News @ M-Media

Blog

  • စီးရီးအေ ထိပ်တန်း ဂိုးသွင်းသူဖြစ်ချင်ဟု ၉ ပွဲ ကစားပြီး ၁ ဂိုးသာသွင်းသေးသည့် တောရက်စ်ဖွင့်ဟ

    စီးရီးအေ ထိပ်တန်း ဂိုးသွင်းသူဖြစ်ချင်ဟု ၉ ပွဲ ကစားပြီး ၁ ဂိုးသာသွင်းသေးသည့် တောရက်စ်ဖွင့်ဟ

    နိုဝင်ဘာ ၂၅ ၊ ၂၀၁၄
    M-Media
    472101_heroa
    – မိမိအနေဖြင့် ရာသီအကုန်တွင် စီးရီးအေ၏ ထိပ်တန်း ဂိုးသွင်းရှင် ဖြစ်ချင်ပြီး အသင်းမှာလည်း ဥရောပ ထိပ်တန်းအသင်း တစ်သင်း ဖြစ်လာမည်ဟု အေစီမီလန် တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်က ပြောကြားလိုက်သည်။

    ချယ်ဆီးမှ အငှားဖြင့် သြဂုတ်လတွင် အေစီမီလန်သို့ ရောက်ရှိလာသည့် တောရက်စ်မှာ ချယ်ဆီး၌ ကစားသကဲ့သို့ပင် ရုန်းကန်နေရပြီး အသင်းနှင့် ၉ ပွဲကစားကာ ၁ ဂိုးသာ သွင်းယူပေးထားနိုင်သည်။

    သို့သော်လည်း ၎င်းကမူ အသင်းအတွက် ပိုမိုကြီးမားသော ကူညီမှုမျိုးကို ဆောင်ရွက်မည်ဟု ပြောကြားခဲ့ပြီး အသင်း၏ ဂိုးသွင်းခွင့် ဖန်တီးမှုအတွက် မစိုးရိမ်ဟုလည်း ဆိုသည်။

    “တကယ်လို့ ပွဲဟာ ဂိုးမရှိ သရေကျတယ်ဆိုပေမယ့် ကျွန်တော်တို့ အခွင့်အရေး ငါးကြိမ်လောက် ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ လက္ခဏာပါပဲ။ ကျွန်တော်တို့ ဂိုးသွင်းခွင့် ဖန်တီးသင့်တာထက် ပိုမိုနည်းပါးစွာ ဖန်တီးနိုင်ခဲ့တဲ့ပွဲတွေဟာ နည်းနည်းပဲရှိပါတယ်။ ဒါပေမယ့် အခုအချိန်ဟာ ရှေ့ဆက်ဖို့ ကျွန်တော်တို့အပေါ် မူတည်နေတဲ့အချိန်ပါပဲ” ဟု တောရက်စ်က Gazzetta dello Sport သတင်းစာသို့ ပြောကြားခဲ့သည်။

    ယခုလက်ရှိတွင် စီးရီးအေ ဂိုးအများဆုံးသွင်းထားသူများမှာ ကားလို့စ်တီဗက်ဇ်နှင့် ဂျိုဆေး ကဲလီဂျွန်တို့ဖြစ်ပြီး ၇ ဂိုးစီ အသီးသီး သွင်းယူထားသည်။

  • ကျောင်းသား ၄၃ ဦး လူဆိုးဂိုဏ်း လက်အပ်ရန် အမိန့်ပေးခဲ့သည့် မက္ကဆီကို ရဲတပ်ဖွဲ့ အကြီးအကဲကို ဖမ်းဆီး

    ကျောင်းသား ၄၃ ဦး လူဆိုးဂိုဏ်း လက်အပ်ရန် အမိန့်ပေးခဲ့သည့် မက္ကဆီကို ရဲတပ်ဖွဲ့ အကြီးအကဲကို ဖမ်းဆီး

    နိုဝင်ဘာ ၂၅ ၊ ၂၀၁၄
    M-Media
    safe_image.php
    – ပြီးခဲ့သည့်လက ပညာရေးကောလိပ်မှ ကျောင်းသား ၄၃ ယောက် ပြန်ပေးဆွဲခံရကာ အသတ်ခံရမှုနှင့် ပတ်သက်၍ ဒေသတွင်း ရဲတပ်ဖွဲ့အကြီးအကဲတစ်ဦးအား ဖမ်းဆီးလိုက်သည်ဟု မက္ကဆီကို အာဏာပိုင်များက ပြောကြားလိုက်သည်။

    ကိုကူလာရဲဌာနမှ လက်ထောက်ဒါရိုက်တာဟောင်း ဆီဇာ နာဗာ ဂွန်ဇာလက်ဆိုသူဖြစ်ပြီး အဆိုပါ ကျောင်းသားများ ပျောက်ဆုံးသွားသည့် စက်တင်ဘာလ ကတည်းက ထွက်ပြေးနေသူဖြစ်သည်။

    နာဗာမှာ မူးယစ်ဂိုဏ်းများ၏ ရာဇ၀တ်မှုများကို ဆန့်ကျင်ကြသော အဆိုပါ ကျောင်းသားများအား ဖမ်းဆီးကာ မူးယစ်ဂိုဏ်းသားများ လက်ထဲသို့ လွှဲအပ်ရန် အီဂွာလာ ရဲစခန်းအား အမိန့်ပေးခဲ့သည်ဟု တရားသူကြီးများက ပြောကြားခဲ့သည်။

    ထိုသို့လွှဲအပ်ခဲ့ပြီးနောက် မူးယစ်ဂိုဏ်းသားများက အဆိုပါကျောင်းသားများအား သတ်ဖြတ်ကာ မီးရှို့အလောင်းဖျောက်ခဲ့ကြသည်။ ထိုပြစ်မှုတွင် ပါဝင်ခဲ့သည့် အီဂွါလာ ရဲတပ်ဖွဲ့အကြီးအကဲကိုမူ ဖမ်းဆီးရမိခြင်း မရှိသေးပေ။

    နာဗာအား ဖမ်းဆီးရမိကြောင်းကို သေဆုံးသွားသော ကျောင်းသားများ၏ မိသားစုများအား တရားရုံးက ပြီးခဲ့သည် သောကြာနေ့တွင် အကြောင်းကြားခဲ့သည်။

    အဆိုပါ ကျောင်းသား ၄၃ ဦးမှာ ကျောင်းကားဖြင့် ခရီးသွားနေစဉ် စက်တင်ဘာ ၂၆ ရက်နေ့က ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်ပြီး ၎င်းတို့ပျောက်ဆုံးမှုကို ရှာဖွေရာတွင် မူးယစ်ဂိုဏ်းသားများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ကာ မြှုပ်နှံထားသော နေရာများကိုပါ ရှာဖွေတွေ့ရှိခဲ့သည်။

    CNN

  • မက်ဆာချူးဆက်ပြည်နယ် နယူးအင်္ဂလန် ဗလီဝတ်ကျောင်းတော် နှစ် ၅၀ ပြည့် ရွှေရတု အခမ်းအနား ကျင်းပ

    မက်ဆာချူးဆက်ပြည်နယ် နယူးအင်္ဂလန် ဗလီဝတ်ကျောင်းတော် နှစ် ၅၀ ပြည့် ရွှေရတု အခမ်းအနား ကျင်းပ

    နိုဝင်ဘာ ၂၅ ၊ ၂၀၁၄
    M-Media
    22-11-14_New-England-Mosque-Marks-50-Years
    – လျင်မြန်စွာ ကြီးထွားလာသော အမေရိကန် မွတ်စလင် လူ့အဖွဲ့အစည်းအား နှစ်ပေါင်း ၅၀ ကြာ ဦးဆောင်မှုပေးနိုင်ခဲ့သည့် အထိမ်းအမှတ်အဖြစ် အမေရိကန် ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ် နယူးအင်္ဂလန်မှ ဗလီဝတ်ကျောင်းတော်က အခမ်းအနား တစ်ခု ပြုလုပ်ခဲ့သည်ဟု သိရသည်။

    “အစ္စလာမ်ဆိုတာ ပစ်ခတ်၊ လူသတ်၊ ရန်ဖြစ်တဲ့ သာသနာမဟုတ်ပါဘူး။ အစ္စလာမ်ဆိုတာ ISIS နဲ့ အလ်ကိုင်းဒါးတို့လို အတွေးအခေါ်အယူအဆမျိုး မဟုတ်ဘူးဆိုတာကို နောက်မျိုးဆက်ကို ကျွန်တော်တို့ သင်ပေးချင်ပါတယ်။ အစ္စလာမ်ဆိုတာ ငြိမ်းချမ်းရေး သာသနာပါ” ဟု နယူးအင်္ဂလန် ဗလီဝတ်ကျောင်းတော် ဂေါပကအဖွဲ့မှ ဒုတိယဥက္ကဌ အဟ်မဒ် ဘရီကာက ပြောကြားခဲ့သည်။

    အစ္စလာမ်သာသနာ၏ အမည်အား ခုတုံးလုပ်၍ ရာဇ၀တ်မှုများကို ကျူးလွန်နေသည့် စစ်သွေးကြွများနှင့် ပတ်သက်၍ ဘရီကာ၏ အဆိုပါ မှတ်ချက်မှာ နယူးအင်္ဂလန် မွတ်စလင်လူ့အဖွဲ့အစည်းတွင် နှစ်ပေါင်း ၅၀ ကြာ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် နယူးအင်္ဂလန် ဗလီဝတ်ကျောင်းတော်၏ အရေးပါမှုကို ထုတ်ဖော်ပြောဆိုခဲ့သော မိန့်ခွန်း၌ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

    အဆိုပါ ဗလီဝတ်ကျောင်းတော်ကို ၁၉၆၄ ခုနှစ်က တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ထိုမြို့တွင် မွတ်စလင်မိသားစု ၇ စုသာ ရှိခဲ့သည်။ သို့သော်လည်း ယခုတွင် South Shore နှင့် Greater Boston ဒေသတစ်ဝှမ်းအပါအ၀င် အဆိုပါ ဗလီဝတ်ကျောင်တော် အဖွဲ့ဝင် မိသားစုမှာ ၁၀၀၀ ကျော် ရှိလာခဲ့ပြီဖြစ်သည်။

    ထို့ပြင် အဆိုပါ ဗလီဝတ်ကျောင်းတော်မှ ကမကထပြုကာ စာသင်ကျောင်းများ ပါဝင်သည့် ဗလီဝတ်ကျောင်းတော် ၂ လုံးကိုလည်း ထပ်မံ တည်ဆောက်ပေးနိုင်ခဲ့သည်။

    “မွတ်စလင်လူ့အဖွဲ့အစည်းက သိသိသာသာကို တိုးတက်လာပါတယ်။ သူတို့အတွက် အဆင်ပြေအောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်” ဟု ဘရီကာက ထပ်လောင်း ပြောကြားခဲ့သည်။

    တရားဝင်စစ်တမ်းကောက်ယူမှုများ မရှိသော်လည်း အမေရိကန်ပြည်ထောင်စုတွင် အစ္စလာမ်ဘာသာဝင် ၆ သန်းမှ ၈ သန်းရှိသည်ဟု ခန့်မှန်းကြသည်။

    OnIslam

  • မက်ဆီ ရီးယဲလ်ရောက်တော့မှာလား

    မက်ဆီ ရီးယဲလ်ရောက်တော့မှာလား

    နိုဝင်ဘာ ၂၅ ၊ ၂၀၁၄
    M-Media
    626991_heroa
    – ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ အသင်းမှထွက်ခွာရန် ဆုံးဖြတ်ပါက မိမိအနေဖြင့် ခေါ်ယူသွားမည်ဟု ရီးယဲလ်နည်းပြ အန်ဆယ်လော့တီက ပြောကြားလိုက်သည်။

    လက်ရှိရာသီ ပြီးဆုံးသွားပါက မိမိတွင်ရှိနေသည့် ရွေးချယ်မှုများအားလုံးကို စဉ်းစားသွားမည်ဟု မက်ဆီက ဖွင့်ပြောခဲ့ပြီးနောက်ပိုင်း မက်ဆီမှာ ဘာစီလိုနာအသင်းမှ ထွက်ခွာရန် စီစဉ်နေသည်ဟု မီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြသည်။

    ပြီးခဲ့သည့်နှစ်များအတွင်း ဘာစီလိုနာမှ ကစားသမားအချို့ ရီးယဲလ်သို့ ရောက်ရှိသည့် အစဉ်အလာရှိခဲ့ပြီး အန်ဆယ်လော့တီကလည် မက်ဆီအား ခေါ်ယူလိုသည့် ၎င်း၏ ဆန္ဒကို ဖွင့်ဟခဲ့သည်။

    “ရီးယဲလ်မှာ မက်ဆီအံဝင်နိုင်ပါ့မလားဆိုတော့ အရည်အသွေးပြည့်ဝတဲ့ အသင်းအားလုံးမှာ အရည်အသွေးပြည့်ဝတဲ့ ကစားသမားတွေအတွက် နေရာရှိပါတယ်” ဟု သောကြာနေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် အန်ဆယ်လော့တီက ပြောကြားခဲ့သည်။

    အကယ်၍ မက်ဆီသာ ရီးယဲလ်သို့ ရောက်လာပါက ၎င်း၏ ပြိုင်ဘက် ရော်နယ်ဒိုနှင့် တွဲကစားရမည့် အလားအလာ ရှိနေသည်။ မက်ဆီမှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ကို လေးကြိမ်ရရှိထားပြီး ရော်နယ်ဒိုကလည်း ၂ ကြိမ်ရရှိထားကာ ယခုနှစ် ဇကာတင်စာရင်းတွင်လည်း ၎င်းတို့ နှစ်ဦးစလုံး ပါဝင်နေသည်။ သို့သော်လည်း ရော်နယ်ဒိုက ထိုဆုကို ရရှိရန် ပိုမိုရေပန်းစားနေသည်။

  • ဟစ်တလာ လူငယ်ဘဝက ရေးဆွဲခဲ့သည့် ပန်းချီကားလေလံ ဒေါ်လာ ၁ သိန်းကျော်ရ

    ဟစ်တလာ လူငယ်ဘဝက ရေးဆွဲခဲ့သည့် ပန်းချီကားလေလံ ဒေါ်လာ ၁ သိန်းကျော်ရ

    နိုဝင်ဘာ ၂၅ ၊ ၂၀၁၄
    M-Media
    201411231174499734_20
    – ၁၉၁၄ ခုနှစ်က နာဇီခေါင်းဆောင် ဟစ်တလာ ရေးဆွဲခဲ့သည်ဟု ယူဆရသည့် ပန်ချီကားတစ်ချပ်ကို ယူရို ၁၃၀၀၀၀ (ကန်ဒေါ်လာ ၁၆၁၀၀၀) ဖြင့် လေလံတင်ရောင်းချနိုင်ခဲ့သည်ဟု သိရသည်။

    မြူးနစ်မြို့တော်ခန်းမဟောင်း၏ ပုံတူကို ရေဆေးဖြင့် ရေးဆွဲထားသည့် အဆိုပါ ပန်းချီကားကို နိုဝင်ဘာ ၂၂ ရက်နေ့က နုယင်ဘတ်ရှိ Wieder လေလံခန်းမတွင် လေလံတင် ရောင်းချခဲ့ခြင်းဖြစ်သည်။

    Wieder လေလံခန်းမ ဒါရိုက်တာဖြစ်သူ ကက်ကသရင်း ၀ီဒါကမူ အဆိုပါ ပန်းချီကားမှာ တိုက်ကြီးလေးတိုက်မှ ၀ယ်ယူသူများကို ဆွဲဆောင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သော်လည်း လေလံတင်မှု အသေးစိတ်ကိုမူ ပြောကြားခဲ့ခြင်းမရှိချေ။ အဆိုပါ ပန်းချီကားအား ၀ယ်ယူသွားသူမှာ အရှေ့အလယ်ပိုင်းမှ အမည်မဖော်လိုသူတစ်ဦး ဖြစ်သည်။

    “Standesamt und Altes Rathaus Muenchen” ဟု အမည်ပေးထားသည့် အဆိုပါ ပန်းချီကားမှာ ၁၉၀၅ ခုနှစ်မှ ၁၉၂၀ ခုနှစ်အတွင်း လူငယ် ပန်းချီဆရာဘ၀ဖြင့် ရုန်းကန်ခဲ့ရသည့် ဟစ်တလာ၏ လက်ရာ ၂၀၀၀ ကျော်ထဲမှ တစ်ခုဖြစ်သည်ဟု ယူဆကြသည်။

    ကိုယ်ပိုင်ရေးအထုတ်ပတ္တိ Mein Kampf တွင် ဟစ်တလာက လူငယ်ဘ၀တွင် ၎င်း၏ မျှော်လင့်ချက်မှာ ပန်းချီဆရာတစ်ဦးဖြစ်ရန် ဖြစ်ကြောင်း၊ ဗီယင်နာအနုပညာအကယ်ဒမီ၏ အကြိမ်ကြိမ်ငြင်းပယ်မှုကို ခံခဲ့ရကြောင်း ရေးသားခဲ့သည်။

    ကျွမ်းကျင်သူများကမူ ဟစ်တလာ၏ လက်ရာများမှာ အရည်အသွေး ကောင်းမွန်ခြင်းမရှိဘဲ၊ လေလံခန်းမများကမူ နာဇီခေါင်းဆောင်တစ်ဦး၏ အဆိုပါ ပန်းချီကာများအား ရောင်းချရန် ငြင်းဆိုကြသည်။

    နုယင်ဘတ်တွင် ပြုလုပ်ခဲ့သော အဆိုပါလေလံပွဲတွင် ဟစ်တလာ၏ အခြားသော ပန်းချီကား ငါးခုကိုလည်း ရောင်းချခဲ့ရသည်။

    Agencies