News @ M-Media

Blog

  • ကျန်းမာရေး စင်တာ ဖွင့်ပြီး HIV ရှိနေတဲ့ ဟိန္ဒူ ကလေးများကို ပြုစုစောင့်ရှောက်နေတဲ့ အိန္ဒိယက မွတ်စလင်အမျိုးသမီး

    ကျန်းမာရေး စင်တာ ဖွင့်ပြီး HIV ရှိနေတဲ့ ဟိန္ဒူ ကလေးများကို ပြုစုစောင့်ရှောက်နေတဲ့ အိန္ဒိယက မွတ်စလင်အမျိုးသမီး

    အောက်တိုဘာ ၁၆ ၊ ၂၀၁၄
    M-Media
    15-10-14_Muslim-Helps-Hindu-Kids-With-HIV
    – မိမိ၏ ဘ၀သက်တမ်းအား လူ့အဖွဲ့အစည်းအတွက် နှစ်မြှုပ်လျက် အိန္ဒိယရှိ မွတ်စလင် အမျိုးသမီးတစ်ဦးမှာ ကျန်းမာရေး စောင့်ရှောက်မှု စင်တာတစ်ခုဖွင့်ကာ HIV ပိုး ကူးစက်ခံနေရသူ ဟိန္ဒိုကလေးငယ်များအား ပြုစုစောင့်ရှောက်ပေးနေသည်ဟု သိရသည်။

    Snehadeep ဟု အမည်ရသည့် အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုစင်တာကို နိုင်ငံအနောက်တောင်ပိုင်း ဘန်ဂလော ပြည်နယ်တွင် လွန်ခဲ့သည့် ၂ နှစ်မှစတင်ကာ ဖွင့်လှစ်ထားခြင်းဖြစ်ပြီး HIV ရောဂါသည် ကလေးများအား ပြုစုစောင့်ရှောက်ပေးနေသည်။

    “ဒီ Snehadeep စင်တာမှာ အသက် ၇ နှစ်ကနေ ၁၂ နှစ်အရွယ် HIV ပိုး ကူးစက်ခံနေရသူ ဟိန္ဒူကလေး ၁၄ ဦးကို ပြုစုစောင့်ရှောက်ပေးနေပါတယ်” ဟု အဆိုပါစင်တာကို တည်ထောင်ခဲ့သည် မွတ်စလင်အမျိုးသမီး တာဘက်ဆမ်က Bangalore Mirror သတင်းစာသို့ အောက်တိုဘာ ၁၅ ရက်နေ့က ပြောကြားခဲ့သည်။

    “တနင်္ဂနွေလို နေ့မျိုးမှာ ကျွန်မဟာ တစ်အိမ်တက်ဆင်းသွားပြီး အကူအညီတောင်းပါတယ်။ ဘီစကွတ်ထုတ်လေး တစ်ထုတ်ဖြစ်ဖြစ် ရရှိတာဟာ ကလေးတွေအတွက် ထူးခြားမှုကို ဖြစ်စေပါတယ်။ အစားအသောက်အတွက် ရန်ပုံငွေရရှိဖို့ဟာ အမြဲလိုလို ကြီးမားတဲ့စမ်းသပ်မှုကြီးပါပဲ”

    တာဘက်ဆမ်၏ အနီးကပ်ဆုံး မိတ်ဆွေဖြစ်သူမှာ HIV ပိုး ကူးစက်နေကြောင်း တွေ့ရှိရပြီး ၂ ရက်အကြာတွင် သေဆုံးခဲ့ပြီးနောက်ပိုင်းမှစတင်ကာ တာဘက်ဆမ်မှာ HIV ပိုးကူးစက်ခံနေရသူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

    “လွန်ခဲ့တဲ့ ၁၄ နှစ်လုံးလုံး ကျွန်မဟာ HIV ပိုးရှိတဲ့ ကလေးတွေ၊ ကိုယ်ဝန်ဆောင်သည်တွေကို ပြုစုစောင့်ရှောက်ပေခဲ့ပါတယ်။ ဒီအဖြစ်အပျက် (အနီးကပ်ဆုံး မိတ်ဆွေ သေဆုံးသွားပြီးတဲ့) နောက်ပိုင်းမှာ ကျွန်မဲ့ ရှုမြင်ပုံဟာ ပြောင်းလဲသွားခဲ့ပါတယ်” ဟု သူမကဆိုသည်။

    Tabassumထို့ပြင် ဟိန္ဒူအများစုရှိသည့် အိန္ဒိယတွင် မွတ်စလင်အမျိုးသမီး တစ်ယောက်က NGO တွင် လုပ်ကိုင်မှုအတွက် စိန်ခေါ်မှုများရှိနေပြီး၊ Snehadeep စင်တာအား စတင်ဖွင့်လှစ်စဉ် အခါကလည်း စိန်ခေါ်မှုများ ကြုံတွေ့ခဲ့ရသည်ဟု တာဘက်ဆမ်က ဖွင့်ဟခဲ့သည်။

    HIV/AIDS အစီအစဉ်များကို ဆောင်ရွက်နေသည့် ကုလမဂ္ဂ UNAIDS အဖွဲ့၏ စစ်တမ်းများအရ ၂၀၁၁ခုနှစ် နှစ်ကုန်ပိုင်းတွင် ကမ္ဘာပေါ်၌ HIV ပိုးကူးစက်ခံရသူ ၃၄ သန်း ရှိနေသည်ဟု သိရသည်။

    HIV ပိုး ကူစက်ခံနေရသူ ကလေးများအား မိဘများ၊ ဆွေမျိုးသားချင်းများက စွန့်ပစ်သွားခဲ့ပြီး ၎င်းတို့မှာ ဆိုးရွားသော အခြေအနေများကို ကြုံတွေ့နေရကာ စိတ်ဒဏ်ရာများလည်း ရရှိကြသည်ဟု တာဘက်ဆမ်က ဆိုသည်။

    “မကြခဏဆိုသလို မိဘတွေဟာ သူတို့ကလေးတွေနဲ့ ဝေးရာကို ထွက်သွားကြပါတယ်။ ဒီကလေးတွေဟာ ရုပ်ပိုင်းဆိုင်ရာတွေထက် စိတ်ဒဏ်ရာတွေ ခံစားရပြီး၊ အတွယ်အတာကို လိုချင်ကြပါတယ်” ဟု ဆိုပြီး ထိုကလေးများ၏ နောက်ဆုံးအချိန်အတွက် အကောင်းဆုံးပေးဆပ်ရန် ကြိုးစားနေသည်ဟုလည်း တာဘက်ဆမ်က ထည့်သွင်းပြောကြားခဲ့သည်။

    HIV ပိုးရှိသူ ကလေးငယ်များအား ပြုစုစောင့်ရှောက်ပေးနေသည့် Snehadeep စင်တာအတွက် ရန်ပုံငွေရရှိရေးမှာ ကြီးမားသော အခက်အခဲတစ်ခုဖြစ်နေသည်။

    “တနင်္ဂနွေလို နေ့မျိုးမှာ ကျွန်မဟာ တစ်အိမ်တက်ဆင်းသွားပြီး အကူအညီတောင်းပါတယ်။ ဘီစကွတ်ထုတ်လေး တစ်ထုတ်ဖြစ်ဖြစ် ရရှိတာဟာ ကလေးတွေအတွက် ထူးခြားမှုကို ဖြစ်စေပါတယ်။ အစားအသောက်အတွက် ရန်ပုံငွေရရှိဖို့ဟာ အမြဲလိုလို ကြီးမားတဲ့စမ်းသပ်မှုကြီးပါပဲ” ဟု သူမက နိဂုံးချုပ်အနေဖြင့် ပြောကြားခဲ့သည်။

     

    ref_ OnIslam & News Agencies

  • နေးမာမှာ ဘရာဇီးလ်အသင်း ခေါင်းဆောင်အသစ် ဖြစ်ကြောင်း နည်းပြ ဒွန်ဂါပြော

    နေးမာမှာ ဘရာဇီးလ်အသင်း ခေါင်းဆောင်အသစ် ဖြစ်ကြောင်း နည်းပြ ဒွန်ဂါပြော

    အောက်တိုဘာ ၁၆ ၊ ၂၀၁၄
    M-Media
    469170_heroa
    – တိုက်စစ်မှူးနေးမာမှာ ဘရာဇီးလ်အသင်း၏ ခေါင်းဆောင်သစ်ဖြစ်ပြီး အသင်း၏ အနာဂတ်အား လမ်းညွှန်ပေးမည်ဟု ဘရာဇီးလ်လက်ရွေးစင်အသင်း နည်းပြ ဒွန်ဂါက ပြောကြားလိုက်သည်။

    ယနေ့နံနက်တွင် ကစားခဲ့သည့် ဂျပန်အသင်းနှင့် ခြေစမ်းပွဲတွင် နေးမာမှာ အသင်းအတွက် အနိုင်ဂိုး ၄ ဂိုး စလုံးကို သွင်းယူပေးခဲ့ပြီး ဒွန်ဂါလက်ထက် ၄ ပွဲဆက်နိုင်ပွဲရအောင် ကူညီပေးနိုင်ခဲ့သည်။

    ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီး နည်းပြဟောင်း စကိုလာရီ၏ နေရာကို ဆက်ခံခဲ့သည့် ဒွန်ဂါမှာ သီယာဂို ဆေးလ်ဗား ဒဏ်ရာရသွားခဲ့ပြီးနောက် ပြီးခဲ့သည့်လမှစ၍ အသက် ၂၂ နှစ်အရွယ် နေးမာအား အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခဲ့ပြီး ထိုအချိန်က အမြဲတမ်းခန့်အပ်ခြင်း ဟုတ်မဟုတ် မသေချာခဲ့ပေ။

    သို့သော်လည်း ဂျပန်နှင့်ပွဲအပြီးတွင် ဒွန်ဂါက

    “နေးမာဟာ ကျွန်တော်တို့ရဲ့ အသင်းခေါင်းဆောင် အသစ်ပါ။ လက်ရွေးစင်အသင်းအတွက် သူရဲ့ ရာထူးအသစ်လည်းဖြစ်ပါတယ်။ သူဟာ ဘောလုံးကစားရတာကို နှစ်သက်ပြီး ကွင်းထဲမှာလည်း ပျော်ရွှင်အောင် လုပ်နိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။

    ဂျပန်နှင့် မကစားမီ အာဂျင်တီးနားနှင့် ကစားခဲ့သည့်ပွဲတွင်လည်း ဘရာဇီးလ်မှာ ၂ ဂိုး ပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ဒွန်ဂါကမူ အာရှ တစ်ခွင်ခြေစမ်းပွဲများ၌ အသင်း၏ ခြေစွမ်းကောင်းမွန်မှုများအား ကျေနပ်မိသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

  • အစ္စလာမ် သာသနာသို့ ကူးပြောင်းခဲ့သည့် ဌာနေ တိုင်းရင်းသား အကြောင်း  သြစတေးလျ ရုပ်သံမှ ထုတ်လွှင့်

    အစ္စလာမ် သာသနာသို့ ကူးပြောင်းခဲ့သည့် ဌာနေ တိုင်းရင်းသား အကြောင်း သြစတေးလျ ရုပ်သံမှ ထုတ်လွှင့်

    အောက်တိုဘာ ၁၆ ၊ ၂၀၁၄
    M-Media

    13-10-14_Anglo-Aussie-Reverts-Show-New-Face-of-Islam
    ” သြစတေးလျ ဌာနေ တိုင်းရင်းသား မွတ်စလင် တစ်ယောက်ဖြစ်ရတာကို ကျွန်မ ဂုဏ်ယူပါတယ်”

    – အစ္စလာမ်သာသနာနှင့် ပတ်သက်၍ လူအများမကြားဖူးသော ပုံရိပ်တစ်ခုကို ဖော်ပြရန် ရည်ရွယ်၍ အစ္စလာမ်သာနာသို့ ပြောင်းလဲ သက်ဝင်ခဲ့ကြသော သြစတေးလျ ဌာနေတိုင်းရင်းသားများ အကြောင်း အစီအစဉ်တစ်ခုကို သြစတေးလျ SBS ရုပ်သံမှ စတင် ထုတ်လွှင့်ခဲ့သည်ဟု သိရသည်။

    အဆိုပါအစီစဉ်ကို The Feed ဟု အမည်ပေးထားပြီး အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ခဲ့ကြသည့် ဌာနေတိုင်းရင်းသားများ၏ အစ္စလာမ်အပေါ်အမြင်၊ အစ္စလာမ်နှင့် ၎င်းတို့၏ ဘ၀၊ အစ္စလာမ်သာသနာအား ပြောင်းလဲသက်ဝင်ပုံ စသည်တို့ကို ထုတ်လွှင့်တင်ဆက်သွားမည် ဖြစ်သည်။

    “သြစတေးလျ ဌာနေ တိုင်းရင်းသား မွတ်စလင် တစ်ယောက်ဖြစ်ရတာကို ကျွန်မ ဂုဏ်ယူပါတယ်။ ကျွန်မ ၀တ်ပြုတဲ့အခါ၊ အလ္လာဟ်အရှင်မြတ်နဲ့ ဆက်သွယ်တဲ့အခါတွေမှာ နက်ရှိုင်းတဲ့ တည်ငြိမ် အေးချမ်းမှုကို ရပါတယ်။ အစ္စလာမ်သာသနာကို ပြောင်းလဲသက်ဝင်ခြင်းမပြုမီက ဒီလိုမျိုး ကျွန်မ မခံစားခဲ့ရဖူးပါဘူး” ဟု သြစတေးလျ အန်ဂလို ဌာနေတိုင်းရင်းသူ ဆာရာက The Feed အစီအစဉ်တွင် ပြောကြားခဲ့သည်။

    ဆာရာမှာ နယူးဆောက်သ်ဝေးလ် ပြည်နယ်တွင် မွေးဖွား ကြီးပြင်းခဲ့သူဖြစ်ပြီး စိတ်ပညာဖြင့် ဘွဲ့ရထားသူဖြစ်သည်။ အစ္စလာမ် သာသနာကို လက်ခံရန်အတွက် သုတေနပြုခြင်းများ၊ စာအုပ်ဖတ်ခြင်း၊ အွန်လိုင်းမှ အစ္စလာမ်နှင့် သက်ဆိုင်သော ပို့ချချက်များ နားထောင်ခြင်းတို့ကို ပြုလုပ်ခဲ့ရပြီး အစ္စလာမ်သို့ ပြောင်းလဲရန် ဆုံးဖြတ်ချက်ကို ပျော်ရွှင်စွာပင် ချမှတ်ခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။

    “ဒီအစဉ်ကိုကြည့်ကြမယ့် သြစတေးလျတွေအတွက် ကျွန်မပေးချင်တဲ့ သတင်းစကားကတော့ ကျွန်မတို့အားလုံးဟာ ဘာမှ မကွာဘူးဆိုတာပါပဲ။ ကျွန်မဟာ သြစတေးလျတစ်ယောက် ဖြစ်တယ်။ ကျွန်မသွေးကနီတယ်။ ဒါပေမယ့် ဒါဟာ ဘ၀အတွက် ကျွန်မရဲ့ ရွေးချယ်မှုပါ။ ပ၀ါဆောင်းလိုက်တာကလွဲလို့ ကျွန်မဟာ အရင်က ကျွန်မပါပဲ” ဟု သူမကဆိုသည်။

    အခြားဌာနေတိုင်းရင်းသား မွတ်စလင်တစ်ဦးဖြစ်သူ လုကေးကလည်း အစ္စလာမ် သာသနာမှာ မီဒီယာများတွင် ၀ါဒဖြန့်သကဲ့သို့မဟုတ်ဘဲ၊ မိမိဘ၀အား ငြိမ်းချမ်းမှု ပေးခဲ့သည်ဟု ဖွင့်ဟခဲ့သည်။

    “ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်နေတာတွေ ဒါမဟုတ် သြစတေးလျမှ ဖြစ်နေတာတွေအားလုံးဟာ စစ်မှန်တဲ့အစ္စလာမ်နဲ့ ပတ်သက်ပြီး ကျွန်တော်ရဲ့ အမြင်ကို တိမ်းစောင်းစေလိ့မ်မယ်လို့ မထင်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ အစ္စလာမ်ကို ကျွန်တော် ပိုနားလည်ပါတယ်” ဟု လုကေးက ဆိုသည်။

    မီဒီယာများတွင် ဖော်ပြသော အစ္စလာမ်အကြောင်းနှင့် ပတ်သက်၍ ဆာရာက

    “နိုင်ငံရပ်ခြားမှာ ဖြစ်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအားလုံးကို ကျွန်မကြားပါတယ်။ ကျွန်မရဲ့ ဘ၀လ မ်းညွှန်ဖြစ်တဲ့ ကုရ်အာန် ကျမ်းတော်မြတ်ကို ကောက်ကိုင်လိုက်တဲ့ အခါ ဒီအထဲမှာ လူတွေကိုနှိပ်စက် ခိုင်းတာ၊ ပဋိပက္ခတွေ၊ တိုက်ခိုက်မှုတွေ လုပ်ခိုင်းတာမျိုး မတွေ့ရပါဘူး” ဟု ပြောကြားခဲ့သည်။

    အဆိုပါ The Feed အစီအစဉ်ကို တင်ဆက်သူ ပက်ထရစ် အက်ဘော့ကမူ ထိုအစီအစဉ်မှာ အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ခဲ့ကြသည့် သြစတေးလျ နိုင်ငံသားများ၏ ဘ၀ကို ပြသရန်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “အစ္စလာမ်သာသနာကို ပြောင်းလဲသက်ဝင်ခဲ့ကြတဲ့ အန်ဂလို-သြစတေးလျန်း ဌာနေတိုင်းရင်းသားတွေကို ကျွန်တော် မြင်တွေ့ချင်ပါတယ်။ ဒါဟာ သြစတေးလျက အစ္စလာမ့် လူ့အဖွဲ့အစည်းထဲမှာ သိပ်မပြောကြတဲ့ ကိစ္စပါ” ဟု ပက်ထရစ်က ဆိုသည်။

    သြစတေးလျ သစ်လွင်မွတ်စလင်များအသင်းမှ ဥက္ကဌ ကန်နာဝတ္တီကလည်း အဆိုပါ The Feed အစီအစဉ်မှ တစ်ပတ်လျှင် အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်လာသည့် သြစတေးလျ ဌာနေတိုင်းရင်းသား ၃၊ ၄ ဦး၏ အကြောင်းကို ဖော်ပြနိုင်ရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။

    “အခုအခြေအနေမျိုးမှာ ကျွန်တော်တို့ကို ရန်သူတစ်ယောက်လို ခြားနားတဲ့ ပုံစံမျိုးနဲ့ကြည့်တာမျိုး ခံနေရပါတယ်။ ဒါ့ကြောင့် “အစ္စလာမ်ဟာ ဘာလဲ” ဆိုတာနဲ့ ပတ်သက်ပြီး သိရှိအောင်လုပ်ဖို့ လူ့အဖွဲ့အစည်းကို တောင်းဆိုပါတယ်။ ကြောက်ရွံ့မှုတွေကို ဖယ်ရှားပြီး တံတားတွေထိုးကြပါ။ ကျွန်တော့်ရဲ့အယူဝါဒကို မကောင်းမြင်တာမျိုးကို ကျွန်တော် မလိုချင်သလို ကျွန်တော်နဲ့ ကျွန်တော့်ဇနီး၊ ကလေးတွေကို ကျွန်တော်တို့ နိုင်ငံသားတွေက ကြောက်ရွံ့စိတ်နဲ့ ကြည့်တာမျိုးကိုလည်း မလိုချင်ပါဘူး။ ဒါ့ကြောင့် ဒီအစဉ်အစဉ်ကို အနာဂတ်အတွက် လုပ်ဆောင်နေတာပါ” ဟု ကန်နာဝတ္တီက ဆိုသည်။

    ref_ OnIslam & News Agencies

  • ဒီယေဂိုကော်စတာ၏ ဂိုးသွင်းမှုများကို FIFA 15 ဂိမ်းသုံး၍ ပုံတူဖန်တီး

    ဒီယေဂိုကော်စတာ၏ ဂိုးသွင်းမှုများကို FIFA 15 ဂိမ်းသုံး၍ ပုံတူဖန်တီး

    အောက်တိုဘာ ၁၅ ၊ ၂၀၁၄
    M-Media
    1413132095203_wps_38_dmvidpics_2014_10_12_at_1
    – ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့က အက်သလက်တီကိုကနေ ပြောင်းလာပြီး ခြေစွမ်းပြနိုင်ခဲ့တဲ့ ချယ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာရဲ့ ဂိုးအားလုံးကို ဘောလုံး ပရိတ်သတ်တစ်ယောက်က FIFA 15 ဘောလုံးဂိမ်းနဲ့ ပုံတူဖန်တီးနိုင်ခဲ့ပါတယ်။

    ပရီးမီးယားလိဂ် ၇ ပွဲကစားပြီးချိန်မှာ ကော်စတာရဲ့ သွင်းဂိုးဟာ ၉ ဂိုး ရှိပါတယ်။ အဲဒီဂိုးအားလုံးကို FIFA 15 ဘောလုံးဂိမ်းမှာ ပုံစံတူဖန်တီးခဲ့တာဖြစ်ပြီး နောက်ခံ အစီအစဉ် ကြေညာချက်ပါ ပါဝင်ပါတယ်။

    ချယ်ဆီးအတွက် ပထမဆုံးဂိုးသွင်းပေးတာ၊ ဆွမ်ဆီးနဲ့ပွဲမှာ ဟက်ထရစ် သွင်းနိုင်ခဲ့တာ စသဖြင့် ကော်စတာရဲ့ အားထုတ်မှုတွေကို အားလုံးနီးပါး ပုံစံတူဖန်တီးထားမှုတဲ့ ဒီဗီဒီယိုကို Definition Of Clinical လို့ အမည်ပေးထားကာ Fifizlo နာမည်နဲ့ YouTube အသုံးပြုသူ တစ်ဦးက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း YouTube မှာ လွှင့်တင်ခဲ့ပါတယ်။

    ခဲရာခဲဆစ် ပြုလုပ်ခဲ့ရတဲ့ ဒီဖန်တီးမှုဟာ အပြင်က တက်ကယ့်မြင်ကွင်းနဲ့ အနည်းငယ် ကွဲပြားပေမယ့် ကော်စတာရဲ့ ဂိုးကန်သွင်းမှုတွေအားလုံးမှာကတော့ တစ်ထေရာတည်းနီးပါး တူညီနေပါတယ်။

    FIFA 15 နဲ့ ဖန်တီးထားတဲ့ ဒီယေဂိုကော်စတာရဲ့ ဂိုးသွင်းမှုတွေအားလုံးကို M-Media ပရိတ်သတ်ကြီးအတွက် အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

    ref_ Daily Mail

  • လျှပ်စစ် ပိုထုတ်နိုင်ရန် သဘာဝ ဓာတ်ငွေ့ရောင်းချမှု ထိန်းချုပ်ရေး ဥပဒေ မူကြမ်းကို လွှတ်တော်သို့ တင်သွင်းမည်

    လျှပ်စစ် ပိုထုတ်နိုင်ရန် သဘာဝ ဓာတ်ငွေ့ရောင်းချမှု ထိန်းချုပ်ရေး ဥပဒေ မူကြမ်းကို လွှတ်တော်သို့ တင်သွင်းမည်

    အောက်တိုဘာ ၁၅ ၊ ၂၀၁၄
    M-Media

    oil-and-gas-pipeline-300x231
    ကျောက်ဖြူ မှ တရုတ်သို့ သွယ်တန်းထားသည့် သဘာဝဓါတ်ငွေ့ပိုက်လိုင်း

    – ပြည်တွင်းလျှပ်စစ်စွမ်းအား တောင်းဆိုမှုကို ဖြည့်တင်းပေးရန် ကြိုးစားနေသော မြန်မာနိုင်ငံတွင် လျှပ်စစ်ထုတ်လုပ်ရေး အတွက် အသုံးပြုနိုင်သည့် သဘာဝဓာတ်ငွေ့ ရောင်းချမှုကို ထိန်းချုပ်ရန် ရည်ရွယ်သော ဥပဒေမူကြမ်းတစ်ခုကို လွှတ်တော်သို့ တင်သွင်းမည်ဟု သိရသည်။

    အဆိုပါ ဥပဒေမူကြမ်းကို စွမ်းအင်ဝန်ကြီးဌာနက ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးရန်နှင့် အတည်ပြုရန်အတွက် ယခုတစ်ကြိမ်ပြုလုပ်မည့် လွှတ်တော်အစည်းအဝေးတွင် တင်သွင်းရန် စီစဉ်နေသည်။

    ထိုဥပဒေမူကြမ်း၌ ၂ နှစ်ကျော် အချိန်ကာလအတွင်း တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ထောက်ပံ့နိုင်ရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ကုန်းတွင်းပိုင်းနှင့် ကမ်းလွန်မှထွက်သော ဓာတ်ငွေ့များကို လျှင်စစ်ဓာတ်အား ထုပ်လုပ်ရေးအတွက် အသုံးချရန် တိုက်တွန်းထားသည်။

    နိုင်ငံအတွင်း စီးပွားရေးတိုးတက်လာမှုကြောင့် မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာလည်း မြင့်တက်လာပြီး လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်နိုင်ရန် လိုအပ်လာသည်။

    လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း ဖွံ့ဖြိုးလာစေရန်အတွက် မြန်မာနိုင်ငံမှာ ယခုလအစောပိုင်းတွင် ထိုင်းနိုင်ငံနှင့် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။ ထို့ပြင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဆောက်လုပ်ရန်အတွက်လည်း ဂျပန်မှ Marubeni ကော်ပိုရေးရှင်းနှင့် သဘောတူစာချုပ် ချုပ်ဆိုထားသည်။

    အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ကမ္ဘာ့ဘဏ်တို့ကလည်း မြန်မာ့လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ယခုနှစ်အတွင်း ဒေါ်လာ သန်း ၁၀၀ ကျော် ပေးအပ်ထားသည်။

    ref_ ဆင်ဟွာ