News @ M-Media

Blog

  • ယူကရိန်း စစ်ရေးလေ့ကျင့်မှု အတွင်း အမေရိကန် တပ်သား ၂၀၀ ပူးပေါင်း ပါဝင်မည်

    ယူကရိန်း စစ်ရေးလေ့ကျင့်မှု အတွင်း အမေရိကန် တပ်သား ၂၀၀ ပူးပေါင်း ပါဝင်မည်

    စက်တင်ဘာ ၅ ၊ ၂၀၁၄
    M-Media
    the-us-is-sending-200-soldiers-to-ukraine-for-military-exercises-as-the-conflict-with-russia-rages
    – ယခုလနှောင်းပိုင်းတွင် ယူကရိန်း၌ ပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန် အမေရိကန် စစ်သား ၂၀၀ ကိုပေးပို့သွားမည်ဟု ပင်တဂွန်က ပြောကြားလိုက်သည်။

    ယခုနှစ်အစပိုင်းမှစ၍ ယူကိန်းစစ်တပ်နှင့် နိုင်ငံအရှေ့ပိုင်း ခွဲထွက်ရေးသမားတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပထမဆုံအကြိမ်အဖြစ် အမေရိကန်စစ်သားများ ယူကရိန်းမြေပေါ်သို့ ရောက်ရှိခြင်း ဖြစ်မည်ဖြစ်သည်။

    Rapid Trident ဟု အမည်ပေးထားပြီး နှစ်စဉ်ပြုလုပ်နေသည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုကို ယူကရိန်းအနောက်ပိုင်း ယာဗိုရစ်မြို့တွင် စက်တင်ဘာ ၁၃ ရက်နေ့မှ ၂၆ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး နိုင်ငံပေါင်း ၁၅ နိုင်ငံမှာ တပ်ဖွဲ့ဝင်ပေါင်း ၁၀၀၀ ကျော် ပါဝင်မည်ဖြစ်သည်။

    လာမည် သီတင်းပတ်တွင်လည်း ယူကရိန်း၊ တူရကီ၊ ဂျော်ဂျီယာနှင့် ရိုမေးနီးယားတို့မှ တပ်ဖွဲ့ဝင်များမှာ ပင်လယ်နက်တွင် ရေတပ်စစ်ရေးလေ့ကျင့်မှုပြုလုပ်ရန် စီစဉ်ထားပြီး ထိုလေ့ကျင့်မှုတွင်လည်း အမေရိကန်တပ်ဖွဲ့ဝင် ၂၈၀ ခန့်နှင့် အမေရိကန် ဒုံးဖျက်သင်္ဘော USS Ross၊ နေတိုးအဖွဲ့မှ စစ်သင်္ဘောနှစ်စီးလည်း ပါဝင်မည်ဖြစ်သည်။

    ယူရိန်းအရှေ့ပိုင်းတွင် ရုရှားလိုလားသူ ခွဲထွက်ရေးသမားများနှင့် ယူကရိန်းစစ်တပ်တို့ တိုက်ပွဲများဖြစ်ပွားနေပြီး အမေရိကန်အပါအ၀င် အနောက်နိုင်ငံများကမူ ထိုပြဿနာတွင် ရုရှားက ပါဝင်ပတ်သက်နေသည်ဟု ပြောကြားထားသည်။

    Press TV

  • အယ်လ်ကိုင်းဒါး ကြေညာချက်ကို မြန်မာမွတ်စလင် အစည်းအရုံး (BMA) မှ ရှုံ့ချ

    အယ်လ်ကိုင်းဒါး ကြေညာချက်ကို မြန်မာမွတ်စလင် အစည်းအရုံး (BMA) မှ ရှုံ့ချ

    စက်တင်ဘာ ၅၊ ၂၀၁၄
    M-Media
    သီဟ
    BMA
    အယ်လ်ခိုင်ဒါက အိန္ဒိယကို အခြေစိုက်ပြီး မြန်မာ အပါအဝင် တောင်အာရှ ဒေသမှာ ကွန်ယက်တွေ ထူထောင်သွားမယ်လို့ ကြေညာခဲ့ ကိစ္စရပ်အပေါ်  မြန်မာမွတ်စလင် အစည်းအရုံး(BMA) မှ ရှုံ့ချတဲ့ ကြေညာချက် တစောင်ကို ထုတ်ပြန်လိုက် ပါတယ်။ ကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ၁။ အယ်လ်ကိုင်းဒါး ခေါင်းဆောင် အေမန် အယ်လ် ဇဝါဟီရီ (Al-Qaeda leader Ayman al-Zawahiri)က အိန္ဒိယတွင် အယ်လ်ကိုင်းဒါး ဌာနခွဲတစ်ခု ဖွင့်လှစ်ပြီး အိန္ဒိယ၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ကက်ရှမီးယားတို့တွင် အကြမ်းဖက်မှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း မနေ့က ကြေညာလိုက်သည်ကို စိုးရိမ်ဖွယ်ရာ ကြားသိရသည်။

    ၂။ အိုင်ဆစ် (ISIS – Islamic State of Iraq and Syria) အကြမ်းဖက် အဖွဲ့သည်လည်း အစ္စလာမ် ဘုရင့်နိုင်ငံ တည်ထောင်မည်ဆိုကာ အရှေ့အလယ်ပိုင်းရှိ မွတ်စလင်များအပါအဝင် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံတို့အပေါ် အစ္စလာမ်တရားတော်နှင့် ဆန့်ကျင်သော အကြမ်းဖက်လုပ်ရပ်များကို လူမဆန်စွာ ကျူးလွန်လျက်ရှိသည်။

    ၃။ မြန်မာပြည် တည်ငြိမ်တိုးတက်ရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးတို့ကို မလိုလားသော အဖျက်အမှောင့် အင်အားစုများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် ယခုအခိုက်အတန့်ကာလတွင် ပြည်ထောင်စုသား မွတ်စလင်များအပေါ် အထင်လွဲ မုန်းတီးမှုများ၊ အကြမ်းဖက်မှုများ ဖြစ်ပေါ်နေသော်လည်း မိမိတို့၏ ပြည်တွင်းရေး၊ မိသားစုရေး ပြသနာများကို မိမိတို့နိုင်ငံသားချင်း ချည်ကြည်ရင်းနှီးစွာ ညှိနှိုင်းအဖြေရှာခြင်းနည်းလမ်း တစ်ခုတည်းသာရှိသည်ဟု မြန်မာမွတ်စလင် အစည်းအရုံးက လေးနက်စွာ ယုံကြည်သည်။

    ၄။ မုန်းတီးမှု၊ နှိမ့်ချစော်ကားမှု၊ အကြမ်းဖက်တိုက်ခိုက်မှုများသည် မြန်မာ့သမိုင်းတွင် မကြုံဖူးလောက်အောင် ပြင်းထန် ရှည်ကြာနေသော်လည်း မြန်မာမွတ်စလင် လူ့အဖွဲ့အစည်း အထူးသဖြင့် မြန်မာမွတ်စလင် လူငယ်များသည် အကြမ်းဖက် လက်တုန့်ပြန်ခြင်း နည်းလမ်းများကို ရှောင်ရှားလျှက် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အထင်အမြင်လွဲမှားမှုများ ပြေပျောက်လာသည်အထိ စိတ်ရှည်သည်းခံစွာ ကြိုးပမ်းနေကြသည်ကိုလည်း သမိုင်းမော်ကွန်း တင်အပ်သည်။

    ၅။ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အစည်းများ၏ ပြည်တွင်းရေး စွက်ဖက်မှု၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးမှု၊ အကြမ်းဖက်မှုများနှင့် အကြမ်းဖက် အတွေးအခေါ် မှန်သမျှကို ပြည်ထောင်စုသား မွတ်စလင်များသည် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ မြန်မာတိုင်းရင်းသားပြည်သူများနှင့် ခိုင်မြဲစွာလက်တွဲ၍ ပြတ်ပြတ် သားသား ဆန့်ကျင်သွားမည်ဖြစ်၏။

    ၆။ လူမျိုးရေး၊ ဘာသာရေး မတူကွဲပြားမှုကို အကြောင်းခံပြီး မုန်းတီးရေး၊ အကြမ်းဖက်ရေးတို့အတွက် သွေးထိုး လှုံ့ဆော်နေသော အယ်လ်ကိုင်းဒါး၊ အိုင်ဆစ်အပါအဝင် ပြည်ပ၊ ပြည်တွင်း အဖွဲ့အစည်းများနှင့် ဦးဆောင်သူများကို မြန်မာ မွတ်စလင် အစည်းအရုံးကြီးက ပြင်းထန်စွာ ရှုံ့ချလိုက်သည်။

    မြန်မာမွတ်စလင်အစည်းအရုံး
    စက်တင်္ဘာ (၄) ၂၀၁၄
    Media Contact; –

    ကိုကျော်စွာ         +44 782 842 6801(UK)      [email protected];
    ကိုမျိုးဝင်း           +95 950 70304 (မြန်မာ)     [email protected];
    ကိုကျော်ဝင်း     +44-740-345-2378(UK)     [email protected];
    ဒေါ်မော်လီ         +1 416 516 7383 (Canada)     [email protected];
    Ma Yasmin     +1 408 250 6227(USA)     [email protected];

  • RFA: OIC ကိုယ်စားလှယ်အဖွဲ့ စစ်တွေမှာ ဆွေးနွေး

    RFA: OIC ကိုယ်စားလှယ်အဖွဲ့ စစ်တွေမှာ ဆွေးနွေး

    စက်တင်ဘာ ၄ ၊ ၂၀၁၄
    RFA Burmese မှ ကူးယူဖော်ပြသည်။

    1966914_10152754414498128_5964858791329975304_n

    OIC ခေါ် အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မလေးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်း Mr. Tan Sri Syed Hamid Albar နဲ့ အဖွဲ့ဟာ စစ်တွေမြို့ ရပ်မိရပ်ဖတွေ၊ အရပ်ဘက်အဖွဲ့အစည်းကိုယ်စားလှယ်တွေနဲ့ စစ်တွေမြို့ အရေးပေါ် ပူးပေါင်းဆောင်ရွက်ရေးစင်တာ ECC ရုံးမှာ မနေ့က တွေ့ဆုံခဲ့ပါတယ်။

    တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ စစ်တွေမြို့ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးသန်းထွန်းက အခုလိုပြောပါတယ်။

    “ကျနော်တို့ဟာ မလေးရှား နိုင်ငံရေးဝန်ကြီးဟောင်းနဲ့ တွေ့မယ်လို့ပဲ ကျနော်တို့သိထားတယ်၊ မြန်မာနိုင်ငံဆိုင်ရာ OIC အထူးကိုယ်စားလှယ်မှန်း ကျနော်တို့ မသိခဲ့တဲ့အတွက်ကြောင့်မို့ တွေ့ဆုံခဲ့ခြင်းဖြစ်တယ်၊ ဘင်္ဂါလီအချင်းချင်းကြားမှာ နိုင်ငံသားဖြစ်ခွင့်ရှိတဲ့ ဘင်္ဂါလီနဲ့ ခိုးဝင်ကျူးကျော်လာတဲ့ ဘင်္ဂါလီတွေကို ကွဲပြားခြားနားဖို့ စိစစ်နေတဲ့ အခုလိုအချိန်မျိုးမှာ OIC အနေနဲ့ လာရောက်လည်ပတ်ခြင်းဟာ စိစစ်မှုကို အနှောင့်အယှက်ဖြစ်စေတယ်၊ လာတဲ့အချိန်ဟာ လာခြင်းကောင်းတာ မဟုတ်ဘူး၊ အဲဒါကြောင့် OIC ပြောတာကို ကျနော်တို့ လက်မခံနိုင်ပါဘူးလို့ ငြင်းပယ်ခဲ့ပါတယ်”

    OIC အဖွဲ့အနေနဲ့ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုနဲ့ ဖွံ့ဖြိုးရေးအကူအညီတွေ ပေးအပ်တဲ့အခါ ဒေသခံတွေအနေနဲ့ လက်ခံ၊ မခံ မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

    ရခိုင်ပြည်နယ်မှာ လူ့အဖွဲ့အစည်းနှစ်ခု အသုံးပြုနိုင်ဖို့ အတွက် ဆေးရုံနဲ့ လေ့ကျင့်သင်ကြားရေးစင်တာ ဖွင့်လှစ်ပေးလိုကြောင်း ကမ်းလှမ်းချက်အပေါ် ရခိုင်ရပ်မိရပ်ဖတွေက ရခိုင်ပြည်နယ်မှာ အခြေအနေတွေ တင်းမာနေဆဲဖြစ်တာကြောင့် အဲဒီကမ်းလှမ်းချက်ကို ငြင်းဆိုခဲ့ကြတယ်လို့လည်း သိရပါတယ်။

    OIC အဖွဲ့ ကိုယ်စားလှယ်တွေဟာ မနေ့က စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်က မွတ်စလင် ရပ်မိရပ်ဖတွေနဲ့ သီးခြားတွေ့ဆုံရာမှာ မွတ်စလင် ရပ်မိရပ်ဖတွေက အစိုးရအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို ပိုမိုဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

    ဒါ့အပြင် OIC ကိုယ်စားလှယ်အဖွဲ့ဟာ စက်ရုံစုရခိုင်ဒုက္ခသည်စခန်းနဲ့ သက္ကယ်ပြင် မွတ်စလင် ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာခဲ့ပြီး ဒီနေ့မှာ ရခိုင်ပြည်နယ်ကနေ ထွက်ခွာသွားတယ်လို့ သိရပါတယ်။

    Link =>https://www.facebook.com/39218993127/photos/a.10150522560153128.405723.39218993127/10152754414498128/?type=1&theater

  • ဒီမာရီယာမှာ ကမ္ဘာ့အကောင်းဆုံး ၅ ဦးထဲမှ တစ်ဦးဟု အာဂျင်တီးနားနည်းပြ မာတီနိုပြောကြား

    ဒီမာရီယာမှာ ကမ္ဘာ့အကောင်းဆုံး ၅ ဦးထဲမှ တစ်ဦးဟု အာဂျင်တီးနားနည်းပြ မာတီနိုပြောကြား

    စက်တင်ဘာ ၄ ၊ ၂၀၁၄
    M-Media

    452073_heroa– ဂျာမနီအသင်းအား အနိုင်ရရှိခဲ့သော ခြေစမ်းပွဲတွင် ခြေစွမ်းပြနိုင်ခဲ့သည့် ဒီမာရီယာမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ၅ ဦးထဲမှ တစ်ဦးဖြစ်သည်ဟု အာဂျင်တီးနား နည်းပြ မာတီနိုက ပြောကြားလိုက်သည်။

    ယမန်နေ့က ကစားခဲ့သော အဆိုပါပွဲတွင် အာဂျင်တီးနားမှာ ဂျာမနီအား ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ဒီမာရီယာကိုယ်တိုင် ၁ ဂိုးသွင်းကာ၊ ကျန် ၃ ဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့သည်။

    အဓိကတိုက်စစ်မှူးများဖြစ်သည့် ဟီဂူအင်၊ မက်ဆီတို့ မပါသော်လည်း ဒီမာရီယာ၏ ခြေစွမ်းပြမှုကြောင့် အာဂျင်တီးနားမှာ ဒုတိယပိုင်း မိနစ် ၅၀ မှာပင် ၄ ဂိုးပြတ်ခဲ့သည်။ မာတီနိုကမူ ဒီမာရီယာမှာ ချီးကျူးခံထိုက်သည်ဟု ပြောကြားခဲ့သည်။

    “ဘာ့ကြောင့် ကမ္ဘာ့အကောင်းဆုံး ကစားသမား ၅ ဦးထဲက တစ်ဦးဖြစ်တယ်ဆိုတာ ဒီမာရီယာက ပြသခဲ့ပါတယ်။ အသင်းနဲ့ပတ်သက်ပြီး အရမ်းကျေနပ်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ အတွေ့အကြုံအများကြီးမရှိတဲ့ ကစားသမားအနည်းငယ် ပါဝင်တာကြောင့်ပါ” ဟု မာတီနိုက ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    ယခုပွဲမှာ အာဂျင်တီးနားအသင်းနည်းပြအဖြစ် တာဝန်ယူခဲ့ပြီးနောက် မာတီနို၏ ပထမဆုံးပွဲဖြစ်ပြီး ကမ္ဘာ့ဖလားဗိုလ်လုပွဲ ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

  • မွတ်စလင်ကမ္ဘာတွင် ISIS(ISIL) အဖွဲ့အား ဆန့်ကျင်မှုများ များပြားလာ

    မွတ်စလင်ကမ္ဘာတွင် ISIS(ISIL) အဖွဲ့အား ဆန့်ကျင်မှုများ များပြားလာ

    စက်တင်ဘာ ၄ ၊ ၂၀၁၄
    M-Media

    ဒုတိယမြောက် အမေရိကန်ဂျာနယ်လစ်အား သတ်ဖြတ်ခဲ့ပြီးနောက် မွတ်စလင်ကမ္ဘာတွင် IS အဖွဲ့အား ဆန့်ကျင်မှုများ များပြားလာ

    SunniRebels-Scholars-Reject-ISIL-Caliphate

    – ဆီးရီးယားတွင် ဖမ်းဆီးခြင်းခံထားရသည့် ဒုတိယမြောက် အမေရိကန် ဂျာနယ်လစ် စတီဗင် ဆော့တ်လုဖ်ကို IS အဖွဲ့က သတ်ဖြတ်မှုက မွတ်စလင် ကမ္ဘာအား ဒေါသထွက်စေ ခဲ့ပြီး အစ္စလာမ့် အဆုံးအမနှင့် ဆန့်ကျင်သည့် IS အဖွဲ့အား ရှုတ်ချ ဆန့်ကျင်မှုလည်း ပိုမိုတိုးပွားလာခဲ့သည်။

    “အစ္စလာမ့်မစ်နိုင်ငံတော်လို့ခေါ်တဲ့ IS က ဆီးရီးယားမှာ အမေရိကန် ဂျာနယ်လစ် စတီဗင်ဆော့လုဖ်ကို ခေါင်းဖြတ်သတ်တာဟာ ရိုင်းစိုင်းတဲ့လုပ်ရပ်၊ အစ္စလာမ်သာသနာရဲ့ မြင့်မြတ်တဲ့ သင်ကြားမှုနဲ့ ဆန့်ကျင်တဲ့လုပ်ရပ်ပါပဲ။ အပြစ်မဲ့တဲ့လူကို သတ်ဖြတ်တာကို အစ္စလာမ်သာသနာနဲ့ တန်းညှိလို့မရပါဘူး” ဟု အီဂျစ်ရှိ အလ်-အဇ်ဟာရ် အစ္စလာမ့်တက္ကသိုလ် အစ္စလာမ့်လေ့လာမှုဌာနမှ ပါမောက္ခ ဒေါက်တာ ၀ါအိ ရှီဟဘ်က ယမန်နေ့တွင် OnIslam.net သို့ ပြောကြားခဲ့သည်။

    မိမိတို့တပ်ဖွဲ့များအား အမေရိကန်က လေကြာင်းမှတိုက်ခိုက်မှုများ ပြုလုပ်မှုကို လက်စားချေခြင်းဟုဆိုကာ စတီဗင်အား ခေါင်းဖြတ်သတ်သည့် ဗီဒီယိုကို IS အဖွဲ့က အင်္ဂါနေ့တွင် လွှင်တင်ခဲ့ပြီး ဖမ်းဆီးထားသည့် အခြား ဗြိတိန်ဂျာယ်လစ်တစ်ဦးကိုလည်း သတ်ဖြတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ စတီဗင်မှာ ဂျိမ်းဖိုလေးပြီးနောက် IS အဖွဲ့၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည့် ဒုတိယမြောက် အမေရိကန် ဂျာနယ်လစ်ဖြစ်သည်။

    “ဂျာနယ်လစ်တွေကို အခြားသော အရပ်သားတွေလိုပဲ စစ်ဖြစ်နေချိန်မှာတောင်မှ အစ္စလာမ့်ဥပဒေက အကာကွယ်ပေးထားပြီး ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်တွေမှာလည်း ဒီလို အကာအကွယ်ပေးထားပါတယ်။ ဒ့ါကြောင့် တစ်ကမ္ဘာလုံးက မွတ်စလင်တွေ ရှုတ်ချနေတဲ့ ဒီရာဇ၀တ်မှုကို ကျူးလွန်တဲ့ IS ဟာ အစ္စလာမ့်ရဲ့ တန်ဖိုးတွေကို ဗြောင်ချိုးဖောက်တာပါပဲ” ဟု ရှီဟဘ်က ထည့်သွင်းပြောကြားခဲ့သည်။

    IS ၏ ထိုလုပ်ရပ်အတွက် အမေရိကန်ရှိ အကြီးဆုံး မွတ်စလင်အဖွဲ့အစည်းဖြစ်သော အမေရိကန်-အစ္စလာမ် ဆက်ဆံရေးအဖွဲ့ CAIR ကလည်း ယမန်နေ့တွင် ကြေညာချက် ထုတ်ကာ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့သည်။

    “အစ္စလာမ်ရဲ့သွန်သင်မှုနဲ့ ဆန့်ကျင်တဲ့ အကြမ်းဖက်အဖွဲ့ IS ရဲ့လုပ်ရပ်အတွက် အမေရိကန်နဲ့ ကမ္ဘာတစ်ဝှမ်းက မွတ်စလင်တွေရဲ့ တုန်လှုပ်မှု၊ ရွံရှာမှုနဲ့ ၀မ်းနည်းမှုတွေဟာ ပြောပြလို့ကို မရပါဘူး။ IS ရဲ့ ရာဇ၀တ်မှု ကျူးလွန်မှုတွေက အစ္စလာမ်သာသနာနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်” ဟု CAIR မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    ထို့ပြင် ငြိမ်းချမ်းရေး၊ တရားမျှတမှုတို့အား မြှင့်တင်ရန်အတွက် ဘာာပေါင်းစုံမှ လူများ၏ ကြိုးစားအားထုတ်မှုကို ၂ ဆမြှင့်ကာ အဆိုပါ ရိုင်းစိုင်းကြမ်းကြုတ်သော လုပ်ရပ်များကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ မိမိတို့နှလုံးသားများမှာ စတီဗင်၏ မိသားစုများ၊ IS အဖွဲ့၏ သတ်ဖြတ်မှုကို ခံခဲ့ရသူများ၏ မိသားစုများနှင့်အတူ ကြေကွဲ ၀မ်းနည်း ရပါကြောင်း အဆိုပါကြေညာချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

    အမေရိကန်နိုင်ငံတစ်ဝှမ်းရှိ အစ္စလာမ်ဘာသာရေးခေါင်းဆောင်များကလည်း IS ၏ လုပ်ရပ်များကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။

    အီဂျစ်ရှိ ဒုတိယအကြီးဆုံး အစ္စလာမ်ဘာသာရေးအဖွဲ့ဖြစ်သည့် Fatwa House ကလည်း စတီဗင် ဆော့တ်လုဖ်အား သတ်ဖြတ်ခဲ့သည့်လုပ်ရပ်မှာ ကမ္ဘာတစ်ဝှမ်းရှိ အစ္စလာမ်သာသနာနှင့် မွတ်စလင်တို့၏ပုံရိပ်ကို ထိခိုက်စေသည်ဟု ပြောကြားခဲ့သည်။ အဆိုပါ Fatwa House မှာ IS အားဆန့်ကျင်သည့် ကမ္ဘာ့လုံးဆိုင်ရာ အွန်လိုင်းလှုပ်ရှားမှုတစ်ခုကို လုပ်ဆောင်နေသော အဖွဲ့လည်းဖြစ်သည်။

    IS အဖွဲ့ဝင်အများစုမှာ ဆီးရီးယားသမ္မတ ဘာရှာအလ်အာဆတ်အား ဆန့်ကျင်တိုက်ခိုက်ရန် အမေရိကန်က လက်နက်တပ်ဆင်လေ့ကျင့်ပေးထားသည့် ဆီးရီးယားသူပုန်များ ဖြစ်ကြသည်ဟု မီဒီယာများက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြသည်။

    အရှေ့အလယ်ပိုင်းအရေး ကျွမ်းကျင်သူများကလည်း IS အဖွဲ့အား လက်နက်ထောက်ပံ့သည့်နိုင်ငံများမှာ အမေရိကန်၏ မဟာမိတ်နိုင်ငံများဖြစ်သည့် အစ္စရေးနှင့် ဗြိတိန်တို့သာဖြစ်နိုင်သည်ဟု ခန့်မှန်းထားသည်။

    IS အဖွဲ့၏ ခေါင်းဆောင်ဖြစ်ပြီး ခလီဖာအဖြစ် ကြေညာထားသူ ဘဂ္ဂါဒီမှာ အစ္စရေးထောက်လှမ်းရေး မော့ဆက်အဖွဲ့မှ ထောက်လှမ်းရေးတစ်ဦးဖြစ်သည်ဟု ဆိုရှယ် စာမျက်နှာများတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့သော်လည်း တရားဝင်အထောက်များ ထွက်ပေါ်လာခြင်းမရှိသေးပေ။

    Ref=OnIslam & News Agencies