ့သော်လည်း ၀တ်ပြုမှုများကိုမူ ဆက်လက်ပြုလုပ်လျက်ရှိနေသည်။

    Ref: abc13,m.chron

  • IS ၏ စက်ဆုပ်ဖွယ် ဗီဒီယိုများကို မွတ်စလင်များ ကြည့်ရှုဖြန့်ဖြူးခြင်းမပြုကြရန် အလ်-အဇ်ဟာရ်မှ ဓမ္မသတ်ထုတ်ပြန်

    IS ၏ စက်ဆုပ်ဖွယ် ဗီဒီယိုများကို မွတ်စလင်များ ကြည့်ရှုဖြန့်ဖြူးခြင်းမပြုကြရန် အလ်-အဇ်ဟာရ်မှ ဓမ္မသတ်ထုတ်ပြန်

    ဖေဖော်ဝါရီ ၁၇၊ ၂၀၁၅
    M-Media

    ???????????????????????????????

    – IS အဖွဲ့၏ မကောင်းဆိုးဝါးရည်ရွယ်ချက်များ အကောင်အထည်ပေါ်လာခြင်းကို ရှောင်ရှားရန်၊ အစ္စလာမ့်တန်ဖိုးကို မထိခိုက်စေရန်နှင့် မွတ်စလင်တို့၏ ကိုယ်ကျင့်တရားများ မပျက်ပြားစေရန်အတွက် မွတ်စလင်များအနေဖြင့် IS အဖွဲ့မှ သတ်ဖြတ်သည့်ဗီဒီယိုများကို ကြည့်ရှုဖြန့်ဖြူးခြင်းမပြုကြရန် အစ္စလာမ့် ထိပ်တန်းဓမ္မသတ်ဌာန အလ်-အဇ်ဟာရ်မှ တားမြစ်လိုက်သည်ဟု သိရသည်။

    အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ အလ်-အဇ်ဟာရ်တက္ကသိုလ်မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားခြင်းဖြစ်ပြီး လစ်ဗျား၌ အလုပ်သွားရောက်လုပ်ကိုင်နေသည့် အီဂျစ်ခရစ်ယာန် ၂၁ ဦးကို IS အဖွဲ့က သတ်ဖြတ်သည့် ဗီဒီယိုကို ထုတ်ပြန်ပြီးနောက်ပိုင်း ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

    အဆိုပါ ကြေညာချက်တွင် မွတ်စလင်များအကြား ကြောက်ရွံ့မှု၊ ကိုယ်ကျင့်တရားထိခိုက်မှုတို့ မဖြစ်စေရန်နှင့် အဆိုပါအဖွဲ့၏ အန္တရာယ်ရှိသော ၀ါဒဖြန့်မှုများအား ပြန့်ပွားခြင်းကို ရှောင်ရှားရန်အတွက် IS ကြမ်းဖက်သမားများ၏ ရာဇ၀တ်မှုကျူးလွန်သည့် ဗီဒီယိုများအား ဖော်ပြခြင်းမပြုရန်လည်း မီဒီယာများကို တိုက်တွန်းခဲ့သည်။

    ထို့ပြင် ထိုကြေညာချက်၌ အစ္စလာမ်ကြောက်ရောဂါကို ပိုမိုဖြစ်စေရန် ရည်ရွယ်သည့် ထိုဗီဒီယိုများကို ကြည့်ရှုခြင်းနှင့် တစ်ဆင့်ဖြန့်ဖြူးခြင်းကို မွတ်စလင်များအနေဖြင့် ပြုလုပ်ခြင်းမပြုရန်လည်း တားမြစ်ထားသည်။

    နိုင်ငံသားခရစ်ယာန်များအား သတ်ဖြတ်ပြီးနောက်ပိုင်း အီဂျစ်လေတပ်က လစ်ဗျားရှိ IS ၏ ခြေကုပ်စခန်းများကို တရစပ် ဗုံးကြဲတိုက်ခိုက်ခဲ့ကာ လက်တုံ့ပြန်ခဲ့သည်။

    အလ်-အဇ်ဟာရ်မှာ အစ္စလာမ့်အမည်နာမကိုသုံး၍ အကြမ်းဖက်မှုကျူးလွန်သော အဖွဲ့များအား တစ်စိုက်မတ်မတ် ဆန့်ကျင်လာခဲ့သည့် ထိပ်တန်း အစ္စလာမ့်ဘာသာရေးဌာနများထဲမှ တစ်ခုလည်းဖြစ်သည်။

    Ref: alarabiya

  • ဂြိုလ်သားများ ဒုက္ခပေးမည်ဆိုး၍ အာကာသသို့ အသံပို့လွှတ် စမ်းသပ်မှုကို သိပ္ပံပညာရှင် အချို့ ဆန့်ကျင့်

    ဂြိုလ်သားများ ဒုက္ခပေးမည်ဆိုး၍ အာကာသသို့ အသံပို့လွှတ် စမ်းသပ်မှုကို သိပ္ပံပညာရှင် အချို့ ဆန့်ကျင့်

    ဖေဖော်ဝါရီ ၁၇ ၊ ၂၀၁၅
    M-Media
    fe461972-4fd9-45f9-95d8-8686a9358e04_16x9_600x338
    – တစ်ခြားဂြိုလ်က ဂြိုလ်သားတွေ ဆက်သွယ်လို့ရအောင် ကမ္ဘာကနေ အာကာသထဲကို အသံတွေပို့လွှတ်မယ်ဆိုတဲ့ အဆိုပြုချက်ကို စိုးရိမ်မိပြီး ဒီလို ပို့လွှတ်မှုကြောင့် ရန်လိုတတ်တဲ့ ဂြိုဟ်သားတွေက အခွင့်ကောင်းယူ၊ ကမ္ဘာကြီးကို ဖျက်ဆီးနိုင်တယ်လို့ သိပ္ပံညာရှင်တစ်ချို့က ပြောလိုက်ပါတယ်။

    ကမ္ဘာ့အပြင်ဘက် အခြားဂြိုလ်တွေနဲ့ပတ်သက်ပြီး လေ့လာစူးစမ်းနေတဲ့ Search for Extraterrestrial Intelligence (Seti) အဖွဲ့က သိပ္ပံပညာရှင်တွေဟာ မကြာသေးမီကမှ အာကသထဲကို အင်အားကောင်းတဲ့ အသံတွေပို့လွှတ်ဖို့ စီစဉ်ခဲ့တာပါ။

    ပြင်ပကမ္ဘာသို့ သတင်းစကားများ ပို့လွှတ်စုံစမ်းခြင်းနည်းလမ်း Meti ကို အသုံးပြုပြီး အာကာသထဲက ကမ္ဘာလိုဂြိုဟ်မျိုးတွေကို ရေဒီယို သတင်းစကားတွေ ပို့လွှတ်ခြင်းက ဂြိုဟ်သားတွေနဲ့ ကမ္ဘာကြီး ဆက်သွယ်မှုအတွက် အခွင့်အရေးတွေကို တိုးပွားစေလိမ့်မယ်လို့ သုတေသနပညာရှင်တွေက မျှော်လင့်နေကြပါတယ်။

    ဒါပေမယ့် အချို့ပညာရှင်တွေကတော့ ဒီအစဉ်အစဉ်ဟာ နုနယ်သေးပြီး လူသားတွေကို အန္တရာယ် ကျရောက်စေနိုင် တယ်လို့ ထောက်ပြပြောဆိုခဲ့ကြပါတယ်။

    အာကာသသိပ္ပံပညာရှင်နဲ့ စာရေးဆရာ တစ်ယောက်ဖြစ်သူ ဒေးဗစ် ဘရင်က “ကျွန်တော်တို့တည်ရှိတယ်ဆိုတဲ့ အကြောင်း စကြ၀ဠာထဲကို အသံတွေ ပို့လွှတ်ခြင်းဆိုတဲ့ ပြင်လို့မရတဲ့ လုပ်ငန်းတွေကို လူတွေက မဆောင်ရွက်ခင် Seti က ရေဒီယိုဆိုင်ရာ နက္ခတဗေဒ ပညာရှင်အချို့ဟာ နိုင်ငံတကာ အကြံပေးတွေရဲ့ ယူဆချက်ကို ခုခံချေပခဲ့ကြပါတယ်။ တစ်ဦးတစ်ယောက်က သူကိုယ်တိုင်အတွက် အန္တရာယ်ဖြစ်စေတယ်ဆိုရင်တော့ ဒါက ကိစ္စမရှိပါဘူး။ ဒါပေမယ့် ဒီအန္တရာယ်ဟာ ကျွန်တော်တို့ရဲ့ သားသမီးတွေ ကမ္ဘာပေါ်က လူသားအားလုံး အတွက် ဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့မှာ မေးစရာတွေ အများကြီးရှိလာပြီး ဆွေးနွေးမှုတွေ လုပ်ရပါတော့မယ်” လို့ သူ့ရဲ့ စိုးရိမ်ပူပန်မှုကို ဖွင့်ဟခဲ့ပါတယ်။

    ၂၀၁၀ ခုနှစ်ကလည်း နာမည်ကျော် ဗြိတိန် သိပ္ပံပညာရှင် စတီဖင်ဟော့ကင်းက အေလီယန် ဂြိုဟ်သားတွေဟာ ကျွန်တော်တို့ရဲ့ ရင်းမြစ်တွေကို ခေါင်းပုံဖြတ် အမြတ်ထုတ်ကြလိ့မ်မယ်လို့ သတိပေးခဲ့ပါတယ်။

    “တကယ်လို့များ အေလီယန်တွေဟာ ကျွန်တော်တို့ဆီကို လာလည်ပြီဆိုရင် ရလဒ်က အမေရိကတိုက်ကို ကိုလံဘတ်စ်က တွေ့တဲ့အခါ ဌာနေ အမေရိကန်တွေ ခံစားရသလောက်ကို ဖြစ်သွားပါလိမ့်မယ်” လို့ ဟော့ကင်းက ဆိုပါတယ်။

    Seti အဖွဲ့က ဒေါက်တာ ရှော့တက်စ်က သိပ္ပံပညာရှင်တွေရဲ့ ဒီလိုစိုးရိမ်မှုတွေကို ပယ်ချခဲ့ပြီး ပြင်ပကမ္ဘာက သူတွေ ရန်စမယ်ဆိုရင် ဖြစ်တောင်ဖြစ်ပြီးလောက်ပြီလို့ ပြောခဲ့ပါတယ်။

    “အေလီယံ အဖွဲ့အစည်းတစ်ခုဟာ ကမ္ဘာကြီးကို တိုက်ခိုက်ဖို့၊ အမှုန့်ချေဖို့ လုံလောက်တဲ့ အစွမ်းရှိမယ်ဆိုရင် ဒုတိယကမ္ဘာ စစ်လောက်ကတည်းက အာကာသထဲကို ကျွန်တော်တို့လွှင့်နေတဲ့ အသံတွေကို အလွယ်တကူ ဖမ်းယူရရှိနိုင်မှာပေါ့”

    အဲဒီ့အဖွဲ့က ဒေါက်တာ ဒေါက်ဂလက်စ် ဗိုကော့ခ်ျဆိုသူကလည်း အဲဒီလို အသံတွေပေးပို့တာနဲ့ ပတ်သက်ပြီး ငြင်းခုံပြောဆိုခဲ့ပါတယ်။

    “အခြားသော နေအဖွဲ့အစည်းတွေရဲ့ သမဇုန်မှာ တည်ရှိတဲ့ ကမ္ဘာလိုဂြိုဟ်တွေကို မကြာသေးခင်က တွေ့ရှိခဲ့တာနဲ့အတူ ဒီလိုအသံလွှင်ဖို့ စီမံကိန်းအတွေ အတွက် ကျွန်တော်တို့မှာ သဘာဝကျတဲ့ ရည်ရွယ်ချက်တွေ ရှိပါတယ်။ တစ်ချို့တွေကတော့ အေလီယန်တွေရဲ့ ကျူးကျော်မှုကို ကြောက်ရတာကြောင့် ကျွန်တော်တို့အနေနဲ့ ဒီလို အားကောင်းတဲ့ အသံလွှင်မှုကို ရှောင်ရှားသင့် တယ်လို့ ပြောဆိုကြပါတယ်။ တကယ်လို့ ဒီလိုအတွေးအခေါ်မျိုးဟာ အမြစ်တွယ်နေမယ်ဆိုရင် စွန့်စားရှာဖွေမှုကို ရှောင်ရှား ရင်း၊ ဘေးအန္တရာယ်တွေကို လျှော့ချဖို့ကြိုးစားရင်း လူသားထုအတွက် အထီးကျန်သူတွေဖြစ်လာစေတဲ့ အယူအဆတစ်ခုကို အချက်ပြလိုက်တာလည်း ဖြစ်ပါတယ်”

    Ref: alarabiya