ဖေဖော်ဝါရီ ၁၄၊ ၂၀၁၅
M-Media
– ချစ်သူများနေ့တွင် လူစည်းကာရာနေရာသို့သွားရောက်ကာ သေနတ်ဖြင့် ပစ်ခတ်မှုများပြုလုပ်ရန် စီစဉ်ထားသည့် လူငယ်များကို နိုင်ငံအရှေ့ပိုင်း ကမ်းရိုးတမ်းမြို့ နိုဗာစကော့တီယာတွင် ယမန်နေ့က ဖမ်းဆီးခဲ့သည်ဟု ကနေဒါ ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။
ဖမ်းဆီးထားသူများမှာ အနည်းဆုံး ၂ ဦးဖြစ်ပြီး နိုဗာစကော့တီယာမှ အသက် ၁၉ နှစ်အရွယ် လူငယ်အမျိုးသားနှင့် အမေရိကန်ပြည်ထောင်စု အီလီနွိုက်စ်ပြည်နယ် ဂျီနီဗာမြို့မှ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ဖြစ်ကြသည်ဟု
ကနေဒါရဲတပ်ဖွဲ့မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် နိုဗာစကော့တီယာရှိ လူစည်ကားသည့်နေရာသို့သွား၍ လူများအား သေနတ်ဖြင့်ပစ်ကာ မိမိကိုယ်ကို အဆုံးစီရင်ရန် လူနှစ်ဦးက လက်နက်များကို စုဆောင်းနေသည်ဟု သတင်းရရှိသောကြောင့် ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ကြံစည်ရသည့် အကြောင်းအရင်းကို အဆိုပါ ကြေညာချက်တွင် ထုတ်ဖော်ထားခြင်းမရှိသော်လည်း ရဲအရာရှိများက ထိုလုပ်ရပ်မှာ အကြမ်းဖက်တိုက်ခိုက်မှုမျိုးမဟုတ်ဟု ပြောကြားခဲ့သည်။
“အချို့သော ယုံကြည်ချက်တွေရှိကြတဲ့ လူတစ်ဦးစီပါဝင်တဲ့အဖွဲ့က နိုင်ငံသားတွေအပေါ်မှာ တိုက်ခိုက်မှုကို ကျူးလွန်ချင်တဲ့ ဆန္ဒမျိုးရှိတယ်လို့ ဖော်ထုတ်သိရှိရပါတယ်။ ဒါပေမယ့် အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် သတ်မှတ်ဖို့ စစ်ဆးမှုမှာ ဘာမှမတွေ့ရပါဘူး ” ဟု နိုဗာစကော့တီယာ ရဲတပ်ဖွဲ့အကြီးအကဲ ဘရိုင်ယန် ဘရန်နန်က ပြောကြားခဲ့သည်။
အထောက်အထားများရ အဆိုပါအစီအစဉ်တွင် နိုဗာစကော့တီယာမှ အသက် ၁၇ နှစ်နှင့် အသက် ၂၀ အရွယ် အမျိုသားနှစ်ဦး ပါဝင်ကြောင်း ထပ်မံတွေ့ရှိခဲ့ရပြီး ၎င်းတို့၏ အခန်းကဏ္ဍကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။
Ref: reuters