News @ M-Media

Blog

  • အစ္စလာမ်ဆန့်ကျင်ရေးကို တန်ပြန်ဆန္ဒပြမှုများ ဂျာမနီတွင် ပြုလုပ်

    အစ္စလာမ်ဆန့်ကျင်ရေးကို တန်ပြန်ဆန္ဒပြမှုများ ဂျာမနီတွင် ပြုလုပ်

    ဇန်န၀ါရီ ၆၊ ၂၀၁၅
    M-Media

    gmn

    – လက်ယာစွန်းရောက်များ၏ အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို တန်ပြန်ဆန့်ကျင်သည့် ဆန္ဒပြမှုများအား ဂျာမနီရှိ မြို့ကြီးများတွင် ပြည်သူများက ယမန်နေ့တွင် ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

    ဂျာမန်ဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်က အစ္စလာမ်ဆန့်ကျင်ရေး ဆန္ဒပြမှုများမှာ လူမျိုးရေးခွဲခြားမှုသာ ဖြစ်သည်ဟု နှစ်သစ်ကူးမိန့်ခွန်းတွင် ထည့်သွင်းပြောကြားထားသော်လည်း လက်ယာစွန်းရောက် PEGIDA အဖွဲ့မှာ ယမန်နေ့က ၎င်းတို့ကြီးစိုးရာ ဒရက်စ်ဒန်မြို့တွင်
    အစ္စလာမ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ပြုလုပ်ခဲ့သည်။

    သို့သော်လည်း PEGIDA အဖွဲ့၏ အစ္စလာမ်ဆန့်ကျင်ရေး ဆန္ဒပြမှုကို ဒရက်စ်ဒန်မြို့အပါအ၀င် ဘာလင်၊ စတုဂတ်နှင့် ကိုးလုံးမြို့များတွင် ဂျာမန်ပြည်သူများက တန်ပြန်ဆန္ဒပြခဲ့ကြပြီး ၎င်းတို့အနေဖြင့် ခွဲခြားဆက်ဆံမှုနှင့် နိုင်ငံခြားသားကြောက်ရောဂါများကို ဆန့်ကျင်ကာ
    သည်းခံစိတ်ရှိမှု သတင်းစကား ပြန့်နှံ့ရန်အတွက် ယခုကဲ့သို့ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ အဆိုပါ တန်ပြန်ဆန္ဒပြပွဲများ သို့ လူပေါင်း ၁ သောင်းခန့် တက်ရောက်ခဲ့ကြသည်။

    PEGIDA မှ လုပ်ဆောင်နေသော အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ဆန့်ကျင်သည့်အနေဖြင့် ပြည်သူများက စီးပွားရေး လုပ်ငန်းများ၊ ဘုရားကျောင်းများနှင့် အခြားသော အဆောကအအုံများကိုလည်း ပိတ်ပစ်ခဲ့ပြီး ကိုးလုံးမြို့ လျှပ်စစ်ဓာတ်အားပေး
    ကုမ္ပဏီကလည်း လျှပ်စစ်မီးပေးခြင်းကို ရပ်ဆိုင်းခဲ့သည်။

    PEGIDA အဖွဲ့မှာ ပြီးခဲ့သည့် ၃ လအတွင်း ဒရက်စ်ဒန် မြို့၌ အစ္စလာမ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဦးဆောင်ပြုလုပ်ခဲ့သည့် အဖွဲ့ဖြစ်ပြီး၊ နာဇီလက်သစ်များပါဝင်သည့် အဆိုပါအဖွဲ့မှာ ဂျာမနီတွင် အခြားနိုင်ငံများမှ ပြောင်းရွှေ့အခြေချလာသူများကို ဆန့်ကျင်သည့်
    အဖွဲ့အစည်းလည်းဖြစ်သည်။

    Ref: aljazeera

  • ကမ္ဘာ့အပါးလွှာဆုံး တီဗီ ဆိုနီမှ ယခုနှစ်အတွင်း ဖြန့်ချီမည်

    ကမ္ဘာ့အပါးလွှာဆုံး တီဗီ ဆိုနီမှ ယခုနှစ်အတွင်း ဖြန့်ချီမည်

    ဇန်န၀ါရီ ၆၊ ၂၀၁၅
    M-Media

    tv

    – ကမ္ဘာ့တစ်ဝှမ်း အီလက်ထရောနစ် ပစ္စည်းများ ထုတ်လုပ်ရောင်းချနေသည့် ဆိုနီကုမ္ပဏီက ကမ္ဘာ့အပါးလွှာဆုံး တီဗီကို ယခုနှစ်အတွင်း ဈေးကွက်၌ ဖြန့်ချီတော့မည်ဟု သိရသည်။

    မျက်နှာပြင်ခုံး တီဗီများ၊ ကွေးနိုင်သော တီဗီများ၊ ရုပ်သံအရည်အသွေး မြင့်မားသည့် တီဗီများ ပြိုင်ဆိုင်နေသည့် ယခုအချိန်တွင် ဆိုနီ၏ အဆိုပါတီဗီမှာ တစ်လက်မ၏ လေးပုံတစ်ပုံသာ အထူရှိမည်ဖြစ်ပြီး OLED နည်းပညာကို အသုံးပြုမည်ဖြစ်သည်။ X900C စီးရီးဖြင့် ထုတ်ဝေမည့် ထိုတီဗီအား ultra-slim 4K ဟု အမည်ပေးထားသည်။

    `အဲဒီတီဗီဟာ ပါးတယ်၊ စတိုင်ကျတယ်။ ၀.၂ လက်မသာရှိပြီး ကမ္ဘာ့ အပါးလွှာဆုံး တီဗီလည်းဖြစ်ပါတယ်။ Xperia စမတ်ဖုန်းတွေထက်ကို ပိုပြီး ပါးလွှာပါတယ်။ အလွန့်အလွန်သေးပြီး လေထဲကိုမျောလွင့်သွားမယ့် ဒီတီဗီဟာ ခင်ဗျားတို့ရဲ့ အိမ်ခန်းမမှာ
    မကြာခင် ပေါ်ထွက်လာတော့မှာပါ´ ဟု ဆိုနီဥက္ကဌ မိုက် ဖာဆူလိုက လက်စ်ဗီးဂက်စ်၌ယမန်နေ့တွင် ပြုလုပ်သော အဆိုပါ တီဗီ မိတ်ဆက်အခမ်းနားတွင် ပြောကြားခဲ့သည်။

    သို့သော်လည်း အဆိုပါတီဗီ တစ်ခုလုံးမှာ ပါးလွှာနေမည်မဟုတ်ဘဲ ပစ္စည်းများထည့်သွင်းထားသည့် အောက်ဘက်ပိုင်းတွင် လက်မအနည်းငယ် ထူသွားမည်ဖြစ်သည်။ ဆိုနီကမူ မည့်သည်အချိန်တွင် မည်သည့်ဈေးနှုန်းဖြင့် ရောင်းချသွားမည်ကို
    ထည့်သွင်းပြောကြားခဲ့ခြင်း မရှိချေ။

    တီဗီထုတ်လုပ်မှုကဏ္ဍတွင် LCD နည်းပညာ နေရာကို ပိုမိုမြင့်မားသည့် ရုပ်သံအရည်အသွေး ပေးစွမ်းနိုင်သည့် OLED နည်းပညာက လွန်ခဲ့သည့် နှစ်အနည်းငယ်ကပင် လွှမ်းမိုးခဲ့သော်လည်း အဓိကပြဿနာမှာ တန်ဖိုး ကြီးမြင့်နေခြင်းဖြစ်သည်။

    Ref: utsandiego

  • ရေချိုးခန်းအတွင်း ဆေးလိပ်သောက်သည့် ရှက်ဇက်နီ ဒဏ်ငွေရိုက်ခံရ

    ရေချိုးခန်းအတွင်း ဆေးလိပ်သောက်သည့် ရှက်ဇက်နီ ဒဏ်ငွေရိုက်ခံရ

    ဇန်န၀ါရီ ၆၊ ၂၀၁၅
    M-Media

    szn
    အားလပ်ရက်အတွင်း ရှက်ဇက်နီ ဆေးလိပ်သောက်နေစဉ်

     

    – ဆောက်သက်တမ်အား ရှုံးနိမ့်ခဲ့သည့်ပွဲအပြီး ရေချိုးခန်းထဲတွင် ဆေးလိပ်သောက်ခဲ့သည့် ဂိုးသမား ရှက်ဇက်နီအား အာဆင်နယ်အသင်းက ဒဏ်ငွေရိုက်ခဲ့သည်ဟု သိရသည်။

    ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည့် အဆိုပါပွဲအပြီးအတွင်း အသင်းအ၀တ်လဲခန်းရှိ ရေချိုးခန်းအတွင်း၌ ဆေးလိပ်သောက်ခဲ့ခြင်းဖြစ်ပြီး အာဆင်ဝင်းဂါးက ထိုလုပ်ရပ်အတွက် အလွန်အမင်း ဒေါသထွက်ခဲ့သည်။ ရှက်ဇက်နီ၏ ထိုလုပ်ရပ်အတွက် အသင်းက ဒဏ်ငွေ ပေါင် ၂၀၀၀၀ ဒဏ်ရိုက်ခဲ့ပြီး ထိုအပြုအမူအတွက် တောင်းပန်ခိုင်းခဲ့သည်။

    တနင်္ဂနွေနေ့က ကစားခဲ့သည့် ဟားလ်စီးတီးနှင့် FA ဖလားပွဲစဉ်တွင် ရှက်ဇက်နီမှာ အရန်ခုံတွင်သာ ထိုင်ခဲ့ရပြီး ယခုတစ်ပတ်တွင် ကစားမည့် စတုတ်စီးတီးအသင်းနှင့် ပရီးမီးယားလိဂ် ပွဲစဉ်တွင်လည်း ပါဝင်ခွင့်ရရန် မသေချာသေးပေ။

    ရှက်ဇက်နီမှာ ယခုနှစ်တွင် အရန်ခုံ၌သာ ထိုင်ရမည်ဟု ရာသီအစက သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အာဆင်နယ်အသင်းက ငြင်းဆိုခဲ့သည်။ ရှက်ဇက်နီမှာလည်း ပါဝင်ကစားခွင့်ရသည့်ပွဲများတွင် အကောင်းဆုံး လက်စွမ်းပြနိုင်ခဲ့သည်။

    Ref : dailymail

     

     

  • ၂၀၁၄ ခုနှစ်တွင် တောက်ပခဲ့သော မွတ်စလင် အမျိုးသမီးများ

    ၂၀၁၄ ခုနှစ်တွင် တောက်ပခဲ့သော မွတ်စလင် အမျိုးသမီးများ

    ဇန်နဝါရီ ၆ ၊ ၂၀၁၅
    M-Media

    – အစ္စလာမ်ဘာသာဝင်အများစုရှိရာ နိုင်ငံတွေက ရိုးရာဓလေ့ထုံးတမ်းတွေနဲ့ အစ္စလာမ်ရဲ့ စည်းစနစ်တွေကို ဂဃနဏ မသိရှိကြတဲ့ သူတွေက အစ္စလာမ်သာသနာမှာ အမျိုးသမီးတွေ အတွက် နေရာမရှိဘူးလို့ စွပ်စွဲပြောဆိုလေ့ ရှိပါတယ်။ ဒါပေမယ့် အစ္စလာမ် သာသနာ ပေါ်ပေါက်လာတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀ ထဲကစလို့ ယနေ့အချိန်အထိ မွတ်စလင် အမျိုးသမီးတွေဟာ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ တိုင်းရေးပြည်ရေး ကိစ္စတွေမှာ စွမ်းစွမ်းတမံ ဆောက်ရွက်ခဲ့ကြတဲ့ မှတ်တမ်းမှတ်ရာတွေ အပြည့်အစုံ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ မှာလည်း မွတ်စလင်အမျိုးသမီးတွေဟာ ကမ္ဘာ့နိုင်ငံအသီးအသီးမှာ ထိပ်တန်းနေရာကနေ ပါဝင်ခဲ့ပြီး ဒီထဲကမှ ၂၀၁၄ ခုနှစ်ရဲ့ အတောက်ပဆုံး မွတ်စလင် အမျိုးသမီးတွေကို ဖော်ပြလိုက်ပါတယ်။

    ၁။ နိုဘယ်ဆုရ မာလာလာ
    ——————————-

    Muslim Women Shine in 2014  1
    အောက်တိုဘာလထဲမှာ ပါကစ္စတန်က ပညာရေးနဲ့ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူ ဖြစ်တဲ့ မာလာလာဟာ အိန္ဒိယက ကလေးငယ်အခွင့်အရေးအတွက် ဆောင်ရွက်နေတဲ့ ကိုင်လက်ရှ် ဆက်ယာသီနဲ့အတူ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ပူးတွဲရရှိခဲ့ပါတယ်။ အသက်အငယ်ဆုံး နိုဘယ်ဆုရ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် မာလာလာက ဒီဆု ချီးမြှင့်ခံရခြင်းဟာ သူမရဲ့ စိတ်ဓာတ်ခွန်အားကို ပိုမိုအားကောင်းစေခဲ့ပြီး သတ္တိလည်း ပိုရှိလာတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

    ၂။ ဆွီဒင်ရဲ့ ပထမဆုံး မွတ်စလင်ဝန်ကြီး အိုင်ဒါ ဟဒ်ဇီယာလစ်
    ————————————————————–

    Muslim Women Shine in 2014  2
    အသက် ၂၇ နှစ်အရွယ် ဘော့စနီးယားနွယ်ဖွား ဟဒ်ဇီယာလစ်တစ်ယောက် ဆွီဒင်ပညာရေးဌာနရဲ့ ၀န်ကြီးတစ်ဦးအဖြစ် ပြီးခဲ့တဲ့အောက်တိုဘာလက ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။ ၁၉၈၇ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ဟဒ်ဇီယာလစ်ဟာ နိုင်ငံရေးသမား တစ်ယောက်လည်း ဖြစ်သလို့ ဆွီဒင်ရဲ့ အသက်အငယ်ဆုံး ၀န်ကြီးလည်း ဖြစ်ပါတယ်။ ဒါဟာ သူရဲ့ ပထမဆုံး အောင်မြင်မှုတော့ မဟုတ်ပါဘူး။ ဥပဒေနဲ့ ဘွဲ့ရခဲ့တဲ့သူမဟာ အသက် ၂၃ နှစ်အရွယ်ကတည်းက ဟဲလ်မ်စတဒ်မြို့ရဲ့ မြို့တော်ဝန်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။

    ၃။ ပြင်သစ်ရဲ့ ပထမဆုံး အမျိုးသမီး ပညာရေး ၀န်ကြီး ဘဲလ်ကာစမ်
    ————————————————————–

    Muslim Women Shine in 2014  3
    ပြင်သစ်သမိုင်းမှာ ပထမဆုံး အမျိုးသမီး ပညာရေး ၀န်ကြီးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရတဲ့ နာဂျက် ဗာလူဒ် ဘဲလ်ကာစမ်ဟာ မော်ရိုကိုနွယ်ဖွားဖြစ်ပါတယ်။ အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘဲလ်ကာစမ်ဟာ ဧပြီလက စတင်တာဝန် ထမ်းဆောင်ခဲ့ပြီး သူ့မရဲ့ ခန့်အပ် ခံရမှုဟာ ပြင်သစ်သမ္မတ ဖရန်ကိုအစ် ဟော်လန်ဒေး လက်ထက် နောက်ဆုံး ခြေလှမ်း လည်း ဖြစ်ပါတယ်။

    ၄။ ဂျာမနီရဲ့ ပထမဆုံး မွတ်စလင်ပြောရေးဆိုခွင့်ရှိသူ ချက်ဘလီ
    —————————————————————-

    Muslim Women Shine in 2014  4
    ဆော်ဆန် ချက်ဘလီလို့ခေါ်တဲ့ ဒီဂျာမန်မွတ်စလင် အမျိုးသမီးဟာ ဇန်န၀ါရီလက ပြင်သစ်နိုင်ငံခြားရေး ၀န်ကြီးဌာနမှာ လက်ထောက်ပြောရေး ဆိုခွင့်ရှိသူအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။ ပါလက်စတိုင်းနွယ်ဖွား အသက် ၃၅ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ချဘ်လီဟာ ပါလီမန်ရဲ့ အရေးပါတဲ့ အဖွဲ့တစ်ဖွဲ့မှာ ပါဝင်ခွင့်ရခဲ့ပြီး ဘာလင်အစိုးရနဲ့ တိုင်းရင်းသားလူနည်းစုတွေ ဆက်သွယ်ဆောင်ရွက်ရာ မှာလည်း အဓိက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်ပေးခဲ့ပါတယ်။ နိုင်ငံရေးသိပ္ပံနဲ့ ဘွဲ့ရတဲ့ သူမဟာ ဂျာမနီ ပါလီမန်ထဲမှာ အလုပ်လုပ်ကိုင်လာတာဟာ ၆ နှစ်လောက်ရှိပြီ ဖြစ်ပါတယ်။

    ၅။ သြဇာအာဏာအရှိဆုံး မွတ်စလင်အမျိုးသမီးများ
    —————————————————–

    Muslim Women Shine in 2014  5
    Forbes မဂ္ဂဇင်းက ကမ္ဘာ့ သြဇာ အာဏာအရှိဆုံး အမျိုးသမီး ၁၀၀ စာရင်းကို ၂၀၁၄ ခုနှစ် မေလမှာ ထုတ်ပြန်ခဲ့ပြီး အဲဒီအထဲမှာ မွတ်စလင် အမျိုးသမီး ၅ ဦး ပါဝင်ခဲ့ပါတယ်။ ဇကာတင် အယောက် ၂၅၀ ကြားထဲက ရွေးချယ်ခဲ့တဲ့ အဲဒီအယောက် ၁၀၀ မှာ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိခ်ဟာဆီနာက အဆင့် ၄၇ နေရာ ရရှိခဲ့ပြီး မွတ်စလင် အမျိုးသမီး ၅ ဦးထဲမှာ အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့နောက် အခြားတစ်ယောက် ကတော့ ယူအေအီးနိုင်ငံ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီး အဖြစ် ခန့်အပ်ခြင်းခံခဲ့ရတဲ့ ရှိခ် လူဘ်နာ အလ် ကွာစီမီဖြစ်ပြီး အဆင့် ၅၅ ချိတ်ခဲ့ပါတယ်။

    ၆။ CAIR ရဲ့ ဥက္ကဌ ရောင်လာ အလောက်ခ်ျ
    —————————————————

    Muslim Women Shine in 2014  6
    အလောက်ခ်ျဟာ အမေရိကန်ရဲ့ အကြီးဆုံးနဲ့ အရာရောက်ဆုံး မွတ်စလင်အဖွဲ့အစည်းဖြစ်တဲ့ အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီရဲ့ ဥက္ကဌအဖြစ် ပြီးခဲ့တဲ့ ဇွန်လမှာ ရွေချယ်ခြင်းခံခဲ့ရပါတယ်။ ၂ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဥက္ကဌဟောင်း အိုမာရ် ဇာကီရဲ့ နေရာကို တာဝန်ယူခဲ့ရတဲ့ အလောက်ဟာ အိုဟိုင်းယိုးနဲ့ ကန်တာကီဒေသတွက တရား လွှတ်တော်ရှေ့နေလည်း ဖြစ် ပါတယ်။ သူမဟာ တရားဥပဒေစိုးမိုးရေး၊ အာမခံကာကွယ်ရေးနဲ့ ပြည်သူ့ရေးရာ အထွေထွေတရားရေး ကိစ္စတွေကို ဆောင်ရွက်နေ သူလည်း ဖြစ်ပါတယ်။

    ၇။ ရွှေတံဆိပ်ဆုရ အစ်ဘ်တီဂျာဟ် မိုဟာမက်
    —————————————————

    Muslim Women Shine in 2014  7
    အစ်ဘ်တီဂျာဟ်ဟာ ပြီးခဲ့တဲ့ ဇွန်လက ကျင်းပပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ ဓားရှည်သိုင်းပြိုင်ပွဲမှာ အမေရိကန်နိုင်ငံအတွက် ပထမဆုံး ရွှေတံဆိပ်ဆု ကို ဆွတ်ခူးပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ၁၉၈၅ ခုနှစ်က မွေးဖွားခဲ့တဲ့သူမဟာ ဟိဂျဘ် ၀တ်ဆင်လျက် နိုင်ငံတကာ အားကစားပြိုင်ပွဲတွေမှာ အမေရိကန်ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့တဲ့ ပထမဆုံး မွတ်စလင် အမျိုးသမီးလည်း ဖြစ်ပါတယ်။ သူမဟာ နာမည်ကြီး ဖက်ရှင်ဒီဇိုင်နာတစ်ယောက်လည်းဖြစ်ပြီး လျှပ်ပေါ်လော်လီခြင်းမရှိဘဲ၊ အိနြေ္ဒ သိက္ခာနဲ့ပြည့်ဝတဲ့ အ၀တ်အစား ဒီဇိုင်းတွေကို ဖန်တီးပေးလျက် ရှိနေပါတယ်။

    ၈။ မွတ်စလင်မယ်ကမ္ဘာ ဂူဖရာချီ
    ————————————-

    Muslim Women Shine in 2014  8
    တူနီးရှားအမျိုးသမီးဖြစ်တဲ့ သူမဟာ အင်ဒိုနီးရှားနိုင်ငံမှာ နိုဝင်ဘာလက ပြုလုပ်ခဲ့တဲ့ မွတ်စလင်မယ်ကမ္ဘာပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့သူ ဖြစ်ပါတယ်။ ကွန်ပျူတာသိပ္ပံဘာသာရပ်နဲ့ ဘွဲ့ရခဲ့တဲ့ ဂူဖရာချီဟာ ဘာသာရေးဘက်မှာလည်း စံချိန်မလျော့ခဲ့ဘဲ ၁၈ ဦးပါဝင်ယှဉ်ပြိုင်တဲ့ အဲဒီပြိုင်ပွဲမှာ ထိုက်ထိုက်တန်တန် ဗိုလ်စွဲခဲ့သူလည်းဖြစ်ပါတယ်။

    ref: OnIslam

    http://www.onislam.net/english/news/special-coverage/481383-muslim-women-shine-in-2014.html

  • ကိုယ်ပိုင်လေယာဉ်နဲ့အတူ ကြွားလုံးအသစ်ထုတ်တဲ့ မေ၀ယ်သာ

    ကိုယ်ပိုင်လေယာဉ်နဲ့အတူ ကြွားလုံးအသစ်ထုတ်တဲ့ မေ၀ယ်သာ

    ဇန်န၀ါရီ ၆၊ ၂၀၁၅
    M-Media

    mwt 2

     

    – အိပ်ရာပေါ်မှာ ငွေပုံတွေထားပြ၊ ဒေါ်လာရာတန်အုပ်လိုက်အရှေ့မှာ ထိုင်ပြ စတဲ့ နည်းမျိုးစုံနဲ့ ကိုယ်ရဲ့ ပိုင်ဆိုင်မှုကို ကြွားလုံးထုတ်ခဲ့ဖူးတဲ့ အမေရိကန်ဘောက်ဆာအကျော်အမော် မေ၀ယ်သာတစ်ယောက် ဒီတစ်ခါမှာလည်း နောက်တစ်မျိုး ကြွားလုံးထုတ်လိုက်ပြန်ပါတယ်။

    အဲဒါကတော့ သူ့ရဲ့ ကိုယ်ပိုင် ဂျက်လေယာဉ်ကို နောက်ခံထားပြီး သူပိုင်ဆိုင်တဲ့ ဇိမ်ခံကား ၈ စီးနဲ့အတူ ဓာတ်ပုံရိုက်ကာ Twitter စာမျက်နှာပေါ်မှာ လွှင့်တင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

    အဲဒီကားတွေကတော့ Ferrari၊ Porsche၊ Lamborghini နဲ့ Bugatti စတဲ့ နာမည်ကျော် တံဆိပ်နဲ့ တန်ဖိုးကြီးကားတွေဖြစ်ပြီး ဈေးအနိမ့်ဆုံးက ပေါင် တစ်သိန်းခွဲရှိတဲ့ Porshe 911 ကားဖြစ်ပြီး တန်ဖိုးအမြင့်ဆုံးကတော့ ပေါင် ၁.၅ သန်းတန်တဲ့ Bugatti Veyron ကား ပဲ ဖြစ်ပါတယ်။

    သူပိုင်ဆိုင်တဲ့ ကားတွေရဲ့ စုစုပေါင်းတန်ဖိုးပဲ ပေါင် ၅.၄၅ သန်းရှိပြီး ဂျက်လေယာဉ် တန်ဖိုး မပါသေးပါဘူး။

    ပြီခဲ့တဲ့ တစ်နှစ်တည်းမှာ ၀င်ငွေ ပေါင် ၆၆ သန်းလောက် ရခဲ့တဲ့ မေ၀ယ်သာတစ်ယောက် သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို ကြွားဝါဖော်ပြရတာကို နှစ်သက်သူတစ်ယောက်ဖြစ်ပြီး မကြာသေးမီကပဲ သူ့ရဲ့ ဖိနပ်တွေနဲ့ နေကာမျက်မှန်တွေကို ဓာတ်ပုံရိုက်ပြီး Twitter စာမျက်နှာပေါ်
    လွှင့်တင်ခဲ့ပါသေးတယ်။

    mwt

     

    မေ၀ယ်သာဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ အာဂျင်တိုင်း ဘောက်ဆာသမား မားကို့စ် မိုင်ဒါနာနဲ့ နောက်ဆုံးထိုးသက်ခဲ့ပြီး ဒီနှစ်အတွင်းမှာတော့ ဖိလစ်ပိုင်ဘောက်ဆာသမား ပက်ကွီအို၊ ဗြိန်တိန်အကျော်အမော် အမီးရ်ခန်းတို့နဲ့ ထိုးသတ်ရဖို့ ရှိနေပါတယ်။

    ပက်ကွီအိုကတော့ သူ့အနေနဲ့ မေ၀ယ်သာရဲ့ ပိုင်ဆိုင်မှုတွေ၊ လူမှုဘ၀တွေကို စိတ်မ၀င်စားဘဲ သူနဲ့ထိုးသတ်ဖို့သာ စိတ်ဝင်စားတယ်လို့ ပြောခဲ့ပါတယ်။

    Ref : dailymail