News @ M-Media

Blog

  • မြောက်အမေရိက၏ ပထမဆုံး အစ္စလာမ့် အနုပညာပြတိုက် တိုရွန်တို၌ ဖွင့်လှစ်မည်

    မြောက်အမေရိက၏ ပထမဆုံး အစ္စလာမ့် အနုပညာပြတိုက် တိုရွန်တို၌ ဖွင့်လှစ်မည်

    စက်တင်ဘာ ၁၃ ၊ ၂၀၁၄
    M-Media

    toronto-canda_9-11-2014_159388_l
    လာမည့်ရက်သတ္တပတ်အတွင်း တိုရွန်တိုမြို့၌ ဖွင့်လှစ်တော့မည်ဖြစ်သော အစ္စလာမ့်အနုပညာပြတိုက်နှင့် ယဉ်ကျေးမှုစင်တာ

    သစ်လွင်လှပနေသည့် အစ္စလာမ့် အနုပညာပြတိုက်နှင့်ယဉ်ကျေးမှု စင်တာတစ်ခုကို တိုရွန်တိုမြို့၌ လာမည့် ရက်သတ္တပတ်အတွင်း ဖွင့်လှစ်တော့မည်ဖြစ်သည်။ ၎င်းသည် မြောက်အမေရိကတွင် ပထမဆုံးစာရင်းဝင်ကြောင်း သိရသည်။

    ယင်းပြတိုက်တွင် အေဒီ ၇ နှင့် ၈ ရာစုမှ ရှားပါးကုရ်အာန် လက်ရေးမူများအပါအ၀င် အနုပညာလက်ရာပေါင်း တစ်ထောင်ကျော်ကို ခင်းကျင်းပြသထားမည်ဖြစ်သည်။

    ကနေဒါနှင့် အမေရိကန်နိုင်ငံတစ်ဝှမ်းရှိ ပြတိုက်များမှ အစ္စလာမ့်အနုပညာ လက်ရာများကို စုဆောင်းထားသော်လည်း ထိုပြတိုက်မှာ ယင်းသို့ အစ္စလာမ့်သီးသန့် လက်ရာ စုစည်းချက်အနေနှင့် ပထမဆုံးဖြစ်ကာ စက်တင်ဘာ(၁၈)ရက်မှ စတင်၍ ဧည့်သည်များ ၀င်ရောက်ကြည့်ရှုနိုင်တော့မည်။

    ကနေဒါဒေါ်လာ သန်းသုံးရာ (ကန်ဒေါ်လာ ၂၇၄ သန်း)တန်ကြေးရှိ အက်ဂါခန်းပြတိုက်နှင့် ကပ်လျက်မှ အစ္စမာအီလီစင်တာမှာ ၆.၈ ဟက်တာ (၁၇ ဧက) မြေကွက်ပေါ်တွင် တည်ရှိပြီး မွတ်စ်လင်မ်များသာမက အခြားသူများအတွက်ပါ ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်သည်။

    ref_ AFP

  • ဆီးရီးယားရှိ IS အား လေကြောင်းတိုက်ခိုက်မှုတွင် ဂျာမဏီမှ ပါဝင်မည်မဟုတ်

    ဆီးရီးယားရှိ IS အား လေကြောင်းတိုက်ခိုက်မှုတွင် ဂျာမဏီမှ ပါဝင်မည်မဟုတ်

    စက်တင်ဘာ ၁၃ ၊ ၂၀၁၄
    M-Media
    frank-walter-steinmeier
    ဆီးရီးယားရှိ IS အား လေကြောင်းတိုက်ခိုက်မှု၌ ပါဝင်ရန် မိမိတိုင်းပြည်အား မတောင်းဆိုခဲ့သလို တိုက်ခိုက်သူများ အနက်တွင်လည်း ပါဝင်မည်မဟုတ်ဟု ဂျာမဏီနိုင်ငံခြားရေး ၀န်ကြီး ဖရန့်ဝေါလ်တာစတိန်းမိုင်ယာ ပြောကြားသည်။

    စတိန်းမိုင်ယာသည် ရည်ရွယ်ချက်တူ မဟာမိတ် ဗြိတိသျှမှ ဖီးလစ်ဟမ်မွန်နှင့် ပူးတွဲပြုလုပ်သော ဘာလင်မြို့သတင်းစာရှင်းလင်းပွဲတွင် “ကျွန်တော်တို့နိုင်ငံအနေနဲ့ IS သို့မဟုတ် အလားတူ အစွန်းရောက်အဖွဲ့တွေရဲ့ အန္တရာယ်ကို ရင်ဆိုင်ဖို့ ဗျူဟာ မရှိပါဘူး။ ဒါကြောင့် ဒီအဖွဲ့ရဲ့ အင်အားနဲ့ လက်တံကို ထိန်းချုပ်ဖို့ နည်းလမ်းရှာမှ ဖြစ်ပါမယ်။ စစ်အင်အားသုံးမှု တစ်မျိုးတည်းနဲ့ ဒီပြဿနာကို ဖြေရှင်းလို့ မရနိုင်ပါဘူး” ဟု အမေရိကန်သမ္မတ၏ IS အပေါ် စစ်ရေး အရဖြေရှင်းမှုသာ အသုံးပြုမည့် မိန့်ခွန်းအား ရည်ညွှန်း၍ ပြောဆိုခဲ့သည်။

    ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ဖီးလစ်ဟန်မွန်ကမူ IS ကိုဆန့်ကျင်သော အီရတ်မြောက်ပိုင်းရှိ ကာဒစ္စတန်ပြည်နယ် အစိုးရအား လက်နက်တပ်ဆင် ကူညီပေးခြင်းကို အားပေးခဲ့သည်။ ၎င်းက အနောက်တိုင်း ဒီမိုကရက်တစ် အသိုင်းအ၀ိုင်း လုံခြုံရေးအပေါ် ကာကွယ်မှုဆိုင်ရာ ဂျာမဏီ၏အရေးပါမှုကို နှပ်ကြောင်းပေးပြောဆိုခဲ့ပြီး၊ အိုဘားမားချမှတ်သည့် ဗျူဟာအား ဗြိတိန်မှ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

    ref_The Middle East Monitor

  • အရှေ့အလယ်ပိုင်း ဒေသကို ကျူးကျော်ဝင်ရောက်ဖို့ အတွက် IS ဟာ အသုံးချခံ အသစ်လား?

    အရှေ့အလယ်ပိုင်း ဒေသကို ကျူးကျော်ဝင်ရောက်ဖို့ အတွက် IS ဟာ အသုံးချခံ အသစ်လား?

    စက်တင်ဘာ ၁၃ ၊ ၂၀၁၄
    M-Media
    AP907411981477
    – “စိတ်ချစမ်းပါ! အာရပ်နိုင်ငံတွေဟာ စာမဖတ်တဲ့နိုင်ငံတွေပါ။ တကယ်လို့ သူတို့ ဖတ်ခဲ့ရင်လည်း နားမလည်ပါဘူး။ တကယ်လို့ နားလည်ရင်လည်း သူတို့ မကျင့်သုံးကြပါဘူး” လို့ အစ္စရေးကာကွယ်ရေး ၀န်ကြီးဟောင်း မိုရှေး ဒါယန်းပြောခဲ့တဲ့ ကျော်ကြားတဲ့ ဒီစကားဟာ မှန်ခဲ့ပါတယ်။

    အာရပ်နဲ့ အစ္စလာမ်ကမ္ဘာက အမှတ်သည်းခြေ မရှိတော့ဘူးလား? ကျွန်တော်တို့ဟာ အတိတ်က အကြောင်းအရာတွေကို လျင်လျင်မြန်မြန်ပဲ မေ့ပစ်ခဲ့ကြပြီး လွတ်မြောက်ဖို့ခက်တဲ့ ဒီထောင်ချောက်ထဲကိုပဲ ပြန်ပြန်ဆင်းသက်နေပါတယ်။ “ယုံကြည်သူတစ်ယောက်ကို  ချိုင့်တစ်ခုက နှစ်ခါဒုက္ခပေးလို့မရဘူး” ဆိုတဲ့ ကိုယ့်တော့်ရဲ့ ဒီဟဒီးစ်ကို တွင်တွင်ပြောကြပေမယ့် ဒီချိုင့်ထဲက မြွေတစ်ကောင်ကပဲ ကျွန်တော်တို့ကို ဘာ့ကြောင့် ထပ်ခါထပ်ခါ ကိုက်နေရတာလဲ?

    အာဖဂန်မှာ ကြုံတွေ့ရတာတွေကနေ အစ္စလာမ့်မစ်တွေဟာ ဘာ့ကြောင့် မသင်ယူကြတာလဲ? ဆိုဗီယက်နဲ့တိုက်တဲ့ သမိုင်းဝင်စစ်ပွဲမှာပါဝင်ဖို့ အမေရိကန်က သူတို့ကို ဖြားယောင်းခဲ့တာ မဟုတ်ဘူးလား? ပြီးတော့ အမေရိကန်က သူတို့လိုဘ ပြည့်သွားပြီး အသုံးမလိုတော့တဲ့အခါ သူတို့(အစ္စလာမ့်မစ်)တွေကို နှိပ်စက်ပြီး ရှင်းခဲ့တာ  မဟုတ်ဘူးလား? အသုံးချခံတွေ ဖြစ်နေတယ်ဆိုတာ မသိခဲ့တဲ့သူတို့ တောင့်တခဲ့တဲ့ အာဖဂန်ဟာ အစ္စလာမ့်မစ်နိုင်ငံတော်ဖြစ်လာရေးကို အမေရိကန်က ကတိပေးခဲ့တာပဲ မဟုတ်ဘူးလား?

    အလ်ကိုင်းဒါးကို အများစုက သြဘာပေးကြပြီး ရပ်နီး ရပ်ဝေးက အဖိနှိပ်ခံမွတ်စလင်တွေရဲ့ ကယ်တင်ရှင်အဖြစ် သတ်မှတ်ကြတဲ့အချိန်က ခဏလေးပါ။ ဒါပေမယ့် ဒါရဲ့ရလဒ်က ဘာလဲ? ရည်ရွယ်ချက်တွေ၊ ရည်မှန်းချက်တွေ၊ ကျွေးကြော်မှုတွေ လှိုင်လှိုင်ပေါခဲ့တဲ့ ဒီအဖွဲ့အစည်းနဲ့ အခြာသောအဖွဲ့တွေဟာ အသုံးချခံတွေသာ ဖြစ်ခဲ့ပြီး တခြားသူတွေရဲ့ အမြတ်ထုတ်ခြင်းကိုသာ ခံခဲ့ရပါတယ်။

    အလ်ကိုင်းဒါးဟာ ဆိုဗီယက်စစ်ပွဲက သူတို့ရဲ့အခန်းကဏ္ဍတွေကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပေမယ့် နောက်ပိုင်း ကမ္ဘာတစ်ဝှမ်းလုံးမှာ သူတို့ဟာ ညှင်းပမ်းနှိပ်စက်ခြင်း ခံခဲ့ရပါတယ်။ ပြီးတော့ သူတို့အဖွဲ့ဝင်တွေဟာလည်း ဂွာတာနာမိုလို အကျည်းတန်ဆုံး အကျဉ်းစခန်းမှာ ထိန်းသိမ်းခံခဲ့ရပါတယ်။ သူတို့ရဲ့ ရဲဘော်ရဲဘက်တွေဟာ ဂွာတာနာမိုမှာ အာဏာပါးကွက်သားတွေရဲ့ နှိပ်စက်မှုတွေကို တွေ့ကြုံခံစားနေရတာ သိသိကြီးနဲ့ ဘာ့ကြောင့် အခုအချိန်မှာလည်း ဒီလိုအမှားမျိုးကို ထပ်ကျူးလွန်နေကြတာလဲ။

    Is the Islamic State

    IS ရဲ့ အခြေအနေဟာ ယခင်အလ်ကိုင်းဒါးရဲ့ အခြေအနေနဲ့ ကွဲပြားတယ်လို့ တစ်ချို့က ပြောပါလိမ့်မယ်။ ပြီးတော့ သူတို့နှစ်ဖွဲ့ကို နှိုင်းယှဉ်လို့မရဘူးလို့လဲ ဆိုကြပါလိမ့်မယ်။ IS ဟာ အီရတ်မှာ အခြေတည်ခဲ့တဲ့ အလ်-ဇာကွာဝီရဲ့အဖွဲ့ကနေ ဆင်းသက်လာတာပါ။ အလ်-ဇာကွာဝီရဲ့ အဖွဲ့ဟာ အမေရိကန်နဲ့ သူ့ကိုထောက်ခံသူတွေကို စိတ်ပျက်စေခဲ့ပါတယ်။

    ယူကရိန်းပိုင်နက်ထဲကို ရုရှား စစ်ကားတွေ မြန်မြန်ဆန်ဆန် ၀င်ရောက်ခဲ့တာကို အမေရိကန်ရဲ့ ဂြိုဟ်တုတွေက မတွေ့ခဲ့ဘူးလား? ဒါဆို IS ရဲ့ စစ်ကားတွေ အစုလိုက်အပြုံလိုက် မူဆိုးလ်မြို့တဲ့ ၀င်တာကို အမေရိကန်ရဲ့ ဂြိုဟ်တုတွေက မတွေ့လိုက်ဘူးဆိုတာ ဖြစ်နိုင်ပါ့မလား? အီရတ်မှာရှိတဲ့ IS ကြီးစိုးတဲ့ ဒေသအချို့ကို အမေရိကန်က ဗုံးကြဲတယ်ဆိုတာကရော အမှန်ပဲလား?

    ဒီအကြောင်းအရင်းက အလ်-ဇာကွာဝီရဲ့ အဖွဲ့ကို ရင်ဆိုင်ဖို့အတွက် ဆာဟ်ဝပ်လို့ခေါ်တဲ့ အဖွဲ့တစ်ခုကို ဖန်တီးဖို့ စေ့ဆော်ပေးခဲ့ပါတယ်။ ဒီအဖွဲ့ကနေ ဒေသအတွင်း အထူးသဖြင့် အီရတ်မှာ ဘာအကျိုးကျေးဇူးများ ရခဲ့ပါသလဲ? အီရတ်မှာ အမေရိကန်နဲ့ အီရန်တို့ရဲ့ လွှမ်းမိုးမှု ပျောက်ပျက်သွားခဲ့ပါသလား? တကယ်တော့ မပျောက်ပါဘူး။ ဒီအဖွဲ့က ပြိုင်ဘက်လို့ ကျွေးကျော်ထားတဲ့ အီရန်ဟာ အီရတ်မှာရှိတဲ့ အဖွဲ့တွေကို ထိန်းချုပ်ထားပြီး၊ သူ့ရဲ့သြဇာဟာ ဆီးရီးယား၊ လက်ဘနွန်၊ ယီမင်နဲ့ ပင်လယ်ကွေ့နိုင်ငံတွေအထိ ပြန့်နှံ့သွားခဲ့ပါတယ်။ အမေရိကန်ကတော့ အီရတ်နဲ့ ပတ်ဝန်းကျင်နိုင်ငံတွေမှာ အကြပ်ရိုက်နေတုန်းပါပဲ။

    -ရေနံကြွယ်ဝတဲ့ ကက်စပီယံပင်လယ်ကို အမေရိကန်က ထိန်းထားချင်တဲ့အခါ အာဖဂန်ကို သိမ်းပိုက်ရပါတယ်။ အာဖဂန်မှာ အလ်ကိုင်းဒါးတွေရှိနေလို့ ဆိုတာက ဆင်ခြေတစ်ခုသာဖြစ်ပါတယ်။ အမေရိကန်တွေ အဲဒီမှာ ၁၀ နှစ်ကျော်လောက်နေခဲ့ပြီး အခုအချိန်ထိလည်း ရှိနေတုန်းပါ။ အီရတ်ကို ကျူးကျော်စဉ်ကလည်း အဲဒီမှာ ဖျက်အားပြင်းလက်နက်တွေရှိပြီး အလ်ကိုင်းဒါးတွေလည်း ရှိနေပြီလို့ အမေရိကန်က လုပ်ဇာတ်ခင်းခဲ့ပါတယ်။

    IS ဟာ ဆီးရီယားကနေ အီရတ်ကိုဝင်ပြီး အမေရိကန်ရဲ့ အလိုနဲ့ ဆန့်ကျင်ကာ မူဆိုးလ်နဲ့ အီရတ်က ပြည်နယ်အချို့ကို တကယ်သိမ်းခဲ့လား ဆိုတာနဲ့၊ ဒါမှမဟုတ် အမေရိကန်ရဲ့ အကူအညီနဲ့ သူတို့ဟာ ဆင်ကန်းတောတိုးနေတာလားဆိုတဲ့ မေးခွန်းဟာ အရေးကြီးဆုံးပါ? ယူကရိန်းပိုင်နက်ထဲကို ရုရှား စစ်ကားတွေ မြန်မြန်ဆန်ဆန် ၀င်ရောက်ခဲ့တာကို အမေရိကန်ရဲ့ ဂြိုဟ်တုတွေက မတွေ့ခဲ့ဘူးလား? ဒါဆို IS ရဲ့ စစ်ကားတွေ အစုလိုက်အပြုံလိုက် မူဆိုးလ်မြို့တဲ့ ၀င်တာကို အမေရိကန်ရဲ့ ဂြိုဟ်တုတွေက မတွေ့လိုက်ဘူးဆိုတာ ဖြစ်နိုင်ပါ့မလား? အီရတ်မှာရှိတဲ့ IS ကြီးစိုးတဲ့ ဒေသအချို့ကို အမေရိကန်က ဗုံးကြဲတယ်ဆိုတာကရော အမှန်ပဲလား?

    ဒါပေမယ့် ဗုံးကြဲချတာဟာ IS ထိန်းချုပ်ထားတဲ့ ဒေသအကုန်လုံးမဟုတ်ဘဲ အမေရိကန်ရဲ့ သတ်မှတ်နယ်နမိတ်ကိုကျော်တဲ့ အထူးသဖြင့် အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အကျိုးစီးပွားတွေ တည်ရှိတဲ့ ကာ့ဒ်ဒေသမှာပါပဲ။

    IS က အိပ်မက်မက်တဲ့ပုံစံအတိုင်း ဆီးရီးယားနဲ့ အီရတ်ကြားမှာ နိုင်ငံတစ်ခုတည်ထောင်ဖို့ ကမ္ဘာကြီးက အထူးသဖြင့် အနောက်နိုင်ငံတွေက ခွင့်ပြုမှာလား? IS ပေါ်ထွက်လာမှုနဲ့ သူတို့ရဲ့ ချဲ့ထွင်မှုက ကျွန်တော်တို့ဒေသအတွင်းမှာ စီစဉ်ထားတဲ့ အနောက်နိုင်ငံတွေရဲ့ အကျိုးစီးပွားတွေနဲ့ ဆက်စပ်နေမယ်ဆိုတာကို သူတို့က မစိုးရိမ်ကြဘူးလား? မြေပုံကိုပြန်ရေးပြီး ဒေသတွေကို ပြန်ခွဲဖို့ဆိုတာတွေကို ရှင်းချက်ထုတ်ဖို့ ဒေသတွင်းက နိုင်ငံတကာတပ်တွေရဲ့ ဆင်ခြေတစ်ခုတော့ မရှိလောက်ဘူး မဟုတ်လား?

    နေရာတိုင်းမှာ သူတို့ရဲ့ အကျိုးစီးပွား ဖြစ်ထွန်းစေဖို့အတွက် အင်အားကြီးနိုင်ငံတွေက အကြမ်းဖက်အဖွဲ့အစည်းအားလုံးကို အသုံးချနေတာမျိုး မဟုတ်ဘူးလား? ရေနံကြွယ်ဝတဲ့ ကက်စပီယံပင်လယ်ကို အမေရိကန်က ထိန်းထားချင်တဲ့အခါ အာဖဂန်ကို သိမ်းပိုက်ရပါတယ်။ အာဖဂန်မှာ အလ်ကိုင်းဒါးတွေရှိနေလို့ ဆိုတာက ဆင်ခြေတစ်ခုသာဖြစ်ပါတယ်။ အမေရိကန်တွေ အဲဒီမှာ ၁၀ နှစ်ကျော်လောက်နေခဲ့ပြီး အခုအချိန်ထိလည်း ရှိနေတုန်းပါ။ အီရတ်ကို ကျူးကျော်စဉ်ကလည်း အဲဒီမှာ ဖျက်အားပြင်းလက်နက်တွေရှိပြီး အလ်ကိုင်းဒါးတွေလည်း ရှိနေပြီလို့ အမေရိကန်က လုပ်ဇာတ်ခင်းခဲ့ပါတယ်။ ဒါတွေကိုကြည့်ရင် အင်အားကြီးနိုင်ငံဟာ သူတို့ရဲ့အကျိုးစီးပွား ရယူချင်တဲ့အခါ အကြမ်းဖက်အဖွဲ့တွေကို ဆင်ခြေပေးပြီး အသုံးချခဲ့တာပဲ မဟုတ်ဘူးလား?

    သူတို့ရဲ့ မဟာဗျူဟာတွေအောင်မြင်ဖို့အတွက်လည်း ဒီလှုပ်ရှားမှုကို အသုံးပြုခဲ့တာပဲ မဟုတ်ဘူးလား? အကြမ်းဖက်အဖွဲ့အစည်းတွေဆိုတဲ့ ဥပါယ်တံမျဉ်အောက်မှာ ကျွန်တော်တို့ရဲ့ ဒေသတစ်ခုလုံးဟာ အနီးနားကသူတွေ၊ အဝေးကသူတွေရဲ့ ကျူးကျော်ချိုးဖောက်မှုကို ခံခဲ့ရပါတယ်။ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ခြင်းဆိုတဲ့ ခေါင်းစဉ်အောက် မှာလည်း သူတို့ဟာ ကြိုက်ရာ လုပ်ခဲ့ကြပါတယ်။ အခုဆိုရင်လည်း IS ကိုတွန်းလှန်ဖို့ဆိုတဲ့ အခြေခံအပေါ်မှာ နိုင်ငံတကာ အဖွဲ့အစည်းတွေဟာ ဒေသတွင်း ဘယ်လို စစ်ရာဇ၀တ်မှုမျိုးကိုမဆို ကျူးလွန်နိုင်ပြီး၊ အစီအစဉ်တွေလည်း ချမှတ်နိုင်ကြပါတယ်။ IS ဟာ ဆက်လက်ရှိနေသည်ဖြစ်စေ ရှိမနေသည်ဖြစ်စေ ဆက်လက်ပြန့်နှံ့နေသည်ဖြစ်စေ ပြန့်နှံ့မနေသည်ဖြစ်စေ သူတို့ကို ထောက်ခံသူများကတော့ ဒေသရဲ့ပထ၀ီအနေအထားကို ချဲ့ထွင်မယ်လို့ ဆိုကြပါလိ့မ်မယ်?

    IS ရဲ့ အကြမ်းဖက်ဝါဒကို တိုက်ပွဲဝင်ဖို့ဆိုတဲ့ ဥပါယ်တံမျဉ်ရဲ့ ကန့်လန့်ကာနောက်ကွယ်က နိုင်ငံတကာ၊ အာရပ်နိုင်ငံတွေနဲ့ ဒေသတွင်း ဘာသဘောတူညီချက်တွေ ရှိနေသလဲ? မီဒီယာတွေမှာ IS အကြောင်းကို ချဲ့ကားပြောဆိုလာတဲ့အခါ ဒေသအတွင်းမှာ ပေါက်ကွဲမှုကြီး ဖြစ်တော့မယ်ဆိုတာ ဘယ်သူမှ မစိုးရိမ်ကြဘူးလား?  အလ် ကိုင်းဒါးခေါင်းဆောင် အိုစမာဘင်လာဒင် ပင်လယ်ထဲမှာ ငါးစာမဖြစ်ခင် အလ်ကိုင်းဒါးရဲ့ အန္တရာယ်ကိုလည်း မီဒီယာတွေမှာ ချဲ့ကား ပြောဆိုခဲ့ကြပါတယ်။ IS နဲ့ ဒေသတွင်းက သူတို့လိုအဖွဲ့တွေ ပေါ်ထွက်လာမှုက အာရပ်တော်လှန်ရေးကို ဦးဆောင်ခဲ့ကြတာမဟုတ်ဘဲ ရူးနှမ်းတဲ့ သြဘာပေးမှုသာဖြစ်ပါလိမ့်မယ်။

    Dr Faisal Al-Qassem  ၏ Is the Islamic State the new justification for violation of the region?  သုံးသပ်ချက် ဆောင်းပါးကို လေးမောင် မြန်မာမှုပြု ဘာသာပြန်ဆိုသည်။

  • ချယ်ဆီးအသင်းသာ မန်စီးတီးကို စိန်ခေါ်နိုင်ကြောင်း တိုက်စစ်မှူး ဇက်ကို ဖွင့်ဟ

    ချယ်ဆီးအသင်းသာ မန်စီးတီးကို စိန်ခေါ်နိုင်ကြောင်း တိုက်စစ်မှူး ဇက်ကို ဖွင့်ဟ

    စက်တင်ဘာ ၁၂ ၊ ၂၀၁၄
    M-Media
    447172_heroa
    – အာဆင်နယ်အသင်းမှာ မိမိတို့အတွက် အန္တရာယ်ပေးနိုင်သော်လည်း မိမိမိတို့အား စိန်ခေါ်နိုင်သည့်အသင်းမှာ မော်ရင်ဟို၏ ချယ်ဆီးအသင်းသာဖြစ်သည်ဟု မန်စီးတီးတိုက်စစ်မှူး ဇက်ကိုက ပြောကြားလိုက်သည်။

    မန်စီးတီးမှာ မနက်ဖြန်တွင် အာဆင်နယ်အသင်းနှင့် ကစားရမည်ဖြစ်ပြီး ဇက်ကိုကမူ အာဆင်နယ်အသင်းမှာ မိမိတို့အား ဒုက္ခပေးနိုင်မည်ဟု ဆိုသည်။

    “(အာဆင်နယ်နဲ့) ပွဲဟာ ခက်ခဲမှာပါ။ ဒါပေမယ့် ကျွန်တော်ဟာ အကောင်းမြင်ပါတယ်။ ရာသီတိုင်းမှာ အင်္ဂလန်က ချန်ပီယံဆုအတွက် တိုက်ပွဲဝင်မယ့်အသင်းတွေ အများကြီးရှိပါတယ်။ ဒီရာသီမှာတော့ ချယ်ဆီးဟာ အကောင်းဆုံး စိန်ခေါ်သူ ဖြစ်လာမှာပါ” ဟု ဇက်ကိုက မန်စီးတီးအသင်း၏ ၀ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့မှာ လီဗာပူးလ်၊ စပါး၊ အာဆင်နယ်နှင့် မန်ယူတို့ကိုလည်း မေ့ထား၍မရကြောင်း၊ ၎င်းတို့မှာ ယမန်နှစ်ကထက် ပိုမိုတောင့်တင်းလာကြောင်း ဇက်ကိုက ထပ်လောင်းပြောကြားခဲ့သည်။

    ပြီးခဲ့သည့်ရာသီများက ဒုတိယဦးစားပေးကစားသမားအဖြစ်သာ ကစားခဲ့ရသည့် ဇက်ကိုမှာ ယခုနှစ်တွင် ပွဲထွက်ကစားသမားဖြစ်လာခဲ့ပြီး ဂိုးများလည်း သွင်းယူထားနိုင်သည်။ ထို့ပြင် ပြီးခဲ့သည့် သြဂုတ်လအတွင်းကပင် အသင်းနှင့် ၄ နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့သည်။

  • IS အား တိုက်ခိုက်မှုတွင် အာရပ် ၁၀ နိုင်ငံမှာ အမေရိကန်နှင့် မဟာမိတ်အဖြစ် ပူးပေါင်းမည်

    IS အား တိုက်ခိုက်မှုတွင် အာရပ် ၁၀ နိုင်ငံမှာ အမေရိကန်နှင့် မဟာမိတ်အဖြစ် ပူးပေါင်းမည်

    စက်တင်ဘာ ၁၂ ၊ ၂၀၁၄

    M-Media
    201491211729948734_20

    – ဆီးရီးယားနှင့် အီရတ်ရှိ နယ်မြေအချို့အား တိုက်ခိုက်ရန်အတွက် အမေရိကန်၏ ကြိုးပမ်းမှုအတွင်း မဟာမိတ်အဖြစ် ပူးပေါင်းပါဝင်မည်ဟု အာရပ် ၁၀ နိုင်ငံက သဘောတူညီခဲ့သည်ဟု သိရသည်။

    အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီနှင့် အာရပ်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ ဂျစ်ဒါ၌ တွေ့ဆုံမှုပြီးနောက် ယမန်နေ့က ထုတ်ပြန်သော ကြေညာချက်တွင် အာရပ်နိုင်ငံများက မိမိတို့အနေဖြင့် IS အဖွဲ့အား တိုက်ခိုက်မှုအတွင်း မျှဝေပါဝင်သွားမည်ဟု ဖော်ပြခဲ့သည်။

    ပါဝင်ကူညီမည့် နိုင်ငံများမှာ ဆော်ဒီအာရေဗျ၊ ဘာရိန်း၊ အီဂျစ်၊ အီရတ်၊ ဂျော်ဒန်၊ ကူဝိတ်၊ လက်ဘနွန်၊ အိုမန်၊ ကာတာနှင့် ယူအေအီးနိုင်ငံတို့ ဖြစ်ကြသည်။ တူရကီနိုင်ငံမှာ ထိုအစည်းအဝေးသို့ တက်ရောက်ခဲ့သော်လည်း နောက်ဆုံး ကြေညာချက်တွင် ပါဝင်ခဲ့ခြင်း မရှိပေ။

    အဆိုပါ ကြေညာချက်တွင် အမေရိကန်နှင့် အာရပ် ၁၀ နိုင်ငံမှာ IS အဖွဲ့အပါဝင် အကြမ်းဖက်ဝါဒ အားလုံး၏ ခြိမ်းခြောက်မှုအတွက် အတူတကွ ရပ်တည်မည်ဟု ကတိပြုပါကြောင်း၊ တိုက်ခိုက်မှု အတွင်း ပူးပေါင်းဆောင်ရွက်မှုတွင် IS အဖွဲ့အား တိုက်ခိုက်မည့် စစ်ရေးဆိုင်ရာ ပူးပေါင်းလှုပ်ရှားမှု ကဏ္ဍအားလုံးတွင် ဆက်သွယ် ပါဝင်ခြင်း စသဖြင့် သင့်လျော်သလို ပါဝင်သွားမည်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

    IS အဖွဲ့များအား ဆန့်ကျင်သော လှုပ်ရှားမှုကို ထောက်ပံ့ရန် ရည်ရွယ်သည့် မဟာမိတ်အဖွဲ့အတွင်း ၀င်ရောက်ရန် အမေရိကန်က အာရပ်နိုင်ငံများကို ဖိအားပေးထားပြီး၊ ဂျွန်ကယ်ရီမှာ ယနေ့တွင် အရေးပေါ်အစည်းအဝေး အတွက်တူရကီနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။

    အီရတ်နိုင်ငံရှိ အမေရိကန်နှင့် အစ္စရေးတို့၏ အကျိုးစီးပွားကို IS က ထိပါးလာခဲ့သည့် နောက်ပိုင်းတွင် အမေရိကန်က IS အဖွဲ့အား လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး၊ ပိုမိုထိုးစစ်ဆင်ရန် အတွက် သမ္မတအိုဘားမားက ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပင် အမိန့်ပေးထားသည်။

    ref_ Agencies