News @ M-Media

Blog

  • .ရေဘေးသင့်သူများကို ဂဠုန်နီ ဆရာတော်နှင့် ခလီဖွာ ဦးသိန်းဝင်းအောင် တို့မှ ဦးဆောင်လှူဒါန်း

    .ရေဘေးသင့်သူများကို ဂဠုန်နီ ဆရာတော်နှင့် ခလီဖွာ ဦးသိန်းဝင်းအောင် တို့မှ ဦးဆောင်လှူဒါန်း

    စက်တင်ဘာ ၂၇ ၊ ၂၀၁၄
    M-Media
    သတင်း/ဓါတ်ပုံ – ကျော်ကျော်အောင် (CJ)

    1

    မန္တလေးတိုင်း ဒေသကြီး စဥ့်ကူးမြို့နယ် ရေမျက်ကြီး ကျေးရွာမှ ရေဘေးသင့် ပြည်သူများအတွက် စားနပ်ရိက္ခာနှင့် အလှူငွေများကို ဂဠုန်နီ ဆရာတော် ဦးကာဝီယ နှင့် KAFTG ဃရာနာ အစ္စလာမ်သာသနာ ပရမတ္ထမိသားစုအဖွဲ့ ဂိုဏ်းချုပ်ဆရာတော် ခလီဖွှဟ် ဦးသိန်းဝင်းအောင်တို့ ပူးပေါင်းပြီး သွားရောက် လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

    ရေဘေးသင့်သူ အိမ်ထောင်စုဝင်များအတွက် ဆန်၊ ခေါက်ဆွဲခြောက်နှင့် ရေသန့် တို့ကို အဓိက လှူဒါန်းခဲ့ပြီး အိမ်ထောင်စု တခုလျှင် ငွေကျပ် (၅၀၀၀) စီ ကူညီလှူဒါန်းခဲ့ကြောင်းသိရှိရပါတယ်။

    ဒါအပြင် အတူလိုက်ပါ လာတဲ့ ဆရာဝန် (၂) ဦးမှ အဆိုပါကျေးရွာမှ ပြည်သူများကို ကျန်းမာရေး စစ်ဆေး ကုသမှုများ ပြုလုပ်ပေးခဲ့ပါတယ်။

    ရေလွှမ်းမိုးမှုကြောင့် အဆိုပါ ကျေးရွာတွင် အိမ်ထောင်စု (၉၅) စု ပျက်ဆီးခဲ့ပြီး ၁၄ အိမ်မှာ ပျက်ဆီးမှု ဆိုးရွားကြောင်းသိရပါတယ်။

    ဓါတ်ပုံများ Facebook တွင် ကြည့်လိုလျှင် Click Here

  • 1001 Inventions- ကမ္ဘာကိုပြောင်းလဲစေ ခဲ့သည့် မွတ်စလင်တို့၏ တီထွင်မှု ၁၀၀၁ ခု (Burmese subtitles)

    1001 Inventions- ကမ္ဘာကိုပြောင်းလဲစေ ခဲ့သည့် မွတ်စလင်တို့၏ တီထွင်မှု ၁၀၀၁ ခု (Burmese subtitles)

    စက်တင်ဘာ ၂၇ ၊ ၂၀၁၄
    M-Media
    ဗီဒီယို တည်းဖြတ်၊ နှင့် ဘာသာပြန်  နိုင်မြတ်ဇော်

    ကမ္ဘာကိုပြောင်းလဲစေခဲ့တဲ့ ရွှေခေတ် မွတ်စလင်မ် ပညာရှင်တွေရဲ တီထွင်မှုတွေ အကြောင်း 1001 Inventions မှ မိတ်ဆက်ရုပ်သံ ဗီဒီယိုကို M-Media မှ မြန်မာ စာတန်းထိုးဖြင့် တင်ဆက်ပေးလိုက်ပါတယ်။
    1001 Inventions and The Library of Secrets
    စပိန်ကနေ တရုတ်ပြည် အထိ ကျယ်ပြန့်တဲ့ မွတ်စလင် လူ့ယဉ်ကျေးမှုမှာ စူးစမ်းရှာဖွေမှုနဲ့ တီထွင်မှုတွေရဲ့ ရွှေရောင် အလင်းတန်းတွေဟာ အရာတိုင်းအပေါ်မှာ ထွန်းလင်းနေခဲ့တယ်။ ယုံကြည်မှု အမျိုးမျိုးနဲ့နယ်ပယ်အသီးသီးက ပညာရှင်တွေနဲ့ သိပ္ပံ ပညာရှင်တွေဟာ လူသားတွေ အတွက် အရေးကြီးတဲ့ တီထွင်မှုတွေကို ရွှေခေတ် ဆိုတဲ့ အချိန်ကာလမှာ ပြုလုပ်ခဲ့ကြတယ်။

    Video Link

    Video Copyright -1001Inventions

  • အစ္စလာမ်က ငြိမ်းချမ်းရေးကို သင်ကြားပေးသည့် သာသနာဖြစ်ကြောင်း  အိုဘာမား ကုလ မိန့်ခွန်းမှာ ထည့်ပြော

    အစ္စလာမ်က ငြိမ်းချမ်းရေးကို သင်ကြားပေးသည့် သာသနာဖြစ်ကြောင်း အိုဘာမား ကုလ မိန့်ခွန်းမှာ ထည့်ပြော

    စက်တင်ဘာ ၂၇ ၊ ၂၀၁၄
    M-Media

    အစ္စလာမ်မှာ ငြိမ်းချမ်းရေးကို သင်ကြားပြီး အကြမ်းဖက် အဖွဲ့များမှာ အစ္စလာမ်သာသနာနှင့် ဘာမှမဆိုင်ဟု အမေရိကန်သမ္မတ အိုဘားမား ကုလ မိန့်ခွန်းတွင်ထည့်ပြော

    25-09-14_Islam-Teaches-Peace-Obama-to-UN

    – အစ္စလာမ်သာသနာမှာ ငြိမ်းချမ်းရေးကို သင်ကြားသည့် သာသနာဖြစ်ပြီး မိမိတို့မှာ အစ္စလာမ်သာသနာအပေါ် စစ်ဆင်နွှဲခြင်းမဟုတ်ဟု အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ကုသမဂ္ဂ အထွေထွေညီလာခံတွင် ပြောကြားသောမိန့်ခွန်း၌ ထည့်သွင်း ပြောဆိုသွားခဲ့သည်။

    “အမေရိကန်ပြည်ထောင်စုဟာ အစ္စလာမ်သာသနာနဲ့ စစ်ဖြစ်နေတာမဟုတ်ဘဲ ဘယ်တော့မှလည်း စစ်ဖြစ်မှာ မဟုတ်ဘူးလို့ ကျွန်တော်တို့ ပြောခဲ့ပြီးပါပြီ။ အစ္စလာမ်ဟာ ငြိမ်းချမ်းမှုကို သင်ကြားပြီး ကမ္ဘာတစ်ဝှမ်းက မွတ်စလင်တွေဟာ ဂုဏ်သိက္ခာရှိစွာနဲ့ တရားမျှတမှုအောက်မှာ နေထိုင်ဖို့ ဆန္ဒပြင်းပြနေကြပါတယ်။ အမေရိကကို အစ္စလာမ်သာသနာ ရောက်လာတဲ့အခါမှာလည်း “သူတို့နဲ့ ငါတို့” ဆိုတာမျိုး မရှိပါဘူး။ (ခွဲခြားတာမျိုး မရှိပါဘူး) “ငါတို့” ဆိုတာပဲရှိပါတယ်။ သန်းပေါင်းများစွာသော အမေရိကန် မွတ်စလင်တွေဟာ ကျွန်တော်တို့တိုင်းပြည် လူ့အဖွဲ့အစည်းရဲ့အစိတ်အပိုင်းတွေ ဖြစ်နေတာကြောင့်ပါ” ဟု အိုဘားမားက ပြောကြားခဲ့သည်။

    ထို့ပြင် အိုဘားမားမှာ ဆီးရီးယားနှင့် အီရတ်နိုင်ငံရှိ နယ်မြေများကို သိမ်းယူကာ အကြမ်းဖက်မှုများကို လုပ်ဆောင်နေသည့် ISIL အဖွဲ့၏ အိုင်ဒီယာမှာ အစ္စလာမ်သာသနာ၏ သွန်သင်ချက်နှင့် ဆန့်ကျင်နေသည်ဟု ကျော်ကြားသည့် မွတ်စလင် ဓမ္မပညာရှင် ဘင်ဘိုင်ယဟ်၏ ဖသ်ဝါ ဓမ္မသတ်ကို ထောက်ပြ၍ ပြောဆိုခဲ့သည်။

    ထို့ပြင် ကမ္ဘာ့တစ်ဝှမ်းရှိ မွတ်စလင်များက ISIL ၏ အကြမ်းဖက်လုပ်ရပ်များကို ရှုတ်ချမှုများနှင့် ပတ်သက်၍လည်း အိုဘားမားက ချီးကျူးခဲ့သည်။

    “ ‘notinmyname’  လှုပ်ရှားမှုကို စတင်ပြီး အကြမ်းဖက်သမားရဲ့ ၀ါဒဖြန့်မှုကို တုံ့ပြန်တဲ့ ဗြိတိန် မွတ်စလင်တွေကိုကြည့်ပါ” ဟု အိုဘားမားက ထည့်သွင်းပြောကြားခဲ့သည်။

    ISIL အဖွဲ့မှာ ဆီးရီးယား ပြည်တွင်းစစ်ဖြစ်ပွားပြီးနောက်မှ ပေါ်ပေါက်လာခြင်းဖြစ်ပြီး အမေရိကန်နှင့် မဟာမိတ်နိုင်ငံများက လက်နပ်တပ်ဆင်လေ့ကျင့်ပေးထားသည့် ဆီးရီးယားသူပုန်အများစု ပါဝင်သည်ဟု အနောက်မီဒီယာများက ဖော်ပြခဲ့ကြသည်။

    အီရန်သမ္မတ ရူဟာနီကမူ အရှေ့အလယ်ပိုင်းတွင် အမေရိကန်နှင့် အနောက်နိုင်ငံများ၏ မဟာဗျူဟာအမှားများက အကြမ်းဖက်ဝါဒကို ဖြစ်ပေါ်စေသည်ဟု ကုလ၌ ကြာသာပတေးနေ့က ပြောကြားသောမိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသွားခဲ့သည်။

  • မွတ်စလင် ဆန့်ကျင်သူ ဦးဝီရသူ လာရောက်မှု  သီရိလင်္ကာ မွတ်စလင်ကောင်စီ စိုးရိမ်

    မွတ်စလင် ဆန့်ကျင်သူ ဦးဝီရသူ လာရောက်မှု သီရိလင်္ကာ မွတ်စလင်ကောင်စီ စိုးရိမ်

    စက်တင်ဘာ ၂၇ ၊ ၂၀၁၄
    M-Media
    10678764_282805781912668_7184040548524533382_n
    – မြန်မာနိုင်ငံမှ မွတ်စလင်ဆန့်ကျင်ရေး ၉၆၉ အဖွဲ့ခေါင်းဆောင်ဆရာတော် ဦးဝီရသူအား သီရိလင်္ကာသို့ လာရောက်ရန် ဖိတ်ကြားခဲ့မှုကြောင့် ရိမ်မှုများ မြင့်တက်နေကြောင်း သီရိလင်္ကာ မွတ်စလင်ကောင်စီက  ကြေညာချက်ထုတ်ပြန်လိုက်သည်။

    မွတ်စလင်ဆန့်ကျင်ရေး ခေါင်းဆောင်ဖြစ်သည့် ဦးဝီရသူ၏ လှုံဆော်ခဲ့မှုများကြောင့် အစွန်းရောက် ဗုဒ္ဓဘာသာဝင်များက မြန်မာပြည်မှ မွတ်စလင်များ သတ်ဖြတ်ခဲ့မှု အတွက် တာဝန်ရှိသူ တစ်ဦးလည်းဖြစ်သည်။

    ဦးဝီရသူအား သီရီလင်္ကာ၌ ပြုလုပ်မည့် သံဃာကောင်စီသို့ တက်ရောက်ရန် အတွက် သီရိလင်္ကာရှိ Bodu Bala Sena  အဖွဲ့က ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

    ထိုကိစ္စနှင့်ပတ်သက်၍ သီရိလင်္ကာမွတ်စလင်ကောင်စီ ဥက္ကဌ မာဟင်ဒါ ရာဂျာပက်ဆာက  သီရိလင်္ကာသမ္မတ မဟိန္ဒာ ရာဂျာပက်စေထံ လိပ်မူပြီး ရေးသား ထားတဲ့ပေးစာမှာ မြန်မာမွတ်စလင်များ အပေါ် အကြမ်းဖက်မှုများစွာ ဖြစ်စေခဲ့သော ထိုကဲ့သို့ ပုဂ္ဂိုလ်မျိုး ရှိနေခြင်းက သီရိလင်္ကာနိုင်ငံက ငြိမ်းချမ်းရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်မှုအတွက် ခြိမ်းခြောက်မှု ဖြစ်လာ လိမ့်မည်ဟု ဖော်ပြခဲ့သည်။

    “ကမ္ဘာတစ်ဝှမ်းက လူတော်တော်များများကဆိုရင် သူဟာ  အစ္စလာမ်သာသနာ ကြီးထွားလာမှုက ဗုဒ္ဓဘာသာနဲ့ မြန်မာ့ယဉ်ကျေးမှုကို အန္တရာယ်ရှိစေတဲ့ဆိုတဲ့ မီးထိုးပေးတဲ့ တရားဟောပြောမှုတွေပြုလုပ်ကာ မြန်မာမွတ်စလင် လူနည်းစုတွေအပေါ် အကြမ်းဖက်မှုကျူးလွန်ဖို့ လှုံ့ဆော်သူအဖြစ် စွပ်စွဲခဲ့ကြပါတယ်။ သံဃာကောင်စီ အစည်းအဝေးမှာ သူရှိနေမှုနဲ့ သူ့ရဲ့မိန့်ခွန်းပြောမှုဟာ ဇွန်လ အတွင်းက Aluthgama နဲ့ Beruwela မှာ ပဋိပက္ခတွေကိုဖြစ်စေတဲ့ ဟောပြောမှုတွေလုပ်ခဲ့တဲ့ ဘုန်းကြီး Galabode Aththe Ganansara  ရဲ့ မိန့်ခွန်းလိုမျိုး မွတ်စလင်တွေ အပေါ် အကြမ်းဖက်မှုတွေ ဖြစ်လာဖို့ လှုံ့ဆော်တာ မျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ နောက်ပြီး ဦးဝီရသူသာ သီရိလင်္ကာကို ၀င်ရောက်ခွင့်ရခဲ့ရင် သိရိလင်္ကာအစိုးရဟာ တိုင်းပြည်က လူနည်းစုတွေအပေါ် မုန်းတီးမှုတွေ ဖြစ်အောင်လုပ်နေတဲ့ ဗုဒ္ဓဘာသာအစွန်းရောက်တွေရဲ့ နည်လမ်းတွေကို အားပေးကူညီနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်လာနိုင်ပါတယ်” ဟု ထိုစာတွင် ရေးသားခဲ့သည်။

    ထို့ပြင် မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုအတွက် Bodu Bala Sena  နှင့် ၉၆၉ အဖွဲ့တို့၏ ဆက်စပ်မှုမှာ ပြီးခဲ့သည့်လအနည်းငယ်က Ven. Gnanasara Thero  မြန်မာနိုင်ငံသို့ သွာရောက်ပြီးနောက်ပိုင်း စတင်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

    ထို့ပြင် ဦးဝီရသူအား သီရိလင်္ကာသို့ဝင်ရောက်ခွင့် ဗီဇာထုတ် မပေးရေးအတွက်လည်း သီရိလင်္ကာရှိ မွတ်စလင်လူ့အဖွဲ့အစည်း၏ ကိုယ်စား သီရိလင်္ကာမွတ်စလင်ကောင်စီက အစိုးရကို မေတ္တာရပ်ခံခဲ့သည်။

    သို့သော် ဦးဝီရသူများ ယနေ့ သိရိလင်္ကာနိုင်ငံသို့ေ၇ာက်ရှိသွားပြီဖြစ်ကြောင်းကို သိရိလင်္ကာသတင်းဌာနများရဲ့ ဖော်ပြချက်အရ သိရှိရပါသည်။

    ref_ colombogazette

    ဓါတ်ပုံအညွှန်း- ဦးဝီရသူ ယနေ့ သီရိလင်္ကာနိုင်ငံ ကိုလံဘို လေဆိပ်သို့ ရောက်ရှိစဉ်

  • မွတ်စလင်မ်တို့၏ အီးဒ်နေ့ အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် ကြေညာ

    မွတ်စလင်မ်တို့၏ အီးဒ်နေ့ အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် ကြေညာ

    စက်တင်ဘာ ၂၇၊ ၂၀၁၄
    M-Media
    သီဟ
    Eid
    ရန်ကုန် ။          ။ အောက်တိုဘာ ၆-ရက်နေ့သည် အစ္စလာမ်သာသနာဝင်များ၏ အီးဒ်နေ့ အထိမ်းအမှတ်ဖြစ်သည့်အတွက် အများပြည်သူများ အလုပ်ပိတ်ရက် အဖြစ် ပြည်ထောင်စု အစိုးရအဖွဲ့မှ ထုတ်ပြန်ကြေညာလိုက်သည်။

    ကြေညာချက်တွင် ၁၃၇၆ ခုနှစ်၊ သီတင်းကျွတ် လဆန်း ၁၃ ရက် (၂၀၁၄ ခုနှစ်၊ အောက်တိုဘာ၆ ရက်) နေ့ သည် အီဒွလ်အဿွာဟာ (ဘက္ကရီအီးဒ်) နေ့ ဖြစ်သည့် အတွက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွင်းရှိ ရုံးများ၏ ပိတ်ရက်အဖြစ် လွဲပြောင်းနိုင်သည့် စာချူပ်စာတမ်းများ  အက်ဥပဒေပုဒ်မ ၂၅ အရ  အများပြည်သူတို့၏ အလုပ် ပိတ်ရက်ဖြစ်ကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့ အတွင်းရေးမှူး ဇော်သင်းသန်း လက်မှတ်ဖြင့် ယနေ့ထုတ် အစိုးရ သတင်းစာများမှာ ကြေညာ ထားတာကို တွေ့ရပါတယ်။

    အဆိုပါ အီဒွလ်အဿွာဟာ (ဘက္ကရီးအိဒ်)နေ့သည် အစ္စလာမ် သာသနာဝင်တို့ အလေးအမြတ်ထားရာ နှစ်စဉ် ကျရောက်သော အီးဒ်နေ့ နှစ်ရက်ဖြစ်သည့် အီဒွလ် ဖိသိရ်  (ဥပုတ်ထွက်- မုန့်အီးဒ်) နှင့် အီဒွလ်အဿွာဟာ ၂-ရက်ထဲမှ ၁-ရက်လည်း ဖြစ်ပါသည်။

    နိုင်ငံတော်အခြေခံဥပဒေတွင် နိုင်ငံတော်အတွင်း တည်ရှိသော ဘာသာများအဖြစ် အသိအမှတ်ပြုထားသော လူနည်းစု ဘာသာများဖြစ်ကြ သော အစ္စလာမ်ဘာသာ အတွက် အီဒွလ်အဿွာဟာ (ဘက္ကရီအီးဒ်)နေ့ ၊ ခရစ်ယာန် ဘာသာ အတွက် ခရစ်စမတ်နေ့၊ ဟိန္ဒူဘာသာသာနာ အတွက် ဒေပါဝါလီနေ့တွင် အစိုးရ၏ တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးထားပြီး အီဒွလ်အဿွာဟာ နှင့် ဒေပါဝါလီနေ့တို့မှာ ခရစ် သက္ကရာဇ်ကို အခြေခံတွက်ချက်ခြင်းမဟုတ်ဘဲ သက်ဆိုင်ရာ ဘာသာဝင်တို့ရဲ့ ပြက္ခဒိန်ကို အခြေခံထားသောကြောင့် ပုံသေရက်သတ်မှတ်၍ မရခြင်းဖြစ်ကြောင်း သိရပါတယ်။

    Ref: MOI