News @ M-Media

Blog

  • ဇူလိုင် ဒုတိယပတ် သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)

    ဇူလိုင် ၁၅  ၊ ၂၀၁၄
    M-Media
    စုစည်းတင်ဆက်သူ- daythanix

    ကွန်ပြူတာအတွက် Kinect
    kinect 2
    XBox ဂိမ်းစက်နဲ့ တွဲဖက်ကစား တဲ့အခါ လှုပ်ရှားမှုတွေ နဲ့ကစားနိုင်တဲ့ အာရုံခံKinect ကိရိယာကို ကွန်ပြူတာမှာ တွဲဖက် အသုံးပြုဖို့ Microsoft က ရောင်းချမှာဖြစ်ပြီး ပရိုဂရမ်ရေးသူတွေအတွက် software development kit (SDK) ကို ဇူလိုင်လ ၁၅ရက်နေ့မှာ ဖြန့်ချီမှာ ဖြစ်ပါတယ်။

    Kinect ကို အသုံးပြုပြီး လက်ဟန်အနေအထားနဲ့ အသုံးပြုနိုင်တဲ့ touchless control အဖြစ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

    ဒီလို အသုံးပြုပုံမျိုးကို Monoraty report ရုပ်ရှင်မှာ အနာဂါတ် မှာပေါ်ပေါက်လာမယ့် နည်းပညာတစ်ခုအဖြစ် အသုံးပြုထားတာ တွေ့နိုင်ပါတယ်။

    kinect—————————————————–

    ရာသီဥတု ထိန်းချုပ်ထားတဲ့ မြို့ပြ

    ဒူဘိုင်းမြို့မှာ အပူချိန်ထိန်းညှိထားသည့် မြို့ပြငယ်တစ်ခု တည်ဆောက်မယ်လို့ သိရပါတယ်။ World Expo trade fair in 2020 အတွက် အိမ်ရှင်နိုင်ငံ ဖြစ်နိုင်ဖို့ ကြိုးပမ်းချက်ဖြစ်ပါတယ်။

    ဧက ၁၁၀၀ ကျော် ကျယ်ဝန်းတဲ့ ဧရိယာမှာ အဆောက်အအုံများကြားက လမ်းအားလုံးမှာ မှန်လုံအမိုးအကာ ရှိတဲ့ အတွက် လေအေးပေးစနစ် တပ်ဆင်ထားပါတယ်။ ဒီ ပရောဂျက်ကို Mall of the World လို့ အမည်ပေးထားပါတယ်။

    dubai———————————-

    လိပ်သိမ်းထားနိုင်မယ့် TV

    10555192_10152540537463166_1424754499_n

    LG ကုမ္ပဏီဟာ screen မျက်နှာပြင်ကို လိပ်သိမ်းထားနိုင်မယ့် နည်းပညာ အသစ်တစ်မျိုးကို ပွဲထုပ်ပြသလိုက်ပါတယ်။

    ပါးလွှာပြီး အချင်းဝက် ၁.၂ လက်မ အလိပ် အရွယ်အစားထိ လိပ်ထားနိုင်တဲ့အပြင် ဖေါက်ထွင်းမြင်တွေ့နိုင်တဲ့ screen ကို၂၀၁၇ခုနှစ်မှာ ရောင်းချတဲ့အခါ လက်မ ၆၀ အရွယ်အစား ဖြစ်ပြီး 4K အဆင့် အရည်အသွေးနဲ့ ရောင်းချမယ်လို့ ကြေငြာထားပါတယ်။

    10527929_10152540537458166_2060893545_n——————————————
    စက်တပ်စကိတ်

    rocketskate လို့ အမည်ပေးထားပေမယ့် လျှပ်စစ်မော်တာ လေးလုံးတပ်ဆင်ထားတဲ့ စကိတ် ဖြစ်ပါတယ်။

    10510215_10152540536913166_298960046_n

    အမြန်နှုန်း တစ်နာရီ ၁၂မိုင်နှုန်း နဲ့သွားနိုင်ပါတယ်။ မော်ဒယ်လ် ၃မျိုး ထုတ်လုပ်ထားပြီး R-6 ကတော့ ဘက်ထရီ အပြည့် ဖြည့်ထားရင် 45 မိနစ်ကြာ 6 မိုင်ခန့် သွားနိုင်ပြီး R-8 ကတော့ မိနစ်70 သို့မဟုတ်8မိုင် ။ R-10 ကတော့ မိနစ်90 သို့မဟုတ် 10 မိုင် သွားနိုင်ပါတယ်။

    R-6 ရဲ့ဈေးနှုံးက $499, R-8 ရဲ့ဈေးနှုံးက $599 R-10 ရဲ့ဈေးနှုံးက$699 အသီးသီး ဖြစ်ပါတယ်။

    10543686_10152540536908166_1622207120_n

  • စုန်းပြူးတွေကို ရှင်းကြစို့  (ပြည်သူ့အသံ)

    ဇူလိုင် ၁၅ ၊ ၂၀၁၄
    M-Media
    ပေးပို့သူ- ဝေယံမင်း
    4-levis_black-sheep1
    နောက်ကွယ်ကကြိုးကိုင်သူတို့  စနစ်တကျဖွဲ့ စည်းထားတဲ့ လက်မည်းကြီးနဲ့ လူတစ်စုတို့  စတဲ့စကားလုံးတွေခေတ်စား လာနေတဲ့ ဒီဘက်ခေတ်မှာ အဲဒီစကားလုံးတွေနဲ့ ခပ်ဆင်ဆင် အသုံးပြုကျတဲ့ နောက်တစ်ခု ကတော့ စုန်းပြူး ဆိုတဲ့စကားလုံးဖြစ်ပါတယ်။ အဲဒီစုန်းပြူးဆိုတာ အရင် အချိန်တွေတုန်းက တော့ အသားထဲကလောက်ဆိုတဲ့ အသုံးနဲ့ အတူတူလောက်ပဲ လို့ မှတ်ယူရပါတယ်။ ခေတ်မှီ ဖွံ့ ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ဆိုတဲ့ ခေါင်းစီး အောက်မှာတင် အဖြစ်အပျက်လုပ်ချက်တွေက မြန်မာတပြည်လုံးကပြည်သူအများစု ကို အတွေ့ အကြုံသစ်တွေနဲ့ ချောက်လန့် ပြုစားခဲ့ပါတယ်။ လောလောလတ်လတ် အရင် အစိုးရခေတ်က နိုင်ငံ့အရင်းအမြစ်တွေကို အငုတ်ကမကျန် ရောင်းစားပြစ်ခဲ့တဲ့ စီးမံကိန်းတွေကို ဖော်ထုတ်ပြ သူတွေရှိလို့ သိလာရပြီးနောက် မြေယာ အခွင့်အရေးများ လူ့ အခွင့်အရေးများဘက်သို့  လူထုကကြိုးစား တက်လှမ်းရယူနေကြချိန်မှာ နဂိုက ဆင်းရဲကြပ်တည်းနေကြတဲ့ ပြည်သူ အများစုလက်ဝယ်သို့  ဘာသာရေး အဓိကရုဏ်းဆန်ဆန်ပြဿနာများကို ပုံအပ်ပေးခဲ့တယ်။

    ယခုတော့အချိန်နဲ့ အမျှ မြန်မာနိုင်ငံ တ၀ှမ်းလုံးမှာ ဘာသာရေးခုတုံးလုပ် အကြမ်းဖက်မှုပုံစံတွေကို အသွင် အမျိုးမျိုးနဲ့ တွေ့ လာနေရပါတယ်။ ဒီလိုအခြေအနေအနေမှာ ယခင်က မရှိဖူးတဲ့ အုပ်စုသစ် အဖွဲ့ သစ်တွေလည်းထပ်ပေါ်လာပါတယ်။ ဥပမာ ဘာသာပေါင်းစုံချစ်ကြည်ရေး အဖွဲ့ ၊ ငြိမ်းချမ်းမှုထိန်းသိမ်းရေး အဖွဲ့ ၊ တရားဥပဒေ စိုးမိုးရေးနှင့် ငြိမ်းချမ်းမှုဖော်ဆောင်ရေးအဖွဲ့ ၊ ၉၆၉ ခေါ် မဘသအဖွဲ့ ၊ မျိုးချစ်အဖွဲ့  စတဲ့ အရပ်ဘက်အဖွဲ့ ပေါင်းများစွာပေါ်ထွက်လာပါတယ်။

    တစ်ချို့ က ကိုယ့်အိတ်စိုက်သုံးစွဲ ကျသလို တစ်ချို့ ကျပြန်တော့လည်း စပွန်ဆာတွေနဲ့ ပါ။ ဒီအဖွဲ့ တွေက စပွန်ဆာပေါ်မူတည်ပြီး အုပ်စု တောင့်တင်းမှု အင်အား အသီးသီးရှိကြပါတယ်။ တစ်ချို့ များဆိုလျှင် state sponsor လို့ သတ်မှတ်နိုင်အောင်ကိုပင် အစိုးရရဲ့ အုပ်ချူပ်ရေး လုံခြုံရေး ဆိုင်ရာဌာနများ ကတောင် အလေးထားဆက်ဆံနေရပါတယ်။ ဥပမာ ၉၆၉ လို အဖွဲ့ အစည်းမျိုးဖြစ်ပါတယ်။

    ၉၆၉ လို အဖွဲ့ အစည်းမျိုးကို ဘယ်သူကြောက်ရလဲ။ အဓိက ကမြန်မာနိုင်ငံမှာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသား မွတ်စလင်တွေ အားလုံး ကြောက်နေ ရပါတယ်။ ဘာလို့ ကြောက်နေရလဲဆို တော့ ယင်းအစွန်းရောက် အဖွဲ့ ရဲ့ လှုံ့ ဆော်မှုတွေကြောင့် မြန်မာနိုင်ငံအ၀ှမ်းမှာ အစ္စလာမ်ဘာသာဝင်တွေရဲ့  အသက် အိုးအိမ်ပေါင်းများစွာကို တရားမျှတမှုမဲ့စွာ အကြမ်းဖက်ဖျက်ဆီးခံနေရလို့ ပါ။ လူနည်းစုအစ္စလာမ် ဘာသာဝင်တွေကို စစ်မှန်တဲ့ ဗုဒ္ဓမေတ္တာဝါဒီ အချို့ကသာ အဓိကရုဏ်းဖြစ်နေစဉ် ကာကွယ်ကူညီစောင့်ရှောက်ပေးပါတယ်။ ဒီလို လူနည်းစုဖြစ်ပြီး ရောင်းကောင်းခြင်း မရောင်းရ ၀ယ်ကောင်းခြင်းမ၀ယ်ရ ရိုးရိုးသားသား စီးပွားရှာစားပြီး နိုင်ငံတော်ကို အခွန်ပေးဆောင်နေ ထိုင်နေကြသော်လည်း အစ္စလာမ်ဘာသာဝင်တို့ မှာ အမြဲတမ်း ဒီကိစ္စသာခေါင်းထဲမှာ စွဲနေကြပြီး ကြောက်ရွံ့ နေရပါတယ်။ အချို့ များဆို ယခင် စစ်အုပ်ချုပ်ရေးသာ ပြန်လုပ်လိုက်ကြပါတော့ လို့ မတောင်းအပ်ရာ ဆုတောင်းလာကြပါတယ်။

    ယာဉ်တိုက်မှု၊ သာမာန်အချင်းများရန်ဖြစ်မှု၊ ဗုဒ္ဓဘာသာနဲ့ အိမ်ထောင်ပြုမှု စတဲ့ အမှုကိစ္စ တွေပေါ်လာခဲ့ရင်တောင် ဒီနေ့ ခေတ်မှာ ရဲစခန်းလို ရပ်ကွက်ရုံးလို အစိုးရရဲ့တရားဝင် အုပ်ချုပ်ရေးဌာနတွေကို မသွားရပဲ မြို့ အသီးသီးက ၉၆၉ အစွန်းရောက်အဖွဲ့ တွေ ဆုံစည်းတည်ရှိရာ ဘုန်းကြီးကျောင်းတွေဆီမှာ သွားပြီးဖြေရှင်းရပါတယ်။ ဒီအချိန်မှာ ဘာသာ မတူသူ နှစ်ဘက်အဖွဲ့ အစည်း ကပုဂ္ဂိုလ်တွေက ဦးဆောင်ဆွေးနွေးကြရပါတယ်။

    နှစ်ဘက်ကြားပြဿနာတွေဖြေရှင်းကြဖို့ ဆိုရာမှာ အစ္စလာမ်ဘာသာဝင်တွေဘက်က ပြဿနာမီးပွားအဖြစ်မခံလိုသောကြောင့် မည်သို့ အခြေအနေပင်ရှိနေစေကာမူ မိမိ ဘက်မှန်နေလျှင်ဖြစ်စေ တောင်းပန်တိုးလျှိုးကာ ပြဿနာငြိမ်းအေးအောင်ပြုကြ စမြဲပါ။

    ဒီလိုဖြေရှင်းကြရာမှာ အစ္စလာမ်ဘာသာဝင်များဘက်က လူကြီးလူငယ်များက စေတနာ ထားပြီးဖြေရှင်းနေကြတာလည်းမြောက် များစွာရှိပါတယ်။ အချို့ သူများဆို လူအများအသိမခံတဲ့ ပြဿနာတစ်စုံတစ်ခုရှိလာရင် ကိုယ့်ငွေကိုယ်စိုက်ပြီး လူသူမသိအောင် ကူညီပေးလိုက်ကြပါတယ်။ သို့ သော် ဒါနဲ့ ဆန့် ကျင်ဘက် အခွင့်အရေးသမား တစ်ချို့ လည်းရှိ နေကြပါတယ်။ ဒီလိုအခြေအနေမှာ ကျနော်အဓိကပြောချင်တဲ့ စုန်းပြူးတွေပေါ်ထွက်လာပါတယ်။ အစ္စလာမ်ဘာသာဝင် အများစုဟာ အမှု ကိစ္စတွေကို အရင်ကလိုအုပ်ချုပ်ရေးဌာနတွေမှာဖြေရှင်းရတာမဟုတ်တော့ပဲ ဘုန်းကြီးကျောင်းများမှာ သွားရှင်းရတော့ ဘုန်းကြီးတွေနဲ့ နဂိုက မဆက်ဆံမပြောဆိုဖူးထားသူများ အဖို့ အခေါ်အဝေါ် အသုံးအနှုံးကအစ ဒုက္ခတွေ့ ကြရပါတယ်။ ဒီလိုအချိန်မှာ ကိုယ့်ဘာသာထဲက ဗုဒ္ဓဘာသာဘုန်းတော်ကြီးများနဲ့ စကားပြောတတ်ကျွမ်းသူ ၉၆၉ အဖွဲ့ များနဲ့ ထိတွေ့ ရင်းနှီးဖူးသူတို့ ထံချဉ်းကပ်ပြီး အကူအညီတောင်းကြပါတယ်။ စုန်းပြူးတွေကအများအားဖြင့် ဒီလိုပုဂ္ဂိုလ်အမျိုးအစားများထဲမှာ ပေါ်လာတတ်ပါတယ်။

    သူတို့ ကပြဿနာတွေကိုရှင်းရာမှာ မွတ်စလင်တွေဘက်ကူညီဖြေရှင်းသလိုရှိကြပေမယ့် ဒီလိုလုပ်ပေးရတာ ကြာလာတော့ ပြဿနာကြောကို နပ်လာပါတယ်။ ဘယ်လို လုပ်ရင်ဘယ်လိုဖြစ်မယ် ဆိုတာကြိုသိလာကြတယ်။ မိမိ ဆက်ဆံဖူးတဲ့ ၉၆၉ အဖွဲ့ တွေနဲ့ လည်း တစ်ရင်းတနှီးဖြစ်လာပါတယ်။ အဓိကကတော့ ငွေမျက်နှာတစ်ခုနဲ့ ပြဿနာကို ကစားလာကြပါတယ်။ သေးသည့်အမှု ကြီးအောင် (သို့ )အလွယ်တကူ ရှင်းနေရမယ့်အစား ရှုပ်အောင်လုပ်တတ်လာကြပြီး ကာယကံရှင်တွေထံငွေတောင်းပြီး အလွဲသုံးစားလုပ်တာတွေ ရှိလာကြပါတယ်။ နဂိုကမှ အစွန်းရောက်ဂိုဏ်းများရဲ့ အန္တရာယ်ကြောင့် ကျီးလန့် စားပြီး စိုးရွံ့ နေရတဲ့ မွတ်စလင်ထုကြားထဲမှာသောက ဒုက္ခတွေပိုစေပါတယ်။

    အနှစ်ချုပ်ပြောရရင် ကိုယ့်ပေါင်ကိုလှံထောင်းတယ်ပဲပြောပြော ဒီလိုစုန်းပြူးတွေက လူမျိုးမရွေး ဘာသာမရွေး ကြားမှာရှိနေပြီး လူ့ အဖွဲ့ အစည်းကို ပုံစံဖျက်ပြီးဒုက္ခပေးနေတဲ့ လူတန်းစားတစ်ရပ် ဖြစ်နေပါကြောင်းမီးမှောင်းထိုးပြလိုက်ရပါတယ်။ လူ့ အဖွဲ့ အစည်းတိုင်းမှာ မမှန်မကန်လုပ်စားနေတဲ့ စုန်းပြူးတွေကို အမြန်ဆုံးဖယ်ရှားဖို့ ကတော့ လူ့ အဖွဲ့ အစည်းထဲက လူတိုင်းရဲ့တာဝန်ပဲ လို့ ယူဆပါတယ်။ ရိုးသားကြိုးစားပြီး မိမိတို့ စားဝတ်နေရေးအတွက် ရုန်းကန်နေကြတဲ့ သာမာန်ပြည်သူများအနေနဲ့  ခေတ်အခြေအနေအရ မိမိစီးပွားရေးတစ်ခုသာ အာရုံစိုက်မနေသင့်တော့ပဲ မိမိပတ်ဝန်းကျင် မိမိဒေသ မိမိနိုင်ငံနဲ့ တစ်တိုင်းပြည်လုံးငြိမ်းချမ်းဖို့  အမှန်တကယ် ငြိမ်းချမ်းရေးအတွက်လုပ်ကိုင်နေသူများ နဲ့ လက်တွဲကူညီကြဖို့ သင့်ပါပြီလို့  အထူးတလည် အကြံပြုအပ်ပါတယ်။

    ဝေယံမင်း

    ** M-Media ပြည်သူ့အသံ ကဏ္ဍတွင် ဖော်ပြပေးစေလိုသည့် အကြောင်းအရာ စာမူများကို [email protected] သို့ အီးမေးလ်ပေးပို့နိုင်ပါတယ်။ စိစစ်ပြိးဖော်ပြပေးပါမည်။

  • ယူကရိန်းပဋိပက္ခအတွင်း မိမိနိုင်ငံသားများ သေဆုံးခဲ့မှု လက်တုံ့ပြန်မည်ဟု ရုရှား သတိပေး

    ဇူလိုင် ၁၅ ၊ ၂၀၁၄
    M-Media
    2014711171421462734_20
    – မိမိတို့နယ်စပ်အနီး အကြမ်းဖက်တိုက်ခိုက်မှုများ ဆိုးရွားစွာ အရှိန်မြင့်တက်လာခြင်းနှင့် မိမိတို့နိုင်ငံသားများ သေကြေဒဏ်ရာရမှုများအတွက် ဆိုးရွားသည့်အကျိုးဆက်များရှိမည့် တုံ့ပြန်မှုများကို ပြုလုပ်သွားမည်ဟု ရုရှားက ပြောကြားလိုက်သည်။

    ယူကရိန်းအရှေ့ပိုင်း Luhansk ဒေသရှိ နယ်စပ် စစ်ဆေးရေးဂိတ်အား သိမ်းပိုက်ရေး ယူကရိန်းစစ်တပ်နှင့် ခွဲထွက်ရေးသမားတို့၏ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ဗုံးအချို့မှာ ရှရှားနယ်စပ် Donetsk  မြို့ရှိ အိမ်နှစ်လုံးပေါ်သို့ ယနေ့နံနက်ပိုင်းက ကျရောက် ပေါက်ကွဲခဲ့သည်။

    ထိုပေါက်ကွဲမှုကြောင့် ရုရှားအမျိုးသားတစ်ဦးသေဆုံးခဲ့ကာ အမျိုးသမီးနှစ်ဦးဒဏ်ရာရရှိခဲ့ပြီး အိမ်များမှာလည်း လုံးဝ ပျက်ဆီးခဲ့သည်။ ယူကရိန်းနိုင်အရှေ့ပိုင်းတွင် ၃ လကြာဖြစ်ပွားနေသည့် တိုက်ခိုက်မှုများအတွင်း ပထမဆုံးအကြိမ်အဖြစ် ရုရှားနိုင်ငံသားများ သေဆုံးခြင်းလည်းဖြစ်သည်။
    ထိုအဖြစ်အပျက်က မိမိတို့နိုင်ငံသားများအတွက် အန္တရာယ်ရှိနေကြောင်း ဖော်ပြခြင်းဖြစ်ပြီး လက်တုံ့မပြန်ဘဲ နေသွားမည်မဟုတ်ကြောင်း ရုရှား လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂရီဂေါ်ရီ ကာရာစင်က ရုပ်သံမှတစ်ဆင့် ပြောကြားခဲ့သည်။

    ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထိုအဖြစ်အပျက်မှာ မိမိတို့နိုင်ငံနှင့် နိုင်ငံသားများ၏ အချုပ်အခြာအာဏာကို ထိပါးခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့သည်။ ယူကရိန်းဘက်ကမူ မိမိတို့အနေဖြင့် ရုရှားပိုက်နက်အတွင်းသို့ ပစ်ခတ်ခဲ့ခြင်းမရှိဘဲ၊ မိမိတို့ပြဿနာတွင် ရုရှားက ၀င်ရောက်စွက်ဖက်နိုင်ရန် ခွဲထွက်ရေးသမားများ၏ လုပ်ကြံမှုသာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ခွဲထွက်ရေးသမားများကမူ ထိုအဖြစ်အပျက်အတွက် တာဝန်ယူခြင်းမရှိပေ။

    Ref:Al Jazeera and agencies

  • မြောက်ကိုးရီးယား၏ စစ်ရေးလေ့ကျင့်မှု အတွင်း တောင်ကိုရိးယား ရေပိုင်နက်သို့ ဒုံးကျည် ၁၀၀ ကျော်ပစ်လွှတ်

    ဇူလိုင် ၁၅ ၊ ၂၀၁၄
    M-Media
    this-undated-picture
    – အငြင်းပွားဖွယ် ရေပိုင်နက်အနီး မြောက်ကိုရီးယားက ယနေ့တွင်ပြုလုပ်သည့် စစ်ရေးလေ့ကျင်မှုအတွင်း ဒုံးကျည်ပေါင်း ၁၀၀ ကျော်ကို တောင်ကိုရီးယား ရေပိုင်နက် အနီး ပင်လယ်ပြင်သို့ ပစ်လွှတ်ခဲ့သည်ဟု သိရသည်။

    ကိုရီးယားကျွန်းဆွယ် စစ်မဲ့ဇုန်၏ အရှေ့စွန်းတွင် ယနေ့နေ့လည်မတိုင်ခင် ပြုလုပ်ခဲ့သည့် အဆိုပါ မြေပြင်စစ်ရေးလေ့ကျင့်မှုမှာ မိနစ် ၃၀ ကြာမြင့်ခဲ့ပြီး ထိုလေ့ကျင့်မှုမှ ပစ်ခတ်ခဲ့သည့် ဒုံးကျည်များမှာ ကီလိုမီတာ ၅၀ (မိုင် ၃၀) အထိ ရောက်ရှိနိုင်သော ဒုံးကျည်များဖြစ်သည်။

    တောင်ကိုရီးယားကာကွယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူကမူ မည်သည့် ဒုံးကျည်မှ မိမိတို့ ရေပိုင်နက်အတွင်းသို့ ကျရောက်ခဲ့ခြင်းမရှိဟု ပြောကြားခဲ့သည်။ မြောက်ကိုရီးယားမှာ ယမန်နေ့ကလည်း ဂျပန်ပင်လယ်ပြင်သို့ စကဒ်ဒုံးကျည် နှစ်စင်း ပစ်လွှတ်ခဲ့သေးသည်။

    ပြီးခဲ့သည့် သီတင်းအနည်းငယ်က စတင်ကာ မြောက်ကိုရီးယားမှ ပြုလုပ်ခဲ့သည့် ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုများကြောင့် တောင်ကိုရီးယား နယ်ခြားစောင့်တပ်အား အစိုးရက တပ်လှန့်ထားသည်။

    မြောက်ကိုရီးယား၏ ထိုကဲ့သို့ ဒုံးကျည်ပစ်လွှတ်မှုများမှာ အမေရိကန်နှင် တောင်ကိုရီးယားတို့ ပူးတွဲ၍ ယခုလ ၁၆ ရက်နေ့တွင် ပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှုအား ဆန့်ကျင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။
    AFP

  • အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးနှင့် မန္တလေးတိုင်း ဝန်ကြီးချူပ် ဒုတိယအကြိမ်တွေ့ဆုံ

    အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးနှင့် မန္တလေးတိုင်း ဝန်ကြီးချူပ် ဒုတိယအကြိမ်တွေ့ဆုံ

    ဇူလိုင် ၁၅ ၊ ၂၀၁၄
    M-Media

    ယခုလဆန်းမှာ မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ် တွေအတွက်  မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ တာဝန်ရှိသူတွေဟာ မန္တလေး တိုင်းဝန်ကြိးချူပ်နဲ့ ဒုတိယအကြိမ် တွေ့ဆုံခဲ့တဲ့ အကြောင်းကို အစ္စလာမ် ကောင်စီဌာနချူပ်မှ အောက်ဖော်ပြပါအတိုင်း သတင်း ထုတ်ပြန်ခဲ့ပါတယ်။

    ၁။ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ အောက်ဖော်ပြပါ တာဝန်ရှိ သူများသည် မန္တလေးမြို့သို့ သွားရောက်၍ (၁၃-၇-၂၀၁၄)ရက်နေ့ နံနက်(၉)နာရီတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးရဲမြင့်၊ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုး စသည့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    (က) အလ်ဟာဂ်ျ မောင်လာနာ ဆွာလေ့ဟ် (ခ) ဦးစိုးသန်း ( အိုလမာအဖွဲ့ချုပ်)
    (ခ) အလ်ဟာဂ်ျ ဦးကျော်ငြိမ်း ( အိုလမာအဖွဲ့ချုပ်)
    (ဂ) ဦးဝဏ္ဏရွှေ (အစ္စလာမ်ကောင်စီဌာနချုပ်)
    (ဃ) အလ်ဟာဂ်ျ ဦးမြင့်ထွန်း (မ-မ-လဌာနချုပ်)
    (င) ဟာဂျီ ဦးကျော်ခင် (မ-အ-ဖဌာနချုပ်)
    (စ) ဦးကိုကိုလတ် (မ-အ-ဖဌာနချုပ်)

    ၂။ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ၀န်ကြီးချုပ် ဦးရဲမြင့်က မန္တလေးမြို့ တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်း တင်ပြပြီး ဘာသာပေါင်းစုံမှ မန္တလေးမြို့ တည်ငြိမ်အေးချမ်းရေး အတွက် ကူညီဆောင်ရွက်ကြပါရန် တိုက်တွန်းခဲ့ပါသည်။

    ၃။ ၄င်းနောက် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးမှ ဦးဝဏ္ဏရွှေ၊ ဟာဂျီ ဦးကျော်ခင်၊ အလ်ဟာဂ်ျ မောင်လာနာ ဆွာလေ့ဟ် (ခ) ဦးစိုးသန်း ၊ အလ်ဟာဂ်ျ ဦးမြင့်ထွန်းနှင့် အလ်ဟာဂ်ျ ဦးကျော်ငြိမ်းတို့က အောက်ဖော်ပြပါ အချက်များ တင်ပြ ဆွေးနွေးကြပါသည်။

    (က) မန္တလေးတိုင်းဒေသကြီးလွှတ်တော်သို့ ၀န်ကြီးချုပ် ဦးရဲမြင့်၏ တင်ပြချက်ကို သတင်းစာ အချို့တွင် ရေးသားဖော်ပြရာဝယ် မန္တလေးမြို့ ဂျွန်းဗလီ၌လက်နက်ခဲယမ်းများဖမ်းမိဟု ရေးသားထားခြင်းသည် ဖြစ်ရပ်မှန်နှင့် ကွဲလွဲလျက်ရှိသည့်အပြင် ဘာသာတစ်ခုခုနှင့်တစ်ခု နားလည်မှု လွဲမှားစေသော အရေးအသား ဖြစ်သဖြင့် ဖြစ်ရပ်မှန်အတိုင်း ပြန်လည် ပြင်ဆင် ပေးရန်။

    (ခ) မန္တလေးမြို့ (ကြာနီကန်) မွတ်စ်လင်မ် သုသာန် ပြန်လည် ပြင်ဆင်ခွင့်ပြုရန်။

    (ဂ) ရာဇ၀တ်မှုကျူးလွန်ခဲ့သူများကို ကျောသားရင်သား မခွဲဘဲ ဖော်ထုတ် အရေးယူ ပေးရန်။ (ဃ) မန္တလေးမြို့ရှိ အစ္စလာမ် သာသနာဝင်များ၊ ၄င်းတို့၏ နေအိမ် ဆိုင်ခန်းများနှင့် ဗလီဝတ်ကျောင်းတော်များကို လုံခြုံရေး ပြည့်ဝစွာ တာဝန်ယူပေးရန်။

    (င) တရားဥပဒေစိုးမိုးမှုပျက်ပြားနေချန်တွင် မိမိကိုယ်ကို ခုခံကာကွယ် င်ရန်အတွက် မိမိနေအိမ်တွင် တုတ်၊ ဓား၊ လေးခွ ဆောင်ထားခဲ့သူများကို အရေးယူမှု မပြုပါရန်။

    (စ) အစ္စလာမ်ဘာသာဝင်များ၏ ဥပုသ်သီတင်းကာလဖြစ်သဖြင့် ညဖက် ၀တ်ပြုသူများ အဆင်ပြေစေရန် ညမထွက်ရအမိန့်ကို ည(၉)နာရီ အစား ည(၁၀)နာရီသို့ ပြင်ဆင်ပေးပါရန်။ (ဆ) (၁၂-၇-၂၀၁၄)ရက်နေ့ ညနေပိုင်းက ၃၄-လမ်း၊ ၇၄-၇၅ လမ်းကြား မောရဂီဝါရပ် ဖလံဘိုဝင်း (အမြောက်တန်းကြီး) အတွင်းနေထိုင်သည့် ဥပုသ်ဆောက်တည်ထားသူ အစ္စလာမ်ဘာသာဝင် လူငယ်များကို ဥပုသ်ဖြေခါနီးအချိန်တွင် (၀ါဖြေခွင့်မပေးဘဲ) ဖမ်းဆီးခဲ့ခြင်းအပေါ် အစ္စလာမ်ဘာသာရေးရှုထောင့်အရ သင့်လျော်ခြင်း မရှိကြောင်းနှင့် အမြန်ဆုံး ပြန်လွှတ်ပေး ပါရန်ပြောကြားခဲ့ပါသည်။

    (၄) ၀န်ကြီးချုပ် ဦးရဲမြင့်က မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးမှ တာဝန်ရှိသူများ၏ တင်ပြဆွေးနွေး ချက်များ အပေါ် ပြန်လည် ရှင်းလင်း ဆွေးနွေးရာတွင် လက်နက်ခဲယမ်းများဟု ရေးသားခဲ့ခြင်းအား ဖြစ်ရပ်မှန် အတိုင်း ပြန်လည်ပြင်ဆင် ဖော်ပြပေးမည် ဖြစ်ကြောင်း၊ ကြာနီကန် သုသာန်အား ပြန်လည် ပြင်ဆင်ခွင့်ပြုကြောင်း၊ ရာဇ၀တ်မှု ကျူးလွန်ခဲ့သူများကို ကျောသားရင်သား မခွဲဘဲ အထောက်အထား ခိုင်လုံစွာဖြင့် ဖော်ထုတ် အရေးယူလျက်ရှိကြောင်း၊ မန္တလေးမြို့ရှိပြည်သူများ၊ ၄င်းတို့၏ နေအိမ်ဆိုင်ခန်းများနှင့် ဗလီ ၀တ်ကျောင်းတော်များ အပါအ၀င်သာသနိကအဆောက်အအုံများကို လုံခြုံရေး အပြည့်ဝ တာဝန်ယူစီမံဆောင်ရွက်ထားကြောင်း၊ ညမထွက်အရအမိန့်ကို အခြေအနေ တည်ငြိမ်လာသည်နှင့်အညီ လျှော့ချပေး သွားရန်ရှိကြောင်း၊ (၁၂-၇-၂၀၁၄)ရက်နေ့ ဖမ်းဆီးမှုတွင် ဥပုသ်ဖြေခါနီးအချိန်နှင့် မရည်ရွယ်ဘဲ တိုက်ဆိုင်သွားခြင်း သာဖြစ်ပါကြောင်း၊ ဖမ်ဆီးထားသူများကို အမြန်ဆုံး စိစစ်၍ ရာဇ၀တ်မှုကျူးလွန်ခဲ့ခြင်း မရှိသူများကို ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း နိဂုံးချုပ်ပြောကြားခဲ့ပါသည်။

    ၅။ ၄င်းနောက် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ တာဝန်ရှိသူများသည် မန္တလေးမြို့၊ ဗလီဝတ်ကျောင်းတော်အချို့နှင့် (ကြာနီကန်) မွတ်စ်လင်မ် သုသာန် သို့ သွားရောက်၍ ဂေါပက တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    Islam Council, Ahlone FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။