News @ M-Media

Blog

  • ISIS လုပ်ရပ်များနှင့် အလ်ကိုင်ဒါ ကြေငြာချက် အပေါ် မြန်မာမွတ်စလင် အသိုင်းအဝို်င်းရဲ့ တုံ့ပြန်မှု (၃)

    ISIS လုပ်ရပ်များနှင့် အလ်ကိုင်ဒါ ကြေငြာချက် အပေါ် မြန်မာမွတ်စလင် အသိုင်းအဝို်င်းရဲ့ တုံ့ပြန်မှု (၃)

    စက်တင်ဘာ ၁၀ ၊ ၂၀၁၄
    M-Media
    ချမ်းငြိမ်းအေး၊ လမင်း တွေ့ဆုံမေးမြန်းသည်။

    ISIS အဖွဲ့ နှင့် ၄င်းတို့ လုပ်ရပ်များ အပေါ် မြန်မာမွတ်စလင် အသိုင်းအဝိုင်းရဲ့ သဘောထား (၁) ဖတ်ရန်

    ISIS လုပ်ရပ်များနှင့် အလ်ကိုင်ဒါ၏ ကြေငြာချက် အပေါ် မြန်မာ မွတ်စလင် အသိုင်းအဝို်င်းရဲ့ တုံ့ပြန်မှု (၂) ဖတ်ရန်
    ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်းလုလင်)  မြန်မာမွတ်စလင်ကွန်ယက် (သဘာပတိ)

    Dr Myint Thein
    ဓါတ်ပုံအညွှန်း- ၂၀၁၃ ခုနှစ် ၊ စက်တင်ဘာ ၇ ရက် နေ့တွင် ပြုလုပ်ခဲ့သည့် “သင့်မြတ်သူများပွဲတော်” တွင် ဒေါက်တာမြင့်သိန်း ဟောပြောခဲ့စဉ်

    သူတို့ကြေငြာချက်က ဆိုပါစို့ အွမ္မသ်တစ်စုတည်းရှိရမယ်ဆိုပြီးပြောတယ် ဒါပေမဲ့ သူတို့အခုလပ်နေတာတွေက ဂျာနယ်လစ်တွေကို ခေါင်းဖြတ်သတ်နေတယ်။ မွတ်စလင်အချင်းချင်းလည်းသတ်ဖြတ်နေကြတယ်။ လူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်နေကြတယ်။ ဒါတွေက အစ္စလာမ်၊ ကုရ်အာန်ရဲ့သွန်သင်ချက်တွေ မဟုတ်ပါဘူး။ တမန်တော်မြတ်ကြီးရဲ့ လက်တွေ့ပုံဖော်ချက်လည်း မဟုတ်ဘူး။ အစ္စလာမ်နဲ့ဆန့်ကျင်နေတယ်။ ဘယ်လိုမှလက်ခံလို့မရဘူး။

    အစ္စလာမ်ဘာသာဝင်တွေပေါင်းစည်းရေးဆိုတာ ဘာမှငြင်းစရာမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီကနေ့ ကမ္ဘာအရပ်ရပ်မှာ နိုင်ငံမတူ၊ ယဉ်ကျေးမှု မတူတဲ့သူတွေတောင်မှ  င်ငံရေးအဖွဲ့တွေ ဖွဲ့နေကြတယ်။ အာရှလည်း အာရှအလျောက် ဥရောပလည်း ဥရောပအလျောက် လုပ်နေကြပါတယ်။ သို့သော် လက်နက် အားကိုးနဲ့ အတင်းကြီးဆွဲတာကတော့ ဘယ်လိုမှ အောင်မြင်မှာ မဟုတ်ပါဘူး။ ဘယ်လိုမှ လက်ခံလို့မရပါဘူး။ ကမ္ဘာအရပ်ရပ်က သူတို့ရဲ့လုပ်ရပ်တွေကိုလည်း ကန့်ကွက်နေပါပြီ။ ကျွန်တော်တို့အနေနဲ့လည်း လက်ခံပေးလို့မရပါဘူး။

    -မြန်မာနိုင်ငံကရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေက ခွဲခြားဆက်ဆံခံနေရတယ်။ ဒါတင်မက ဖိနှိပ်ချုပ်ချယ်ခံနေရတယ်။ လူသတ်တဲ့အဆင့်၊ ဗလီကိုဖျက်တဲ့အဆင့်၊ ကုရ်အာန်ကိုစော်ကားတဲ့အဆင့်၊ အစ္စလာမ်ကိုစော်ကားနေတဲ့ အဆင့်ကိုရောက်လာတယ်။ အကြမ်းဖက်မှုတွေဖြစ်နေတာလည်း တစ်ပုံစံတည်း ဖြစ်နေတယ်။ သူ့တို့ကိုမြန်မာနိုင်ငံနဲ့ မပတ်သက်စေချင်ရင် သူတို့ပြောတဲ့ စွပ်စွဲချက်တွေ ဒီမှာ မရှိဘူးဆိုတာ ပြသဖို့လိုတယ်။

    အယ်လ်ကိုင်ဒါးမှ မြန်မာနိုင်ငံသို့ ၀င်ရောက်မည်ဆိုသော သတင်းနှင့်ပတ်သက်ပြီး………

    ကျွန်တော်တို့အနေနှင့် မြန်မာနိုင်ငံမှရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေအနေနဲ့ ပြသာနာတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းတာပဲ အလိုရှိတယ်။ အကြမ်းဖက်တဲ့နည်း လက်နက်ကိုင်တဲ့နည်းတွေကို ဘယ်တုန်းကမှ လက်မခံခဲ့ပါဘူး။ အခုလည်း လက်မခံပါဘူး။

    ဒါပေမဲ့ တစ်ခုစဉ်းစားဖို့က သူတို့ဘာကြောင့် ဒီလိုခြိမ်းခြောက်တာလဲဆိုတာကို ကြည့်ရမယ်။

    အကြောင်းရင်းတွေကို ကြည့်လိုက်တဲ့အခါမှာ မြန်မာနိုင်ငံကရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေက ခွဲခြားဆက်ဆံခံနေရတယ်။ ဒါတင်မက ဖိနှိပ်ချုပ်ချယ်ခံနေရတယ်။ လူသတ်တဲ့အဆင့်၊ ဗလီကိုဖျက်တဲ့အဆင့်၊ ကုရ်အာန်ကိုစော်ကားတဲ့အဆင့်၊ အစ္စလာမ်ကိုစော်ကားနေတဲ့ အဆင့်ကိုရောက်လာတယ်။ အကြမ်းဖက်မှုတွေဖြစ်နေတာလည်း တစ်ပုံစံတည်း ဖြစ်နေတယ်။ သူ့တို့ကိုမြန်မာနိုင်ငံနဲ့ မပတ်သက်စေချင်ရင် သူတို့ပြောတဲ့ စွပ်စွဲချက်တွေ ဒီမှာ မရှိဘူးဆိုတာ ပြသဖို့လိုတယ်။ အစ္စလာမ် ဘာသာဝင်တွေကို ခွဲခြားဆက်ဆံတာ ဖိနှိပ်တာမရှိဘူး။ သူတို့မှာ နိုင်ငံသား အခွင့်အရေးအပြည့် ရှိနေတယ်ဆိုတာကို ပြသဖို့လိုတယ်။

    အဲတော့ ဒီဟာနဲ့ပတ်သက်လို့ နိုင်ငံတော်အစိုးရ၊ ပြည်သူလူထု၊ အစ္စလာမ်ဘာသာဝင်တွေအပါအ၀င်ပေါ့ MEDIA ပါဝင်ပူးပေါင်းပြီး ဆောင်ရွက်ဖြေရှင်းနိုင်ပြီး ဒီဟာတွေ မရှိကြောင်းပြသနိုင်ရင် သူတို့ဝင်လာနိုင်စရာအကြောင်းမရှိပါဘူး။ ဘာသာတိုင်း၊ လူမျိုးတိုင်းမှာ အစွန်းရောက်တာတွေရှိနေပါတယ်။ အကြမ်းဖက်မှုဆိုရင် ပြည်တွင်းမှာ ပဲဖြစ်ဖြစ် ပြည်ပကပဲလာလာ လက်ခံနိုင်စရာမရှိပါဘူး။ လက်ရှိ မြန်မာနိုင်ငံက ကူးပြောင်းနေတဲ့ကာလဖြစ်နေတာကြောင့် စိန်ခေါ်မှုတွေအများကြီးတော့ ရှိတာပဲ။ တစ်မြေတည်းနေ တစ်ရေတည်းသောက် ပြည်သူတွေအားလုံးပူးပေါင်းပြီး ဆောင်ရွက်ကြမယ်ဆိုရင် ခြိမ်းခြောက်မှုတွေကို ကာကွယ်နိုင်မှာပါ။

    =================================
    ပြည်ထောင်စုမြန်မာနိုင်ငံတော် မြန်မာမွတ်စလင်အမျိုးသားရေးရာ အဖွဲ့ချုပ် (မ.အ.ဖ) အထွေထွေအတွင်းရေးမှူး ဟာဂျီ ဦးကျော်ခင်

    U Kyaw Khin

    အစ္စလာမ်ဆိုတဲ့ သာသနာဟာ ငြိမ်းချမ်းရေးသာသနာပါ။ အစ္စလာမ်ဆိုတဲ့ ငြိမ်းချမ်းရေးကို လက်ခံတဲ့သူတွေကို မွတ်စလင်လို့ခေါ်တယ်။ တနည်းအားဖြင့် ငြိမ်းချမ်းရေးဝါဒီတွေလို့ခေါ်တယ်။ အစ္စလာမ်သာသနာမှာ အကြမ်းဖက်သမားမရှိပါဘူး။

    အခု ISIS လုပ်နေတာက နိုင်ငံရေးဖြစ်တယ်။ သူတို့က ဘာသာရေးကို အသုံးချပြီး နိုင်ငံရေးကိုလုပ်နေကြတာဖြစ်တယ်။ ဘာသာရေးကိုအရောင်ဆိုးနေကြတယ်။ အစ္စလာမ်သာသနာဟာ ငြိမ်းချမ်းတဲ့ သာသနာဖြစ်တဲ့အတွက်ကြောင့် အန်ကယ်တို့က အကြမ်းဖက်မှုမှန်သမျှကို ရှုတ်ချပါတယ်။

    အယ်ကိုင်းဒါးအဖွဲ့ဆိုတာလည်း နာမည်ကောင်းရှိခဲ့တဲ့ အဖွဲ့အစည်းတစ်ခုမဟုတ်ဘူး။ လူတစ်ယောက်ရဲ့လုပ်ဆောင်ချက်ဟာ ဒီလူတစ်ယောက်နဲ့ပဲဆိုင်သလို အဖွဲ့အစည်းတစ်ခုရဲ့လုပ်ဆောင်ချက်ဟာလည်း ဒီအဖွဲ့နဲ့ပဲဆိုင်ပါတယ်။

    သာသနာတစ်ခုလုံးကို ကိုယ်စားပြုပြီးတော့လို့ ဆိုလို့မရပါဘူး။ ဒီအယ်ကိုင်းဒါးအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေက အန်ကယ်တို့ရဲ့ အစ္စလာမ်ဘာသာတရားရဲ့ အဆိုဆုံးမတွေနဲ့ ဆန့်ကျင်နေသမျှကာလပတ်လုံး ဒီအဖွဲ့ကို လုံးဝလက်မခံပါဘူး၊ အားပေးမှုတွေကိုလုံးဝ လုပ်မှာ မဟုတ်ပါဘူး။

    Ma Aa Pha
    အကြမ်းဖက်မှုနှင့် စပ်လျဉ်း၍ မ.အ.ဖ အဖွဲ့ချူပ်၏ သဘောထားကြေညာချက်
  • ဘောလုံးကစားစဉ် ခေါင်းထိခိုက်မိက ဆေးကုရန် ပွဲ ၃ မိနစ် ရပ်နားမည့် အစီအစဉ် ဖီဖာ ထုတ်ပြန်

    ဘောလုံးကစားစဉ် ခေါင်းထိခိုက်မိက ဆေးကုရန် ပွဲ ၃ မိနစ် ရပ်နားမည့် အစီအစဉ် ဖီဖာ ထုတ်ပြန်

    စက်တင်ဘာ ၁၀ ၊ ၂၀၁၄
    M-Media

    Fifa medical chief proposes three-minute breaks to treat concussion

    – ဘောလုံးပွဲအတွင်း ကစားသမားများ ဦးခေါင်းထိခိုက်ဒဏ်ရာရပါက ဆေးကုသမှုပေးရန်အတွက် ပြိုင်ပွဲကို သုံးမိနစ်ရပ်နားမည့် အစီအစဉ်တစ်ခုကို ဖီဖာဆေးဘက်ဆိုင်ရာကော်မတီ ဥက္ကဌ မိုက်ကယ် ဒီဟူဂီက ထုတ်ဖော်လိုက်သည်ဟု သိရသည်။

    အဆိုပါ အစီအစဉ်ကို ယမန်နေ့တွင်ပြုလုပ်သည့် ညီလာခံတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး ဦးခေါင်းထိခိုက်သွားသည့် ကစားသမား ဆက်လက်ကစားရန်အတွက် ဆရာဝန်တစ်ဦးတည်း၏ ဆုံးဖြတ်ချက်ကသာ အတည်ဖြစ်မည်ဖြစ်သည်။

    “ဦးခေါင်းထိခိုက်တယ်လို့ သံသယရှိတဲ့အခါ ပွဲကို သုံးမိနစ်ရပ်နားဖို့ ဒိုင်လူကြီးကို အမိန့်ပေးထားပါမယ်။ ကစားသမားရဲ့ အခြေအနေကို ကြည့်ရှုစစ်ဆေးဖို့အတွက် အသင်းက ဆရာဝန်ကို အချိန်ပေးဖို့ပါ။ အာရုံကြောနဲ့ဆိုင်တဲ့ စစ်ဆေးမှုတွေလုပ်ဖို့၊ ကစားသမားနဲ့ စကားပြောဖို့အတွက် ဆရာဝန်မှာ အခွင့်အရေးရှိနေပြီး၊ ဆရာဝန်က လက်ခံမှသာ ဒိုင်လူကြီးက အဲဒီကစားသမားကို ဆက်လက်ကစားစေမှာပါ” ဟု ဖီဖာအမှုဆောင်ကော်မတီ အဖွဲ့ဝင်ဖြစ်သူ ဒီဟူဂီက ညီလာခံတွင် ပြောကြားခဲ့သည်။

    ထိုအစီအစဉ်အား စက်တင်ဘာ ၁ ရက်နေ့က ယူအီးအက်ဖ်အေ ဆေးဘက်ဆိုင်ရာ ကော်မတီသို့ တင်ပြခဲ့ပြီး၊ တစ်ညီတညွတ်တည်း လက်ခံခဲ့သည်။ ထို့ပြင် လာမည့်သီတင်းပတ်တွင် ယူအီးအက်ဖ်အေ အမှုဆောင်ကော်မတီနှင့် စက်တင်ဘာ ၂၅ ရက်နေ့တွင် ဖီဖာအမှုဆောင်ကော်မတီများသို့ ပေးပို့တင်ပြသွားမည်ဟု  ဒီဟူဂီက ထပ်လောင်းပြောကြားခဲ့သည်။

    ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ဦးခေါင်းထိခိုက်ခဲ့သူ ကစားသမား ငါးဦးအထိ ရှိခဲ့ပြီး ၎င်းတို့မှာ ပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှု မရရှိခဲ့သည့်အတွက် ဖီဖာမှာ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

  • MH 17 ပျက်ကျရသည့် အကြောင်းအရင်း ကြားဖြတ်အစီရင်ခံစာ နယ်သာလန် ထုတ်ပြန်

    MH 17 ပျက်ကျရသည့် အကြောင်းအရင်း ကြားဖြတ်အစီရင်ခံစာ နယ်သာလန် ထုတ်ပြန်

    စက်တင်ဘာ ၁၀ ၊ ၂၀၁၄
    M-Media
    MH17 report
    – ပဋိပက္ခများဖြစ်ပွားနေသည့် ယူကရိန်းနိုင်ငံအရှေ့ပိုင်းတွင် ပျက်ကျခဲ့သည့် မလေးရှား လေယာဉ် MH 17 မှာ အရှိန်မြင့်မားသည့် အရာဝတ္ထုများဖြင့် ထိခိုက်မိပြီး လေထဲတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဟော်လန်စုံစမ်းရေးအဖွဲ့မှ ထုတ်ပြန်သော ကြားဖြတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

    အဆိုပါအစီရင်ခံစာကို ယမန်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး၊ အရှိန်ပြင်းသည့် အရာဝတ္ထုအများစုမှာ MH 17 ၏ လေယာဉ်မှုအခန်းကို ထိခိုက်၍ အပေါက်များစွာဖြစ်ပေါ်ကာ လေယာဉ်အား ပျက်စီးစေခဲ့ခြင်းဟု ဖော်ပြခဲ့သည်။

    ဟော်လန်နိုင်ငံသား ၁၉၃ ဦးအပါအ၀င် လူပေါင်း ၂၉၈ ဦး လိုက်ပါသွားခဲ့သည့် အဆိုပါ ဘိုးအင်း ၇၇၇ လေယာဉ်အား ရုရှားလိုလားသည့် ခွဲထွက်ရေးသမားများက ရုရှားမှ ပေးထားသော မြေပြင်မှဝေဟင်ပစ် ဒုံးကျည်ဖြင့် ပစ်ချခဲ့သည်ဟု အနောက်နိုင်ငံများက စွပ်စွဲခဲ့သည်။

    လေယာဉ်အစိတ်အပိုင်းများကို နေရာအများအပြားတွင် တွေ့ရှိခဲ့ရသောကြောင့် လေယာဉ်မှာ လေထဲတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး၊ လေယာဉ် Black Box ကိုလည်း မည်သူမှ ကိုင်တွယ်ခဲ့ခြင်းမရှိကြောင်း၊ လေယာဉ်မှူးအခန်းတွင် မည်သည့်သတိပေးစနစ်မှ မကြားခဲ့ရဘဲ လေယာဉ်မှူးနှင့် လေယာဉ်အမှုထမ်းတို့၏ ဆက်သွယ်ရေးမှာလည်း ပျက်တောက်ခဲ့ခြင်း မရှိကြောင်း အဆိုပါအစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

    လေယာဉ်ပျက်ကြရသည့် အကြောင်းအရင်းကို သိရှိရန်အတွက် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေသော်လည်း ယူကရိန်းအစိုးရနှင့် ခွဲထွက်ရေးသမားများအကြား ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် လေယာဉ်ပျက်ကျခဲ့သည့် နေရာသို့ ကျွမ်းကျင်သူများ ၀င်ရောက်ခွင့်ကြည့်ရှုခွင့် မရသေးပေ။

    ယခုထုတ်ပြန်သောအစီရင်ခံစာမှာ အဆိုပါလေယာဉ်၏ Black Box မှ ရရှိသော အချက်အလက်များ၊ ပျက်ကျသည့်နေရာအား ရိုက်ကူးထားသည့် ဓာတ်ပုံနှင့် ဗီဒီယိုများ၊ ယူကရိန်းလေကြောင်းထိန်းချုပ်ရေးစင်တာများမှ ရရှိသော အချက်အလက်များကို အခြေခံကာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

    ယခုအချိန်အထိ လေယာဉ်ပေါ်လိုက်ပါသွားသူ ၁၉၃ ဦး၏ ရုပ်အလောင်းများကို ဖော်ထုတ်နိုင်ခဲ့ပြီး လေယာဉ်ပျက်ကျရသည့်အကြောင်းအရင်းအတွက် အစီရင်ခံစာ အပြည့်အစုံကို ၂၀၁၅ ခုနှစ် နှစ်လယ်ပိုင်းအထိ ရရှိနိုင်မည် မဟုတ်ချေ။

    ref_Al Jazeera and agencies

  • ဦးဥတ္တမနှစ်ပတ်လည်ကို မွတ်ဆလင်ဆန့်ကျင်ရေးအဖြစ် ဦးဝီရသူ အသုံးချ

    ဦးဥတ္တမနှစ်ပတ်လည်ကို မွတ်ဆလင်ဆန့်ကျင်ရေးအဖြစ် ဦးဝီရသူ အသုံးချ

    စက်တင်ဘာ ၁၀ ၊ ၂၀၁၄
    ကမာရွတ်မီဒီယာမှ ကူးယူဖော်ပြပါသည်။


    အာဏာနိုင်ငံရေးသမားတွေမှာသာ လောကဓံ အတက်အကျဆိုတာရှိပြီး အမျိုးသားနိုင်ငံရေးသမားတွေ အတွက်တော့ အတက်ပဲရှိတယ်လို့ အမျိုးသားရေးဝါဒီ ဦးဝီရသူက ဦးဥတ္တမ ကွယ်လွန်ခြင်း ၇၅နှစ်ပြည့် စိန်ရတုအခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။ အမျိုးသားရေးဝါဒီတွေအတွက် လောကဓံဆိုတာ တကယ်ပဲ မရှိဘူးလား။

    ရန်ကုန်မြို့ MCC ခမ်းမမှာကျင်းပတဲ့ လူပေါင်းထောင်နဲ့ချီတက်ရောက်တဲ့ ဦးဥတ္တမ ကွယ်လွန်ခြင်း စိန်ရတု အခမ်းအနားဟာ အမျိုးသားနိုင်ငံရေးသမားတွေမှာ လောကဓံရဲ့ အကျဆိုတာ မရှိခြင်းရဲ့ ပြယုဂ်တစ်ခုဖြစ်တယ်လို့ ဦးဝီရသူက ဆိုပါတယ်။

    မြန်မာပြည်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဦးဥတ္တမနှစ်ယောက်ပဲ နိက္ခမပါရမီရင့်သန်သူတွေအဖြစ် သူ့အနေနဲ့ လက်ခံထားပြီး အမျိုးသားရေးလုပ်ရင် အစွန်းရောက်သူ၊ အကြမ်းဖက်သူလို့ စွပ်စွဲခံရပြီး ဗြိတိသျှခေတ်တုန်းက အမျိုးချစ်တဲ့သူဟာ သူရဲကောင်းလို့ သူကရှုမြင်တယ်လို့ ဆိုပါတယ်။ ဒီအခမ်းအနားကို သံဃာတွေ ရာနဲ့ချီတက်ရောက်သလို ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနဲ့ ရခိုင်တိုင်းရင်းသားတွေ အများအပြား တက်ရောက်ခဲ့ပါတယ်။

    ၂၁ရာစုမှာ လွတ်လပ်ရေးဆုံးရှုံးနိုင်တဲ့နည်းလမ်းတွေ ပိုကျယ်ပြန့်လာတာကြောင့် လွတ်လပ်ရေး မဆုံးရှုံးဖို့၊ တိုင်းရင်းသားစည်းလုံးညီညွတ်ဖို့ ရည်ရွယ်ချက်နဲ့ ဒီအခမ်းအနားကို ကျင်းပတာဖြစ်ပြီး အုပ်ချုပ်သူတွေအနေနဲ့ လက်တွေ့ကျတဲ့ ပြည်ထောင်စုစိတ်ဓာတ်ရှိဖို့၊ တိုင်းရင်းသားတွေကို တန်းတူအခွင့်အရေးပေးဖို့ ဦးဇော်အေးမောင်က တိုက်တွန်းခဲ့ပါတယ်။ ကန်တော်မင်္ဂလာပန်းခြံကို ဦးဥတ္တမပန်းခြံအဖြစ် နာမည်ပြောင်းဖို့ကိုလည်း သူကတောင်းဆိုခဲ့ပါတယ်။

    လူမျိုးရေးမုန်းတီးမှု၊ ဘာသာရေးကွဲပြားခြားနားမှုကို အခြေခံပြီး အမုန်းတရားတွေ ဖြန့်ဖြူးနေတဲ့ ဦးဝီရသူက ဦးဥတ္တမဟာ အမျိုးဘာသာကို ချစ်မြတ်နိုးသူမို့ ဘူးသီးတောင်၊ မောင်တောကိုတွေ့ရင် ဘယ်လိုနေမလဲမသိဘူးလို့ အစချီပြီး ရခိုင်တိုင်းရင်းသားတွေက သူ့ကို ဦးဥတ္တမ ဝင်စားသလားလို့ ပြောပေမယ့် သူက အားကျစိတ်ရှိတာသာဖြစ်တယ်လို့ ဝါဒဖြန့်ပြောဆိုခဲ့ပါတယ်။ စစ်တွေဟာ မွတ်တွေဖြစ်နေပြီလို့ တိုက်ခိုက်စွပ်စွဲခဲ့ပြီး ဦးဥတ္တမရင်ဆိုင်ခဲ့ရတာက ကုလားဖြူတွေဖြစ်ပေမယ့် သူရင်ဆိုင်နေရတာ ကုလားမည်းတွေဖြစ်သလို ဒီလူတွေဟာ ဦးနှောက်မရှိဘူးလို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပါတယ်။

    နိုင်ငံတကာမျက်နှာစာမှာ လူမျိုးရေးဘာသာရေး ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံ သိက္ခာကျခဲ့ရတယ်လို့ သမ္မတဦးသိန်းစိန်က သူ့ရဲ့ ဥရောပသုံးနိုင်ငံခရီးစဉ်မှာ ဝန်ခံပြောခဲ့ပြီး တစ်ရက်အကြာမှာ မွတ်ဆလင်ဆန့်ကျင်ရေး၊ အသားအရောင်ကွဲပြားမှုကို ခွဲခြားတဲ့ ဦးဝီရသူဟာ အမုန်းတရားတွေကို ပြင်းပြင်းထန်ထန်ပြောဆိုပြီး သွေးထိုးလှုံ့ဆော်ခဲ့ပါတယ်။

     

    http://kamayutmedia.com/video/politics/1239

  • Samsung Gear S (M-Media Tech ကဏ္ဍ)

    Samsung Gear S (M-Media Tech ကဏ္ဍ)

    စက်တင်ဘာ ၆ ၊ ၂၀၁၄
    M-Media
    တင်ဆက်သူ- daythanix
    Samsung Gear S
    Samsung ကတော့ ပြီးခဲ့တဲ့အပတ်ထဲက ထုတ်ထုန်သစ်တွေကို မိတ်ဆက် ပြသခဲ့ပါတယ်။ ပထမတစ်ခုကတော့ Gear S လို့ခေါ်တဲ့ smartနာရီဖြစ်ပါတယ်။

    Gear S ကတော့ ဖုန်းနဲ့ချိတ်ဆက်ထားစရာမလိုပဲ 3G SIM ကဒ်ကို တိုက်ရိုက် ထည့်သုံးရမှာပါ။ ကင်မရာတော့ မပါဝင်ပါဘူး။

    screen ကတော့ ကွေးညွတ်ထားတဲ့ 2-လက်မအရွယ် SuperAMOLED screen ဖြစ်ပြီး 360 x 480 resolution ရှိပါတယ်။

    dual-core 1GHz ပရိုဆက်ဆာ အသုံးပြုထားပြီး RAMကတော့ 512MBရှိပြီး သိုလှောင်နိုင်မှု ပမာဏ 4GBရှိပါတယ်။ အောက်တိုဘာလမှာ ရောင်းချမှာဖြစ်ပြီး ဈေးနှုန်းကို မကြေငြာသေးပါဘူး။