News @ M-Media

Blog

  • ကနေဒါ လွှတ်တော်အတွင်း ပစ်ခတ်မှုအပေါ် ကနေဒါပြည်သူတို့  ရင့်ကျက်တဲ့ တုန့် ပြန်ချက်များ

    ကနေဒါ လွှတ်တော်အတွင်း ပစ်ခတ်မှုအပေါ် ကနေဒါပြည်သူတို့  ရင့်ကျက်တဲ့ တုန့် ပြန်ချက်များ

    အောက်တိုဘာ ၂၆ ၊ ၂၀၁၄
    M-Media
    gunman
    အောက်တိုဘာလ ၂၂ ရက်နေ့  ကနေဒါနိုင်ငံ မြို့ တော်အော်တ၀ါမှာ အစ္စလာမ်ဘာသာကို မကြာခင်ကမှကူး ပြောင်းထားတဲ့လူတစ်ယောက်ရဲ့  သေနတ်နဲ့ ပစ်ခတ် မှုကြောင့် ကနေဒါစစ်သားတစ်ဦး သေဆုံးသွားခဲ့ရတဲ့ ဖြစ်ရပ် နောက်ပိုင်း ကနေဒါနိုင်ငံသားတွေရဲ့  တုန့် ပြန်မှုတွေဟာ ကနေဒါနိုင်ငံသားတွေရဲ့  ရင့်ကျက်မှု၊ သီးခံမှုနဲ့  လူမျိုး ပေါင်းစုံချစ်ကြည်မှု (multiculturalism) ကို ထုတ်ဖော်ပြသခြင်းဖြစ်ကြောင်း သုံးသပ်သူတွေကဆိုပါတယ်။

    မိုက်ကယ်ဆိုသူ လူငယ်တစ်ဦးရဲ့  သေနတ်နဲ့ ပစ်ခတ်တဲ့ သတင်း စတင်ပေါ်ပေါက်လာချိန်မှာပဲ မိုက်ကယ်ဟာ အစ္စလာမ်ဘာသာကို မကြာခင်ကမှ ကူးပြောင်းထားတဲ့လူဖြစ်ပြီး လူ့ လုပ်ရပ်ကြောင့် ကနေဒါမှာရှိတဲ့ မွတ်စလင် တွေကို ပစ်မှတ် မထားသင့်ကြောင်း၊ ဒီကိစ္စကို အကြောင်းပြပြီး လက်ရှိ ရှေးရိုးစွဲ Conversative အစိုးရအနေနဲ့  ကနေဒါပြည်သူတရပ်လုံးအပေါ် အကြောင်းရှာ ပိုမိုထိန်းချုပ်လာမှာကို လက်မခံသင့်ကြောင်း၊ အစိုးရအနေနဲ့  လုံ ခြုံရေးဌာနတွေ ကို အာဏာပိုပေးပြီး ပြည်သူတွေရဲ့  လွတ်လပ်ခွင့်ကို ချုပ်ကိုင်လာမှာကို လက်မခံသင့်ကြောင်း  ထောက်ပြကြပါတယ်။

    ကနေဒါနိုင်ငံရဲ့  နာမည်ကြီးသတင်းစာတစ်စောင်ဖြစ်တဲ့ The Toronto Star [1]  ကလည်း မှုခင်းဖြစ်တဲ့နေ့ မှာပဲ အခုမှ ကနေဒါ လွှတ်တော်မှာ ဒီလိုပစ်ခတ်မှုမျိုးဖြစ်တာ မဟုတ်ပဲ အရင်ကလည်းဖြစ်ဖူးတဲ့အကြောင်း၊

    ၁၉၆၆ ခုနှစ်က တိုရန်တိုမြို့ သား တစ်ယောက်က အောက်လွတ် တော်မှာ ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း၊ အစိုးရအဖွဲ့ ကို ဗုံးခွဲဖို့ ကြံစည်ပေမဲ့ စောလျင်စွာ ဗုံးပေါက်သွားကြောင်း၊

    ၁၉၈၄ ခုနှစ်က ကွေဘတ်ပြည်နယ်လွတ်တော်မှာ ကနေဒါစစ်သားတစ်ဦးပစ်ခတ်တိုက်ခိုက်မှုကြောင့် လူ ၃ ဦးသေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊

    ၁၉၈၈ မှာ အယ်လ်ဘာတာပြည်နယ်လွတ်တော်မှာ လူတစ်ဦးကလည်း သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အချက် ကျကျဖော်ပြခဲ့ပါတယ်။

    ကနေဒါနိုင်ငံရဲ့  အကြီးဆုံး ရုပ်မြင်သံကြားဌာန (Canadian Broadcasting Corporation – CBC) ဟာလည်း  သတင်းကြေညာသူရဲ့ အမြင်တွေ၊ ထင်မြင်ယူဆချက်တွေလုံးဝမပါပဲ၊ လူမျိုးဘာသာတခုခုကို အမြင်မှားစေမဲ့ ထိရှလွယ်အပြောအဆိုတွေ၊ မသေချာပဲ ခန့် မှန်းပြောဆို တာတွေ ရှောင်ပြီး သေနတ် ပစ်ခတ်မှုဖြစ်နေစဉ်မှာပဲ အဲ့ဒီဖြစ်စဉ်ကို professional ဆန်စွာ၊ ဘက်လိုက်မှုကင်းစွာ တိုက်ရိုက် ထုတ်လွင့်ခဲ့တဲ့ အတွက်  အတုယူစရာ သတင်းဌာနအဖြစ် ကမ္ဘာ့ထိပ်တန်း သတင်းဌာန [2] တွေရဲ   ဂုဏ်ပြုချီးကျူးတာကိုခံရပါတယ်။ Mother Jones [3] သတင်းစာမျက်နှာမှာ CBC ရဲ့  ထုတ်လွင့်မှုဟာ အမေရိကန် သတင်းဌာနတွေကို အရှက်ရစေတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့  ဆောင်ပါးနဲ့  အမေရိကန်သတင်းဌာနတွေရဲ့  ဘက်လိုက်မှုနဲ့  CBC ရဲ့  professional ဆန်မှုကို နှိုင်းယှဉ်ထားပါတယ်။

    သူ့ ရဲ့ လုပ်ရပ်ကြောင့် ဘာသာတခုလုံးကို ပြစ်မှတ်မထားအောင် သူ့ ရဲ့ ရာဇ၀တ်မှုကို ရာဇ၀တ်မှုအနေနဲ့ မြင် အောင် သူ့ ရဲ့  နောက်ကြောင်းကို ပြည်သူတွေ နားလည်အောင် တခြားသတင်းဌာနတွေက ချက်ချင်းဖော်ပြ ပေးကြပါတယ်။ သူဟာ အစ္စလာမ်ဘာသာကို မကြာခင်ကမှ ကူးပြောင်းလာတာ ဖြစ်တဲ့အကြောင်း၊ အရင်က ကွေဘတ်ပြည်နယ်နဲ့  ဘရိတိရှ် ကိုလံဘီယာ ပြည်နယ်တွေမှာ ပြစ်မှုကျူး လွန်ထားတဲ့ သမိုင်းတွေရှိကြောင်း၊ မူးယစ်ဆေးသုံးစွဲ ရောင်းဝယ်ပြီး ဘဏ်ဓားပြ တိုက်ဖူးတဲ့လူဖြစ်ကြောင်း၊ မိဘတွေက အိမ်ထောင်ကွဲနေပြီး ဖခင်နဲ့  သိပ်မတွေ့ ရသကဲ့သို့  မိခင်ကလည်း အလုပ်များကြောင်း၊ မူးယစ်ဆေးက သူ့ ကို ပြောင်းလဲစေခဲ့ကြောင်းနဲ့  မူးယစ်ဆေးကြောင့် စိတ်အပြောင်းအလဲမြန်ကြောင်း ကနေဒါရဲ့ နောက်ထပ် နာမည်ကြီး The Globe and Mail သတင်းစာက ဆိုပါတယ်။
    ColdLake3
    အဲ့ဒီပစ်ခတ်မှုကြောင့် တချို့ နေရာတွေမှာ မွတ်စလင်မ်တွေအပေါ် အမြင်မှားမှုတချို့ ရှိပေမဲ့ ကနေဒါပြည်သူ တွေက ရင့်ကျက်စွာ တုန့် ပြန်ကြပါတယ်။ ဥပမာ အယ်လ်ဘာတာ ပြည်နယ် ခိုလ်းလိခ် (Cold Lake) မြို့ ငယ် လေးက ဗလီတလုံးဟာ ပြတင်းပေါက် ချိုးဖျက်ခံရပြီး သင်တို့ နေရာပြန်ကြဆိုပြီးတော့လည်း နံရံဆေးမှုတ် ခံခဲ့ပါတယ်။ ချက်ချင်းပဲ အဲ့ဒီမြို့ က ပြည်သူတွေက အဲ့ဒီလုပ်ရပ်ကို ရှုတ်ချခဲ့ပါတယ်။ သိသိချင်း တစ်နာရီ အတွင်းမှာပဲ လူတချို့ က ဆေးတွေကို လာဖျက်ပေး၊ ဗလီလာပြင်ပေးပြီး တချို့ က သူတို့ အိမ်မှာ “ဒါဟာ သင်တို့ အိမ် (နိုင်ငံ)”၊ “သင့်အိမ်နီးချင်းတွေကို ချစ်ခင်ပါ” ဆိုတဲ့ ဆိုင်းဘုတ်တွေ ထောင်ထားလိုက်ကြ ပါတယ်။

    မြို့ ခံတစ်ဦးဖြစ်တဲ့ မက် ဒေါနေက ခုလို ဗလီကို တိုက်ခိုက်တာဟာ အများစုဆန္ဒမဟုတ်ကြောင်း အသိပေး ဖို့ ဆိုပြီး ပန်းတွေလာပေးပါတယ်။ သူက ခုလိုဖြစ်ရပ်ကြောင့် ၀မ်းနည်းမိကြောင်း၊ အဲ့ဒီမြို့ မှာရှိတဲ့ မွတ်စလင်တွေဟာ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင် သူတွေဖြစ်ကြောင်း၊ ဒေသခံတွေဟာ အစွန်းရောက်ဝါဒနဲ့  ဘာသာရေး ကွဲပြားတာကိုနားလည်ကြောင်း ဆိုပါတယ်။

    image

    မြို့ တော်ဝန်ကလည်း ဗလီဟာ အဲ့ဒီမြို့ ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး ဗလီပြတင်းချိုးဖျက်မှုကြောင့် စိတ်ပျက်မိကြောင်း ပြောပါတယ်။

    အဲ့ဒီမြို့ မှာရှိတဲ့ ကနေဒါ စစ်သားတွေကလည်း ဗလီကို ဆက်သွယ်ပြီး အားပေးစကားပြောကြောင်း ဗလီ ဘုတ်အဖွဲ့ ဝင်တစ်ဦးက ဆိုပါတယ်။

    ref:

    1.  http://www.thestar.com/news/canada/2014/10/22/ottawa_attack_threatens_to_panic_canadians_walkom.html  2.http://jpress.journalism.ryerson.ca/jsource/around-the-world-canadian-coverage-praised-by-international-media/
    3.  http://www.motherjones.com/mixed-media/2014/10/cbc-ottawa-shootings-cable-news
    4.  http://www.cbc.ca/m/news/canada/edmonton/town-rallies-around-vandalized-cold-lake-mosque-1.2811968

  • မိမိအသင်းအား ချယ်ဆီးကဲ့သို့ ကစားစေချင်သည်ဟု မန်ယူနည်းပြဆို

    မိမိအသင်းအား ချယ်ဆီးကဲ့သို့ ကစားစေချင်သည်ဟု မန်ယူနည်းပြဆို

    အောက်တိုဘာ ၂၅ ၊ ၂၀၁၄
    M-Media
    453607_heroa
    – မန်ယူနည်းပြ လူးဝစ်ဗန်ဂါးလ်က ချယ်ဆီးနည်းပြ မော်ရင်ဟိုအား ချီးကျူးလိုက်ပြီး မိမိအသင်းကို ချယ်ဆီးကဲ့သို့ ကစားစေချင်သည်ဟု ပြောကြားလိုက်သည်။

    မော်ရင်ဟိုမှာ ၁၉၉၀ ပြည့်နှစ်များက ဘာစီလိုနာတွင် ဗန်ဂါး၏ လက်အောက်၌ နည်းပြအဖြစ် အလုပ်လုပ်ခဲ့ဖူးပြီး၊ မော်ရင်ဟိုကလည်း ၎င်း၏ နည်းပြဘ၀ အစောပိုင်းကာလတွင် ဗန်ဂါးလ်၏ ကူညီမှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ဖူးသည်။

    ဗန်ဂါးလ်ကမူ မိမိမှာ မော်ရင်ဟို၏ အလားအလာကို သတိပြုမိခဲ့ပြီး ထို့ကြောင့် ဘာစီလိုနာ၌ ရှိစဉ် Catalunya Cup ပွဲများအတွက် မော်ရင်ဟိုအား ကိုင်တွယ်ခွင့်ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    မန်ယူနှင့် ချယ်ဆီးတို့မှာ ပရီးမီးယားလိဂ်ပွဲစဉ် ၉ အဖြစ် ယနေ့ညတွင် ကစားရမည့်ဖြစ်ပြီး ဗန်ဂါးလ်က

    “ကျွန်တော့်အသင်းမှာ ကစားစေချင်တဲ့အတိုင်း မော်ရင်ဟိုရဲ့အသင်းက ကစားနေတာမို့ ကျွန်တော်တို့ပွဲဟာ နည်းစနစ်ပိုင်းဆိုင်ရာ ပြိုင်ပွဲမျိုး ဖြစ်လာမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် လျှို့ဝှက်ချက်ဆိုတာလည်း ရှိမှာမဟုတ်ပါဘူး” ဟု ဗန်ဂါးလ်က ယမန်နေ့တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ထို့ပြင် မော်ရင်ဟိုနှင့်ပတ်သက်၍ မည်သည့်အရာအား အထင်ကြီးသနည်းဟု မေးမြန်းခဲ့ရာ ဗန်ဂါးလ်က မော်ရင်ဟိုမှာ သာမန်လူတစ်ယောက်ကဲ့သို့ဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး နည်းပြများထဲမှ တစ်ဦးဖြစ်သည်ဟု ဖြေကြားခဲ့သည်။

  • ကမ္ဘောဒီးယားနိုင်ငံသား တစ်ဦးကို ထိုင်းစစ်တပ် ပစ်သတ်ပြန်

    ကမ္ဘောဒီးယားနိုင်ငံသား တစ်ဦးကို ထိုင်းစစ်တပ် ပစ်သတ်ပြန်

    အောက်တိုဘာ ၂၅ ၊ ၂၀၁၄
    M-Media

    Thai-Cambodia-border-crossing-surin
    ထိုင်း နှင့် ကမ္ဘောဒီးယား နယ်စပ်

    – ထိုင်းမော်တော် ဆိုင်ကယ်တစ်စီးကို ခိုးယူခဲ့သည်ဟု စွပ်စွဲကာ မိမိတို့နိုင်ငံသားတစ်ဦးအား ထိုင်းစစ်တပ်က ပစ်သတ်ခဲ့မှုအတွက် ကမ္ဘောဒီယားအစိုးရက ရှုတ်ချပြောဆိုလိုက်သည်။

    အသက် ၂၁ နှစ်အရွယ် ကမ္ဘောဒီးယားနိုင်ငံသား  Soeun Vorn မှာ ကြာသာပတေးနေ့က ထိုင်းနိုင်ငံ စူရင်ပြည်နယ်အတွင်းသို့ ၀င်ရောက်ကာ Honda Scoopy မော်တော်ဆိုင်ကယ် ခိုးယူမှုနှင် ပတ်သက်၍ သံသယရှိသောကြောင့် ထိုင်းစစ်တပ်က ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

    “လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံ စည်းမျဉ်းများ၊ ကမ္ဘောဒီးယားနှင့် ထိုင်း နှစ်နိုင်ငံ ကောင်းမွန်သောအိမ်နီးချင်းဖြစ်မှု၊ မိတ်ဆွေဖြစ်မှုတို့ကို ချိုးဖောက်ကာ ထိုင်းစစ်တပ်၏ ကြမ်းကြုတ်သော ထိုလုပ်ရပ်အား ကမ္ဘောဒီးယား အစိုးရက ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်သည်” ဟု ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ဖနွမ်းပင်ရှိ ထိုင်းသံရုံးသို့ ပေးပို့သောစာတွင် ရေးသားထားသည်။

    ထို့ပြင် ထိုင်းအစိုးရအနေဖြင့် အကြမ်းဖက်မှုကို ရှောင်ရှားရန်အတွက်လည်း တိုက်တွန်းထားသည်။ ထိုင်းစစ်တပ်မှ ကမ္ဘောဒီးယားနိုင်ငံသားများအား ပစ်သတ်မှုမှာ ယခုတစ်ကြိမ်ပါဆိုလျှင် တစ်လအတွင်း နှစ်ကြိမ်ရှိပြီဖြစ်သည်။

    ယခုလအစောပိုင်းကလည်း ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် ကင်းလှည့်နေသော ကမ္ဘောဒီးယား သစ်ခုတ်သမားများနှင့် စစ်သားများအား ထိုင်းစစ်တပ်မှ ပစ်ခတ်ခဲ့ပြီး သစ်ခုတ်သမား ၂ ဦးသေဆုံးခဲ့ကာ ကမ္ဘောဒီးယားစစ်သားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

    ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ ထိုင်းစစ်တပ်မှာ ပြီးခဲ့သည့်နှစ်က တရားမ၀င်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် ကမ္ဘောဒီးယား သစ်ခုတ်သမား ၆၉ ဦးအား ပစ်သတ်ခဲ့သည်ဟု သိရသည်။

    ဆင်ဟွာ

  • ဟစ်ဂျရီနှစ်သစ်အား ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်များ ကြိုဆို

    ဟစ်ဂျရီနှစ်သစ်အား ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်များ ကြိုဆို

    အာက်တိုဘာ ၂၅ ၊ ၂၀၁၄
    M-Media
    Zayed_UAE_Mosque_1436
    – အောက်တိုဘာ ၂၅ ရက်နေ့တွင် ကျရောက်သည့် အစ္စလာမ်ဘာသာဝင်တို့၏ ဟစ်ဂျရီနှစ်သစ်ကို ကမ္ဘာတစ်ဝှမ်းမှ အစ္စလာမ့် ဓမ္မပညာရှင်များနှင် မွတ်စလင်များက ကြိုဆိုခဲ့ကြသည်။

    ဟစ်ဂျရီပြက္ခန်ဒိန်မှာ လကိုအခြေခံတွက်ချက်ခြင်းဖြစ်ပြီး နက္ခတဗေဒဆိုင်ရာ တွက်ချက်မှုများအရ ဟစ်ဂျရီနှစ်သစ် ၁၄၃၆ ခုနှစ်မှာ အောက်တိုဘာ ၂၅ ရက် စနေနေ့တွင် ကျရောက်သည်ဟု သိရသည်။

    အီဂျစ်နိုင်ငံရှိ အလ်-အဇ်ဟာရ်တက္ကသိုလ်မှ ရှေ့ဆောင်ဆရာတော်ကြီး အဟ်မဒ် အလ်-တိုင်ယစ်ဘ်က ဟစ်ဂျရီနှစ်သစ်ကျရောက်ခြင်းနှင့် ပတ်သက်၍ အီဂျစ်ပြည်သူများ၊ အာရပ်နှင့် အစ္စလာမ့် နိုင်ငံများအား နှုတ်ခွန်းဆက် စကားများ ပြောကြားခဲ့သည်။

    ထို့ပြင် အခြားသော အစ္စလာမ်နိုင်ငံများမှ ခေါင်းဆောင်များနှင့် ဓမ္မ ပညာရှင်များကလည်း ဟစ်ဂျရီနှစ်သစ် အတွက် နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ပြီး၊ အမေရိကန်သမ္မတ ဘာရက်အိုဘားမား၊ စင်ကာပူ ၀န်ကြီးချုပ် လီရှန်လွန်းတို့ကလည်း အစ္စလာမ် ဘာသာဝင်တို့၏ နှစ်သစ်အတွက် ဆုမွန်ကောင်းတောင်းပေးခဲ့ကြသည်။

    အစ္စလာမ့် ဟစ်ဂျရီနှစ်သစ်အား ကမ္ဘာတစ်ဝှမ်းလုံးမှ မွတ်စလင်များက ၀တ်ပြုခြင်း၊ ကောင်းမှုကုသိုလ်များဆောင်ရွက်ခြင်း၊ နှစ်အသစ်အတွက် ဆုမွန်ကောင်းတောင်းခြင်း စသည့် ကောင်းမြတ်သော လုပ်ရပ်များဖြင့် ကြိုဆိုကြမည်ဖြစ်သည်။

    ဟစ်ဂျရီပြက္ခဒိန်မှာ ခရစ်သက္ကရာဇ် ၆၂၂ တွင် တမန်တော် မုဟမ္မဒ်သခင် (ဆွ) မက္ကာမြို့မှ မဒီနာမြို့သို့ ပြောင်းရွှေ့ကြွမြန်းသွားပြီး နောက်ပိုင်းမှ စတင်ရေတွက် ခဲ့ခြင်းဖြစ်သည်။

    ထိုကဲ့သို့ ပြောင်းရွှေ့မှုကို အာရဗီ စကားလုံးအရ “Hijrah” ဟု ခေါ်ဝေါ်ပြီး၊ ထိုအခေါ်အဝေါ်အား အစွဲပြု၍ အစ္စလာမ့်ပြက္ခဒိန်ကို ဟစ်ဂျရီ ခုနှစ်ဟု သမုတ်ခဲ့ခြင်းဖြစ်သည်။ မုဟမ္မဒ်သခင်၏ ထိုပြောင်းရွှေ့မှုမှာ အစ္စလာမ်သာသနာအား လွတ်လပ်စွာ ကျင့်သုံးခွင့်ရရန်အတွက် ဖြစ်ပြီး အစ္စလာမ့်သမိုင်း၏ အလှည့်အပြောင်း တစ်ခုလည်း ဖြစ်ခဲ့သည်။

    ref_ OnIslam & News Agencies

  • ဗုံးခွဲ တိုက်ခိုက်မှုကြောင့် ဆိုင်းနိုင်း ကျွန်းဆွယ်အား အီဂျစ် အစိုးရ အရေးပေါ် အခြေအနေ ကြေညာ

    ဗုံးခွဲ တိုက်ခိုက်မှုကြောင့် ဆိုင်းနိုင်း ကျွန်းဆွယ်အား အီဂျစ် အစိုးရ အရေးပေါ် အခြေအနေ ကြေညာ

    အောက်တိုဘာ ၂၅ ၊ ၂၀၁၄
    M-Media
    Islamist leader Shadi al-Menei killed in the Sinai peninsula
    – စစ်သား ၃၀ သေဆုံးခဲ့သည့် အသေခံ ကားဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ဆိုင်းနိုင်း ကျွန်းဆွယ်အား အီဂျစ်အစိုးရက အရေးပေါ် အခြေအနေ ကြေညာ လိုက်သည်ဟု သိရသည်။

    အဆိုပါ တိုက်ခိုက်မှုမှာ ဆိုင်းနိုင်းရှိ ရှိခ် ဇူဝစ် အနောက်တောင်ပိုင်း ကာရ်မ် အလ်-ကွာဝါဒီအစ် စစ်ဆေးရေး ဂိတ်တွင် သောကြာနေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ရပ်ထားသောကားများလည်း မီးလောင်ပျက်စီးခဲ့ကာ တိုက်ခိုက်ရေးသမားများကလည်း သေနတ်များ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြသည်ဟု အီဂျစ် မီဒီယာများက ဖော်ပြခဲ့သည်။

    ထိုတိုက်ခိုက်မှုမှာ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားသော သမ္မတ မော်စီအား ပြီးခဲ့သည့်နှစ်က စစ်တပ်က ဖြုတ်ချပြီးနောက်ပိုင်း စစ်တပ်အား ပစ်မှတ်ထားသည့် အကြီးဆုံး တိုက်ခိုက်မှုလည်း ဖြစ်သည်။

    သမ္မတ အဘ်ဒဲလ် ဖာတာ အလ်-စီစီ မှ လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သော ကြေညာချက်တွင် အရေပေါ်အခြေအနေ ကြေညာခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ ၂၅ နံနက် ၃ နာရီမှစတင်ကာ သက်ရောက်မည်ဖြစ်ကာ ၃ လ ကြာမြင့်မည်ဖြစ်သည်။

    ထို့ပြင် အရေးပေါ်အခြေအနေ ကြေညာထားသည့် ဒေသများအတွင်း ည ၇ နာရီမှ နံနက် ၇ နာအထိ ကာဖျူးအမိန့်လည်း ထုတ်ပြန်ထားပြီး သေဆုံးသွားသည့် စစ်သားများအတွက် ၀မ်းနည်ဖွယ်နေ့ကို ၃ ရက် သတ်မှတ်ခဲ့သည်။

    ဗုံးခွဲတိုက်ခိုက်မှုတွင် ၂၈ ဦး ဒဏ်ရာရရှိခဲ့ပြီး အများစုမှာ အခြေအနေဆိုးရွားနေကြသည်ဟု သိရသည်။

    ref_ Al Jazeera and agencies