News @ M-Media

Blog

  • Cold Lake မှ အိမ်နီးချင်းကောင်း ပီသသူများကို ကျေးဇူးတင် အခမ်းအနား ကနေဒါ မွတ်စလင်များ ပြုလုပ်

    Cold Lake မှ အိမ်နီးချင်းကောင်း ပီသသူများကို ကျေးဇူးတင် အခမ်းအနား ကနေဒါ မွတ်စလင်များ ပြုလုပ်

    နိုဝင်ဘာ ၂၈ ၊ ၂၀၁၄
    M-Media
    25-10-14_Canadians-Scrub-Hate-Messages-off-Mosque
    – ဗလီဝတ်ကျောင်းအား လူရမ်းကားများက ဖျက်ဆီးခဲ့သော်လည်း အိမ်နီးချင်းကောင်းပီသစွာ ပြန်လည်ပြုပြင်ကာ ရပ်တည်ပေးခဲ့သည့် Cold Lake ပြည်သူများ၏ အပြုအမူအတွက် ကျေးဇူးတုံ့ပြန်သည့် အခမ်းအနားတစ်ခုကို ကနေဒါ မွတ်စလင်များက ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။

    အဆိုပါအခမ်းအနားကို Cold Lake ဗလီဝတ်ကျောင်းတော်မှ ဦးဆောင်ကာ အဆိုပါမြို့ရှိ Enery ခန်းမတွင် နိုဝင်ဘာ ၂၃ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြို့သူမြို့သားများ၊ တော်ဝင်ကနေဒါ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ Cold Lake မြို့တော်ဝန်နှင့် ခရစ်ယာန် ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

    `Clod Lake ဟာ အကောင်းဆုံး ကနေဒါနိုင်ငံသားတွေရဲ့ အမှတ်အသားပါပဲ။ ကျေးဇူး အထူးတင်ရှိပါတယ်။ ခင်ဗျားတို့ဟာ ကျွန်တော်တို့ရဲ့ အိမ်နီးချင်း အစစ်ပါပဲ´ ဟု ကနေဒါ အစ္စလာမ့်မစ် ဖောင်ဒေးရှင်းဥက္ကဌ ဒေါက်တာ ဂျမားလ် ဘာဒါဝီက ပြောကြားခဲ့သည်။

    25-10-14_Canadians-Scrub-Hate-Messages-off-Mosque

    MAC Islamic Cnetre ဟု အမည်ပေးထာသည့် Cold Lake ဗလီဝတ်ကျောင်းတော်ကို အောက်တိုလအတွင်းတွင် လူရမ်းကားများက ၀င်ရောက်ကာ မှန်များ၊ တံခါးများကို ရိုက်ချိုးဖျက်ဆီး၍ နံရံများတွင်လည်း အမုန်းစကား ဂရက်ဖစ်တီများကို ရေးသားခဲ့ကြသည်။

    သို့သော်လည်း ထိုအဖြစ်အပျက် ဖြစ်ပွားပြီး နောက်တစ်နေ့တွင် Cold Lake မြို့သူမြို့သားများက လာရောက်ကာ အဆိုပါ ဗလီဝတ်ကျောင်း၏ ပျက်စီးမှုများကို ပြင်ဆင်ပေးခဲ့ပြီး၊ ဂရက်ဖစ်တီများကိုလည်း ဖျက်ပေးခဲ့ကြသည်။

    `မကြာသေးမီက ကျွန်တော်တို့ ဗလီဝတ်ကျောင်းတော်မှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်အတွက် ကျွန်တော်တို့မြို့က လူ့အဖွဲ့အစည်းရဲ့ တုံ့ပြန်မှုကို ကျေးဇူးတင်တဲ့အနေ့နဲ့ ကျွန်တော်တို့ဟာ ဒီလိုအခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်ပြီး Cold Lake က ချီးကျူးဂုဏ်ပြုထိုက်တဲ့ ပြည်သူအားလုံးကို ကြိုဆိုခဲ့ပါတယ်´ ဟု အဆိုပါ အခမ်းအနားကို ကျင်းပခဲ့သည့် Cold Lake ဗလီဝတ်ကျောင်းတော်မှ အခမ်းအနားစီစဉ်သူတစ်ဦးက ပြောကြားခဲ့သည်။

    ဘာဒါဝီကမူ ယဉ်ကျေးမှုစုံလင်သော မိမိတို့ လူ့အသိုင်းအ၀ိုင်း အန္တရာယ်ကင်းရေးအတွက် ပတ်ဝန်းကျင်လူ့အဖွဲ့အစည်းများ၌ စုပေါင်းတာဝန်ရှိမှုကိုလည်း ထောက်ပြ ပြောဆိုသွားခဲ့သည်။

    `ဘယ်သူမဆို သူ့ရဲ့ အသိုင်းအ၀ိုင်းကို နာကျင်အောင် မလုပ်ရပါဘူး။ ဒီအမြင်ဟာ ကမ္ဘာတစ်ခုလုံးကို တိုးချဲ့ရောက်ရှိသွားမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ပြီးတော့ အားလုံးဟာ အတူတူပဲဖြစ်တာမို့ လူသားအားလုံးကို စောင့်ရှောက်ဖို့လည်း ပါဝင်ပါတယ်။ ဒါဟာ အယူအဆ တစ်ခုမဟုတ်ပါဘူး။ ကုရ်န်အာန်က ရှင်းရှင်းလင်းလင်းပြောထားတဲ့ အရာပါပဲ။ တကယ်လို့ လူတစ်ယောက်က အခြားသူတစ်ယောက်ရဲ့ အသက်ကို ကယ်တင်မယ်ဆိုရင် လူသားအားလုံးရဲ့ အသက်ကို ကယ်တင်တာနဲ့ အတူတူပဲလို့ သွန်သင်ထားပါတယ်´ ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    25-1-14_Jamal-badawi-Muslims-Thank-Alberta-City-for-Support

    မျှဝေခြင်း

    ထို့ပြင် ဘာဒါဝီမှာ အစ္စလာမ်နှင့်ပတ်သက်၍ မိမိတို့ နိုင်ငံသားများအား မျှဝေအသိပေးရန်နှင့် မိမိတို့အပေါ် ထားရှိခဲ့သည့် ကြင်နာမှုများကို ပြန်လည်တုံ့ပြန်ရန်အတွက်လည်း မွတ်စလင်များကို တိုက်တွန်းခဲ့သည်။

    `အစ္စလာမ်အပေါ် မှားယွင်းတဲ့အမြင်တွေနဲ့ ပတ်သက်ပြီး မှန်ကန်အောင်လုပ်ပေးဖို့၊ ပညာပေးဖို့နဲ့ လူတွေကိုအသိပေးဖို့ ကျွန်တော်တို့ မဖြစ်မနေ လုပ်ဆောင်ရပါမယ်´ ဟု ၎င်းက ဆိုသည်။

    Colde Lake မွတ်စလင်များကလည်း မိမိတို့အနေဖြင့် ထိုတိုက်တွန်းမှုကို အကောင်အထည် ဖော်သွားမည်ဟု ကတိပေးခဲ့သည်။

    `ကျွန်တော်တို့ သာသနာရဲ့ တန်ဖိုးတွေကို မျှဝေခြင်းနဲ့အတူ ကျွန်တော်တို့ဆီက လူ့အဖွဲ့အစည်းနဲ့ နားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှု တံတားတွေကို ခိုင်မြဲအောင်တည်ဆောက်ဖို့က ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ပါပဲ´ ဟု Cold Lake ဗလီဝတ်ကျောင်းတော်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    အဆိုပါဗလီဝတ်ကျောင်းတော်အား ဖျက်ဆီးမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသော်လည်း ယခုအချိန် သံသယရှိသူများအား ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။

    ကနေဒါ၏ ၃၂.၈ သန်းသော လူဦးရေတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူများမှာ ၂.၈ ရာခိုင်နှုန်းရှိပြီး ခရစ်ယာန်သာသနာပြီးနောက် အစ္စလာမ်မှာ နိုင်ငံ၏ ဒုတိယ ယုံကြည်ကိုးကွယ်မှုအများဆုံး အယူဝါဒလည်းဖြစ်သည်။

    ဆက်စပ် ဆောင်းပါးနှင့် သတင်းများဖတ်ရန်
    ———————————————
    အမုန်းတရားများ မပြန့်ပွားစေရန် ကနေဒါရှိ မွတ်စလင်နှင့် မွတ်စလင် မဟုတ်သူများ အပြန်အလှန် ဆောင်ရွက်နေ

    အမုန်းတရားများ မပြန့်ပွားစေရန် ကနေဒါရှိ မွတ်စလင်နှင့် မွတ်စလင် မဟုတ်သူများ အပြန်အလှန် ဆောင်ရွက်နေ

    ကနေဒါ လွှတ်တော်အတွင်း ပစ်ခတ်မှုအပေါ် ကနေဒါပြည်သူတို့  ရင့်ကျက်တဲ့ တုန့် ပြန်ချက်များ

    ကနေဒါ လွှတ်တော်အတွင်း ပစ်ခတ်မှုအပေါ် ကနေဒါပြည်သူတို့  ရင့်ကျက်တဲ့ တုန့် ပြန်ချက်များ

  • အစာငတ်ခံ ဆန္ဒပြသူ ဗင်နီဇွဲလား အကျဉ်းသားများ ဆေးအဆိပ်သင့်၍ သေဆုံး

    အစာငတ်ခံ ဆန္ဒပြသူ ဗင်နီဇွဲလား အကျဉ်းသားများ ဆေးအဆိပ်သင့်၍ သေဆုံး

    နိုဝင်ဘာ ၂၈ ၊ ၂၀၁၄
    M-Media

    2014112745138554734_20
    အကျဉ်းသားများ၏ မိသားစုဝင်များ

    – ထောင်အတွင်း အခြေအနေများကို မကျေနပ်သောကြောင့် အစာငတ်ခံ ဆန္ဒပြကြသည့် ဗင်နီးဇွဲလားထောင် တစ်ခုမှ အကျဉ်းသားများမှာ ဆေး အဆိပ်သင့်၍ သေဆုံးခဲ့ကြသည်ဟု သိရသည်။

    လာရာပြည်နယ်တွင်ရှိပြီး ယူရီဘာနာအကျဉ်းထောင်ဟုခေါ်သည့် အဆိုပါထောင်တွင် အကျဉ်းသားများမှာ ထောင်အာဏာပိုင်များ၏ လူမဆန်သော ဆက်ဆံမှုများ ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အင်္ဂါနေ့က စတင်ကာ အစာငတ်ခံ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

    အာဏာပိုင်များကမူ အကျဉ်းသားများမှာ ဆရာဝန် ညွှန်ကြားသောဆေးကို သောက်ရာမှ ဆေးအဆိပ်ဖြစ်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ သို့သော်လည်း အကျဉ်းသားများမှာ ဆေးတစ်မျိုး၊ တစ်မျိုးထက်ပိုသော ဆေးများကို မည်ကဲ့သို့ သောက်သုံးခဲ့သည်ကို ရှင်းရှင်းလင်း မသိရသေးပေ။

    အစိုးရမဟုတ်သည့် ဗင်နီဇွဲလား အကျဉ်းထောင်စောင့်ကြည့်ရေးအဖွဲ့ကမူ ထောင်ထဲတွင် အနည်းဆုံး ၁၄ ဦးသေဆုံးခဲ့ပြီး ဆေးရုံအရောက်တွင် ၄ ဦး ထပ်မံသေဆုံး ခဲ့သည်ဟု ပြောကြားခဲ့သည်။

    ဗင်နီဇွဲလား အကျဉ်းထောင်ဝန်ကြီး အိုင်းရစ် ဗရီလာကမူ ထိုသို့ဖြစ်ပွားမှုမှာ အကျဉ်းသားများ ဆေးသောက်သုံးမှု မလျော်ကန်ခြင်းကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ၎င်း၏ Twitter စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

    AFP

  • တရုတ်နိုင်ငံတွင် ၂ ရက်အတွင်း ဒုတိယမြောက် ကျောက်မီးသွေး တွင်းပေါက်ကွဲမှု ၁၁ ဦးသေ

    တရုတ်နိုင်ငံတွင် ၂ ရက်အတွင်း ဒုတိယမြောက် ကျောက်မီးသွေး တွင်းပေါက်ကွဲမှု ၁၁ ဦးသေ

    နိုဝင်ဘာ ၂၇ ၊ ၂၀၁၄
    M-Media
    2014112764115143734_20
    – တရုတ်နိုင်ငံ တောင်ပိုင်း ဂွီဇူးပြည်နယ်တွင် ယနေ့နံနက် အစောပိုင်းက ကျောက်မီးသွေးမိုင်းတွင်းတစ်ခု ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ပေါက်ကွဲသည့်မိုင်းတွင်းမှာ ဆွန်ဟီမြို့ရှိ ဆွန်လင်းမိုင်းတွင်းဖြစ်ပြီး ထိုမိုင်းတွင်းတွင် မိုင်းလုပ်သား ၁၉ ဦး အလုပ်လုပ်ကိုင်နေကာ ကျန်သည့် ၈ ဦး၏ အခြေအနေကို မသိရသေးဘဲ ပေါက်ကွဲရခြင်း အကြောင်းအရင်းများကိုလည်း စုံစမ်းနေသည်ဟု တရုတ်မီဒီယာများက ဖော်ပြခဲ့သည်။

    နိုင်ငံအရှေ့မြောက်ပိုင်း လီယိုနင်းပြည်နယ်တွင်လည်း ယမန်နေ့နံနက်ပိုင်းက ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုကြောင့် အနည်ဆုံး ၂၄ ဦး သေဆုံးခဲ့ရပြီး အခြားသူများမှာလည်း ဆိုးရွားသည့် မီးလောင်ဒဏ်ရာများ ရရှိခဲ့သည်။

    တရုတ်နိုင်ငံ၏ကျောက်မီးသွေးတွင်းများ၌ အန္တရာယ်ကင်းရှင်းရေး တိုးတက်လာပြီး သေဆုံးမှုများ နည်းပါလာသောသော်လည်း ကမ္ဘာပေါ်တွင် အန္တရာယ်အရှိဆုံး ကျောက်မီးသွေးတွင်းများအဖြစ် ဆက်လက်ရှိနေသည်။

    ပြီးခဲ့သည့်နှစ်က တရုတ်နိုင်ငံတစ်ဝှမ်း မိုင်းတွင်းများနှင့် ပတ်သက်သည့် မတော်တဆမှု ၅၈၉ ခုကြောင့် လူပေါင်း ၁၀၄၉ ဦး ပျောက်ဆုံး၊ သေကြေခဲ့ကြသည်။ သို့သော်လည်း ထိုအရေအတွက်မှာ ၂၀၁၄ ခုနှစ်ကထက် ၂၄ ရာခိုင်နှုန်း လျော့ကျခဲ့သည်။

    AFP

  • ရသင့်သည့် ခံစားခွင့်မရ၍ သုဘရာဇာများ အီဘိုလာဖြင့် သေဆုံးသည့် အလောင်းများကို လမ်းပေါ်၌ လွှင့်ပစ်

    ရသင့်သည့် ခံစားခွင့်မရ၍ သုဘရာဇာများ အီဘိုလာဖြင့် သေဆုံးသည့် အလောင်းများကို လမ်းပေါ်၌ လွှင့်ပစ်

    နိုဝင်ဘာ ၂၇ ၊ ၂၀၁၄
    M-Media
    2014920232920246734_20
    – အီဘိုလာ ကူးစက်ကာ သေဆုံးသူများအား တာဝန်ယူကိုင်တွယ်ရသော်လည်း ထိုက်တန်သော အကျိုးခံစားခွင့် မပေးသည့် အစိုးရအား ဆန္ဒပြသည့်အနေဖြင့် ဆီရာလီယွန် နိုင်ငံမှ သုဘရာဇာများမှာ အီဘိုလာကြောင့် သေဆုံးသွားသော အလောင်းများအား လမ်းမပေါ်တွင် စွန့်ပစ်ထားကြသည်ဟု သိရသည်။

    နိုင်ငံအရှေ့ပိုင်း ကီနီမာမြို့တစ်ဝှမ်း နိုင်ဝင်ဘာ ၂၅ ရက်နေ့က အလောင်းပေါင်း ၁၅ လောင်းကို စွန့်ပစ်ခဲ့ကြခြင်းဖြစ်ပြီး ဆေးရုံးသို့ ၀င်ရောက်လာသူများအား တားဆီးရန်အတွက် ဆေးရုံ အ၀င်အ၀တွင် အလောင်း ၂ လောင်းအား စွန့်ပစ်ထားခဲ့ကြသည်။ ထိုဒေသ၏ အီဘိုလာကာကွယ်ရေး အဖွဲ့ခေါင်းဆောင် အဘ်ဒူလ် ၀ါဟဘ်ကမူ ထိုကဲ့သို့ စွန့်ပစ်ထားသည့် အလောင်းများတွင် လသား ကလေးအလောင်း ၂ လောင်းလည်း ပါဝင်သည်ဟု ပြောကြားခဲ့သည်။

    ဆန္ဒပြအလုပ်သမားများမှ အမည်မဖော်လိုသည့် ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကမူ ၎င်းတို့မှာ အီဘိုလာရောဂါသည်များအား ကိုင်တွယ်ရသည့်အတွက် ရရှိသော ငွေကြေး အကျိုးခံစားခွင့်ကို မရသည်မှာ ၇ ပတ်ရှိသွားပြီဟု ထည့်သွင်းပြောကြားခဲ့သည်။

    အာဏာပိုင်းများကလည်း စန္ဒာလများ၏ အကျိုးခံစားခွင့်အား ပေးအပ်ခြင်းမရှိသည်ကို ၀န်ခံခဲ့သော်လည်း ၎င်းတို့အားလုံးအား အလုပ်ထုတ်ပစ်မည်ဟု ပြောကြားခဲ့သည်။

    `အလောင်းတွေကို လူမြင်ကွင်းမှာ စွန့်ပစ်တာဟာ အင်မတန် လူမဆန်တဲ့လုပ်ရပ်ဖြစ်ပြီး လုံးဝ လက်မခံနိုင်စရာပါပဲ´ ဟု နိုင်ငံလုံးဆိုင်ရာ အီဘိုလာ ကာကွယ်ရေးစင်တာမှ ပြောရေးဆိုခွင့်ရှိသူ ဆီဒီ ယဟ်ယာက ပြောကြားခဲ့သည်။

    ထို့ပြင် ၎င်းက ဗဟိုအစိုးရမှာ ထိုပိုက်ဆံများကို ချပေးပြီး အဆိုပါ ပိုက်ဆံများ မည်သည့်နေရာသို့ ရောက်သွားသည်ကို စုံစမ်းရန်လိုအပ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    Agencies

  • သြစတေးလျ ခရစ်ကတ် အကျော်အမော် ဘောလုံးမှန်၍ သေဆုံး

    သြစတေးလျ ခရစ်ကတ် အကျော်အမော် ဘောလုံးမှန်၍ သေဆုံး

    နိုဝင်ဘာ ၂၇ ၊ ၂၀၁၄
    M-Media
    phil-hughes
    – ပြည်တွင်း  ခရစ်ကတ် ပြိုင်တစ်ခုတွင် ဦးခေါင်းအား ခရစ်ကတ် ဘောလုံး ထိမှန်ခဲ့သည့် သြစတေးလျ ခရစ်ကတ် ကစားသမားမှာ ယနေ့တွင် သေဆုံးခဲ့သည်ဟု သိရသည်။

    အသက် ၂၅ နှစ်အရွယ် ဖီးလစ်ဟုဂ်ျဆိုသူဖြစ်ပြီး အင်္ဂါနေ့က ကစားခဲ့သောပွဲတွင် ထိုကဲ့သို့ ထိခိုက်မိခဲ့ခြင်းဖြစ်ကာ ဆစ်ဒနီဆေးရုံ၌ ခွဲစိတ်ကုသပြီးနောက် ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

    သြစေတးလျခရစ်ကတ် အသင်း၏ ဆရာဝန်ဖြစ်သူ ပီတာ ဘရန်ကာကမူ ဖီးလစ်မှာ ၎င်း၏ ၀ဲဘက်နောက်နားတွင် ခရစ်ကတ်ဘောလုံး ထိမှန်ခဲ့ပြီးနောက် သတိလစ်သွားခဲ့ပြီး လုံးဝ သတိပြန်လည်လာခြင်း မရှိတော့ဟု ပြောကြားခဲ့သည်။

    AP_HUGHES_141127_DG_16x9_992

    `ဖိလစ်ဟုဂ်ျဟာ ခုနကပဲ ကွယ်လွန်သွားတယ်ဆိုတာကို ကျွန်တော်တို့ ၀မ်းနည်းစွာနဲ့ အသိပေး အကြောင်းကြားပါတယ်။ ကွယ်လွန်ချိန် သူနားမှာ မိသားစုတွေ၊ အရင်းနှီးဆုံး မိတ်ဆွေတွေ ရှိနေတာကြောင့် သူဟာ နာကျင်မှာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ခရစ်ကတ်အသိုင်းအ၀ိုင်းကလည်း သူ့ကို ဆုံးရှုံးလိုက်ရတဲ့အတွင် ၀မ်းနည်းမိပြီး ဖိလစ်ရဲ့ မိသားစု၊ သူငယ်ချင်းတွေအားလုံးကိုလည်း အရမ်း ကိုယ်ချင်းစာပါတယ်´ဟု သြစတေးလျ ခရစ်ကတ် ၀ဘ်ဆိုက်တွင် ဖော်ပြထားသော ကြေညာချက်တွင် ဘရန်ကာက ပြောကြားခဲ့သည်။

    ဖိလစ်၏ ကစားဖော်များ၊ မိတ်ဆွေများနှင့် ပရိတ်သတ်များကလည်း ဆိုရှယ်မီဒီယာများတွင် ဖီလစ်ကွယ်လွန်ခြင်းအတွက် ၀မ်းနည်းကြောင်း ရေးသားဖော်ပြခဲ့ကြသည်။

    ဖိလစ်မှာ သြစတေးလျတွင် နာမည်ကြီး အားကစားသမားတဦးဖြစ်ပြီး သြစတေးလျအသင်း အတွက် တစ်ပွဲထဲတွင် အမှတ် ၂၀၀ ကျော်ရအောင် စွမ်းဆောင်ပေးနိုင်သော အသက်ငယ်ဆုံး ကစားသမားလည်း ဖြစ်သည်။