News @ M-Media
Blog
  • ဖီဖာဥက္ကဌ ရာထူးအား ၀င်မပြိုင်ဘူးလို့ ယူအီးအက်ဖ်အေ ဥက္ကဌ ပလာတီနီ ပြော
    ဖီဖာဥက္ကဌ ရာထူးအား ၀င်မပြိုင်ဘူးလို့ ယူအီးအက်ဖ်အေ ဥက္ကဌ ပလာတီနီ ပြော
    သြဂုတ် ၂၈ ၊ ၂၀၁၄
    M-Media
    422103_heroa
    – ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာဥက္ကဌ ဆပ်ဘလတ္တာ၏ နေရာအား ရယူရန် ဆောင်ရွက်ခြင်းထက် မိမိလက်ရှိ ရာထူးတွင် အလုပ်များကို အာရုံစိုက် ဆောင်ရွက်သွားမည်ဟု ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေ ဥက္ကဌ ပလာတီနီက ပြောကြားလိုက်သည်။
    မကြာမီပြုလုပ်တော့မည့် ဖီဖာ ဥက္ကဌရာထူး ရွေးချယ်ပွဲတွင် ယှဉ်ပြိုင်မည်ဟု ယခုနောက်ပိုင်း သတင်းများထွက်ပေါ်နေသောကြောင့် မွန်တီကာလိုတွင် ယနေ့ပြုလုပ်ခဲ့သော ဥရောပ ၅၄ နိုင်ငံမှ ဘောလုံး အဖွဲ့ချုပ်များ အစည်းအဝေးတွင် ပလာတီနီက ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
    ဘလတ္တာမှာ ၁၉၇၅ ခုနှစ်မှစတင်ကာ ဖီဖာတွင် ၀င်ရောက်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၈ ခုနှစ်မှ ယနေ့အချိန်အထိ ဥက္ကဌတာဝန်ကို ရယူထားသောကြောင့်ဝေဖန်မှုများကို ခံနေရသည်။ ထို့ကြောင့် မိမိအနေဖြင့် စတုတ္ထသက်တမ်း ပြီးဆုံးပါက အနားယူတော့မည်ဟု စောစောပိုင်းက ပြောကြား ခဲ့သော်လည်း နောက်ပိုင်းတွင် ဥက္ကဌရွေးချယ်ပွဲ၌ ပြန်လည် ပါဝင်မည်ဟု ပြောကြားခဲ့သည်။
    ယခင်ပြင်သစ်လက်ရွေးစင်ဟောင်း ပလာတီနီမှာ ဘလတ္တာအား အခမ်းအနားအများအပြားတွင် ဝေဖန်ခဲ့ဖူးပြီး ယခုနှစ်စောပိုင်းကလည်း အသက် ၇၈ အရွယ်ရှိ ဘလတ္တာမှာ ဖီအားဦးဆောင်ရန် သင့်တော်သည့် ပုဂ္ဂိုလ်မဟုတ်တော့ဟု ပြောကြားခဲ့သည်။
  • IS ၏ လုပ်ရပ် ဖိလစ်ပိုင်မှ မိုရို အစ္စလာမ်မစ် လွတ်မြောက်ရေး တပ်ဦး ရှုတ်ချ၊
    IS ၏ လုပ်ရပ် ဖိလစ်ပိုင်မှ မိုရို အစ္စလာမ်မစ် လွတ်မြောက်ရေး တပ်ဦး ရှုတ်ချ၊
    သြဂုတ် ၂၈ ၊ ၂၀၁၄
    M-Media
    milf-rebels-at-a-rally-in
    – အီရတ်နှင့် ဆီးရီးယားရှိ နယ်မြေများကို သိမ်းယူကာ ရက်စက်သည့် လုပ်ရပ်များကို လုပ်ဆောင်နေသည့် IS အဖွဲ့အား ရှုတ်ချပြီး မိမိတို့နိုင်ငံအတွင်း ထိုအတွေးအခေါ်များပြန့်နှံ့ခြင်းမရှိအောင် ဆောင်ရွက်သွားမည်ဟု ဖိလစ်ပိုင် အကြီးဆုံး လက်နက်ကိုင်အဖွဲ့ မိုရို အစ္စလာမ့်မစ် လွတ်မြောက်ရေးတပ်ဦး MILF က ပြောကြားခဲ့သည်။
    MILF မှာ ဖိလစ်ပိုင်တောင်ပိုင်းတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခု ပေါ်ပေါက်လာရေးအတွက် ဖိလစ်ပိုင်အစိုးရအား လက်နက်ကိုင် တော်လှန်မှုကို ဆယ်စုနှစ်ပေါင်းများစွာ ပြုလုပ်ခဲ့ပြီး ပြီးခဲ့သည့် မတ်လတွင်မှ ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။
    “IS လို အခြားအဖွဲ့တွေ ဒါမှမဟုတ် မိမိတို့အဖွဲ့ဝင်တွေက ဆောင်ရွက်ရင်တောင်မှ ဒီလို ရိုင်းစိုင်းတဲ့လုပ်ရပ်တွေ ရက်စက်ကြမ်းကြုတ်မှုတွေကို MILF က ရှုတ်ချပါတယ်။ ပွင့်ပွင့်လင်းလင်း ဆိုရရင်၊ အလတ်အလတ်ကျတဲ့ အုပ်ချုပ်မှုနဲ့ လွှမ်းမိုးမှုတွေ MILF မှာရှိပြီး ဒါဟာ အစွန်းရောက်အဖွဲ့ မွေးဖွားလာဖို့အတွက် တားဆီးဟန့်တားပေး ပါတယ်” ဟု luwaran.com ၀ဘ်ဆိုက်တွင် ဖော်ပြခဲ့သော အယ်ဒီတာ့အာဘော်၌ MILF က ထိုကဲ့သို့ ရေးသားခဲ့သည်။
    ထို့ပြင် ဖိလစ်ပိုင်အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ်တွင် အဓိကအချက်ဖြစ်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ IS ၏ အတွေးအမြင်ကိုဆန့်ကျင့်သော တံတိုင်းဖြစ်လိမ့်မယ်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
    ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ လက်ရှိသမ္မတ အကွီနိုရာထူးမှ ဆင်းမည့် ၂၀၁၆ ခုနှစ် မတိုင်မီ ဖြစ်လာဖွယ်ရှိနေသည်။
    AFP
  • သင်တန်းသား ကလေးငယ်၏ မတော်တဆ ပစ်ခတ်မှုကြောင့် သေနတ်ပစ် နည်းပြ သေဆုံး
    သင်တန်းသား ကလေးငယ်၏ မတော်တဆ ပစ်ခတ်မှုကြောင့် သေနတ်ပစ် နည်းပြ သေဆုံး
    သြဂုတ် ၂၈ ၊ ၂၀၁၄
    M-Media
    4583090_G
    – အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ်ရှိ သေနတ်ပစ်ကွင်း တစ်ခုတွင် သေနတ်ပစ် သင်ယူနေသည့် အသက် ၉ နှစ်အရွယ်မိန်းကလေး တစ်ဦး၏ မတော်တဆ ပစ်ခတ်မှုကြောင့် သေနတ်ပစ် သင်တန်း ဆရာ တစ်ဦးသေဆုံးခဲ့သည်ဟု သိရသည်။
    Bullets and Burgers ဟုအမည် ရသည့် သေနတ် ပစ်ကွင်းတွင် တနင်္လာနေ့ ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူမှာ အသက် ၃၉ နှစ်အရွယ်ရှိ ချားလ်စ် ဗက်ကာဆိုသူဖြစ်ကာ ဦးခေါင်းအား ထိမှန်ခဲ့ခြင်းကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောကြား ခဲ့သည်။
    အသက် ၈ နှစ်မှ ၁၇ နှစ်အရွယ်ထိ ကလေးငယ်များမှာ မိဘများနှင့်အတူ လာရောက်ပါက အဆိုပါ သေနတ်ပစ်ကွင်းတွင် သေနတ်ပစ် သင်ကြားနိုင်ပြီး၊ အဆိုပါ မိန်းကလေးမှာလည်း မိဘများနှင့် လာရောက်ကာ သေနတ်ပစ် သင်ကြားခြင်းဖြစ်သည်။
    ထိုမိန်းကလေးနှင့် ဗက်ကာတို့မှာ အစ္စရေးလုပ် စက်သေနတ် Uzi အား လေဟာပြင် ပစ်ကွင်းတွင် အပစ်လေ့ကျင့်ခြင်းဖြစ်ပြီး ဗက်ကာမှာ စစ်သေနတ်အား မည်ကဲ့သို့ ကိုင်ဆောင် ပစ်ခတ်ရမည်ကို ထိုမိန်းကလေးအား ပြသခဲ့ကာ ပထမအကျော့ တွင် ကောင်းမွန်စွာ ပစ်ခတ်နိုင်ခဲ့သည်။
    သို့သော်လည်း ဒုတိယအကျော့တွင် မိန်ကလေးက အဆက်မပြတ် ပစ်ခတ်ရာမှ သေနတ်အား မထိန်းထားနိုင်ခဲ့သောကြောင့် ပစ်မှတ်မှချော်ကာ ဗက်ကာ၏ ဦးခေါင်းအား ထိမှန်ခဲ့ခြင်းဖြစ်သည်။
    ထိုဖြစ်ရပ် မဖြစ်ပွားခင် မိန်းကလေးနှင့် ဗက်ကာတို့၏ သေနတ်ပစ် လေ့ကျင့်နေမှုအား ဖုန်းဖြင့် ရိုက်ထားသော ဗီဒီယိုကို ရဲတပ်ဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။
  • ပိုဒေါစကီး အသင်းမှ ထွက်ခွာမည် မဟုတ်ဟု ၀င်းဂါးဆို၊ ဖယ်လ်ကာအိုနှင့် ကာဗာနီတို့အား ခေါ်ယူရန် စီစဉ်နေ
    ပိုဒေါစကီး အသင်းမှ ထွက်ခွာမည် မဟုတ်ဟု ၀င်းဂါးဆို၊ ဖယ်လ်ကာအိုနှင့် ကာဗာနီတို့အား ခေါ်ယူရန် စီစဉ်နေ
    သြဂုတ် ၂၈ ၊ ၂၀၁၄
    M-Media
    393354_heroa
    – အသင်းရှိ ဂျာမန်တိုက်စစ်မှူး ပိုဒေါစကီးမှာ ယခုနှစ်နွေရာသီတွင် အသင်းမှ ထွက်ခွာမည်မဟုတ်ဘဲ ယနေ့ညတွင် ကစားမည့် ချန်ပီယံလိဂ် ခြေစစ်ပွဲ ဒုတိယအကျော့တွင် ပါဝင်မည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    အသင်းမှ လွတ်လပ်စွာ ထွက်ခွာခွင့်ပြုမည်ဟု အာဆင်နယ်က စောစောပိုင်းတွင် ပိုဒေါစကီးအား ပြောကြားခဲ့ပြီး အီတလီကလပ် ဂျူဗင်တပ်စ်နှင့် ဂျာမန်ကလပ် ၀ုဖ်ဘတ်တို့က ၎င်းအား ခေါ်ယူရန် စိတ်ဝင်စားနေသည်။
    သို့သော်လည်း ပြင်သစ်တိုက်စစ်မှူး ဂျီရော့ဒ် ဒဏ်ရာရရှိသွားသည့်အတွက် အာဆင်ဝင်ဂါးမှာ ပိုဒေါစကီးအား လက်လွှတ်ရန် မဖြစ်နိုင်သည့် အခြေအနေသို့ ရောက်သွားခဲ့သည်။
    ထို့ပြင် မိုနာကိုတိုက်စစ်မှူး ဖယ်လ်ကာအိုအား အငှားဖြင့်ခေါ်ယူရန် စိတ်ဝင်စားနေကာ၊ ပီအက်စ်ဂျီ တိုက်စစ်မှူး ကာဗာနီကိုလည်း ယူရိုသန်း ၅၀ ဖြင့် ကမ်းလှမ်းရန် စီစဉ်နေသည်။
  • မိသားစုပြဿနာများ ဖြေရှင်းရန်အတွက် အထူးခုံရုံးသစ်များ ဆော်ဒီဖွင့်လှစ်
    မိသားစုပြဿနာများ ဖြေရှင်းရန်အတွက် အထူးခုံရုံးသစ်များ ဆော်ဒီဖွင့်လှစ်
    သြဂုတ် ၂၈ ၊ ၂၀၁၄
    M-Media
    Saudi Arabia opened new court to solve family disputes, amid steps aimed at making the kingdom’s legal system faster
    – နိုင်ငံ၏ ဥပဒေရေးရာစနစ်ကို ပိုမိုမြန်ဆန်စေပြီး ပွင့်လင်းမြင်သာမှုရှိစေရန် ရည်ရွယ်ဆောင်ရွက်နေသော ဆော်ဒီအာရေဗျနိုင်ငံမှာ မိသားစုဆိုင်ရာ ပြဿနာများကို အာရုံစိုက်ဖြေရှင်းရန်အတွက် အထူးခုံရုံးသစ်များကို သြဂုတ်လ တတိယပတ်အတွင်း ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။
    အဆိုပါ အထူးခုံရုံးများကို ရီယာ့ဒ်၊ မက္ကာ၊ ဂျစ်ဒါ၊ မဒီနာနှင့် ဒန်မန်မြို့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ထိုခုံရုံးများတွင် ရုံးထိုင်မည့် တရားသူကြီးများနှင့် ၀န်ထမ်းများအား မိသားစု ပြဿနာများဖြစ်သည့် ကွာရှင်းခြင်း၊ ဇနီးအား စားရိတ်ထောက်ပံ့ခြင်း၊ ကလေးများအား အုပ်ထိန်းခွင့် စသည်တို့နှင့် ပတ်သက်၍ အထူးသင်တန်းများ ပေးအပ်သွားမည်ဖြစ်သည်။
ုထို့ပြင် ကုန်သွယ်ရေးရာနှင့်သက်ဆိုင်သည့် ပြဿနာများကို ဖြေရှင်းပေးမည့် အထူးခုံရုံးများကို လေးလအတွင်း ဖွင့်လှစ်သွားရန် စီစဉ်နေပြီး အဆိုပါခုံရုံးများ၌ အလုပ်သမားနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြဿနာများကို ကိုင်တွယ် ဖြေရှင်းသွားမည်ဖြစ်သည်။
    ထိုကဲ့သို့ အထူးခုံရုံးသစ်များ ဖွင့်လှစ်ခြင်းမှာ တိုင်းပြည်၏ လူမှုစီးပွားရေး ပြုပြင်ပြောင်းလဲမှုတွင် အရေးပါသောခြေလှမ်းဖြစ်ပြီ လူငယ်များ၊ ခေတ်သစ် စီးပွားရေးနှင့် ဆော်ဒီ၏ ရှေးရိုးစွဲ ယဉ်ကျေးမှုအကြား ရင်ကြားစေ့ ပေးခြင်းဖြစ်သည်ဟု လေ့လာစောင့်ကြည့်သူများက ပြောဆိုကြသည်။
    ဆော်ဒီတွင် အစ္စလာမ့်ဥပဒေဖြစ်သည့် ရှရီအာ ဥပဒေကို ကျင့်သုံးသော်လည်း အစ္စလာမ့် ကျမ်းဂန်များထဲမှ ဥပဒေသများကို တရားသူကြီးများက မိမိတို့၏ကိုယ်ပိုင်ပုံစံဖြင့် ပြန်ဆိုကာ အသုံးချနေကြခြင်းဖြစ်သည်။ ထို့ပြင် လျှောက်လဲချက်များကို လက်ခံခြင်း၊ စီရင်ချက်ချခြင်း စသည်လုပ်ဆောင်မှုပိုင်းတွင်လည်း တရားသူကြီးများကသာ လုပ်ပိုင်ခွင့် အလွန်အကျွံရယူထားကြသည့် ဟု ဝေဖန်သူများလဲ ရှိပါသည်။
    _Reuters