News @ M-Media

Blog

  • သီတဂူ ဆရာတော် တွေ့ဆုံခဲ့သည့် USCIRF အဖွဲ့ရဲ့ မြန်မာခရီးစဉ် တွေ့ရှိချက်များ ထုတ်ပြန်ကြေညာ

    သီတဂူ ဆရာတော် တွေ့ဆုံခဲ့သည့် USCIRF အဖွဲ့ရဲ့ မြန်မာခရီးစဉ် တွေ့ရှိချက်များ ထုတ်ပြန်ကြေညာ

    သြဂုတ် ၂၆၊ ၂၀၁၄
    M-Media

    Statement_on_USCIRF_Visit_to_Burma_United_States_Commission_on_International_Religious_Freedom
    .နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ (အမေရိကန် ကော်မရှင်)အဖွဲ့ဝင်များဖြစ်သည့် အမ် ဇူဒီ ဂျက်ဆာနှင့် အဲရစ် ပီ ရှဝါ့ဇ် တို့ မြန်မာနိုင်ငံသို့ ငါးရက်ကြာသွားရောက် လည်ပတ် ခဲ့ပြီးနောက် ၎င်းတို့ တွေ့ရှိခဲ့ရသည်များနှင့် ပတ်သက်၍ ကြေညာချက်တစ်စောင်ကို သြဂုတ်လ် ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

    – မိမိတို့၏ ဤခရီးစဉ်မှာ မြန်မာနိုင်ငံသို့ ကော်မရှင်နာအဆင့် ပထမဆုံး သွားရောက်ခဲ့ခြင်းဖြစ်သည်။ ခရီစဉ်အတွင်း မိမိတို့မှာ ပြည်ထောင်စု အစိုးရ၊ ပြည်နယ် အစိုးရများ၊ ရန်ကုန်ရှိ တိုင်းရင်းသားနှင့် ဘာသာရေးအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့် အဖွဲ့များ၊ ဒေါ်အောင်ဆန်းဆုကြည် အပါအ၀င် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။ ထို့ပြင် မိမိတို့မှာ ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာနှင့် နေပြည်တော်သို့လည်း သွားရောက် ခဲ့ကြသည်။ မိတ္ထီလာတွင် ၂၀၁၃ ခုနှစ် မတ်လ အတွင်း ရုတ်တရက် ဖြစ်ပွားခဲ့သည့်  အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ဗုဒ္ဓဘာသာနှင့် မွတ်စလင် လူ့အဖွဲ့အစည်းမှ ပြည်သူများနေထိုင်သည့် ကယ်ဆယ်ရေး စခန်းများကိုလည်း သွားရောက်ခွင့်ရခဲ့သည်။

    ဘာသာရေးလွတ်လပ်ခွင့်အား ချိုးဖောက်မှုများ၊ တိုင်းရင်းသားလူနည်းစုများနှင့် ဘာသာရေးလူနည်းစုများကို အကြမ်အးဖက်မှု၊ ခွဲခြားဆက်ဆံမှုများ ရှိနေသည့် အတွက်ကြောင့် လူ့အဖွဲ့အစည်းအတွင်း သည်းခံမှုနှင့် ပူးပေါင်းပါဝင်စေမှု တိုးမြှင့်ပေးရန်အတွက် မိမိတို့က မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ခြင်းဖြစ်သည်။ မိမိတို့ ပြန်လည်ရောက်ရှိလာပြီးနောက် တွေ့ရှိချက်များကို အစီရင်ခံစာ တစ်စောင်ထုတ်ပြန်ရန် ရည်ရွယ်ခဲ့သည်။ ယနေ့ မိမိတို့ဖော်ပြထားသည့် အချက်အလက်များမှာ ကနဦးတွေ့ရှိချက်များ ဖြစ်သည်။

    ဘာသာရေးလွတ်လပ်ခွင့်၊ လူ့အခွင့်အရေးတို့၏ အရေးကြီးပုံနှင့် ပတ်သက်၍ မြန်မာနိုင်ငံသား အများစု၏ ဖွင့်ဟမှုများကို ကြားရသည့်အတွက်ကြောင့် အလွန်ပင် အားရမိသည်။ မြန်မာနိုင်ငံ အတွင်းရှိ တိုင်းရင်းသားနှင့် ဘာသာရေး လူ့အဖွဲ့အစည်းအားလုံးအတွက် ဥပဒေရေးရာနှင့် လက်တွေ့ပိုင်းတွင် တန်းတူညီမျှမှု ရှိရေးက ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အတွက် အရေးပါသည့် အချက်ဖြစ်သည်ဟု ၎င်းတို့က သတိပြုမိသည်။ “နိုင်ငံသား တစ်ယောက်ချင်းစီနှင့် နိုင်ငံသားတိုင်း အတွက် တူညီသောအခွင့်အရေး သေချာစေခြင်း” ဟူသည့်  သမ္မတ ဦးသိန်းစိန်ပြောကြားခဲ့သော ရည်ရွယ်ချက်ကို ထပ်မံပြောကြားခဲ့သည့် တာဝန်ရှိသူများနှင့်လည်း မိမိတို့ တွေ့ဆုံခဲ့သည်။

    မိမိတို့ ကော်မရှင်အနေဖြင့် မြန်မာနိုင်ငံအား ဆယ်စုနှစ် တစ်ခုကျော်ကြာ စောင့်ကြည့်ခဲ့ပြီး ဗုဒ္ဓဘာသာဝင်နှင့် ဗုဒ္ဓဘာသာဝင် မဟုတ်သူ အားလုံး၏ ဘာသာရေး လွတ်လပ်ခွင့်အပေါ် ကန့်သတ်မှုများနှင့် ပတ်သက်၍ စိုးရိမ်မိသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် မကြာသေးမီနှစ်များ အတွင်း ဆောင်ရွက် ခဲ့သော နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးမှု၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှု ကန့်သတ်ချက်များအား ဖြေလျော့ပေးမှုနှင့် အခြားသော အားတက်ဖွယ်ကောင်းသည့် တိုးတက်မှုများကို မိမိတို့မှ လှိုက်လှိုက်လှဲလှဲပင် ကြိုဆိုခဲ့သည်။ သို့သော် ဘာသာရေး လူနည်းစုများအပေါ် ဥပဒေအရ လည်းကောင်း၊ နည်းဥပဒေအရလည်းကောင်း လက်တွေ့ပိုင်းအရ လည်းကောင်း ဆိုးဆိုးရွားရွား၊ ထင်ထင်ရှားရှား ခွဲခြားဆက်ဆံမှုနှင့် ပတ်သက်၍ မိမိတို့၏ စိုးရိမ်မှုကို ပေါ်လွင်စေရန် လာရောက်ခြင်းဖြစ်သည်။ ထိုကဲ့သို့ ခွဲခြားဆက်ဆံမှုရလဒ်က အဆိုပါ လူနည်းစုဘာသာဝင်များအတွက် မတူညီသော အမှတ်သညာများ ဖြစ်ပေါ်စေသည်။ ဥပမာအားဖြင့် နိုင်ငံသားဖြစ်မှုနှင့် ပတ်သက်သည့် အသိအမှတ်ပြု စာရွက်စာတမ်းများ၊ အခွင့်အရေးများ ဖြစ်သည်။ ထို့ပြင် အခြားသော ကန့်သတ်ချက်များဖြစ်သည့် လူနည်းစု ဘာသာဝင်များ၏ ဘာသာရေးအသင်း အဖွဲ့ ဖွဲ့စည်းခြင်းအား တားဆီး ပိတ်ပင်ထားခြင်း၊ ခရစ်ယာန်များ၏ ဘာသာရေးကျင့်သုံးမှုကို ခက်ခဲအောင်ဆောင်ရွက်ခြင်းတို့လည်း ရှိနေပြီး ဘာသာရေး လူနည်းစုများအား တိုက်ခိုက်များ အတွက် အပြည့်အ၀ တာဝန်ရှိနေသူများကို အရေးယူရန် ပျက်ကွက်မှုကိုလည်း မိမိတို့မှ စိုးရိမ်မိသည်။
    ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများမှာ ညှင်းပန်းနှိပ်စက်ခြင်း ခံနေရသည်ဟု သတင်းများ ရရှိသည့်အတွက် မိမိတို့မှ စိတ်မကောင်းဖြစ်ရသည်။ ရိုဟင်ဂျာ လူ့အဖွဲ့အစည်း၏ အခွင့်အရေးများကို စနစ်တကျ၊ ကျယ်ကျယ်ပြန့်ပြန့်၊ ကမ်းကုန်အောင် ချိုးဖောက်မှုများ ရှိသည်ဟူသော သတင်းများအား ဘက်မလိုက်သော မည်သည့် လေ့လာစောင့်ကြည့်သူများက မေးခွန်း မထုတ်ခဲ့ကြချေ။ လုပ်ရပ်များဖြင့် လည်းကောင်း၊ လစ်လျူရှုခြင်းအားဖြင့်လည်းကောင်း၊ လူ့အခွင့်အရေး ထိုကဲ့သို့ အလွဲသုံးစား လုပ်နေခြင်းက ရိုဟင်ဂျာ လူ့အဖွဲ့အစည်း အတွင်း သေဆုံးခြင်း၊ ဒဏ်ရာအနာတရရှိခြင်း၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရခြင်း၊ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြားသော ၀န်ဆောင်မှုများ ငြင်းပယ်ခံရခြင်း၊ လွတ်လပ်စွာ ပြောင်းရွှေ့ သွားလာခွင့် ငြင်းပယ် ခံရခြင်း၊ နိုင်ငံသားဖြစ်ခွင့် ငြင်းပယ် ခံရခြင်းနှင့် အခြားသော ချိုးဖောက်ခံရမှုများ ဖြစ်ပေါ်စေခဲ့သည်။ ရခိုင်ပြည်နယ်မှာ မြန်မာနိုင်ငံတွင် အဆင်းရဲဆုံးပြည်နယ်ဖြစ်ပြီး ထိုပြည်နယ်အတွင်းရှိ လူ့အဖွဲ့အစည်း အားလုံးမှာ ဂရုစိုက်မှု၊ ပူပန်မှုများကို ထိုက်ထိုက်တန်တန်ရရှိကာ၊ ရိုဟင်ဂျာများ ရင်ဆိုင်နေရသည့် ကြောက်မက် ဖွယ်ကောင်းသော အခြေအနေများနှင့် ပတ်သက် ၍လည်း အစိုးရ၏ အရေးယူမှုကို ချက်ချင်းလိုအပ်သည်။

    နိုင်ငံရေးပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုက ဆိုးရွားသည့် ဤစိုးရိမ်ပူပင်မှုများကို မဖြေရှင်းနိုင်သေးသည့် အတွက် မိမိတို့က စိတ်ပျက်မိသည်။ တစ်ချိန်တည်းမှာပင် ထိုပြဿနာများအား အသေးစိတ်ဖြေရှင်းမှုများအား မြင်ရရန် အတွက် မိမိတို့ မျှော်လင့်မိသည်။ ထို့ပြင် ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေနှင့် အခြားသော ဘာသာရေး လူမျိုးရေးနှင့်ဆိုင်သည့် ဥပဒေများကဲ့သို့ ပြုပြင်ပြောင်းလဲရေး ကတိက၀တ်နှင့် မအပ်စပ်သော လုပ်ရပ်များကိုလည်း မိမိတို့က စိုးရိမ်မိသည်။

    နိဂုံးချုပ်နေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အရှိန်မြင့်လာစေရေး အမေရိကန်နှင့် အခြားသော အစိုးရများက ကြိုးပမ်းကြရန် မိမိတို့မှ တိုက်တွန်းလိုက်သည်။ လုံ့လ၀ိရိယအပြည့်ဖြင့် ကြိုစားဆောင်ရွက်နေပြီး လူ့အခွင့်အရေး၊ သည်းခံမှုနှင့် ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့်တို့ကို အားပေးမြှင့်တင်ရန် အတွက် ကိုယ်တိုင် စွန့်လွှတ် အနစ်နာခံရလေ့ရှိသည့် တက်ကြွလှုပ်ရှားသူများနှင့် အစိုးရများက ဆက်သွယ်ဆောင်ရွက်သင့်သည်။ လူ့အခွင့်အရေးနှင့် ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့်၊ အထူးသဖြင့် ဆိုးရွားသော ညှင်းပန်းနှိပ်စက်မှုများ၏ သားကောင်ဖြစ်နေရသည့် ရိုဟင်ဂျာမွတ်စလင်များ၏ အခွင့်အရေး စသည်တို့အတွက် ထောက်ပံ့ရန် အစိုးရအနေဖြင့် အခွင့်အလမ်းများကို ရှာဖွေသင့်သည်။

    .လေးမောင် ဘာသာပြန်သည်။

  • စာပေ သြဇာဂုဏ်ကြောင့် နိုင်ငံတွင် အပြောင်းအလဲ များစွာ ရှိလာနိုင်ဟု  ဒေါ်အောင်ဆန်းစုကြည်ပြော

    စာပေ သြဇာဂုဏ်ကြောင့် နိုင်ငံတွင် အပြောင်းအလဲ များစွာ ရှိလာနိုင်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

    သြဂုတ် ၂၅၊ ၂၀၁၄
    M-Media
    သတင်း/ဓါတ်ပုံ – လမင်း

    နိုင်ငံတစ်နိုင်ငံ၏ အပြောင်းအလဲစနစ်တွင် စာပေအနုပညာရှင်များ၏ ကဏ္ဍသည် အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

    3

    ရန်ကုန်။      ။ နိုင်ငံတစ်နိုင်ငံ၏ အပြောင်းအလဲစနစ်တွင် စာပေအနုပညာရှင်များ၏ ကဏ္ဍသည် လွန်စွာမှအရေးကြီးပြီး စာပေ သြဇာဂုဏ်ကြောင့် နိုင်ငံတွင် အပြောင်းအလဲ များစွာရှိလာနိုင်ပါသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆို လိုက်သည်။

    အဆိုပါစကားကို ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်လ ၂၅ ရက် ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ကျင်းပပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် စာပေအနုပညာရှင်များတွေ့ဆုံပွဲတွင် အဆိုပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    “စာပေအနုပညာတွေရဲ့ကဏ္ဍဟာ အရမ်းအင်မတန် အရေးပါတယ်။ သူတို့မှာသြဇာ အရမ်းလဲကြီးပါတယ်။ ကာတွန်း တစ်ကွက် ဟာလည်း အရမ်းကို ထိရောက်နိုင်ပြီး  ပြည်သူရဲ့အမြင်ကိုရောက်ပြန်ဟပ်ပါတယ်။ ကာတွန်းတစ်ခုကနေ သင်ခန်းစာရသွားတဲ့ သူတွေလည်းရှိပါတယ်။ ကျန်တဲ့ စာပေတွေ ကလည်း ကိုယ့်ကဏ္ဍနဲ့ ကိုယ်အရေးပါပါတယ်။ နိုင်ငံရဲ့ အပြောင်းအလဲ စနစ်ကို အားလုံးကူညီနိုင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်မှ စာပေအနုပညာရှင်များ၏ ကဏ္ဍနှင့်ပတ်သက်ပြီး ပြောကြားခဲ့သည်။

    2

    အနုပညာများအနေနှင့် အနုပညာနှင့်နိုင်ငံရေး မပတ်သက်ရဘူးဆိုတဲ့ အတွေးများကို သူမအနေနှင့်နားလည်နိုင်ပြီး ပြည်သူများကို မီးမောင်းထိုးပြ နိုင်မည့်သူများသည်လည်း စာပေ အနုပညာရှင်များသာဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် စစ်မှန်သော ဒီမိုကရေစီ ရရှိနိုင်ရန်အတွက် အနုပညာရှင်များမှ ကူညီပေးနိုင်ကြောင်း၊ ယခုချိန်သည် နိုင်ငံကောင်းစားရေး အတွက် ပြည်သူများ အားလုံး ၀ိုင်းဝန်း ဆောင်ရွက်ကြရမည့် အချိန်သို့ ရောက်ရှိနေကြောင်း ဆက်လက်ပြောဆိုခဲ့သည်။

    ယနေ့ စာပေအနုပညာရှင်များကို ခေါ်ယူတွေ့ဆုံ ရခြင်းမှာလည်း ပြည်သူများ ရောက်သင့်သည့် လမ်းကို ရောက်အောင် ပို့ဆောင်ပေးနိုင်သည့် စာပေ အနုပညာရှင်များကို မေတ္တာရပ်ခံခြင်းနှင့် စာပေ အနုပညာရှင်များ၏ အမြင်များကို သိရှိစေလိုသောကြောင့် ယခုကဲ့သို့ ခေါ်ယူတွေ့ဆုံရခြင်းဖြစ်ကြောင်း ဆိုသည်။

    1

    တက်ရောက်လာသော စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာ၊ ပန်းချီဆရာများမှ စာပေလောကတွင် ရှိနေသည့် အကြောင်းအရာများကို ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်ပင်ဆွေးနွေးခဲ့ကြသည်။

    “ကျွန်မတို့ကလည်း မြန်မာနိုင်ငံတော် ဒီမိုကရေစီအတွက် တတ်နိုင်တဲ့ တစ်ဖက်တစ်လမ်းကနေ အမြဲပါဝင်လုပ်ဆောင်ပေးနေပါတယ်။ ဒီနေ့ပွဲမှာ လူအစုံကိုတွေ့ရတဲ့အတွက်လည်း အရမ်းကိုပျော်ရွှင်မိပါတယ်။ ရင်ဘတ်ချင်းတူလို့ ဒီနေရာကိုအားလုံးရောက်လာကြတာပါ နောက်ကိုလည်း
    ဒီလိုပွဲတွေ မကြာခဏလုပ်ပေးပြီး ၀ိုင်းဝန်း စဉ်းစားကြတာကောင်းမယ်လို့ထင်မိပါတယ်။”ဟု တက်ရောက်လာသော စာရေးဆရာမ တစ်ဦးဖြစ်သူ ဆရာမ ဒေါ်စန်းစန်းနွဲ့ (သာယာဝတီ) ကသုံးသပ်ပြောကြားသည်။

    တက်ရောက်လာသော စာပေအနု ပညာရှင်များ ဆွေးနွေးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်မှ နိုင်ငံရေးသမားများနှင့် စာပေသမားများဟာ တစ်ယောက်အပေါ် တစ်ယောက်အမှီသဟဲပြုနေကြပြီး ကိုင်းကျွန်းမီ ကျွန်းကိုင်းမီ စိတ်နှင့်နေသွားရန်လိုအပ်ကြောင်း၊ ယနေ့ ဆွေးနွေးအကြံပြုချက်များ တောင်းဆိုမှုများကို ယင်း အနေနှင့် တတ်နိုင်သလောက် လုပ်ဆောင်သွားမည်ဖြစ်ပြီး နောက်နောင်တွင်လည်း ယခုကဲ့သို့ တွေ့ဆုံပွဲများကို ကျင်းပနိုင်ရန်ကြိုးစားပြီး နိုင်ငံ တိုးတက်ရေးအတွက် ၀ိုင်းဝန်လုပ်ဆောင်သွားကြမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

  • စစ်ဘေးခံ ဂါဇာ ကလေးငယ်များ အတွက် မြန်မာလူငယ်များမှ တီရှပ်ရောင်း ရံပုံငွေရှာပြီး လှူဒါန်း

    စစ်ဘေးခံ ဂါဇာ ကလေးငယ်များ အတွက် မြန်မာလူငယ်များမှ တီရှပ်ရောင်း ရံပုံငွေရှာပြီး လှူဒါန်း

    သြဂုတ် ၂၅ ၊ ၂၀၁၄
    M-Media
    သူရိန်
    10385411_691367340956321_1129017133502816311_n
    Community Learning Center မှ လူငယ်များ၏  ဂါဇာရှိ စစ်ဘေးဒုက္ခသည် ပါလက်စတိုင်း ကလေးငယ်များအတွက် လူသားချင်းဆိုင်ရာ စာနာထောက်ထားမှု အကူအညီအဖြစ် အလှူငွေပေးအပ်ပွဲကို သြဂုတ်လ ၂၃ ရက်နေ့က ရန်ကုန်မြို့ နယူးဧရာဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်

    အကူအညီပေးရေး လှုပ်ရှားမှုကို Community Learning Center မှ လူငယ်များက ဂါဇာကလေးငယ်များ သေဆုံးနေရမှုနဲ့ပတ်သက်ပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဝါကျွတ် အီးဒ်နေ့ပွဲတော်တွင် အင်္ကျီဆင်တူများ နေတစ်ပိုင်း ဝတ်ဖို့ တိုင်ပင်ရာမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့မှ ဦးဆောင်လှုပ်ရှားသူ တဦးကပြောပါတယ်။

    အဆိုပါအဖွဲ့ရဲ့ လူငယ်များမှ အင်္ကျီများကို တန်ဖိုးတစ်ခု သတ်မှတ်ပြီး ရောင်းချကာ ဂါဇာ ကလေးငယ်များအတွက် လူသားချင်းစာနာထောက်ထားမှု အလှူငွေ ရန်ပုံငွေ မတည်ခဲ့ခြင်းဖြစ်ကြောင်း၊ ရန်ပုံငွေ အဖြစ်ရောင်းချခဲ့တဲ့ အင်္ကျီဒီဇိုင်းကို  နိုင်ငံရေး၊ ဘာသာရေးနဲ့ လူမျိုးရေးအစွဲကင်းပြီး အားလုံးကို ကိုယ်စားပြုတဲ့ စာသားဖြစ်တဲ့ “We stand with the oppressed” ဖိနှိပ်ခံအားလုံးနဲ့ ကျွန်တော်တို့ အတူတကွရှိနေပါတယ်၊ ရပ်တည်ပါတယ် ဆိုတဲ့ စာသားကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း အဖွဲ့ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။ အဖိနှိပ်ခံဆိုရာမှာ ပဋိပက္ခတွေမှာ မြေဇာပင်ဖြစ်ကြရပြီး ဒုက္ခသည်ဘဝကို ခါးစီးခံနေရတဲ့ ကမ္ဘာပေါ်က အဖိနှိပ်ခံ အားလုံးကို ဆိုလိုကြောင်းလည်း ရှင်းပြထားတာကို တွေ့ရပါတယ်။

    1463018_691370684289320_4950634767695908481_n

    အင်္ကျီ တစ်ထည်ကို ၂၀၀၀ ကျပ်ဖြင့် ပထမဦးစွာ online campaign လုပ်ပြီး ဦးစွာရောင်းချခဲ့ပြီး၊ နိုင်ငံတကာ လူငယ်အထိမ်းအမှတ်နေ့ကျင်းပရာ စိန်ရတု ခန်းမမှာလည်း ရောင်းချခဲ့ကြောင်း ။ မွတ်စလင်မ်များသာမက ဗုဒ္ဓဘာသာဝင်၊ ခရစ်ယာန် နဲ့ ဟိန္ဒူဘာသာဝင် စသည့်ဘာသာပေါင်းစုံမှ စေတနာရှင်များမှ ဝယ်ယူအားပေးခဲ့ပြီး အားပေးစကားများ ပြောခဲ့ကြောင်း သိရပါတယ်။

    စုစုပေါင်း ရံပုံငွေ မြန်မာကျပ်ငွေ ၁၅ သိန်းခန့် (USD 1540)ရရှိခဲ့ကြောင်း  ထိုအလှူငွေများကို ဂါဇာတွင် လူသားချင်းစာနာမှု အကူအညီများ ပေးနေသော လန်ဒန်အခြေစိုက် MAUK ဌာနချုပ်သို့ ပေးအပ်လှူဒါန်းခဲ့ပြီး MAUK မြန်မာရုံးခွဲမှ တဆင့်လက်ခံပေးခဲ့ကြောင်း။ ထိုသို့လှူဒါန်းရာတွင် တစ်ဦးတစ်ဖွဲ့အနေနှင့် မဟုတ်ဘဲ မြန်မာနိုင်ငံသားများမှ ဂါဇာ ကလေးငယ်များအတွက် အလှူဆိုသည့် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းကို သိရှိရပါတယ်။

    အလှူငွေပေးအပ်ပွဲအခမ်းအနားကို ဘာသာတရားပေါင်းစုံမှ ခေါင်းဆောင်များဖြစ်ကြသည့်  အစ္စလာမ့်ဓမ္မဗိမာန်ဆော်ဩရေးမှူး အလ်ဟဂ်ျ ဦးအေးလွင်၊ ခရစ်ယာန်ဆရာတော် ပရော်ဖက်ဆာ ဒေါက်တာစောလှိုင်ဘွား၊ ဟိန္ဒူ ဓမ္မဆရာကြီး ဆရာဦးစန်းမင်းနိုင် နှင့် လူငယ်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ ကိုမိုဃ်းသွေး တို့တက်ရောက်ချီးမြှင့်ပေးခဲ့ကြပြီး လူသားချင်းဆိုင်ရာစာနာထောက်ထားမူနဲ့ပတ်သက်၍ အမှာစကားများနှင့် အားပေးစကားများ ပြောကြားပေးခဲ့ကြောင်းသိရပါတယ်။
    10646627_691370170956038_4503232275737728476_n
    အလှူငွေကို  MAUK(HQ) ကိုယ်စား ရန်ကုန်ရုံးခွဲ ဌာနေကိုယ်စားလှယ် ကိုယ်တိုင်တက်ရောက် မှ တက်ရောက်လက်ခံပေးခဲ့ကြောင်းလည်း သိရပါတယ်။

    ဂါဇာတွင်  အပြစ်မဲ့ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် အရပ်ဖက်ပစ်မှတ်များကို အစ္စရေး၏ ရက်ရက်စက်စက် ပစ်ခတ်တိုက်ခိုက်မှုအပေါ် ဂျူးများ အပါအဝင် လူမှုရေးလှုပ်ရှားသူများ နိုင်ငံတကာပြည်သူများမှ တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် ဆန့်ကျင်လျက်ရှိပါတယ်။

    10600595_691367700956285_1143721014189159452_n

    Community Learning Center မှ ပရဟိတလူငယ်မောင်မယ်များမှာ လတ်တလောတွင် ပဲခူးရေဘေးအတွက် ဒေသခံ ဗလီဝတ်ကျောင်းတော်မှ တာဝန်ရှိသူများ၊ ရဟန်းသံဃာများ၊ လူမှုရေးတက်ကြွကူညီသူများနှင့် ပူးပေါင်းကာ လူမျိုးဘာသာမခွဲခြားဘဲ စာနာမှုအကူအညီများကို ရေဘေးနေရာများအထိ ကွင်းဆင်း ကူညီပေးလျက်ရှိသည်။

    Ref: Stand With the Oppressed Facebook Page
    ဓါတ်ပုံ- သန့်ဇင်ထွေး

  • မွတ်စ်လင်မ် လူ့အဖွဲ့အစည်း အပေါ် အားပေးရေး လှုပ်ရှားမှု ဂျူးနှင့် ခရစ်ယာန် ခေါင်းဆောင်များ ပြုလုပ်

    မွတ်စ်လင်မ် လူ့အဖွဲ့အစည်း အပေါ် အားပေးရေး လှုပ်ရှားမှု ဂျူးနှင့် ခရစ်ယာန် ခေါင်းဆောင်များ ပြုလုပ်

    သြဂုတ် ၂၅ ၊ ၂၀၁၄
    M-Media

    ခွဲခြားဆက်ဆံမှုအား ဆန့်ကျင်ပြီး မွတ်စ်လင်မ် လူ့အဖွဲ့အစည်း အပေါ် အားပေးရေး လှုပ်ရှားမှု  သြစတေးလျ ဂျူးနှင့် ခရစ်ယာန် ခေါင်းဆောင်များ ပြုလုပ်

    0540f78a-017a-46b2-85e1-586ada38d5d9-460x98
    မွတ်စ်လင်မ်လူ့အဖွဲ့အစည်းကို အားပေးရန်အတွက် “မွတ်စ်လင်မ်တို့အပေါ် ကျွန်ုပ်တို့၏ နှစ်တစ်ရာ မေတ္တာ” – “We’ll love Muslims 100 years” ဟု ခေါ်တွင်သော ကမ်ပိန်းတစ်ရပ်တွင် မိမိတို့နှင့်အတူ ပူးပေါင်းပါဝင်ရန်အတွက် သြစတေးလျ လူထုအား ခရစ်ယာန်နှင့် ဂျူးခေါင်းဆောင်များက ဖိတ်ခေါ် တိုက်တွန်းလိုက်သည်။

    သြစတေးလျမွတ်စ်လင်မ်များအပေါ် အားပေးထောက်ခံခြင်းကို သောကြာနေ့တွင် နျူးဆောက်ဝေးလ်၊ သြစတေးလျတောင်ပိုင်း နှင့် အနောက်ပိုင်း၌ သြစတေးလျ ခရစ်ယာန်ကျောင်းတော် ဂိုဏ်းအုပ်များဖြစ်သော Brad Chilcott ၊ Tim Costello နှင့် အခြားခေါင်းဆောင်များမှ ကြေညာရန် စီစဉ်ခဲ့သည်။ ယင်းအစီအစဉ်များ၌ က  ပူးပေါင်းပါဝင်သည်။

    ဂျူးဘုန်းတော်ကြီး Zalman Kastel
    ဂျူးဘုန်းတော်ကြီး Zalman Kastel

    (၂၁)ရာစု၏ ကျန်ရှိသောကာလတစ်လျှောက် အစွန်းရောက်အစ္စလာမ်ကို စစ်ဆင်ရန် သြစတေးလျမှ ကြိုတင်ပြင်ဆင်ထားရမည် ဟူသော စစ်ဦးစီးဟောင်း Peter Leahy ၏ မျက်ကန်းအဆိုအား ယင်းခေါင်းစဉ်ဖြင့် တန်ပြန်လိုက်ခြင်းဖြစ်သည်။ ၎င်းသူသည် “ငါတို့နှင့် သူတို့” ဟူသော ခွဲခြားရေးအသုံးအနှုန်းဖြင့် ဖော်ပြခဲ့ပြီး၊ သတ်ဖြတ်ခံရသည့် ခရစ်ယာန်တို့နှင့် ပတ်သက်၍ အသံထုတ်ခဲ့ခြင်းဖြစ်ကာ ယာဇီဒီနှင့် မွတ်စ်လင်မ်များမှာလည်း ပစ်မှတ်ထားခံခဲ့ရကြောင်းကိုမူ အသိအမှတ်မပြုခဲ့ချေ။

    နိုင်ငံတော်အဆင့် နိုင်ငံရေးအချေအတင်ဆွေးနွေးပွဲ၌  အရှေ့အလယ်ပိုင်းမှ အကြမ်းဖက်ဝါဒအပေါ် တုန့်ပြန်ခြင်းဖြင့် မွတ်စ်လင်မ်ခေါင်းဆောင်များက နှုတ်ဆိတ် မနေကြောင်း ပြသခဲ့ပြီးဖြစ်သည်။

    “ဒီလိုပြောဆိုချက်ကြောင့် ဘ၀လမ်းကြောင်းအသီးသီးက မွတ်စ်လင်မ်လူငယ်တွေအနေနဲ့ မိမိတို့ဟာ ခွဲခြားဖယ်ကြဉ်ခံရတယ်လို့ ခံစားနေကြရတယ်။ သူတို့အားလုံးဟာ သြစတေးလျ ရှင်သန်မှုအတွက် (ကျရာနေရာက) အကျိုးပြုနေတဲ့ ကျောင်းသူ/ကျောင်းသားတွေ၊ အင်ဂျင်နီယာတွေ၊ ဆရာဝန်တွေပါ ” ဟု Welcome to Australia ၏ ဒါရိုက်တာချုပ် Chilcott မှ ပြောသည်။

    “ နေ့စဉ်နဲ့အမျှ သြစတေးလျမှာ ဘာသာတရားများ နားလည်မှုလုပ်ငန်းစဉ်တွေ တစ်ပုံတစ်ပင်ရှိနေလင့်ကစား လူမှုရေးမှာရော၊ အထွေထွေကဏ္ဍများမှာပါ ရုန့်ရင်းကြမ်းတမ်းတဲ့အပြောအဆိုတွေ တွေ့နေရမှုအပေါ် ကျွန်တော် စိုးရိမ်မိခဲ့ပါတယ်။ ကျွန်တော်တို့အားလုံးဟာ တစ်လှေတည်းစီး
    တစ်ခရီးတည်း သွားနေသူတွေပါ။ အကျိုးရလဒ်ကတော့ လွန်ခဲ့တဲ့နှစ် အနည်းငယ်အတွင်း အကြမ်းဖက်သမားတွေလို့ ထင်အောင် ဖန်တီးခံရတဲ့ မွတ်စ်လင်မ်တွေ ရှိလာတယ်။ ၉/၁၁ နှောင်းပိုင်းကာလများအတိုင်း သူတို့က ပတ်ဝန်းကျင်ကို တင်ပြနေကြပါတယ်။ယဉ်ကျေးမှုတစ်ခုနားမလည်ပေးနိုင်ခြင်းရဲ့ အဖြေလို့သာ ပြောရပါလိမ့်မယ်။ တကယ်လို့များ ငြိမ်းချမ်းရေးဆိုတဲ့ ရလဒ်ကိုသာ တကယ်ရမယ်ဆိုရင် အဲ့ဒီစကားလုံးကို ကျွန်တော် အသုံးပြုကောင်းပြုမိပါလိမ့်မယ်” ဟု မီဒီယာများ၏ မွတ်စ်လင်မ်ဆန့်ကျင်မှုသွားပုပ်လေလွင့်စကားများအတိုင်း ကျင့်ဆောင်မိမတတ် ဖြစ်သွားကြောင်း Kastel  က ဆိုသည်။ Kastel သည် အယူသည်း ရှေးရိုးစွဲ ဂျူးအသိုင်းအ၀ိုင်းမှ ကြီးပြင်းလာသူဖြစ်ပြီး၊ Together for Humanity Foundation အမည်ရှိ ဘာသာပေါင်းစုံအဖွဲ့အစည်း၏ ဒါရိုက်တာချုပ် ဖြစ်၏။

    ၂၀၀၁ စက်တင်ဘာ ၁၁ ၏ နိမိတ်ဆိုး ဖြစ်လာတော့မယောင် အစိုးရ၏၀ါဒဖြန့်ချက်နှင့် မွတ်စ်လင်မ်လူ့အဖွဲ့အစည်းအား မကောင်းပုံဖော်ချက်များမှာ စည်းလုံးမှုပြိုကွဲခြင်း နှင့် အကြွင်းမဲ့တစ်ယူသန်အစွန်းရောက်ခြင်းဖက်သို့သာ ဦးတည်သွားစေမည့် အခြေအနေတို့ကို ဖန်တီးရာရောက်ကြောင်း Chilcott မှ အောက်ပါကဲ့သို့ ဆိုပါသည်။

    “ခင်ဗျားတို့အနေနဲ့ လူတစ်စုကို အလုပ်လက်မဲ့ဖြစ်လို့၊ အသက်ငယ်လို့၊ မသန်စွမ်းလို့ဖြစ်စေ – အယူဝါဒကွဲပြားနေလို့ဖြစ်စေ ဖယ်ကြဉ်စိမ်းကားခြင်းဟာ အာဏာပိုင်တွေကို ပြည်သူတွေ အယုံကြည်ကင်းမဲ့စေတဲ့ အခြေအနေများကို ဖန်တီးလိုက်တာပါပဲ။ သူတို့ဟာ အလွှာစုံလူ့အသိုင်းအ၀န်းကနေ
    ခွဲထွက်သွားတတ်ပါတယ်။ အထီးကျန်စေခြင်းက အမျက်ဒေါသနဲ့ မတည်ငြိမ်မှုကို ဖြစ်ပေါ်လာစေပါတယ်”။

    မွတ်စ်လင်မ်လူ့အဖွဲ့အစည်းကို အားပေးရပ်တည်ဖို့ လက်မှတ်ထိုးထုတ်ပြန်နိုင်ရေးအတွက် အဆိုပါ ကမ်ပိန်းမှ လှုံ့ဆော်တိုက်တွန်းလျက်ရှိသည်။

    Ref : The Guardian

  • အလ်ဂျီရီးယား ကလပ်အသင်းမှ ကင်မရွန်းတိုက်စစ်မှူး  ကျောက်တုံးဖြင့် ပစ်ပေါက်ခံရမှုကြောင့် သေဆုံး

    အလ်ဂျီရီးယား ကလပ်အသင်းမှ ကင်မရွန်းတိုက်စစ်မှူး ကျောက်တုံးဖြင့် ပစ်ပေါက်ခံရမှုကြောင့် သေဆုံး

    သြဂုတ် ၂၅ ၊ ၂၀၁၄
    M-Media
    Player killed in Algerian league game
    – အလ်ဂျီးရီးယား ကလပ် JS Kabylie အသင်းမှ ကင်မရွန်းတိုက်စစ်မှူးတစ်ဦးမှာ ကျောက်တုံးဖြင့် ပစ်ပေါက်ခံရမှုကြောင့် သေဆုံးသွားခဲ့သည်ဟု သိရသည်။

    USM Alger အသင်းအား ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ယမန်နေ့ပွဲတွင် တစ်ဂိုးသွင်းယူပေးခဲ့သည့် တိုက်စစ်မှူး အဲလ်ဘာတ် အီဘိုစီမှာ ပွဲအပြီးတွင် ကွင်းအတွင်းမှ ထွက်ခွာစဉ် ပစ်ပေါက်ခံခဲ့ရခြင်းဖြစ်ပြီး လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ခေါ်ဆောင်သွားစဉ် လမ်းတစ်ဝက်မှာပင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

    “စိတ်ပျက်ရပါတယ်။ ဒီလိုဖြစ်မယ်မှန်း မသိခဲ့ပါဘူး။ သူဟာ ကျွန်တော့်လက်ထဲမှာ သေဆုံးခဲ့တာပါ။ သူ့ကို(အီဘိုစီကို) ထာဝရ ဆုံးရှုံးသွားရပြီဆိုတာ ယုံတောင် မယုံနိုင်ပါဘူး။ သူဟာ တကယ်ကောင်းတဲ့သူပါ။ ငြိမ်းချမ်းတဲ့ဘုံဘ၀ ရောက်ရှိပါစေ” ဟု အီဘိုစီအား ဆေးရုံသို့ လိုက်ပါပို့ဆောင်ခဲ့သည့် အသင်းခေါင်းဆောင် အလီရီအဲလ်က ပြောကြားခဲ့သည်။

    အသင်းဖော်တစ်ဦးဖြစ်သူ ဂျမီးလွဒ်ဒီန်းကလည်း အီဘိုစီသေဆုံးရမှုအတွက် အလွန်ဝမ်းနည်းမိကြောင်း၊ ယခုအဖြစ်အပျက်မှာ တစ်နိုင်ငံလုံးအတွက် အရှက်စရာဖြစ်ကြောင်း ပြောကြားခဲ့သည်။

    JS Kabylie အသင်းကမူ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရတို့၏ ညွှန်ကြားမှုဖြင့် အီဘိုစီသေဆုံးရခြင်းအတွက် စုံးစမ်းစစ်ဆေးမှုများကို ပြုလုပ်နေကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။