News @ M-Media
Blog
  • ထိုင်ဝမ်ထောင်တစ်ခုတွင် အကျဉ်းသားများက ဓားစားခံများဖမ်းကာ ထွက်ပြေးရန်ကြိုးပမ်း
    ထိုင်ဝမ်ထောင်တစ်ခုတွင် အကျဉ်းသားများက ဓားစားခံများဖမ်းကာ ထွက်ပြေးရန်ကြိုးပမ်း
    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၅
    M-Media
    twj
    – ထိုင်ဝမ်နိုင်ငံတောင်ပိုင်းရှိ အကျဉ်းထောင်တစ်ခုတွင် အကျဉ်သား အုပ်စုတစ်တစ်စုက ဓားစားခံ ၃ ဦးအား ဖမ်းဆီးကာ ထောင်မှထွက်ပြေးရန် ကြံစည်မှုတစ်ခု ယမန်နေ့က ဖြစ်ပွာခဲ့ပြီး အကျဉ်းသားများမှာ ၎င်းတို့ကိုယ်ကို သတ်သေသွားခဲ့သည်ဟု
    သိရသည်။
    Kaohsiung ထောင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အကျဉ်းသား ခြောက်ဦးပါဝင်သည့် အုပ်စုမှာ ယမန်နေ့က ထောင်တွင်းရှိ လက်နက်တိုက်ကို ဖောက်ကာ ရိုင်ဖယ်လေးလက်နှင့် ပစ္စတို ၆ လက်ယူဆောင်၍ ဓားစားခံသုံးဦးကို ဖမ်းဆီးခဲ့သည်။ နောက်ပိုင်းတွင် ထောင်ပိုင်နှင့် အခြား အကြီးတန်းအရာရှိတစ်ဦးက ဓားစားခံအဖြစ် အဖမ်းခံခဲ့ကာ ကနဦးဖမ်းဆီးထားသည့် ဓားစားခံ ၃ ဦးကို လွတ်မြောက်စေခဲ့သည်။
    အဆိုပါ အကျဉ်းသား ၆ ဦးမှာ လူသတ်မှု၊ ဓားမြတိုက်မှုနှင့် မူးယစ်ဆေးမှုများဖြင့် ထောင်ကျနေကြသူများဖြစ်ပြီး ခေါင်းဆောင်မှာ Bamboo Union လူဆိုးဂိုဏ်းမှ လူသတ်မှုဖြင့် ၂၀၁၂ ခုနှစ်က ထောင်ဒဏ် ၂၈ နှစ်ကျခံနေရသည့် ချန်လီတက်ဆိုသူ ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ၎င်းတို့က မိမိတို့မှာ မမျှမတ ဆက်ဆံခံနေရသည်ဟု ပြောကြားခဲ့ပြီး ထောင်မှလွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။
    အဆိုပါအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ ချန်ကမူ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အဆိုပါကြေညာချက်တွင် လာဘ်စားမှုကြောင့် ထောင်ဒဏ် အနှစ် ၂၀ ကျခံနေရသည့် သမ္မတဟောင်း ချန်ရှူဘီယန်အား နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးမည်ဟု ပြီးခဲ့သည့်လက ကတိပြုခဲ့မှုကို ထောက်ပြခဲ့ကာ ထိုအချင်းအရာက အကျဉ်းများအား ဘက်လိုက်ဆက်ဆံမှုဖြစ်သည်ဟု ပြောကြားခဲ့သည်။
    ထို့ပြင် အကျဉ်းသားများ နေ့စဉ် အစားအသောက်ရရှိမှု နည်းပါးခြင်းကို ဖြေရှင်းပေးရန်နှင့် ပြစ်မှုကြီးများဖြင့် ထောင်ဒဏ်ကျခံနေရသူများအတွက် ပြစ်ဒဏ်လျော့ပေါ့ခြင်း ပြုလုပ်ပေးသင့်သည်ဟုလည်း အဆိုပါ ကြေညာချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။
    အာဏာပိုင်များကမူ ထောင်သားများ၏ တောင်းဆိုမှုများကို လိုက်လျောခဲ့ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့များနှင့် အကျဉ်းထောင်အား ၀ိုင်းထားခဲ့သည်။ သို့သော်လည်း အဆိုပါ ထောင်သားအုပ်စုမှာ မိမိတို့ကိုယ် မိမိတို့ သတ်သေခဲ့ကြသည်ဟု အာဏာပိုင်များက ယနေ့နံနက်တွင် ပြောကြားခဲ့ပြီး ရုပ်သံနှင့် ဓာတ်ပုံအထောက်များကိုမူ ထုတ်ပြန်ခြင်းမရှိခဲ့ချေ။
    Ref: channelnewsasia
  • ဘာလော့တယ်လီ ပရီးမီးယားလိဂ်ဂိုး ဈေးဦးပေါက်ပြီး အသင်းကြီးတွေအားလုံး အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၅
    ဘာလော့တယ်လီ ပရီးမီးယားလိဂ်ဂိုး ဈေးဦးပေါက်ပြီး အသင်းကြီးတွေအားလုံး အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၅
    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၅
    M-Media
    plm
    – ပရီးမီးယားလိဂ် ပွဲစဉ် ၂၅ ကိုတော့ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့တွေမှာ ကစားခဲ့ပြီး ပြီးခဲ့တဲ့ ပွဲစဉ် ၂၄ မှာ အခြေမလှခဲ့တဲ့ မန်ယူ၊ လီဗာပူးလ်၊ အာဆင်နယ်၊ မန်စီးတီး စတဲ့ အသင်းကြီးတွေအားလုံး အနိုင်ရခဲ့ကြပါတယ်။
    အင်္ဂါနေ့က အစောဆုံးကစားခဲ့တဲ့ အာဆင်နယ်နဲ့ လက်စတာတို့ရဲ့ ပွဲမှာတော့ အာဆင်တို့ အနိုင်ရခဲ့ပါတယ်။ လက်စတာတို့ ခြေစွာခဲ့ပြီး ၂၇ မိနစ်နဲ့ ကွန်စီယဲလ်နီနဲ့ ၄၁ မိနစ်မှာ ဝေါလ်ကော့တို့က အာဆင်နယ်အတွက် ဦးဆောင်ဂိုး ၂ ဂိုး အရင်သွင်းပေးနိုင်ခဲ့တာက အာဆင်နယ်ကို အသက်ရှုချောင်စေခဲ့ပါတယ်။ ၆၁ မိနစ်မှာ အန်ဒရက်ဂ်ျ ကရာမာရစ်က ချေပဂိုး တစ်ဂိုးပြန်သွင်းပေးခဲ့ပြီး နောက်ပိုင်းမှာလည်း ဂိုးသွင်းခွင့်တော်တော်များများကို ဖန်တီးနိုင်ခဲ့ပေမယ့် ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိတာကြောင့် အာဆင်နယ်တို့ အနိုင် ၃ မှတ် သေချာခဲ့တာဖြစ်ပါတယ်။
    လီဗာပူးလ်ကလည်း ခြေစွာတဲ့စပါးအသင်းကို အကြိတ်အနယ်ကစားခဲ့ရပြီး ဂိုးတွေအပြန်အလှန်သွင်းကာ ဘာလော့တယ်လီရဲ့ ၈၃ မိနစ်ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ပွဲအစငြိမ်ခဲ့တဲ့ လီဗာပူးလ်တို့ ၁၅ မိနစ်မှာပဲ ဦးဆောင်ဂိုးရခဲ့ပြီး လာဇာ မာကိုဗစ်က သွင်းပေးခဲ့တာပါ။ ဒီဦဆောင်ဂိုးဟာ ၁၁ မိနစ်သာခံခဲ့ပြီး ၂၆ မိနစ်မှာ စပါးရဲ့ ဂိုးသွင်းစက် ဟယ်ရီကိန်းက ချေပဂိုး သွင်းပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ စပါးအသင်းက အသာရခဲ့ပေမယ့် ဂိုးသွင်းနိုင်ခြင်းတော့ မရှိခဲပါဘူး။ ဒုတိယပိုင်း ၅၃ မိနစ်မှာ ဂျရတ်က ပင်နယ်တီကနေတစ်ဆင့် ဂိုးသွင်းပေးခဲ့တာကြောင့် လီဗာပူးလ်တို့ ပြန်ဦးဆောင်နိုင်ခဲ့ပေမယ့် ဒီတစ်ခါ ဦးဆောင်မှုဟာလည်း ၈ မိနစ်သာခံခဲ့ပြီး မူဆာ ဒမ်ဘီလီက စပါးအတွက် ချေပဂိုး သွင်းပေးနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အနိုင်ဂိုးရဖို့အတွက် လီဗာပူးလ်က တင်ကစားလာခဲ့ပြီး လူစားဝင်လာတဲ့
    ဘာလော့တယ်လီက အနိုင်ဂိုးသွင်းပေးခဲ့တာကြောင့် လီဗာပူးလ်တို့ အဖိုးတန် အနိုင် ၃ မှတ် ရခဲ့တာဖြစ်ပါတယ်။ ဒီဂိုးဟာ ဘာလော့တယ်လီရဲ့ ပရီးမီးယားလိဂ် ပထမဆုံးဂိုးလည်း ဖြစ်ပါတယ်။
    စတမ်းဖို့ဒ်ဘရစ်ခ်ျမှာကစားခဲ့တဲ့ ချယ်ဆီးနဲ့ အဲဗာတန်ပွဲမှာတော့ ဂိုသမားတင်ဟောင်းဝပ်ရဲ့ လက်စွမ်းပြမှုကြောင့် ချယ်ဆီးတို့ နောက်ကျဂိုး တစ်ဂိုးတည်းနဲ့သာ အနိုင်ရခဲ့ပါတယ်။ ဒီဂိုးကိုတော့ ၈၉ မိနစ်မှာ ၀ီလီယံက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
    ပြီးခဲ့တဲ့ပွဲမှာ ၀က်စ်ဟမ်းကို နောက်ကျဂိုးနဲ့ သရေတစ်မှတ်ရခဲ့တဲ့ မန်ယူကတော့ နောက်ခံလူ ခရစ္စစမောလင်းရဲ့ ဂိုး ၂ ဂိုးနဲ့အတူ ဘန်လေကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ပွဲအစ ၆ မိနစ်မှာ စမောလင်းက ခေါင်းတိုက်ပြီး ဂိုးစသွင်းနိုင်ခဲ့ပေမယ့် ၁၂ မိနစ်မှာ ဒန်နီအင်စ့်က ဘန်လေအတွက် ချေပဂိုး ပြန်သွင်းပေးခဲ့ပါတယ်။ ဒီနေ့ပွဲမှာ မန်ယူတို့ ကစားပုံ သိပ်မကောင်းခဲ့ပေမယ့် ဇယားအောက်ခြေက ဘန်လေကို အနိုင်ရဖို့အတွက်တော့ မခက်ခဲခဲ့ပါဘူး။ ပထမပိုင်း နာကျင်အချိန်ပိုမှာ စမောလင်းက ဒုတိယဂိုးသွင်းပေးခဲ့ပြီး ၈၂ မိနစ်မှာ ရခဲ့တဲ့ ပင်နယ်တီကို ဗန်ပါစီက အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့တာကြောင့် မန်ယူတို့ အနိုင်သုံးမှတ် ရယူနိုင်ခဲ့ပါတယ်။ ဗန်ဂါးလ်ကလည်း သူ့အသင်းကစားတာ မကြိုက်ဘူးလို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
    အဆင့် ၃ နေရာက ဆောက်သက်တမ်က ခြေမာတဲ့ ၀က်စ်ဟမ်းနဲ့ ဂိုးမရှိသရေကျခဲ့ပြီး အဆင့် ၄ ကို ဆင်းပေးလိုက်ရကာ
    မန်စီးတီးကတော့ အဂူရို၊ မီလ်နာနဲ့ နာဆရီတို့ရဲ့ဂိုးတွေနဲ့ စတုတ်ကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ထိပ်ဆုံးက ချယ်ဆီးကို ဆက်လက်ဖိအားပေးနိုင်ခဲ့ပါတယ်။
    pml 4အသင်းဟောင်းနယူးကယ်ဆယ်နဲ့ ပြန်လည်ရင်ဆိုင်ခဲ့ရတဲ့ ခရစ္စတယ်ပဲလေ့စ်နည်းပြ ပါဂျူးက ၁ ဂိုးစီသရေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဒီတစ်ပတ်မှာ ဇယားအောက်ခြေက သုံးသင်းစလုံး ရှုံးနိမ့်ခဲ့ပါတယ်။
    ပရီးမီးယားလိဂ်ပွဲစဉ် ၂၅ ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    အာဆင်နယ် ၂-၁ လက်စတာ
    ဟားလ်စီးတီး ၂-၀ အက်စတွန်ဗီလာ
    ဆန်ဒါးလန်း ၀-၂ ကျူပီအာရ်
    လီဗာပူးလ် ၃-၂ စပါး
    ချယ်ဆီး ၁-၀ အဲဗာတန်
    မန်ယူ ၃-၁ ဘန်လေ
    ဆောက်သက်တမ် ၀-၀ ၀က်စ်ဟမ်း
    စတုတ် ၁-၄ မန်စီးတီး
    ခရစ္စတယ်ပဲလေ့စ် ၁-၁ နယူးကာဆယ်
  • စက်ရုပ် ဝန်ထမ်းတွေနဲ့ ဟိုတယ်
    စက်ရုပ် ဝန်ထမ်းတွေနဲ့ ဟိုတယ်
    ဖေဖော်ဝါရီ ၁၂ ၊ ၂၀၁၅
    M-Media
    Henn-na_Hotel__10_.0.0
    ဂျပန်နိုင်ငံ နာကာဆာကီမှာ ဖွင့်လှစ်မယ့် ဟိုတယ်အသစ်တစ်ခု ဖြစ်တဲ့ Henn-na Hotel မှာ လူသားပုံစံ စက်ရုပ်ဝန်ထမ်းတွေကပဲ ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်။
    ဧည့်ကြို၊ ပစ္စည်းသယ်သူ၊ အခန်းသန့်ရှင်းသူ၊ စတဲ့ ဝန်ထမ်းတွေအားလုံးဟာ ဂျန်ပန်အမျိုးသမီးရုပ်ရည်မျိုးရှိတဲ့ စက်ရုပ်တွေ ဖြစ်ပါတယ်။
    ဒီစက်ရုပ်တွေဟာ လူသားဆန်တဲ့ လှုပ်ရှားမှုအပြင် အသက်ရှုတာ မျက်တောင်ခတ်တာမျိုးလည်း လုပ်ပါသေးတယ်။
    ဘာသာစကား ၅မျိုးလောက် နားလည် ပြောဆိုနိုင်တဲ့အပြင် ကိုယ်နှုတ်အမူအရာတွေကိုလည်း နားလည်တုန့်ပြန်နိုင်ပါတယ်။
    ဟိုတယ်မှာ စက်ရုပ်ဝန်ထမ်းတွေအပြည် တခြား အဆင့်မြင့် နည်းပညာတွေလည်း သုံးထားပါသေးတယ်။
    အခန်းတံခါးကို ကဒ်/သော့ အစား မျက်နှာသိရှိပြီး ဖွင့်ပေးတဲ့စနစ်၊ အခန်းတွင်းအပူချိန်ကို ခန္ဓာကိုယ် အပူချိန်အလိုက် ထန်းညှိပေးတဲ့စနစ်၊ ဟိုတယ်ဝန်ထမ်းကို tabletကနေ လှမ်းခေါ်နိုင်တဲ့ စံနစ်တွေ ရှိပါတယ်။
    စက်ရုပ်တွေကို Kokoroကုမ္ပဏီက တည်ဆောက်ပေးတာ ဖြစ်ပါတယ်။
    ဒီဟိုတယ်ကိုတော့ ဇူလိုင်လမှာ ဖွင့်လှစ်ဖို့ ရည်ရွယ်ထားပြီး အခန်းခဈေးနှုန်းတွေက အနည်းဆုံး ဒေါ်လာ ၆၀ ကအစပြုသတ်မှတ်ထားတယ်လို့ သိရပါတယ်။
    daythanix တင်ဆက်သည်။
  • ၆၈ နှစ်မြောက် ပြည်ထောင်စုနေ့ အမှတ်တရ
    ၆၈ နှစ်မြောက် ပြည်ထောင်စုနေ့ အမှတ်တရ
    ဖေဖော်ဝါရီ ၁၂ ၊ ၂၀၁၅
    M-Media
    PL
    ယနေ့ ၂၀၁၅ ခုနှစ် ၊ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်တဲ့ (၆၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် M-Media မှာ တင်ဆက်ခဲ့သည့် ပြည်ထောင်စုနေ့နှင့် ဆက်စပ်သည့် သတင်းဆောင်းပါး၊ စာအုပ်များကို စုစည်းတင်ဆက်လိုက်ပါတယ်။
    ၁) “ပင်လုံ စာချုပ်၊ ပြည်ထောင်စု စိတ်ဓါတ်နဲ့ မြန်မာမွတ်စလင်တို့ရဲ့ အခန်းကဏ္ဍ’’
    http://www.m-mediagroup.com/news/24187
    ၂) ပင်လုံ ဦးဖေခင်နှင့် ဘက်မလိုက်
    http://www.m-mediagroup.com/news/24791
    ၃) ဗိုလ်ချုပ်ရွေးတဲ့ လူထုခေါင်းဆောင် ဗိုလ်ချုပ်ပေးချင်တဲ့ သာတူညီမျှအခွင့်ရေး (၁။ ဦးဖေခင်)
    http://www.m-mediagroup.com/news/10882
    ၄) ပင်လုံ ညီလာခံသို့ တက်ရောက် သတင်းယူခဲ့သည့် တစ်ဦးတည်းသော သတင်းထောက် ဦးစံအောင်နှင့် တွေ့ဆုံခြင်း
    http://www.m-mediagroup.com/news/20365
    ၅) သက်ရှိ ပင်လုံမှတ်တမ်း
    (ဗိုလ်ချုပ်အောင်ဆန်း ပင်လုံစာချုပ်လက်မှတ်ရေးထိုးရန် ရှမ်းပြည်သို့ လာရောက်စဉ်က တောင်ကြီးမှ ပင်လုံ၊ ပင်လုံမှ တောင်ကြီးသို့ သူ့ကိုယ်ပိုင်ဂျစ်ကားဖြင့် အကြိုအပို့လုပ်ခဲ့သူ ဦးဖရွတ်ခန်းခေါ် ဦးခန်း)
    http://www.m-mediagroup.com/news/32147
    ၆)ကိုယ်တွေ့ပင်လုံ EBook (By ဦးဖေခင် )
    http://www.m-mediagroup.com/news/9470
  • လူမှုအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်နေသူ အမေရိကန်မွတ်စလင်လူငယ် ၃ ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
    လူမှုအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်နေသူ အမေရိကန်မွတ်စလင်လူငယ် ၃ ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၅
    M-Media
    amrc
    အသတ်ခံရသူ ၃ ဦး
    – အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနားပြည်နယ် ချာပဲလ်ဟေးလ်မြို့တွင် အမျိုးသမီးနှစ်ဦး အပါအ၀င် လူငယ် ၃ ဦးမှာ သေနတ်ဖြင့် ပစ်သတ်ခြင်း ခံခဲ့ရသည်ဟု သိရသည်။
    မြောက်ကယ်ရိုလိုင်းနား တက္ကသိုလ်အနီးရှိ တိုက်ခန်းတွင်တစ်ခုတွင် ယမန်နေ့ ညနေ ၅ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးခဲ့သူများမှာ အသက် ၂၃ နှစ်အရွယ် ဒီယာ ရှက်ဒီ ဘရကသ်၊ ၎င်း၏ ဇနီးဖြစ်သူ ၂၃ နှစ်အရွယ် ယူဆိုရ်း မိုဟာမက်
    အဘူ-ဆလ်ဟာနှင့် ယူဆိုးရ်၏ ညီမဖြစ်သူ အသက် ၂၁ နှစ်အရွယ် ရာဇန် မိုဟာမက် အဘူ-ဆလ်ဟာတို့ ဖြစ်ကြပြီး ၃
    ဦးစလုံးမှာ ဦးခေါင်းကို ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။
    ရဲတပ်ဖွဲက သေနတ်သမားကို ဖမ်းဆီးရမိခဲ့ပြီး အမည်မှာ ခရေ့ဂ်ျစတီဖင်ဟစ်ဖြစ်သည်ဟု ဆိုသည်။ ၎င်းကို Durham County
    အကျဉ်းထောင်တွင် ထိန်းသိမ်းထားပြီး ပထမအဆင့်လူသတ်မှု ၃ ခုဖြင့် တရားစွဲဆိုထားသည်။ ရဲတပ်ဖွဲ့ကမူ ပြည်သူများ၏
    လုံခြုံရေးအတွက် ခြိမ်းခြောက်မှုများမရှိတော့ဟု ပြောကြားခဲ့သည်။
    ဆီးရီးယန်း-အမေရိကန်တစ်ဦးဖြစ်သူ ဘရကသ်မှာ အဆိုပါတက္ကသိုလ်တွင် သွားဘက်ဆိုင်ရာ ဒေါက်တာဘွဲ့အတွက်
    တက်ရောက်နေသူဖြစ်သည်။
    ထိုအဖြစ်အပျက်အတွက် ဆိုရှယ်မီဒီယာများတွင် အလျင်အမြန်တုံ့ပြန်ခဲ့ကြပြီး သေဆုံးသွားသူများ၏ ဓာတ်ပုံများကို လွှင့်တင်ကာ ထိုသတ်ဖြတ်မှုမှာ သာမန်မတော်တဆ အမှုမျိုးမဟုတ်ဘဲ လုပ်ကြံသတ်ဖြတ်မှုသာဖြစ်သည်ဟု ရေးသားဖော်ပြခဲ့ကြသည်။
    Twitter စာမျက်နှာတွင်လည် #chapelhillshooting နှင့် #MuslimLivesMatter ခေါင်းစဉ်များဖြင့် ထိုလုပ်ရပ်ကို
    ရှုတ်ချခဲ့ကြသည်။ ၎င်းတို့ ၃ ဦးစလုံးမှာ လူမှုအကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်လေ့ရှိသူများဖြစ်ပြီး Twitter အသုံးပြုသူတစ်ယောက်က
    “သေဆုံးသွားတဲ့ ဒီမွတ်စလင်တွေဟာ မကြာခဏဆိုသလို ခံတွင်းနဲ့ပတ်သက်လို့ အခမဲ့ဆေးကုသပေးတာ၊ ချို့တဲ့သူတွေနဲ့
    အိမ်ယာမဲ့တွေကို အစားသောက်တွေ ဝေငှပေးတာမျိုးတွေ ပြုလုပ်ကြပါတယ်” ဟု ရေးသားဖော်ပြခဲ့သည်။
    amrc 2
    ဘရကသ်ဦးဆောင်ကာ ချို့တဲ့သူများအား ခံတွင်းနှင့်ပတ်သက်သည့် အသုံးအဆောင်များ ဝေငှပေးနေစဉ်
    ဘရကသ်မှာ ဆင်းရဲနွမ်းပါးသော တိုင်းပြည်များတွင် သွားဘက်ဆိုင်ရာ ကုသမှုများကို ကူညီဆောင်ရွက်ပေးနေသော Miswak Foundation မှ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။ ထို့ပြင် လူမျိုးရေးခွဲခြားမှုနှင့် အမုန်းတရားများကိုလည်း ဆန့်ကျင်သူဖြစ်ပြီး ပြီးခဲ့သည့်လကုန်းပိုင်းက Twitter စာမျက်နှာတွင်
    “ ‘ဂျူးတွေကို သတ်ပစ်ရမယ်’ ဒါမှမဟုတ် ‘ပါလက်စတိုင်းတွေကို သတ်ပစ်ရမယ်လို့’ ပြောနေတာတွေကို ကြားရတာ ကျောချမ်းစရာပါပဲ။ ဘယ်လိုအမုန်းတရားမဆို ဖြေရှင်းရပါတော့မယ်” ဟု ရေးသားခဲ့ပြီး အသုံးပြုသူ အများအပြားက ပြန်လည်မျှဝေခဲ့ကြသည်။
    ဘရကသ်၏ ဇနီးဖြစ်သူ ယူဆိုးရ်မှာလည်း သွားဘက်ဆိုင်ရာ ဆရာဝန်တစ်ယောက်ဖြစ်လာရန် ကြိုးစားနေသူဖြစ်ပြီး ဒေသတွင်းရှိ သွားဆေးခန်းတစ်ခုတွင် စေတနာ့ဝန်ထမ်း လုပ်ကိုင်ပေးနေသူဖြစ်သည်။ ဘရကသ်နှင့် ယူဆိုးရ်တို့မှာ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက လက်ထပ်ခဲ့ကြသည်။
    ၎င်းတို့ သုံးဦးစလုံးမှာ ၎င်းတို့၏ ဘာသာအယူဝါဒကြောင့် အသတ်ခံရခြင်းလားဆိုသည့် မေးခွန်းများလည်း ပေါ်ထွက်လာခဲ့ပြီး
    အမေရိကန်မွတ်စလင်လူ့အဖွဲ့အစည်းအတွင်း စိုးရိမ်မှုများလည်း မြင့်တက်လျက်ရှိနေသည်။
    အမေရိကန်ရှိ အကြီးဆုံး မွတ်စလင်အဖွဲ့အစည်းဖြစ်သည့် အမေရိကန်-အစ္စလာမ်ဆက်ဆံရေး ကောင်စီကမူ ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး ထိုလူသတ်မှုအတွက် ဥပဒေကြောင်းအရ တိတိကျကျ ဆောင်ရွက်ပေးရန်နှင့် လူမျိုးရေးခွဲခြားမှုက အကြောင်းအရင်းတစ်ခုအဖြစ် ပါဝင်နေသည်ဆိုသော ကောလဟာလများအတွက် အမြန်ဆုံး ဖြေရှင်းပေးရန် တောင်းဆိုခဲ့သည်။
    အချို့သော အင်တာနက်အသုံးပြုသူများကလည်း ထိုအဖြစ်အပျက်အား ရှုတ်ချရန် သမ္မတ ဘာရက်အိုဘားမားကို တိုက်တွန်းခဲ့ပြီး ထိုအဖြစ်ပျက်ကို ပဲရစ်မြို့တွင်ဖြစ်ပွားခဲ့သော Charleie Hebdo မဂ္ဂဇင်းတိုက်ခိုက်မှုနှင့် နှိုင်းယှဉ်ပြောဆိုခဲ့ကြသည်။
    Ref: washingtonpost, press TV