News @ M-Media

Blog

  • အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် လမ်းလျောက် ချီတက်ပွဲပြုလုပ်မည်။

    အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် လမ်းလျောက် ချီတက်ပွဲပြုလုပ်မည်။

    စက်တင်ဘာ ၁၉ ၊၂၀၁၄
    M-Media
    သီဟ
    10477905_1536314653247304_1567608468206010480_n
    စက်တင်ဘာ ၂၁ ရက်နေ့ တနင်္ဂနွေ နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အနေဖြင့် လူထုချီတက်ပွဲ တရက်ကို ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။

    လှည်းတန်း ဂုံးကျော်တံတားအောက်နှင့် သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံဘုရားလမ်းမှတ်တိုင် တို့တွင် စုရပ်များအဖြစ် သတ်မှတ်ထားပြီး စက်တင်ဘာ ၂၁ ရက် မနက် ၈ နာရီကို စတင်စဝေး ကျမည်ဖြစ်ပြိး အောင်ဆန်း အားကစားကွင်းသို့ ဦးတည်ချီတက်ကြမည်ဟု အဆိုပါ ချီတက်ပွဲ လက်ကမ်း စာစောင်တွင် ဖော်ပြထားပါတယ်။

    Image- ကိုဆွေမွန်

  • သမီးနှင့် မြေး ၆ ယောက်အား သေနတ်ဖြင့် ပစ်သတ်ပြီး မိမိကိုယ်ကို သတ်သေမှု အမေရိကန်တွင်ဖြစ်ပွား

    သမီးနှင့် မြေး ၆ ယောက်အား သေနတ်ဖြင့် ပစ်သတ်ပြီး မိမိကိုယ်ကို သတ်သေမှု အမေရိကန်တွင်ဖြစ်ပွား

    စက်တင်ဘာ ၁၉ ၊ ၂၀၁၄
    M-Media

    1411088384234_Image_galleryImage_BELL_Gilchrist_County_She
    စပီးရစ်

    – အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါရှိ မြို့ငယ်တစ်ခုတွင် မိမိကိုယ်ကို သတ်သေမှုဟု ယူဆရသည့် သေနတ်ဖြင့် ပတ်ခတ်မှုကြောင့် မိသားစုတစ်ခုအတွင်းမှ ကလေးငယ် ၆ ဦးအပါအ၀င် လူ ၈ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ပြည်နယ်မြောက်ဘက် လူ ၃၅၀ ခန့်သာ နေထိုင်သည့် ဘဲလ်မြို့တွင်ယမန်နေ့က ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၅၁ နှစ်အရွယ်ရှိ ဒွန် စပီးရစ်ဆိုသူက အသက် ၂၈ နှစ်အရွယ် သမီးဖြစ်သူ ဆာရာ စပီးရစ်နှင့်အတူ မြေး ၆ ယောက်အား ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

    ဒွန် စပီးရစ်ကိုယ်တိုင်က မိမိမှာ ကိုယ်တိုင်နှင့် အခြားသူများကို ထိခိုက်အောင် ဆောင်ရွက်တော့မည်ဟု ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့သောကြောင့် တာဝန်ရှိသူများက စပီးရစ်၏ အိမ်သို့ လာရောက်ကြည့်ရှုခဲ့ရာမှာ စပီးရစ် အပါဝင် လူ ၈ ဦးသေဆုံးနေကြောင်း တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

    မြေးများမှာ အသက် ၃ လမှ ၁၀ နှစ်အရွယ်အထိရှိကြပြီး ထိုသတ်ဖြတ်မှုမှာ မိမိကိုယ်ကို အဆုံးစီရင်သည့် လူသတ်မှုဖြစ်နိုင်ကြောင်း၊ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    စပီးရစ်မှာ၂၀၀၁ ခုနှစ်ကလည်း အမဲလိုက်ရင်း ထိုစဉ်က အသက် ၈ နှစ်အရွယ် သားဖြစ်သူကို မတော်တဆ သေနတ်ဖြင့် ပစ်ခတ်မိခဲ့ပြီး လူသတ်မှုဖြင့် ထောင်ဒဏ် ၃ နှစ်ကျခံခဲ့ရသူဖြစ်သည်။

    ref_ Daily Mail

  • ပရိတ်သတ်များ လီဗာပူလ်းအတွက် စိတ်ရှည်ကြရန် နည်းပြ ရော်ဂျာ တိုက်တွန်း

    ပရိတ်သတ်များ လီဗာပူလ်းအတွက် စိတ်ရှည်ကြရန် နည်းပြ ရော်ဂျာ တိုက်တွန်း

    စက်တင်ဘာ ၁၉ ၊ ၂၀၁၄
    M-Media
    455542_heroa
    – ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေပြီး အသင်းအား တည်ဆောက်နေချိန်တွင် ပရိတ်သတ်များအနေဖြင့် စိတ်ရှည်ကြရန် လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက တိုက်တွန်းလိုက်သည်။

    ပြီးခဲ့သည့် အပြောင်းအရွှေ့တွင် တိုက်စစ်မှူးဆွာရက်ဇ်အား ရောင်းချခဲ့ပြီးနောက် ကစားသမား ၈ ယောက်အထိခေါ်ယူကာ အသင်းအား ပြန်လည် တည်ဆောက်ခဲ့သော်လည်း ပရီးမီးယားလိဂ် ၄ ပွဲကစားပြီးချိန်တွင် ၂ ပွဲအထိ ရှုံးနိမ့်ထားခြင်းကြောင့် ရော်ဂျာအပေါ် ဝေဖန်မှုများ ရှိနေသည်။

    “မှော်ဆန်တဲ့ ဖော်မြူလာတော့ မရှိပါဘူး။ လေ့ကျင့်ကွင်မှာ မပြောင်းလဲတဲ့ ပုံစံအတိုင်းသာ ဆက်သွားနေတာပါ။ ပြီးခဲ့တဲ့နှစ် ဒီလိုအချိန်ကို ကျွန်တော် သတိရနေပါတယ်။ အသင်းက ဂိုးရနိုင်ပါ့လားလို့ ကျွန်တော်အမေးခံခဲ့ရပြီး အဆုံးမှာတော့ ကျွန်တော်တို့ ၁၀၁ ဂိုး သွင်းနိုင်ခဲ့ပါတယ်။ အချိန်နဲ့ စိတ်ရှည်မှုလိုပါတယ်” ဟု ရော်ဂျာက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ကစားသမားအသစ်များမှာလည်း အသင်း၌ အံဝင်လာပြီး၊ အခြေကျလာကြောင်း မိမိ၏အတွေ့အကြုံအရ ပြောရလျှင် မိမိတို့အသင်းမှာ ပိုမိုတောင့်တင်းလာမည်ဖြစ်ကြောင်း ရော်ဂျာက ထပ်လောင်းပြောကြားခဲ့သည်။

  • စကောတလန်အား ယူကေမှ မခွဲထွက်လိုသူများ ပြည်သူဆန္ဒ ခံယူပွဲတွင် အနိုင်ရ

    စကောတလန်အား ယူကေမှ မခွဲထွက်လိုသူများ ပြည်သူဆန္ဒ ခံယူပွဲတွင် အနိုင်ရ

    စက်တင်ဘာ ၁၉ ၊ ၂၀၁၄
    M-Media
    scotland-collage_3044029b
    – ယူကေမှ ခွဲထွက်ရေး စကော့တလန်တွင်ပြုလုပ်ခဲ့သည့် ပြည်သူ့ဆန္ဒခံယူပွဲ၌ တွဲရေးဘက်က အနိုင်ရရှိခဲ့သည်ဟု ယနေ့တွင်ထုတ်ပြန်ခဲ့သော မဲရလဒ်များအရ သိရသည်။

    ယမန်နေ့က ပြုလုပ်ခဲ့သည့် အဆိုပါ ပြည့်သူ့ဆန္ဒခံယူပွဲတွင် နိုင်ငံတစ်ဝှမ်းမှ မဲပေးပိုင်ခွင့်ရှိသူ ၄.၂ သန်းက မဲပေးခဲ့ကြပြီး မဲရေတွက်ရေး စစ်တာ ၃၂ ခုအနက် ၃၁ ခုက ရလဒ်များကို ယနေ့တွင် ကြေညာခဲ့ကာ ခွဲထွက်ရေးကို မထောက်ခံသည့် မဲအရေအတွက်မှာ ၅၅ ရာခိုင်နှုန်းရှိခဲ့သည်။

    ခွဲထွက်ရေးလှုပ်ရှားသူ အဲလက်စ် ဆဲလ်မွန်ကမူ မိမိတို့ရှုံးနိမ့်ကြောင်း ၀န်ခံခဲ့ပြီး မဲရလဒ်ကို လက်ခံရန်အတွက်လည်း စကော့ပြည်သူများကို တိုက်တွန်းခဲ့သည်။ ထို့ပြင် အဆိုပါ ပြည်သူ့ဆန္ဒခံယူပွဲကို ဒီမိုကရက်တစ် နည်းလမ်းအတိုင်း ဆောင်ရွက်နိုင်ခဲ့သည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ မဲပေးသူရာခိုင်နှုန်းမှာ ၈၆ ရာခိုင်နှုန်းရှိခဲ့ပြီး စကော့တလန်သမိုင်းတွင် စံချိန်တင် မဲပေးသူအရေအတွက်လည်း ဖြစ်ခဲ့သည်။

    ref_Al Jazeera and agencies

  • ယခုနှစ် သြဂုတ်လကုန်ပိုင်း အထိ တရားမ၀င် လက်နက် ကိုင်ဆောင်သူ ၁၅၀ ကို ဖမ်းဆီးထား

    ယခုနှစ် သြဂုတ်လကုန်ပိုင်း အထိ တရားမ၀င် လက်နက် ကိုင်ဆောင်သူ ၁၅၀ ကို ဖမ်းဆီးထား

    စက်တင်ဘာ- ၁၉ ၊ ၂၀၁၄
    M-Media
    Bomb-found-Sittwe
    – ယခုနှစ် သြဂုတ်လကုန်ပိုင်း အထိ မြန်မာနိုင်ငံတွင် တရားမ၀င် လက်နက်ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးခံရသူ စုစုပေါင်း ၁၅၀ ရှိသည်ဟု ယမန်နေ့က ထုတ်ပြန်ခဲ့သော အစိုးရ သတင်းရင်းမြစ်များအရ သိရသည်။

    ထိုအထဲမှ ၅၄ ဦးမှာ လက်ပစ်ဗုံးများ၊ ကျည်ဆံများ အပါအ၀င် လက်နက်မျိုးစုံ ၆၀ ခန့်ကို လက်ဝယ်ထားရှိမှု၊ လက်နက်နှင့် စပ်ဆက်သည့် အမှု ၄၅ ခု တို့ဖြင့် တရားစွဲဆိုခြင်း ခံထားရသည်။

    မြန်မာနိုင်ငံ၏ ဥပေဒအရ တရားမ၀င် လက်နက်ကိုင်ဆောင်သူများကို ထောင်ဒဏ် ၃ နှစ်မှ ၇ နှစ်အထိ အပြစ်ပေးနိုင်သည်။ ၂၀၁၃ ခုနှစ်တွင် တရားမ၀င် လက်နက်ကိုင်ဆောင်သူ ၁၀၆ ဦး နှင့် တရားမ၀င် လက်နက် ၉၀ ကို  ဖမ်ဆီးခဲ့သည်။

    မကြာသေးမီကပင် လေသေနတ်ကိုင်ဆောင်သူများအနေဖြင့် လာရောက်အပ်နှံကြရန် ရဲတပ်ဖွဲ့က ကြေညာခဲ့သည်။

    ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပင် ရခိုင်ပြည်နယ်ရှိ ရခိုင်လူမျိုးပိုင် စက်လှေပေါ်တွင် လက်ပစ်ဗုံးများနှင့် ယမ်းတောင့်များကို ဖမ်းဆီးရမိခဲ့ပြီး စက်လှေပိုင်ရှင်ကမူ စက်လှေလုံခြုံရေးအတွက် ထားရှိခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    မြန်မာနိုင်ငံ၏ ဥပဒေအရ အစိုးရ လုံခြုံရေးတပ်ဖွဲ့များမှလွဲ၍ မည်သူမှ လက်နက်ကိုင်ဆောင်ခွင့် မရှိချေ။

    ဓါတ်ပုံအညွန်း- ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်မှာ လက်ပစ်ဗုံးများ တွေ့ရှိမှုဖြင့် ဖမ်းဆီးခဲ့သူ ၂ ဦး
    ဓါတ်ပုံ- နိရဉ္ဖာရာ

    ref_IANS