News @ M-Media

Blog

  • မန္တလေး အဓိကရုဏ်းတွင် ပါဝင်ပတ်သက်မှု သံသယရှိသူများကို ဆက်လက်စုံစမ်း ဖမ်းဆီးဦးမည်

    မန္တလေး အဓိကရုဏ်းတွင် ပါဝင်ပတ်သက်မှု သံသယရှိသူများကို ဆက်လက်စုံစမ်း ဖမ်းဆီးဦးမည်

    ဇူလိုင် ၁၄၊ ၂၀၁၄
    M-Media

    ယခုလအစောပိုင်း မန္တလေးမြို့မှာ ဖြစ်ပွားတဲ့ ဘာသာရေးအသွင်ဆောင် အဓိကရုဏ်းမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး သံသယရှိသူ (၃၄)ဦးကို မြန်မာအာဏာပိုင်များက ဖမ်းဆီးထားပါတယ်။

    သူတို့တစ်တွေကို လူသတ်မှု၊ မီးရှို့မှု၊ ထိခိုက်နာကြင်စေမှု၊ သွေးထိုးလှုံ့ဆော်မှု၊ တရားမ၀င် လက်နက်ကိုင်ဆောင်မှုတွေနဲ့ အရေးယူမယ်လို့ ဆိုပါတယ်။

    ရုန်းရင်းဆန်ခတ်မှုထဲ ပါဝင်ပြီး ခြေရာဖျောက်ကျန်ရှိနေသေးသူများကို ဖမ်းဆီးနိုင်ဖို့ ရဲတပ်ဖွဲ့ဝင်များက စုံစမ်းနေကြပါတယ်။

    မုဒိန်းမှုခေါင်းစဉ်တပ်ပြီး ဇူလိုင်(၁)ရက်က စတင်ဖြစ်ပွားတဲ့အဓိကရုဏ်းမှာ သေဆုံးသူ (၂)ဦး၊ ထိခိုက်ဒဏ်ရာရသူ (၁၇)ဦး ရှိခဲ့ပါတယ်။

    အကြမ်းဖက်တိုက်ခိုက်မှုပြီးတဲ့နောက် မန္တလေးက မြို့နယ်(၇)ခုမှာ ဇူလိုင်(၃)ရက်ကစ ကာဖျူးအမိန့်ထုတ်ပြန်ခဲ့တယ်။

    လက်ရှိအခြေအနေမှာ ကာဖျူးအမိန့်ချိုးဖောက်မှုနဲ့ လူ(၃၄၆)ဦးကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့အနက် (၁၄၅)ဦးကို ပြန်လွှတ်ပေးလိုက်ကြောင်း၊ (၂၀၁)ဦးကို ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရပါတယ်။

    ဆင်ဟွာ

  • ဘရာဇီးလ်မြေမှာ ကမ္ဘာ့ဖလားကို လေးကြိမ်မြောက် ကိုင်မြှောက်ခွင့်ရခဲ့တဲ့ ဂျာမနီ၊

    ဇူလိုင် ၁၄၊ ၂၀၁၄
    M-Media
    10514706_948385008510680_1734825876835669892_n
    – ဒီနေ့မနက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားနောက်ဆုံးဗိုလ်လုပွဲမှာတော့ ဂျာမနီအသင်းက အာဂျင်တီးနားကို ဂေါ့ဇီရဲ့ အချိန်ပိုသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ကမ္ဘာ့ဖလားကို ၄ ကြိမ်မြောက် ကိုက်မြှောက်ခွင့်ရခဲ့ပါတယ်။

    အရင်က ဗိုလ်လုပွဲမှာပဲ ၂ ကြိမ်တွေ့ဆုံခဲ့ပြီး တစ်ကြိမ်စီအနိုင်ရရှိထားတဲ့ ဒီနှစ်သင်း ဒီနေ့ပွဲမှာတော့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရပါတယ်။ ဂျာမနီရဲ့ တိုက်စစ်ကို အာဂျင်တီးနားနောက်တန်း အကောင်းဆုံး ပိတ်ဆို့ထားနိုင်ခဲ့ပြီး မက်ဆီ၊ ဟီဂူအင်တို့ရဲ့ တိုက်စစ်ကလည်း ဂျာမနီဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။

    ပထမပိုင်းမှာ ၂ သင်းစလုံး ဂိုးရနိုင်တဲ့အနေအထားတွေရှိခဲ့ပြီး ဟီဂူအင်ရဲ့ဂိုး လူကျွံဘောအဖြစ် သတ်မှတ်ခံခဲ့ရသလို ဂျာမနီဘက်က ဂိုးသွင်းခွင့်အချို့ကိုလည်း အာဂျင်တီးနားဂိုးသမား ရိုမီရို အစွမ်းပြ ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းအစမှာ အာဂျင်တီးနားတို့ အကောင်းဆုံး ကစားနိုင်ခဲ့ပြီး မက်ဆီရဲ့အပိုင်ကန်သွင်းချက် ဂိုးတိုင်ဘေး ကပ်ထွက်သွားတာကြောင့် အာဂျင်တီးနားတို့ ဦးဆောင် ဂိုးမရခဲ့တာပါ။ ပွဲပြီးကာနီးမှာ ဂျာမနီက ပိုဖိခဲ့ပေမယ့် လိုအပ်တဲ့အနိုင်ဂိုးကို မသွင်းနိုင်ခဲ့တာကြောင့် အချိန်ပိုဆက်ကစားခဲ့ရပါတယ်။

    article-2690694-1F9F5A1600000578-869_634x379

    အချိန်ပို ၁၁၃ မိနစ်မှာတော့ ဂျာမနီတို့ အဖိုးတန်အနိုင်ဂိုးရခဲ့ပြီး ဘရာဇီးလ်နဲ့ပွဲမှာ ၂ ဂိုးသွင်းပေးခဲ့တဲ့ ရှရဲလ်ရဲ့ဖြတ်တင်ဘောကို ကလိုဆေးအစားလူစားဝင်လာတဲ့ တိုက်စစ်မှူး ဂေါ့ဇီက လှလှပပ အဆုံးသတ်နိုင်ခဲ့တာပါ။ အချိန်ပိုနောက်ဆုံးမိနစ်မှာ အာဂျင်တီးနားတို့ ဧရီယာထိပ်ခပ်လှမ်းလှမ်းမှာ ပြစ်ဒဏ်ဘောရပေမယ့် မက်ဆီရဲ့ကန်သွင်းချက် အပေါ်ကို လျှံထွက်သွားခဲ့တဲ့အတွက်ကြောင့် ချေပဂိုးမရခဲ့ဘဲ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

    10552405_948237245192123_5177976774189590178_n

    10488030_948332461849268_928212581810386148_n

    10389282_948332488515932_6805218228459222101_n
    ဂျာမနီဟာ ဒီပြိုင်ပွဲမှာ တောင်အမေရိက ထိပ်သီး ၂ သင်းစလုံးကို အနိုင်ကစားနိုင်ခဲ့ပြီး၊ တောင်အမေရိကမြေမှာ ကမ္ဘာ့ဖလားကို ပထမဆုံး ဗိုလ်စွဲနိုင်ခဲ့တဲ့ ဥရောပ အသင်း ဖြစ်လာခဲ့ပါတယ်။ ပွဲအပြီးမှာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုတွေကို ပေးအပ်ခဲ့ပြီး ဂျာမနီဂိုးသမား နျူအာက ရွှေလက်အိတ်ဆုနဲ့ အာဂျင်တိုင်းတိုက်စစ်မှူး မက်ဆီက ရွှေဘောလုံးဆုရရှိခဲ့ပါတယ်။ ရွှေဖိနပ်ဆုကိုတော့ ပြိုင်ပွဲတစ်လျှောက် ၆ ဂိုးသွင်းယူခဲ့တဲ့ ကိုလံဘီယာတိုက်စစ်မှူး ရော်ဒရီဂက်ဇ်က ရရှိခဲ့ပါတယ်။

  • ဂါဇာအား မြေပြင်မှ အစ္စရေးတို့ ၀င်ရောက်ကျူးကျော်ပြီ

    ဇူလိုင် ၁၃ ၊ ၂၀၁၄
    M-Media
    gaza
    – ဟားမက်စ်တို့၏ ဒုံးကျည်ပစ်ခတ်မှုများကို လက်တုံ့ပြန်တိုက်ခိုက်သည်ဟုဆိုကာ ဂါဇာအား အစ္စရေးတို့က လေကြောင်းမှ တိုက်ခိုက်နေခြင်းမှာ ၆ ရက်မြောက်ရှိလာခဲ့ပြီး ယမန်နေ့ညတွင် အစ္စရေး မရိန်းတပ်များမှ ဂါဇာသို့ကျူးကျော်ဝင်ရောက် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

    ဂါဇာမြောက်ပိုင်းဒေသသို့ ၀င်ရောက်ခဲ့ခြင်းဖြစ်ပြီး ဟားမက်စ် အဖွဲ့ဝင်များနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရကာ အစ္စရေးစစ်သားလေးဦးမှာ ဒဏ်ရာအနည်းငယ်ရခဲ့သည်ဟု အစ္စရေးက သတင်းထုတ်ပြန်ခဲ့သည်။ ဟားမက်စ်ကလည်း အစ္စရေးစစ်တပ်နှင့် ရင်ဆိုင်ခဲ့ကြောင်း အတည်ပြုခဲ့ပြီး အစ္စရေးတို့ ဂါဇာနယ်မြေထဲသို့ ကျူးကျော်ခွင့်မရရန် တိုက်ခိုက်ခဲ့ခြင်းဟု ပြောကြားခဲ့သည်။

    ထိုဒေသရှိ ပါလက်စတိုင်းများ မိမိတို့၏နေအိမ်များကို စွန့်ခွာရန် အစ္စရေးက သတိပေးစာများ ကြဲချခဲ့ပြီး မြေပြင်တပ်ဖွဲ့မှ တိုက်ခိုက်မှုများ ပိုမိုပြုလုပ်သွားရန် အလားအလာရှိနေသည်။

    ယမန်နေ့ညက အစ္စရေးရဲတပ်ဖွဲကအကြီးအကဲ တေဆီယာ အလ်-ဘတ်ရှ်၏ အိမ်ကို အစ္စရေးမှ ဗုံးကြဲခဲ့ရာ ကလေးငယ်များ အပါအ၀င် မိသားစုဝင် ၁၈ ဦးသေဆုံးခဲ့သည်။ ယမန်နေ့ည လေကြောင်းမှတိုက်ခိုက်မှုတွင်ပင် စုစုပေါင်း ၅၆ ဦးသေဆုံးခဲ့ပြီး အစ္စရေးတို့၏ ၆ ရက်တာတိုက်ခိုက်မှုအတွင်း သေဆုံးသူ ၁၆၆ ဦးရှိလာခဲ့ပြီဖြစ်သည်။

    သေဆုံးသူများ၏ လေးပုံသုံးပုံမှာ အရပ်သားများဖြစ်ကြသည်ဟု ကုလသမဂ္ဂက ပြောကြားထားသည်။ ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့ရသည့် ပါလက်စတိုင်း ၄၀၀၀ ခန့်မှာ ဒုက္ခသည်များအတွက် ကုလက စီစဉ်ပေးထားသော ကျောင်း ၈ ခုတွင် ယာယီနေထိုင်နေရပြီး၊ ထိုနေရာများသို့ လာရောက်ခိုလှုံသူများမှာ အချိန်နှင့်အမျှ တိုးပွားလာနေသည်။

    Al Jazeera and agencies

  • ချစားမှုနှင့် ပတ်သက်၍ CCTV မှ သတင်းကြေညာသူ တစ်ဦးကို တရုတ်ဖမ်းဆီး

    ဇူလိုင် ၁၃ ၊ ၂၀၁၄
    M-Media
    201471361450630734_20
    – နိုင်ငံတစ်ဝှမ်းဖြစ်ပေါ်နေသည့် ချစားမှုများအား အရေးမှုတစ်စိတ်တစ်ပိုင်းအဖြစ် နိုင်ငံပိုင် CCTV သတင်းဌာနမှ ထိပ်တန်း သတင်းကြေညာသူ ရူချန်ဂန်အား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်ဟု တရုတ်မီဒီယာများက ဖော်ပြခဲ့သည်။

    ချန်ဂန်မှာ CCTV ၏ ဘဏ္ဍာရေးနှင့်ပတ်သက်သည့် သတင်းများကို စီစဉ်ထုတ်လွှင့်နေသော လူကြိုက်များသည့် သတင်းကြေညာသူတစ်ဦးဖြစ်ပြီး သောကြာနေ့ညပိုင်းက ၎င်း၏ စတူဒီယိုတွင် ဖမ်းဆီးခံခဲ့ရသည်ဟု ကွန်မြူနစ်ပါတီ နေ့စဉ်သတင်းစာ People’s Daily ၏ Twitter စာမျက်နှာတွင် ယမန်နေ့ညပိုင်းက ဖော်ပြခဲ့သည်။ ၎င်းနှင့်အတူ ထိုအစီအစဉ် လက်ထောက်ဒါရိုက်တာဖြစ်သူ လီယန်မှာလည်း ဖမ်းဆီးခြင်းခံခဲ့ရသည်။

    လွန်ခဲ့သည့် တစ်လကျော်ကပင် ချန်ဂန်၏ ဆရာဖြစ်သော CCTV ၏ ကြော်ညာဒါရိုက်တာ၊ ဘဏ္ဍာရေးနှင့် စီးပွားချန်နယ်၏ အထွေထွေဒါရိုက်တာ ဂူရှန်ဇီအား လာဘ်ပေးလာဘ်ယူမှုဖြင့် သံသယရှိ၍ စုံစမ်းစစ်ဆေးမည်ဟု  ကြေညာပြီးနောက်ပိုင်း ချန်ဂန်မှာ ယခုကဲ့သို့ အဖမ်းခံခဲ့ရခြင်းဖြစ်သည်။

    အသက် ၃၆ နှစ်အရွယ်ရှိ ချန်ဂန်မှာ စီးပွားရေးဂျာနယ်လစ်လောကတွင် အထင်ရှားဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ၎င်း၏ ပြင်းထန်သော အမျိုးသားရေး ရပ်တည်ချက်နှင့် အငြင်းပွားဖွယ် မှတ်ချက်များက ၎င်းအား ပိုမိုထင်ရှားသူ တစ်ဦးဖြစ်လာစေခဲ့သည်။

    ပြီးခဲ့သည့်နှစ်က သမ္မတသစ် ဇီဂျင်ပင်း တက်လာပြီးနောက်ပိုင်း ချစားမှုနှင့် ဖြုန်းတီးမှုများအပေါ် တရုတ်အစိုးရက စုံစမ်းစစ်ဆေးကာ အရေးယူမှုများပြုလုပ်နေသည်။ ဇီဂျင်ပင်းကမူ နိုင်ငံတစ်ဝှမ်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသည့် ချစားမှုများက ကွန်မြူနစ်ပါတီ၏ ရပ်တည်မှုကို ခြိမ်းခြောက်နေသည်ဟု ပြောကြားထားသည်။

    Ref: Reuters

  • မိမိအသင်း မည်မျှကောင်းမွန်ကြောင်း ဘရာဇီးလ်နှင့် ပွဲတွင် ပြသနိုင်ခဲ့ဟု ဟော်လန်နည်းပြ ဗန်ဂါးလ်ဆို

    ဇူလိုင် ၁၃ ၊ ၂၀၁၄
    M-Media
    434669_heroa
    – အာဂျင်တီးနားအသင်းအား ဆီးမီးဖိုင်နယ်တွင် ရှုံးနိမ့်ခဲ့ပြီးနောက် မိမိ၏ ကစားမားများကို နှစ်သိမ့်ရန် ခက်ခဲခဲ့သော်လည်း ဘရာဇီးလ်နှင့်ပွဲတွင် ပြသနိုင်ခဲ့သည့် ခြေစွမ်းအတွက် ကျေနပ်မိသည်ဟု ဟော်လန်နည်းပြ ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    ဟော်လန်အသင်းမှာ ယနေ့နံနက်က ကစားခဲ့သည့် ဘရာဇီးလ်နှင့် တတိယနေရာလုပွဲတွင် သက်တောင့်သက်သာကစားနိုင်ခဲ့ပြီး ၃ ဂိုး ပြတ်ဖြင့် အနိုင်ရခဲ့သည်။ ထိုပွဲမှာ ဟော်လန်နည်းပြအဖြစ် ဗန်ဂါးလ်၏ နောက်ဆုံးပွဲလည်းဖြစ်ပြီး ဆီမီးဖိုင်နယ်အရှုံးကို ပြန်လည်ကုစားနိုင်ခဲ့သည့်အတွက် ပျော်ရွှင်မိသည်ဟု ၎င်းကဆိုသည်။

    “ကျွန်တော်တို့ နောက်ဆုံးဗိုလ်လုပွဲကို ရောက်ခဲ့သင့်ပါတယ်။ အာဂျင်တီးနားနဲ့ပွဲ ပြီးတဲ့အခါ ကျွန်တော်တို့ စိတ်ဓာတ်တွေကျခဲ့ပါတယ်။ အသင်းကို စကားပြောတဲ့အခါ ဘရာဇီးလ်ပွဲအကြောင်းပဲ ကျွန်တော်ပြောပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ ကျွန်တော်တို့ ဘယ်လောက်ကောင်းတယ်ဆိုတာ ပြသနိုင်ခဲ့ပါတယ်” ဟု တတိယနေရာလုပွဲအပြီးတွင် ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    ဘရာဇီးနည်းပြ စကိုလာရီကမူ ထိုပွဲတွင် မိမိတို့ကစားပုံမဆိုးခဲ့ဘဲ သူတင်ကိုယ်တင်ကစားနိုင်ခဲ့ကြောင်း၊ ဘရာဇီးလ်အသင်းရှိ မိမိအနာဂတ်အား ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်က ဆုံးဖြတ်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။