News @ M-Media

Blog

  • ပရိတ်သတ်များ၏ လုပ်ရပ်အတွက် စပါးအား ယူအီးအက်ဖ်အေ တရားစွဲ

    ပရိတ်သတ်များ၏ လုပ်ရပ်အတွက် စပါးအား ယူအီးအက်ဖ်အေ တရားစွဲ

    နိုဝင်ဘာ ၃၀ ၊ ၂၀၁၄
    M-Media
    659601_heroa

    – ကြာသာပတေးနေ့က ကစားခဲ့သည့် ယူရိုပါလိဂ် ပါတီဇန်အသင်းနှင့်ပွဲတွင် ပရိတ်သတ်များ၏ အပြုအမူများနှင့် ပတ်သက်၍ ယူအီးအက်ဖ်အေက စပါးအသင်းအား တရားစွဲဆိုလိုက်သည်ဟု သိရသည်။

    စပါးအသင်းက ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သော အဆိုပါပွဲ၏ ပထမပိုင်းတွင် စပါးအသင်းပရိတ်သတ် ၃ ဦးမှာ ကွင်းအတွင်းသို့ ၀င်ရောက်နှောက်ယှက်ခဲ့ပြီး ပွဲအား သုံးကြိမ်အထိ ရပ်နားခဲ့ရသည်။

    `နိုဝင်ဘာ ၂၇ ရက်နေ့က လန်ဒန်မှာကစားခဲ့တဲ့ ယူရိုပါလိဂ် အုပ်စု C စပါးနဲ့ ပါတီဇန်တို့ပွဲ ပြီးတဲ့နောက် စည်းကမ်းထိးန်းသိမ်းမှုဆိုင်ရာ တရားစွဲဆိုမှုကို လုပ်ဆောင်ခဲ့ပါတယ်။ ထိုအမှုနဲ့ပတ်သက်ပြီး စည်းကမ်းထိန်းသိမ်းရေးကော်မတီက ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ကြားနာသွားမှာပါ´ ဟု ယူအီးအက်ဖ်အေက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    စပါအသင်းကလည်း ကွင်းအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသူများကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း ၎င်း၏တို့ Twitter စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

    `အချက်အလက်အားလုံးကို ရရှိပြီးသွားတဲ့အခါ တတ်နိုင်သမျှ နောက်ဆုံးရ သတင်းတွေကို ဖော်ပြပေးသွားပါမယ်။ လုံးဝလက်မခံနိုင်စရာဖြစ်တဲ့ အပြုအမူကနေ အနှောက်အယှက်ဖြစ်ခဲ့ရတဲ့အတွက် ပရိတ်သတ်များအားလုံးကို တောင်းပန်ပါတယ်´ ဟု စပါးအသင်းက ရေးသားခဲ့သည်။

    ပါတီဇန်အား အနိုင်ရခဲ့သည့် စပါးမှာ ယူရိုပါလိဂ် ရှုံးထွက်အဆင့်သို့ တက်ရောက် သွားပြီဖြစ်သည်။

  • ထုတ်ပယ်ခံရရန် မိမိက ရေးပန်အစားဆုံးဟု လီဗာပူးလ်နည်းပြ ရော်ဂျာဆို

    ထုတ်ပယ်ခံရရန် မိမိက ရေးပန်အစားဆုံးဟု လီဗာပူးလ်နည်းပြ ရော်ဂျာဆို

    နိုဝင်ဘာ ၃၀ ၊ ၂၀၁၄
    M-Media
    654821_heroa
    – ရာသီအစကတည်းက ကြုံတွေ့ခဲ့ရသော အသင်း၏ ရလဒ်ဆိုးများကြောင့် မိမိမှာ ထုတ်ပယ်ခံရရန် ရေပန်းအစားဆုံး နည်းပြဖြစ်နေသည်ဟု လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက ၀န်ခံပြောကြားလိုက်သည်။

    ပြီးခဲ့သည့်နှစ်က ပုံစံကောင်းများပြကာ ပရီးမီးယားလိဂ်ဆုဖလားနှင့် လက်တစ်ကမ်းအကွာသို့ ရောက်ရှိခဲ့သည့် လီဗာပူးလ်မှာ ယခုနှစ်တွင် ခြေစွမ်းပျောက်ဆုံးနေပြီး ၁၂ ပွဲကစားပြီးချိန်တွင် အဆင့် ၁၂ သို့ ရောက်ရှိနေသည်။ ထို့ပြင် ချန်ပီယံလိဂ်တွင်လည်း နောက်တစ်ဆင့်တက်ရန် အုပ်စုနောက်ဆုံးပွဲ၌ ရုန်းကန်ရဖွယ်ရှိနေသည်။

    `လွန်ခဲ့တဲ့လ အနည်းငယ်တုန်းကတော့ ကျွန်တော်ဟာ တစ်နှစ်တာအကောင်းဆုံး နည်းပြပါ။ ဒါပေမယ့် ဒီကနေ့မှာတော့ ထုတ်ပယ်ခံရဖို့ ထိပ်ဆုံးကပြေးနေတဲ့နည်းပြ ဖြစ်နေပါတယ်။ ကျွန်တော်တို့ထိန်းချုပ်နိုင်တာနဲ့ ပတ်သက်ပြီး အာရုံစိုက် လုပ်ဆောင်သွားရမှာပါ´ ဟု ရော်ဂျာက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အနေဖြင့် ရလဒ်ဆိုးများပေါ်တွင်သာ စွမ်းလမ်းနေရမည်မဟုတ်ဘဲ လက်ရှိ ပစ္စုပ္ပန်ကို အာရုံစိုက်ရမည်ဖြစ်ကြောင်း၊ အချိန်အများကြီးရှိသေးပြီး ပရီးမီးယားလိဂ်တွင် မိမိတို့၏ ရည်ရွယ်ချက်မှာ အဆင့် ၄ အတွင်းဝင်ရန်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ရော်ဂျာကို ပြီးခဲ့သည့်မေလကမှ လီဗာပူးလ်က နှစ်ရှည်သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားခြင်းဖြစ်သည်။

  • မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် နယ်စပ် လုံခြုံရေး အတွက်  သြစတြေးလျ ကူညီမည်

    မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် နယ်စပ် လုံခြုံရေး အတွက် သြစတြေးလျ ကူညီမည်

    နိုဝင်ဘာ ၃၀ ၊ ၂၀၁၄
    M-Media

    610x392x7.-border-trade-pic.gif.pagespeed.ic.ORQrk0Tbe4
    တရုတ်-မြန်မာ နယ်စပ် ဂိတ်တခု (Photo: The Irrawaddy)

    – မြန်မာနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းများနှင့် နယ်စပ်ဒေသများ ထိန်းချုပ်ရေးလုပ်ငန်းများ တောင့်တင်းရန်အတွက် မြန်မာအစိုးရအား ကူညီသွားမည်ဟု သြစတြေးလျက ကြေညာလိုက်သည်။

    နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာအရ  ၅ နှစ်တာကြာမြင့်မည့် အကူအညီပေးရေး အစီအစဉ်အတွင်း အုပ်ချုပ်ရေး၊ လေ့ကျင့်သင်ကြားရေးနှင့် ဖွံဖြိုးတိုးတက်ရေး၊ နည်းပညာနှင့် စနစ်များ အပါအ၀င် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသ စီမံခန့်ခွဲရေး တိုးတက်စေရန် သြစတြေးလျက ကူညီပေးသွာမည် ဖြစ်သည်။

    နိုင်ငံခြား ခရီးသွားများအတွက် အီလက်ထရောနစ် ဗီဇာ ထုတ်ပေးရေး အပါအ၀င် အဆိုပါ အစီအစဉ်တွင် ပါဝင်သော အစိတ်အပိုင်းအချို့ကို အကောင်အထည်ဖော်ပြီးဖြစ်သည်။

    `ကျွန်တော်တို့ရဲ့ နယ်စပ်ကို ခြိမ်းခြောက်မှုတွေဟာ ကြီးထွားလာပြီး၊ လူကုန်ကူးမှု၊ အကြမ်းဖက်ဝါဒနဲ့ နိုင်ငံပေါင်းစုံက လူတွေပါဝင်တဲ့ ရာဇ၀တ်မှု စတာတွေကို တန်ပြန်တွန်းလှန်ဖို့ ဒေသတွင်း ပူးပေါင်းရေးနည်းလမ်းဟာ အရေးပါပါတယ်´ ဟု သြစတြေးလျ လူဝင်မှုကြီးကြပ်ရေး ၀န်ကြီး စကော့ မော်ရစ်ဆန်က အောက်တိုဘာ ၂၉ ရက်နေ့တွင် ထုတ်ပြန်သော ကြေညာချက်၌ ပြောကြားခဲ့သည်။

    အဆိုပါ ဆောင်ရွက်မှုမှာ မြန်မာနိုင်ငံသို့ ခရီးသွားများ ၀င်ရောက်မှု တိုးမြှင့်လာခြင်းနှင့် ပတ်သက်၍ အထောက်အကူဖြစ်စေမည်ဖြစ်ပြီး နိုင်ငံအတွင်း ၀င်ရောက်နေထိုင်ခွင့် လိုအပ်ချက်များ ကိုက်ညီမှုကို တိုးမြှင့် စစ်ဆေးနိုင်မည်ဖြစ်သည်။

    `ဒေသတွင်းက နယ်စပ်တွေဟာ ပိုမိုလုံခြုံမယ်ဆိုရင် သြစတေးလျရဲ့ နယ်စပ်ဟာလည်း ပိုမိုလုံခြုံပါလိ့မ်မယ်´ ဟု မော်ရစ်ဆန်က ထည့်သွင်းပြောကြားခဲ့သည်။

    Source:AAP
  • တူရကီရှိ သမိုင်းဝင် အပြာရောင် ဗလီဝတ်ကျောင်းတော် တွင် ပုပ်ရဟန်းမင်းကြီးဖရန်စစ် ဆုတောင်း ပတ္တနာပြု

    တူရကီရှိ သမိုင်းဝင် အပြာရောင် ဗလီဝတ်ကျောင်းတော် တွင် ပုပ်ရဟန်းမင်းကြီးဖရန်စစ် ဆုတောင်း ပတ္တနာပြု

    နိုဝင်ဘာ ၂၉ ၊ ၂၀၁၄
    M-Media
    20141129123050335734_20
    – တူရကီနိုင်ငံသို့ ၃ ရက်ကြာ အလည်အပတ်ခရီး ရောက်ရှိနေသည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မှာ နာမည်ကြီး အပြာရောင် ဗလီဝတ်ကျောင်းတော်တွင် အစ္စတန်ဘူလ် မွဖ်သီကြီးနှင့်အတူ ဆုတောင်း ပတ္တနာ ပြုခဲ့သည်ဟု သိရသည်။

    ပုပ်ရဟန်းမင်းကြီးမှာ ၁၇ ရာစုကတည်းက တည်ဆောက်ထားခဲ့သည့် ဆူလ်တန်အဟ်မတ် ဗလီဝတ်ကျောင်းတော်တို့ စနေနေ့နံနက်က သွားရောက်ခဲ့ပြီး ဗလီဝတ်ကျောင်းတော်အတွင်း ဦးခေါင်းကိုညွှတ်၍ လက်နှစ်ဖက်ကို ယှက်ကာ ၂ မိနစ်ခန့် ငြိမ်သက် ဆုတောင်းခဲ့သည်။ ထိုသို့ဆုတောင်းခြင်းမှာ အစ္စလာမ်သာသနာအား လေးစားသမှုကိုပြရန်နှင့် အယူဝါဒနှစ်ခုအကြား ပိုမိုခိုင်မာစွာ ဆက်ဆံမှုကို အားပေးရန် ရည်ရွယ်ခြင်းလည်း ဖြစ်သည်။

    `ဘုရားသခင် လက်ခံတော်မူပါစေ´ ဟု အစ္စတန်ဘူလ်မွဖ်သီကြီး ရဟ်မီ ယာရန်က ပုပ်ရဟန်းမင်းကြီး ဆုတောင်းပတ္တနာပြုမှု အပြီးတွင် ပြောကြားခဲ့သည်။

    ထိုကဲ့သို့ ဆုတောင်းပတ္တနာပြုခြင်းမတိုင်ခင် မွဖ်သီကြီးမှာ အပြာရောင် မျက်နှာကျက်များနှင့် အစီအရီရှိနေသော အမိုးခုံးများကြောင့် အပြာရောင်ဗလီဝတ်ကျောင်းတော်ဟု ကျော်ကြားသည့် အဆိုပါဗလီဝတ်ကျောင်းတော် ပရ၀ုဏ်အတွင်း ပုပ်ရဟန်းမင်းကြီးအား လှည့်လည်ပြသခဲ့သည်။

    411782332

    ထို့နောက် ပုပ်ရဟန်းမင်းကြီးမှာ ဘိုင်ဇန်တိုင်း အင်ပါယာလက်ထက်က ခရစ်ယာန်ဘုရားကျောင်းအဖြစ် ရှိခဲ့ပြီး ယခုတွင် ပြတိုက်ဖြစ်နေသည့် ဟာ့ဂ်ဟီယာ ဆိုဖီယာ ပြတိုက်ကိုလည်း သွားရောက်လည်ပတ်ခဲ့ကာ အဆိုပါပြတိုက်အပြင်ဘက်၌ တူရကီပြည်သူများက တူရကီအလံနှင့် ဗာတီကန်အလံတို့ကို ဝှေ့ယမ်း၍ ပုပ်ရဟန်းမင်းကြီးအား ကြိုဆိုခဲ့ကြသည်။

    ပုပ်ရဟန်းမင်းကြီးမှာ စနေနေ့နှောင်းပိုင်းတွင် တူရကီရှိ ခရစ်ယာန်အော်သိုဒေါ့စ် အသင်းတော် အကြီးအကဲ ဘာသိုလိုမွေနှင့် တွေ့ဆုံမည်ဖြစ်သည်။

    ရဟန်းမင်းများ၏ လုပ်ပိုင်ခွင့်နှင့်ပတ်သက်၍ အမြင်မတူကြသောကြောင့် ကက်သလစ်အသင်းတော်နှင့် အော်သိုဒေါ့စ်အသင်းတော်အဖြစ် ၁၀၅၄ ခုနှစ်တွင် ကွဲသွားခဲ့ကြခြင်းဖြစ်သည်။

    Agencies

  • ကမ္ဘာ့ အကောင်းဆုံးဆု က ဘောလုံးလောကအား ပျက်ဆီးစေသည်ဟု မော်ရင်ဟိုဆို

    ကမ္ဘာ့ အကောင်းဆုံးဆု က ဘောလုံးလောကအား ပျက်ဆီးစေသည်ဟု မော်ရင်ဟိုဆို

    နိုဝင်ဘာ ၂၉ ၊ ၂၀၁၄
    M-Media
    635821_heroa
    – ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု Ballon d’Or ဆုမှာ ဘောလုံးလောကကို ပျက်ဆီးစေပြီး ထိုဆုက အသင်းလိုက်ကစားချင်းထက် တစ်ဦးချင်းအစွမ်းပြမှုကို ပိုမိုဖြစ်ပေါ်စေကာ မိမိအသင်း၌ လိုချင်သော အရာမဟုတ်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    ထိုဆုအား ရရှိရန် ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုက ရေပန်းစားနေပြီး ယူအီးအက်ဖ်အေ ဥက္ကဌပလာတီနီမှာ ပြီးခဲ့သည့် ရက်ပိုင်းကပင် အဆိုပါဆုအား ဂျာမနီအသင်းမှ ကစားသမား တစ်ဦး ရရှိသင့်သည်ဟု ပြောကြားခဲ့သည်။ ထိုကိစ္စနှင့်ပတ်သက်၍ ရီးယဲလ်က ကြေညာချက်ထုတ်ကာ ဝေဖန်ခဲ့ပြီး နည်းပြ အန်ဆယ်လော့တီကလည်း ဝေဖန်ခဲ့သည်။

    မော်ရင်ဟိုကမူ ထိုကဲ့သို့ ကတောက်ကဆတ်ဖြစ်မှုမျာကို မိမိတို့အသင်းမှ ရှောင်ရှားလိုပြီး Ballon d’Or ဆုမှာလည်း ဘောလုံးလောကအတွက် အကျိုးမရှိဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

    `Ballon d’Or လိုမျိုး ဆုဖလားဟာ ဘောလုံးလောကအတွက် မကောင်းပါဘူး။ ဒါ့ကြောင့် ကျွန်တော် အဲဒါကို စိတ်မ၀င်စားတာပါ။ တစ်ခါတစ်လေမှာ ဒီဆုက ကျွန်တော်တို့ စူပါစတားတွေကို ရှာသလိုပါပဲ။ အခြားသူတွေထက်သာတဲ့ လူအချို့ကို ရှာတာပါ။ ဒါက ကျွန်တော်တို့အသင်းမှာ မရှိစေချင်တဲ့ ယဉ်ကျေးမှုမျိုးပါ´ ဟု မော်ရင်ဟိုက သတင်းထောက်များအား ပြောကြားခဲ့သည်။

    လက်ရှိထုတ်ပြန်ထားသော စကာတင်စာရင်းတွင် ချယ်ဆီးမှ ဖာဘရီဂက်စ်နှင့် ဟဇာ့ဒ်တို့ ပါဝင်နေပြီး မော်ရင်ဟိုကမူ ၎င်း၏ကစားသမားများမှာ ထိုဆုအတွက် စိတ်မ၀င်စားဘဲ အသင်းအတွက်သာ စိတ်ဝင်စားကြကြောင်း၊ ပွဲများ အနိုင်ရရှိရန်အတွက် ကြိုးစားကြကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    အင်တာမီလန်အသင်းအား ဖလားသုံးလုံးရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သော မော်ရင်ဟိုမှာ ၂၀၁၀ ခုနှစ်က Ballon d’Or ဆု ချီးမြှင့်ပွဲအခမ်းအနားအနားတွင် အကောင်းဆုံး နည်းပြဆုကို ရရှိခဲ့သူဖြစ်သည်။