News @ M-Media

Blog

  • ၂၀၁၄ ရူပဗေဒဆိုင်ရာ နိုဘယ်လ်ဆု ရစေခဲ့တဲ့ အပြာရောင် LED တီထွင်မှု

    ၂၀၁၄ ရူပဗေဒဆိုင်ရာ နိုဘယ်လ်ဆု ရစေခဲ့တဲ့ အပြာရောင် LED တီထွင်မှု

    အောက်တိုဘာ ၁၂၊ ၂၀၁၄
    M-Media
    1620420_10152764294008166_1229554535518140584_n
    ၂၀၁၄ ရူပဗေဒဆိုင်ရာ နိုဘယ်လ်ဆုကိုတော့ အပြာရောင် LED(light-emitting diode) ကို တီထွင်ခဲ့တဲ့ ဂျပန်လူမျိုး ရူပဗေဒပညာရှင် သုံးဦးက ရရှိသွားပါတယ်။ LEDမီးလုံး အနီရောင်နဲ့ အစီမ်းရောင်သာ တီထွင်ပြီးဖြစ်ကာ အပြာရောင် အလင်းရရှိမှသာ အလင်းဖြူ ထွက်ပေါ်နိုင်တာ ဖြစ်လို့ သူတို့ရဲ့ တီထွင်မှုက အရေးပါခဲ့ရတာ ဖြစ်ပါတယ်။

    1962ခုနှစ်မှာ Nick Holonyak က ပထမဆုံး အနီရောင် LEDကို တီထွင်ခဲ့ပါတယ်။ နောက် ၅နှစ်အကြာမှာ George Craford က အစိမ်းရောင်LEDကို တီထွင်ခဲ့ပါတယ်။

    ဒါပေမယ့် အပြာရောင် LEDကိုတီထွင်နိုင်ဖို့ကတော့ နောက်ထပ် ၂၇နှစ် ကြာခဲ့ပါတယ်။ အနီနဲ့ အစီမ်း LEDတွေကို gallium arsenide phosphide နဲ့ ပြုလုပ်နိုင်ခဲ့ပေမယ့် ပိုပြီး စွမ်းအင်မြင့်တဲ့ အပြာရောင်အလင်းကို gallium arsenide phosphideနဲ့ မပြုလုပ်နိုင်ကြပါဘူး။

    နောက်ဆုံးမှာ ပရော်ဖက်ဆာIsamu Akasaki ပရော်ဖက်ဆာHiroshi Amano နဲ့ ပရော်ဖက်ဆာ Shuji Nakamura တို့ရဲ့ အကြိမ်ကြိမ် ကြိုးစားမှုတွေကြောင့် gallium nitride နဲ့ပြုလုပ်တဲ့ အပြာရောင် LED ကို တီထွင်နိုင်ခဲ့ကြပါတယ်။

    တင်ဆက်သူ- daythanix

  • ဂူးဂဲလ်ရဲ့ modular screen

    ဂူးဂဲလ်ရဲ့ modular screen

    အောက်တိုဘာ ၁၂၊ ၂၀၁၄
    M-Media
    modular screen
    ဂူးဂဲလ်က အစိတ်အပိုင်း တစ်မျိုးစီ စိတ်ကြိုက် တပ်ဆင်ရတဲ့ modular ဖုန်းတစ်မျိုးကို တီထွင်နေသလို screen မျက်နှာပြင်ကိုလည်း modular ပုံစံ ဆက်စပ်တပ်ဆင်နိုင်မယ့် နည်းပညာကို စတင်လိုက်ပါတယ်။

    ဒါပေမယ့် ဒီတစ်ခါကတော့ ဖုန်းလို ခပ်သေးသေးလေး အတွက် မဟုတ် ပါဘူး။

    တီဗွီ အကြီးကြီးတွေ စိတ်ကြိုက် တပ်ဆင်နိုင်ဘို့ ဖြစ်ပါတယ်။

    ဒီပရောဂျက်ကို MIT မှ ပရော်ဖက်ဆာ Mary Lou Jepsen ကဦးဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်။ ပထမဆုံး အနေနဲ့ အနားသတ်ဘောင်တွေမပါတဲ့ screenကို အရင်တီထွင်ရမှာ ဖြစ်ပါတယ်။

    လက်ရှိဈေးကွက်ထဲမှာတော့ LED pannel တွေကိုသာ စိတ်ကြိုက် screen အရွယ်အစားနဲ့ ပုံစံ ရနိုင်တယ်။

    တင်ဆက်သူ- daythanix

  • အိန္ဒိယတွင် မုဒိမ်းကျင့်ရန် ကြံစည်သူအား ဒေသခံများက လိင်အင်္ဂါ ဖြတ်ပစ်

    အိန္ဒိယတွင် မုဒိမ်းကျင့်ရန် ကြံစည်သူအား ဒေသခံများက လိင်အင်္ဂါ ဖြတ်ပစ်

    အောက်တိုဘာ ၁၂ ၊ ၂၀၁၄
    M-Media
    attempted-rapist-main
    – ဆယ်ကျော်သက် အမျိုးသမီးငယ်တစ်ဦးအား မုဒိမ်းကျင့်ရန် ကြံစည်သူ အိန္ဒိယအမျိုးသားတစ်ဦး၏ လိင်အင်္ဂါကို ဒေသခံများက ဖြတ်တောက်မှုတစ်ခု အိန္ဒိယ နိုင်ငံတွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    ဂန်နာဂါမြို့တွင် အသက် ၄၀ အရွယ် ဆူရက်ရှ်ကူးမားရ်ဆိုသည့် အမျိုးသားမှာ လမ်းကြားတစ်ခုတွင် ဆယ်ကျော်သက်အမျိုးသမီးအား မုဒိမ်းကျင့်ရန် ကြံစည်ရာမှ ဒေသခံများက တွေ့ရှိပြီးနောက် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    ဒေသခံများမှာ ကူးမားရ်အား အနီးရှိ သားသတ်ရုံသို့ ခေါ်သွားခဲ့ပြီး တစ်နာရီခန့် ရိုက်နှက်ခဲ့ပြီးနောက် နောက်ဆုံးတွင် သားလှီးဓားဖြင့် ၎င်း၏ လိင်အင်္ဂါအား ဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။

    “လူတွေက ဘယ်သူမှ မတားကြပါဘူ။ ဘာ့ကြောင့်လည်းဆိုတော့ ဒီလူရဲ့ လိင်အင်္ဂါကို လမ်းပေါ်မှာတွေ့ရပြီး ဒါဟာ လိင်ပိုင်းဆိုင်ရာ ကိစ္စအတွက် အပြစ်ပေးတယ်ဆိုတာ သိကြပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ သိပ်မကြာခင်ကပဲ အမျိုးသမီးတွေ မုဒိမ်းကျင့်ခံရတာ၊ ကြိုးဆွဲချခံရတာ၊ ဗလက္ကာယပြုခံရတာတွေ စတဲ့ သည်းမခံနိုင်စရာ အမှုတွေ အများကြီး ဖြစ်ခဲ့ပါတယ်။ အခုဒါမျိုးဟာ ဒီလိုလုပ်ချင်သူတွေအတွက် ပြင်းထန်တဲ့ သတင်းပေးမှုဖြစ်ပြီး တကယ်လို့ ဒါမျိုးလုပ်ရင် ဒီလိုအပြစ်ပေးခံရပါမယ်” ဟု ဒေသခံ တစ်ဦးဖြစ်သူ အသက် ၃၀ အရွယ် ဒါဝမ်ဆိုသူက ပြောကြားခဲ့သည်။

    ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူကမူ ထိုကဲ့သို့ မနှစ်မြို့ဖွယ်ရာ ရာဇ၀တ်မှုများအတွက် တရားဥပဒေအရသာ ဆောင်ရွက်ရမည်ဖြစ်ပြီး မိမိတို့စိတ်ကြိုက် ဆောင်ရွက်၍ မရကြောင်း၊ ကူးမားရ်အပေါ် ကျူးလွန်ခဲ့သူများမှာ လာရောက်၍ အဖမ်းခံရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

    “ဒီတိုက်ခိုက်မှုကို ကျူးလွန်တဲ့သူတွေအနေနဲ့ ကျွန်တော်တို့ လိုက်မရှာခင် လာရောက်အဖမ်းခံဖို့ တောင်းဆိုပါတယ်” ဟု ၎င်းက ဆိုသည်။

    လိင်င်္ဂါဖြတ်တောက်ခြင်း ခံခဲ့ရသည့် ကူးမားရ်အား ဆေးရုံတွင် ကုသမှုများပြုလုပ်နေပြီး စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေသည်။ မုဒိမ်းပြုကျင့်ရန် ကြံစည်ခြင်းခံခဲ့ရသူ အမျိုးသမီးငယ်ကိုလည်း ထိတ်လန့်မှုများကြောင့် ဆေးကုသမှုများ ပြုလုပ်ပေးခဲ့သည်။

    ref_ The Mirror

  • ဘော့စနီးယားဘောလုံးပွဲ တစ်ခုတွင် ဂိုးသမားက ဒိုင်လူကြီးအား ထိုးကြိတ်

    ဘော့စနီးယားဘောလုံးပွဲ တစ်ခုတွင် ဂိုးသမားက ဒိုင်လူကြီးအား ထိုးကြိတ်

    အောက်တိုဘာ ၁၂ ၊ ၂၀၁၄
    M-Media
    Mitrovic
    – ဘော့စနီးယား ပြည်တွင်းလိဂ်တစ်ခုတွင် ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်ကို မကျေနပ်သည့်အတွက် ဂိုးသမားက ဒိုင်လူကြီးအား ထိုးကြိတ်မှု တစ်ခုဖြစ်ပွားခဲ့သည်ဟု သိရသည်။

    Branitelj နှင့် Buducnost ကစားသည့်ပွဲတွင် ဒိုင်လူကြီးမှာ Buducnost အသင်းအား ပင်နယ်တီပေးခဲ့ခြင်းကြောင့် မကျေနပ်သည့်အတွက် Branitelj အသင်းမှ အသက် ၃၅ နှစ်အရွယ် ဂိုးသမား ရိုမီယို မီထရိုဗစ်က ဒိုင်လူကြီးအား လက်သီးဖြင့် ထိုးခဲ့ခြင်းဖြစ်သည်။

    မီထရိုဗစ်၏ ထိုလုပ်ရပ်ကြောင့် ဘော့စနီးယား ဘောလုံးအဖွဲ့ချုပ်က ၎င်းအား ဘောလုံး ကစားခွင့် ၉ လ ပိတ်ပင်ခဲ့သည်။ ဒိုင်လူကြီးပေးခဲ့သည့် အဆိုပါ ပင်နယ်တီမှာလည်း မ၀င်ခဲ့ဘဲ ထိုပြဿနာကြောင့် ပွဲကိုလည်း ၆၄ မိနစ်တွင် ရပ်ခဲ့ရသည်။

    မီထရိုဗစ်မှာ ဘော့စနီးယား လက်ရွေးစင်ကစားသမားဟောင်းဖြစ်ပြီး ရုရှုားကလပ် ဒိုင်နမိုဇာဂရက်အသင်းတွင်လည်း ကစားခဲ့ဖူးသည်။

  • အစွန်းရောက်ဝါဒအား ဆန့်ကျင်သည့် ကာတွန်းစီးရီးကို ဗြိတိန်မွတ်စလင် တစ်ဦး ဖန်တီး

    အစွန်းရောက်ဝါဒအား ဆန့်ကျင်သည့် ကာတွန်းစီးရီးကို ဗြိတိန်မွတ်စလင် တစ်ဦး ဖန်တီး

    အောက်တိုဘာ ၁၂ ၊ ၂၀၁၄
    M-Media

    09-10-14_Muslim-Cartoon-Hero-Fights-ISIL-Recruits

    – မွတ်စလင်လူငယ်များ အစွန်းရောက်ဝါဒ၏ လမ်းကြောင်းအတွင်းသို့ ခြေချမှုကို ကာကွယ်ရန်နှင့် မိမိ၏ လူလားမြောက်ရာ အချိန်တစ်လျှောက် ရုန်းကန်ခဲ့ရမှုများကို ဖော်ပြရန် ရည်ရွယ်၍ ဗြိတိန်မွတ်စလင်တစ်ဦးက ကာတွန်းစီးရီးတစ်ခုကို ထုတ်ဝေလိုက်သည်ဟု သိရသည်။

    ထိုကာတွန်းစီးရီးကို မိမိ၏ ယုံကြည်မှုနှင့် အမှတ်သညာအတွက် ရုန်းကန်ခဲ့ရသည့် လန်ဒန်မြို့ရှိ အဟ်မဒ်ဆိုသူ မွတ်စလင်လူငယ်တစ်ဦးက ဖန်တီးခဲ့ခြင်းဖြစ်ပြီး ကာတွန်းစီးရီးကို Abdullah X ဟုအမည်ပေးထားသည်။ ထိုကာတွန်းစီးရီးတွင် ၎င်း၏ ကိုယ်ပိုင် အတွေ့အကြုံများကို ဖော်ပြထားသည်။

    “လူ့အဖွဲ့အစည်းမှာ အနုနယ်ဆုံးဖြစ်တဲ့ လူငယ်တွေဟာ အကြမ်းဖက်ဝါဒနဲ့ အစွန်းရောက်ဝါဒကို ဘယ်လိုတွန်းလှန်မလဲဆိုတာနဲ့ပတ်သက်တဲ့ အစိုးရရဲ့ ပေါ်လစီ၊ ရှက်စရာကောင်းပြီး လူ့အဖွဲ့အစည်းတွေရဲ့ ငြင်းဆိုမှုတွေကိုခံရတဲ့ အစွန်းရောက်ဝါဒကြားမှာ ကြားညပ်နေပါတယ်။ ဒါ့ကြောင့် ဆန်းသစ်ပြောင်းလဲမှုနဲ့ စေ့စပ်မှုတွေ ကျွန်တော်တို့လုပ်ဖို့ လိုအပ်နေပြီလို့ ကျွန်တော်ခံစားရပါတယ်” ဟု အဟ်မဒ်က ဆိုသည်။

    ကလေးဘ၀က ဖတ်ဖူးခဲ့သည့် ကာတွန်းစာအုပ်မှ သူရဲကောင်းတစ်ဦးအား အားကျခဲ့ပြီးနောက် အဟ်မဒ်မှာ Abdullah X ကာတွန်းစီးရီးအား ဖန်တီးခဲ့ခြင်ဖြစ်ပြီး ကွန်ပျူတာဂိမ်းများနှင့် ဆိုရှယ်မီဒီယာများဖြင့် ကြီးပြင်းလာသည့် မျိုးဆက်သစ်များ၏ စိတ်ဝင်စားမှုကို ဖမ်းစားရန်အတွက် အွန်လိုင်းစာမျက်နှာတွင် လွှင့်တင်ခဲ့ခြင်းဖြစ်သည်။

    ထိုဇာတ်လမ်းတွဲများတွင် “ဆီးရီးယားမှ မွတ်စလင်များအတွက် စဉ်းစားရမည့် အချက် ၅ ချက်” “မိမိ၏ ဒေါသအား အစ္စလာမ်နှင့် တန်းညှိရန် မကြိုးစားပါနှင့်” စသဖြင့် အစ္စလာမ်သာသနာ၊ အစ္စလာမ်ကပြောထားသောဂျီဟတ်တို့နှင့် ပတ်သက်၍ ရှင်လင်းသော ယူဆချက်များကို တင်ဆက်ထားပြီး ဇာတ်လမ်းတွဲ အားလုံးကို YouTube စာမျက်နှာတွင် လွှင့်တင်ထားသည်။

    ထိရောက်သော ဆောင်ရွက်ချက်

    အဆိုပါ Abdullah X ကာတွန်း ဇာတ်လမ်းတွဲမှာ အင်တာနက်နှင့် ဆိုရှယ်မီဒီယာများကို အသုံးပြုသည့် လူငယ်များအကြား လျင်မြန်စွာ ရောက်ရှိခဲ့ပြီး အစွန်းရောက်ဝါဒအား ဆန့်ကျင်သည့် အောင်မြင်သော လုပ်ရပ်အဖြစ် ချီးကျူးခြင်း ခံခဲ့ရသည်။

    YouTube သို့ လွှင့်တင်ပြီးနောက် အဟ်မဒ်၏ Abdullah X ကာတွန်းကို ကြည့်ရှုသူများပြားခဲ့သည်။ အဟ်မဒ်ကမူ မွတ်စလင်အားလုံးကို ကိုယ်စားပြုသည့် သရုပ်ဆောင်မှုများကို ထည့်သွင်းထားသည့် Abdullah X ကာတွန်းကြောင့် မွတ်စလင် လူငယ်များ နိုးကြားလာစေလိ့မ်မည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် အစွန်းရောက်ဝါဒအား တွန်းလှန်ခြင်းနှင့် ပတ်သက်၍ အဟ်မဒ်က

    “အစွန်းရောက်ဝါဒ ဒါမှမဟုတ် ကြားဖူးနားဝ ဇာတ်လမ်းတွေကို ထိထိရောက်ရောက် တွန်းလှန်တော့မယ်ဆိုရင် ဒါတွေအကြောင်းကို ကောင်းကောင်း နားလည်ထားဖို့လိုပြီး၊ အွန်လိုင်းမှာ လူငယ်တွေ ရှာလို့ရတဲ့ အစွန်းရောက်အချက်အလက်တွေကို ယှဉ်ပြိုင်နိုင်မယ့် နည်းလမ်းတွေကိုလည်း နားလည်ဖို့လိုပါတယ်” ဟု ပြောကြားခဲ့သည်။

    ထို့ပြင် အဟ်မဒ်က မွတ်စလင်လူငယ်တစ်ယောက်အား အခြားတိုင်းပြည်သို့ သွားရောက် အသေခံခြင်း၊ မိမိတို့၏ မွေးရပ်မြေတွင် တစ်ခုခုလုပ်ခြင်းမှ ကာကွယ်နိုင်မည်ဆိုပါက မိမိ၏ပြုလုပ်သော ကာတွန်းဇာတ်လမ်းတွဲ၏ ရည်ရွယ်ချက်မှာ အောင်မြင်ပြီဟု ထပ်လောင်းပြောကြားခဲ့သည်။

    Abdullah X ကာတွန်း Youtube စာမျက်နှာ http://www.youtube.com/user/abdullahx

    ref_ OnIslam & News Agencies