News @ M-Media
Blog
  • နေထိုင်မှု ဘ၀ပုံစံများ
    နေထိုင်မှု ဘ၀ပုံစံများ
    နိုဝင်ဘာ ၃ ၊ ၂၀၁၄
    M-Media
    .နှင်းဆီခင် ရေးသည်။
    LIFESTYLE word on arrow pointer
    နေ၀င်က နေထွက် တစ်နေ့တာဘ၀ကို လူတိုင်းဟာ ပုံစံမျိုးစုံနှင့် ကုန်ဆုံးနေကြတယ်။ တချို့ကပညာ၊ တချို့ကတော့ ဥစ္စာ၊ ကျန်တဲ့အချို့ကတော့ ဘ၀နှင့်ပေါ့။ ဒါကလည်း အသက်အရွယ် အပိုင်းအခြားပေါ် မူတည်ပြီး ခေါင်းစဉ်လည်း ကွဲပြားသွားတတ်တာကိုး။ ပညာပြီးပညာဆိုသလို လေ့လာဆည်းပူးနေကြသူတွေထဲမှာ ကိုယ်တိုင်စိတ်ပါလက်ပါရှိပြီး အားတတ်သရော ဖတ်မှတ်လေ့လာသူတွေရှိကြသလို၊ လူကြီးမိဘနှင့် အုပ်ထိန်းသူတွေရဲ့အလိုကျ စာပေပညာကို သင်ယူနေကြသူတွေလည်း အများအပြားပါပဲ။
    အရွယ်လတ်ပိုင်းမှာကျပြန်တော့လည်း စီးပွားရေးကြိုးပမ်းနေကြသူတွေလည်း ရှိကြပါတယ်။ ဒါပေမယ့် တချို့လူငယ် လူလတ်တွေဟာ ကိုယ့်ရဲ့အလုပ်ကို ၀န်ပိသလိုခံစားရပြီး စိတ်ဝင်တစားလည်း မရှိသလို ပျင်းရိဖင့်နွဲ့ပြီး နေတတ်သူတွေလည်း ပမာဏမနည်းလှပါဘူး။ အသက်အရွယ် အိုမင်းလို့ ဇရာကို ချဉ်းကပ်လာပြန်တော့လည်း စိတ်ပျိုကိုယ်နုရင်း သွက်လတ်ဖျက်လတ်မှု အပြည့်နှင့်ဘ၀ကို ကျော်ဖြတ်ကြသူတွေကို တွေ့မြင်နိုင်သလို လောကဓံရဲ့ အထိုးအနှက်နှင့် ဇရာဖိစီးတဲ့ဒဏ်ကို အလူးအလှိမ့်ခံစားနေကြရသူတွေကိုလည်း ကိုယ့်ရဲ့နီးစပ်ရာပတ်ဝန်းကျင်မှာ တွေ့မြင်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ။ အရွယ်သုံးပါးမှာ ရှိနေကြတဲ့လူတွေရဲ့ နေ့စဉ်ဖြတ်သန်းပုံတွေကတော့ စိတ်ဝင်စားစရာကောင်းတာတော့အမှန်။
    ဆိုပါစို့ သက်ကြီးပိုင်းတွေ။ ယေဘုယျအနေနှင့်ကတော့ အသက် (၆၀) ကျော်တာနှင့် ကိုယ့်ရဲ့လုပ်ငန်းတာဝန်တွေဟာ အလိုလိုရပ်စဲပြီးသား (နိုင်ငံ့ဝန်ထမ်းတွေ) ဖြစ်သွားရော။ တစ်ခုရှိတာက ကျွမ်းကျင်တဲ့ပညာရှင်တွေကတော့ သက်တမ်းရှည်ရှည်တာဝန်ထမ်းဆောင်ခွင့်ရတာ (ခြွင်းချက်ပေါ့လေ) သက်ကြီးပိုင်း တော်တော်များများကတော့ မြေးထိန်းရင်း အချိန်ကုန်ဆုံးလေ့ရှိကြတယ်။ မြေးအနှစ်လို့ ဆိုထားတာမို့ ကိုယ့်ရင်သွေးတွေရဲ့ မျိုးဆက်သစ်မြေးတွေကို တုန်နေအောင် ချစ်တတ်ကြသလို၊ ပြုစုစောင့်ရှောက်ဖို့လည်း ၀န်မလေးတတ်ကြပါဘူး။
    တချို့ သက်ကြီးရွယ်အိုတွေကျပြန်တော့ မှီခိုအားကိုးရာအနေနှင့် သားသမီးတွေရဲ့အရိပ်ကိုခိုရင်း မြေးထိန်းဖြစ်ကြသည်ပဲပေါ့။ တချို့ကတော့ သစ်ပင်ပန်းပင်လေးတွေကို ရေလောင်းပေါင်းသင်၊ စိုက်ပျိုးကြရင်း ဘ၀ကို ကြည်ကြည်နူးနူး အချိန်ကုန်ဆုံးကြပြန်တယ်။ သတင်းစာ၊ ဂျာနယ်တွေ အချိန်ယူပြီးဖတ်၊ နောက်ပြီး ကိုယ့်လိုသက်တူရွယ်တူတွေနှင့် လက်ဖက်ရည်ဆိုင်ထိုင်ရင်း ဆွေးနွေးကြ ငြင်းခုံကြပေါ့။ တရားဘာဝနာကို အားသန်သူတွေကလည်း တရားစခန်းတွေဝင်၊ သာသနာအကျိုးကို သယ်ပိုးရင်း အေးချမ်းတဲ့ ဘ၀လေးတစ်ခုကို ဖန်တီးယူကြတယ်။ သာသနာရေး၊ လူမှုရေး ကိစ္စတွေမှာ စိတ်ရောကိုယ်ပါ နှစ်မြုပ်ထားသူတွေလည်း အများသား။ သူတို့အနေနှင့်ကလည်း သားသမီးတာဝန်တွေက ကျွတ်လွတ် ပြီးဆုံးသွားပြီမို့ စိတ်အေးလက်အေး ရှိသွားပြီလေ။
    ဘ၀ရဲ့နောက်ဆုံးအချိန်တွေကို ကျန်းမာပျော်ရွှင်စွာ ကုန်ဆုံးချင်ကြတဲ့ သက်ကြီးပိုင်းတွေကတော့ ကိုယ်လက်လှုပ်ရှား သွားလာတာကို အထူးအလေးထားပြီး ကျန်းမာကြံ့ခိုင်မှုကို ရယူကြတယ်။ အိမ်နီးနားချင်း နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံမှာတော့ လူနာတွေကို နည်းမှန်လမ်းမှန် ကိုယ်လက်လှုပ်ရှားနိုင်အောင် ညွှန်ပြဖို့အတွက် ဆေးပညာရှင်တွေ (ဆရာဝန်) ကို အဓိက သင်ကြားလေ့ကျင့်ပေးတယ်လို့ ဆိုပါတယ်။ အဲဒီအခါ အာဟာရတစ်ခုတည်းသာမက ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းရဲ့ အရေးပါ ထိရောက်ပုံကိုပါ လူနာတွေမှတ်သားလိုက်နာကြရပါတယ်။
    လူငယ်၊ လူလတ်တွေအဖို့ ပညာရေး၊ စီးပွားရေးအတွက် နာရီပေါင်းများစွာ အချိန်ပေးကြရပါတယ်။ နေ့တစ်နေ့ရဲ့ အစိတ်အပိုင်းတော်တော်များများပဲပေါ့။ အဲဒီအခါ ကျန်းမာကြံ့ခိုင်မှုနှင့် စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်လန်းဆန်းမှုတွေကို မေ့ထားခဲ့ကြတယ်။ အချိန်ကြာလာတာနှင့်အမျှ စိတ်ဖိစီးတင်းကျပ်မှုတွေကို ခံစားရင်းထွက်ပေါက်မရှိဘဲ နေ့စဉ်ဘ၀ကို ကုန်ဆုံးဖြစ်တယ်။ အမှန်တော့ ကိုယ်လက်လှုပ်ရှားမှုဟာ ကိုယ်ရောစိတ်ပါ ကျန်းမာစေတဲ့ ဆေးဝါးဆိုတာ မမေ့သင့်ဘူး။ နောက်ပြီး သက်ရှည်ကျန်းမာဖို့အတွက် အဓိကသော့ချက်ပဲဆိုတာလည်း ဂရုပြုသင့်တယ်။ တကယ်တမ်းပြောရရင် တက်ကြွဖျတ်လတ်တဲ့လူငယ် လူလတ်တွေကို ပိုင်ဆိုင်ထားသူတိုင်းဟာ တစ်နေ့မှာ နာရီဝက်အနည်းဆုံး ကိုယ်လက်လှုပ်ရှားနိုင်ခွင့်ရအောင် အချိန်ယူလေ့ရှိကြတယ်။ အဲဒီအခါ လူရော စိတ်ပါကြည်လင်လန်းဆန်းသလို ကိုယ့်ရဲ့တစ်နေ့တာဆောင်ရွက်ရမဲ့ တာဝန်ဝတ္တရားတွေကိုလည်း စိတ်လက်ပေါ့ပါးစွာထမ်းဆောင်နိုင်ကြတယ်။
    အချိန်ပိုမရှိပါဘူးလို့ ဆိုတဲ့သူတွေအတွက် တစ်ပတ်မှာလေးရက်၊ တစ်ရက်မှာ မိနစ် ၂၀ လောက် ကလေးပဲဖြစ်ဖြစ် ကိုယ်လက်လှုပ်ရှားမှုတစ်ခုခု၊ ဒါမှမဟုတ် ခပ်သွက်သွက်လမ်းလျှောက်တာပဲဆိုဆို လုပ်နိုင်အောင် ကြိုးစားကြည့်သင့်တယ်။ ရရှိလာမဲ့ အကျိုးဆက်က ကြိုးစားထားတာနှင့် မတန်အောင် ရရှိနိုင်တာကိုတော့ လက်တွေ့ဆောင်ရွက်သူတိုင်းသိမှာပါ။
    လမ်းလျှောက်တယ်ဆိုတာ ကြံ့ခိုင်ကျန်းမာဖို့အတွက်ချည်း ရည်ရွယ်တာမဟုတ်ပါဘူး။ လူငယ်လူငယ်ပိုင်းတွေဟာ သူတို့ရဲ့ဘ၀နေထိုင်မှုပုံစံကို စိတ်လွတ်လပ်မှုရှိရှိ အသုံးချခြင်းတစ်မျိုးလို့ ဆိုနိုင်တယ်။ ကြည့်လေ … ဖိအားတွေ၊ တင်းကြပ်မှုတွေများတဲ့ လုပ်ငန်းခွင်ကအပြန်မှာ လမ်းဘေးဝဲယာရဲ့ သဘာဝအလှတရားတွေကို လမ်းလျှောက်ရင်း ခံစားနိုင်သည်ပဲ။ ဒါဟာလည်း ကြည့်လိုက်ရင် သာမန်အသေးအဖွဲလို့ ထင်ရပေမဲ့ သူတစ်ယောက်ရဲ့ နေထိုင်မှုပုံစံကို တအားကြီးအထောက်အကူပြုတာကိုး။
    ဆိုပါစို့ … ရေတွင်းများလို့ပေါ့။ တစ်နေ့လုံး ခပ်သုံးထားသမျှ ရေတွေဟာ တစ်တွင်းလုံး နီးပါးခန်းနေပြီ။ ဒါကိုအချိန်တော်တော်ကြာကြာ (တစ်ညလုံးနီးပါး) အနားပေးထားတဲ့အခါ မိုးလင်းလာရင် ရေတွေပြန်ပြီး ပြည့်လာသလိုပါပဲ။ ဒီလိုပါပဲ တစ်နေ့တာလုံး အသုံးချထားရတဲ့ အင်အားတွေကို အနားပေးတဲ့အခါ လူရောစိတ်ပါ လန်းဆန်းပြီး လာမယ့်နေ့သစ်တွေ အတွက် အားသစ်တွေပြန်ပြီး ပြည့်လာစမြဲပဲပေါ့။ အသက်အရွယ်မရွေး ကိုယ့်အတွက် အကျိုးဖြစ်ထွန်းမယ့် နည်းလမ်းတွေကို​​ ရှာကြံပြီး နေတတ်ထိုင်တတ်မယ် ဆိုရင်ပေါ့။ လူ့ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မယ်။ မိတ်ဆွေသစ် မိတ်ဆွေဟောင်းတွေနှင့် အဆင်ပြေလိုက်လျောမှုရှိတဲ့အခါ ဘ၀နေထိုင်မှုပုံစံဟာ ငြီးငွေ့စရာကောင်းမယ် မဟုတ်တော့ပါဘူး။ အမြဲတမ်းမဟုတ်သည့်တိုင် ဘ၀ရဲ့အစိတ်အပိုင်း တော်တော် များများဟာ ပျော်ရွှင်ကြည်နူးဖွယ်ရာ နေ့ရက်တွေနှင့် ပြည်လျှံနေမှာပေါ့လို့ ………
    နှင်းဆီခင်
  • လေးပွဲဆက် ဒါဘီအရှုံးနဲ့ မန်ယူ၊ နောက်ဆုံး မိနစ်မှ ၃ မှတ်သေချာခဲ့တဲ့ စပါးတို့ရဲ့ EPL ပွဲစဉ် ၁၀ စူပါဆန်းဒေး
    လေးပွဲဆက် ဒါဘီအရှုံးနဲ့ မန်ယူ၊ နောက်ဆုံး မိနစ်မှ ၃ မှတ်သေချာခဲ့တဲ့ စပါးတို့ရဲ့ EPL ပွဲစဉ် ၁၀ စူပါဆန်းဒေး
    နိုဝင်ဘာ ၃ ၊ ၂၀၁၄
    M-Media
    5
    – မနေ့က ကစားခဲ့တဲ့ မန်ချက်စတာ ဒါဘီပွဲမှာတော့ အိမ်ရှင်မန်စီးတီးကပဲ အသာရခဲ့ပြီး လိုအပ်နေတဲ့ အနိုင် ၃ မှတ်ကို ရယူသွားနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ မန်ယူတို့ သူတင်ကိုယ်တင် ကစားနိုင်ခဲ့ပြီး ယာနူဇေး၊ ဗန်ပါစီနဲ့ ဒဏ်ရာက သက်သာလာတဲ့ ရူနီတို့ မန်စီးတီးဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၃၉ မိနစ်မှာ စမောလင်း ၂ ၀ါတစ်နီနဲ့ အထုတ်ခံခဲ့ရတာက ပွဲကို အလှည့်အပြောင်းဖြစ်စေခဲ့တာပါ။
    51
    ဒုတိယပိုင်းမှာ အိမ်ရှင်တို့ အသာစီးကစားသွားပြီး အဆုံးဖြတ်ဂိုးကို အဂူရိုက ၆၃ မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲအရှုံးဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲဆက်တိုက် မန်ယူရဲ့ ဒါဘီအရှုံးဖြစ်ပြီး ၁၉၇၀ နောက်ပိုင်း ဒီလို ပထမဆုံး ရှုံးနိမ့်ခဲ့ရတာလည်း ဖြစ်ပါတယ်။
    61
    ပြီးခဲ့တဲ့တစ်ပတ်မှာ နယူးကာဆယ်ကိုရှုံးခဲ့တဲ့ စပါးကလည်း အဝေးကွင်းမှာ အသည်းအသန် ကစားခဲ့ရပြီး ၆ မိနစ်အတွင်း ၂ ဂိုးနဲ့ အက်စတွန်ဗီလာကို အနိုင်ရခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှု အပြတ်အသတ်အသာရခဲ့တဲ့ စပါးတို့ ဂိုးသွင်းခွင့်လည်း ၉ ကြိမ်လောက်ရခဲ့ပေမယ့် အချိန်မီ ဂိုးမသွင်းနိုင်တာက စပါးတိုက်စစ်အတွက် မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။ အိမ်ရှင်တို့ ၁၆ မိနစ်မှာပဲ အဖွင့်ဂိုးရခဲ့ပြီး ၀ီးမန်းက သွင်းယူပေးခဲ့တာပါ။
    6
    နောက်ပိုင်းမှာ ကစားကွက်အသာရထားတဲ့ စပါးတို့ တောက်လျှောက်ဖိကစားပေမယ့် ချေပဂိုးကိုတော့ ၈၄ မိနစ်ရောက်မှ နဆာ ချက်ဒ်လီက သွင်းပေးခဲ့ပြီး ၆ မိနစ်အကြာမှာ ဟာရီကိန်းက အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
    ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ အပြီးမှာတော့ ချယ်ဆီးက ၂၆ မှတ်နဲ့ ဇယားကို ဦးဆောင်နေပြီး ဆောက်သက်တမ်က ၂၂ မှတ်နဲ့ အဆင့် ၂၊ မန်စီးတီးက ရမှတ် ၂၀ နဲ့ အဆင့် ၃၊ အာဆင်နယ်က ၁၇ မှတ်နဲ့ အဆင့် ၄ နေရာမှာ အသီးသီး ရှိနေပါတယ်။
    အဆင့် ၈ က မန်ယူကတော့ အဆင့် ၁၀ ရောက်သွားပြီး၊ သုံးပွဲဆက် အနိုင်ရခဲ့တဲ့ နယူးကာဆယ်ကတော့ အဆင့် ၁၂ နေရာကို ရောက်လာခဲ့ပါတယ်။
    League_Table_Barclays_Premier_League_current_&_previous_standings_-_2014-11-03_11.08.44
    ဒီတစ်ပတ် ပရီးမီးယားလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    မန်စီးတီး ၁-၀ မန်ယူ
    အက်စတွန်ဗီလာ ၁-၂ စပါး
    နယူးကာဆယ် ၁-၀ လီဗာပူးလ်
    အာဆင်နယ် ၃-၀ ဘန်လေ
    ချယ်ဆီး ၂-၁ ကျူပီအာရ်
    အဲဗာတန် ၀-၀ ဆွမ်ဆီး
    ဟားလ်စီးတီး ၀-၁ ဆောက်သက်တမ်
    လက်စတာ ၀-၁ ၀က်စ်ဘရွန်း
    စတုတ်စီးတီး ၂-၂ ဝက်စ်ဟမ်း
  • အမျိုးသမီးလူသေ အလောင်း တူးဖော်ရောင်းချသည့် ဂိုဏ်း တရုတ်နိုင်ငံတွင် ဖမ်းမိ
    အမျိုးသမီးလူသေ အလောင်း တူးဖော်ရောင်းချသည့် ဂိုဏ်း တရုတ်နိုင်ငံတွင် ဖမ်းမိ
    နိုဝင်ဘာ ၂ ၊ ၂၀၁၄
    M-Media
    1414757592060_wps_44_Pic_shows_The_place_where
    – ရှေးခေတ် ဓလေ့ထုံးစံကို လိုက်နာရန်အတွက် လူသေအလောင်းများနှင့် လက်ထပ်သော မိသားစုထံသို့ လောလော လတ်လတ်မြှုပ်ထားသည့် အလောင်းများကို တူးဖော်ရောင်းချသည့် ဂိုဏ်း တစ်ခုကို တရုတ်နိုင်ငံ၌ ဖမ်းမိခဲ့သည်ဟု သိရသည်။
    ရှန်ဒုန်ပြည်နယ် ဟီဇီမြို့တွင် ဆိုင်ကယ် ခိုးယူသူ အသက် ၃၄ နှစ်အရွယ် ၀မ်ဆူဆိုသူအား ဖမ်းဆီး စစ်ဆေးခဲ့ရာမှ ထိုကဲ့သို့ လူသေအလောင်းများ တူးဖော်ရောင်းချသည့် ဂိုဏ်အား ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်သည်။
    ထို့နောက် ရဲတပ်ဖွဲ့မှ ဆက်စပ်ဖမ်းဆီးခဲ့ရာ အလောင်းတူဖော်ရောင်းချသူ ၁၁ ဦးကို ဖမ်းဆီးရမိခဲ့ပြီး၊ အခြားသောအလောင်းများကိုလည်း တူးဖော်ရောင်းချမှုများ ရှိခဲ့သောကြောင့် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေသည်။
    တရုတ်နိုင်ငံတွင် သေဆုံးသွားသူများနှင့် လက်ထပ်ခြင်းမှာ ရှေးရိုးရာ ဓလေ့ထုံးတမ်း တစ်ခုဖြစ်ပြီး မိသားစုအတွင်း ကံကောင်းစေရန်လည်းကောင်း၊ အိမ်ထောင်မပြုဘဲ သေဆုံးသွားခဲ့သည့် အမျိုးသားများအနေဖြင့် နောင်ဘ၀တွင် အိမ်ထောင်ကျစေရန် လည်းကောင်း၊ ကျန်သည့် ညီ၊ ညီမများအား အိမ်ထောင်ပြုနိုင်ရန်အတွက်အိမ်ထောင်မပြုရသေးသည့် အစ်ကိုအား အိမ်ထောင်ချပေးရာတွင်လည်းကောင်း အဆိုပါ ဓလေ့ထုံးတမ်းကို အသုံးပြကြသည်။
    ထိုကဲ့သို့ အမျိုးသမီးအလောင်းများအား ၀ယ်ရာတွင် လတ်ဆတ်သောအလောင်းများအတွက် ဈေးပိုပေးရလေ့ရှိသည်ဟုလည်း သိရသည်။
    သို့သော်လည်း ၁၉၄၉ ခု တရုတ်ကွန်မြူနစ်ပါတီ စတင်အာဏာရလာသည့် အချိန်မှစ၍ တရုတ်နိုင်ငံတွင် ရှေးရိုးရာ ဓလေ့ထုံးတမ်းအများအပြားကို ပယ်ဖျက်ခဲ့ပြီး ထိုပယ်ဖျက်မှုတွင် လူသေများနှင့် လက်ထပ်ခြင်းလည်းပါဝင်သည်။ ယခုလက်ရှိတွင် ထိုဓလေ့ထုံးတမ်းအား ကျင့်သုံးမှုမှာ တရားမ၀င်ဟု သတ်မှတ်ထားပြီး သေဆုံးသူအမျိုးသမီး၏ အလောင်းအား ခိုးယူပါက ထောင်ဒဏ် ၃ နှစ်အထိချမှတ်နိုင်မည့် ဥပေဒတစ်ခုကိုလည်း ပြဌာန်းထားသည်။
    သို့သော်လည်း ထိုဓလေ့ထုံးတမ်းအားကျင့်သုံးမှုများရှိနေပြီး ယခင်ကလည်း ဖမ်းဆီးကာ ပြစ်ဒဏ်ချမှတ်မှုများလည်းရှိခဲ့သည်။
    ref_ Daily Mail
  • ယူကရိန်း ခွဲထွက်ရေးသမားများ ရွေးကောက်ပွဲ ကျင်းပမည်
    ယူကရိန်း ခွဲထွက်ရေးသမားများ ရွေးကောက်ပွဲ ကျင်းပမည်
    နိုဝင်ဘာ ၂ ၊ ၂၀၁၄
    M-Media
    Ukraine Election-4
    – ယူကရိန်းအရှေ့ပိုင်း နယ်နမိတ်အချို့အား သိမ်းပိုက်ထားသည့် ရုရှားလိုလားသူ ခွဲထွက်ရေး သမားများက အစိုးရသစ် ရွေးချယ်တင်မြှောက်ရေးအတွက် ရွေးကောက်ပွဲ တစ်ခုကျင်းပရန် စီစဉ်နေပြီး ယူကရိန်းအစိုးရနှင့် အနောက်နိုင်ငံများကမူ ထိုရွေးကောက်ပွဲအား အသိအမှတ်ပြုမည် မဟုတ်ဟု ငြင်းဆိုထားသည်။
    ထိုရွေးကောက်ပွဲကို ခွဲထွက်ရေးသမားများက သမ္မတနိုင်ငံတော်အဖြစ် ကြေညာထားသည့် Donetsk နှင် Lugansk ဒေသများတွင် ယနေ့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ၎င်းတို့ထိန်းချုပ်ထားသည့် အဆိုပါဒေသများအား တရားဝင်အဆင့်သို့ ရောက်ရှိစေရန်ဖော်ဆောင်ခြင်းလည်း ဖြစ်သည်။
    ရွေးကောက်ပွဲများမှ ထိုဒေသနှစ်ခုစလုံးတွင် သမ္မတနှင့် ပါလီမန်တို့ကို ရွေးကောက် တင်မြှောက်သွားမည်ဖြစ်ပြီး ယခုလက်ရှိ Donetsk နှင့် Lugansk မြို့များ၏ အကြီးအကဲများဖြစ်သည့် အလက်ဇန်ဒါ ဇာချန်ကိုနှင့် ပလော့တ်နစ်စကီတို့အနေဖြင့် ၎င်းတို့၏ နေရာနှင့်ပတ်သက်၍ အတည်ပြုမလားဆိုသည်ကို မေးခွန်းထုတ်စရာ ဖြစ်နေသည်။
    အဆိုပါရွေးကောက်ပွဲတွင် နိုင်ငံတကာမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ ပါဝင်မည်မဟုတ်ဘဲ မဲပေးနိုင်သူ အရေအတွက် မည်မျှရှိသည်ကိုလည်း စာရင်းထုတ်ပြန်ထားခြင်း မရှိပေ။
    ယူကရိန်းသမ္မတ ပိုရိုရှန်ကိုကမူ အဆိုပါ ရွေးကောက်ပွဲမှာ အတုအယောင်သာဖြစ်ပြီး အကြမ်းဖက်သမားများနှင့် သောင်းကျန်းသူများက ၎င်းတို့သိမ်းပိုက်ထားသည့် နယ်မြေများကို စီမံခန့်ခွဲရန် ဆောင်ရွက်ခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့သည်။
    ဥရောပသမဂ္ဂနှင့် နေတိုးအဖွဲ့တိုကလည်း ဆိုပါရွေးကောက်ပွဲကို ရှုတ်ချခဲ့ပြီး ရုရှားကမူ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုမည်ဟု ကြေညာခဲ့သည်။
  • MH 370 ပါ ခရီးသည်၏ သားနှစ်ယောက် လေကြောင်းလိုင်းနှင့် အစိုးရကို တရားစွဲ
    MH 370 ပါ ခရီးသည်၏ သားနှစ်ယောက် လေကြောင်းလိုင်းနှင့် အစိုးရကို တရားစွဲ
    နိုဝင်ဘာ ၂ ၊ ၂၀၁၄
    M-Media
    img_5453b60f594af
    – ပြီးခဲ့သည့်မတ်လက ပျောက်ဆုံးသွားသော MH 370 လေယာဉ်ပေါ်တွင် လိုက်ပါသွားသူ မလေးရှား စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ သားနှစ်ယောက်က မလေးရှား လေကြောင်းလိုင်းနှင့် အစိုးရတို့အား တရားစွဲဆိုလိုက်သည်ဟု သိရသည်။
    ဂျီဂျင်ဟန်ဟု အမည်ရသော စီးပွားရေးလုပ်ငန်းရှင်၏ သားများက ၎င်းတို့၏ ဖခင်မှာ ကွာလာလမ်ပူမှ ဘေဂျင်းသို့ ဘေးအန္တရာယ် ကင်းစွာ သွားရောက်ရန် တန်ရာတန်ကြေးပေးကာ  မလေးရှား လေကြောင်းလိုင်းနှင့် သဘော တူညီချက် ရယူခဲ့ခြင်းဖြစ်ပြီး လေကြောင်းလိုင်းက ထိုသဘောတူညီချက်ကို ချိုးဖောက်ခဲ့သောကြောင့် တရားစွဲဆိုခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    မလေးရှားလေကြောင်းလိုင်းအပြင် မလေးရှာ အစိုးရ၊ အရပ်ဘက်လေကြောင်းဆိုင်ရာ တာဝန်ရှိသူများ၊ မလေးရှား လူဝင်မှုကြီးကြပ်ရေး ဌာနတို့ကိုလည်း ၎င်းတို့ နှစ်ဦးက ပေါ့လျော့မှုဖြင့် တရားစွဲဆိုခဲ့သည်။
    တရားစွဲဆိုမှုမှာ ဆိုးရွားသော ထိုအဖြစ်အပျက် အတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုနှင့် ပျက်ဆီးဆုံးရှုံးမှုများ အတွက် အထောက်အပံ့ မပေးမှု စသည်တို့အတွက် တရားဆွဲဆိုခဲ့ခြင်းဖြစ်သည်။
    မတ်လ ၈ ရက်နေ့က ကွာလာလမ်ပူမှ ဘေဂျင်းသို့အသွား ပျောက်ဆုံးသွားခဲ့သည့် MH 370 တွင် ခရီးသည်နှင့် လေယာဉ်အမှုထမ်း စုစုပေါင်း ၂၃၉ ဦး လိုက်ပါသွားခဲ့သည်။အဆိုပါ အဖြစ်အပျက်မှာ အရပ်ဘက်လေကြောင်းသမိုင်းတွင် အထူးဆန်းဆုံး လေယာဉ်ပျောက်မှုကြီးလည်းဖြစ်ကာ ယခုအချိန်အထိ ရှာဖွေလျက်ရှိနေသည်။
    ref_ ဆင်ဟွာ