News @ M-Media
Blog
  • ရခိုင်ပြည်နယ်တွင် အင်ဒိုနီးရှားမှ လှူဒါန်းသော မူလတန်းကျောင်း ၄ ကျောင်း ဖွင့်လှစ်
    ရခိုင်ပြည်နယ်တွင် အင်ဒိုနီးရှားမှ လှူဒါန်းသော မူလတန်းကျောင်း ၄ ကျောင်း ဖွင့်လှစ်
    ဒီဇင်ဘာ ၁၀ ၊ ၂၀၁၄
    M-Media
    Ktaw-B
    – မြန်မာနိုင်ငံ၏ ဒုတိယအဆင်းရဲဆုံးပြည်နယ်ဖြစ်သော ရခိုင်ပြည်နယ်ရှိ ပညာရေးကဏ္ဍ တိုးတက်ရန်အတွက် အင်ဒိုနီးရှားနိုင်ငံမှ ဆောက်လုပ်လှူဒါန်းခဲ့သည့် မူလတန်းကျောင်း ၄ ကျောင်းအား ယမန်နေ့က ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။
    ဆောက်လုပ်လှူဒါန်းခဲ့သည့် မူလတန်းကျောင်းများမှာ မင်းပြားမြို့နယ်တွင် သေကန် မူလတန်းကျောင်းနှင့် စမ္ဘလေ မူလတန်းကျောင်း၊ မောင်တောမြို့နယ်တွင် မောရ၀တီ စံပြကျေးရွာ မူလတန်းကျောင်း၊ ဘူးသီးတောင်မြို့နယ်တွင် သပြေကုန်းရပ်ကွက် (၁) မူလတန်းကျောင်း စသည်တို့ဖြစ်ကြပြီး ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို နံနက် ၁၀ နာရီတွင် သေကန် မူလတန်းကျောင်းနှင့် စမ္ဘလေ မူလတန်းကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
    အခမ်းအနားသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း၊ အင်ဒိုနီးရှားနိုင်ငံခြားရေး ဒုတိယ ၀န်ကြီး အဘ်ဒူရဟ်မန် မိုဟာမက် ဖာချာရ်တို့ အပါအ၀င် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကာ ကျောင်းဆောင်သစ်များအား ဖွင့်လှစ်ပေးခဲ့ကြသည်။
    အဆိုပါ ကျောင်းများမှာ အင်ဒိုနီးရှားအစိုးရက ထောက်ပံ့မှုဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာနက ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး နှစ်ထပ်ကျောင်းဆောင်သစ်များဖြစ်ကာ သဘာဝဘေးအန္တရာယ် ကျရောက်သည့်အချိန်တွင် ခိုလှုံနိုင်ရန် တည်ဆောက်ထားသည်။
    ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစ္စလာမ်မစ်နိုင်ငံများမှာ ယခင်ကတည်းက လှူဒါန်းမှုများရှိခဲ့ပြီး ၂၀၁၀ ခုနှစ် အောက်တိုဘာလက တိုက်ခတ်ခဲ့သည့် ဂီရိမုန်းတိုင်းသင့် ပြည်သူများအတွက် ဆော်ဒီအိမ်ရှေ့မင်သားက ကန်ဒေါ်လာ ၅ သောင်း လှူဒါန်းခဲ့ပြီး ကြင်ယာတော်ဖြစ်သူကလည်း မိခင်နှင့်ကလေး စောင့်ရှောက်ရေးအတွက် ကန်ဒေါ်လာ ၅ သောင်း သီးခြားစီ လှူဒါန်းခဲ့သည်။
    ပြည်နယ်အတွင်း ဘာသာရေးဆိုင်ရာ ပဋိပက္ခများ ဖြစ်ပွားခဲ့နောက်ပိုင်း ဒုက္ခသည်များအား ကူညီရန်နှင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် OIC နှင့် အစ္စလာမစ်နိုင်ငံများမှ ပိုမိုလှူဒါန်းလာခဲ့ပြီး ၂၀၁၂ ခုနှစ်အတွင်း တူရကီနိုင်ငံကပင် ကန်ဒေါ်လာ သန်း ၅၀ လှူဒါန်းခဲ့သည်။
    ဒုက္ခသည်အများစုမှာ ရိုဟင်ဂျာများ ဖြစ်သော်လည်း ထိုကဲ့သို့ လှူဒါန်းမှုများတွင် အစ္စလာမ်မစ်နိုင်ငံများမှာ ရခိုင်တိုင်းရင်းသားများအတွက်ပါ အညီအမျှ ခွဲဝေလှူဒါန်းခဲ့ကြသည်။
    ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် နှစ်ဖက်အသိုင်းအ၀ိုင်းများအကြား ရင်ကြားစေ့ရေးလုပ်ငန်းများကို ဆောင်ရွက်ရန် OIC နှင့် အစ္စလာမ့်မစ်နိုင်ငံများက တိုက်တွန်းပြောဆိုမှုများကို မြန်မာအစိုးရနှင့် ရခိုင်တိုင်းရင်းသားများက ကန့်ကွက်ရှုတ်ချမှုများ ရှိခဲ့သော်လည်း ယခုကဲ့သို့ လှူဒါန်းမှုများတွင် မည်သည့် ကန့်ကွက်မှုမျှ မပြုလုပ်ကြချေ။
    ကိုးကား – ကြေးမုံ
    ဓါတ်ပုံအညွှန်း – စစ်တွေမြို့မှ ၆၅ မိုင်အကွာမှာရှိတဲ့ ကျောက်တောမြို့ ဒုက္ခသည်စခန်းမှ စာသင်ကျောင်းတခုမြင်ကွင်းဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်အတွင်းဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် ကျောက်တော်မြို့မှာရှိတဲ့ မွတ်စလင်မိသားစုဝင်များ ဒုက္ခသည်စခန်းမှာ သွားရောက်နေထိုင်နေရသည်မှာ ၂ နှစ်နီးပါးရှိလာပြီဖြစ်ပါတယ်။ မိသားစုဝင်ပေါင်း ၆၀၀ ခန့်ရှိကြောင်းသိရပါတယ်။
    Photo: Ye Myint
  • M-Media e-NewsLetter Vol1.No13 ထွက်ပါပြီ။
    M-Media e-NewsLetter Vol1.No13 ထွက်ပါပြီ။
    ဒီဇင်ဘာ ၁၀ ၊ ၂၀၁၄
    Vol1No13_Cover
    ဤစာစောင်ငယ်သည် အွန်လိုင်းလုံးဝ အသုံးမပြုနိုင်သူများ၊ အွန်လိုင်း အမြဲမသုံးနိုင်ဘဲ အချိန်အခက်အခဲရှိသူများ personal print ထုတ်ဖတ်နိုင်ရန် ၊ လက်ဆင့်ကမ်း ဖြန့်ဝေနိုင်ရန် သတင်းနှင့်ဆောင်းပါးအချို့ ကို ကန့် သတ် အနေဖြင့် စုစည်းပေးထားခြင်းဖြစ်ပါတယ်။
    ယခု ထုတ်ဝေဖြန်ချိလိုက်တဲ့ e-Newsletter ကို ဖတ်ရှုသူများ အနေဖြင့် မျက်နှာဖုံးနဲ့ မာတိကာမှာ ပါရှိတဲ့ Link များကို နှိပ်ရုံဖြင့် သတင်းရှိရာ စာမျက်နှာသို့ ရောက်ရှိသွားအောင် Hyperlink များ ထည့်သွင်းပေးထားပါတယ်။
    ကဏ္ဍများကို ယခင်ထက် စုံလင်အောင် စီစဉ်ပေးထားပါတယ်။
    M-Media မှ e-Newsletter ကို ၂ ပတ်တကြိမ် ပုံမှန် ကြိုးစား တင်ဆက်ပေးသွားပါမယ်။
    File Size 7.4 MB
    DownLink
    ————–
    http://goo.gl/1zvYba
    https://www.dropbox.com/s/ajxmav0bqimvn4q/M-Media%20e-NewsLetter%20Vol1.No13.pdf?dl=0
    စာညွှန်း
    _____
    ဆောင်းပါးအရှည်
    ———————
    Politicide (သို့) လူ့အဖွဲ့အစည်းတစ်ခုအား နိုင်ငံရေးအရ.အသေသတ်ခြင်း
    ပြည်သူ့အသံ
    —————
    လူကြားလို့မှ မသင့်တော်
    ကလေးတွေကို အမုန်းတရားဖြန့်နေတဲ့ နေမျိုးဝေ ကို ဘယ်သူခွင့်ပြုထားပါသလဲ
    အမျိုးသမီးကဏ္ဍ
    ——————–
    ကင်းဘရစ်ဂ်ျ တက္ကသိုလ် Debate တွင် အကောင်းဆုံး စကားပြောစွမ်းရည် ဆု မလေးရှားသူ ရရှိ
    ၂၀၁၄ မွတ်စလင် မယ်ကမ္ဘာဆု တူနီးရှားနိုင်ငံသူ ကွန်ပျူတာပညာရှင် ဆွတ်ခူး
    Featured Story
    ———————-
    အရှေ့အလယ်ပိုင်း ဒေသ (သို့) အာရပ်ကမ္ဘာ နှင့် ဗုဒ္ဓဘာသာ
    Anti Hate Speech
    —————————–
    ကလေးတွေကိုတော့ ချမ်းသာပေးကြပါဗျာ
    သူ့အမြင်
    ———–
    အမျိုးသမီးအရေး တူရကီသမ္မတ အာဒိုဂန် ပြောကြားမှုအပေါ် မွတ်စလင် မိခင်များ အမြင်
    အစ္စလာမ်၊ ဒီမိုကရေစီ နှင့် ဗဟုဝါဒ
    ထူးချွန်ကျော်ကြားသူများ (ကမ္ဘာ)
    ————————————-
    အမေရိကန်မှ ပထမဆုံး လူမည်းမွတ်စလင်မြို့တော်ဝန်
    ထူးချွန်ကျော်ကြားသူများ (မြန်မာ)
    —————————————
    လက်ဝှေ့ မြန်မာ့ လက်ရွေးစင် ရွှေကျားတင်မောင်
    ကဗျာ
    ——-
    မျက်ရည်နဲ့ရေးတဲ့ကဗျာ
    သရော်စာ
    ———–
    ၇၈၆ နှင့် ၉၆၉ တို့ရဲ့ မုတ်ဆိတ်ပြဿနာ
    သမိုင်းထဲကပုံရိပ်
    ———————-
    ၁၉၄၇ ဇွန်လဆန်းကဗိုလ်ချုပ်အောင်ဆန်း မြိတ်မြို့သို့ လာရောက်ခဲ့စဉ်
    ဆောင်းပါး
    ————
    အချိန်မစီးကြသူများ
    စသည့် ကဏ္ဍများအပြင် ပုံမှန် တင်ဆက်ပေးနေကြဖြစ် တဲ့ မြန်မာ့သတင်း၊ နိုင်ငံတကာသတင်း၊ ကမ္ဘာ့မွတ်လင်မ် သတင်းများ စုစည်းတင်ဆက်ပေးထားပါတယ်။
    M-Media e-NewsLetter Vol1.No13
  • မွတ်စလင် ၂၀ ဦး အကြမ်းဖက် ဆက်နွှယ်မှုဖြင့် တရားရင်ဆိုင်နေရ
    မွတ်စလင် ၂၀ ဦး အကြမ်းဖက် ဆက်နွှယ်မှုဖြင့် တရားရင်ဆိုင်နေရ
    Mandalay-prison
    အကြမ်းဖက်မှုနှင့် ဆက်သွယ်ချက်များရှိနေသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသော မွတ်စလင် ၂၀ ဦးသည် စီရင်ချက်ချမည့်အချိန်ကို စောင့်ဆိုင်းရင်း ထောင်တွင်းတွင် ၅ လ နီးပါး ကြာမြင့်ခဲ့ပြီဖြစ်သည်။ ထိန်းသိမ်း ခံထားရသူတချို့အတွက် လိုက်ပါ ဆောင်ရွက်ပေးနေသော ရှေ့နေတဦးက တရားစီရင်မှုသည် မျှတခြင်းမရှိဘဲ လုံလောက် ခိုင်မာသည့် သက်သေအထောက်အထားမဲ့ စွပ်စွဲခြင်းသာဖြစ်သည်ဟု ဆိုသည်။
    ဖမ်းဆီးခံထားရသည့် အမျိုးသား၊ အမျိုးသမီးများသည် တောင်ကြီး၊ ကျောက်ဆည်နှင့် နေပြည်တော်မှ ဖြစ်ပြီး သြဂုတ်လ အတွင်းက မင်္ဂလာဆောင်တခုသို့ သွားရောက်စဉ် ရှမ်းပြည်နယ် ကွန်ဟိန်းမြို့နယ်တွင် အဖမ်းခံခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။
    “သူတို့ကို နိုင်ငံတော်အရေးပေါ် စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (ည) နှင့် ပုဒ်မ ၅ (ဌ) တို့နဲ့ တရားစွဲထားတယ်။ သူတို့က ဘယ် လက်နက်ကိုင် အကြမ်းဖက် အဖွဲ့အစည်းနဲ့မှ အဆက်အသွယ် မရှိပါဘူး။ သူတို့က မင်္ဂလာဆောင်ကို သွားကြတာပါ။ သူတို့က သာမန်ပြည်သူတွေပါ။ ရဲအဖွဲ့က တရားစွဲပေမယ့် လက်နက်ကိုင်အဖွဲ့တခုနဲ့ အဆက်အသွယ် ရှိတယ်လို့ တရားရုံးမှာ သက်သေမပြနိုင်ပါဘူး” ဟု ထိမ်းသိမ်းခံထားရသူ ၁၂ ဦး၏ ရှေ့နေ ဒေါ်ခင်မိုးမိုးက ပြောသည်။
    ပြည်ထဲရေးဝန်ကြီးဌာနမှ ရဲမှူးချုပ် ၀င်းခေါင်က အဆိုပါ တရားခံများသည် အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် ဆက်သွယ်မှုရှိကြောင်း၊ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်ခဲ့သည်ဟု ၎င်းတို့က ၀န်ခံထားကြောင်း RFA သတင်းဌာနသို့ ပြောဆိုထားသည်။
    စွဲချက် ၂ ခုလုံးသည် ထောင်ဒဏ် အများဆုံး ၇ နှစ်အထိ ချမှတ်ခံရနိုင်ကြောင်း သိရသည်။
    “သူတို့တွေကို မျှတစွာ စီရင်မှာ မဟုတ်ဘူးလို့ ကျမ ထင်တယ်။ ထိပ်ပိုင်း အရာရှိတွေကနေပြီးတော့ တောင်ကြီး တရားရုံးကို ဘယ်လို အပြစ်ပေးရမယ်ဆိုတာ ညွှန်ကြားချက် ပေးထားတယ်လို့ ကျမယုံကြည်ပါတယ်” ဟု ရှေ့နေ ဒေါ်ခင်မိုးမိုးက ပြောသည်။
    မွတ်စလင် အယောက် ၂၀ လုံးသည် မြန်မာနိုင်ငံသားများ ဖြစ်ကြပြီး တချို့သည် လက်ရှိ အာဏာရပါတီ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင်များ ဖြစ်ကြသည်ဟု သူတို့၏ ရှေ့နေ၏ အဆိုအရ သိရသည်။
    ဖမ်းဆီးခံရသူများကို သြဂုတ်လမှစ၍ မန္တလေးရှိ အကျဉ်းထောင်တခုတွင် ထိန်းသိမ်းထားကြောင်း၊ စုံစမ်းစစ်ဆေးမှုများ ပြုနေစဉ်အတွင်း ချုပ်နှောင်ခံထားရခြင်းနှင့် ပတ်သက်၍ သူတို့၏ ရှေ့နေက ကန့်ကွက်ခဲ့ကြောင်း သိရသည်။
    “ထောင်ဆိုတာက ပြစ်ဒဏ်ချခံရသူတွေ အတွက်ပါ။ သူတို့တွေဟာ အပြစ်ရှိကြောင်း အခုချိန်အထိ မပြနိုင်သေးပါဘူး။ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေစဉ်မှာ သူတို့ကို ထောင်ထဲမှာ မထားသင့်ပါဘူး” ဟု ဒေါ်ခင်မိုးမိုးက ပြောသည်။
    မိသားစုများနှင့် တွေ့ဆုံခွင့်ပြုရန်ကိုလည်း ထောင်အာဏာပိုင်များက ငြင်းပယ်ခဲ့သည်ဟု သူကဆိုသည်။ အမျိုးသမီး ၄ ဦး နှင့် အမျိုးသား ၁၆ ဦး ပါဝင်သည့် ၎င်းတို့ အဖွဲ့ကို အကြိမ် ၂၀ မျှ ရုံးထုတ်စစ်ဆေးခဲ့ပြီး ဖြစ်သည်ဟုလည်း သိရသည်။
    အမှုစစ်ဆေးကြားနာတိုင်း ၉၆၉ အဖွဲ့မှ ဘုန်းတော်ကြီးများ လာရောက်နားထောင်ကြပြီး သူ့ကိုလည်း Facebook တွင် ၉၆၉ အဖွဲ့ဝင်တဦးက ခြိမ်းခြောက်ခဲ့သည်ဟု ဒေါ်ခင်မိုးမိုးက ပြောသည်။
    “ရုံးထုတ်တိုင်း သူတို့လာပြီး အင်အားပြကြတယ်။ အမှုစစ်ဆေးနေချိန်မှာ ဆိုရင် ရုံးရှေ့မှာ စောင့်နေကြတယ်။ တခါတလေ ကျရင် ပြဿနာဖန်တီးဖို့အတွက် သူတို့ အင်အားပြခဲ့ကြတယ်။ တရားခံတွေရဲ့ မိသားစုတွေကို အကြောင်းကိစ္စမရှိဘဲ တရားရုံးကို မလာဖို့ ကျမပြောထားရတယ်” ဟု သူက ဆက်ပြောသည်။
    ရခိုင်ပြည်နယ်တွင် လူမျိုးရေးဆိုင်ရာ တင်းမာမှုများ ရှိနေသည်။ ၂၀၁၂ ခုနှစ် နှစ်လယ်ပိုင်းမှ စတင်ခဲ့သည့် ဗုဒ္ဓဘာသာဝင်နှင့် မွတ်စလင်များအကြား ပဋိပက္ခများကြောင့် လူ ၂၀၀ ကျော် သေဆုံးခဲ့ရသည်။ နောက်ဆုံး ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခမှာ ယခုနှစ် ဇူလိုင်လအတွင်း မန္တလေးမြို့တွင်ဖြစ်ပြီး ၂ ရက်ကြာ ပဋိပက္ခကာလအတွင်း ဗုဒ္ဓဘာသာဝင် တဦးနှင့် မွတ်စလင်တဦး အသတ်ခံခဲ့ရသည်။
    The Irrawaddy အင်္ဂလိပ်ပိုင်းမှ Lawi Weng ၏ 20 Muslims Facing Trial on Terrorism Charges ကို ဘာသာပြန်ဆိုသည်။
    ဓါတ်ပုံ အညွှန်း- မန္တလေးထောင်ကို အပေါ်စီးမှ မြင်ရစဉ် (ဓာတ်ပုံ – Steve Tickner / ဧရာဝတီ)
    ဧရာဝတီမှ ကူးယူဖော်ပြသည်။
    http://burma.irrawaddy.org/news/2014/12/10/68343.html
    ဆက်စပ်သတင်းများ ဖတ်ရန်။
    —————————-
    အကြမ်းဖက် အဖွဲ့တွေနဲ့ ဆက်စပ်တယ်လို့ စွဲဆိုထားတဲ့ တောင်ကြီးက အမှုအခြေအနေ (ဆက်သွယ်မေးမြန်းချက် အသံဖိုင်)
    https://soundcloud.com/bbcburmese/daw_khin_moe_moe_8_dec
    တောင်ကြီးမှာ ဖမ်းခံထားရတဲ့ မွတ်စလင်၂၀ဦး အကြောင်း ၄င်းတို့ ရှေ့နေနှင့်တွေ့ဆုံခန်း
    http://www.m-mediagroup.com/news/32824
  • မြန်မာ မိန်းကလေး မုဒိန်းကျင့်ခံရပြီး အသတ်ခံရဟု လုပ်ကြံ လှုံ့ဆော်ရေးသားမှုကို ၉၆၉ မီဒီယာနှင့် ဦးနေမျိုးဝေတို့မှ ထပ်ဆင့်ဖြန့်ချိနေ
    မြန်မာ မိန်းကလေး မုဒိန်းကျင့်ခံရပြီး အသတ်ခံရဟု လုပ်ကြံ လှုံ့ဆော်ရေးသားမှုကို ၉၆၉ မီဒီယာနှင့် ဦးနေမျိုးဝေတို့မှ ထပ်ဆင့်ဖြန့်ချိနေ
    ဒီဇင်ဘာ ၁၀ ၊ ၂၀၁၄
    M-Media
    သီဟ
    ဘရာဇီးတွင် ဖြစ်ပွားခဲ့သည့် မုဒိန်းမှု သတင်းအား မလေးရှားတွင် မြန်မာ မိန်းကလေး မုဒိန်းကျင့်ခံရပြီး အသတ်ခံရဟု လုပ်ကြံ လှုံ့ဆော်ရေးသားမှုကို ၉၆၉ မီဒီယာနှင့် ဦးနေမျိုးဝေတို့မှ ထပ်ဆင့်ဖြန့်ချိနေ
    969
    ယခုရက်ပိုင်းအတွင်း မလေးရှားနိုင်ငံ ကိုတာဘာရူး နယ်မြေတွင် မြန်မာ မိန်းကလေး တစ်ယောက်အား ဘင်္ဂလီများမှ မုဒိန်းကျင့်ကာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း သတင်းတပုဒ် ဓါတ်ပုံများဖြင့် ဆိုရှယ်မီဒီယာ ထပ်တွင် ပြန့်နှံ့လျက်ရှိပါတယ်။
    အဆိုပါသတင်းမှာ လုပ်ကြံထားသော သတင်းသာဖြစ်ပြီး အဖြစ်မှန်မှာ ဘရာဇီးနိုင်ငံ မြောက်ပိုင်း ရှိ Pará ပြည်နယ် Parauapebas တွင် အသက် ၁၃ နှစ် အရွယ် Barbara Pereira Lira ဆိုသည့် မိန်းကလေးငယ် မုဒိန်းကျင့်ခံရပြိး ရက်စက်စွာ သတ်ခံရသည့် သတင်းဖြစ်ကြောင်းကို ဘရာဇီး အင်တာနက် သတင်းဌာနများရဲ့ ဖော်ပြချက် အရ သိရပါတယ်။
    1513648_1514680782152275_2792950177902476367_n
    အဆိုပါ သတင်းကို လုပ်ကြံပြီး ဆိုရှယ် မီဒီယာများတွင် လူမျိုးရေး ဘာသာရေး မုန်းတီးမှုများဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိပါတယ်။
    Nay Myo Wai
    ဦးနေမျိုးဝေ၊ ၉၆၉ မီဒီယာ နှင့် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မ.ဘ.သ) အမည်ဖြင့် သတင်းများ ထုတ်ပြန်သည့် ဆိုရှယ်မီဒီယာ စာမျက်နှာများတွင်  နိုင်ငံတော် ဖွဲ့စည်း အုပ်ချူပ်ပုံ အခြေခံ ဥပဒေ၊ တည်ဆဲ ဥပဒေများ ကို ဆန့်ကျင့်ဖောက်ဖျက်ပြီး မတူညီသော လူမျိုး၊ ဘာသာဝင်များအကြား အမုန်းပွားစေရန် လှုံ့ဆော်သည့် သတင်းနှင့် ဓါတ်ပုံများ အမြောက်အများဖြန့်ချိ လုပ်ဆောင်နေသော်လည်း သက်ဆိုင်ရာ အုပ်ချူပ်ေ၇း အာဏာပိုင်များနှင့် သက်ဆိုင်ရာ နိုင်ငံတော် သံဃာနာယက အဖွဲ့များမှ တားဆီး အရေးယူခြင်း တစုံတရာမ၇ှိသေးပါ။
    ဖြစ်ရပ်မှန် သတင်းဓါတ်ပုံ မူရင်းလင့်ခ်များ
    ———————————————-
    http://www.portilhoonline.com.br/giro-de-noticias-adolescente-de-13-anos-foi-estuprada-e-brutalmente-assassinada/
    http://ariquemes.yesmania.com.br/noticia/2014/11/27/adolescentes-de-13-anos-e-estuprada-e-morta-apos-marca-encontro-pelo-whatsapp.html
    လှုံဆော်ဝါဒဖြန့်နေသည့် လင့်ခ်များ
    —————————————
    https://www.facebook.com/permalink.php?story_fbid=358855590952845&id=332951146876623
    https://www.facebook.com/nay.kamar.9/posts/1504317993166207
  • ဂျူဗင်တပ်စ်၊ မိုနာကိုတို့ နောက်တစ်ဆင့်တက်၊ ဘေဆယ် သမိုင်းသစ် ရေးတဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံး ပွဲစဉ်များ
    ဂျူဗင်တပ်စ်၊ မိုနာကိုတို့ နောက်တစ်ဆင့်တက်၊ ဘေဆယ် သမိုင်းသစ် ရေးတဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံး ပွဲစဉ်များ
    ဒီဇင်ဘာ ၁၀၊ ၂၀၁၄
    M-Media
    – ချန်ပီယံလိဂ် ပထမ အုပ်စုလေးခုရဲ့ အုပ်စုနောက်ဆုံးပွဲတွေကို ဒီနေ့မနက်မှာ ကစားခဲ့ပြီး ဂျူဗင်တပ်စ်၊ မိုနာကို၊ ဘေဆယ်တို့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ရီးယဲလ်က ရာနှုန်းပြည့်နိုင်ပွဲနဲ့ မှတ်တမ်းကောင်းတစ်ခု ရခဲ့ပြီး လီဗာပူးလ်တို့ကတော့ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အဆိုးဝါးဆုံး အခြေအနေနဲ့ အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရပါတယ်။
    အုပ်စု A
    ဂျူဗင်တပ်စ် ၀-၀ အက်သလက်တီကို
    အိုလံပီယာကော့စ် ၄-၂ မာလ်မို
    2193843_w2
    အိမ်ကွင်းမှာကစားခဲ့တဲ့ ဂျူဗင်တပ်စ်တို့ သရေတစ်မှတ် ယူနိုင်ခဲ့တာကြောင့် အုပ်စုဒုတိယနဲ့ နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အိမ်ရှင်တို့ အသာရခြင်းတော့ မရှိပါဘူး။ အက်သလက်တီကိုက ဖိအားပေးနိုင်ခဲ့ပြီး ဂိုးသွင်းခွင့် အချို့ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့်သာ အနိုင်မရခဲ့တာပါ။ ဒီပွဲသရေဟာ ဥရောပပွဲတွေမှာ ဂျူဗင်တပ်စ်ရဲ့ အိမ်ကွင်း ၁၀ ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်းကို ရရှိစေခဲ့ပြီး အက်သလက်တီကိုကတော့ ၅ ပွဲဆက်နိုင်ပွဲ ရပ်တန့်ခဲ့ပါတယ်။
    ဂျူဗင်တပ်စ်သာ ရှုံးခဲ့ရင် နောက်တစ်ဆင့်တက်နိုင်တာကြောင့် အိုလံပီယာကော့စ်တို့ အိမ်ကွင်းမှာ ကြိုးစားကစားခဲ့ပြီး ဂိုးပြတ်သွင်းကာ အနိုင် ၃ မှတ်ကိုလည်း ရရှိယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အုပ်စု တတိယနဲ့သာ ကျေနပ်ခဲ့ရပြီး ယူရိုပါလိဂ်မှာပဲ ၀င်ပြိုင်ရပါတော့မယ်။
    အုပ်စု B
    လီဗာပူးလ် ၁-၁ ဘေဆယ်
    ရီးယဲလ် ၄-၀ လူဒိုဂိုးရက်စ်
    2193653_w2
    နောက်တစ်ဆင့်တက်ရေးအတွက် အနိုင်ရဖို့လိုနေတဲ့ လီဗာပူးလ်တို့ အနိုင်မရခဲ့တဲ့အပြင် မရှုံးအောင် အသည်းအသန်ကစားခဲ့ရပါတယ်။ ဒီပွဲမှာ ဘေဆယ်တို့ အံ့သြဖွယ်ခြေစွမ်းပြခဲ့ပြီး ၂၅ မိနစ်မှာပဲ ဖရိုင်းက ဦးဆောင်ဂိုး သွင်းပေးခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုမှာလည်း ဘေဆယ်ကပဲ အသာရခဲ့ပြီး လီဗာပူးလ်ကတော့ စွဲမက်ဖွယ်ကစားပုံ မရှိခဲ့ပါဘူး။ မိနစ် ၆၀ မှာ မာကိုဗစ် အထုတ်ခံလိုက်ရတာက လီဗာပူးလ်အတွက် ပိုပြီး ဆိုးရွားစေခဲ့ပါတယ်။ အိမ်ရှင်တို့အတွက် သိက္ခာဆယ်ဂိုးကိုတော့ ၈၁ မိနစ်မှာ ဂျရတ်က သွင်းပေးခဲ့တာပါ။ ဘေဆယ်က ဒီပွဲသရေကြောင့် ၇ မှတ်နဲ့ ဒုတိယနေရာရပြီး ရီးယဲလ်နဲ့အတူ နောက်တစ်ဆင့် တက်သွားခဲ့ပါတယ်။
    2193696_w2
    ရီးယဲလ်ကတော့ အိမ်ကွင်းမှာ သက်တောင့်သက်သာ ကစားသွားခဲ့ပြီး ချန်ပီယံလိဂ် ရာနှုန်းပြည့် နိုင်ပွဲမှတ်တမ်းကို ရယူနိုင်ခဲ့ပါတယ်။ ဂိုးတွေကိုတော့ ရော်နယ်ဒို၊ ဘေးလ်၊ အာဘီလိုအာနဲ့ မီဒရန်တို့က သွင်းယူပေးခဲ့တာပါ။ ရီးယဲလ်တို့အဖို့ ပြိုင်ပွဲအားလုံးမှာ ၁၉ ပွဲဆက်တိုက် နိုင်ပွဲရခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် အုပ်စုပွဲ ၆ ပွဲစလုံးအနိုင်ရတဲ့ ၆ သင်းမြောက် အသင်းလည်း ဖြစ်လာပါတယ်။
    အုပ်စု C
    မိုနာကို ၂-၀ ဇင်းနစ်
    ဘင်ဖီကာ ၀-၀ လေဗာကူဆင်
    ခံစစ်ပိုင်း အကောင်းဆုံးစွမ်းဆောင်ရည်နဲ့အတူ မိုနာကိုတို့ အိမ်ကွင်းမှာ အနိုင်ကစားပြီး နောက်တစ်ဆင့်ကို အုပ်စုပထမနေရာနဲ့ တက်ရောက်နိုင်ခဲ့ပါတယ်။ ဇင်းနစ်ကလည်း အနိုင်ရရင် နောက်တစ်ဆင့်တက်နိုင်မှာဖြစ်လို့ ကြိုးစားကစားခဲ့ပေမယ့် ဂိုးသွင်းခွင့် မယ်မယ်ရရတော့ ရရှိခဲ့ခြင်း မရှိပါဘူး။ မိုနာကိုအတွက် နောက်တစ်ဆင့် တက်စေမယ့် ဂိုးတွေကိုတော့ အက်ဘ်ဒီနောရ်နဲ့ ဖာဘင်ဟိုတို့က ၆၃ မိနစ်နဲ့ ၈၉ မိတို့မှာ သွင်းယူပေးခဲ့တာပါ။ ဇင်းနစ်တို့ကတော့ ယူရိုပါလိဂ် ၀င်ခွင့်နေရာနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။
    ပြီးခဲ့တဲ့ပွဲကတည်းက နောက်တစ်တက်ရောက်နိုင်ခဲ့တဲ့ လေဗာကူဆင်အတွက် ဒီပွဲဟာ အုပ်စု ပထမ၊ ဒုတိယ အတွက်သာဖြစ်ပြီး အခွင့်အရေးအချို့ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် သရေကျပြီး အုပ်စုဒုတိယနဲ့ နောက်တစ်ဆင့်တက်ခဲ့ပါတယ်။
    အုပ်စု D
    ဒေါ့မွန် ၁-၁ အန်ဒါလက်ခ်ျ
    ဂါလာတာစာရေး ၁-၄ အာဆင်နယ်
    2193814_w2
    ဒေါ့မွန်နဲ့ အာဆင်နယ် နှစ်သင်းစလုံး နောက်တစ်ဆင့်ကို တက်ပြီးသားဖြစ်လို့ ဒီပွဲဟာ ဒီနှစ်သင်းအတွက် အုပ်စု ပထမ၊ ဒုတိယ နေရာအတွက်သာ ဖြစ်ခဲ့ပါတယ်။ အာဆင်နယ်ကတော့ ပရီးမီးယားလိဂ်အရှုံးအတွက် ဒီပွဲမှာ ပေါက်ကွဲပြခဲ့ပြီး ပထပိုင်းမှာပဲ ၃ ဂိုးပြတ်ခဲ့ပါတယ်။ အာဆင်နယ်အတွက် ဂိုးတွေကိုတော့ ခြေစွမ်းမပြနိုင်တဲ့အတွက် ဝေဖန်ခံနေရတဲ့ တိုက်စစ်မှူး ပိုဒေါစကီးက ၂ ဂိုးနဲ့ ရမ်ဆေးက ၂ ဂိုး သွင်းပေးခဲ့တာပါ။ ဒေါ့မွန်ကတော့ အန်ဒါလက်ခ်ျနဲ့ ၁ ဂိုးစီ သရေကျခဲ့တာကြောင့် အာဆင်နယ်နဲ့ ၁၃ မှတ်စီ အမှတ်တူခဲ့ပြီး ဂိုးကွာခြားချက်အရ ဒေါ့မွန်တို့ အုပ်စုပထမနဲ့ နောက်တစ်ဆင့် တက်ခဲ့ပါတယ်။