News @ M-Media

Blog

  • မြေပြင်နဲ့မထိတဲ့ စကိတ်ဘုတ်

    မြေပြင်နဲ့မထိတဲ့ စကိတ်ဘုတ်

    အောက်တိုဘာ ၂၇၊ ၂၀၁၄
    M-Media
    Hendo-The-Worlds-First-Real-Hoverboard-01
    ၁၉၈၉ ခုနှစ်က ရုပ်ရှင် Back to the Future Part II မှာ မြေပြင်နဲ့မထိတဲ့ စကိတ်ဘုတ် (hoverboard)ကို စီးပြတာမျိုး ဟာ အခုတော့ လက်ရှိပြင်ပလောကမှာ တစ်ကယ် ဖြစ်နိုင်ပါပြီ။

    hoverboardအတွက် အဓိက တီထွင်လိုက်တာကတော့ သံလိုက်တွန်းကန်အား ထုတ်ပေးနိုင်တဲ့ အင်ဂျင်အချပ်ပြားတွေ ဖြစ်ပါတယ်။

    hoverboardတစ်ခုမှာ သံလိုက်တွန်းကန်အား စက်ငယ်လေး လေးခု တပ်ဆင်ထားပါတယ်။ သာမန် ဘီးတပ်စကိတ်တွေလို နေရာတကာတော့ စီးလို့ မရပါဘူး။

    မြေပြင်ပေါ်မှာ သံပြားခင်းထားမှ စီးနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိကာလမှာ ပိုမိုကောင်းမွန်အောင် ကြီုးစားဆဲ ဖြစ်ပြီး ရံပုံငွေ စုစည်းမှုအတွက် Kickstarter ဝဘ်ဆိုက်မှာ ဝယ်ယူအားပေးနိုင်ပါတယ်။

    တင်ဆက်သူ- daythanix

  • ကိုပါကြီးသေဆုံးခဲ့မှု အမှုမှန်ဖော်ထုတ်ပေးဖို့ အရပ်ဘက်အဖွဲ့များ ဆန္ဒပြတောင်းဆို

    ကိုပါကြီးသေဆုံးခဲ့မှု အမှုမှန်ဖော်ထုတ်ပေးဖို့ အရပ်ဘက်အဖွဲ့များ ဆန္ဒပြတောင်းဆို

    အောက်တိုဘာ ၂၆၊ ၂၀၁၄
    M-Media
    သတင်း/ဓါတ်ပုံ- မိုးစက်
    4
    ရန်ကုန်။         ။ အလွတ်တန်းသတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး သေဆုံးခဲ့ရသည့် ကိစ္စနှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေးအတွက် အရပ်ဘက်လူအဖွဲ့အစည်းတွေ စုပေါင်းပြီး မနေ့က ညနေမှာ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

    ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး သေဆုံးခဲ့ရသည့် ကိစ္စနှင့်ပတ်သက်၍ အပြစ်ကျူးလွန်တဲ့သူတွေကို ဖော်ထုတ်ခြင်းဟာ နိုင်ငံတော်ရဲ့အပြောင်းအလဲကို စေတနာရှိရှိ ပြောင်းလဲနေတယ်ဆိုတာကို သက်သေပြရာရောက်ပါလိမ့်မယ် ဟု  ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ဆန္ဒထုတ်ဖော်ပွဲမှာ ပြောပါတယ်။

    ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးသည် ယနေ့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ကျင်းပပြုလုပ်သော သတင်းထောက် ကိုအောင်နိုင်ကျော် (ခ) ကိုပါကြီး သတ်ဖြတ်ခံရမှုတွင် အမှန်ပေါ်ပေါက်ရေး တောင်းဆိုပွဲတွင် ယခုကဲ့သို့ ဆိုလိုက်ခြင်းဖြစ်သည်။

    “တရားဥပဒေရဲ့အကာအကွယ် နိုင်ငံတော်ရဲ့အကာအကွယ်ကို ကိုပါကြီး မရခဲ့ပါဘူး။ လစဉ် သမ္မတကြီးက မိဘပြည်သူများခင်ဗျာလို့ ပြောနေပေမယ့်လည်း အဲ့လိုပြောနေတဲ့အချိန်မှာ ဥပဒေမဲ့ပြည်သူတွေ သတ်ဖြတ်ခြင်း ခံနေရတယ်။ အဲဒီလိုကျူးလွန်သူတွေကို အရေးယူပေးဖို့ သမ္မတကြီးကို ဦးတိုက်ပြီး တောင်းဆိုလိုက်ပါတယ်။

    အပြစ်ကျူးလွန်တဲ့ သူတွေကို ဖော်ထုတ်ခြင်းဟာ နိုင်ငံတော်ရဲ့အပြောင်းအလဲကို စေတနာ ရှိရှိ ပြောင်းလဲနေတယ်ဆိုတာကို သက်သေပြရာရောက် ပါလိမ့်မယ်” ဟု ဦးကိုကိုကြီးက ဆက်လက်ပြောဆိုခဲ့သည်။

    ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမင်းကိုနိုင်ကလည်း ကိုပါကြီးအတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် တစ်ရပ်ကိုဖွဲ့စည်းပေးပြီး ၎င်းတို့မှ ယင်းအဖွဲ့၏ စစ်ဆေးမှုကို အချိန်ပြည့်စောင့်ကြည့်နေနိုင် ခွင့်ပေးနိုင်ရ ပါမည်ဖြစ်ကြောင်း ပြောခဲ့သည်။

    “ကျွန်တော်တို့တိုင်းပြည်မှာ တာဝန်ယူမှု တာဝန်ခံမှုတွေ မရှိတော့ပါဘူး။ လက်နက်ကိုင်ထားတဲ့သူတွေက လက်နက်မရှိတဲ့ အပြစ်မဲ့တဲ့ပြည်သူတွေကို လက်နက်အားကိုးနဲ့နှိပ်စက်လိုက်ရင် ငါတို့ကို ဘယ်တရားဥပေဒကမှ အရေးယူလို့မရဘူးဆိုတဲ့ အသိသူတို့ဆီမှာရှိနေကြတယ်။ လက်နက်ရှိသူတွေက လက်နက်မရှိသူတွေကို အနိုင်ကျင့်နေကြတဲ့ တောရိုင်းဥပဒေကြီးပါ” ဟု ကိုမင်းကိုနိုင်က ၎င်း၏သဘောထားကို ဆက်လက်ပြောဆိုခဲ့သည်။

    ယင်း စုဝေးပွဲတွင် ဒီမိုကရစ်တစ်အင်အားစု ၄၉ ဖွဲ့မှ စုပေါင်းသဘောထား တစ်ရပ် ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်တွင် အလွတ်တန်းသတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး သေဆုံးခဲ့ရသည့် ကိစ္စနှင့်ပတ်သက်၍ လွတ်လပ်ပြီး ကျွမ်းကျင်သော ပညာရှင်များပါသည့် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းပေးရန်နှင့် ကျူးလွန်သောသူများအား တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးရန် ယင်းအဖွဲ့အစည်းမှ ကြေငြာခဲ့သည်။

    သတင်းထောက်ကိုအောင်နိုင်ကျော် (ခ) ကိုပါကြီး သတ်ဖြတ်ခံရမှုတွင် အမှန်ပေါ်ပေါက်ရေး တောင်းဆိုပွဲတွင် ၈၈ မျိုးဆက်ကျောင်းသားများနှင့်အတူ အရပ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူများမှ ကြွေးကြော်သံများဖြင့် ပါဝင်ခဲ့ကြသည်။

    အလွတ်တန်းသတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးသည် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကလိုင်းကနိုင်ကျေးရွာနှင့် ရွှေဝါချောင်ကျေးရွာများတွင် ဖြစ်ပွားခဲ့သော အစိုးရတပ်နှင့် ကလို့ထူးဘော စစ်ဗျူဟာတပ်(KKO) အကြား တိုက်ပွဲဖြစ်ပွားမှုကို သတင်းသွားယူခဲ့စဉ် စက်တင်ဘာ (၃၀) ရက်နေ့က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပါတယ်။

    ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ ကိုပါကြီးဟာ KKO တပ်မှ ပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြိးအဆင့်ရှိသူ ဖြစ်ကြောင်းနှင့် ဖမ်းဆီးထားစဉ် လက်နက်လုပြိး ထွက်ပြေးသောကြောင့် အစောင့် တပ်သားမှ ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးသွားကြောင်း ထုတ်ပြန်ထားပါတယ်။

  • အီရတ် စစ်တပ်နှင့် ကာ့ဒ် တပ်ဖွဲ့ဝင်များ ISIL လက်မှ မြို့ရွာ အများအပြားကို သိမ်းယူနိုင်ခဲ့

    အီရတ် စစ်တပ်နှင့် ကာ့ဒ် တပ်ဖွဲ့ဝင်များ ISIL လက်မှ မြို့ရွာ အများအပြားကို သိမ်းယူနိုင်ခဲ့

    အောက်တိုဘာ ၂၆ ၊ ၂၀၁၄
    M-Media
    20141025131554812734_20
    – အမေရိကန်၏ လေကြောင်းမှ ကူညီတိုက်ခိုက်မှုနှင့်အတူ အီရတ်နှင့် ကာ့ဒ်တပ်ဖွဲ့များမှာ အီရတ်နိုင်ငံတောင်ပိုင်းနှင့် မြောက်ပိုင်းတို့မှ အဓိကမြို့ရွာများကို ISIL လက်ထဲမှ ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

    နိုင်ငံမြောက်ပိုင်းရှိ အဓိကမြို့များနှင့် ရွာများကို ကာ့ဒ်တပ်ဖွဲ့က ယမန်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး၊ အီရတ်အစိုးရကမူ ၎င်းတို့အနေဖြင့် ဘဂ္ဂဒတ် တောင်ဘက် ကီလိုမီတာ ၅၀ အကွာရှိ ဂျာ့ဖ် အလ်-ဆာခ်ရ်မြို့အား သိမ်းပိုက်နိုင်ခဲ့သည်ဟု ယမန်နေ့တွင် ကြေညာခဲ့သည်။

    ကာ့ဒ်တပ်ဖွဲ့ ထောက်လှမ်းရေးအရာရှိ တစ်ဦးကမူ ၎င်းတို့၏ တပ်များမှာ မူဆိုးလ်မြို့အနီး ဇူမာရ်းမြို့အား ဆက်လက်တိုက်ခိုက်နေသည်ဟု ပြောကြားခဲ့သည်။

    အမေရိကန်ဦးဆောင်သည့် မဟာမိတ်တပ်များကလည်း သောကြာနှင့် စနေနေ့များတွင် မူဆိုးလ်မြို့ မြောက်ဘက်တွင်လည်းကောင်း၊ အနောက်ဘက် အန်ဘာရ်ပြည်နယ်ရှိ ဖာလူဂျာမြို့နှင့် ရေနံတွင်းများရှိသည့် ဘိုင်ဂျီမြို့များရှိ ISIL စခန်းများအား လည်းကောင်း လေကြောင်းမှ ၂၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

    ref_ Agencies

  • သေဆုံးသူ၏ နှလုံးခုန် ရပ်နေသော နှလုံးဖြင့် ကမ္ဘာပထမဆုံး အဖြစ် အစားထိုး ကုသမှုပေးနိုင်

    သေဆုံးသူ၏ နှလုံးခုန် ရပ်နေသော နှလုံးဖြင့် ကမ္ဘာပထမဆုံး အဖြစ် အစားထိုး ကုသမှုပေးနိုင်

    အောက်တိုဘာ ၂၆ ၊ ၂၀၁၄
    M-Media
    130090-c48bd76c-5b02-11e4-9353-adbcffafddf7_Web
    ကမ္ဘာ့ပထမဆုံးအနေနဲ့ သြစတြေးလျ ဆစ်ဒနီ မှာ ရှိတဲ့ စိန့်ဗင်းဆင့် ဆေးရုံက ခွဲစိတ်ဆရာဝန်တွေနဲ့ သိပ္ပံပညာရှင်တွေဟာ သေဆုံး ကွယ်လွန်သွားသူ၏ နှလုံး ခုန်ရပ်နေသော နှလုံးနှစ်ခုကို လူနာနှစ်ဦးဆီကို အစားထိုးပေးခဲ့ပြီး ယခုအခါ နှစ်ဦးစလုံးကျန်းမာစွာရှိနေကြောင်းသိရပါတယ်။

    လက်ရှိဆေးပညာအရ အရင်က လုပ်ဆောင်နေခဲ့တာက ဦးနှောက် အလုပ် မလုပ်ဘဲ နှလုံး ဆက်ခုန်နေသးတဲ့ လူနာတွေဆီက နှလုံးကို ချက်ချင်းဆိုသလို အစားထိုးပေးရ တာမျိုးဖြစ်တာကြောင့် နှလုံးရရှိဖို့အခွင့်အလမ်းနည်းတာကြောင့် နှလုံးအစားထိုးခြင်းကို လူအနည်းငယ်ကိုပဲ လုပ်ပေးနိုင်ခဲ့ပါတယ်။

    ထူးခြားတာက ယခုကမ္ဘာ့ပထမဆုံး အစားထိုးခွဲစိတ်မှုအဖြစ် အသုံးပြုခဲ့တဲ့ ဒီနှစ်လုံးနှစ်ခုဟာ နှလုံးခုန် ရပ်ပြီး သေဆုံးနေခဲ့တာ အနည်းဆုံး မိနစ် (၂ဝ) ရှိပါပြီ။ ယင်းနှလုံးကို ထူးခြားတဲ့ကြာရှည်ခံ ဆေးရည်ကိုအသုံးပြုပြီး မပျက်မစီး ရှင်သန်အောင်ထားခဲ့ပါတယ်။ ပြီးမှ နှလုံးကောင်းစွာ အလုပ် မလုပ်တော့တဲ့ လူနာကို အောင်မြင်စွာ အစားထိုး ခွဲစိတ်တပ်ဆင်ပေးခဲ့တာဖြစ်ပါတယ်။

    Victor Chang နှလုံးသုတေသန သိပ္ပံက က ဦးဆောင် သုတေသီ Bob Graham က ခုနည်းပညာကြောင့် အရင်အစားထိုးခွဲစိတ်မှုထက် လူနာ ၃ဝ ရာခိုင်နှုန်းပိုပြီး နှလုံးအစားထိုးပေးမှုတွေ လုပ်ပေးနိုင်တော့မှာဖြစ်ကြောင်းပြောပြပါတယ်။

    အခုအစားထိုးအောင်မြင်မှုဟာ ဆစ်ဒနီမှာရှိတဲ့ နှလုံးသုတေသနသိပ္ပံနဲ့ စိန့်ဗင်းဆင့် ဆေးရုံတို့ ပူပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

    အသက် ၅၇ နှစ်အရွယ် မီရှယ်လ် ဂရစ်ဘီလာ လအနည်းငယ်အရင်က ပထမဆုံး နှလုံး အစားထိုး လဲလှယ်ခဲ့ပြီး ယခုအခါကောင်းစွာ ကျန်းမာလျှက်ရှိပါတယ်။ ဒုတိယ လူနာဖြစ်သူ ဂျန်ဒါမန်ကတော့ ၁၄ ရက် အရင်က ခွဲစိတ်မှုလုပ်ခဲ့ပြီး ယခုကောင်းစွာကျန်းမာနေပြီဖြစ်ပါတယ်။ နှစ်ဦးစလုံးဟာ မွေးရာပါ နှလုံးကောင်းစွာ အလုပ်မလုပ်တဲ့ သူတွေဖြစ်ပါတယ်။

    သိပ္ပံပညာရှင်တွေဟာ သွေးလှည့်ပတ် စီးဆင်းခြင်းမရှိဘဲ သေဆုံးနေတဲ့ နှလုံးကို ထူခြားတဲ့ကြာရှည်ခံ အရည်တစ်မျိုးနဲ့ဗူးထဲမှာ စိမ်ပြီး ပျက်စီး မသွားအောင် ထိန်းသိမ်းထားခဲ့ပါတယ်။

    နှလုံးအလှူရှင် သေဆုံးပြီး (၅) မိနစ်အကြာမှာ နှလုံးကိုထုတ်ယူတယ်။ အထူးစီမံထားတဲ့ ဗူးထဲမှာ နှလုံးကိုသွေးဖြတ် စီးဆင်းစေပြီး အောက်စီဂျင်ပေး ထားပါတယ်။ အောက်စီဂျင် မရလို့နှလုံး မပျက်စီးစေအောင် ဒီကြာရှည်ခံအရည်ကိုလည်း ထည့်သွင်းပါတယ်။ နွေးထွေးနေတဲ့ ဒီဗူးထဲမှာ နှလုံးဟာ တဖန်ပြန်လည် ခုန်လာပြီး လိုအပ်တဲ့နေရာကို ပို့ဆောင်စေပါတယ်။

    ကြာရှည်ခံအရည်နဲ့ ဒီအထူးစီမံထားတဲ့ဗူး နှစ်ခုစလုံးရဲ့ ပေါင်းစပ်မှုနဲ့ နှလုံးခုန်ရပ်နေခဲ့တဲ့ နှလုံးကို အစားထိုးလဲလှယ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

    မြတ်ဇော် တင်ဆက်သည်။

    Source : Science Alert,theaustrallian

  • ဘာလော့တယ်လီ ဂိုးသွင်းရန် ယုံကြည်မှု လိုအပ်ဟု နည်းပြရော်ဂျာဆို

    ဘာလော့တယ်လီ ဂိုးသွင်းရန် ယုံကြည်မှု လိုအပ်ဟု နည်းပြရော်ဂျာဆို

    အောက်တိုဘာ ၂၆ ၊ ၂၀၁၄
    M-Media
    509041_heroa
    – ယမန်နေ့က ကစားခဲ့သော ပွဲတွင် ဘာလော့တယ်လီ၏ စွမ်းဆောင်မှုအား ကျေနပ်မိပြီး ဂိုးသွင်းနိုင်ရန်အတွက် မိမိကိုယ်ကို ယုံကြည်မှုလိုအပ်နေသည်ဟု လီဗာပူးလ်နည်းပြ ဘရန်ဒန် ရော်ဂျာက ပြောကြားလိုက်သည်။

    ဘာလော့တယ်လီမှာ ဟားလ်စီးတီးနှင့်ပွဲတွင် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ပြီး အပိုင်ဂိုးသွင်းခွင့်အချို့ ရခဲ့သော်လည်း ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်း မရှိချေ။

    “ကျွန်တော်ကတော့ သူ(ဘာလော့တယ်လီ)ဟာ အလုပ်ကောင်းကောင်းလုပ်ခဲ့ပြီး ကြိုးစားခဲ့တယ်လို့ မြင်ပါတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှု နည်းနည်းလေး လိုနေတာပါ။ တစ်ခါတစ်လေ ဂိုးမရဘူးဆိုရင် ယုံကြည်မှုလျော့နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူဟာတိုးတက်နေပါတယ်” ဟု ရော်ဂျာက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    စတားရစ်ခ်ျဒဏ်ရာရပြီးနောက်ပိုင်းတွင် လီဗာပူးလ်မှာ ဂိုးရရန် ရုန်းကန်နေရပြီး တိုက်စစ်မှူးသစ် ရစ်ကီလာမ်ဘာ့တ်မှာလည်း ပုံမှန်ဂိုးသွင်းခြေ မရှိချေ။ ဘာလော့တယ်လီမှာမူ အေစီမီလန်မှ ပြောင်းရွှေ့လာခဲ့ပြီးနောက်ပိုင်း ပရီးမီးယားလိဂ်တွင် ၁ ဂိုးမှ သွင်းယူနိုင်ခြင်း မရှိသေးပေ။