News @ M-Media

Blog

  • ဗန်ပါစီနှင့် ရူနီတို့၏ စံချိန်ကို မမှီသောကြောင့် ၀ဲလ်ဘတ်အား ရောင်းချခဲ့ရခြင်းဟု ဗန်ဂါးလ်ဖွင့်ဟ

    ဗန်ပါစီနှင့် ရူနီတို့၏ စံချိန်ကို မမှီသောကြောင့် ၀ဲလ်ဘတ်အား ရောင်းချခဲ့ရခြင်းဟု ဗန်ဂါးလ်ဖွင့်ဟ

    စက်တင်ဘာ ၁၂ ၊ ၂၀၁၄
    M-Media
    453902_heroa
    – အသင်းရှိ တိုက်စစ်မှူးများဖြစ်ကြသည့် ၀ိန်းရူနီ၊ ရော်ဘင်ဗန်ပါစီတို့၏ ဂိုးသွင်းစံချိန်ကို မမှီသောကြောင့် ၀ဲလ်ဘတ်အား အာဆင်နယ်သို့ ရောင်းချခဲ့ခြင်းဖြစ်သည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြောကြား လိုက်သည်။

    မန်ယူလူငယ်အကယ်ဒမီမှ ထွက်ပေါ်လာသည့် ၀ဲလ်ဘတ်မှာ အာဆင်နယ်သို့ ယူရိုသန်း ၂၀ ဖြင့် အပြောင်းအရွှေ့ နောက်ဆုံးနေ့တွင် ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ၀ဲလ်ဘတ်မှာ မန်ယူ၌ ကစားစဉ် တစ်ရာသီ ၉ ဂိုးအထက် သွင်းယူနိုင်ခြင်း မရှိဘဲ ၎င်း၏ ထိုမှတ်တမ်းက ရောင်းချမှုနောက်ကွယ်မှ အကြောင်း တစ်ရပ်ဖြစ်သည်ဟု ဗန်ဂါးလ်ကဆိုသည်။

    “သူတို့ရဲ့ စွမ်းရည်တွေကို ကျွန်တော်ယုံကြည်လာဖို့ အတွက် ကစားသမားအားလုံးကို အခွင့်အရေးပေး ခဲ့ပါတယ်။ ၀ဲလ်ဘတ်က အသက် ၉ နှစ်အရွယ်ကတည်းက ဒီမှာရှိခဲ့တာပါ။ ဆန်းဒါးလန်းမှာ ကစားပြီးတဲ့နောက် ဒီမှာ သုံးနှစ်ကြာ ကစားခဲ့ပါတယ်။ ဒါပေမယ့် ဗန်ပါစီနဲ့ ရူနီတို့ရဲ့ စံချိန်ကိုတော့ မမှီခဲ့ပါဘူး။ ဒါ့ကြောင့် သူ့ကို ကျွန်တော်တို့ ထွက်ခွာခွင့်ပြုခဲ့တာပါ” ဟု ဗန်ဂါးလ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    အာဆင်နယ်အသင်း၏ အဓိက တိုက်စစ်မှူး ဂျီရော့မှာ ဒဏ်ရာရနေသောကြောင့် မနက်ဖြန်တွင်ကစားမည့် မန်စီးတီးအသင်းနှင့်ပွဲတွင် ၀ဲလ်ဘတ်မှာ ပွဲထွက်ကစားသမား ဖြစ်လာဖွယ်ရှိနေသည်။

  • ကြိုတင် ကာကွယ်နိုင်သည့် ရောဂါများဖြင့် တောင်အာရှမှ ကလေး ၂ သန်း၅ နှစ် မပြည့်ခင် နှစ်စဉ် သေဆုံးလျက်ရှိ

    ကြိုတင် ကာကွယ်နိုင်သည့် ရောဂါများဖြင့် တောင်အာရှမှ ကလေး ၂ သန်း၅ နှစ် မပြည့်ခင် နှစ်စဉ် သေဆုံးလျက်ရှိ

    စက်တင်ဘာ ၁၂ ၊ ၂၀၁၄
    M-Media
    2014911234949399734_20
    – တောင်အာရှ နိုင်ငံများရှိ အမျိုးသမီးငယ်များ၏ ၄၆ ရာခိုင်နှုန်းမှာ အသက် ၁၈ နှစ် မတိုင်ခင် အိမ်ထောင်ပြုကြပြီး၊ တောင်အာရှရှိ ကလေးငယ်များမှာလည်း မမျှတမှုဒဏ်ကိုခံစားနေရသည်ဟု ယူနီဆက်ဖ်ကထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

    Improving Children’s Lives, Transforming the Future အမည်ဖြင့် အဆိုပါ အစီရင်ခံစာကို ယမန်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး တောင်အာရှရှိ ကလေးများအား ထိခိုက်စေသည့် အဓိကပြဿနာများကို ၂၅ နှစ်ကြာ လေ့လာမှုမှ တွေ့ရှိခဲ့သည့် အချက်အလက်များကို ဖော်ပြထားသည်။

    တောင်အာရှမှ ကလေးငယ် ၂ သန်းမှာ ကာကွယ် တားဆီးနိုင်သည့် ရောဂါများကြောင့် အသက် ၅ နှစ်မပြည့်ခင် သေဆုံးကြပြီး၊ ဒေသအတွင်းကလေးများ၏ ၃၈ ရာခိုင်နှုန်းမှာ အာဟာရ ချို့တဲ့ခြင်းကို ကြာရှည်စွာ ခံစားနေရသည်ဟု ဖော်ပြထားသည်။

    “ကိုယ်ဝန်ဆောင်ဖို့နဲ့ ကလေးမွေးဖို့အတွက် တောင်အာရှဟာ ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး နေရာတစ်ခုပါ။ ကိုဝန်ဆောင် မိခင်တွေ သေဆုံးမှုဟာလည်း ကမ္ဘာတစ်ဝှမ်း ဒုတိယအများဆုံးပါပဲ” ဟု တောင်အာရှဒေသ ယူနီဆက်ဖ်ဒါရိုက်တာ ကရင် ဟူလ်ရှော့ဖ်က အစီရင်ခံစာ ထုတ်ပြန်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ကိုယ်ဝန်ဆောင် မိခင်များသေဆုံးမှုမှာ အာဖရိကတွင် အမြင့်ဆုံးဖြစ်ပြီး၊ တောင်အာရှ အမျိုးသမီးငယ်များ၏ ၁၈ ရာခိုင်နှုန်းမှာ အသက် ၁၅ နှစ်မတိုင်ခင် အိမ်ထောင်ပြုကြသည်ဟုလည်း အဆိုပါ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြခဲ့သည်။

    ယူနီဆက်ဖ်၏ အစီရင်ခံစာအရ တောင်အာရှရှိ အချို့သောနိုင်ငံများတွင် ကလေးများ၏ ကျန်းမာရေး၊ ပညာရေး၊ ကာကွယ်စောင့်ရှောက်ရေးနှင့် ပူးပေါင်းပါဝင်မှု တရားဝင် အခွင့်အရေးများကို ဖော်ဆောင်ကာ ကောင်းမွန်သည့် ဥပဒေကို ပြဌာန်းထားသည်ဟု သိရသည်။

    သို့သော်လည်း ဆင်းရဲမွဲတေမှု များပြားနေခြင်းနှင့် ကွာဟချက်များက တောင်အာရှရှိ ကလေးသန်းပေါင်းများစွာအား ဂုဏ်သိက္ခာရှိစွာနေထိုင်ရန်၊ ၎င်းတို့အတွက် အလားလာများ ဖြစ်ပေါ်စေရန်နှင့် ၎င်းတို့၏ အနာဂတ်ကို ရွေးချယ်နိုင်ရေးတို့အတွက် အတားအဆီးဖြစ်နေသည်ဟု ဆိုသည်။ ထို့ပြင် အသက် ၁ နှစ်အောက် ကလေး ၈ သန်းနီးပါးမှာ ကာကွယ်ဆေးထိုးခြင်း မခံရဟုလည်း အဆိုပါအစီရင်ခံစာတွင် ထည့်သွင်း ဖော်ပြထားသည်။

    ref_ Al Jazeera and agencies

  • ဦးခေါင်း ပြောင်းပြန်နှင့် မွေးလာပေမယ့် ဘွဲ့ရပြီး အောင်မြင်သည့် ဟောပြောသူဖြစ်လာသူ

    ဦးခေါင်း ပြောင်းပြန်နှင့် မွေးလာပေမယ့် ဘွဲ့ရပြီး အောင်မြင်သည့် ဟောပြောသူဖြစ်လာသူ

    စက်တင်ဘာ ၁၂ ၊ ၂၀၁၄
    M-Media

    – လောကမှာ တချို့လူတွေဟာ ကိုယ်ခန္ဓာ မသန်စွမ်းကြပေမယ့် သာမန်လူကောင်း တစ်ဦးထက်တောင် ပိုစွမ်းဆောင်နိုင်ကြပြီး သူတို့ကို လူ့အသိုင်းအ၀ိုင်းထဲက ပစ်ပယ်ထားတာဟာ မှားယွင်းတဲ့ အတွေးအခေါ်သာဖြစ်ကြောင်း သက်သေပြခဲ့ကြပါတယ်။
    1409566057624_wps_4_EXCLUSIVE_CONDITION_OF_US
    ဘရာဇီးက ကလော်ဒီယို ဗီအဲရာ ဒီ အိုလီဗီရာလို့ခေါ်တဲ့ အမျိုးသားတစ်ဦးကတော့ မွေးရာပါ ကိုယ်ခန္ဓာချို့တဲ့ပေမယ့် မလျှော့သော ဇွဲနဲ့ ကြိုးစားခဲ့တာကြောင့် အခုအချိန်မှာ အများက လေးစားအားကျရသူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

    အဖြစ်နည်းတဲ့ အရိုးအားနည်းတဲ့ ရောဂါကြောင့် ကလော်ဒီယိုဟာ မွေးကတည်းက အဖုထွက်ပြီး ဦးခေါင်းဟာလည်း ပြောင်းပြန်ဖြစ်ခဲ့တာပါ။ မွေးဖွားပေးတဲ့ ဆရာဝန်က ကလော်ဒီယိုလေးကို အဆုံးစီရင်ဖို့အထိ ပြောခဲ့ပေမယ့် အမေဖြစ်သူ ဂျိုဆေးကတော့ ဒီလိုမလုပ်ခဲ့ပါဘူး။ ကလော်ဒီယို မွေးဖွားစဉ်က အဖြစ်အပျက်တွေကို အခုလို ပြောပြခဲ့ပါတယ်။

    “လူတွေက ဒီကလေးဟာ သေမှာပဲလို့ ပြောကြပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ သူမွေးလာတုန်းက အသက်သိပ်မရှူလို့ပါ။ အချို့လူတွေကတော့ “ဒီကလေးကို မမွေးစမ်းပါနဲ့အေ။ သေမယ့်ကလေးပါ” လို့ ပြောကြပါတယ်”

    ဒါပေမယ့် မိခင်တစ်ယောက်ရဲ့ မေတ္တာနဲ့ ဂျိုဆေးဟာ ကလော်ဒီယိုလေးကို ပြုစုခဲ့ပါတယ်။ ခန္ဓာကိုယ် မသန်စွမ်းတဲ့ ကလော်ဒီယိုအတွက် အားလုံးကို လိုက်လုပ်မပေးဘဲ သာမန်ကိစ္စတွေမှာ အခြားသူတွေလုပ်သလိုပဲ လုပ်စေချင်ခဲ့တယ်လို့ ဂျိုဆေးက ဆိုပါတယ်။

    “ဒါ့ကြောင့်မို့လို သူယုံကြည်မှုရှိလာတာပါ။ လမ်းတွေပေါ်မှာ လျှောက်သွားရတာကိုလည်း သူက မရှက်ပါဘူး။ သူဟာ သီချင်းလည်း ဆိုပြီး ကလည်းကပါတယ်”

    အသက် ၈ နှစ်အရွယ်မှာတော့ ကလော်ဒီယိုလေးဟာ သူရဲ့ ဒူးခေါင်းနဲ့ လမ်းစလျှောက်တတ်ခဲ့ပါတယ်။

    ကလော်ဒီယို အဆင်ပြေဖို့အတွက် အိမ်တွင်းမှာ ပြောင်းလဲပြင်ဆင်မှုတွေ လုပ်ခဲ့ရပါတယ်။ ထိခိုက်နာကျင်မှုမရှိစေဖို့ အိမ်ရဲ့ ကြမ်းပြင်ကို တစ်ပြေးညီတည်း လုပ်ထားခဲ့ရပြီး ကလော်ဒီယိုရဲ့ အိပ်ယာ၊ မီးသုံးဖို့အတွက် ပလပ်ပေါက်၊ မီးခလုတ် စတာတွေကိုလည်း မှီအောင် အောက်ဘက်တွေမှာပဲ ထားပေးခဲ့ရပါတယ်။

    ရုပ်ပိုင်းဆိုင်ရာအရ ချို့တဲ့ပေမယ့် ကလော်ဒီယိုဟာ သာမန်ကလေးတွေလိုပဲ ကျောင်းတက်ခဲ့ပါတယ်။ သူ့ရဲ့ကိုယ်ထူကိုယ်ထ စွမ်းရည်ကြောင့် ကျောင်းမှာ စာတော်တဲ့ ကျောင်းသားတစ်ဦးဖြစ်ခဲ့ပြီး ဖီရာဒီ ဆန်တာနာ တက္ကသိုလ်မှာ စာရင်းစစ်ဘာသာရပ်ကို တက်ရောက်ခွင့်ရခဲ့ပါတယ်။

    “ကျွန်တော်ငယ်ငယ်ကတည်းက အနားမနေဘဲ အလုပ်တွေ လုပ်ခဲ့တာပါ။ အခြားသူတွေကို လုံးဝ မှီခိုရတာမျိုး ကျွန်တော် မလိုချင်ပါဘူး။ ကိုယ့်အားပဲ ကိုယ်ကိုးခဲ့တာပါ။ တီဗီဖွင့်ဖို့၊ ကျွန်တော့်ဆဲလ်ဖုန်းကို ကောက်ဖို့၊ ရေဒီယိုဖွင့်ဖို့၊ ကွန်ပျူတာနဲ့ အင်တာနက်သုံးဖို့အတွက် ကျွန်တော် သင်ယူခဲ့ပါတယ်။ အဲဒါတွေအားလုံးကို ကျွန်တော်ဖာသာ လုပ်တာပါ” လို့ ကလော်ဒီယာက ဆိုပါတယ်။
    1409565800591_wps_1_EXCLUSIVE_CONDITION_OF_US
    ကလော်ဒီယာဟာ ပါးစပ်ထဲကို ဘောပင်တစ်ချောင်းထည့်ပြီး စာရိုက်နိုင်ကာ ဖုန်းကိုလည်း အသုံးပြုနိုင်ပါတယ်။ ကွန်ပျူတာက မောက်စ်ကိုတော့ နှုတ်ခမ်းနဲ့ အသုံးပြုနိုင်ပြီး၊ ဖိနပ်ကိုလည်း ကိုယ့်ဟာကိုယ်စီးကာ မြို့ထဲကို လမ်းလျှောက်ထွက်နိုင်ပါသေးတယ်။

    စာတော်တဲ့ကျောင်းသားတစ်ဦးဖြစ်ရုံသာမကဘဲ ကလော်ဒီယိုဟာ လူငယ်တွေကို အားတက်စေတဲ့ စကားတွေကို ပြောကြားနိုင်ပြီး အဟောပြောကောင်းတဲ့ Speaker တစ်ယောက်လည်း ဖြစ်လာပါတယ်။

    “ကျွန်တော့်ဘ၀တစ်လျှောက်လုံးမှာ ကမ္ဘာကြီးနဲ့ သဟဇာဖြစ်အောင် ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ကို ပြုပြင်ပြောင်းလဲပါတယ်။ ကျွန်တော့်ကို ကျွန်တော် လူထူးလူဆန်းလို့ မခံယူပါဘူး။ ကျွန်တော့်ဟာ သာမန်လူတစ်ယောက်ပါပဲ” လို့ ကလော်ဒီယာက သူ့ရဲ့ ခံယူချက်ကို ပြောပါတယ်။


    ဦးခေါင်းပြောင်းပြန်ဖြစ်နေပေမယ့် အရာဝတ္ထုတွေကို အတည့်မြင်နိုင်အောင် ကြိုးစားခဲ့တာလို့လည်း သူက ပြောခဲ့ပါသေးတယ်။

    “အရာဝတ္ထုတွေကို ကျွန်တော်ဟာ ပြောင်းပြန်မမြင်ပါဘူး။ ကျွန်တော့်ရဲ့ ဟောပြောပွဲတွေမှာ ဒါကို အမြဲတမ်းထည့်ပြောပါတယ်။ အခုခေတ်မှာတော့ ပတ်ဝန်းကျင်နဲ့ ဆက်ဆံဖို့ဆိုတာ လွယ်ကူလာပါတယ်။ ကျွန်တော့်မှာ ကြောက်စိတ် မရှိတော့ပါဘူး။ ကျွန်တော်ဟာ ပရော်ဖက်ရှင်နယ်ကျတဲ့ နိုင်ငံတကာမှာ ရင်ဘောင်တန်းနိုင်တဲ့ speaker တစ်ယောက်ဖြစ်ဆိုတာ ပြောနိုင်ပါတယ်။ ကျွန်တော့်ကို ကမ္ဘာတစ်ဝှမ်းလုံးက လာရောက်ဟောပြောဖို့ ဖိတ်ကြားထားတာတွေ ရှိနေပါတယ်”

    ref_ DailyMail

  • ဘာလော့တယ်လီထက် တောရက်စ်က ပို၍ အသုံးဝင်မည်ဟု မီလန်ဂိုးသမား လိုပက်ဇ်ပြော

    ဘာလော့တယ်လီထက် တောရက်စ်က ပို၍ အသုံးဝင်မည်ဟု မီလန်ဂိုးသမား လိုပက်ဇ်ပြော

    စက်တင်ဘာ ၁၂ ၊ ၂၀၁၄
    M-Media
    450338_heroa
    – အသင်းမှထွက်ခွာသွားသည့် အီတလီတိုက်စစ်မှူး ဘာလော့တယ်လီထက် စပိန်တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်က အသင်း အတွက် ပို၍အသုံးဝင်လိမ့်မည်ဟု အေစီမီလန်ဂိုးသမား ဒီယေဂိုလိုပက်ဇ်က ပြောကြားလိုက်သည်။

    အေစီမီလန်မှာ ဘာလော့တယ်လီအား လီဗာပူးလ်အသင်းသို့ ယူရို သန်း ၂၀ ဖြင့် ပြီးခဲ့သည့် အပြောင်းအရွှေ့ဈေးကွက်က ရောင်းချခဲ့ပြီး၊ လိုအပ်နေသော တိုက်စစ်နေရာ အတွက် တောရက်စ်အား ပြန်လည်ခေါ် ယူခဲ့သည်။

    “ကောင်းမွန်တဲ့ ခေါ်ယူမှုပါ။ အံ့သြဖို့ကောင်းတဲ့ ကိစ္စတွေကို လုပ်ပြခဲ့တဲ့ ကစားသမားအကြောင်း ကျွန်တော်တို့ ပြောနေတာပါ။ သူ့ရဲ့အတွေ့အကြုံ၊ လျင်မြန်မှုတွေဟာ အရေးပါလာပါလိမ့်မယ်။  အနိုင်ရဖို့ လိုအပ်တဲ့ လက္ခဏာတွေကို ပြသနိုင်တဲ့ တောရက်စ်က အသင်းအတွက် ပိုပြီး အသုံးဝင်မှာပါ” ဟု လိုပက်ဇ်က Milan Channel သို့ ပြောကြားခဲ့သည်။

    ရီးယဲလ်အသင်းတွင် ပုံမှန်နေရာ မရသည့် အတွက်ကြောင့် လိုပက်ဇ်မှာ အေစီမီလန် အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

    လိုပက်ဇ်ကမူ မိမိမှာ အန်ဆယ်လော့တီထံမှ အေစီမီလန်အသင်း၏ ခမ်းနား ကြီးကျယ်ကြောင်းကို ကြားသိခဲ့ရခြင်းကြောင့် မီလန်သို့ ပြာင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအချိန်တွင် မိမိမှာ အခြေကျနေဆဲဖြစ်ပြီး အရာအားလုံး အဆင်ပြေသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

  • Samsung ရဲ့ ပုံရိပ်ယောင်မြင်ကွင်းစစ် (M-Media Tech ကဏ္ဍ)

    Samsung ရဲ့ ပုံရိပ်ယောင်မြင်ကွင်းစစ် (M-Media Tech ကဏ္ဍ)

    စက်တင်ဘာ ၁၂ ၊ ၂၀၁၄
    M-Media

    Samsung Gear VR နောက်ထပ် ထူးခြားတဲ့ ပစ္စည်းကတော့ လိုမျိုး ပုံရိပ်ယောင်မြင်ကွင်းစစ် Samsung Gear VR ဖြစ်ပါတယ်။

    အသစ်ထုတ်လုပ်လိုက်တဲ့ Galaxy Note 4 နဲ့ တွဲဖက် အသုံးပြုရမှာဖြစ်ပါတယ်။ အသုံးပြုပုံကတော့ ဟိုတလောက Google I/O မှာ စက္ကူဗူးလေးနဲ့ စမ်းသပ်ခဲ့ကြတဲ့ နည်းမျိုးပါပဲ။

    ဦးခေါင်းမှာ ဝတ်ဆင်ရတဲ့အပိုင်းရဲ့ရှေ့မှာ Galaxy Note 4 ကိုတပ်ဆင်လိုက်ရမှာဖြစ်ပါတယ်။

    အခုလို 3Dဗွီဒီယိုထဲကို ကိုယ်တိုင် ရောက်သွားတာကို စမ်းသပ်ကြည့်ဖို့လည်း ဗွီဒီယိုတွေ game တွေထည့်သွင်းပေးထားတယ်လို့သိရပါတယ်။ အောက်တိုဘာ လမှာ ရောင်းချမှာဖြစ်ပြီး ဈေးနှုန်းကို မကြေငြာသေးပါဘူး။

    related news — (ဂူးဂဲလ်ရဲ့ Cardboard)

    တင်ဆက်သူ- daythanix