News @ M-Media

Blog

  • FA ဖလားအတွက် ရေကုန်ရေခန်းကစားသွားမည်ဟု လီဗာပူးလ်နည်းပြဆို

    FA ဖလားအတွက် ရေကုန်ရေခန်းကစားသွားမည်ဟု လီဗာပူးလ်နည်းပြဆို

    ဖေဖော်ဝါရီ ၄၊ ၂၀၁၅
    M-Media

    rg

    – လိဂ်ဖလားပြိုင်ပွဲမှ ထွက်ခဲ့ရသော်လည်း နောက်ဆုံးကျန်ရှိနေသည့် အခွင့်အရေးဖြစ်သည့် FA ဖလားအတွက် ရေကုန်ရေခန်း ကြိုးစားသွားမည်ဟု လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက ပြောကြားလိုက်သည်။

    လီဗာပူးလ်မှာ ချယ်ဆီးအား နှစ်ကျော့ပေါင်းရလဒ် ၂ ဂို ၁ ဂိုးဖြင့် ရှုံးနိမ့်ကာ ပြီးခဲ့သည့် တစ်ပတ်က လိဂ်ဖလားပြိုင်ပွဲမှ ထွက်ခဲ့ရပြီး ပြည်တွင်းတွင် နောက်ဆုံးမျှော်လင့်နိုင်သည့် ဖလားအဖြစ် FA ဖလားသာ ကျန်ရှိတော့သည်။

    FA ဖလား စတုတ္ထအဆင့်သို့ ရောက်ရှိနေသည့် လီဗာပူးလ်မှာ ဘော်လ်တန်နှင့် ဇန်န၀ါရီ ၂၄ ရက်နေ့က ကစားခဲ့ပြီး ဂိုးမရှိသရေကျခဲ့သောကြောင့် ယနေ့တွင် ပြန်ကစားရမည်ဖြစ်သည်။ ရော်ဂျာကမူ ချယ်ဆီးနှင့်ပွဲက မိမိတို့အား စိတ်ပျက်စေခဲ့သော်လည်း မိမိတို့၏ စွမ်းဆောင်ရည်က အားတစ်ခုဖြစ်စေပြီး အကောင်းဆုံးပုံစံ မကြာမီပြန်ရလာတော့မည်ဟု ဆိုသည်။

    `(FA ဖလားမှာ) ကျွန်တော်တို့အသင်းဟာ ကောင်းနေတုန်းပါပဲ။ ကျွန်တော်ပြောသလိုပါပဲ ကျွန်တော်တို့ ဖြတ်ကျော်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။ ဘော်လ်တန်နဲ့ပွဲဟာ ခက်ခဲမယ့်ပွဲပါပဲ။ ဒါပေမယ့် တစ်ပွဲချင်းဆီကို ဖြတ်ကျော်ပြီး နောက်ဆုံးဗိုလ်လုပွဲကိုရောက်ဖို့ အခွင့်အလမ်းရှိလိမ့်မယ်ကို အကောင်းမြင်ရပါမယ်´ ဟု ရော်ဂျာက သတင်းထောက်များအား ပြောကြားခဲ့သည်။

    လီဗာပူးလ်မှာ ဥရောပတွင် ယူရိုပါလိဂ်၌ ပါဝင်ကစားနေပြီး ရော်ဂျာကမူ ထိုပြိုင်ပွဲနှစ်ခုတွင် မိမိတို့ တတ်နိုင်သမျှ အကောင်းဆုံး ကြိုးစားသွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    Ref:goal.com

  • ပြင်သစ်တွင် ပတ္တရောင်စစ်သားများ ဓားမြှောင်ဖြင့် တိုက်ခိုက်ခံရ

    ပြင်သစ်တွင် ပတ္တရောင်စစ်သားများ ဓားမြှောင်ဖြင့် တိုက်ခိုက်ခံရ

    ဖေဖော်ဝါရီ ၄၊ ၂၀၁၅
    M-Media

    fran 2

    – ပြင်သစ်နိုင်ငံတောင်ပိုင်း နိုက်စ်မြို့ရှိ ဂျူးများနေထိုင်ရာ ရပ်ကွက်အနီးတွင် ပတ္တရောင်လှည့်နေသော စစ်သားများအား လူတစ်ဦးက ဓားမြှောင်ဖြင့်တိုက်ခိုက်မှုတစ်ခု ယမန်နေ့က ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    တိုက်ခိုက်သူကို ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ မှတ်ပုံတင်တွင် မူဆာကော်လီဘလီဟု ရေးသားထားကြောင်း နိုက်စ်မြို့အကြီးအကဲ ဆာရာဘာရွန်က ပြောကြားခဲ့သည်။ အဆိုပါ အမည်မှာ ပြီးခဲ့သည့်လက ပဲရစ်မြို့ ဂျူးရပ်ကွက်ရှိ Kosher စူပါမားကတ်အတွင်းသို့ ၀င်ရောက်စီးနင်းခဲ့သောကြောင့် ရဲတပ်ဖွဲ့ကပစ်သတ်ကာအသေဖမ်းဆီးရမိခဲ့သည့် သေနတ်သမား၏ အမည်ဖြစ်နေသည်။

    သို့သော်လည်း ယခုဖမ်းဆီးရမိခဲ့သူမှာ ပဲရစ်ရှိ သေနတ်သမားနှင့် ဆက်နွယ်မှုမရှိဘဲ ရဲတပ်ဖွဲ့က အခြား တစ်ယောက်ကိုလည်း ခေါ်ယူစစ်ဆေးလျက် ရှိနေသည်။

    ထိုလူမှာ အလျား ၂၀ စင်တီမီတာရှိသည့် ဓားမြှောင်ကိုထုတ်၍ ပတ္တရောင်လှည့်နေသော စစ်သားများအား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တစ်သားတစ်ဦးမှာ ခြေသလုံးတွင် ဒဏ်ရာရရှိသွားကာ အခြားတစ်ဦးမှာ ပါးတွင် ဒဏ်ရာရရှိခဲ့သည်။ တတိယတစ်ဦးမှာမှု လက်ဖျံတွင်ဒဏ်ရာရရှိခဲ့ကာ တိုက်ခိုက်မှုကျူးလွန်သူအား ရဲတပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးနိုင်ခဲ့သည်။

    တိုက်ခိုက်ခဲ့သူမှာ ယခင်က ခိုးမှုနှင့် တိုက်ခိုက်မှုများကို ကျူးလွန်ခဲ့ဖူးသည့် မှတ်တမ်းရှိနေပြီး၊ မည်သည့်အကြောင်းကြောင့် ထိုတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဆိုခြင်းကို ရှင်းရှင်းလင်းလင်းသိရှိစေရန် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေသည်ဟု အမည်မဖော်လိုသည့် ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

    Ref: aljazee

  • မန္တလေးမြို့တွင် မဟာတမန်တော်နေ့ အခမ်းအနား ပြုလုပ်

    မန္တလေးမြို့တွင် မဟာတမန်တော်နေ့ အခမ်းအနား ပြုလုပ်

    ဖေဖော်ဝါရီ ၄၊ ၂၀၁၅
    M-Media
    သတင်း/ဓါတ်ပုံ-မိုးစက်
    DSC04640
    ရန်ကုန်။         ။  ၁၄၈၉ ကြိမ်မြောက် မဟာတမန်တော်နေ့ အခမ်းအနားကို ယနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် မန္တလေးမြို့တွင် စီတန်းလှည့်လှည်ကာ ကျင်းပပြုလုပ်ခဲ့ပါသည်။

    ယင်းအခမ်းအနားကြီးကို မန္တလေးမြို့ရှိ K.A.F.T.G ဃရာနာအစ္စလာမ်သာသနာ ပရမတ္တမိသားစုအဖွဲ့ချုပ်၏ ဦးစီးရှေ့ဆောင် ခလီဖွှာ ဦးသိန်းဝင်းအောင်မှ ဦးစီးပြုလုပ်ပြီး အစ္စလာမ်ဘာသာဝင်များမှ မန္တလေးမြို့တွင်း လှည့်လည်ကာ သက်ရှိ သတ္တဝါ အပေါင်း အေးငြိမ်းစေရန် ဓမ္မလကာင်္များ ရွတ်ဆိုခဲ့ကြပါသည်။

    “ဒီကနေ့မှာ ကျွန်တော်တို့ အစ္စလာမ်သာသနာကို မဟုတ်မမှန်စွပ်စွဲနေကြတယ်။ အဲဒါတွေက မဟုတ်ကြောင်း၊ ကျွန်တော်တို့ရဲ့ ကိုယ်တော် (တမန်တော်မြတ်) ဟာကြီးကျယ်တယ်ဆိုတဲ့အကြောင်း သိအောင် ယခုလို အခမ်းအနားများစွာကို ပြုလုပ်ရခြင်းဖြစ်ပါတယ်။ မြို့ထဲမှာ ရဟန်းရှင်လူ ဘာသာပေါင်းစုံငြိမ်းချမ်းအောင် မေတ္တာပို့သခဲ့ပါတယ်” ဟု ခလီဖွှာ ဦးသိန်းဝင်းအောင်က အခမ်းအနားနှင့်ပတ်သက်ပြီး ရှင်းလင်းပြောဆိုခဲ့သည်။

    ရဗီအွလ်အောင်ဝလ်လ (၁၂) ရက်နေ့တွင် ကျရောက်သော မဟာတမန်တော်နေ့အခမ်းအနားကို ကမ္ဘာအနှံ့တွင် ယခင်ရက်များက စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပခဲ့ကြသည်။

    20150204_110714 DSC04636 DSC04643 DSC04644 DSC04649 DSC04652 DSC04654 DSC04668 DSC04672

  • အမေရိကန်က ကျူးကျော်လာပါက နျူကလီးယားဖြင့် တုံ့ပြန်သွားမည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

    အမေရိကန်က ကျူးကျော်လာပါက နျူကလီးယားဖြင့် တုံ့ပြန်သွားမည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

    ဖေဖော်ဝါရီ ၄၊ ၂၀၁၅
    M-Media

    NKOREA-MILITARY-KIM

    – ရပ်ဆိုင်းထားသည်မှာ ကြာမြင့်နေသည့် ၆ နိုင်ငံဆွေးနွေးပွဲကို မိမိတို့က ပြန်လည်ပြုလုပ်မည်မဟုတ်ဟု မြောက်ကိုရီးယားက ယနေ့တွင် ကြေညာလိုက်ပြီး အမေရိကန်၏ ကျူးကျော်လာပါက နျူကလီးယားဖြင့် တိုက်ခိုက်မှု၊ ဆိုက်ဘာတိုက်ခိုက်မှုတို့ဖြင့် တုံ့ပြန်သွားမည်ဟု ခြိမ်းခြောက်လိုက်သည်။

    မြောက်ကိုရီးယား အမျိုးသားကာကွယ်ရေးကော်မရှင် NDC က ထုတ်ပြန်လိုက်သည့် ကြေညာချက်တွင် ထိုကဲ့သို့ ဖော်ပြထားခြင်းဖြစ်ပြီး အမေရိကန်နယ်ချဲ့များအနေဖြင့် နောက်ဆုံးပြစ်ဒဏ်ကို ရင်ဆိုင်ရတော့မည်ဟုလည်း ဆိုသည်။

    ထိုကြေညာချက်က ကိုရီးယားကျွန်းဆွယ် နျူကင်းစင်ရေး ၆ နိုင်ငံဆွေးနွေးပွဲကို ပြန်လည်စတင်ရန် အမေရိကန်နှင့် မြောက်ကိုရီးယားတို့က ဆောင်ရွက်နေသည်ဆိုသည့် သတင်းများကို ငြင်းပယ်လိုက်သကဲ့သို့လည်း ဖြစ်ခဲ့သည်။

    NDC ၏ အဆိုပါကြေညာချက်တွင် အိုဘားမားအစိုးရအား ဂုဏ်အသရေညံ့ဖျင်းသည့်အစိုးရဟု အမည်တပ်ခဲ့ပြီး
    အိုဘားမား၏ပြောကြားမှုများမှာ မိမိတို့နိုင်ငံကျဆုံးမှုကို ဖြစ်ပေါ်စေရန် ခြိမ်းခြောက်မှုဟု ဆိုသည်။

    `ဂိုဏ်းစတားနဲ့တူတဲ့ အမေရိကန်နယ်ချဲ့တွေက မြောက်ကိုရီယားကို ကျဆုံးစေမယ်လို့ကျွေးကျော်နေကြပြီး၊ မြောက်ကိုရီးယားပြည်သူနဲ့ စစ်တပ်က ဒါမျိုးကို လက်ခံနိုင်မှာ မဟုတ်သသလို အမေရိကန်နဲ့ နောက်ထပ် ဘယ်တော့မှ စားပွဲဝိုင်းထိုင်ပြီးဆွေးနွေးဖို့ ဆန္ဒမရှိဘူးဆိုတာ၊ ဒါမျိုးဆွေးနွေးဖို့ မလိုအပ်ဘူးဆိုတာ အိုဘားမားအစိုးရကို တရားဝင် အသိပေးလိုပါတယ်´ ဟု ထိုကြေညာချက်တွင် ဖော်ပြခဲ့သည်။

    ထို့ပြင် အမေရိကန်က ကျူးကျော်လာပါက သမရိုးကျတိုက်ခိုက်မှု၊ နျူကလီးယားတိုက်ခိုက်မှု သို့မဟုတ် ဆိုက်ဘာတိုက်ခိုက်မှုများဖြင့် တုံ့ပြန်သွားမည်ဟု NDC က ထည့်သွင်းပြောကြားခဲ့သည်။

    Ref: channelnewsasia

  • ထိုင်ဝမ်လေယာဉ်တစ်စီး မြစ်ထဲသို့ ပျက်မှုကြောင့် အနည်းဆုံး လူ ၉ ဦး သေဆုံး

    ထိုင်ဝမ်လေယာဉ်တစ်စီး မြစ်ထဲသို့ ပျက်မှုကြောင့် အနည်းဆုံး လူ ၉ ဦး သေဆုံး

    ဖေဖော်ဝါရီ ၄၊ ၂၀၁၅
    M-Media

    tw 2

    – ခရီးသည်နှင့် လေယာဉ်အမှူထမ်းစုစုပေါင်း ၅၈ ဦးတင်ဆောင်သွားခဲ့သည့် ထိုင်ဝမ်လေကြောင်းလိုင်း TransAsia မှ လေယာဉ်တစ်စင်းမှာ ထိုင်ပေမြို့အနီး ကီးလန် မြစ်ထဲသို့ ယနေ့နံနက်ပိုင်းက ပျက်ကျခဲ့ခြင်းကြောင့် အနည်းဆုံး လူ ၉ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

    ထိုင်ဝမ် ပြည်တွင်းခရီးစဉ်ကို ပျံသန်းသည့် လေယာဉ်အမှတ် ATR 72-600 ဖြစ်ပြီး မြစ်ထဲသို့မကျခင် ဂုံးကျော်တံတားတစ်ခုနှင့် တိုက်မိခဲ့ကာ ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၅၆ မိနစ်တွင် မြစ်ထဲသို့ ဆင်းခဲ့ခြင်းဖြစ်သည်။

    ကယ်ဆယ်ရေးအဖွဲ့များက အနည်းဆုံး လူ ၁၆ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ဆေးရုံအရောက်တွင် ၂ ဦး သေဆုံးခဲ့ကာ လေယာဉ်အတွင်း ပိတ်မိနေသူများမှာ ၃၀ ခန့်ရှိနေသည်ဟု ထိုင်ဝမ် အရပ်ဘက်လေကြောင်းစီမံခန့်ခွဲရေးအဖွဲ့ CAA မှ ပြောကြားခဲ့သည်။ အဆိုပါလေယာဉ်ရှိ ခရီးသည်များမှ ၃၁ ဦးမှာ တရုတ်ပြည်မကြီးမှ ခရီးသွားများ ဖြစ်ကြသည်။

    ပျက်ကျသွားသည့် အဆိုပါလေယာဉ်ကို မနှစ်ကမှ ၀ယ်ယူခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ် ဇူလိုင်လကလည်း TransAsia မှ လေယာဉ်တစ်စီးမှာ ရာသီဥတုဆိုးရွားမှုကြောင့် ဆင်းသက်ရန် ကြိုးစားစဉ် ပန်ဂူးကျွန်း၌ ပျက်ကျခဲ့ပြီး လူ ၄၈ ဦး သေဆုံးခဲ့ကာ နေအိမ်များ ကားဂိုထောင်များလည်း ပျက်ဆီးခဲ့သည်။

    Ref:channelnewsasia