News @ M-Media

Blog

  • “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး” ခေါင်းစဉ် ဖြင့် ဆောင်းပါးပြိုင်ပွဲ ကျင်းပမည်။

    “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး” ခေါင်းစဉ် ဖြင့် ဆောင်းပါးပြိုင်ပွဲ ကျင်းပမည်။

    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၅
    M-Media
    သီဟ
    UMS Network-Myanmar
    UMS Network-Myanmar စာပေနှင့်သုတေသနကော်မတီမှ  ကြီးမှူး၍ ဆောင်းပါးပြိုင်ပွဲ တရပ် ကျင်းပမည့်ဖြစ်ကြောင်း သိရပါတယ်။

    ပါဝင်ယှဉ်ပြိုင်ရမယ့် ခေါင်းစဉ်ကတော့ “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး” လို့သတ်မှတ်ထားကြောင်းသိရပါတယ်။

    ပြိုင်ပွဲဝင် ဝင်လိုသူတွေ အနေနဲ့ ပြိုင်ပွဲ ဝင်ခွင့် ပုံစံများ ကို ၂၀၁၅ ခုနှစ်မတ်လ ၁ ရက်နေ့ နောက်ဆုံးထား၍ [email protected] သို့ ဖြစ်စေ တာဝန်ခံ ဖုန်းနံပါတ်-၀၉၄၂၁၁၄၇၆၉၁ , ၀၉၉၇၅၃၂၇၇၃၅ ဖြစ်စေ ဆက်သွယ် ထုတ်ယူနိုင်ကြောင်းသိရှိရပါတယ်။

    ပြိုင်ပွဲ ဝင်ဆောင်းပါးများ ပြန်လည်ပေးပို့ရမည့် နောက်ဆုံး ရက်မှာ ၂၀၁၅ မေလ ၃ ရက်နေ့ နောက်ဆုံးဖြစ်ပြီး ပထမ၊ ဒုတိယ၊ တတိယ ဆုများကို ထိုက်ထိုက်တန်တန် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။

    ဝင်ခွင့်ဖောင် ရယူရန်

    Click Here

    MS Word ဖြင့် ယူရန်  form

     

  • သာယာမည့် ကမ္ဘာနှင့် ဖြူစင်သည့်လူသား

    သာယာမည့် ကမ္ဘာနှင့် ဖြူစင်သည့်လူသား

    ဖေဖော်ဝါရီ ၁၁ ၊ ၂၀၁၅
    M-Media
    သက်ဝေနှင်း ရေးသည်။
    standout
    လူတိုင်း လူတိုင်းလိုလိုပင် တစ်ခါတစ်ရံ (သို့မဟုတ်) အမြဲလိုလို ဖြစ်တတ်လေ့ရှိသည်။ မိမိစိတ်ကို မိမိနားမလည်နိုင်ခြင်းပင်တည်း။ သို့ဆိုလျှင် လူသည် မိမိစိတ်ကိုပင် မိမိနားမလည်နိုင်လျှင် တပါးအခြားသောသူ၏စိတ်ကို နားလည်နိုင်ဖို့ဆိုသည်မှာ ပိုမို၍ပင် ခက်ခဲနိုင်သည် မဟုတ်လား။

    လူတိုင်းလူတိုင်းတွင် အပေါ်ယံစိတ်နှင့် အတွင်းဘက်ကျကျစိတ် ဟူ၍ရှိ၏။ (သိစိတ်နှင့် မသိစိတ်ကို ဆိုလိုခြင်းမဟုတ်) သာမန်စိတ် တစ်ခုကိုပင် ရည်ညွှန်းခြင်းသာ ဖြစ်ပေသည်။ လူသည်အချိန်တိုင်းလိုလို အပေါ်ယံကိုသာ မြင်နိုင်သည်မဟုတ်ပါလား။ အပေါ်ယံ အမြင်ဖြင့်ကြည့်၍ ဆုံးဖြတ်မည်ဆိုလျှင် လူတစ်ယောက်၏ ကောင်းခြင်းဆိုးခြင်းကို အပေါ်ယံသာလျှင် သိနိုင်ပေလိမ့်မည်။ “အကြောင်းသိချင်လျှင် ပေါင်းကြည့်” ရမည်ဆိုသည့်စကားသည် လူနှင့်လူပေါင်းခြင်းကို ဆိုလိုခြင်းမဟုတ်ပေ။ံတစ်ယောက်၏စိတ်ကို တစ်ယောက်သိမြင်လာနိုင်စေရန် အချိန်ကြာကြာ လေ့လာကြည့်ရန် ဆိုလိုခြင်းဖြစ်သည်။

    မျက်လုံးသည် စိတ်၏ပြူတင်းပေါက်ဟု ဆိုကြသည်။ ဤသည်လည်း မှန်ပါသည်။ စိတ်မတည်ငြိမ်ခြင်း၊ စိတ်မလုံခြုံခြင်းများ တို့ကြောင့် မျက်လုံးသည် ဂဏာမငြိမ်ဖြစ်လာတတ်သည်။ ပျော်ရွှင်ခြင်း၊ ပီတိဖြစ်ခြင်းများကြောင့် မျက်လုံးတို့သည် အရောင်လက်လာမည်။ ဝမ်းနည်းခြင်း၊ စိတ်မကောင်းခြင်းတို့ကြောင့် မျက်လုံးသည် ညှို့မှိုင်းလာမည်။ မျက်ရည်တို့ရစ်ဝဲလာမည်။ မျက်လုံးအပြင် တစ်ခြားသော လူ၏ခန္ဓာကိုယ်ရှိ အစိတ်အပိုင်း များစွာသည်လည်း စိတ်ပေါ်တွင် မူတည်ပြီး ပြောင်းလဲတတ်ပေ၏။ အဓိကကျသည်မှာ မိမိသည်တစ်ဖက်သားအား ကြည့်တတ်မြင်တတ်ဖို့သာလျှင် အရေးကြီးပေ၏။

    လူတို့နေထိုင်ရာ ဤသတ္တလောကကြီးထဲတွင် လူနှင့်လူတို့သည် အမြဲလိုလိုပင် ပတ်သက်ဆက်နွယ်မှုများ ရှိကြသည်။ လူလူခြင်း ပတ်သက် ဆက်နွယ်မှု၊ စီးပွားရေးအရ ပတ်သက်ဆက်နွယ်မှု၊ လူမျိုးရေး ဘာသာရေးအစရှိသည်ဖြင့် ပတ်သက် ဆက်နွယ်မှု ဂေဟစနစ်များသည် ယခင်ကလည်းရှိ၏၊ ယခုလည်းရှိ၏။ နောင်တွင်လည်း ရှိနေဦးမည်သာတည်း။

    ဤသို့ ပတ်သက်ဆက်နွယ်မှုများ ရှိနေခြင်းကြောင့်သာပင် လူသားမျိုးနွယ်ဆက်တို့ အဓွန့်ရှည် တည်တံ့နေခြင်းပင် ဖြစ်၏။ ထို့ကြောင့်ပင် လူတစ်ဦးနှင့်တစ်ဦး လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ ဘာသာတရား တစ်ခုနှင့်တစ်ခု ကောင်းမွန်သောဂေဟစနစ်ဖြင့် ပတ်သက် ဆက်နွယ်မှု ရှိမည်ဆိုလျှင် လူသား မျိုးနွယ်ဆက်ကို ငြိမ်းချမ်းစွာဖြင့် အဓွန့်ရှည် တည်ဆောက်နိုင်ကြပေလိမ့်မည်။

    လူတို့၏အတွင်းပိုင်း စိတ်သဘောများသည် မမြင်နိုင်သည့်ကြိုးများနှင့် အလားသဏ္ဍန်တူပေသည်။ လူတစ်ဦး အပေါ်တစ်ဦး ကောင်းသောစိတ်၊ ကောင်းသောသဘောထား၊ ကောင်းသောပေးဆပ်မှု၊ ကောင်းသောအမြင်များ ထားရှိကြမည်ဆိုလျှင် တစ်ဖက်မှ အလိုအလျောက်ပင် ကောင်းသောအသိတို့ သိရှိခံစားမှုရရှိနိုင်ပေသည်။ မကောင်းသောစိတ်၊ မကောင်းသော သဘောထား၊ မကောင်းသောအမမြင်များ ထားရှိကြမည်ဆိုလျှင် တစ်ဖက်မှ မကောင်းသောအသိတို့ကို အလိုအလျောက်ပင် သိရှိခံစားမှု ရရှိနိုင်ပေသည်။ ထို့အတွက်ကြောင့်ပင် လူတိုင်းလူတိုင်းသည် စိတ်၊ စိတ်ခြင်းချည်သောကြိုးများ ဖြူစင်သန့ှ်ရှင်းကြဖို့ လိုအပ်ပေသည်။

    ကန်ရေပြင် ကြည်လင်နေလျှင် အောက်ကြမ်းပြင်ထိ ထိုးဖောက်၍ မြင်နိုင်သကဲ့သို့ သင်တို့၏စိတ်များကို သန့်ရှင်းကြည်လင်နေရန် အစဉ်သဖြင့် ဂရုတစိုက်နေထိုင်မည်ဆိုပါက တစ်ဦးနှင့်တစ်ဦး မြင်တွေ့ခိုက်တစ်ခဏ အချိန်ကာလအတွင်း တစ်ယောက်စိတ်ကို တစ်ယောက်မှ အလွယ်တကူပင် နက်ရိုင်းစွာသိမြင် နားလည်သွားနိုင်မည် ဖြစ်ပေသည်။

    ထို့အတွက်ကြောင့် လူတိုင်းလူတိုင်းသည် အတ္တအမှောင်တို့၏ စိတ်များအား သန့်ရှင်းစွာထားပါ။ အတ္တအမှောင်တို့ဖြင့် မိမိ၏စိတ်အား ပိတ်ဖုံးမထားပါနှင့်။ စိတ်၏ သန့်ရှင်းကြည်လင်မှုသည် အမြင်မှား၊ အထင်မှားခြင်း၊ အမုန်းထားခြင်း၊ အငြိုးထားခြင်းတို့အား ပတ်သတ်၏။ ဤသို့အမုန်းများ ကင်းဝေးမည့် လူတို့ကမ္ဘာကြီးသည် ပျော်ရွှင်ဖွယ်၊ စိတ်ချမ်းမြေ့ဖွယ်များဖြင့် သာယာလှပနေပေလိမ့်မည်မှာ မလွဲဧကန်ပင်တည်း။

  • သြစတေးလျမွတ်စလင်လူငယ် အမျိုးသမီးတစ်ဦး ပြည်နယ်ဂုဏ်ပြုဆုရရှိ

    သြစတေးလျမွတ်စလင်လူငယ် အမျိုးသမီးတစ်ဦး ပြည်နယ်ဂုဏ်ပြုဆုရရှိ

    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၅
    M-Media

    yasamine

    – သြစတေးလျလူငယ်များအတွက် လူမှုအကျိုးပြုလုပ်ငန်းများကို နှစ်ပေါင်းများစွာ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည့် ကွင်းစလန်းပြည်နယ်မှ မွတ်စလင်အမျိုးသမီးတစ်ဦးမှာ ၂၀၁၅ ကွင်းစလန်း အထူးချွန်ဆုံးလူငယ်ဆု ( 2015 Queensland Young Australian of the Year) ရရှိခဲ့သည်ဟု သိရသည်။

    ဆုရရှိခဲ့သူ မွတ်စလင်အမျိုးသမီးမှာ ယာစမင်း အဘ်ဒဲလ် မဂျီဒ်းဆိုသူဖြစ်ပြီး အသက် ၁၆ နှစ်အရွယ်ကတည်းက Youth Without Borders အဖွဲ့ကိုဖွဲ့စည်းကာ လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ပေးခဲ့သူဖြစ်သည်။

    “Youth Without Borders အဖွဲ့ကို ဖွဲ့စည်းရတဲ့ရည်ရွယ်ချက်က သူတို့ရဲ့လူ့အဖွဲ့အစည်းအတွက် အပြုသဘောဆောင်တဲ့
    အကျိုးပြုမှုတွေ ဖြစ်စေတဲ့ စီမံကိန်းတွေမှာ လူငယ်တွေ ပါဝင်အလုပ်လုပ်ဖို့ပါပဲ။ ကျွန်မတို့ လုပ်ဆောင်ပေးခဲ့တဲ့ အရာတွေကတော့ လူငယ်တွေအတွက် ညီမျှတဲ့အခွင့်အလမ်းတွေ ဖန်တီးပေးခဲ့တာပဲဖြစ်ပါတယ်။ ဘယ်လောက် အသက်အရွယ် ရှိနေပါစေ။ ဘယ်မှာပဲမွေးပါစေ။ သူတို့ရဲ့ပတ်ဝန်းကျင်ကို ပြောင်းလဲနိုင်တဲ့ စွမ်းအားတော့ သူတို့မှာ ရှိပါတယ်” ဟု  2015 Queensland Young Australian of the Year ဆုကို ရရှိခဲ့သူ ယာစမင်း အဘ်ဒဲလ် မဂျီးဒ်က ပြောကြားခဲ့သည်။

    ထို့ပြင် ရေနံနှင့်သဘာဓာတ်ငွေ့ အင်ဂျင်နီယာဖြစ်သူ မဂျီဒ်းက အဆိုပါဆုကို ရရှိခဲ့ခြင်းမှာ မိမိအဖွဲ့ ချဲ့ထွင်မှုအတွက်
    အထောက်အကူဖြစ်စေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “ဒီလိုဆုမျိုးရရှိတာဟာ နောက်ထပ်လူတွေအများကြီးကို စည်းရုံးဖို့အတွက် အခွင့်အရေးပေးလိုက်တာပါပဲ”

    သြစတေးလျတွင် လွန်ခဲသည့် နှစ်ပေါင်း ၂၀၀ ကျော်ကတည်းက ရှိခဲ့သည့် အစ္စလာမ်ဘာသာဝင်များမှာ နိုင်ငံလူဦးရေ သန်း
    ၂၀ ၏ ၁.၇ ရာခိုင်နှုန်းရှိသည်။ ၉/၁၁ နောက်ပိုင်း သြစတေးလျရှိ မွတ်စလင်များမှာ သံသယများနှင့် ရင်ဆိုင်ခဲ့ပြီး ၎င်းတို့၏
    တိုင်းပြည်ချစ်စိတ်အတွက် မေးခွန်းထုတ်ခြင်း ခံခဲ့ရသည်။

    “သြစတေးလျ ဒါမှမဟုတ် အနောက်နိုင်ငံတွေမှာ ကြီးပြင်းခဲ့ကြတဲ့ ဘယ်လို မွတ်စလင်မျိုးမဆို ၀ါလုံးသိမ်းအရမ်းခံရတဲ့ ဘ၀မျိုးနဲ့ ကြုံတွေ့ခဲ့ရတာပါပဲ။ ကျွန်မဟာ မကောင်းဆိုးဝါးကို ကိုယ်စားပြုတယ်လို့ လူတွေက မြင်ပါတယ်။ ဒီအခြေအနေကနေ ကျွန်မတို့ဟာ တစ်ဖြည်းဖြည်း ပြန်လာခဲ့ရပြီး ဒါဟာ တကယ့်အခြေအနေမှန်ပါပဲ” ဟု မဂျီဒ်းက ပြောကြားခဲ့သည်။

    ထို့ပြင် မွတ်စလင်နှင့် မွတ်စလင်မဟုတ်သူများအားလုံး စုစည်းသည့် လူသားကမ္ဘာ၊ လူ့အဖွဲ့အစည်းနှင့် ပတ်သက်၍ အာရုံစိုက်ရန် လိုအပ်ကြောင်း သူမက ထပ်လောင်းပြောကြားခဲ့သည်။

    အများအကျိုး စွမ်းစွမ်းတမံဆောင်ရွက်မှုအတွက် ထိုကဲ့သို့ ဆုရရှိခဲ့သည့် သြစတေးလျ မွတ်စလင်အမျိုးသမီးထဲတွင် အဘ်ဒဲလ် မဂျီးဒ်မှာ ပထမဆုံးမဟုတ်ဘဲ၊ သြစတေးလျအမျိုးသမီးများ၏ အခွင့်အရေးနှင့် ယဉ်ကျေးမှုပေါင်းစုံရှိသည့် လူ့အဖွဲ့အစည်းအကျိုးအတွက် ၂၅ နှစ်ကျော်ကြာ စွမ်းစွမ်းတမံ ဆောင်ရွက်ပေးခဲ့သည့် မွတ်စလင်အမျိုးသမီး တစ်ဦးမှာလည်း ပြီးခဲ့သည့် သြဂုတ်လက 2014 New South Wales Human Rights Award ဆု ကို ရရှိခဲ့သည်။

    Ref: onislam

  • ပေါင် ၁ သိန်းတန်ကားနဲ့ အမီရ်းခန်း

    ပေါင် ၁ သိန်းတန်ကားနဲ့ အမီရ်းခန်း

    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၅
    M-Media

    amk 2

    – ဗြိတိန်လက်ဝှေ့ကျော် အမီရ်းခန်းတစ်ယောက် ပေါင် ၁ သိန်းတန် မာစီးဒီးစ်ကားအသစ်ဘေးနားမှာ ရပ်နေတဲ့ ဓာတ်ပုံကို သူ့ရဲ့ Twitter စာမျက်နှာလွှင့်တင်ပြီး ကြွားလုံးထုတ်လိုက်ပါတယ်။

    Mercedes S63 မော်ဒယ်နဲ့အတူ ရိုက်ထားတဲ့ အဲဒီပုံမှာ သူ့ရဲ့ ကိုယ်ပိုင်တံဆိပ်နဲ့ ၀တ်စုံကို အမီရ်းခန်းက၀တ်ထားပြီး ပုံမှာလည်း “နောက်ဆုံးတော့ S63 က လက်ထဲရောက်လာခဲ့ပြီ” လို့ ရေးသားထားပါတယ်။

    အမီရ်းခန်းဟာ ကားခရေဇီတစ်ဦးဖြစ်ပြီး သူ့ရဲ့ ကားဂိုထောင်ထဲမှာ Bentley Continental၊ Mercedes CLS63၊ Audi R8 နဲ့ Rangers Rovers ကားနှစ်စီး စတဲ့ တန်ဖိုးကြီးကားတွေ ရှိနေပါတယ်။ အခု S63 ကတော့ မာစီဒီးစ်ရဲ့ နောက်ဆုံးထွက်ကားဖြစ်ပြီး ကီလိုမီတာ ၁၀၀ ကို ၄.၂ စက္ကန့်နဲ့ ရောက်နိုင်ပါတယ်။

    သူပိုင်ဆိုင်တဲ့ကားတွေကို ဆိုရှယ်စာမျက်နှာပေါ်မှာ တင်တာ ဒါပထမဆုံး မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ တစ်ပတ် သောကြာနေ့ကလည်း အမီရ်းခန်းတစ်ယောက် ပေါင် ၃ သိန်းတန် Lamborghini Aventador ကားပုံကို သူ့ရဲ့ Instagram အကောင့်မှာ လွှင့်တင်ခဲ့ပါတယ်။

    အမီရ်းခန်းဟာ ယခုနှစ်နှောင်းပိုင်းမှာ ကမ္ဘာ့လက်ဝှေ့ကျော် ဖလွိုဒ်မေ၀ယ်သာနဲ့ ထိုးသတ်ဖို့ ကြိုးစားနေပြီး၊ လတ်တလောစီစဉ်ထားတဲ့ ဖိလစ်ပိုင် လက်ဝှေ့ကျော် ပက်ကွီအိုနဲ့ မေ၀ယ်သာတို့ ထိုးသတ်ပွဲဟာ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူးလို့လည်း ဟောကိန်းထုတ်ခဲ့ပါတယ်။

    Ref: dailymail

  • ရုရှားအကူအညီဖြင့် အီဂျစ်တွင် နျူဓာတ်အားပေး စက်ရုံဆောက်မည်

    ရုရှားအကူအညီဖြင့် အီဂျစ်တွင် နျူဓာတ်အားပေး စက်ရုံဆောက်မည်

    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၅
    M-Media

    egypt

    – အီဂျစ်နိုင်ငံတွင် ပထမဆုံး နျူကလီးယား ဓာတ်အားပေးစက်ရုံကို ရုရှား၏ အကူအညီဖြင့် တည်ဆောက်သွားမည်ဟု နှစ်နိုင်ငံခေါင်းဆောင်များက ယမန်နေ့တွင် ကြေညာလိုက်သည်။

    အီဂျစ်နိုင်ငံ မြို့တော်ကိုင်ရိုတွင် ပြုလုပ်ခဲ့သော ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အီဂျစ်သမ္မတ အဘ်ဒဲလ် ဖာတာဟ် အလ်-စီစီတို့၏ တွေ့ဆုံဆွေးနွေးမှုပြီးနောက် ယခုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး သဘာဝဓာတ်ငွေ ကုန်သွယ်မှု မြှင့်တင်ခြင်း အပါအ၀င် အခြားသော ကိစ္စရပ်များကိုလည်း ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။

    “တကယ်လို့ နောက်ဆုံး ဆုံးဖြတ်ချက်တွေသာ ချမှတ်ပြီးပြီဆိုရင်တော့ ဒါဟာ နျူကလီးယား ဓာတ်အားပေးစက်ရုံတစ်ခုတည်း တည်ဆောက်တယ်ဆိုတဲ့ သဘောမျိုးသာမဟုတ်ဘဲ အီဂျစ်မှာ နျူကလီးယား လုပ်ငန်းတစ်ခုလုံးကို ဖန်တီးတဲ့ သဘောမျိုးပါပဲ” ဟု အီဂျစ်သမ္မတနှင့် ပူးတွဲပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပူတင်က ထည့်သွင်းပြောကြားခဲ့သည်။

    လျှင်စစ်ဓာတ်အား ပြတ်တောက်မှုကို မကြာခဏ ကြုံတွေ့ရည့် အီဂျစ်နိုင်ငံအတွက် ဓာတ်ပေါင်းဖို ၄ ခုပါဝင်ပြီး ဓာတ်အား ၁၂၀၀ မီဂါဝပ်ကို ထုတ်ပေးမည့် အဆိုပါ ဓာတ်အားပေးစက်ရုံကို နျူကလီးယားသုတေသန ဓာတ်ပေါင်းဖိုရှိရာ မြေထဲပင်လယ်ကမ်းရိုးတန်းရှိ ဒက်ဘားမြို့တွင် တည်ဆောက်မည်ဖြစ်သည်။

    သမ္မတပူတင်၏ ၂ ရက်တာ လာရောက်လည်ပတ်မှုတွင် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု၊ သဘာဝဓာတ်ငွေ့လုပ်ငန်း တိုးတက်ရေးနှင့် ဆူးအက်တူးမြောင်းတစ်လျှောက် ရုရှားစက်မှုဇုန်တစ်ခု တည်ဆောက်ရန်အတွက်လည်း သဘောတူညီချက်များ ရရှိခဲ့သည်။ ထို့ပြင် အီဂျစ်မှာ ရုရှားမှ လက်နက်များ ပြန်လည်ဝယ်ယူရေးအတွက်လည်း အရိပ်အမြွက် ပြောကြားခဲ့သည်။

    Ref: aljazeera