News @ M-Media

Blog

  • ၃ ဂိုးပြတ်နိုင်နေရာမှ သရေကျခဲ့သည့် အန်ဒါလက်ခ်ျနှင့် ပွဲအတွက် စိတ်ပျက်မိသည်ဟု  အာဆင်ဝင်းဂါးဆို

    ၃ ဂိုးပြတ်နိုင်နေရာမှ သရေကျခဲ့သည့် အန်ဒါလက်ခ်ျနှင့် ပွဲအတွက် စိတ်ပျက်မိသည်ဟု အာဆင်ဝင်းဂါးဆို

    နိုဝင်ဘာ ၅ ၊ ၂၀၁၄
    M-Media
    555301_heroa
    – ဗုဒ္ဓဟူးနေ့က ကစားခဲ့သည့် အန်ဒါလက်ခ်ျအသင်းနှင့်ပွဲတွင် အသင်း၏ ရလဒ်အတွက် စိတ်ပျက်မိပြီး ဖြုန်းတီးမှု အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသည်ဟု အာဆင်နယ် နည်းပြ အာဆင်ဝင်းဂါးက ပြောကြားခဲ့သည်။

    ထိုပွဲ အနိုင်ရရှိပါက နောက်တစ်ဆင့်သို့ စောစီးစွာ တက်ရောက်နိုင်မည့် အာဆင်နယ်မှာ မိနစ် ၆၀ အထိ ၃ ဂိုးပြတ်ဖြင့် ဦးဆောင်ထားခဲ့သော်လည်း နောက်ပိုင်းတွင် ၃ ဂိုးပြန်ပေးရကာ သရေတစ်မှတ်သာ ရခဲ့သည်။

    “ရလဒ်က သိပ်ကို စိတ်ပျက်စရာကောင်းပါတယ်။ ပထမချေပဂိုးက လူကျွံအနေအထားကနေ ပေးလိုက်ရတဲ့အတွက် ကျွန်တော်တို့ ကံမကောင်းခဲ့ပါဘူး။ နောက်ပြီး (၃ ဂိုးပြတ်နေတဲ့ အချိန်မှာ) ကျွန်တော်တို့အလုပ်ပြီးသွားပြီလို့ထင်ပြီး အာရုံစူးစိုက်မှုလည်း လျော့ခဲ့ပါတယ်။ ပွဲကိုအဆုံးသတ်ဖို့အတွက် ကျွန်တော်တို့ ပြသနာရှိခဲ့ပြီး ခံစစ်ကလည်း ပွဲအစကနေ အဆုံးအထိ ဆိုးရွားခဲ့ပါတယ်” ဟု အာဆင်ဝင်းဂါက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    အာဆင်နယ် ပါဝင်သည့် အုပ်စု D တွင် ဂျာမန်ကလပ် ဒေါ့မွန်အသင်းမှာ ၁၆ သင်းအဆင့်သို့ တက်ရောက်သွားပြီး အာဆင်နယ်မှာ ပွဲစဉ် ၅ တွင် အနိုင်ကစားနိုင်ပါက နောက်တစ်ဆင့်သို့ တက်ရောက်မည်ဖြစ်သည်။

    အန်ဒါလက်ချက်နှင့်ပွဲအတွက် စိတ်ဆိုခြင်း သို့မဟုတ် စိတ်ပျက်ခြင်း ရှိလားဟု မေးမြန်းရာ အာဆင်ဝင်းဂါးက ၂ ခုစလုံးဖြစ်ကြောင်း၊ သို့ရာတွင် အန်ဒါလက်ခ်ျမှာလည်း အသင်းကောင်းတစ်သင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

  • ဂိုအပြန် အလှန်သွင်းမှုတွေနဲ့ အတူ နောက် တစ်ဆင့်တက်တဲ့ ၄ သင်း ပေါ်ထွက်လာခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်များ

    ဂိုအပြန် အလှန်သွင်းမှုတွေနဲ့ အတူ နောက် တစ်ဆင့်တက်တဲ့ ၄ သင်း ပေါ်ထွက်လာခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်များ

    နိုဝင်ဘာ ၆ ၊ ၂၀၁၄
    M-Media

    ချန်ပီယံလိဂ် ကျန်တဲ့ အုပ်စု ၄ ခုရဲ့ အုပ်စု ပွဲစဉ် ၄ ကို ဒီနေ့မနက်မှာ ကစားခဲ့ပြီး ဘိုင်ယန်၊ ဘာစီလိုနာ၊ ပီအက်စ်ဂျီနဲ့ ပေါ်တိုတို့ အနိုင်ရကာ နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင် ခဲ့ပါပြီ။ မန်စီးတီးကတော့ အိမ်ကွင်းမှာ စီအက်စ်ကေအေကို အရှုံးပေးခဲ့ရပြီး၊ ချယ်ဆီးကလည်း မာရီဘိုးကို အဝေးကွင်းမှာ အခွင့်အရေးတွေရခဲ့ပေမယ့် ၁ ဂိုးစီ သရေသာ ကစားနိုင်ခဲ့ပါတယ်။

    အုပ်စု E
    ဘိုင်ယန် ၂-၀ ရိုးမား
    မန်စီးတီး ၁-၂ စီအက်စ်ကေအေ
    2177693_w2
    ပွဲစဉ် ၃ ရောမမြေမှာ ၇ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဘိုင်ယန်တို့ အိမ်ကွင်းမှာလည်း ၂ ဂိုး ပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် လွယ်လွယ်ကူကူ အနိုင်ရခဲ့တာတော့ မဟုတ်ပါဘူး။ ပွဲအစပိုင်းမှာ ရိုးမားတို့ အသာရခဲ့တာကြောင့် အိမ်ရှင်တို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် ၃၈ မိနစ်မှာ ရီဘာရီက အဖွင့်ဂိုး သွင်းပေးနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဘိုင်ယန်တို့ လုံးဝ ပုံစံပြောင်းသွားပြီး ရိုမားမားဘက်ကို ပြန်ဖိအားပေးနိုင်ခဲ့ကာ ၅၄ မိနစ်မှာ ဂေါ့ဇီက ဧရိယာအတွင်းထဲကနေ အပြင်းကန်သွင်းပြီး ဘိုင်ယန်တို့အတွက် ဒုတိယဦးဆောင်ဂိုး သွင်းပေးခဲ့ပါတယ်။ ဒါပေမယ့် ဂါဗင်ဟိုနဲ့ နိုင်ဂိုလန်တို့ရဲ့ အပိုင်ဂိုးသွင်းခွင့် ၂ ကြိမ်ကို နျူအာကာကွယ်နိုင်ခဲ့တာကြောင့် အိမ်ရှင်တို့ သက်သာရာရခဲ့တာပါ။ ဒီနိုင်ပွဲကြောင့် ဘိုင်ယန်ဟာ ချန်ပီယံလိပ်အုပ်စုအဆင့်မှာ အုပ်စုပထမနဲ့ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ ပထမဆုံး ဂျာမန်ကလပ် ဖြစ်လာပါတယ်။
    2177603_w2
    မန်စီးတီးကတော့ အိမ်ကွင်းမှာ ကစားသမား နှစ်ယောက်အထုတ်ခံရမှုနဲ့အတူ စိတ်ပျက်စရာ အရှုံးနဲ့ တွေ့ကြုံခဲ့ရပါတယ်။ ပွဲအစ ၂ မိနစ်မှာပဲ ဒမ်ဘီယာရဲ့ အဖွင့်ဂိုးကို အိမ်ရှင်တို့ ခွင့်ပြုခဲ့ရပါတယ်။ ဒါပေမယ့် ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ခဲ့တဲ့ မန်စီးတီးတို့အတွက် ၈ မိနစ်မှာ ယာယာတိုးယေးက ချေပဂိုး သွင်းပေးခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း မန်စီးတီး ကသာ ဖိကစားနိုင်ခဲ့ပေမယ့် စီအက်စ်ကေအေရဲ့ တန်ပြန်တိုက်စစ်ဟာ အိမ်ရှင်နောက်တန်းကို အကောင်းဆုံး ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ဒီတန်ပြန်တိုက်စစ်ကနေပဲ ၃၄ မိနစ်မှာ ဒမ်ဘီယာက အနိုင်ဂိုးသွင်းပေးခဲ့တာပါ။ ဒုတိယပိုင်း မိနစ် ၇၀ နဲ့ ၈၂ မိနစ်မှာတော့ ဖာနန်ဒင်ဟိုနဲ့ တိုးယေးတို့ အထုတ်ခံခဲ့ရပါတယ်။ အင်္ဂလန်မြေမှာ ပထမဆုံးအနိုင်နဲ့အတူ စီအက်စ်ကေအေတို့ ၄ မှတ်ရခဲ့ပြီး ရိုးမာနဲ့ အမှတ်တူကာ နောက်တစ်ဆင့် တက်ရေးအတွက် မျှော်လင့်ချက်ရှိနေပါတယ်။ မန်စီးတီးကတော့ ၂ မှတ်နဲ့ အောက်ဆုံးမှာပါ။

    အုပ်စု F
    ပီအက်စ်ဂျီ ၁-၀ APOEL
    အေဂျက် ၀-၂ ဘာစီလိုနာ

    ပီအက်စ်ဂျီတို့ကတော့ အိမ်ကွင်းမှာ အေးအေးဆေးဆေး ကစားသွားပြီး ဂိုးသွင်းစက် ကာဗာနီရဲ့ ပွဲအစ ၁ မိနစ် သွင်းဂိုးနဲ့ အနိုင် ၃ မှတ်ရယူကာ နောက်ဆုံး ၃ နှစ်ဆက်တိုက်အဖြစ် နောက် တစ်ဆင့်ကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ကာဗာနီရဲ့ ဒီဂိုးဟာ ပီအက်စ်ဂျီအတွက် ဥရောပပြိုင်ပွဲ အမြန်ဆုံးဂိုးလည်း ဖြစ်ပါတယ်။
    2177900_w2
    အဝေးကွင်းမှာ သွားကစားခဲ့ရတဲ့ ဘာစီလိုနာကလည်း အခက်အခဲမရှိခဲ့ဘဲ မက်ဆီရဲ့ ၃၆ မိနစ်နဲ့ ၇၆ မိနစ်တွေမှာ သွင်းယူပေးခဲ့တဲ့ဂိုးနဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

    အုပ်စု G
    မာရီဘိုး ၁-၁ ချယ်ဆီး
    စပို့တင်းလစ္စဘွန်း ၄-၂ ရှော်လ်ကာ

    2178034_w2
    ပထမအကျော့ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ၆ ဂိုး ပြတ်နဲ့ အနိုင်ယူထားတဲ့ ချယ်ဆီး ဒီနေ့ မနက်ပွဲမှာတေ့ ဟဇာဒ့်ရဲ့ ပင်နယ်တီမ၀င်မှုနဲ့အတူ သရေတစ်မှတ်သာ ရခဲ့ပါတယ်။ ချယ်ဆီးတို့ ခြေအသာနဲ့ ကစားနိုင်ခဲ့ပေမယ့် ဦးဆောင်ဂိုးကိုတော့ အိမ်ရှင် မာရီဘိုးတို့က မိနစ် ၅၀ မှာ ရရှိခဲ့တာဖြစ်ပြီး အီဗရိုင်မီက သွင်းပေးခဲ့တာပါ။ ချယ်ဆီးတို့ကတော့ ဂိုးပေါက် ကန်သွင်းခွင့် ၁၀ ကြိမ်လောက်ရပြီး အပိုင်ဂိုးသွင်းခွင့် ၅ ကြိမ်လောက်ကို မာရီဘိုးဂိုးသမား ဟန်ဒါနိုဗစ်က လက်စွမ်းပြ ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ချယ်ဆီးအတွက် လိုအပ်နေတဲ့ ချေပဂိုးကို မာတစ်က ၇၃ မိနစ်မှာ သွင်းယူပေးခဲ့ပြီး ပွဲပြီးကာနီးမှာ ပင်နယ်တီ တစ်လုံးရခဲ့ပေမယ့် ဟဇာဒ့်ရဲ့ ကန်သွင်းမှုကို ဟန်ဒါနိုဗစ်က အကောင်းဆုံး ကာကွယ်သွားနိုင်ခဲ့တာကြောင့် ချယ်ဆီးတို့ သရေ ၁ မှတ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

    ပေါ်တူဂီမှာကစားခဲ့တဲ့ စပို့တင်းတို့ရဲ့ ပွဲကတော့ မြိုင်ခဲ့ပြီး မန်ယူကွင်းလယ်လူဟောင်း နာနီရဲ့ ခြေစွမ်းပြမှုနဲ့အတူ ရှော်လ်ကာကို အနိုင်ယူနိုင်ခဲ့ပါတယ်။ ဂျာမနီမြေမှာ ကစားတုန်းက ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ရှော်လ်ကာတို့ ဒီပွဲမှာတော့ စပို့တင်းဂိုးပေါက်ကို ၂ ကြိမ်သာ ခြိမ်းခြောက်နိုင်ခဲ့ပြီး ရတဲ့ ၂ ဂိုးမှာလည်း ၁ ဂိုးက ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် ရခဲ့တာပါ။ စပို့တင်းအတွက် ဂိုးတွေကိုတော့ ၂၅၊ ၅၂၊ ၇၂ မိနစ်မှာ ဆာရ်၊ ဂျက်ဖာဆန်၊ နာနီတို့နဲ့ နောက်ဆုံး မိနစ်မှာ ဆလိုင်မာနီကတို့က အသီးအသီး သွင်းယူပေးခဲ့တာပဲဖြစ်ပါတယ်။ ဒီပွဲအနိုင်ကြောင့် ၄ မှတ်ရသွားတဲ့ စပို့တင်း ၅ မှတ်ရထားတဲ့ ရှော်လ်ကာရဲ့အောက် တတိယနေရာမှာ ရှိနေကာ နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက် ရှန်သန်လာပါပြီ။

    အုပ်စု H
    ဘီဘာအို ၀-၂ ပေါ်တို
    ရှက်တာဒိုးနက် ၅-၀ BATE

    ပေါ်တိုကလည်း အဝေးကွင်းမှာ ဘီဘာအိုကို ၂ ဂိုးပြတ်နဲ့ အနိုင်ကစားပြီး ရမှတ် ၁၀ မှတ်နဲ့ နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့ပါပြီ။ ၃ ပွဲကစားပြီး ၁ မှတ်သာရထားတဲ့ ဘီဘာအိုတို့ ကြိုးစားကစားခဲ့ပေမယ့် အရည်အသွေးပိုင်းမှာ ပေါ်တိုကို မယှဉ်နိုင်ခဲ့ဘဲ ပေါ်တိုဂိုးပေါက်ကိုလည်း တစ်ကြိမ်မှ မခြိမ်းခြောက်နိုင်ခဲ့ပါဘူး။ ပေါ်တိုအတွက် ဂိုးတွေကိုတော့ မာတီနက်ဇ်နဲ့ ဘရာဟီမီတို့က ၅၆ နဲ့ ၇၃ မိနစ်တို့မှာ သွင်းယူပေးခဲ့တာပါ။

    ရှက်တာဒိုးနက်ကတော့ အိမ်ကွင်းမှာ အက်ဒရီယာနိုရဲ့ ဟက်ထရစ်နဲ့အတူ ၁၆ သင်းအဆင့်တက်ဖို့ သေချာသလောက်ဖြစ်သွားပြီး နောက်ပွဲမှာ သရေတစ်မှတ်သာလိုပါတော့တယ်။

  • ရှိသမျှပစ္စည်း ထုတ်ရောင်းရတဲ့ ဘဝရောက်နေတဲ့ အင်္ဂလန် ဂိုးသမားဟောင်း ဒေးဗစ်ဂျိမ်းစ်

    ရှိသမျှပစ္စည်း ထုတ်ရောင်းရတဲ့ ဘဝရောက်နေတဲ့ အင်္ဂလန် ဂိုးသမားဟောင်း ဒေးဗစ်ဂျိမ်းစ်

    နိုဝင်ဘာ ၅ ၊ ၂၀၁၄
    M-Media
    1415139299032_wps_31_David_James_with_the_FA_c
    – နုစဉ်အခါက လျှမ်းလျှမ်းတောက်ခဲ့တဲ့ အင်္ဂလန် ဂိုးသမားဟောင်း ဒေဗစ်ဂျိမ်းရဲ့ ၀မ်းနည်းဖွယ် သတင်းတစ်ပုဒ် အခုရက်ပိုင်းအတွင်းမှာ ထွက်လာခဲ့ပါတယ်။

    ဒါကတော့ ဂျိမ်းတစ်ယောက် ဒေ၀ါလီခံပြီး ပိုင်ဆိုင်သမျှ ပစ္စည်းတွေကို လေလံတင် ရောင်းချနေရပြီဆိုတာပါပဲ။

    ပရီးမီးယားလိဂ်အသင်းတွေဖြစ်တဲ့ လီဗာပူးလ်၊ မန်စီးတီး၊ ပို့စ်မောက်တို့မှာ ကစားခဲ့တဲ့ ဂျိမ်းစ်တစ်ယောက် ပရော်ဖက်ရှင်နယ် ကစားသမားဘ၀မှာ လုပ်ခလစာ၊ စပွန်စာ စာချုပ်တွေနဲ့ စုစုပေါင်း ပေါင် သန်း ၂၀ လောက် ပိုင်ဆိုင်ခဲ့တာပါ။

    ဒါပေမယ့် ၂၀၀၅ ခုနှစ်မှာ ငယ်ချစ်နဲ့ ဇာတ်လမ်းပြန်ဆက်ဖို့ ဆယ်စုနှစ် တစ်ခုလောက် ပေါင်းသင်းလာတဲ့ ဇနီးဖြစ်သူ တန်ယာနဲ့ ကွာရှင်းခဲ့ပါတယ်။

    1415142329771_Image_galleryImage_James_Auction_DONE_jpg

    ကွာရှင်းခအဖြစ် ဂျိမ်းစ်က ပေါင် ၃ သန်း ပေးခဲ့ရပြီး အဲဒီအချိန်ကစလို့ ဂိုးသမားကြီးဟာ အကြွေး နွံ့နစ်ခဲ့ကာ အခုအချိန်မှာတော့ သူဝတ်ခဲ့တဲ့ ဂျာစီတွေ၊ စီးခဲ့တဲ့ကားတွေ၊ စပီကာတွေ လျှပ်စစ်လွှတွေ စသဖြင့် ပိုင်ဆိုင်သမျှပစ္စည်း ၁၅၀ ကျော်လောက်ကို လေလံတင်ရောင်းရတဲ့ ဘ၀ကို ရောက်ခဲ့ရပါပြီ။

    နိုဝင်ဘာ ၆ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ www.hilcoind.com မှာ လေလံတင်ရောင်းချမှာဖြစ်တဲ့ ဂျိမ်းစ်ရဲ့ ပစ္စည်းတွေထဲမှာ လမ်းပတ်လက်မှတ်နဲ့ ချယ်ဆီးဂျာစီ၊ ၂၀၁၀ FA ဖလားဗိုလ်လုပွဲမှာ လဲခဲ့တဲ့ ပီတာဆက်ခ်ျရဲ့ ဂျာစီ၊ ဗန်ဒါဆားနဲ့ လဲခဲ့တဲ့ ဟော်လန်ဂျာစီ စသဖြင့် ပါဝင်ပြီး ဘောလုံးနဲ့ မသက်ဆိုင်တဲ့ ပစ္စည်းတွေထဲမှာတော့ ခရမ်းရောင် ဗန်ကား၊ ဒီဂျေ ကိရိယာတစ်ခု၊ အဲလစ်ဇဘက် ဘုရင်မကြီး ပုံပါတဲ့ မတ်ခွက်လည်း ပါဝင်ပါတယ်။

    ref_ Daily Mail

  • နိုင်ငံ မဲ့နေသူတွေ အတွက် လှုပ်ရှားမှု UNHCR စတင်

    နိုင်ငံ မဲ့နေသူတွေ အတွက် လှုပ်ရှားမှု UNHCR စတင်

    141104134549_rohingya_child_304x171_reuters
    ဘယ်နိုင်ငံသား အဖြစ်မှ အသိအမှတ်ပြု မခံရတဲ့၊ ဘယ်နိုင်ငံကူး လက်မှတ်မှ မရှိတဲ့ နိုင်ငံမဲ့ ဖြစ်နေသူတွေရဲ့ အခြေအနေတွေကို ၁၀ စုနှစ် တစ်ခုအတွင်း အဆုံးသတ် နိုင်အောင် ကြိုးစားမယ့် လှုပ်ရှားမှု တရပ်ကို ကုသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီ UNHCR က ဒီကနေ့ စတင် လိုက်ပါတယ်။

    ကုလသမဂ္ဂရဲ့ ခန့်မှန်းချက် အရ ကမ္ဘာတဝန်းမှာ နိုင်ငံမဲ့ ဖြစ်နေတဲ့ လူ ၁၀ သန်း ထက် မနည်း ရှိနေပြီး သူတို့ဟာ ဆေးဝါး ကုသနိုင်ခွင့်၊ ပညာ သင်ကြားခွင့် နဲ့ နိုင်ငံရေး အခွင့်အရေးတွေ တစုံတရာ မရဘဲ ရှိနေကြတယ်လို့ ဆိုပါတယ်။

    နိုင်ငံမဲ့ ဖြစ်နေသူတွေ ထဲမှာ အများအပြားက ဒုက္ခသည် စခန်းတွေထဲမှာ မွေးဖွားခဲ့သူတွေနဲ့ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး ယုံကြည်ချက် တွေကြောင့် မတရား ပြုမူ ဆက်ဆံ ခံနေရတဲ့ မျိုးနွယ်စုတွေက လူတွေ ဖြစ်ပါတယ်။

    သူတို့ရဲ့ နိုင်ငံ ပိုင်နက်ထဲမှာ မွေးဖွားတဲ့ နိုင်ငံမဲ့ ကလေးတွေကို နိုင်ငံသား အဖြစ် သတ်မှတ်ပေးဖို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး Antonio Guterres က အစိုးရတွေကို တိုက်တွန်း လိုက်ပြီး ခွဲခြား ဆက်ဆံမှု နည်းလာတဲ့ နိုင်ငံတွေ အရင်ကထက် ပိုများလာပြီလို့ ပြောပါတယ်။

    မြန်မာနိုင်ငံမှာ နိုင်ငံမဲ့ အများဆုံး ရှိနေပြီး နိုင်ငံသားအဖြစ် သတ်မှတ် မခံရတဲ့ ရိုဟင်ဂျာ တစ်သန်းကျော် ရှိနေတယ်လို့ ဆိုပါတယ်။

    ဓါတ်ပုံ – ဒုက္ခသည် စခန်းမှ နိုင်ငံမဲ့ ကလေးငယ် တစ်ဦး

    BBC (မြန်မာပိုင်း) မှ ကူးယူဖော်ပြသည်။

    http://www.bbc.co.uk/burmese/world/2014/11/141104_stateless_unhcr

  • အမေရိကန်၏ ပလူတိုနီယံ စမ်းသပ်မှုအား ဟီရိုရှီးမားနှင့် နာဂါဆာကီမှ မြို့တော်ဝန်များ ရှုတ်ချ

    အမေရိကန်၏ ပလူတိုနီယံ စမ်းသပ်မှုအား ဟီရိုရှီးမားနှင့် နာဂါဆာကီမှ မြို့တော်ဝန်များ ရှုတ်ချ

    နိုဝင်ဘာ ၅ ၊ ၂၀၁၄
    M-Media

    – ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်တို့၏ နျူကလီးယားဗုံးဒဏ် ခံခဲ့ရသော ဂျပန်နိုင်ငံ ဟီရိုရှီးမားနှင့် နာဂါဆာကီမြို့များမှ မြို့တော်ဝန်များမှ မကြာသေးမီက အမေရိကန်တွင် ပြုလုပ်ခဲ့သည့် ပလူတိုနီယံ စမ်းသပ်မှုအား ရှုတ်ချကြောင် အမေရိကန် သမ္မတ ဘာရက်အိုဘားမားထံသို့ စာပို့ခဲ့သည်ဟု သိရသည်။

    နူကလီးယားလက်နက်များ ထုတ်လုပ်နိုင်သည့် ပလူတိုနီယံသတ္ထုအား အမေရိကန်က စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် စမ်းသပ်ခဲ့ပြီး ထိုသို့စမ်းသပ်မှုက ခွင့်မလွှတ်နိုင်စရာဖြစ်ကာ အိုဘားမားကိုယ်တိုင် ၂၀၀၉ ခုနှစ်က တင်သွင်းခဲ့သည့်နျူလက်နက်ကင်းစင်သည့် ကမ္ဘာကြီးဖြစ်လာရေး အဆိုပြုချက်ကို လက်ခံရန် ခက်ခဲအောင် လုပ်ဆောင်ခြင်းသာဖြစ်သည်ဟု ဟီရိုရှီးမား မြို့တော်ဝန် ကာဇူမီ မတ်ဆူအီက အဆိုပါစာတွင် ရေးသားဖော်ပြခဲ့သည်။

    နာဂါဆာကီ မြို့တော်ဝန် တိုမီဟီစာကမူ ၎င်း၏စာတွင် နျူကီးယားကင်းစင်သော ကမ္ဘာကြီး အမှန်တကယ်ဖြစ်ပေါ်လာအောင် ဆောင်ရွက်ရာတွင် ဦးဆောင်မှုပေးရန် အိုဘားမားအား တိုက်တွန်းထားသည်။ ထို့ပြင် ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ကာရိုလိုင်း ကနေဒီ သို့လည်း ပလူတိုနီယံစမ်းသပ်မှုအတွက် ကန့်ကွက်စာပေးပို့ထားပြီး အဆိုပါ စမ်းသပ်မှုများက နျူလက်နက်များ ဖျက်သိမ်းရန် ကမ္ဘာတစ်ဝှမ်းလုံးမှ ပြည်သူများ၏ အားထုတ်မှုများကို ဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    အမေရိကန်၏ အဆိုပါ ပလူတိုနီယံစမ်းသပ်မှုမှာ နျူလက်နက်များ၏ လုပ်ဆောင်နိုင်စွမ်းနှင့် ပတ်သက်၍ စမ်းသပ်ခြင်းလည်းဖြစ်သည်။

    ref_ ဆင်ဟွာ