News @ M-Media
Blog
  • ဗြိတိန်စုံတွဲအား  မြန်မာအလုပ်သမားများ သတ်ဖြတ်သည့်ဟု စွပ်စွဲချက်တွင် အထောက်အထား တချို့ ကွဲလွဲနေ
    ဗြိတိန်စုံတွဲအား မြန်မာအလုပ်သမားများ သတ်ဖြတ်သည့်ဟု စွပ်စွဲချက်တွင် အထောက်အထား တချို့ ကွဲလွဲနေ
    အောက်တိုဘာ ၅ ၊ ၂၀၁၄
    BBC(မြန်မာပိုင်း)
    10665839_708492652561796_2994340691453606316_n
    ထိုင်းနိုင်ငံမှာ ဗြိတိသျှ ခရီးသည် နှစ်ဉီးကို မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ သတ်ဖြတ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေထဲမှာ အထောက်အထား ကွဲလွဲမှုတချို့ ရှိနေတယ်လို့ လိုက်ပါ ကူညီပေးနေတဲ့ မြန်မာရှေ့နေက ဘီဘီစီကို ပြောပါတယ်။
    အသတ်ခံရသူတွေရဲ့ ဖုန်းကို မြန်မာတွေ နေတဲ့ အခန်းမှာ ရှာတွေ့ခဲ့တယ်လို့ ရဲက ပြောပေမယ့် ကာယကံရှင်တွေရဲ့ မျက်မှောက်မှာ ဝင်ရောက် ရှာဖွေခဲ့တာ မဟုတ်ကြောင်းနဲ့ အဲဒီဖုန်းဟာ အသတ်ခံရသူ မိန်းကလေးရဲ့သူငယ်ချင်းက အခင်းဖြစ်ပြီး နောက်တနေ့မှာ ရဲစခန်းကို လာအပ်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ ရှိထားကြောင်း အဲဒီရှေ့နေက ပြောပါတယ်။
    ဓါတ်ပုံ – CSI LA FB Page
  • တောင်ကြီးမှာ ဗုံးပေါက်ကွဲမှုဖြစ်
    တောင်ကြီးမှာ ဗုံးပေါက်ကွဲမှုဖြစ်
    အောက်တိုဘာ ၅ ၊ ၂၀၁၄
    10424258_725752467480641_88090702533144872_n
    ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမှာ စနေ ညနက်ပိုင်းက ဗုံးတွေ ဆက်တိုက်ဆိုသလို ပေါက်ကွဲခဲ့ပါတယ်။
    ည ၁၀ နာရီကျော်မှာ အနည်းဆုံး ဗုံး ၃ လုံးပေါက်ကွဲခဲ့ပြီး ရဲတပ်သားနှစ်ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
    ပေါက်ကွဲတဲ့နေရာတွေက ၂၁၂ ဆက်သွယ်ရေးတပ် ဝင်ပေါက်အနီး၊ ယာဉ်ထိန်းရဲစခန်းရှေ့ နဲ့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပက)အနီးတို့မှာ ဖြစ်တယ်လို့ တောင်ကြီးမြို့မရဲစခန်း တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးက အတည်ပြု ပြောပါတယ်။
    ပေါက်ကွဲမှုတွေ ဖြစ်ပြီးနောက် တောင်ကြီးမြို့မှာ လုံခြုံရေးတွေကိုလည်း ထပ်တိုးချထားတယ်လို့ သူက ပြောပါတယ်။
    ဘယ်သူ ဖောက်ခွဲတယ်၊ ဘယ်လို ဗုံးအမျိုးအစားဖြစ်တယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကို ဆက်လက် စုံစမ်း စစ်ဆေးဆဲဖြစ်တယ်လို့ သိရပါတယ်။
    အစိုးရနဲ့ အပစ်အခတ် ရပ်ထားတဲ့  ရှမ်းပြည် တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် အစိုးရတပ်တွေ ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်မှာ ၃ ရက်ဆက်တိုက် တိုက်ပွဲတွေ ဖြစ်ပွားနေစဉ် အတွင်း ယခုလို ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းပဲဖြစ်ပါတယ်။
    ကိုးကား BBC(မြန်မာပိုင်း)
  • မွတ်စလင်တွေရဲ့ အီးဒ်ဒွလ်အသွဟာ ပွဲတော်အတွက် သမ္မတ အိုဘားမား နှုတ်ခွန်းဆက် ဆုမွန်ကောင်းတောင်း
    မွတ်စလင်တွေရဲ့ အီးဒ်ဒွလ်အသွဟာ ပွဲတော်အတွက် သမ္မတ အိုဘားမား နှုတ်ခွန်းဆက် ဆုမွန်ကောင်းတောင်း
    အောက်တိုဘာ ၅ ၊ ၂၀၁၄
    M-Media
    Obama waves to reporters after returning via Marine One helicopter to the White House in Washington
    – ကမ္ဘာတစ်ဝှမ်း အောက်တိုဘာ ၅ရက်နှင့် ၆ ရက်နေ့များတွင် ကျရောက်မည့် အစ္စလာမ်ဘာသာဝင်တို့၏ အီဒွလ်အသွဟာပွဲတော်အတွက် အမေရိကန်သမ္မတ ဘာရက်အိုဘားမားက နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်ဟု သိရသည်။
    အောက်တိုဘာ ၄ ရက် စနေနေ့က ပြောကြားခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ တစ်ဝှမ်းရှိ အစ္စလာမ်ဘာသာဝင်များနှင့် ဟဂ်ျဘုရားဖူး ခရီးသွားကြသူများအတွက်လည်း ဆုမွန်ကောင်း တောင်းပေးခဲ့သည်။
    “ကျွန်တော်တို့ရဲ့ မွတ်စလင် အိမ်နီးချင်းတွေ၊ မိတ်ဆွေသူငယ်ချင်းတွေဟာ အီးဒ်ပွဲ ဆင်နွှဲဖို့ စုရုံးနေကြတဲ့အချိန် ကမ္ဘာ့အကြီးမားဆုံးနဲ့ လူမျိုးအစုံဆုံး ဟဂ်ျကျင့်စဉ်ကို ဆောင်ရွက်နေကြတဲ့ သန်းပေါင်းများစွာသော မွတ်စလင်တွေထဲမှာ အမေရိကန်မွတ်စလင် ထောင်ပေါင်းများစွာဟာလည်း ပါဝင်နေပါတယ်။ ဒါဟာ လူမျိုးတွေ၊ အုပ်စုတွေ၊ ဘာသာအယူဝါဒတွေ၊ ကျား၊ မ၊ အသက်အရွယ်မတူတာတွေ ဘယ်လိုပဲဖြစ်ဖြစ် အားလုံးဟာ တူညီတဲ့လူသားတွေဖြစ်တယ်ဆိုတာကို သတိပေးနေတာလည်း ဖြစ်ပါတယ်” ဟု အိုဘားမားက ပြောကြားခဲ့သည်။
    အီဒွလ်အသွဟာနေ့ရက်တွင် အစ္စလာမ်ဘာသာဝင်များမှာ ဆင်းရဲသားများအား အသားဝတ္ထုများ လှူဒါန်းခြင်း၊ ဆာလောင်မွတ်သိပ်နေသူများ၊ နာမကျန်းဖြစ်နေသူများ၊ ဖိနှိပ်ချုပ်ချယ်ခံရသူများနှင့် ပဋိပက္ခဒဏ်ကို ခံစားနေရသူများအား အကူအညီပေးခြင်းဖြင့် အခြားသော လူ့အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောက်ရွက်မှုများကိုလည်း ပြုလုပ်ကြသည်။
    အိုဘားမားကမူ အစ္စလာမ်ဘာသာဝင်များ ထိုကဲ့သို့ ဆောင်ရွက်မှုများက တမန်တော်ကြီး အီဗရာဟင်၏ အယူဝါဒများ၏ ရင်းမြစ်များကို မျှဝေခြင်း၊  ငြိမ်းချမ်းရေး၊ ဂုဏ်သိက္ခာနှင့် တရားမျှတမှုကို မျှဝေရာတွင် လူ့အဖွဲ့အစည်းများအားလုံး မည်ကဲ့သို့ အတူတကွ ဆောင်ရွက်နိုင်မည်ကို ပြသသည့် ခိုင်မာသော ပြယုဂ်တစ်ခုဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    “အမေရိကန်ပြည်သူတွေကိုယ်စား ဒီအားလပ်ရပ်အတွင်း ကျွန်တော်တို့ဟာ အနွေးထွေးဆုံး နှုတ်ခွန်းဆက်သလိုက်ပါတယ်။ ဟဂ်ျကျင့်စဉ်တွေကို ဆောင်ရွက်သူတွေရဲ့ ငြိမ်းချမ်းရေးတောင်းဆု၊ ကမ္ဘာတစ်ဝှမ်း ဘာသာအယူဝါဒအားလုံးက လူတွေရဲ့ ငြိမ်းချမ်းရေးတောင်းဆုတွေအားလုံး ပြည့်ဝကြပါစေ။ အီးဒ်မူဘာရက်ပါ” ဟု နောက်ဆုံးတွင် အိုဘားမားက ဆုမွန်ကောင်းတောင်းပေးခဲ့သည်။
    အာရပ်ကမ္ဘာ၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါနှင့် ဥရောပနိုင်ငံများတွင် မွတ်စလင်များမှာ အီဒွလ်အသွဟာကို အောက်တိုဘာ ၅ ရက်နေ့တွင် ပြုလုပ်ကြမည်ဖြစ်ပြီး၊ အိန္ဒိယနှင့် အိန္ဒိယတိုက်ငယ်အတွင်းရှိ နိုင်ငံများမှာ အောက်တိုဘာ ၆ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်သည်။
    ref_ Whitehouse News
  • ကုရ်ဘာနီ အီးဒ် ပွဲတော်မှ အသားများ ဂါဇာနှင့် ဆီးရီးယားသို့ တူရကီ လှူဒါန်းမည်
    ကုရ်ဘာနီ အီးဒ် ပွဲတော်မှ အသားများ ဂါဇာနှင့် ဆီးရီးယားသို့ တူရကီ လှူဒါန်းမည်
    အောက်တိုဘာ ၄ ၊ ၂၀၁၄
    M-Media
    1411945619535
    –  မကြာမီကျရောက်တော့မည့် အီဒွလ် အသွဟာပွဲတော်မှ ရရှိမည့် အသားများကို ဂါဇာနှင့် ဆီးရီးယားရှိ ဒုက္ခသည်များအား လှူဒါန်းသွားမည်ဟု တူရကီ လူသားချင်းစာနာမှု အကူအညီပေးရေး ဖောင်းဒေးရှင်း IHH က ကြေညာလိုက်သည်။
    တူရကီနိုင်ငံ၌ အောက်တိုဘာ ၅ ရက်နေ့တွင် ကျရောက်မည့် အီဒွလ်အသွဟာ ပွဲတော်အတွင်း သားကောင်ပေါင်း ၁၀၀၀၀ ခန့်မှ ရရှိသော အသားများကို အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသော အဆိုပါ နေရာ ၂ ခုအား ပေးပို့သွားမည်ဟု IHH ဒုတိယဥက္ကဌ ယာဗူဇ် ဒီဒီက ပြောကြားခဲ့သည်။
    “ထောင်ပေါင်း များစွာသော ပြည်သူတွေဟာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ ပြီးတော့ မိဘမဲ့တွေ၊ ခင်ပွန်းမရှိတဲ့ဇနီးတွေလည်း ရှိနေပါသေးတယ်။ သူတို့ဟာ အကူအညီတွေ လိုအပ်နေကြပါတယ်။ သူတို့ရဲ့ မျှော်လင့်ချက်တွေကို ကျွန်တော်တို့ ဖြည့်ဆည်းပေးချင်ပါတယ်” ဟု ဒီဒီကဆိုသည်။
    ဆီးရီးယားနှင့် ဂါဇာသို့ ပေးပို့မည့် အဆိုပါပမာဏမှာ တူရကီနိုင်ငံတွင်ပြုလုပ်မည့် သားကောင်များ၏ ၅ ပုံ ၁ ပုံဖြစ်ပြီး ကျန်ရှိသည့် အသားများကိုလည်း နိုင်ငံပေါင်း ၇၀ မှ အတိ ဒုက္ခရောက်နေသူများအတွက် လှူဒါန်းသွားမည်ဖြစ်သည်။
    ဆီးရီးယားတွင် သုံးနှစ်ကြာပြည်တွင်းစစ်ကြောင့် လူပေါင်း သန်းနှင့်ချီ၍ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ဂါဇာတွင်လည်း အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုကြောင့် ဒုက္ခရောက်နေသူများစွာ ရှိနေကာ တူရကီက ထိုဒေသရှိ ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးမှုများကို အင်တိုက်အားတိုက် လုပ်ဆောင်နေသည်။
    ref_ AA
  • ချယ်ဆီးအား မနှစ် ရှုံးကြွေးအား ပြန်ဆပ်မည်ဟု အာဆင်ဝင်းဂါးဆို
    ချယ်ဆီးအား မနှစ် ရှုံးကြွေးအား ပြန်ဆပ်မည်ဟု အာဆင်ဝင်းဂါးဆို
    အောက်တိုဘာ ၄ ၊ ၂၀၁၄
    M-Media
    Chelsea-v-Arsenal-Premier-League
    – ပြီးခဲ့သည့်နှစ်က ချယ်ဆီးအသင်းအား ၆ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သော ရှုံးကြွေးကို မနက်ဖြန်တွင် ပြန်ဆပ်သွားမည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြား လိုက်သည်။
    အာဆင်နယ်မှာ ပြီးခဲ့သည့် မတ်လက ချယ်ဆီးအား ၆ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး အာဆင်ဝင်းဂါး၏ အာဆင်နယ်နည်းပြ သက်တမ်း တစ်လျှောက် မြို့ခံပြိုင်ဘက်အား အဆိုးဝါးဆုံး ရှုံးနိမ့်မှုလည်းဖြစ်သည်။
    “မနှစ်က ဘောလုံးရာသီမှာ တွေ့ကြုံခဲ့ရတာတွေထက် ကစားသမားတွေဟာ ပိုကောင်းအောင်လုပ်ချင်ကြပြီး လက်စားချေကြမှာပါ။ အဲဒီနေ့ကို ကျွန်တော် ဘယ်တော့မှ မမေ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ တုံ့ပြန်မှုအတွက် အရမ်း ဂုဏ်ယူမိပါတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။
    အာဆင်နယ်နှင့် ချယ်ဆီးတို့မှာ မနက်ဖြန်တွင် ပရီးမီးယားလိဂ် ပွဲစဉ် ၇ အဖြစ် စတမ်းဖို့ဒ်ဘရစ်ခ်ျ၌ ယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး ထိုပွဲက ၀င်းဂါး၏ ပွဲပေါင်း ၁၀၀၀ မြောက်ဖြစ်ကာ မော်ရင်ဟိုနှင့် ၁၂ ကြိမ်မြောက်တွေ့ဆုံခြင်းလည်းဖြစ်သည်။ ပြီးခဲ့သည့် ၁၁ ကြိမ်တွင် ၀င်းဂါးမှာ မော်ရင်ဟိုအား တစ်ကြိမ်မှ အနိုင်ရခြင်းမရှိခဲ့ပေ။