News @ M-Media

Blog

  • အီဗရာဟီမိုဗစ်သာ ပြိုင်စံရှား တိုက်စစ်မှူးဟု ဒိုကြီးပြော

    အီဗရာဟီမိုဗစ်သာ ပြိုင်စံရှား တိုက်စစ်မှူးဟု ဒိုကြီးပြော

    ဇန်န၀ါရီ ၂၂၊ ၂၀၁၅
    M-Media

    ibm

    – ပီအက်စ်ဂျီအသင်း၏ ဆွီဒင်တိုက်စစ်မှူး အီဗရာဟီမိုဗစ်သည်သာလျှင် ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးဖြစ်ပြီး ၎င်းအား မည်သည့် ကစားသမားကမှ မယှဉ်နိုင်ဟု တစ်ချိန်က ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ဖူးသူ ဘရာဇီးဂန္တ၀င်ဘောလုံးသမား ရော်နယ်ဒိုက ပြောကြားလိုက်သည်။

    အသက် ၃၃ နှစ်အရွယ် ရှိပြီဖြစ်သော်လည်း ပီအက်စ်ဂျီအသင်းတွင် အကောင်းဆုံး တိုက်စစ်စွမ်းရည် ပြသနေသည့် အီဗရာဟီမိုဗစ်မှာ ဂျူဗင်တပ်စ်၊ ဘာစီလိုနာ၊ အင်တာ၊ အေဂျက်၊ အေစီမီလန် စသည့် ကမ္ဘာ့ အကျော်ကြားဆုံး ကလပ်အသင်းများတွင် ကစားခဲ့ဖူးသူ ဖြစ်သည်။

    မိုဗစ်မှာ ယမန်နှစ်ကလည်း ပြင်သစ်လီဂူးတွင် ဂိုးအများဆုံးသွင်းသူအဖြစ် ရပ်တည်နိုင်ခဲ့ပြီး ဘရာဇီးလ် တိုက်စစ်မှူးဟောင်း ရော်နယ်ဒိုကမူ မိုဗစ်မှာ ယခုအချိန်အထိ ပြိုင်စံရှား တိုက်စစ်မှူးကောင်းတစ်ယောက် ဖြစ်သည်ဟု မှတ်ချက်ပေးခဲ့သည်။

    `အကောင်းဆုံး တိုက်စစ်မှူးက အီဗရာဟီမိုဗစ်လို့ ကျွန်တော်ထင်ပါတယ်။ သူဟာ နံပါတ် ၁၀ ၀တ်ထားပေမယ့် နံပါတ် ၉ ကစားသမားလို ကစားပါတယ်။ ပြီးခဲ့တဲ့နှစ်က ကျွန်တော် ပဲရစ်ကို နှစ်ခေါက်လောက်ရောက်ခဲ့ပြီး သူကစားတဲ့ ပွဲတွေကိုလည်း ကြည့်ခဲ့ပါတယ်။ သူ့ရဲ့ လှုပ်ရှားမှုက အံ့သြလောက်စရာပါပဲ။ သူဟာ အရမ်းအရမ်းကိုကောင်းပြီး အခုချိန်အထိ အကောင်းဆုံးမှာ ရှိနေပါတယ်´ ဟု ရော်နယ်ဒိုက Sports Illustrated သတင်းစာသို့ ပြောကြားခဲ့သည်။

    ရော်နယ်ဒိုမှာ ၁၉၉၈ ခုနှစ် ကမ္ဘာ့ဖလားဖိုင်နယ်တွင် ဘရာဇီးသားများ၏ အသည်းကို ခွဲသွားသည့် ပြင်သစ်ကွင်းလယ်ဖန်တီးရှင်ဟောင်း ဇီနဒင်း ဇီဒိန်းကိုလည်း ၎င်း၏ ဘောလုံးကစားသည့်ကာလ တွေ့ဖူးသမျှ ကစားသမားများထဲတွင် အကြီးကျယ်ဆုံး ကစားသမားဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: goal.com

  • စည်သူအောင်မြင့် : ဦးဝီရသူကို ခုလို ဆက်ခွင့်ပြုထားရင်ဘာဖြစ်လာနိုင်မလဲ

    စည်သူအောင်မြင့် : ဦးဝီရသူကို ခုလို ဆက်ခွင့်ပြုထားရင်ဘာဖြစ်လာနိုင်မလဲ

    ဇန်နဝါရီ ၂၂ ၊ ၂၀၁၅
    စည်သူအောင်မြင့် ရေးသည်။
    မဇ္ဈိမ မှ ကူးယူဖော်ပြသည်။
    rsz_wirathuburma1-621x321
    အခု ရက်ပိုင်းအတွင်း ဗုဒ္ဓဘာသာအနွယ်ဝင် သူတော်စင်အပေါင်းကို စိတ်ညစ်ညူးသွားစေတဲ့ သတင်းတစ်ပုဒ်ကတော့ အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ (မဘသ) ခေါင်းဆောင် မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် အရှင်ဝီရသူက ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာရေးသူ မစ္စရန်ဟီလီ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်ဂျီအိုအဖွဲ့ဝင် အမျိုးသမီးတွေကို ရိုင်းပြတဲ့ အသုံးအနှုန်းတွေနဲ့ ဆဲဆိုလိုက်ခြင်းပါပဲ။န္ဒပြလူထု အစည်းအဝေးပွဲကြီးမှာ ခုလိုဆဲဆိုလိုက်တာ ဖြစ်ပြီး အဲလိုဆဲဆိုထားတဲ့ ရုပ်သံဖိုင်ဟာ အင်တာနက် စာမျက်နှာတွေမှာလည်း အလွန်ပျံ့နှံ့ခဲ့ပါတယ်။ ခုဆိုရင် နိုင်ငံတကာသတင်း စာမျက်နှာတွေမှာ ဦးဝီရသူက အဲလိုညစ်ညမ်းတဲ့ အသုံးအနှုန်းနဲ့ ဆဲဆိုလိုက်တယ်ဆိုတဲ့ သတင်းပျံ့နှံ့သွားပါပြီ။ ဦးဝီရသူ ပြောဆိုလိုက်လို့ ဗုဒ္ဓဘာသာ ပုံရိပ် ထိခိုက်သွားသလား၊ နိုင်ငံ့ပုံရိပ် ထိခိုက်သွားသလား၊ ဒီပြဿနာမရှင်းရင် ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

    ဦးဝီရသူ ပြောဆိုခဲ့တဲ့ စကားအပြည့်အစုံကတော့ “အမျိုးစောင့် ဥပဒေ ဒီလောက်ချပြထားတာ ဒီကောင်မက တစ်ခုမှ မလေ့လာဘဲနဲ့ ဟိုစွာကျယ်မတွေ တင်ပြတာနဲ့တင် လူ့အခွင့်အရေးနဲ့ မညီဘူးဆိုပြီးတော့ လိုက်ကန့်ကွက်နေတဲ့ ကောင်မရော အမျိုးကောင်း သမီးဟုတ်ပါ့မလား။ ကုလသမဂ္ဂ ထိုင်ခုံပေါ်မှာ ရောက်တယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ်လူကြီးလူကောင်းလို့ အောက်မေ့ မနေနဲ့။ခင်ဗျားဟာကျုပ်တို့နိုင်ငံအတွက် တော့သယ်မပဲဗျ။ ခင်ဗျား စိတ်ပါလို့ခင်ဗျား ကုလားကို ပေးပါ။ကျုပ်တို့ ရခိုင်ပြည်ကိုတော့ခင်ဗျား ရောင်းစားမယ် မလုပ်ပါနဲ့။ ရခိုင်ပြည်ဟာ ကျုပ်တို့ရဲ့ခံတပ်ကြီး။ ရခိုင်ပြည်ဟာ ကျုပ်တို့ရဲ့ အနောက်တံခါးဝ၊ီတံခါးကို ခင်ဗျားတို့ ဝင်ရောက်ချိုးဖျက်မယ် မကြံပါနဲ့။ ချိုးဖျက်ရင်တော့ထိုးနှက်ပစ်မှာ” ဆိုပြီးဖြစ်ပါတယ်။

    ပထမဦးဆုံး စဉ်းစားဖို့လိုတာက အေးချမ်းပါတယ်၊ မေတ္တာတရား လက်ကိုင်ထားပါတယ်ဆိုတဲ့ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတစ်ပါး ကခုလို ရုန့်ရင်းကြမ်းတမ်းတဲ့ စကားပြောဖို့ သင့်မသင့်ပါ။ အခုဆိုရင်ဒီသတင်း၊ သတင်းစာဂျာနယ်တွေမှာ အကျယ်တဝင့် ဖော်ပြနေကြပြီး ဗုဒ္ဓဘာသာ ရဟန်းတော်တွေကတော့ အဲဒီလိုရုန့်ရင်းကြမ်းတမ်းတာ မပြောသင့်တဲ့အကြောင်း၊ ရဟန်းဝိနည်းနဲ့ မညီတဲ့အကြောင်း၊ သံဃာတော်တွေ စောင့်ထိန်းရမယ့် သိက္ခာပုဒ်၂၂၇ သွယ်ထဲမှာပါတဲ့ ဒုက္ကဋ္ဌ အာပတ်သင့်တဲ့အကြောင်း စသဖြင့် ထုတ်ဖော်ပြော ဆိုထားကြပြီလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဦးဝီရသူ ကိုယ်တိုင်ကတော့ သူ့အနေနဲ့ အဲဒီထက် ပြင်းထန်တဲ့စကားလုံး ရှိရင်တောင် ပြောချင်တဲ့ အကြောင်း ဆိုလိုက်ပြီး သူပြောခဲ့တာ မှန်တယ်လို့ ကာကွယ်လိုက်ပါ သေးတယ်။

    ဦးဝီရသူဟာ ရိုးရိုးရဟန်း တစ်ပါးမဟုတ်ဘဲ မဘသ ခေါင်းဆောင်သံဃာလည်း ဖြစ်တဲ့အတွက် ဒီပြောဆိုချက်တွေဟာ မဘသ အဖွဲ့ကြီးကိုလည်း ထိခိုက်မှာ အသေအချာပါပဲ။ အခုဆိုရင် အဲဒီသတင်း နိုင်ငံတကာသတင်း စာမျက်နှာတွေမှာ ပျံ့နှံ့နေပြီမို့ မဘသဆိုတဲ့ အဖွဲ့ကြီးရဲ့ပုံရိပ်၊ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာရဲ့ ပုံရိပ်၊ ရဟန်းသံဃာတွေရဲ့ ပုံရိပ်ကို စွန်းထင်းစေခဲ့ပါပြီ။ ကယ်တော့ အခုလို ရင့်သီးတဲ့ အသုံးအနှုန်းနဲ့ ဆဲရေးမှု မလုပ်ခင်ကတည်းက ဦးဝီရသူဟာအမုန်းတရား ဖြန့်ဖြူးနေသူပါ။ သူ့ကိုယ်ပိုင် Facebook စာမျက်နှာကနေ အစ္စလာမ်ဘာသာဝင်တွေ ကျူးလွန်တယ်ဆိုတဲ့၊ တချို့စွပ်စွဲခံရတဲ့ အမှုတွေကို လိုက်လံစုံစမ်းဖော်ပြပြီး မွတ်စလင်တွေကို မုန်းတီးစိတ် ဖြစ်ပေါ်စေအောင် ဝါဒဖြန့်နေသူ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ မန္တလေးမြို့ အဓိကရုဏ်းဟာလည်း တမင်လုပ်ကြံဖန်တီးလို့ ဖြစ်ခဲ့ရတာဆိုပြီး မန္တလေးမြို့ခံတွေက ယုံကြည်ကြပါတယ်။ အဲဒီ ပဋိပက္ခရဲ့ အစဖြစ်တဲ့ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ညီအစ်ကိုနှစ်ယောက်က မုဒိန်းကျင့်ပါတယ်ဆိုပြီး ပျဉ်းမနားမှာ အမှုဖွင့်ထားတယ်ဆိုတဲ့ လူမသိသူမသိ ကိစ္စတစ်ခုကို အရှင်ဝီရသူက ပျဉ်းမနားမဘသအဖွဲ့ကိုစုံစမ်းခိုင်း၊အမှုနံပါတ်ရတဲ့အခါ Facebook ထဲကနေ ဖော်ပြပြီး၊ တကယ်ပဲ အဲဒီညီအစ်ကိုနှစ်ယောက်က မုဒိန်းမှု ကျူးလွန်ခဲ့ သယောင်ရေးသား၊ာသာရေး မုန်းတီးမှုတွေ ဖြစ်အောင်စနစ်တကျ လှုံ့ဆော်ခဲ့သူလည်း ဖြစ်ပါတယ်။ နောက်ပိုင်း တကယ်ပဲ မန္တလေးမှာ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုဖြစ်ပွားပြီး လူနှစ်ယောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။

    အရှင်ဝီရသူရဲ့အဲဒီအမုန်းတရား ဖြန့်ဖြူးမှုလုပ်တာ၊အကြမ်းဖက်ဖို့လှုံ့ဆော်တာတွေကို Facebook စာမျက်နှာတွေမှာ တင်မက သတင်းစာ ဂျာနယ်တွေရဲ့ တရားဝင် စာမျက်နှာတွေမှာလည်း ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ အာဏာပိုင်တွေဟာ အခြားသူတွေကို ဖမ်းဆီးထောင် ချတာတွေ လုပ်ခဲ့ပေမယ့် ဦးဝီရသူကိုတော့ တစ်စုံတစ်ရာစုံစမ်းမေး မြန်းတာမျိုးတောင် မလုပ်ခဲ့ပါဘူး။ အခုဆိုရင် နောက်တစ်ဆင့်တက်ပြီး ကမ္ဘာ့ကုလသမဂ္ဂလို အဖွဲ့ကြီးရဲ့ဂုဏ်သရေရှိ ပုဂ္ဂိုလ်ကိုတောင် ကမ္ဘာသိ ဆဲပြခဲ့ပါပြီ။

    ဒါနဲ့ပတ်သက်ပြီး မေးစရာရှိတာက မြန်မာနိုင်ငံက သံဃအဖွဲ့အစည်းတွေဟာ ဒီလိုအပြုအမူမျိုးကို ခွင့်ပြုထားသလား ဆိုတာပါ။သာသနာရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ယောက်ကတော့ ဒါမျိုးလာတိုင်ရင် အရေးယူမယ်ဆိုတဲ့ သဘောနဲ့ ပြဿနာကို ရှောင်လွှဲသွားတာ တွေ့ရပါတယ်။ တကယ်တော့ ဦးဝီရသူရဲ့ ဟောပြောချက် ဗီဒီယိုဖိုင် အင်တာနက် စာမျက်နှာတွေထက်မှာ အလွန့်အလွန်ပျံ့နှံ့သွားပြီမို့ အာဏာပိုင် တွေသိရှိပြီးကြပါပြီ။

    အမုန်းတရား ဖြန့်ဖြူးနေတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာန လိုမျိုးက အရေးမယူတာကိုလည်း စဉ်းစားဖို့ ကောင်းပါတယ်။ သာမန် ပြည်သူတွေ အနေနဲ့ကြည့်ရင်တောင် ဦးဝီရသူဟာ ဒေါ် အောင်ဆန်းစုကြည်ကို ဆန့်ကျင်သူ၊ အင်န်အယ်လ်ဒီအဖွဲ့ကို ဆန့်ကျင်သူဖြစ်ကြောင်း သိကြပါတယ်။ အခုဆန္ဒပြပွဲ ပြောဆိုချက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကိုရည်ရွယ်ပြီးရုန့်ရင်းကြမ်းတမ်းစွာ ပြောထားတာမျိုး တွေ့နိုင်ပါတယ်။ ဦးဝီရသူအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီကို ဆန့်ကျင်သူမို့လို့ ပြည်ထဲရေး ဝန်ကြီးဌာန အနေနဲ့ အမုန်းတရား ဖြန့်ဖြူးနေတာတွေကို ခုလိုပဲ လျစ်လျူရှုထားဦးမယ်ဆိုရင် နောင်ပိုပြီးဆိုးရွားတဲ့ ဘာသာရေး လူမျိုးရေးဆိုင်ရာ အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာစရာရှိပါကြောင်း၊ဗုဒ္ဓဘာသာ ပုံရိပ်လည်း ဒီထက်ညှိုးနွမ်းဂုဏ်မဲ့စရာ ရှိပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

    http://www.mizzimaburmese.com/2013-10-20-17-18-22/2013-10-20-16-34-57/item/37540-2015-01-22-03-57-40

  • ပဲရစ်ရှိ စူပါမားကတ် တိုက်ခိုက်မှု အတွင်း ဈေးဝယ်သူများအား ကယ်တင်ခဲ့သူ  မာလီ မွတ်စလင် တစ်ဦးကို အထူးအခမ်းအနားဖြင့် ပြင်သစ် နိုင်ငံသားပေး

    ပဲရစ်ရှိ စူပါမားကတ် တိုက်ခိုက်မှု အတွင်း ဈေးဝယ်သူများအား ကယ်တင်ခဲ့သူ မာလီ မွတ်စလင် တစ်ဦးကို အထူးအခမ်းအနားဖြင့် ပြင်သစ် နိုင်ငံသားပေး

    ဇန်န၀ါရီ ၂၂၊ ၂၀၁၅
    M-Media

    fra

    – ပဲရစ်မြို့ ဆင်ခြေဖုံး ဂျူးရပ်ကွက်ရှိ စူပါမားကတ်အား သေနတ်သမားက ၀င်ရောက် စီးနင်းသည့် အချိန်တွင် ဈေးဝယ်သူများအား ဘေးလွတ်ရာတွင် ၀ှက်ထားပေးခဲ့ကာ ရဲတပ်ဖွဲ့အား သတင်းသွားပေးခဲ့သော မာလီနွယ်ဖွား မွတ်စလင်တစ်ဦးကို ပြင်သစ်နိုင်ငံသား အဖြစ် အစိုးရက တရားဝင်အသိအမှတ်ပြုပေးလိုက်သည်ဟု သိရသည်။

    `လူတွေက ကျွန်တော့်ကို သူရဲကောင်းလို့ ပြောကြတယ်။ ဒါပေမယ့် ကျွန်တော်ဟာ သူရဲကောင်းမဟုတ်ပါဘူး။ သာမန် လူတစ်ယောက် ပါပဲ။ ကျွန်တော်ဒီပုံစံအတိုင်းနေပြီး၊ နောက်တစ်ခါကြုံရင်လည်း ဒီအတိုင်းပဲ ဆောင်ရွက်သွားမှာပါ။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော့်နှလုံးသားရဲ့ စေခိုင်းမှုကို လိုက်တာကြောင့်ပါပဲ ´ ဟု လက်ဆာနာ ဘက်သီလီက ဇန်န၀ါရီ ၂၁ ရက်နေ့ တွင် ပြုလုပ်သော နိုင်ငံသား အဖြစ် အသိအမှတ်ပြုခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။

    သေနတ်သမားက ၀င်ရောက်စီးနင်းကာ ဓားစာခံများကို ဖမ်းဆီးခဲ့သည် Kosher စူပါမားကတ်တွင် အလုပ်လုပ်နေသော ဘက်သီလီမှာ ထိုအချိန်တွင် ဓားစားခံအဖြစ် အဖမ်းမခံရစေရန် ဈေးဝယ်သူများကို အအေးခန်းအတွင်း ၀ှက်ထားပေးခဲ့သည်။ ၎င်းကိုယ်တိုင်က ကုန်များတင်သည့် ဓာတ်လှေကားမှ အပြင်သို့ ထွက်ကာ သေနတ်သမား၏ အခြေအနေနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့အား သတင်းပေးပို့ခဲ့ သည်။ နောက်ပိုင်းတွင် ရဲတပ်ဖွဲ့က အဆိုပါ သေနတ်သမားအား အသေ ဖမ်းဆီးနိုင်ခဲ့သည်။

    ဘက်သီလီ၏ ထိုကဲ့သို့ ရဲရင့်မှုကို ပြင်သစ်ပြည်သူများက တခုတ်တရ ဖော်ပြကျေးဇူး တင်ခဲ့ကြပြီး နိုင်ငံသား အဖြစ်ပေးအပ်ရန် တောင်းဆိုလွှာ တွင်လည်း ပြင်သစ်နိုင်ငံသား ၂ သိန်းကျော်က လက်မှတ်ရေုးထိုးခဲ့ကြကာ ပြင်သစ်အစိုးရထံ ပို့ဆောင်ခဲ့ကြသည်။

    ပြင်သစ် အစိုးရမှကြီးမှူးကာ ယမန်နေ့က ပြုလုပ်သော နိုင်ငံသား အဖြစ် ချီးမြှင့်ခြင်း အထူးအခမ်းအနားတွင် ပြင်သစ် ၀န်ကြီးချုပ် မန်နျူယဲလ် ဗားလက်စ်နှင့် ပြည်ထဲရေး ၀န်ကြီး ဘားနဒ် ကာဇီနျူဗွေတို့ တက်ရောက်ခဲ့ကြကာ ဂုဏ်ပြုစကားများ ပြောကြားခဲ့သည်။

    အသက် ၂၄ နှစ်အရွယ်ရှိ ဘက်သီလီမှာ ပြင်သစ်နိုင်ငံသို့ လွန်ခဲ့သည့် ၉ နှစ်ခန့်က ရောက်ရှိလာကာ အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ပြီးခဲ့သည့်နှစ်က နိုင်ငံသားလျှောက်ထားခဲ့သည်။

    ဘက်သီလီကမူ ပြင်သစ်နိုင်ငံသားဖြစ်ရသည်ကို ဂုဏ်ယူမိကြောင်း အဆိုပါအခမ်းအနားတွင် ပြောကြားခဲ့သည်။

    Ref: onislam

  • ရခိုင်မှ ဒုက္ခသည် မွတ်စလင်များကို ထပ်မံ ဖိနှိပ်နေသည့် အစိုးရမူဝါဒ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဝေဖန်

    ရခိုင်မှ ဒုက္ခသည် မွတ်စလင်များကို ထပ်မံ ဖိနှိပ်နေသည့် အစိုးရမူဝါဒ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဝေဖန်

    ဇန်နဝါရီ ၂၂ ၊ ၂၀၁၅
    M-Media
    52_Anne-Richard_Assistant-Secretary_US-Department-of-State_21012015_00-(3)
    – ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာမွတ်စလင် လူနည်းစုများအပေါ် သတ်မှတ်ထားသည့် ဆိုးရွားသော ကန့်သတ်ချက်များ အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဖြစ်ပြီး ဒုက္ခသည်များဆိုင်ရာ အကြီးတန်း ကိုယ်စားလှယ်တစ်ဦးဖြစ်သူ  အန်နီ ရစ်ချက်က မြန်မာ အစိုးရအား ဝေဖန် လိုက်ပြီး ပဋိပက္ခ ဒဏ်ခံနေရသည့် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မွတ်စလင်များအား ဖိနှိပ်ချုပ်ချယ် ထားသည်ဟု ပြောကြားခဲ့သည်။

    ၂၀၁၂ ခုနှစ်က မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်လူနည်းစုအကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး လူ ၂၀၀ ကျော် သေဆုံးခဲ့သည်။  ထို့နောက်တွင်တော့ ဘာသာရေးနွယ်သည့် အကြမ်းဖက်မှုများက မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဖြစ်ပွားခဲ့ပြီး ဒီမိုကရေစီပြု ပြင်ပြောင်း လဲရေးအား လောင်းရိပ်ကျစေခဲ့သည။်

    အန်နီ ရစ်ချက်က ရခိုင်ပြည်နယ်သို့ သွားရောက်ကြည့်ရှုခဲ့ပြီးနောက် ထိုဒေသ၌ လူ့အဖွဲ့အစည်း ၂ ခုစလုံးမှာ လွန်ခဲ့သည့် ၃ နှစ်က ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများ၏ ဆိုးကျိုးကို ခံစားနေရပြီး ဖိနှိပ်ချုပ်ချယ်ခံရသည့် အခြေအနေမျိုးတွင် နေထိုင်နေရသည်ဟု ပြောကြားခဲ့သည။်

    သူမက ဘာသာရေးအရခွဲခြားမှုများ အလုံးစုံရှိလု နီးပါးဖြစ်နေသာ ရခိုင်ပြည်နယ်ရှိ ဈေးတစ်ခုတွင် လူ့အဖွဲ့အစည်းများ အပြန်အလှန် ရောင်းဝယ်ပြုလုပ်သည့် တခုတည်းသော ဈေးတန်းကို  ထောက်ပြခဲ့သည်။

    `ဒီလိုမျိုး ကျွန်မတို့ မြင်ချင်တာပါ။ ဒါပေမယ့် အခုချက်ခြင်းဖြစ်ဖို့ဆိုတာကတော့ လက်ရှိပုံစံအရ မဖြစ်နိုင်ပါဘူး။ အဲဒီမှာ လောလောဆယ်ချမှတ်ထားတဲ့ ပေါ်လစီတွေက ပြည်သူတွေကို တကယ့်ကို ဖိနှိပ်ချုပ်ချယ်ထားပါတယ်´ ဟု ရစ်ချက်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    မွတ်စလင်အများစု ပါဝင်သည့် လူပေါင်း ၁၄၀၀၀၀ ခန့်မှာ ၂၀၁၂ ခုနှစ် မငြိမ်မသက်မှုတွင် နေအိမ်များ ဆုံးရှုံးခဲ့ရပြီးနောက် စစ်တွေမြို့အပြင်ဘက်ရှိ အခြေအနေဆိုးရွားသော ဒုက္ခသည် စခန်းများတွင် နေထိုင်နေရသည်။

    ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် သီးသန့် သဘောမျိုး နေထိုင်နေရသည့် ရိုဟင်ဂျာမွတ်စလင် ရာပေါင်း များစွာမှာလည်း သွားရေးလာရေး၊ အလုပ်အကိုင်နှင့် ကလေးငယ်များ၏ ပညာရေး ကဏ္ဍတို့တွင် ကန့်သတ်ချက်ပေါင်း များစွာနှင့် ရှင်သန်နေထိုင်နေရသည်။

    မြန်မာအစိုးရနှင့် မြန်မာပြည်သူ အများစုက ရိုဟင်ဂျာများအား ဘင်္ဂလားဒေ့ရှ်မှ တရားမ၀င် ၀င်ရောက်နေထိုင် သူများအဖြစ် ရှုမြင်ကြပြီး၊ ရိုဟင်ဂျာအများစုမှာ နိုင်ငံသားဖြစ်ခွင့်ကို ငြင်းပယ်ခြင်း ခံထားရသည်။

    ရစ်ချက်ကမူ ယခုအခြေအနေက ဗုဒ္ဓဘာသာဝင်လူ့အဖွဲ့အစည်း၊ မွတ်စလင်လူ့အဖွဲ့အစည်း နှစ်ခုစလုံးကို နစ်နာစေပြီး၊ ပြည်နယ်အတွင်းရှိ လူတိုင်းအတွက်  (lose-lose) ရလဒ်သာ ထွက်စေသည်ဟုဆိုသည်။

    ရန်လိုမှု၊ တစ်ဘက်နှင့်တစ်ဘက် ကြောက်ရွံ့မှုတို့က လူ့အဖွဲ့အစည်း၏ နေရာတိုင်း၌ ပြန့်နှံ့နေပြီး ထိုပြဿနာကို ဖြေရှင်းရန်အတွက် ပြည်ထောင်စုအစိုးရအပေါ် မူတည်နေသည်ဟု သူမက ထပ်ပြောခဲ့သည်။

    `ဒါကိုဖြေရှင်းဖို့ဆို ဒေသတွင်းနဲ့ပဲ မပြီးပါဘူး။ အစိုးရရဲ့ ပါဝင်မှုနဲ့ ဖြေရှင်းရမှာပါ´

    ကုလသမဂ္ဂကမူ နိုင်ငံမဲ့ ရိုဟင်ဂျာများအား နိုင်ငံသားအဖြစ် သတ်မှတ်ပေးရန် မြန်မာအစိုးရအား တိုက်တွန်းသည့် ဆုံးဖြတ်ချက်မူကြမ်းတစ်ခုကို မကြာသေးမီကပင် အတည်ပြုခဲ့သည်။ သို့ရာတွင် ထိုသို့အတည်ပြုလိုက်မှုကာ ဗုဒ္ဓဘာသာဝင်အများစုရှိရာ မြန်မာနိုင်ငံ၌ အငြင်းပွားမှုကို လှုံ့ဆော်ပေးလိုက်သကဲ့သို့ ဖြစ်၏။

    မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီက ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များအကြား ပြင်းထန်သော တင်းမာမှုများက နေရာအနှံ့ ဂယက်ရိုက်မှုများ ဖြစ်လာနိုင်သည်ဟု ပြီးခဲ့သည့် သောကြာနေ့က ပြောကြားခဲ့သည်။

    မြန်မာနိုင်ငံမှမပြန်ခင် ပြောကြားခဲ့သည့် လီ၏ စကားများကြောင့် သံဃာတချို့ ဦးဆောင်သော ဆန့်ကျင်ဆန္ဒပြမှုများ ပေါ်ထွက်လာခဲ့ပြီး လီမှာလည်း ရိုဟင်ဂျာလိုလားသော ဘက်လိုက်သူအဖြစ် စွပ်စွဲ သမုတ်ခံခဲ့ရသည်။

    Source: AFP

  • တမန်တော်မိုဟာမက်၏ ကာတွန်းအတွက် Charlie Hebdo ကို OIC တရားစွဲမည်

    တမန်တော်မိုဟာမက်၏ ကာတွန်းအတွက် Charlie Hebdo ကို OIC တရားစွဲမည်

    ဇန်န၀ါရီ ၂၁၊ ၂၀၁၅
    M-Media

    oic

    – ပြင်သစ်မဂ္ဂဇင်း Charlie Hebdo မှ တမန်တော်မိုဟာမက်၏ ရုပ်ပြောင်ကာတွန်း ထပ်မံ ရေးဆွဲဖော်ပြမှုနှင့် ပတ်သက်၍ တရားစွဲဆိုသွားမည်ဟု ကမ္ဘာ့အကြီးဆုံး မွတ်စလင်နိုင်ငံများ အဖွဲ့ဖြစ်သည့် OIC က ပြောကြားလိုက်သည်။

    `Charlie Hebdo မဂ္ဂဇင်းကို ဥပဒေကြောင်းအရ တရားစွဲဆိုနိုင်ဖို့အတွက် ဥရောပနဲ့ ပြင်သစ်က ဥပဒေတွေ၊ အခြားသော ရနိုင်တဲ့ နည်းလမ်းတွေကို OIC က လေ့လာနေပါတယ်။ ပြင်သစ်ဥပဒေက Charled Hebdo မဂ္ဂဇင်းကို ဥပဒေကြောင်းအရ ရင်ဆိုင်ခွင့် ပေးမယ်ဆိုရင် ဒီမဂ္ဂဇင်းကိုတရားစွဲဖို့ OIC က တွန့်ဆုတ်နေမှာမဟုတ်ပါဘူး´ ဟု OIC ၏ အထွေထွေအတွင်းရေးမှူး အီယဒ် မဒနီက ဆော်ဒီသတင်းစာတစ်စောင်သို့ ပြောကြားခဲ့သည်။

    သေနတ်သမားများ၏ တိုက်ခိုက်မှုအပြီး ပထမဆုံးဖြန့်ချီခဲ့သည့် အဆိုပါ မဂ္ဂဇင်း၏ အဖုံးတွင် တမန်တော်မိုဟာမက်၏ ကာတွန်းပုံအား ထပ်မံဖော်ပြခဲ့ပြီး ထိုသို့ဖော်ပြမှုနှင့်ပတ်သက်၍ ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်အဖွဲ့အစည်းများ၊ မွတ်စလင်ခေါင်းဆောင်များနှင့် ပြည်သူများက ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချမှုများ ပြုလုပ်ခဲ့ပြီး ဆန္ဒပြမှုများလည်း ရှိခဲ့သည်။

    ၎င်း၏ ကိုယ်ပိုင် Twitter စာမျက်နှာတွင်လည်း မဒနီက `ဒီကာတွန်းဟာ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ မွတ်စလင်တွေရဲ့ စိတ်နှလုံးသားကို နာကျင်စေပါတယ်။ လွတ်လပ်စွာပြောဆိုခွင့်ဆိုပေမယ့် အမုန်းတရားဖြန့်ဖြူးတာမျိုးတော့ မဖြစ်ရပါဘူး။ ပြီးတော့ တခြားသူတွေကို စော်ကားလို့ မရပါဘူး။ ဘယ်လိုဘာသာတရား၊ ဘယ်လိုယုံကြည်ချက်မဆို စိတ်ကောင်းစေတနာနဲ့ သက်ဝင်ယုံကြည်ထားကြသူတွေဟာ သူတို့ရဲ့ အယူဝါဒ လှောင်ပြောင်ခံရတာကို လက်ခံမှာ မဟုတ်ပါဘူး´ ရေးသားဖော်ပြခဲ့သည်။

    Charlie Hebdo မဂ္ဂဇင်းမှ ကာတွန်းဆရာများမှာ ယခင်ကလည်း တမန်တော်မိုဟာမက်နှင့် အစ္စလာမ်ဘာသာအပါအ၀င် အခြားသော ဘာသာတရာများကို စော်ကားလှောင်ပြောင်သည့် ရုပ်ပြောင်များကို ရေးဆွဲဖော်ပြလေ့ ရှိခဲ့သည်။

    OIC မှာ ယခင်ကလည်း အစ္စလာမ်ဘာသာအပါအ၀င် ကမ္ဘာ့ဘာသာတရားများအား အသရေဖျက်ခြင်းမှ ကာကွယ်ပေးရန်နှင့် ဘာသာတရားအားလုံးအပေါ် လေးစားမှုများ ရှိလာရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ကုလသမဂ္ဂသို့ ဆုံးဖြတ်ချက်မူကြမ်း တင်သွင်းမှုများလည်း ရှိခဲ့သည်။

    Ref: onislam