News @ M-Media

Blog

  • ဂါဇာ အပစ်ရပ်ရေး ပျက်ပြယ်ပြန်၊ အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ဂါဇာပြည်သူ အနည်းဆုံး ၃ ဦးသေဆုံး

    ဂါဇာ အပစ်ရပ်ရေး ပျက်ပြယ်ပြန်၊ အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ဂါဇာပြည်သူ အနည်းဆုံး ၃ ဦးသေဆုံး

    သြဂုတ် ၂၀၊ ၂၀၁၄
    M-Media
    Gaza_truce_in_tatters_as_violence_resumes_-_Middle_East_-_Al_Jazeera_English_-_2014-08-20_14.58.08
    – တစ်ပတ်တာ ကြာမြင့်ခဲ့သည့် ဂါဇာကမ်းမြှောင် အပစ်ရပ်ရေးမှာ ယမန်နေ့က ပျက်ပြယ်သွာခဲ့ပြီး အစ္စရေးက လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် အနည်းဆုံး ပါလက်စတိုင်း ၃ ဦး သေဆုံးသွား ခဲ့သည်ဟု သိရသည်။

    ထိုကဲ့သို့ ပျက်ပြယ်ခဲ့ခြင်းအတွက် အစ္စရေးနှင့် ဟားမက်စ်တို့က အပြန်အလှန် အပြစ်တင်နေကြပြီး အမြဲတမ်းငြိမ်းချမ်းရေး ရရှိရန် ကိုင်ရိုတွင် ဆွေးနွေးမှုများပြုလုပ်နေသည့်  ကိုယ်စားလှယ်အဖွဲ့ကို အစ္စရေးက ပြန်လည်ခေါ်ယူခဲ့သည်။

    ရှိခ် ရဒ်ဝန် ခရိုင်တွင် အစ္စရေး၏ လေကြောင်းမှ တိုက်ခိုက်မှုအတွင်း အမျိုးသမီး နှစ်ဦးနှင့် ကလေးတစ်ဦး သေဆုံးခဲ့ပြီး ရာဖာအနီး တိုက်ခိုက်မှုတွင်လည်း ကလေးနှစ်ဦး ဒဏ်ရာရခဲ့သည်။

    ဟားမက်စ်အဖွဲခွဲ့ ကွာဆမ် ဘရီဂိတ်ကလည်း ၎င်းတို့အနေဖြင့် အစ္စရေးဘက်သို့ ဒုံးကျည်များ ပစ်ခတ်ခဲ့သည်ဟု Twitter စာမျက်နှာတွင် ဖော်ပြခဲ့သည်။

    Al Jazeera and agencies

  • နာဇီသတ်ကွင်းမှ လွတ်ခဲ့သည့် ဂျူး ၃၀၀ ကျော်မှ ဂါဇာကို အစ္စရေး ကျူးကျော်သတ်ဖြတ်မှု ရှုတ်ချသည့် စာတစောင်ထုတ်ပြန်

    နာဇီသတ်ကွင်းမှ လွတ်ခဲ့သည့် ဂျူး ၃၀၀ ကျော်မှ ဂါဇာကို အစ္စရေး ကျူးကျော်သတ်ဖြတ်မှု ရှုတ်ချသည့် စာတစောင်ထုတ်ပြန်

    သြဂုတ် ၂၀ ၊၂၀၁၄
    M-Media

    ဂါဇာပြည်သူများအား သတ်ဖြတ်မှုကို ရှုတ်ချသော စာတစ်စောင်အား နာဇီတို့၏ သတ်ဖြတ်မှုမှ လွတ်မြောက်လာသူ ဂျူး ၃၀၀ ကျော်မှ လက်မှတ်ရေးထိုး ထုတ်ပြန်
    IMAGE011-900x599
    – အစ္စရေးမှ ဂါဇာကမ်းမြှောင်အား ကျူးကျော်တိုက်ခိုက်ပြီး ဂါဇာပြည်သူများအား သတ်ဖြတ်မှုကို ကန့်ကွက်ရှုတ်ချသည့် စာတစ်စောင်ကို နာဇီတို့၏ လူမျိုးတုန်းသတ်ဖြတ်မှုမှ အသက်ရှင် ကျန်ရစ်သူများနှင့် ၎င်းတို့၏ အဆက်အနွယ် စုစုပေါင်း ၃၁၃ ဦးက လက်မှတ်ရေးထိုးကာ ထုတ်ပြန်လိုက်သည်ဟု သိရသည်။

    ထိုစာတွင် ဂါဇာပြည်သူများအား သတ်ဖြတ်နေမှုနှင့် သမိုင်းဝင်ပါလက်စတိုင်းနယ်မြေအား သိမ်းပိုက်နေမှုများကို ရှုတ်ချကြောင်း၊ အစ္စရေးအား ထောက်ပံ့နေသည့် အမေရိကန်နှင့် သံတမန်နည်လမ်းအရ အကာအကွယ်ပေးနေသော အနောက်နိုင်ငံများကိုလည်း ကန့်ကွက်ကြောင်း ဖော်ပြထားပြီး ဂါဇာကျူးကျော်တိုက်ခိုက်မှုအတွက် အကြောင်းပြချက်ပေးရန် နာဇီတို့၏ လူမျိုးတုန်းသတ်ဖြတ်မှုသမိုင်းကို လုပ်ကြံပြင်ဆင်ခဲ့သော အမေရိကန်ဂျူး စာရေးဆရာ အီလီဝီစီလ်ကိုလည်း တု့န်ပြန်ထားသည်။

    ၎င်းတို့ရေးသားထားသော စာအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

    နာဇီတို့၏ လူမျိုးတုန်းသတ်ဖြတ်မှုမှ အသက်ရှင်ကျန်ရစ်သူများနှင့် ၎င်းတို့၏ မျိုးဆက်များဖြစ်သည့် ကျွန်ုပ်တို့အနေဖြင့် ဂါဇာရှိ ပါလက်စတိုင်းများအား သတ်ဖြတ်မှု၊ သမိုင်းဝင် ပါလက်စတိုင်းဒေသအား သိမ်းပိုက်နယ်ချဲ့နေမှုတို့ကို ပြတ်ပြတ်သားသား ကန့်ကွက်ရှုတ်ချသည်။

    တိုက်ခိုက်မှုများပြုလုပ်ရန်အတွက် အစ္စရေးအား ရန်ပုံငွေထောက်ပံ့နေသည့် အမေရိကန်နှင့် အစ္စရေးအား သံတမန်နည်းလမ်းအသုံးပြု၍ ကာကွယ်ပေးနေသည့် အနောက်နိုင်ငံများကိုလည်း မိမိတို့မှ ထပ်မံ၍ ကန့်ကွက်ရှုတ်ချသည်။ လူမျိုးတုန်းသတ်ဖြတ်မှုမှာ ကမ္ဘာကြီး၏ နှုတ်ဆိတ်နေမှုနှင့်အတူ
    စတင်ခဲ့ခြင်းဖြစ်သည်။

    အစ္စရေးလူ့အဖွဲ့အစည်းအတွင်း ပြင်းထန်သည့် အခြေအနေသို့ ရောက်ရှိနေသော အစွန်းရောက်ခြင်း၊ လူမျိုးရေးခွဲခြားခြင်းနှင့် ပါလက်စတိုင်းများအား လူ့ဂုဏ်သိက္ခာ ကင်းမဲ့စေခြင်းတို့ အတွက်လည်း မိမိတို့မှ သတိပေးသည်။ အစ္စရေးတွင် နိုင်ငံရေးသမားများ၊ ပညာရှင်များက The Times of Israel၊ The Jerusalem Post သတင်းစာများမှတစ်ဆင့် ပါလက်စတိုင်းများအား လူမျိုးတုန်းသတ်ဖြတ်ရန် ပြောင်ပြောင်တင်းတင်း တိုက်တွန်းနေကြပြီး၊ လက်ယာစွန်းရောက် အစ္စရေးများကလည်း နာဇီလက်သစ် ပုံစံများကို လက်ခံကျင့်သုံးလာကြသည်။

    ၎င်းအပြင် နှိုင်းယှဉ်၍မရသော အရာနှစ်ခုကို နှိုင်းယှဉ်ပြောဆိုကာ မုသားများအား အရှက်မရှိ အားပေးမြှင့်တင်ရန်အတွက် ထိုသတင်းစာများတွင် မိမိတို့၏ သမိုင်းအား အီလီ ၀ီစီလ်က စော်ကားမှုကိုလည်း မိမိတို့ ရွံရှာစက်ဆုပ်မိသည်။ ထို့ပြင် ဂါဇာဒေသအား ဖျက်ဆီးရန် အစ္စရေးတို့၏ ကြိုးပမ်းမှုနှင့် ကလေးငယ်ရာပေါင်းများစွာ အပါအ၀င် လူ ၂၀၀၀ နီးပါး သတ်ဖြတ်ခဲ့မှုကိုလည်း မိမိတို့က ရွံရှာမိသည်။ ကုလ၏ ကယ်ဆယ်ရေးစခန်းများ၊ နေအိမ်များ၊ ဆေးရုံများနှင့် တက္ကသိုလ်များကို ဗုံးကြဲတိုက်ခိုက်မှုများ၊ ပါလက်စတိုင်းပြည်သူများအား လျှပ်စစ်နှင့် သောက်သုံးရေ ပြတ်တောက်စေခြင်းတို့အတွက် မည်သည့်အရာနှင့်မှ တန်းညှိဖုံးကွယ်၍ မရချေ။

    လက်ရှိဖြစ်ပွားနေသော ပါလက်စတိုင်းများကို လူမျိုးတုန်းသတ်ဖြတ်မှုပါအ၀င် လူမျိုးရေးခွဲခြားမှု ပုံစံအားလုံးအား အဆုံးသတ်စေရန်အတွက် ကျွန်ုပ်တို့၏ စုပေါင်း တောင်းဆိုမှုများကို မြှင့်တင်ရမည်ဖြစ်ပြီး စုပေါင်းအားကိုလည်း အသုံးချရမည်ဖြစ်သည်။

    ဂါဇာဒေသအား ၀န်းရံပိတ်ဆို့ထားခြင်းကို ချက်ချင်းအဆုံးသတ်ရန် ကျွန်ုပ်တို့မှ တိုက်တွန်းလိုက်သည်။ အစ္စရေးအား စီးပွားရေး၊ ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာတို့တွင် ပြတ်ပြတ်သားသား သပိတ်မှောက်ရေးအတွက်လည်း တိုက်တွန်းသည်။ “ဘယ်တော့မှ ထပ်မဖြစ်ရ” – မည်သူ့အတွက် မည်သည့်အချိန်မှ ထပ်မဖြစ်ရဟု ဆိုလိုသည်။

    လက်မှတ်ရေးထိုးကြသူများ

    နာဇီတို့၏သတ်ဖြတ်မှုမှ အသက်ရှင် ကျန်ရစ်သူများ

    ၁။ ဟာဂျို မေယာ- ဟော်လန် (အော့ဇ၀စ် အကျဉ်းစခန်းမှ လွတ်မြောက်လာသူ)
    ၂။ ဟင်နရီ ၀ဂ်ျနဘလန်း- ဘယ်လ်ဂျီယံ ( ပိုလန် အော့ဇ၀စ် အကျဉ်းစခန်းတွင် အသတ်ခံရသူ၏သား – ၎င်းကိုယ်တိုင်လည်း အော့ဇ၀စ် အကျဉ်းစခန်းမှ လွတ်မြောက်လာသူ)
    ၃။ ရီနိတ် ဘရိုက်ဒန်သဲလ်- အမေရိကန် (ဟစ်တလာ၏ ဂျူးကလေးငယ်ဒုက္ခသည်- အော့ဇ၀စ် အကျဉ်းစခန်းတွင် အသတ်ခံရသူ၏ မြေး)
    ၄။ မာရီယန်ကာ အာလင်ခ်ျရို့စ် – အမေရိကန် (သြစတီးယားနိုင်ငံ ဗီယင်နာတွင် နာဇီတို့၏ မျိုးတုန်းသတ်ဖြတ်မှုမှ လွတ်မြောက်လာသူ)
    ၅။ အိုင်ရီနာ ကလပ်ဖစ်ဇ် – အမေရိကန် (ပိုလန်နိုင်ငံ ၀ါဆော အကျဉ်းစခန်းမှ ကလေးဒုက္ခသည်အဖြစ် လွတ်မြောက်လာသူ)
    ၆။ ဟီဒီ အက်ပ်စတိန်း-အမေရိကန် (သူမ၏ မိဘနှင့် မိသားစုဝင်အားလုံးမှာ အော့ဇ၀စ် အကျဉ်းစခန်းတွင် အသတ်ခံခဲ့ရသည်)
    ၇။ လီလီယန် ရိုဆန်ဂါတန်-အမေရိကန် (နာဇီတို့၏ ဟိုလိုကတ်စ်အစီအစဉ်မှ လွတ်မြောက်လာသူ)
    ၈။ ဆူဇန်နီ ၀ိုက်စ်- ကနေဒါ (အော့ဇ၀စ် အကျဉ်းစခန်းတွင် အသတ်ခံခဲ့ရသူ၏ သမီး၊ ၎င်းကိုယ်တိုင်မှာလည်း အကျဉ်းစခန်းမှ လွတ်မြောက်လာသူ)
    ၉။ အိခ်ျ ရစ်ချက် လုန့်ခ်ျတဂ်-အမေရိကန် (နာဇီတို့လက်မှ လွတ်လာသူ)
    ၁၀။ အာဗင် စိုမိုဂျီး-အမေရိကန် (နာဇီတို့လက်မှ လွတ်လာသူ)
    ၁၁။ အီလ်စီ ဟဒ်ဒါ-အမေရိကန် (နာဇီတို့လက်မှ လွတ်လာသူ)
    ၁၂။ ဂျက်ကွီစ် ဂလဆာရ်-ပြင်သစ် (နာဇီတို့လက်မှ လွတ်လာသူ)
    ၁၃။ နော်ရ်ဘာတ် ဟီရ်ရှက်ဟွန်-လန်ဒန် (နာဇီတို့၏ လူမျိုးတုန်းသတ်ဖြတ်မှုမှ လွတ်လာသူ၊ ၎င်း၏ အဘိုးအဘွားများမှ နာဇီတို့၏ သတ်ဖြတ်ခြင်း ခံခဲ့ရသည်)
    ၁၄။ အီဗာ နေလာ-နယူးဇီလန် (နာဇီတို့လက်မှ လွတ်လာသူ)
    ၁၅။ ဆူဇန်နီရို့စ်-အမေရိကန် (ဘယ်လ်ဂျီယံသို့ နာဇီတို့၏ သိမ်းပိုက်မှုတွင်း ကလေးဒုက္ခသည်အဖြစ် လွတ်မြောက်လာသူ၊ သူမ၏ မိသားစု သုံးပုံနှစ်ပုံမှာ နာဇီတို့၏ အကျဉ်းစခန်းများတွင် သေဆုံးခဲ့ရသည်။)
    ၁၆။ ဘားနတ် ဆွီရက်ဇ်-အမေရိကန် (ပိုလန်မှ လွတ်မြောက်လာသူ၊ ၎င်း၏ ဆွေမျိုးများမှာမက်ဂ်ျဒါနက် အကျဉ်းစခန်းတွင် သေဆုံးခဲ့ကြသည်။)
    ၁၇။ ဂျိုးဆက်ပ် ကလင်ကော့ဗ်-ပိုလန် (ပိုလန်တွင်ပုန်းနေရာမှ လွတ်မြောက်လာသူ)
    ၁၈။ နီကိုးလ်မီလ်နာ-အမေရိကန် (ဘယ်လ်ဂျီယံမှ လွတ်မြောက်လာသူ)
    ၁၉။ ဟီဒီ ဆာရက်ဖ်-အမေရိကန် (ကလေးအဖြစ် လွတ်မြောက်လာသူ)
    ၂၀။ မိုက်ကယ်ရိုက်စ်-အမေရိကန် (ကလေးအဖြစ် လွတ်မြောက်လာသူ၊ ၎င်း၏ အဒေါ်နှင့်မောင်နှမ၀မ်းကွဲများမှာ အကျဉ်းစခန်းတွင် အသတ်ခံခဲ့ကြရသည်)
    ၂၁။ ဘာဘာရာ ရိုစီ-အမေရိကန် (ဂျာမနီမှ အသက်ရှင်ကျန်ရစ်သူ)
    ၂၂။ ဆိုနီယာ ဟက်ဇ်ဘရန်း-ပြင်သစ် (နာဇီတို့လက်မှ လွတ်လာသူ)
    ၂၃။ အီန် ဟူာ-အမေရိကန် (မိဘနှစ်ပါးနှင့်အတူ လွတ်မြောက်လာသူ၊အဘိုးအဘွားသုံးဦးမှာ အသတ်ခံခဲ့ရသည်)
    ၂၄။ အလ်တမန် ဂျာနီနာ-အစ္စရေး (ဂျာနိုစကီ အကျဉ်းစခန်းမှ လွတ်မြောက်လာသူ)
    ၂၅။ လီဘူ စတရူလ် ဇာလ်မန်-ပါလက်စတိုင်း (ရိုမေးနီးယားမှ လွတ်မြေက်လာသူ)
    ၂၆။ မီရီယမ် အလ်မီလေး-အမေရိကန် (နာဇီတို့လက်မှ လွတ်လာသူ)
    ၂၇။ ဂျော့ ဘာတနစ်ဖ်-အမေရိကန် (ကလေးအဖြစ် ဂျာမနီမှ လွတ်မြောက်လာသူ)
    ၂၈။ မာဂရက် လီယဘ်စတယ်ဒါ-ဘယ်လ်ဂျီယံ (ဟော်လန်ခရစ်ယာန်တို့၏ ဖွက်ထားမှုကြောင့် လွတ်မြောက်လာသူ)
    ၂၉။ အီဒစ်သ် ဘဲလ်-အမေရိကန် (၀က်စတာဘော့၊ သီရီစီယန်စတဒ်၊ ကာရ်ဇ်ဘက်ခ်ျနှင့် အော့ဇ၀စ် အကျဉ်းစခန်းတို့မှ လွတ်မြောက်လာသူ)
    ၃၀။ ဂျာနီ ယူဗရက်-ပြင်သစ် (နာဇီတို့လက်မှ လွတ်မြောက်လာသူ)
    ၃၁။ ဟဲရီ ဟာလ်ဘရီခ်ျ-ဂျာမနီ (နာဇီတို့လက်မှ လွတ်မြောက်လာသူ)
    ၃၂။ ရုသ် ကပ်ဖာရှမစ်ဒ်-ဟော်လန် (၅နှစ်ကြာ ပုန်းပြီးနောက် လွတ်မြောက်လာသူ)
    ၃၃။ အန်နက် ဟာစကိုဗစ်-အမေရိကန် (အသတ်ခံရသူများက ၀ှက်ထားပေးခြင်းကြောင့် လွတ်မြောက်လာသူ)
    ၃၄။ ဖီလီစီယာ မိုရှေး လန်ဂါ-ဂျာမနီ (အကျဉ်စခန်းငါးခုတွင် ဖြတ်သန်းခဲ့ပြီးနောက် လွတ်မြောက်လာသူ မိသားစုဝင်များမှာ အသတ်ခံခဲ့ရသည်)
    ၃၅။ အဒမ် ပူလီဇာ-ကနေဒါ (ဟန်ဂေရီတွင် ပုန်းနေရာမှ လွတ်မြောက်လာသူ)
    ၃၆။ ဂျူလီယိန်း ဘီရို-အမေရိကန် (အင်္ဂလန်သို့ ပို့ဆောင်ရာမှ လွတ်မြောက်လာသူ၊ ဦးလေးနှင့် အဒေါ်များမှာ အသတ်ခံခဲ့ရသည်)
    ၃၇။ အီဒစ်သ် ရူဘင်စတိန်း-ဘယ်လ်ဂျီယံ (ကလေးဒုက္ခသည်အဖြစ် လွတ်မြောက်လာသူ၊ အဘိုးအဘွားသုံးဦးနှင့် မိသားစုဝင် အများအပြားမှာ အသတ်ခံခဲ့ရသည်)
    ၃၈။ ဂျက်ကွီ ဘူဒီ-ဘယ်လ်ဂျီယံ (မိဘနှစ်ဦးစလုံးမှာ အော့ဇ၀စ် အကျဉ်းစခန်းတွင် အသတ်ခံခဲ့ရသည်)
    ၃၉။ နီကိုးလ် ခန်း-ပြင်သင် (နာဇီတို့လက်မှ လွတ်မြောက်လာသူ) ၎င်းတို့ ၃၉ ဦးနှင့်အတူ၊ နာဇီတို့၏ လူမျိုးတုံးသတ်ဖြတ်မှုအတွင်း သေဆုံးခဲ့ရသည့်

    ဂျူးလူမျိုးများ၏ သားသမီး၊ မြေး၊ မြစ် စုစုပေါင်း ၃၁၃ ဦးက လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

    ref_ Global Research News

  • ပွဲပယ်ကစားသမား ထည့်ကစား၍ ပိုလန်ချန်ပီယံ ချန်ပီယံလိဂ် ကစားခွင့်မရတော့

    ပွဲပယ်ကစားသမား ထည့်ကစား၍ ပိုလန်ချန်ပီယံ ချန်ပီယံလိဂ် ကစားခွင့်မရတော့

    သြဂုတ် ၁၉ ၊ ၂၀၁၄
    M-Media
    444164_heroa
    – ပွဲပယ်ခံထားရသည့် ကစားသမားအား ထည့်သွင်း အသုံးပြုမှုအတွက် ချန်ပီယံလိဂ် ၀င်ရောက်ကစားခွင့် ပိတ်ပင်ခံထားရသည့် ပိုလန် အမှတ်ပေးချန်ပီယံ လီဂီယာ ၀ါဆော၏ အယူခံကို အားကစားဆိုင်ရာ ခုံရုံး CAS က ယမန်နေ့တွင် ပယ်ချခဲ့သည်ဟု သိရသည်။

    ချန်ပီယံလိဂ် တတိယအဆင့်တွင် ဆဲလ်တစ် အသင်းအား နှစ်ကျော့ပေါင်း ၆ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် လီဂီယာဝါဆောမှာ ဒုတိယအကျော့ ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်ပွဲ နောက်ဆုံး ၄ မိနစ်တွင် ပွဲပယ်ခံထားရသည့် နောက်ခံလူ ဘာတော့ဇ် ဘီရက်ဇင်စကီးအား ထည့်သွင်း ကစားခဲ့ခြင်းဖြစ်သည်။

    ဘီရက်ဇင်စကီးမှာ သုံးပွဲပယ်ခံထားရသူဖြစ်ပြီး ပွဲပယ်ပြီးနောက် ကစားခဲ့သည့် လီဂီယာအသင်း၏ ပွဲစဉ်နှစ်ခုတွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အမှားကြောင့် ၎င်း၏ အမည်မှာ ကစားသမားစာရင်းတွင် မပါဝင်ခဲ့သည့်အတွက် ပွဲပယ်ပြစ်ဒဏ်မှာ အကျုံးမ၀င်ခဲ့ပေ။

    ယခုကဲ့သို့ အယူခံ ပယ်ချခြင်း ခဲ့ရသောကြောင့် လီဂီယာ ၀ါဆောအသင်းမှာ ချန်ပီယံလိဂ်တွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရမည် မဟုတ်ဘဲ ဆဲလ်တစ်အသင်းမှာမူ ပါဝင် ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။

  • အီးဒ်နေ့ အထိမ်းအမှတ် မိတ်ဆုံစားပွဲနှင့် ဘာသာပေါင်းစုံတွေ့ဆုံပွဲ မန္တလေးမြို့မှာ ပြုလုပ်

    အီးဒ်နေ့ အထိမ်းအမှတ် မိတ်ဆုံစားပွဲနှင့် ဘာသာပေါင်းစုံတွေ့ဆုံပွဲ မန္တလေးမြို့မှာ ပြုလုပ်

    သြဂုတ် ၁၉ ၊၂၀၁၄
    M-Media
    သတင်း/ဓါတ်ပုံ – ကိုမျိုး(CJ)
    10588709_309780122516103_754899281_n
    မန္တလေးမြို့မှ သင့်မြတ်လိုသူများ ဘာသာပေါင်းစုံ လူငယ်များ ပရဟိတအဖွဲ့က ကျင်းပပြုလုပ်တဲ့ အီးဒ်နေ့အထိမ်းအမှတ် မိတ်စုံစားပွဲနှင့် ဘာသာပေါင်းစုံ တွေ့ဆုံပွဲကို  သြဂုတ်လ ၁၉ ရက်နေ့ အင်္ဂါနေ့တွင်  မန္တလေးမြို့ ရွှေနလုံးတော် ကသိဒြယ်ခရစ်ယာန် ဘုရားကျောင်း၌ ညနေ ၅း၃၀ မှာ စတင် ကျင်းပခဲ့ပါတယ်။

    ဘာသာကြီးများမှ ငြိမ်းချမ်းရေး ဆောင်ရွက်နေကြသော ဆရာတော်ကြီးများနှင့် ခေါင်းဆောင်များ တက်ရောက် ဟောပြောကြကြောင်း သိရပါတယ်။

    Photo- Ko Myo (MDY)

  • မက္ကာရှိ  ကမ္ဘာ့ဒုတိယအမြင့်ဆုံး နာရီစင်တာဝါအား ဟဂ်ျကာလ အပြီးတွင် ဖွင့်လှစ်မည်

    မက္ကာရှိ ကမ္ဘာ့ဒုတိယအမြင့်ဆုံး နာရီစင်တာဝါအား ဟဂ်ျကာလ အပြီးတွင် ဖွင့်လှစ်မည်

    သြဂုတ် ၁၉ ၊ ၂၀၁၄
    M-Media
    Makkah Clock Tower to open for tourists after Haj
    – ကမ္ဘာ့ဒုတိယအမြင့်ဆုံး တာဝါဖြစ်လာမည့် မက္ကာမြို့ရှိ နာရီစင်တာဝါကို ၂၀၁၄ ဟဂ်ျဘုရားဖူးကာလအပြီးတွင် ကမ္ဘာလှည့်ခရီးသွားများအတွက် ဖွင့်လှစ်တော့မည်ဟု သိရသည်။

    အဆိုပါ နာရီစင်တာဝါမှာ ဘုရင် အဘ်ဒူလ်အဇစ် တည်ဆောက်မည့် တာဝါပရောဂျက် ၇ ခုမှ တာဝါနံပါတ် ၅ ဖြစ်ပြီး ဟိုတယ်များလည်းပါဝင်သည်။ အဆိုပါ တာဝါမှာ ၆၀၁ မီတာ အမြင့်ရှိပြီး ၇၆ ထပ် ရှိကာ ဟိုတယ်အခန်းပေါင်း ၈၅၈ ခန်းပါဝင်သည်။ ထိုတာဝါမှ ကအ်ဗာကျောင်းတော်ကို လှမ်း၍ ရှုမြင်နိုင်သည်။

    ထိုတာဝါတွင်ပါရှိသည့် နာရီမှာ မီတာ ၈၀ အမြင့်ရှိကာ ၆၅ မီတာအကျယ်ရှိသည်။ နာရီ၏ အချင်းမှာ ၃၅ မီတာရှိသည်။ ထိုနာရီကို တာဝါအမြင့် မီတာ ၃၈၀ တွင် ထည့်သွင်း တည်ဆောက်ထားခြင်းဖြစ်ပြီး မျက်နှာစာလေးခုပါဝင်က နာရီထိပ်ဆုံးတွင် အလ္လာဟ်အရှင်မြတ်၏နာမတော်ကို ရေးထိုးထားသည်။

    ဘုရင် အဘ်ဒူလ်အဇစ်၏ တာဝါပရောဂျက်မှာ ဆော်ဒီ၏ ခရီးသွားကဏ္ဍ တိုးတက်ရေးအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ထိုတာဝါမှနေ၍ ကအ်ဗာကျောင်းတော်အပါအ၀င် မက္ကာမြို့၏ အလှအပကို ကြည့်ရှုခံစားနိုင်မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    ထိုတာဝါ၏ ထိပ်ဆုံးသို့တက်ရောက်ကြည့်ရှုရန်အတွက် လက်မှတ်ဝယ်ယူရမည်ဖြစ်သည်။

    ref_ Arab news