News @ M-Media

Blog

  • ဟဂ်ျ ကာလတွင် လူငယ် ၃၀၀၀ ထောင်ကူညီပေးနေ၊ အခမဲ့ ဘီးတပ်လှည်း ၁ သောင်းထိရှိလာ

    ဇူလိုင် ၁၁ ၊ ၂၀၁၄
    M-Media

    RSCHAJJVOLUNTEERwww.sunnikoottam.com1_
    – ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့သို့ လာရောက်ကြမည့် ဘုရားဖူးခရီးသည်များနှင့် ဧည့်သည်များအား ကူညီရန် အစီအစဉ်တွင် စေတနာ့ဝန်ထမ်း လူငယ် ၃၀၀၀ ကျော် ပါဝင်လုပ်အားပေနေသည်ဟု သိရသည်။

    ထိုအစီအစဉ်အား “သင့်အတွက်ဝန်ဆောင်မှုပေးမည့် မက္ကာလူငယ်များ” ဟု အမည်ပေးထားပြီး ဘရားဖူးခရီးသည်များနှင် ဧည့်သည်များအား မေတ္တာဖြင့် ၀န်ဆောင်မှုပေးလာခဲ့သည်မှာ ၉ နှစ် ရှိပြီဖြစ်သည်။

    အဆိုပါ လူငယ်များမှာ ကအ်ဘာကျောင်းတော်အား သ၀ါဖ်လှည့်ရာတွင် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ အဆင်ပြေလွယ်ကူစေရန် ကူညီပေးနေကြပြီး တာဝန်ချိန်များခွဲထားကာ ၂၄ နာရီပတ်လုံး ကူညီပေးကြသည်ဟု ထိုအစီစဉ်မှ မန်နေဂျာ ခါလဒ် အလ်-၀ါဖီက ပြောကြားခဲ့သည်။

    မက္ကာမြို့သို့ လာရောက်ကြသည့် ဟဂ်ျဘရားဖူးခရီးသည်များ အဆင်ပြေ လွယ်ကူ ချောမွေ့စေရန်အတွက် ဆော်ဒီအစိုးရက အစီအစဉ်များကို ပြုလုပ်နေပြီး သက်ကြီးရွယ်အိုများနှင့် မသန်းစွမ်းသူများ ဟဂ်ျခရီးစဉ်တွင် လွယ်ကူစွာသွားလာနိုင်ရေးအတွက် လျှပ်စစ်ဘီးတပ်ကုလားထိုင် ၃၀၀ ကို ယခုသီတင်းပတ်အတွင်း တိုးချဲ့ချထားပေးခဲ့သည်။ ထို့ကြောင့် ဟဂ်ျဘုရားဖူးခရီးသည်များ အသုံးပြုနိုင်မည့် လျှပ်စစ်ဘီးတပ်ကုလားထိုင်မှာ ၁၀၀၀၀ အထိ ရှိလာပြီဖြစ်သည်။

    Ref: Arab News

  • မက်ဆီမှာ ကမ္ဘာ့ဖလားနှင့် ထိုက်တန်သည်ဟု နေးမာဆို

    ဇူလိုင် ၁၁ ၊ ၂၀၁၄
    M-Media
    420299_heroa
    – အာဂျင်တီးနားသင်း၏ တိုက်စစ်မှူး မက်ဆီမှာ ကမ္ဘာ့ဖလားနှင့် ထိုက်တန်သည်ဟု ဒဏ်ရာရရှိကာ ဆေးကုသမှုခံနေရသည့် ဘရာဇီးလ်တိုက်စစ်မှူး နေးမာက ပြောကြားလိုက်သည်။

    “မက်ဆီဟာ ကမ္ဘာ့ဖလားနဲ့ ထိုက်တန်ပါတယ်။ သူဟာကျွန်တော့ရဲ့ မိတ်ဆွေဖြစ်ပြီး အကောင်းဆုံးကို ရရှိပါစေလို့ ကျွန်တော် ဆန္ဒပြုပါတယ်” ဟု မက်ဆီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    အာဂျင်တီးနားနှင့် ဘရာဇီးလ်တို့မှာ ဘောလုံးသမိုင်းတွင် မဟာပြိုင်ဘက်များဖြစ်ကြသော်လည်း မက်ဆီအနေဖြင့် ကမ္ဘာ့ဖလားကိုင်မြှောက်ခွင့်ရခဲ့ပါက မိမိမှာ ၀မ်းသာပျော်ရွှင်လိမ့်မည်ဟု နေးမာက ထပ်လောင်းပြောကြားခဲ့သည်။

    ဘရာဇီးလ်မှာ တတိယနေရာလုပွဲအဖြစ် ဟော်လန်အသင်းနှင့် မနက်ဖြန်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး နေးမာမှာ ထိုပွဲအား ပွဲကြည့်စဉ်ကပင် ကြည့်ရှုရမည်ဖြစ်သည်။

  • မန္တလေးဆူပူမှုဟာ တီထွင် ဖန်တီးထားတဲ့ အဓိကရုဏ်းဟု ဦးကိုလေး(အင်းဝဂုဏ်ရည်) ပြော

    မန္တလေးဆူပူမှုဟာ တီထွင် ဖန်တီးထားတဲ့ အဓိကရုဏ်းဟု ဦးကိုလေး(အင်းဝဂုဏ်ရည်) ပြော

    ဇူလိုင် ၁၀ ၊ ၂၀၁၄
    M-Media
    Photo Slideshow- သီဟ
    မူရင်း အင်တာဗျူး- RFA (မြန်မာပိုင်း)

    မန္တလေးဆူပူမှုဟာ လူတစု၊ အဖွဲ့ အစည်းတစ်ခုက ရည်ရွယ်ချက်ရှိရှိနဲ့ တမင်ဖန်တီးလုပ်ဆောင်တာ ဖြစ်တယ်လို့  သမ္မတဦးသိန်းစိန်ပြောဆိုချက်ကို ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) ကသူနဲ့  သဘောထား တူညီကြောင်းပြောဆိုပါတယ်။ ဒါပေမယ့် အစိုးရက အရေးယူတဲ့အခါ တရားခံအစစ်ကို မဖေါ်ထုတ်နိုင်ပဲ အပြစ်မရှိသူတွေကိုတရားခံအဖြစ် ဖန်တီးဖေါ်ပြမှာကို စိုးရိမ်တယ်လို့ ဆိုပါတယ်။ ကဗျာဆရာကြီး ဦးကိုလေးကို RFA မှ ဆက်သွယ်မေးမြန်းထားတဲ့ အသံဖိုင် ဖြစ်ပါတယ်။

    ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်)ရဲ့  အင်တာဗျူးမှ ကောက်နှုတ်ချက်
    ဖန်တီးထားတဲ့ အဓိကရုဏ်းဖြစ်ကြောင်း၊

    လူထုမကျေနပ်လို့ဖြစ်လာတဲ့ အဓိကရုဏ်း မဟုတ်ကြောင်း၊

    မိမိ Facebook မှာလဲ စဖြစ်ကတည်းက တီထွင် ဖန်တီးထားတဲ့ အဓိကရုဏ်း ဆိုပြီး သေချာရေးခဲ့ကြောင်း၊

    အခုဖြစ်စဉ်က အင်္ဂလိပ် ခေတ် ဆရာစံ သူပုန်ထတာကို တတိုင်းပြည်လုံး ထောက်ခံမှာ စိုးလို့ ဘယ်တုံးကရေးထားမှန်းမသိကြာလှပြီဖြစ်တဲ့ မော်လဝီ ကြိး ဦးရွှေဖီရေးတဲ့ ” မော်လဝီနှင့် ယောဂီ” ကျမ်းကို ထုတ်လာပြီး “ကုလား -ဗမာ” အဓိကရုဏ်လုပ်ပစ်ခဲ့ကြောင်း၊

    သူတို့ အင်းဝမှာ ပွဲတိုင်းကျော်ရပ်မှာ မွတ်စလင်တွေ ကြီး နေကြောင်း ၊ ဗလီတွေလဲ ရှိကြောင်း၊ အဲဒီက မွတ်စလင်တွေ က မြန်မာ့ ဘုရင့် အမြှောက်တပ်က သစ္စာရှိတဲ့ အမြှောက်တပ်သားတွေ ဖြစ်ခဲ့ကြောင်း၊ အင်းဝက နေ အမရပူရကို ပြောင်းသွားတဲ့ အချိန်ကျတော့ ဗုံးအိုးဆိုတဲ့ နေရာမှာ နေရာချထားပေးကြောင်း၊ အမရပူရကနေ မန္တလေးပြောင်းသွားတော့ အမြှောက်တန်းဆိုသည့်အရပ်မှာ နေရာပေးကြောင်း၊ အဲဒိမှာ မွတ်စလင်တွေ ကြိးထားကြောင်း၊ အမြှောက်ဝန်က မွတ်စလင်ဖြစ်ကြောင်း၊ မင်းတုန်းမင်းက ဗလီကြီးတွေ ဆောက်ပြိး လှူပေးခဲ့ကြောင်း၊ သစ္စာရှိပြီး ဗမာတပ်မတော်ကိုလဲ အကျိုးပြုဘူးတဲ့လူတွေ ဖြစ်ကြောင်း၊

    သမ္မတပြောတော့ နောက်ကွယ်က လူတစ်စုကို ဖော်လိုက်လို့ အမှားပဲ ဖော်လိုက်ရင် ရင်ကျိုး ရမှာဖြစ်ကြောင်း။ အစိုးရကို မယုံဘူးဆိုတာ ဦးဝင်တင်ပြောခဲ့တဲ့ စကားအတိုင်း သူ မယုံကြောင်း၊ အမှားများ ဖော်ထုတ်လိုက်ရင် ၊ တရားခံ မဟုတ်တဲ့လူက တရားခံဖြစ်သွားမှာကို စိုးရိမ်နေကြောင်း။

    လက်ရှိ မန္တလေး အခြေအနေ မစိုးရိမ်ရတော့ပါဘူး.. သူတို့ ရည်ရွယ်တဲ့ ပန်းတိုင် ရောက်သွားပါပြီ….
    မန္တလေးသာ မိတ္ထီလာလို မီးလောင်ပြင်ကြိးသွင်းလိုက်ရင် သိပ်ပြီးတော့ ရင်နာစရာကောင်းတဲ့ ဆုံးရှုံးမှုကြီးဖြစ်မှာ . အဲလောက်တော့ လုပ်မယ်ထင်ကြောင်း၊ နောက်က ပုဂိုလ်ကြီးများ အဲဒီလောက်ထိတောင် ဥာဏ်မတုံးကြောင်း ပြောကြားသွားပါတယ်။

  • အစ္စရေးကျူးကျော်မှုကို ဖုံးကွယ် ဖော်ပြနေသည့် BBC ၏ သတင်းဖေါ်ပြမှု မျှတရန်လိုအပ်

    ဇူလိုင် ၁၁၊ ၂၀၁၄
    M-Media
    1404922087545
    – “ဟားမက်စ်၏ တစ်ကျော့ပြန်တိုက်ခိုက်မှုကို အစ္စရေးခံနေရ” ဂါဇာတွင်ဖြစ်ပွားနေသည့်  သွေးထွက်သံယိုမှုများအတွက် ယမန်နေ့ (အင်္ဂါနေ့)က ဖော်ပြခဲ့သည့် BBC ၏ သတင်းခေါင်းစဉ်ဖြစ်သည်။ ကလေးငယ် တစ်ယောက်က တံတွေးဖြင့်ထွေးသောကြောင့် လမ်းလျှောက်တတ်ကာစ ထိုကလေးအား မိုက်တိုင်ဆန်က ထိုးလိုက်သည်ဟူသော ခေါင်းစဉ်ကဲ့သို့ ဖြစ်နေလေ၏။ တလ်အဗီး အခြေစိုက် အစ္စရေးလူ့အခွင့်အရေးသမား အဲလီဇဘက် ဆာရ်ကော့ဗ်က Twitter စာမျက်နှာတွင် ဂါဇာတိုက်ခိုက်မှုနှင့် ပတ်သက်၍ ဤသို့ရေးခဲ့လေသည်။

    “အသုံးမကျတဲ့ ဒုံးပျံတွေနဲ့ ကျွန်တော်တို့ကို ပစ်မှတ်ထား တိုက်ခိုက်နေပါတယ်။ ဂါဇာတွေကတော့ ဧရာမဗုံးတွေနဲ့ ကြဲခံနေရတယ်။ ကျွန်တော်တို့ကတော့ အချက်ပေးဥသြတွေ၊ Iron Dome (ဒုံးပျံကာကွယ်ရေးစနစ်) တွေနဲ့ ၀န်းရံထားပြီး သူတို့မှာတော့ ဇီးရိုးပါပဲ”

    အရပ်သားများနေထိုင်ရာ ဒေသသို့ အစ္စရေးတို့ ပစ်ခတ်သော ဒုံးကျည်များအတွက် ဟားမက်စ်တွင် ကာကွယ်ရေးစနစ်မရှိ။ အချက်ပေးဥသြစနစ်တွေလည်း အစ္စရေးလိုမရှိ။ ဟားမက်စ်၏ တိုက်ခိုက်မှုအတွက် သာမန်အစ္စရေးများအကြား ကြောက်ရွံ့မှုကို လစ်လျူမရှုသင့်၊ အထင်မသေးသင့်။

    သို့သော်လည်း F 15 တိုက်လေယာဉ်များ၊ AH-64 အပါချီရဟတ်ယာဉ်များ၊ ဒလီလာဒုံးကျည်များ၊ IAI Heron-1 ဒရုန်းလေယာဉ်များနှင့် ဂျီရီချို ၂ ဒုံးကျည်များ(နူးကလီးယားဗုံးကတော့ ချွင်းချက်အဖြစ်ထားသည်) စသည့် လက်နက်ကောင်းများရှိသည့် စူပါ ပါဝါနိုင်ငံနှင့် ဗြိတိန်ဝန်ကြီးချုပ်က “အကျဉ်းစခန်း” ဟု ခေါ်ဝေါ်သမုတ်ခဲ့ပြီး မည်သည့်အာနိသင်မှ မရှိသည့် ဒုံးကျည်များ ပစ်လွှတ်သည့် နိုင်ငံတို့ ထိပ်တိုက်တွေ့ဆုံ တိုက်ခိုက်မှုများ အတွက် မီဒီယာတွင်ဖော်ပြမှုက တကယ့်အဖြစ်မှန်နှင့် ကင်းကွာနေလေ၏။

    ဟားမတ်စ်၏ ဒုံးကျည်ကြောင့် အစ္စရေးတစ်ဦးမှ မသေဆုံးသေးသော်လည်း အစ္စရေး၏ လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် လတ်တလောတွင် ပါလက်စတိုင်း ၂၇ ဦး သေဆုံးခဲ့ရလေသည်။ (ဇူလိုင် ၁၀ ရက်နေ့အထိ သေဆုံးသူမှာ ၁၅၀ ၀န်းကျင်ရှိနေသည်) BBC ကတော့ “ဟားမက်စ်၏ တစ်ကျော့ပြန် တိုက်ခိုက်မှုကို အစ္စရေးခံနေရသည်” ဟူ၏။
    10505326_749600005081789_6219185871555693510_n
    သွေးထွက်အောင်မှန်သည့် အမှန်တရားတစ်ခုကတော့ အစ္စရေးတစ်ယောက်၏အသက်က ပါလက်စတိုင်း တစ်ယောက်၏ အသက်ထက် ပို၍တန်ဖိုးရှိသည်ဟု အနောက်တိုင်း မီဒီယာများက မှတ်ယူထားခြင်းပင်ဖြစ်လေသည်။ လက်တွေ့ဘ၀ အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား “သေခြင်းတရား၏ အဆင့်အတန်း” ကို ဤဖော်ပြမှုတွင် ကြည့်နိုင်လေသည်။ အစ္စရေးလူ့အခွင့်အရေးအဖွဲ့ဖြစ်သည့် BTseleem ၏ အဆိုအရ အစ္စရေးလုံခြုံရေး တပ်ဖွဲ့ဝင်များ၏ လက်ချက်ကြောင့် ၂၀၀၉ ခုနှစ်က ပါလက်စတိုင်း ၅၆၅ ဦး သေဆုံးခဲ့ပြီး ဟားမက်စ်တို့ကြောင့် အစ္စရေးအရပ်သား ၂၈ ဦးနှင့် အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦးသာ သေဆုံးသည်ဟူ၏။

    ပဋိပက္ခဟု အမည်ပေးထားသည့် ဤဖြစ်ရပ်၏ အချိုးမညီမျှမှုက သေဆုံးသည့်စာရင်းတွင် ထင်ဟပ်နေသည်။ သို့သော်လည်း ဤသတင်းက သတင်းမီဒီယာများတွင်တော့ တက်လာခြင်းမရှိ။

    ထိုကဲ့သို့ပင် အစ္စရေးလူငယ်သုံးဦးအား ပြန်ပေးဆွဲခြင်းနှင့် မျက်နှာဖုံးလူသတ်သမားတို့၏ အကြောင်းကို မီဒီယာများက မြိုင်မြိုင်ဆိုင်ဆိုင် ဖော်ပြကြလေသည်။ အနောက်တိုင်းမီဒီယာများ မဖော်ပြသည်က ထိုလူငယ်သုံးဦးပျောက်ဆုံးခဲ့ပြီးနောက်ပိုင်း အနောက်ဘက်ကမ်းခြေတွင် အစ္စရေးမှ ပြုလုပ်သော စီးနင်းမှုများအတွင်း ကလေးငယ်တစ်ဦးအပါအ၀င် ပါလက်စတိုင်း ၆ ဦး အသတ်ခံခဲ့ရခြင်းပင်ဖြစ်လေသည်။

    လူ့အခွင့်အရေးအဖွဲ့ဖြစ်သည့် Amenesty Interntional အဖွဲ့ကမူ ထိုသတ်ဖြတ်မှုအား နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေနှင့် လူ့အခွင့်ရေးဥပဒေတို့ကို ပြောင်းပြောင်တင်းတင်းချိုးဖောက်သည်ဟူ၍သာ အသံထွက်ခဲ့လေသည်။ အစ္စရေး လူငယ်သုံးဦးအား ရည်ရွယ်ချက်ရှိရှိသတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး၊ အစ္စရေးဘက်ကမူ ပါလက်စတိုင်းအရပ်သားများအား မတော်တဆ သေစေခဲ့ခြင်းဟု မီဒီယာများက ဖာထေးပေလိမ့်မည်။

    လူအခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch ၏ အစီရင်ခံစာကို ကြည့်လျှင် ထိုလုပ်ရပ်များအား “မဆိုသူများအား အစုလိုအပြုံလိုက်အရေးယူခြင်း” ဟု ဖော်ပြထားလေသည်။ (ထိုလုပ်ရပ်မှာ စစ်ရာဇ၀တ်မှုမြောက်သည့် လုပ်ရပ်မျိုးဖြစ်သည်- ဘာသာပြန်သူ) “တရားမ၀င် အင်အားအသုံးပြုမှု၊ ထင်တိုင်းကြဲဖမ်းဆီးမှုနှင့် ပါလက်စတိုင်းနေအိမ်များအား ဥပဒေပဖြိုဖျက်မှု” စသည့် အကြောင်းအရင်းများကြောင့်ဖြစ်သည်ဟု ဖော်ပြထား၏။

    သေဆုံးမှုနှစ်ခုကို စုံစမ်းစစ်ဆေးခဲ့သည့် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က အခင်းဖြစ်ပွားသည့်အချိန်တွင် “သေဆုံးသူ၊ သို့မဟုတ် တစ်ဦးတစ်ယောက်က အစ္စရေးစစ်သားများနှင် အခြားသူများ၏ အသက်အန္တရာယ်အား ခြိမ်းခြောက်နိုင်သည့် အနေအထားတွင် ရှိနေသည်ဟူသော အထောက်အထားမရှိ” ဟု တွေ့ရှိခဲ့လေသည်။

    ဇွန်လ ၁၇ ရက်နေ့က ဂျာလာဇန် ဒုက္ခသည်စခန်းမှ အသက် ၂၀ အရွယ် အဟ်မဒ် ဆမာဒါဆိုသူ ပါလက်စတိုင်းလူငယ်တစ်ဦး ပစ်သတ်ခံခဲ့ရသည်။ သို့ရာတွင် စစ်ဆင်ရေးအတွင်း ဖြစ်ခဲ့သည်ဟုပင် အစ္စရေးက ၀န်မခံခဲ့။ ဇွန်လ ၂၁ ရက်နေ့တွင် အသက် ၁၇ နှစ်အရွယ် ဆာခါ အဘူ အလ်-ဟာဆန် ပစ်သတ်ခံခဲ့ရလေသည်။

    BBC မှာ အများပြည်သူများကို အသံလွှင့်နေသည့် အသံလွှင့်ဌာနတစ်ခုဖြစ်လေသည်။ တကယ့်လက်တွေ့တွင် ဖြစ်နေသော ဖြစ်ရပ်မှန်များအား တိတိကျကျနှင့် မျှမျှတတဖော်ပြရန် တာဝန်ရှိ၏။ သို့ရာတွင် ထိုကဲ့သို့ မလုပ်ဆောင်ခဲ့။ ပိုင်ရှင်အလိုကျ၊ တာဝန်အရနှင့် ပိုင်ရှင်၏ တောင်းဆိုမှုအတိုင်းသာ ဖော်ပြနေပေသည်။
    Guardian တွင် Owen Jones ရေးသည့် ‘Israel under renewed Hamas attack’, says the BBC. More balance is needed အား ဆီလျော်အောင်ပြန်ဆိုသည်။

  • ဗီယက်နမ် အစိုးရအဖွဲ့အတွင်း ၆ လ အတွင်း လာဘ်စားမှု ၂၃ မှု စစ်ဆေးတွေ့ရှိ

    ဗီယက်နမ် အစိုးရအဖွဲ့အတွင်း ၆ လ အတွင်း လာဘ်စားမှု ၂၃ မှု စစ်ဆေးတွေ့ရှိ

    ဇူလိုင် ၁၀ ၊ ၂၀၁၄
    M-Media

    – ဗီယက်နမ်နိုင်ငံအတွင်း ၂၀၁၄ ခုနှစ် ပထမ ၆ လပတ်အတွင်း၌ ချစားမှု ၂၃ မှုကို စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု ယမန်နေ့က ပြုလုပ်သော “ချစားမှုတားဆီးထိန်းချုပ်ရေး ဗဟိုစီမံခန့်ခွဲမှု ကော်မတီ” ၏ အစည်းအဝေးတွင် ထုတ်ပြန်သော စစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

    ထိုချစားမှုများတွင် ပါဝင်ခဲ့သူများမှာ ၃၂ ဦးရှိပြီး ချစားမှုတန်ဖိုးမှာ ဗီယက်နမ်ဒေါင် ၆၈.၅ ဘီလီယံ (ကန်ဒေါ်လာ ၃.၂၅ သန်း) ရှိသည်ဟု အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ရာဇ၀တ်မှု စာရင်းအင်းဗျူရို၏ ကိန်း ဂဏန်းများအရ ဗီယက်နက်ပြည်သူ့တရားရုံးချုပ်လက်အောက်တွင် ပြီးခဲ့သည့် မေလကုန်အထိ နိုင်ငံတစ်ဝှမ်း စုံစမ်းရေး အေဂျင်စီများက တရားစွဲဆိုထားခဲ့သော ချစားမှုမှာ ၁၀၂ မှုရှိပြီး တရားခံ ၁၉၈ ဦးပါဝင်သည်ဟု သိရသည်။

    အမှု ၈၄ ခုနှင့် တရားခံ ၂၁၇ ခုဦးတို့အား တရားရုံးတွင် ရုံးထုတ်ပြီးဖြစ်သည်ဟု အဆိုပါ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

    ဗီယက်နမ်အစိုးရအဖွဲ့အတွင်း ချစားမှုများကို ကိုင်တွယ်ဖြေရှင်းရန် “ချစားမှုတားဆီးထိန်းချုပ်ရေး ဗဟိုစီမံခန့်ခွဲမှု ကော်မတီ” ကို ၂၀၁၃ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဥက္ကဌမှာ ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ CPV မှ အထွေထွေ အတွင်းရေးမှူးဖြစ်ပြီး ထိုကော်မတီအား CPV မှ တိုက်ရိုက်ညွှန်ကြားနေခြင်းဖြစ်သည်။

    Ref: ဆင်ဟွာ