News @ M-Media

Blog

  • ပန်းသေးမိသားစု(မန္တလေး) တမန်တော်နေ့နှင့် ပညာရည်ချွန် ဆုပေးပွဲ ပြုလုပ်

    ပန်းသေးမိသားစု(မန္တလေး) တမန်တော်နေ့နှင့် ပညာရည်ချွန် ဆုပေးပွဲ ပြုလုပ်

    ဇန်နဝါရီ ၁၃၊ ၂၀၁၅
    M-Media
    သတင်း-Maung Kaung Myat (M-Media CJ)
    10917319_987849294577222_6965500185070723292_n
    မန္တလေးမြို့ ပန်းသေးဗလီ မိသားစုဝင်များ (၂၀၁၃-၂၀၁၄) ခုနှစ် ပညာသင်နှစ်မှာ  တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာအောင်မြင် ခဲ့တဲ့ ကျောင်းသား/ကျောင်းသူ များအား ဂုဏ်ပြုပွဲ နှင့် တမန်တော်နေ့ အခမ်းအနားကို ၂၀၁၅ ခုနှစ်  ဇန်နဝါရီလ ၁၁ ရက် (တနင်္ဂနွေ)နေ့ မနက် ၉ နာရီမှာ  မန္တလေးမြို့ ပန်းသေးဗလီ ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

    အခမ်းအနားကို ပန်းသေး ဗလီဝတ်ကျောင်းတော် ရှေ့ဆောင်မှ ကုရ်အာန်ကျမ်းတော်မြတ် ရွတ်ဖတ်သရဇ္ဈယ်၍ ဖွင့်လှစ်ပြီး ပန်းသေးဗလီမှ ဆရာကြီး  မာကျိဝေဝူးစော မှ မဟာတမန်တော်မြတ်ကြီး၏ စီရတ်တရားတော်များ ဟောကြားပါတယ်။
    1622069_987849401243878_5989405102490730948_n

    10917601_377165982444183_1879399304_n
    ပြီးနောက် ဂေါပက အတွင်းရေးမှူးမှ အခမ်းအနားမှူး အဖြစ်ဆောင်ရွက်ပြီး တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူ ၂၀ ကျော်အား ဂုဏ်ထူးရ ဘာသာရပ်များ အလိုက် ဆုချီးမြှင့်ခဲ့ကြပါတယ်။

    အဲဒီနောက်မှာတော့ အခမ်းအနားဆို ဆုမွန် ဒုအာ တောင်းပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ပါတယ်။

    အဆိုပါ အခမ်းအနားသို့ ဘာသာရေး အဖွဲအစည်းမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပန်းသေးဗလီဂေါပကများ၊ ပန်းသေးမိသားစုဝင်များ၊ တက္ကသိုလ် ဝင်တန်းကို ထူးချွန်စွာအောင်မြင်ခဲ့တဲ့ ကျောင်းသား/ကျောင်းသူများနှင် ၄င်းတို့၏ အုပ်ထိန်းသူမိဘများ၊ မြင့်မြတ်ဖြူစင် မွတ်စလင်မ် ကုသိုလ်ဖြစ် ဆေးရုံမှ အုပ်ချူပ်ရေး ကော်မတီဝင်များ၊ အပါအဝင် တက်ရောက်လာသူ ၃၀၀ ကျော်အား ပန်းသေး ဟင်းလျာများဖြင့် နေ့လည်စာ တည့်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိပါတယ်။

     

    More Photo

    ဓါတ်ပုံ- ပန်းသေးမိသားစု – မန္တလေးမြို့(FB)၊ Maung Kaung Myat (M-Media CJ)

  • ဗဟိုအာဖရိကနိုင်ငံ မငြိမ်မသက်မှုအတွင်း မွတ်စလင်များ သတ်ဖြတ်ခံနေရ

    ဗဟိုအာဖရိကနိုင်ငံ မငြိမ်မသက်မှုအတွင်း မွတ်စလင်များ သတ်ဖြတ်ခံနေရ

    ဇန်န၀ါရီ ၁၃၊ ၂၀၁၅
    M-Media

    car

    – မငြိမ်မသက်ဖြစ်နေသော ဗဟိုအာဖရိကနိုင်ငံတွင် ခရစ်ယာန်ပြည်သူစစ်များ၏ တိုက်ခိုက်သတ်ဖြတ်မှုများကို မွတ်စလင်များက ရင်ဆိုင်နေရပြီး ထောင်ပေါင်း များစွာမှာလည်း ပတ်ဝန်းကျင်နိုင်ငံများသို့ လေယာဉ်များ၊ ထရပ်ကားများဖြင့် ထွက်ပြေးနေကြရသည်ဟု သိရသည်။

    မြို့များ၊ ရွာများတွင်သာမက မြို့တော်ဘန်ဂူတွင်ပါ ခရစ်ယာန်ပြည်သူ့စစ်များက တောခုတ်ဓားများ ကိုင်ဆောင်ကာ လူနည်းစု မွတ်စလင်များကို သတ်ဖြတ် နေကြခြင်းဖြစ်ပြီး မကြာသေးမီ ရက်များအတွင်းကပင် မွတ်စလင်များ၏ အိမ်များ၊ ဆိုင်များကို လုယက်ဖျက်ဆီးကာ ဗလီဝတ်ကျောင်းတော်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု မျက်မြင်သက်သေများ၊ အကူအညီပေးရေး အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးတပ်ဖွဲ့များက ပြောကြားခဲ့သည်။ မွတ်စလင် ထောင်ပေါင်းများစွာမှာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

    ထိုကဲ့သို့သော ကြမ်းကြုတ်မှုများမှာ ပြီးခဲ့သည့်လက မွတ်စလင်ခေါင်းဆောင် ဒီဂျိုတိုဒီယာ အာဏာစွန့်လွှတ်၍ တိုင်းပြည်မှ ထွက်သွားခဲ့ပြီးနောက် ပိုမို ဆိုးဝါးလာခဲ့ခြင်းဖြစ်သည်။

    ဒီဂျိုတိုဒီယာမှာ အာဏာသိမ်းမှု တစ်ခုအတွင်း နိုင်ငံ့ခေါင်းဆောင် ဖြစ်လာခြင်း ဖြစ်ပြီး တိုင်းပြည်အား တည်ငြိမ်စေရန် ရည်ရွယ်၍ အာဏာအား စွန့်လွှတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ၀န်ထမ်းများ နှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများကမူ အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားခဲ့သော မတည်ငြိမ်မှုများထက် ယခုအခြေအနေမှာ ပိုမိုဆိုးဝါးနေသည်ဟု ပြောကြားခဲ့ကြသည်။

    ပြီးခဲ့သည့် သီတင်းပတ် သောကြောနေ့ကလည်း မွတ်စလင်များမှာ ၎င်းတို့၏ ပိုင်ဆိုင်မှုများနှင့်အတူ ချဒ်နိုင်ငံမှ စစ်သားများ၏ အစောင့်အရှောက်ဖြင့် ထရပ်ကားနှင့် ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရာ ခရစ်ယာန်ဒေသများအရောက်၌ ခရစ်ယာန်များက ၎င်းတို့၏ ထရပ်ကားအား လုယက်ဖျက်ဆီးရန် ကြိုးစားခဲ့ကြသည်။

    ထိုအအဖြစ်အပျက်အတွင်း မွတ်စလင်တစ်ဦးမှာ ထရပ်ကားပေါ်မှ ပြုတ်ကျခဲ့ပြီး ခရစ်ယာန်လူအုပ်ကြီး၏ သတ်ဖြတ်မှုကို ခံခဲ့ရသည်။ ထို့ပြင် လေဆိပ်တွင်လည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရသည့် မွတ်စလင် ထောင်ပေါင်းများစွာ ရှိနေပြီး ကယ်တင်မှုကို စောင့်ဆိုင်းနေကြသည်။

    ခရစ်ယာန်များမှာလည်း မွတ်စလင်အချို့၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး ကုလသမဂ္ဂနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ တာဝန်ရှိသူများကမူ နိုင်ငံအတွင်း လူမျိုးတုန်း သတ်ဖြတ်မှု ဖြစ်ပွားနိုင်သည်ဟု ထုတ်ဖော်ပြောကြာထားသည်။

    Ref : washingtonpost

  • အကြမ်းဖက်မှုများ ဖန်တီးခြင်းအား ဆန့်ကျင်သော လူထုဆန္ဒပြပွဲကြီး

    အကြမ်းဖက်မှုများ ဖန်တီးခြင်းအား ဆန့်ကျင်သော လူထုဆန္ဒပြပွဲကြီး

    ဇန်နဝါရီ ၁၃ ၊ ၂၀၁၅
    M-Media
    မင်းသိန်းရေးသည်။

    10929568_10203112472445656_2262764677625997343_n
    နိုင်ငံပေါင်း(၄၀)ကျော်မှ နိုင်ငံခေါင်းဆောင်များနှင့် အတူလူဦးရေ တစ်သန်းကျော်ပါဝင်သော လူထုချီတက်ဆန္ဒထုတ်ဖေါ်ပွဲကြီး တစ်ခု ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်တွင် (၁၁.၀၁.၂၀၁၅) နေ့က ပြုလုပ်ခဲ့ကြသည်။ ဥရောပ နိုင်ငံများအတွင်း အကြမ်းဖက်မှုများ ဖန်တီးခြင်းနှင့် အကြမ်းဖက်ခြင်း နှစ်ခုလုံးအား ဆန့်ကျင်သော ဘာသာပေါင်းစုံ လူထု ဆန္ဒထုတ်ဖေါ်ပွဲအဖြစ် ဂျာမန် နိုင်ငံရေးခေါင်းဆောင်များမှ နာမည် တတ်ခဲ့ကြပါသည်။

    ပဲရစ်မြို့အတွင်းဖြစ်ပွားခဲ့သော မဂ္ဂဇင်းတိုက်တစ်ခုနှင့် ဂျူးဈေးရုံ တစ်ခုအတွင်း အကြမ်းဖက်သေနတ် ပစ်ခတ်မှုအတွင်း မွတ်စလင်ရဲ ၀န်ထမ်းတစ်ဦး အပါအ၀င် လူ(၁၇)ဦး အသက်ဆုံးရှုံးခဲ့ရသည်။ ယေဘုယျ သဘောအရ အစ္စလာမ်ဘာသာဝင် အကြမ်းဖက်သမား သုံးဦးမှ တမန်တော် မုဟမ္မဒ်(ဆွ) ပုံအားကာတွန်းရေးပြီး လှောင်ပြောင်ခဲ့သော မဂ္ဂဇင်းတိုက်နှင့် ဂျူးလူမျိုးများ ပိုင်ဆိုင်သောဈေးအား အကြမ်းဖက်တိုက်ခိုက်ခြင်းဟု နားလည်နိုင်ပါသည်။ သို့သော် ဥရောပပြည်တွင်းနိုင်ငံရေးလေ့လာသူ ပညာရှင်များမှ သာမန်လူထု၏ သမားရိုးကျ အယူအဆထက် လေးနက်သော ရှု့ထောင့်များမှ ဝေဖန်သုံးသပ် ဆွေးနွေးလာကြသည်ကိုတွေ့လာရပါသည်။

    *Charlie Hebdo မဂ္ဂဇင်း*
    ——————————–
    ဤမဂ္ဂဇင်းမှ 06.Feb.2006 နေ့တွင် တမန်တော်မြတ်အား လှောင်ပြောင်ထားသော ကာတွန်းများအား စတင်ရေးဆွဲခဲ့ပါသည်။ ပုံမှန်စောင်ရေ (၁၀၀၀၀၀) ထုတ်ရာမှ ထိုနေ့တွင် (၁၆၀၀၀၀)တိုးထုတ်ခဲ့သည်။ တစ်နေ့အတွင်း ထုတ်သမျှ စောင်ရေ အားလုံး ကုန်သွားပြီး နောက်နေ့တွင် စောင်ရေ(၁၅၀၀၀၀) ထပ်မံ ရိုက်ထုတ်ခဲ့ရသည်။ ထိုသို့တမန်တော်မြတ်အား လှောင်ပြောင်စော်ကားမှု အပေါ် ကမ္ဘာ့မွတ်စလင် အဖွဲ့အစည်းများနှင့် ပြင်သစ် မွတ်စလင် အဖွဲ့အစည်းများမှ ရှုတ်ချ ကန့်ကွက်ခဲ့ကြသည်။ ပြင်သစ်နိုင်ငံ အတွင်း ဂုဏ်သိက္ခာရှိမွတ်စလင် အဖွဲ့အစည်းကြီး „ GREEN MOSQUE“ အဖွဲ့မှ မဂ္ဂဇင်းတိုက်အား တရားစွဲဆိုခဲ့ပါသည်။ သို့သော် အဆိုပါ မဂ္ဂဇင်းတိုက်၏နောက်ကွယ်တွင် မွတ်စလင်များအား *သွေးဆူ*  စေလိုသော နိုင်ငံရေးအင်အားစု တစ်ရပ် အခိုင်အမာရှိနေသည့် အတွက် မဂ္ဂဇင်းတိုက် အယ်ဒီတာသည် ၎င်းအမှုမှ ကွင်းလုံ ကျွတ်လွှတ်သွားခဲ့သည့်အပြင် ပိုမိုအတင်းရဲစွာ အစ္စလာမ်ဘာသာနှင့် တမန်တော်မြတ်အား စော်ကားလာခဲ့ပါသည်။

    ၂၀၁၁ နှစ်တွင် Charlie Hebdo မဂ္ဂဇင်းတိုက်မှာ တစ်ကြိမ် တိုက်ခိုက်ခံခဲ့ရသည်။ အဆိုပါတိုက်ခိုက်မှုအတွင်း လူအသေအပျောက် မရှိခဲ့သော်လည်း တိုက်ခိုက်မှုနောက်ပိုင်းတွင်း ပြင်သစ်မွတ်စလင် အဖွဲ့အစည်း အသီသီးမှ ဘာသာတရားများ၏ အထွဋ်အမြတ်ထားရာ ပုဂ္ဂိုလ်မြတ်များအား စော်ကားခြင်းများအား ရပ်တန့်ပေးရန် နိုင်ငံရေးအဖွဲ့အစည်းများ အပါအ၀င် ကဏ္ဍအသီးသီးမှ ပုံစံအမျိုးမျိုးဖြင့်ကြိုးစားခဲ့ကြသည်။ ပြင်သစ်နိုင်ငံခြားရေး ၀န်ကြီးမှ * ပြင်သစ်နိုင်ငံအတွင်း လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်အား စည်းမျဉ်း ဥပဒေဘောင်ထဲမှ ခွင့်ပြုထား ခြင်းဖြစ်ပြီး စည်းမျဉ်းဥပဒေအား ကျော်လွန်ပြီးရေးသားပြောဆိုမှုများအား တားဆီး ရမည်ဖြစ်ကြောင်း  ပြောဆို ခဲ့ရသည်။ သို့သော် နောက်ကွယ် အင်အားစုအား မလွန်ဆန်နိုင်ခဲ့ပေ။ အဆိုပါ မဂ္ဂဇင်းတိုက်သည် အစ္စလာမ်၊ ခရစ်ယာန်၊ ဗုဒ္ဓဘာသာ စသည့် ဘာသာတရားများ၏ အထွဋ်အမြတ်ထားသော ပုဂ္ဂိုလ်မြတ်များ အပြင် နိုင်ငံရေးခေါင်းဆောင်များ အားလည်း လှောင်ပြောင်စော်ကားခဲ့သည်။သို့သော် ဂျူးဘာသာအားပြောင်လှောင်ထားသော ကာတွန်းရေးဆွဲခဲ့သူ ကာတွန်းဆရာတစ်ဦးအား မဂ္ဂဇင်းတိုက်မှ ချက်ချင်း ထုတ်ပြစ်ခဲ့သော အဖြစ်အပျက် တစ်ခုလည်း ရှိနေခဲ့သည်။ ဤမျှဆိုလျှင် စာရှုသူများအနေဖြင့် Charlie Hebdo မဂ္ဂဇင်း၏ မူဝါဒနှင့် နောက်ကွယ်တွင်ရှိနေသူများ၏ ရည်ရွယ်ချက်ကို ဆ၀ါးနိုင် လိမ့်မည်ဟု မျှော်လင့်မိပါသည်။

    **အစွန်းရောက်တိုက်ခိုက်သူများ**

    Charlie Hebdo မဂ္ဂဇင်းတိုက်နှင့် ဂျူးဈေးရုံအား အကြမ်းဖက် ၀င်ရောက်တိုက်ခိုက်သူများမှာ အစ္စလာမ် ဘာသာဝင်သုံးဦးဖြစ်ပါသည်။ သာမန် မွတ်စလင်တစ်ဦးအနေဖြင့် လူ(၁၇)ဦးသေဆုံး ရခြင်းအား မနှစ်မျို့စေကာမှု မဂ္ဂဇင်းတိုက်၏ တမန်တော်မြတ်ကြီးအား အကြိမ်ကြိမ်စော်ကားနေမှု အပေါ် လက်တုန့်ပြန်ခြင်း အား ကျေနပ်နှစ်သက်ကောင်း နှစ်သက်နေပေမည်။ သို့သော် ပြင်သစ်၊ ဥရောပနိုင်ငံများနှင့် အရှေ့ အလယ်ပိုင်းနိုင်ငံများမှ ပညာရှင်များက အစွန်းရောက် အကြမ်းဖက်ခြင်းနှင့် လက်တုန့်ပြန်ခြင်း နှစ်မျိုးလုံးအား တညီတညွတ်တည်းဆန့်ကျင်ကြသည်။ Charlie Habdo မဂ္ဂဇင်းသည် အစ္စလာမ့် ဂုဏ်သိက္ခာ ကျဆင်းမှု၏ ထောင်ခြောက် တစ်ခုဖြစ်သည်။ ဤမဂ္ဂဇင်းအား တည်ရှိစေသူများ အနေဖြင့် အလားတူ မဂ္ဂဇင်းတိုက်များ ဥရောပတခွင်တွင် ပေါ်ပေါက်စေချင်ကြသည်။ ဤသို့ဖြင့် ဥရောပနိုင်ငံများအတွင်း လူ့အဖွဲ့အစည်းနှင့် သဟဇာတဖြစ်ပြီး နိုင်ငံအတွက် ထူးချွန်ပြောင်မြောက်သော အစ္စလာမ့် မျိုးဆက်သစ် လူငယ်များအစား ဘာသာရေး အစွန်းရောက်သော ပညာမဲ့၊ အလုပ်လက်မဲ့ အစ္စလာမ့်လူငယ်များ ပေါ်ထွက် လာစေချင်နေကြသည်။ ထိုသို့ဘာသာရေး အစွန်းရောက် လူငယ်များပေါ်ပေါက်လာပါက အာရဗ်တခွင်ရှိ အစွန်းရောက် အဖွဲ့အစည်းများနှင့် ဆက်သွယ်နိုင်ရန်လည်း လမ်းကြောင်းများ ဖွင့်ထားလျှက်ရှိနေပါသည်။ သို့မှသာ ကမ္ဘာ့ မျက်နှာစာတွင် အစ္စလာမ့် အရှိန်အ၀ါညှိုးမှိန် ပျောက်ပျက် လာမည်ဖြစ်သည်။ ဤအနေအထားအား အစ္စလာမ့်ပညာရှင်များ ကောင်းကောင်း နားလည် သဘောပေါက်ထားသောကြောင့် အကြမ်းဖက်ခြင်း၊ လက်တုန့်ပြန်ခြင်းများအား ကန့်ကွက် ရှုတ်ချနေရခြင်းဖြစ်ပါသည်။

    1970859_10203112474365704_9046771846750238517_n

    ဂျာမန်မွတ်စလင် အကြီးအကဲ Aiman Mazyek မှ ပဲရစ် အကြမ်းဖက်သမားများသည် အစ္စလာမ်ဘာသာအား ကိုယ်စားမပြုသည်ကို အစ္စလာမ်ဘာသာဝင် ရဲဝန်ထမ်းတစ်ဦးအား ပစ်သတ်ခဲ့ခြင်းအားဖြင့် သိနိုင်သလို၊ အကြမ်းဖက်ခြင်းအား မွတ်စလင်များမှ လက်မခံ ဆိုသည်ကိုလဲ ဂျူးဈေးရုံ အတွင်း ဈေးဝယ်သူ(၁၅)ဦး၏ အသက်အန္တရာယ်အား ရဲဝံ့စွာ ကာကွယ်ပေးခဲ့သော မွတ်စလင်လူငယ်၏ လုပ်ရပ်အား ကြည့်ခြင်းအားဖြင့် သိနိုင်သည်ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

    ဥရောပနိုင်ငံများနှင့် အမေရိကန်မှ ရုရှားနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ထားမှုအား ပြန်လည် သုံးသပ်နေသော ပြင်သစ်နိုင်ငံမြေပေါ်တွင် ဤအကြမ်းဖက်မှုအား CIA မှ ကြိုးကိုင်ဆောင်ရွက်ခဲ့သည်ဟု တိုက်ရိုက်ဝေဖန်လာသော နိုင်ငံရေးသမားများရှိလာသလို အမေရိကန်၏ နိုင်ငံခြားရေးပေါ်လစီအတွင်း အကြမ်းဖက်မှုများ သန္ဓေတည်နေသည်ဟု သွယ်ဝိုက်ပြီး ဝေဖန်လာသူများ လည်း ပေါ်လာပါသည်။ (၁၁.၀၁.၂၀၁၅)ခု ပဲရစ်မြို့  အတွင်း နိုင်ငံ့ခေါင်းဆောင်များ အပါအ၀င် ဘာသာပေါင်းစုံမှ လူထု တစ်သန်းကျော် ချီတက်ဆန္ဒပြမှုသည် ဥရောပမြေ အတွင်း အကြမ်းဖက် လုပ်ရပ်များပေါ်ပေါက်လာစေရန် ဖန်တီးနေမှုအား ဆန့်ကျင် ဆန္ဒပြခြင်းဖြစ်ပါသည်။ အခြေအနေ အားလုံးအား ခြုံငုံသုံးသပ်ကြည့်မည်ဆိုပါက ကမ္ဘာ့မွတ်စလင်ထု အနေဖြင့် အဖြစ်အပျက် တစ်ခုအား သမားရိုးကျ စိတ်ခံစားချက်ဖြင့်ဝေဖန်သုံးသပ်ပြောဆိုခြင်းထက် နောက်ကွယ်မှ အစ္စလာမ်အပေါ် ထောင်ခြောက် ဆင်ထားမှုအား သတိကြီးကြီးထားပြီးမှ ဝေဖန်ပြောဆိုသင့်သည်ဟု အကြံပြုတိုက်တွန်းအပ်ပါသည်။

    မင်းသိန်း(၁၂.၀၁.၂၀၁၅)

  • အကြမ်းဖက် ဆက်နွှယ်မှု စွဲချက်ဖြင့် အစ္စလမ် ဘာသာဝင် ၂၀ ဦးကိုထောင်ဒဏ်နှစ်ရှည် ချမှတ်

    အကြမ်းဖက် ဆက်နွှယ်မှု စွဲချက်ဖြင့် အစ္စလမ် ဘာသာဝင် ၂၀ ဦးကိုထောင်ဒဏ်နှစ်ရှည် ချမှတ်

    ဇန်နဝါရီ ၁၂ ၊ ၂၀၁၅
    ဧရာဝတီမှ ကူးယူဖော်ပြသည်။

    10406630_827361070639698_178169144072847071_n
    ပြည်ပအကြမ်းဖက် အဖွဲ့အစည်းများနှင့် ဆက်စပ်မှု ရှိသည်ဟူသော  စွပ်စွဲချက်ဖြင့် ဖမ်းဆီးစစ်ဆေး ခံနေရသော အစ္စလမ် ဘာသာဝင် ၂၀ ဦးကို တောင်ကြီး ခရိုင်တရားရုံးက ယနေ့တွင် ထောင်ဒဏ် ၇ နှစ်မှ ထောင်ဒဏ် ၁၉ နှစ် အထိ အသီးသီး အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

    “အမှုတွဲ စစ်ဆေး ပေါ်ပေါက်ချက်အရ တရားခံတွေ ပြစ်မှု ကျူးလွန်တယ်ဆိုတာ တရားလိုဘက်က ထိထိမိမိ ခိုင်ခိုင်မာမာ မဖော်ထုတ်နိုင်ပါဘူး။ ဒီလို ပြစ်ဒဏ်ချလိုက်တဲ့ အပေါ်မှာ ကျနော်တို့လည်း တော်တော်လေး အံ့အားသင့်တာပေါ့။ ပြစ်ဒဏ်တွေက ပြင်းထန်လွန်းတယ်။ ဖြောင့်ချက်ပေးတဲ့ ပုဂ္ဂိုလ် ၃ ယောက်က လွဲရင် ကျန်တဲ့သူတွေက ညိစွန်းမှု မရှိဘူး” ဟု အဆိုပါ အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော် ရှေ့နေဦးသိန်းရွှေက ပြောသည်။

    တရားခံ ၁၈ ဦးကို နိုင်ငံတော်အရေးပေါ် စီမံမှု အက်ဥပဒေ ၅ (ည) အရ ထောင်ဒဏ် ၇ နှစ်၊ ၅ (ဌ) အရ ထောင်ဒဏ် ၇ နှစ်တို့ကို သီးခြားစီ ကျခံစေသဖြင့်၊ စုစုပေါင်း ထောင်ဒဏ် ၁၄ နှစ်စီ ချမှတ်ခဲ့ပြီး အသက် ၁၆ နှစ် အရွယ် တရားခံ ကိုအောင်ဆန်းဝင်းကို ယင်းပုဒ်မ နှစ်ခု တပေါင်းတည်း ကျခံစေသဖြင့် ထောင်ဒဏ် ၇ နှစ်သာ ကျခံရမည်ကြောင်း ရှေ့နေ ဦးသိန်းရွှေက ဆက်ပြောသည်။

    တရားခံ ၂၀ ဦး အနက် တရားခံ ဦးသိန်းဇော် (ခ) ကံဖကို ထောင်ဒဏ် ၁၄ နှစ်အပြင်၊ မတရားအသင်းနှင့် ဆက်သွယ် ဆောင်ရွက်မှု ပုဒ်မ ၁၇ (၂) အရ ထောင်ဒဏ် ၅ နှစ် အပါအ၀င် စုစုပေါင်း ထောင်ဒဏ် ၁၉ နှစ် ကျခံစေရန် အမိန့်ချမှတ် ခဲ့သည် ၎င်းက ဆိုသည်။

    တရားစွဲဆို ထားသည့် ပုဒ်မများအရ အမြင့်ဆုံး ချမှတ်နိုင်သည့် ထောင်ဒဏ်များကို တရားရုံးက ချမှတ်ခဲ့ခြင်း ဖြစ်သည့်အတွက် ရှမ်းပြည်နယ် တရားလွှတ်တော်သို့ ယခုလအတွင်း အယူခံ ဝင်သွားမည် ဖြစ်ကြာင်း တရားခံများ၏ မိသားစုဝင်များက ပြောဆိုသည်။

    တောင်ကြီးခရိုင် တရားရုံး၌ ယနေ့တွင် တရားရုံး အမိန့်ချ စီရင်ခြင်းကို တရားခံ မိသားစုဝင်များ၊ သတင်းမီဒီယာများ အပါအဝင် မည်သူ တဦးတယောက်ကိုမျှ ဝင်ရောက် နားထောင်ခွင့် မပြုခဲ့ပေ။

    တရားခံ တဦးနှင့် ဆွေမျိုးတော်စပ်သူ တဦးက “နိုင်ငံရေးလည်း မလုပ်ဘူး။ ဘာသာရေးလည်း မလုပ်ဘူး။ ဂျီဟတ် စစ်ပွဲလည်း မပါဝင်ဘူး။ ဒီစွပ်စွဲခံရတဲ့ သူတွေနဲ့လည်း တယောက်နဲ့မှ မသိဘူး။ ဒီမင်္ဂလာဆောင်ကိုလည်း လူမှုရေးအရ ဧည့်သည် အနေနဲ့ လိုက်သွားရင်း ဖြစ်ရတာ” ဟု ပြောသည်။

    ဖမ်းဆီး ထောင်ချခံရသော အစ္စလမ် ဘာသာဝင် ၂၀ ဦးသည် မြန်မာနိုင်ငံသားများ ဖြစ်ကြပြီး တချို့မှာ လက်ရှိ အာဏာရပါတီ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ပါတီဝင်များ ဖြစ်ကြကြောင်း ရှေ့နေ ဦးသိန်းရွှေက ပြောသည်။

    ထိုအမှုကို တောင်ကြီးမြို့၊ မြို့မရဲစခန်းမှ (ပ) ၁၈၂ /၂၀၁၄ ၊ မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် အမှုဖွင့်ခဲ့ သော်လည်း တောင်ကြီးခရိုင် တရားရုံးသို့ အမှုစွဲတင်ရာတွင် နိုင်ငံတော် အရေးပေါ် စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (ည)၊ ပုဒ်မ ၅ (ဌ) တို့ဖြင့် တရားစွဲဆိုခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

    ပြီးခဲ့သည့်နှစ် သြဂုတ်လ ၄ ရက်နေ့က ရှမ်းပြည်နယ် တောင်ပိုင်း ကွန်ဟိန်းမြို့တွင် ကျင်းပမည့် အစ္စလမ် ဘာသာဝင် ဗလီဆရာ တဦး၏ မင်္ဂလာပွဲကို လိုက်ပါလာသည့် တောင်ကြီးမြို့နှင့် ကျောက်ဆည်မြို့မှ အစ္စလမ် ဘာသာဝင် ၁၄ ဦးကို ကွန်ဟိန်းမြို့ ခြေလျင်တပ်ရင်း (ခလရ) ၂၄၆ တပ်ရင်းရှေ့ ပြည်ထောင်စု လမ်းမကြီးပေါ်၌ စစ်ဘက်ရေးရာ လြုံခုံရေး တပ်ဖွဲ့၊ ရဲတပ်ဖွဲ့နှင့် မြို့နယ်အုပ်ချုပ်ရေးတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက်၊ တောင်ကြီးမြို့မှ လူ ၄ ဦးနှင့် ကွန်ဟိန်းမြို့မှ မင်္ဂလာစုံတွဲကိုပါ ထပ်မံ ဖမ်းဆီးခဲ့သည့် အတွက် စုစုပေါင်း လူ ၂၀ ဦး ဖမ်းဆီးခံရခြင်း ဖြစ်သည်။

    အဆိုပါ အမှုကို စစ်ဆေးကြားနာတိုင်း ၉၆၉ အဖွဲ့မှ ဘုန်းတော်ကြီးများ လာရောက် နားထောင်ကြကြောင်း၊ အဆိုပါ အမှုကို လိုက်ပါဆောင်ရွက်ပေးသည့် အတွက် လူမှုကွန်ရက် facebook မှ တဆင့် ၉၆၉ အဖွဲ့ဝင် တဦး၏ ခြိမ်းခြောက်ခြင်းကို ခံခဲ့ရကြောင်း တောင်ကြီးမြို့ခံ ရှေ့နေ ဒေါ်ခင်မိုးမိုးက ဧရာဝတီကို ပြောသည်။

    တောင်ကြီးခရိုင် တရားရုံးတွင် ထိုအမှုကို စစ်ဆေးနေစဉ် ကာလအတွင်း ပြည်ထဲရေး ၀န်ကြီးဌာနမှ ရဲမှူးချုပ် ၀င်းခေါင်က ယင်းတရားခံများသည် အကြမ်းဖက် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆက်သွယ်မှု ရှိကြောင်းနှင့် အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်ခဲ့သည်ကို ၀န်ခံထားကြောင်း RFA သတင်းဌာနကို ပြောဆိုထားသည်။

    ဓါတ်ပုံအညွှန်း-တောင်ကြီးခရိုင် တရားရုံး၌ ယနေ့တွင် တရာခံများအား ရုံးထုတ်လာစဉ် မြင်ကွင်း (ဓာတ်ပုံ – ကျော်မျိုးထွန်း / ဧရာဝတီ)

    http://burma.irrawaddy.org/news/2015/01/12/69739.html

    ဆက်စပ်သတင်းများ ဖတ်ရန်

    အကြမ်းဖက် ဆက်နွှယ်မှု စွဲချက်ဖြင့် အစ္စလမ် ဘာသာဝင် ၂၀ ဦးကိုထောင်ဒဏ်နှစ်ရှည် ချမှတ်
    https://www.facebook.com/MMediaMyanmarVersion/photos/a.468381643204311.95087.468226919886450/827361070639698/?type=1&theater

    တောင်ကြီးမှာ ဖမ်းခံထားရတဲ့ မွတ်စလင်၂၀ဦး အကြောင်း ၄င်းတို့ ရှေ့နေနှင့်တွေ့ဆုံခန်း
    http://www.m-mediagroup.com/news/32824

    မွတ်ဆလင်တွေဘက်ကလိုက်သည့် အမှုလိုက်ရှေ့နေ ခြိမ်းခြောက်ခံရ
    http://www.m-mediagroup.com/news/35186

    တောင်ကြီးမြို့ အစ္စလမ်ဘာသာဝင်များ အမှု ပြည်ထောင်စု တရားလွှတ်တော်ချုပ် သို့ ဆက်လက် တင်ပြမည်
    http://www.m-mediagroup.com/news/34148

  • အာဆင်နယ်နှင့် ထိပ်တိုက်တွေ့ရမည် စိုးသောကြောင့် မန်ယူသို့ မပြောင်းရွှေ့ဖြစ်ခဲ့ဟု နာဆရီ ဖွင့်ဟ

    အာဆင်နယ်နှင့် ထိပ်တိုက်တွေ့ရမည် စိုးသောကြောင့် မန်ယူသို့ မပြောင်းရွှေ့ဖြစ်ခဲ့ဟု နာဆရီ ဖွင့်ဟ

    ဇန်န၀ါရီ ၁၂၊ ၂၀၁၅
    M-Media

    nsr

    – ဖာဂူဆန်နှင့်တွေ့ဆုံခဲ့ပြီး မန်ယူနှင့်သို့ရောက်ရန် နီးစပ်ခဲ့သော်လည်း အာဆင်နယ်အသင်းနှင့် ထိပ်တိုက်ရင်ဆိုင်ရန် အကြောင်း ဖန်လာသောကြောင့် မန်စီးတီးသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်ဟု ကွင်းလယ်လူ နာဆရီက ပြောကြားလိုက်သည်။

    အာဆင်နယ်၌ ကစားနေစဉ် နာဆရီမှာ ဖာဂူဆန်နှင့် ပြင်သစ်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး မန်ယူသို့ပြောင်းရန် ဆွေးနွေးမှုများရှိခဲ့သော်လည်း၊ မန်စီးတီး၏ ကမ်းလှမ်းမှုကို လက်ခံခဲ့ခြင်းဖြစ်သည်။

    `ကျွန်တော်တို့ ဖာဂူဆန်နဲ့ ပဲရစ်မှာတွေ့ဆုံခဲ့ပါတယ်။ ကောလဟာလတွေ ဖြစ်မလာအောင် လျှို့ဝှက်နေရာတစ်ခုမှာ တွေ့တာပါ။ ဒါပေမယ့် ပြဿနာတစ်ခု ရှိခဲ့ပါတယ်။ ဒါကတော့ မန်ယူကိုပြောင်းဖို့ အာဆင်နယ်နဲ့ အကြိတ်အနယ် ဆွေးနွေးခိုင်းတာပါပဲ။ ဒီလိုလုပ်ဖို့ မဖြစ်ဖူးဆတိုတာ ကိုယ့်ကိုယ်ကို သိခဲ့ပါတယ်။ အထူးသဖြင့် အဆင်ဝင်းဂါးနဲ့ပေါ့ဗျာ´ ဟု နာဆရီက Beln Sports သတင်းစာသို့ ၀န်ခံပြောကြားခဲ့သည်။

    ထို့ပြင် မန်စီးတီး၏ စိတ်ဝင်စားမှုကို ခံခဲ့ရပြီး မန်စီနီကလည်း နေ့စဉ်နေ့တိုင်း ဖုန်းခေါ်ခဲ့ကြောင်း၊ ထို့နောက် မိမိအနေဖြင့် မန်စီးတီးသို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    အဆင်ဝင်းဂါးကိုယ်တိုင်က နာဆရီမှာ ငွေကြေးမက်လုံးကြောင့် မန်စီးတီး အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ဖူးသည်။ မန်စီးတီးသို့ ရောက်ရှိခဲ့သည့် နာဆရီမှာ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်နှင့် လိဂ်ဖလား ၁ ကြိမ် ကိုင်မြှောက်နိုင်ခဲ့သည်။

    Ref : goal.com