News @ M-Media

Blog

  • ဒူးဒဏ်ရာက မန်ယူတွင် ရုန်းကန်ရခြင်း၏ အဓိကပြဿနာဟု အန်ဒါဆန်ဆို

    ဒူးဒဏ်ရာက မန်ယူတွင် ရုန်းကန်ရခြင်း၏ အဓိကပြဿနာဟု အန်ဒါဆန်ဆို

    ဖေဖော်ဝါရီ ၄၊ ၂၀၁၅
    M-Media

    ads

    – မန်ယူတွင် ခြေစွမ်းကောင်းများကို ပြသချင်သော်လည်း မိမိ၏ ဒူးဒဏ်ရာက ထိုအခွင့်အရေးအား ပိတ်ပင်တားဆီးခဲ့ပြီး ယခုအသင်းသစ်တွင်မူ ခြေစွမ်းပြနိုင်အောင် ကြိုးစားသွားမည်ဟု မန်ယူအလယ်တန်းလူဟောင်း အန်ဒါဆန်က ပြောကြားလိုက်သည်။

    အန်ဒါဆန်မှာ မန်ယူသို့ ၂၀၀၇ ခုနှစ်တွင် ရောက်ရှိခဲ့သော်လည်း ဒဏ်ရာကြောင့် ရုန်းကန်ခဲ့ရပြီး ပြီးခဲ့သည့် ရာသီက အသင်းအတွက် ၅ ပွဲသာ ကစားခွင့်ရခဲ့ကာ နည်းပြသစ် ဗန်ဂါးလ်လက်ထက်တွင် တစ်ပွဲမှ ပါဝင်ကစားခွင့် မရသေးချေ။

    ဘရာဇီး စီးရီးအေ ကလပ် Internacional အသင်းသို့ ယမန်နေ့က ပြောင်းရွှေ့ခဲ့သည် အန်ဒါဆန်ကမူ မန်ယူအသင်း၌ စိတ်ပျက်ဖွယ်ကောင်းသည့် အချိန်ကာလများ ကြုံတွေ့ခဲ့ရခြင်းမှာ ဒဏ်ရာကြောင့်လည်း ပါဝင်သည်ဟု ပြောကြားခဲ့သည်။

    `မန်ယူမှာ ၈ နှစ်ကစားခဲ့ပြီး အသင်းကို ကျေးဇူးတင်ချင်ပါတယ်။ ကျွန်တော့်ရဲ့ ပထမလေးနှစ်မှာ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်နဲ့ ကမ္ဘာ့ကလပ်ချန်ပီယံ စသဖြင့် ဖလားတိုင်းကို ကျွန်တော်ရခဲ့ပါတယ်။ ကျွန်တော် ဒူးဒဏ်ရာရခဲ့ပြီး ခဏလေးနဲ့ ပြန်ကစားနိုင်ခဲ့ပေမယ့် အရင်ကလိုမကောင်းတော့ပဲ ဒူးကလည်း ဒဏ်ရာပြန်ရခဲ့ပါတယ်´ ဟု Guradian သတင်းစာသို့ အန်ဒါဆန်က ပြောကြားခဲ့သည်။

    မိမိအား ဝေဖန်ခြင်းနှင့်ပတ်သက်၍ အန်ဒါဆန်က ကစားသမားတစ်ဦးမှာ အမြဲတမ်း ဝေဖန်ခံရမည်ဖြစ်ကြောင်း ယခင်ကဒဏ်ရာရခဲ့သော်လည်း ယခုအချိန်တွင် အတော်ကောင်းမွန်နေပြီး ကွင်းထဲ၌ သက်သေပြသွားမည်ဖြစ်ကြောင်း၊ Internacional အသင်းတွင် ကစားရသည်ကို ပျော်ရွှင်မိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: goal.com

  • ဂျော်ဒန်လေယာဉ်မှူးအား IS က မီးရှို့သတ်ဖြတ်မှု ကမ္ဘာ့မွတ်စလင်များ ပြင်းပြင်းထန်ထန် ရှုတ်ချ

    ဂျော်ဒန်လေယာဉ်မှူးအား IS က မီးရှို့သတ်ဖြတ်မှု ကမ္ဘာ့မွတ်စလင်များ ပြင်းပြင်းထန်ထန် ရှုတ်ချ

    ဖေဖော်ဝါရီ ၄၊ ၂၀၁၅
    M-Media

    jrd

    – ဂျော်ဒန်လေယာဉ်မှူးအား IS အဖွဲ့က လူမဆန်စွာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုနှင့်ပတ်သက်၍ ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်ခေါင်းဆောင်များနှင့် အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်သည်။

    `IS ရဲ့ ရက်စက်ယုတ်မာမှုကြောင့် အသက်ပေးခဲ့ရပြန်တဲ့ နောက်ထပ်ဓားစာခံတစ်ဦးအတွက် ကမ္ဘာကြီးနဲ့ထပ်တူ ၀မ်းနည်းကြေကွဲရပါတယ်။ ပြောလို့တောင်မကောင်းတဲ့၊ အစ္စလာမ်ရဲ့သွန်သင်မှုနဲ့ ဆန့်ကျင်တဲ့ ဒီလိုလုပ်ရပ်ကို လူတိုင်းက မဖြစ်မနေ ရှုတ်ချရပါလိမ့်မယ်။ ဒီလူမဆန်တဲ့လုပ်ရပ်ဟာ အမုန်းတရားတွေ၊ ကွဲပြဲမှုတွေဖြစ်လာအောင် လှုံ့ဆော်ပေးတာဖြစ်ပြီး အကြမ်းဖက်သမားတွေဆင်ထားတဲ့ ဒီထောက်ချောက်ထဲကို ကျွန်တော်တို့ ၀င်သွားလို့ မရပါဘူး´ ဟု အမေရိကန်အစ္စလာမ် ဆက်ဆံရေးကောင်စီ CAIR မှ ယမန်နေ့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်၌ အမှုဆောင်ဒါရိုက်တာ နီဟတ် အ၀ဒ်က
    ပြောကြားခဲ့သည်။

    အသတ်ခံခဲ့ရသည့် လေယာဉ်မှူး မူအဒ် အလ်-ကာဆာအီစ်ဘဟ်မှာ ဒီဇင်ဘာလအတွင်းက ၎င်း၏ တိုက်လေယာဉ် ဆီးရီးယားပိုင်နက်အတွင်းသို့ ပျက်ကျခဲ့ပြီးနောက် IS အဖွဲ့၏ ဖမ်းဆီခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။ ထို့နောက် ၎င်းအား အရှင်လတ်လတ် မီးရှို့သတ်ဖြတ်သည်ဟု ယူဆရသည့် ဗီဒီယိုကို IS အဖွဲ့က ဖေဖော်ဝါရီ ၃ ရက် အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သည်။

    ဂျော်ဒန်စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ မမ်ဒူ အလ်-အမီရီကမူ အဆိုပါဗီဒီယို၏ မှန်ကန်မှုနှင့်ပတ်သက်၍ မည်သည့်မှတ်ချက်မှ မပေးခဲ့သော်လည်း သေဆုံးသွားသော လေယာဉ်မှူးမှာ သူရဲကောင်းတစ်ဦးဖြစ်ပြီး ၎င်းအတွက် လက်စားချေသွားမည်ဟု ပြောကြားခဲ့သည်။

    `ဂျော်ဒန်စစ်တပ်က ဒီအာဇာနည်အတွက် ၀မ်းနည်းကြေကွဲရပြီး၊ သူ့ရဲ့သွေးမြေကျမှုဟာ အချည်းအနှီးမဖြစ်စေရဘူးလို့ သန္ဓိဌာန်ချထားကြပါတယ်။ ဂျော်ဒန်ပြည်သူတွေရဲ့ ဆုံးရှုံးမှုနဲ့ တန်အောင် ကျွန်တော်တို့ဟာ အပြစ်ပေးမှု၊ လက်စားချေမှုတွေ ပြုလုပ်သွားမှာပါ´ ဟု ဂျော်ဒန်တီဗီက ထုတ်ပြန်ခဲ့သော စစ်တပ်၏ ကြေညာချက်တွင် အလ်-အမီရီက ထည့်သွင်းပြောကြားခဲ့သည်။

    IS ၏ ထိုလုပ်ရပ်ကို ရှုတ်ချခဲ့သည့် CAIR အဖွဲ့မှာ ဖေဖော်ဝါရီ ၄ ရက်နေ့ (ယနေ့) တွင် ၀ါရှင်တန်ဒီစီ ကက်ပီတိုဟေလ်းရှိ ၎င်းတို့၏ ရုံးချုပ်၌ သတင်းစာရှင်းလင်းပွဲတစ်ခုလုပ်ရန် စီစဉ်ထားသည်။ အဆိုပါ ရှင်းလင်းပွဲသို့ CAIR အဖွဲ့မှ ကိုယ်စားလှယ်များ၊ အမေရိကန်မွတ်စလင် လူ့အဖွဲ့အစည်းမှ ဒေသဆိုင်ရာနှင့် နိုင်ငံလုံးဆိုင်ရာ ခေါင်းဆောင်များ တက်ရောက်မည်ဖြစ်ပြီး ဂျော်ဒန်လေယာဉ်မှူးအား လူမဆန်စွာ အရှင်လတ်လတ်မီးရှို့ခဲ့သည့် IS ၏ လုပ်ရပ်မှာ အစ္စလာမ်သာသနာနှင့် ဗြောင်ဆန့်ကျင်ကြောင်း တရားဝင် ရှုတ်ချသွားမည်ဖြစ်သည်။

    မွတ်စလင်ကမ္ဘာ၏ အကျော်ကြားဆုံး အစ္စလာမ့်ဓမ္မတက္ကသိုလ်ဖြစ်သည့် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ အလ် အဇ်ဟရ် တက္ကသိုလ်မှ အစ္စလာမ့်ရေးရာလေ့လာမှုဆိုင်ရာဌာန အကြီးအကဲဖြစ်သူ ဒေါက်တာ ၀ါအီလ် ရှီဟဘ်ကလည်း IS ၏ စက်ဆုပ်ဖွယ်ကောင်းသော အဆိုပါ လုပ်ရပ်ကို ရှုတ်ချခဲ့သည်။

    `ဂျော်ဒန်ဓားစာခံနဲ့ပတ်သက်လို့ ဆိုးရွားပြီး စက်ဆုပ်စရာကောင်းတဲ့ IS ရဲ့ဒီလုပ်ရပ်ကို အစ္စလာမ်နဲ့ တန်းညှိလို့မရသလို ဒီလိုဆိုးရွားတဲ့ ရာဇ၀တ်မှုကျူးလွန်သူတွေကို ဥပဒေရှေ့မှောက်ရောက်အောင် ဆောင်ရွက်ရပါမယ်။ လူသားတစ်ယောက်ကို မီးရှို့တာဟာ အစ္စလာမ်က ပိတ်ပင်ထားမြစ်ထားတဲ့လုပ်ရပ်ပါ။ ကုန်အာန်ကျမ်းတော်မြတ် ကဏ္ဍ ၁၇၊ ပါဒတော် ၇၀ မှာ “ဧကန်မလွဲ ငါအရှက်မြတ်သည် အာဒမ်၏ သားမြေးများအား (လူသားများအား) ဂုဏ်သိန်ထူးကဲမြင့်မြတ်စေတော်မူခဲ့လေသည်´´ လို့ ဖော်ပြထားတာကြောင့် လူသေဖြစ်ဖြစ်၊ လူရှင်ဖြစ်ဖြစ် ဂုဏ်ပေးရပါလိ့မ်မယ်။ လူတစ်ယောက်ကို မီးရှို့တာဟာ သူရဲ့ ဂုဏ်သိက္ခာကို လစ်လျူရှုတာဖြစ်ပြီး ဖန်ဆင်းရှင်ရဲ့ ဆန္ဒနဲ့လည်း ဆန့်ကျင်ပါတယ်´ ဟု ရှီဟဘ်က ပြောကြားခဲ့သည်။

    ထို့ပြင် တမန်တော် မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှုအပေါင်း သက်ရောက်ပါစေ)၏ သြ၀ါဒတော်တွင်လည်း လူသားအား မီးရှို့ခြင်းကို တားမြစ်ထားကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ဓာတုလက်နက်အကြောင်းပြကာ အမေရိကန်က အီရတ်ကို ကျူးကျော်ခဲ့ပြီးနောက်ပိုင်း ပေါ်ထွက်လာခဲ့သည့် IS အဖွဲ့အား ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်ခေါင်းဆောင်များနှင့် အသင်းအဖွဲ့များက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့သည်။

    ဆော်ဒီနိုင်ငံ၏ အစ္စလာမ့်ဓမ္မသတ်မှူးချုပ် မွဖ်သီ ရှိခ် အဘ်ဒူ အဇစ် အလ် ရှိခ်က အလ်ကိုင်းဒါးနှင့် IS အဖွဲ့တို့မှာ အစ္စလာမ်သာသနာ၏ နံပါတ် ၁ ရန်သူဖြစ်ပြီး ထိုအဖွဲ့များအား မွတ်စလင်များက ဦးဆောင် တိုက်ထုတ်ကြရန် တိုက်တွန်းခဲ့သည်။

    လွန်ခဲ့သည့် လအနည်းငယ်ကလည်း အီဂျစ် အစ္စလာမ့်ဓမ္မသတ်မှူးချုပ် မွဖ်သီ ရှော်ကီ အာလမ်က ကမ္ဘာတစ်ဝှမ်း ရက်ရက်ကြမ်းကြုတ်သည့် တိုက်ခိုက်မှုများကို ကျူးလွန်နေကြသည့် စစ်သွေးကြွများကို ရှုတ်ချခဲ့သည်။

    အီရတ်နှင့် ဆီးရီးယားရှိ မြင့်မြတ်ရာနေရာများကို ဖျက်ဆီးသည့် IS အဖွဲ့၏ လုပ်ရပ်များနှင့်ပတ်သက်၍လည်း အိန္ဒိယရှိ ရှီအာနှင့် စွန်နီမွတ်စလင်များက ပူးပေါင်းကာ ရှုတ်ချခဲ့ကြပြီး၊ ၎င်းတို့၏ လုပ်ရပ်များမှာ မွတ်စလင်အချင်းချင်း ဂိုဏ်းဂနကွဲစေသည့် လုပ်ရပ်များဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ကမ္ဘာပေါ်တွင် အစ္စလာမ်ဘာသာဝင်အများဆုံးရှိရာ အင်ဒိုနီးရှားနိုင်ငံ၏ အကြီးဆုံး အစ္စလာမ်အဖွဲ့အစည်းဖြစ်သည့် နဒ်လာသွလ် အိုလမာ NU အဖွဲ့ကလည်း IS အဖွဲ့ကို ရှုတ်ချခဲ့ပြီး ၎င်းတို့၏ အယူအဆများ အင်ဒိုနီးရှားသို့ မ၀င်ရောက်ရေး ဆောင်ရွက်ရန် အစိုးရအား တိုက်တွန်းခဲ့သည်။

    Ref: onislam

  • FA ဖလားအတွက် ရေကုန်ရေခန်းကစားသွားမည်ဟု လီဗာပူးလ်နည်းပြဆို

    FA ဖလားအတွက် ရေကုန်ရေခန်းကစားသွားမည်ဟု လီဗာပူးလ်နည်းပြဆို

    ဖေဖော်ဝါရီ ၄၊ ၂၀၁၅
    M-Media

    rg

    – လိဂ်ဖလားပြိုင်ပွဲမှ ထွက်ခဲ့ရသော်လည်း နောက်ဆုံးကျန်ရှိနေသည့် အခွင့်အရေးဖြစ်သည့် FA ဖလားအတွက် ရေကုန်ရေခန်း ကြိုးစားသွားမည်ဟု လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက ပြောကြားလိုက်သည်။

    လီဗာပူးလ်မှာ ချယ်ဆီးအား နှစ်ကျော့ပေါင်းရလဒ် ၂ ဂို ၁ ဂိုးဖြင့် ရှုံးနိမ့်ကာ ပြီးခဲ့သည့် တစ်ပတ်က လိဂ်ဖလားပြိုင်ပွဲမှ ထွက်ခဲ့ရပြီး ပြည်တွင်းတွင် နောက်ဆုံးမျှော်လင့်နိုင်သည့် ဖလားအဖြစ် FA ဖလားသာ ကျန်ရှိတော့သည်။

    FA ဖလား စတုတ္ထအဆင့်သို့ ရောက်ရှိနေသည့် လီဗာပူးလ်မှာ ဘော်လ်တန်နှင့် ဇန်န၀ါရီ ၂၄ ရက်နေ့က ကစားခဲ့ပြီး ဂိုးမရှိသရေကျခဲ့သောကြောင့် ယနေ့တွင် ပြန်ကစားရမည်ဖြစ်သည်။ ရော်ဂျာကမူ ချယ်ဆီးနှင့်ပွဲက မိမိတို့အား စိတ်ပျက်စေခဲ့သော်လည်း မိမိတို့၏ စွမ်းဆောင်ရည်က အားတစ်ခုဖြစ်စေပြီး အကောင်းဆုံးပုံစံ မကြာမီပြန်ရလာတော့မည်ဟု ဆိုသည်။

    `(FA ဖလားမှာ) ကျွန်တော်တို့အသင်းဟာ ကောင်းနေတုန်းပါပဲ။ ကျွန်တော်ပြောသလိုပါပဲ ကျွန်တော်တို့ ဖြတ်ကျော်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။ ဘော်လ်တန်နဲ့ပွဲဟာ ခက်ခဲမယ့်ပွဲပါပဲ။ ဒါပေမယ့် တစ်ပွဲချင်းဆီကို ဖြတ်ကျော်ပြီး နောက်ဆုံးဗိုလ်လုပွဲကိုရောက်ဖို့ အခွင့်အလမ်းရှိလိမ့်မယ်ကို အကောင်းမြင်ရပါမယ်´ ဟု ရော်ဂျာက သတင်းထောက်များအား ပြောကြားခဲ့သည်။

    လီဗာပူးလ်မှာ ဥရောပတွင် ယူရိုပါလိဂ်၌ ပါဝင်ကစားနေပြီး ရော်ဂျာကမူ ထိုပြိုင်ပွဲနှစ်ခုတွင် မိမိတို့ တတ်နိုင်သမျှ အကောင်းဆုံး ကြိုးစားသွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    Ref:goal.com

  • ပြင်သစ်တွင် ပတ္တရောင်စစ်သားများ ဓားမြှောင်ဖြင့် တိုက်ခိုက်ခံရ

    ပြင်သစ်တွင် ပတ္တရောင်စစ်သားများ ဓားမြှောင်ဖြင့် တိုက်ခိုက်ခံရ

    ဖေဖော်ဝါရီ ၄၊ ၂၀၁၅
    M-Media

    fran 2

    – ပြင်သစ်နိုင်ငံတောင်ပိုင်း နိုက်စ်မြို့ရှိ ဂျူးများနေထိုင်ရာ ရပ်ကွက်အနီးတွင် ပတ္တရောင်လှည့်နေသော စစ်သားများအား လူတစ်ဦးက ဓားမြှောင်ဖြင့်တိုက်ခိုက်မှုတစ်ခု ယမန်နေ့က ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    တိုက်ခိုက်သူကို ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ မှတ်ပုံတင်တွင် မူဆာကော်လီဘလီဟု ရေးသားထားကြောင်း နိုက်စ်မြို့အကြီးအကဲ ဆာရာဘာရွန်က ပြောကြားခဲ့သည်။ အဆိုပါ အမည်မှာ ပြီးခဲ့သည့်လက ပဲရစ်မြို့ ဂျူးရပ်ကွက်ရှိ Kosher စူပါမားကတ်အတွင်းသို့ ၀င်ရောက်စီးနင်းခဲ့သောကြောင့် ရဲတပ်ဖွဲ့ကပစ်သတ်ကာအသေဖမ်းဆီးရမိခဲ့သည့် သေနတ်သမား၏ အမည်ဖြစ်နေသည်။

    သို့သော်လည်း ယခုဖမ်းဆီးရမိခဲ့သူမှာ ပဲရစ်ရှိ သေနတ်သမားနှင့် ဆက်နွယ်မှုမရှိဘဲ ရဲတပ်ဖွဲ့က အခြား တစ်ယောက်ကိုလည်း ခေါ်ယူစစ်ဆေးလျက် ရှိနေသည်။

    ထိုလူမှာ အလျား ၂၀ စင်တီမီတာရှိသည့် ဓားမြှောင်ကိုထုတ်၍ ပတ္တရောင်လှည့်နေသော စစ်သားများအား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တစ်သားတစ်ဦးမှာ ခြေသလုံးတွင် ဒဏ်ရာရရှိသွားကာ အခြားတစ်ဦးမှာ ပါးတွင် ဒဏ်ရာရရှိခဲ့သည်။ တတိယတစ်ဦးမှာမှု လက်ဖျံတွင်ဒဏ်ရာရရှိခဲ့ကာ တိုက်ခိုက်မှုကျူးလွန်သူအား ရဲတပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးနိုင်ခဲ့သည်။

    တိုက်ခိုက်ခဲ့သူမှာ ယခင်က ခိုးမှုနှင့် တိုက်ခိုက်မှုများကို ကျူးလွန်ခဲ့ဖူးသည့် မှတ်တမ်းရှိနေပြီး၊ မည်သည့်အကြောင်းကြောင့် ထိုတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဆိုခြင်းကို ရှင်းရှင်းလင်းလင်းသိရှိစေရန် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေသည်ဟု အမည်မဖော်လိုသည့် ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

    Ref: aljazee

  • မန္တလေးမြို့တွင် မဟာတမန်တော်နေ့ အခမ်းအနား ပြုလုပ်

    မန္တလေးမြို့တွင် မဟာတမန်တော်နေ့ အခမ်းအနား ပြုလုပ်

    ဖေဖော်ဝါရီ ၄၊ ၂၀၁၅
    M-Media
    သတင်း/ဓါတ်ပုံ-မိုးစက်
    DSC04640
    ရန်ကုန်။         ။  ၁၄၈၉ ကြိမ်မြောက် မဟာတမန်တော်နေ့ အခမ်းအနားကို ယနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် မန္တလေးမြို့တွင် စီတန်းလှည့်လှည်ကာ ကျင်းပပြုလုပ်ခဲ့ပါသည်။

    ယင်းအခမ်းအနားကြီးကို မန္တလေးမြို့ရှိ K.A.F.T.G ဃရာနာအစ္စလာမ်သာသနာ ပရမတ္တမိသားစုအဖွဲ့ချုပ်၏ ဦးစီးရှေ့ဆောင် ခလီဖွှာ ဦးသိန်းဝင်းအောင်မှ ဦးစီးပြုလုပ်ပြီး အစ္စလာမ်ဘာသာဝင်များမှ မန္တလေးမြို့တွင်း လှည့်လည်ကာ သက်ရှိ သတ္တဝါ အပေါင်း အေးငြိမ်းစေရန် ဓမ္မလကာင်္များ ရွတ်ဆိုခဲ့ကြပါသည်။

    “ဒီကနေ့မှာ ကျွန်တော်တို့ အစ္စလာမ်သာသနာကို မဟုတ်မမှန်စွပ်စွဲနေကြတယ်။ အဲဒါတွေက မဟုတ်ကြောင်း၊ ကျွန်တော်တို့ရဲ့ ကိုယ်တော် (တမန်တော်မြတ်) ဟာကြီးကျယ်တယ်ဆိုတဲ့အကြောင်း သိအောင် ယခုလို အခမ်းအနားများစွာကို ပြုလုပ်ရခြင်းဖြစ်ပါတယ်။ မြို့ထဲမှာ ရဟန်းရှင်လူ ဘာသာပေါင်းစုံငြိမ်းချမ်းအောင် မေတ္တာပို့သခဲ့ပါတယ်” ဟု ခလီဖွှာ ဦးသိန်းဝင်းအောင်က အခမ်းအနားနှင့်ပတ်သက်ပြီး ရှင်းလင်းပြောဆိုခဲ့သည်။

    ရဗီအွလ်အောင်ဝလ်လ (၁၂) ရက်နေ့တွင် ကျရောက်သော မဟာတမန်တော်နေ့အခမ်းအနားကို ကမ္ဘာအနှံ့တွင် ယခင်ရက်များက စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပခဲ့ကြသည်။

    20150204_110714 DSC04636 DSC04643 DSC04644 DSC04649 DSC04652 DSC04654 DSC04668 DSC04672