News @ M-Media

Blog

  • ပဲခူးတိုင်းဒေသကြီးအတွင်း ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေး

    ပဲခူးတိုင်းဒေသကြီးအတွင်း ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေး

    ဇူလိုင် ၈ ၊ ၂၀၁၄
    ကိုလွင်(ဆွာ)

    မန္တလေးမြို့၌ဖြစ်ပေါ်ခဲ့သော ဘာသာရေးအသွင်ဆောင်သော ပဋိပက္ခ များနှင့်ပတ်သက်၍ အမျိုးမျိုး ထွက်ပေါ်နေသော ကောလဟလ သတင်းများကို ရှောင်ရှားနိုင်ရန်နှင့် ဘာသာပေါင်းစုံ အတူယှဉ်တွဲကာ အေးချမ်းစွာနေထိုင်နိုင်ရေး အတွက် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့ဝင်များ တွေ့ဆုံပွဲကို ပဲခူးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အသီးသီး၌ ကျင်းပသည်။

    ကျောက်တံခါးမြို့နယ် ဈေးပိုင်းရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ် ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ဇူလိုင် ၆ ရက် ညနေ ၄ နာရီက မြို့နယ် စီမံခန့်ခွဲရေးကော်မတီနှင့် ဘာသာပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

    မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးတင့်ကျော်လွင်က မန္တလေးမြို့၌ ဖြစ်ပွားခဲ့သောပဋိပက္ခများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မိမိတို့မြို့နယ်အတွင်း အလားတူကိစ္စများ ဖြစ်ပွားမှုများမရှိစေရေးနှင့် ကောလဟလသတင်းများနှင့် ထူးခြားမှုရှိပါက အချိန်နှင့်တစ်ပြေးညီ ပူးပေါင်းဆောင်ရွက်သွားကြရန်
    ဆွေးနွေးခဲ့သည်။ အလားတူပင် ဇီးကုန်းမြို့နယ် အမှတ်(၄)ရပ်ကွက် ဘုရားလမ်း ရှိ သံဓမ္မာရုံ၌ ဇူလိုင် ၄ ရက် မွန်းလွဲ ၁ နာရီက မြို့နယ်တည်ငြိမ် ထိန်းသိမ်းရေးအဖွဲ့မှ နာယကအဖွဲ့ဝင် ဆရာတော် ဥူးတေဇဝံသနှင့် ဆရာတော်ကြီးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လှိုင်မြင့်နှင့် တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ် ဖွဲ့မှူး ရဲမှူးကျော်အောင်၊ ဘာသာရေး အသင်းအဖွဲ့များမှ ခေါင်းဆောင်များ တက်ရောက် ဆွေးနွေးကြသည်။

    ထို့အတူ မင်းလှမြို့ အမှတ်(၆)ရပ်ကွက် ကန်သာယာယာလမ်းရှိ ဂျာမေဗလီ ၌ ဗလီဥက္ကဋ္ဌ ဦးဘသန်းက ဘာသာရေး အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးစွာ လက်တွဲနေထိုင်နိုင်ရေးနှင့် ရိုင်းပျသော အပြုအမူများနှင့် ကောလာဟလသတင်းများကို ယုံကြည်မှု မရှိကြရန် ဆွေးနွေးပြောကြားခဲ့ ကြောင်း သိရသည်။

    ၉-၇-၂၀၁၄ မြန်မာ့အလင်း စာ-၅

  • နေပြည်တော်ကောင်စီဝင်နှင့် ပျဉ်းမနားမြို့ပေါ်ရှိ ဗလီဝတ်ကျောင်းများမှ ဘာသာရေး ခေါင်းဆောင်များ တွေ့ဆုံ

    ဇူလိုင် ၈ ၊ ၂၀၁၄
    ဇော်မျိုးနိုင်

    ကောလဟလများ မယုံကြည်ဖို့လို့၊ ထူးခြားမှုရှိပါက သတင်းပို့နိုင်

    Nay Pyi Daw
    ပျဉ်မနား။ ။ နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏခရိုင် ပျဉ်းမနားမြို့ ဒေါ်သေး ဗလီ၌ ယနေ့ညနေ ၃ နာရီက နေပြည်တော်ကောင်စီဝင် ပျဉ်းမနားတာဝန်ခံ ဗိုလ်မှူးကြီး မြင့်အောင်သန်းသည် ပျဉ်းမနားမြို့ပေါ်ရှိ ဗလီဝတ်ကျောင်း ၁၃ ကျောင်းမှ ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံ
    ကာ ပဋိပက္ခများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုမရှိစေလို ကြောင်း၊ ပဋိပက္ခ တစ်စုံတစ်ရာဖြစ်ပွားပါက ပြစ်မှုကျူးလွန်သူကို လူမျိုးဘာသာမခွဲခြားဘဲ ဥပဒေနှင့်အညီအရေးယူမည်ဖြစ်ကြောင်း၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို အဓိကဆောင်ရွက်မည်ဖြစ်ရာ ပြဿနာ
    ဖြစ်အောင်ဖန်တီးသူများကို အချိန်နှင့်တစ်ပြေးညီ အရေးယူသွားမည်ဖြစ်ကြောင်း၊ ပဋိပက္ခများ၏ အဓိက အကြောင်းအရင်းမှာ ကောလာဟ jဖြစ်ရာ ကောလာဟလများကို မယုံကြည်ရန်နှင့် တစ်စုံတစ်ရာ ထူးခြားမှု သတင်းရရှိပါက ချက်ချင်း သတင်းပေးပို့နိုင်ကြောင်း ပြောကြားခဲ့
    သည်။

    ၉-၇-၂၀၁၄ မြန်မာ့အလင်း စာ-၅

  • မျက်နှာဖုံးအုပ်ခွင့် ပိတ်ပင်ခြင်းကို ဥရောပ လူ့အခွင့်အရေး ခုံရုံး ထောက်ခံမှု ထင်ရှားသည့် ဂျူးဘုန်းတော်ကြီး ရှုတ်ချ

    ဇူလိုင် ၈ ၊ ၂၀၁၄
    M-Media
    EuropeSenior-Rabbi-Slams-Burqa-Ban
    – အစ္စလာမ်ဘာသာဝင် အမျိုးသမီးများ နီကဘ် ၀တ်ဆင်ခြင်းကို ပိတ်ပင်ထားသည့် ပြင်သစ်အစိုးရ၏ ဥပဒေကို ထောက်ခံခဲ့သော ဥရောပလူ့အခွင့်အရေးခုံရုံး၏ ဆုံးဖြတ်ချက်အား ဥရောပရှိ အကြီးတန်း ဂျူးဘုန်းတော်ကြီးက ဝေဖန်လိုက်ပြီး မွတ်စလင် အမျိုးသမီးများ၏ ဘာသာရေး လွတ်လပ်ခွင့်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “၂၀၀၉ ခုနှစ်က ဆွဇ်ဇာလန်မှာ မင်နာရာ ဆောက်လုပ်မှု၊ ဘုရ်ခါ ၀တ်ဆင်ခြင်းကို ပိတ်ပင်လိုက်တာနဲ့ ဒါတွေကို ဥရောပ လူ့အခွင့်အရေး ခုံရုံး ECHR က ပြီးခဲ့တဲ့ ရက် အနည်းငယ်အတွင်းမှာ ခွင့်ပြုလိုက်တာက ” ဟု The Telegraph သတင်းစာတွင် ဖော်ပြခဲ့သော ဆောင်းပါး၌ ဥရောပဂျုးဘုန်းတော်ကြီးများ အဖွဲ့ အကြီးအကဲ ပင်ချက် ဂိုးလ်ရှမစ်က ပြောကြားလိုက်သည်။ ၎င်းမှာ မော်စကိုမြို့ ဂျူးဘုန်ကြီးများအသင်း၏ အကြီးအကဲလည်းဖြစ်သည်။

    မွတ်စလင်အမျိုးသမီးများ ၀တ်ဆင်သည့် ဘုရ်ခါအား ပိတ်ပင်ခြင်းကို ၂၀၁၀ နှစ်က ပြင်သစ်နှင့် ဘယ်လ်ဂျီယံတို့တွင် စတင်ခဲ့ပြီး အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် မျက်နှာဖုံးအုပ်ခြင်းအား တရားမ၀င်ဟု သတ်မှတ်ခဲ့သည်။

    မျက်နှာကို ဖုံးအုပ်ရသည့် နီဘဘ်အား ပိတ်ပင်ခြင်းမှာ နိုင်ငံသားများအား အတူတကွ နေထိုင်မှုကို အားပေးခြင်းဖြစ်သည်ဟု ပြင်သစ်နိုင်ငံက စောဒက တက်ခဲ့ပြီးနောက် ဥရောပ လူ့အခွင့်အရေးခုံရုံး ECHR ကလည်း ထိုပိတ်ပင်မှုအား ပြီးခဲ့သည့် အင်္ဂါနေ့က လက်ခံခဲ့သည်။

    သို့သော်လည်း ဂိုလ်းရှမစ်ကမူ ထိုဥပဒေမှာ ဘာသာရေး လွတ်လပ်ခွင့်ကို ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် ဘုရ်ခါနှင့် နီကဘ်ကို ပိတ်ပင်ခြင်းက အစွန်းရောက်ဝါဒအား တိုက်ထုတ်ရာတွင် အကူအညီဖြစ်လိမ့်မည်ဟု ပြောဆိုကြသောနိုင်ငံရေးသမားများမှာ အသုံးမကျသူ များသာဖြစ်သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “ဘုရ်ခါကို ပိတ်ပင်တာဟာ အစွန်းရောက်ဝါဒကို တစ်နည်းတစ်ဖုံ တိုက်ဖျက်တယ်လို့ ထင်နေတဲ့သူတွေဟာ တကယ့်ကို အသုံးမကျတဲ့သူတွေပါပဲ။ အကြမ်းဖက်ဝါဒနဲ့ အစွန်းရောက်ဝါဒကို တွန်းလှန်ဖို့ ကြိုးပမ်းမှုကနေ သူတို့ဟာ အပြောင်းအလဲတစ်ခုကို ဖန်တီးရင် ဒါဟာ ပြဿနာကို ပိုရှုပ်စေတာပါပဲ” ဟု ဂိုးလ်ရှမစ်က ဆိုသည်။

  • နေးမာ၏ဒဏ်ရာကို တားမြစ်သုံးပြီး မကုရန် ဘရာဇီးဘောလုံးအဖွဲ့ချူပ် သတိပေး

    ဇူလိုင် ၈ ၊ ၂၀၁၄
    M-Media
    432266_heroa
    – ဒဏ်ရာရနေသည့် ဘရာဇီးဘောလုံးစတား နေးမာအား ပြိုင်ပွဲတွင် ၀င်ရောက်ကစားရန် တာမြစ်ဆေးဝါး အသုံးပြုကာ ကုသပေးခြင်း မပြုရန် ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်က သတိပေးပြောဆိုလိုက်သည်။

    ကိုလံဘီယာနှင့် ကွာတားဖိုင်နယ်ပွဲတွင် ရရှိခဲ့သည့် နောက်ကျောဒဏ်ရာကြောင့် ဘရာဇီး၏ လက်ကျန်ပွဲစဉ်များတွင် ပါဝင်နိုင်တော့မည် မဟုတ်ဟု ဘရာဇီးအသင်း ဒေါက်တာ လူအစ်ဇ်ရန်ကိုက ကြေညာခဲ့သည်။ သို့သော်လည်း နေးမာ၏ အသင်းဟောင်း ဆန်းတို့မှ ဆေးအဖွဲ့ကမူ ထိုဒဏ်ရာအား ကမ္ဘာ့ဖလား နောက်ဆုံး ဗိုလ်လုပွဲမတိုင်ခင် ပျောက်ကင်းအောင် ကုသနိုင်မည်ဟု နေးမာနှင့် ၎င်း၏ မိသားစုကို ပြောကြားခဲ့သည်။

    ထို့ကြောင့် ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်က ယခုကဲ့သို့ သတိပေးလိုက်ခြင်းဖြစ်ပြီး  ဆေးပညာကျင့်ဝတ်ကို ချိုးဖောက်ကာ တားမြစ်ထားသည့် အကိုက်အခဲပျောက် ဆေးထိုးကာ ကုသပေးသည့် မည်သည့် ဆရာဝန်ကိုမဆို ရဲတပ်ဖွဲ့အား တိုင်ကြားမည်ဟု ပြောဆိုခဲ့သည်။

    “အနာကျက်ဖို့လိုအပ်နေတဲ့ သူ့(နေးမာ)ရဲ့ ကျောရိုးက နာဗ့်ကြောဒဏ်ရာဟာ အခုအချိန်မှာ တည်ငြိမ်တဲ့အနေအထားမှာရှိပါတယ်။ တကယ်လို့ ဒီဒဏ်ရာကို ထပ်ပြီးထိခိုက်မယ်ဆိုရင် ပိုပြီး ဆိုးရွားသွားနိုင်ပါတယ်။ ဒါဆိုရင် နေးမာတင်မကဘဲ လူသားထုတစ်ရပ်လုံးအတွက် ပြဿနာဖြစ်စေနိုင်ပါတယ်” ဟု ဘရာဇီးလ်အသင်းဆရာဝန် ရန်ကိုက ပြောကြားခဲ့သည်။

    ဘရာဇီးအသင်းမှာ ယနေ့ညတွင် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဂျာမနီအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

  • ကျောင်းသားသမဂ္ဂ ဖြိုခွင်းခံရသည့် အထိမ်းအမှတ် ၅၂ နှစ်အတွင်း ပထမဆုံးအကြိမ် ရန်ကုန်တက္ကသိုလ်တွင် ပြုလုပ်

    ဇွန် ၈၊ ၂၀၁၄
    M-Media
    လမင်း
    10543415_540387112733320_1181117309_n
    ရန်ကုန်။ ။ ဇူလိုင်လ ၇ ရက်နေ့တွင် ကျရောက်ခဲ့သော ကျောင်းသားသမဂ္ဂဖြိုခွင်းခံရသည့် အထိမ်းအမှတ်အဖြစ် တက္ကသိုလ်မှ ကျောင်းသား ကျောင်းသူ ၂၀၀ ကျော်က အင်ယား ကန်ဘောင်မှ စတင်ချီတက်ခဲ့ကြပြီး ရန်ကုန်တက္ကသိုလ်ရှိ ဖြိုခွင်းခံခဲ့ရသော တကသ အဆောက်အအုံရှေ့တွင် အောက်မေ့ဖွယ် အခမ်းအနားတစ်ရပ် ကျင်းပခဲ့သည်။

    “ကျွန်တော်တို့ တကသ တွေဒီနေ့ ဒီလိုပွဲပြုလုပ်ရခြင်းဟာ ၁၉၆၂ ကသမိုင်းကို အခု ကျောင်းသား ကျောင်းသူတွေကို သိရှိစေချင်လို့ပါ။ ဒီနေ့ခေတ်မှာ ပြုပြင်ပြောင်းလဲရေးတွေကို လုပ်နေတယ်လို့ပြောဆိုနေပေမဲ့ ဒီ တကသ အဆောက်အအုံ ပြန်လည်ဆောက်ဖို့ကို အကောင်အထည်မဖော်သေးပါဘူး” ဟု ယင်းအောက်မေ့ဖွယ် အခမ်းအနားတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သူ စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ကျောင်းသားတစ်ဦးဖြစ်သူ ကိုစည်သူမောင် ကဆိုသည်။

    သမိုင်းတန်ဖိုးကြီးခဲ့ပြီး လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ ထင်ရှားခဲ့တဲ့ ဒီအဆောက်အအုံကြီးကို ပြန်လည်ပေါ်ထွန်းလိုတဲ့ စိတ်အပြည့်အ၀ရှိတယ် ဆိုတာကို ပြသနိုင်ရန်အတွက် ယနေ့ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အပြောင်းအလဲများတွင် ကျောင်းသားတွေ ဆိုတာ ခေတ်အဆက်ဆက်မှာ ပါဝင်ခဲ့ပြီး ကျောင်းသားများသည် နိုင်ငံရေးသမိုင်းကြောင်းနဲ့ ဆက်စပ်နေသောကြောင့် ကျောင်းသားများ နိုင်ငံရေးမှာ ပါဝင်လာမှုကို အစိုးရ အနေနဲ့အားပေးသင့်ကြောင်း ၎င်းကသုံးသပ်ပြောကြားခဲ့သည်။

    ဖြိုခွင်းခဲ့ရသော တကသအဆောက်အအုံရှေ့တွင် ကဗျာများရွတ်ဆိုခြင်း၊ အမှတ်တရ သီချင်းများသီဆိုခြင်း၊ အမှတ်တရ စကားများပြောကြားခြင်း၊ ကျဆုံးသွားသော ကျောင်းသားခေါင်းဆောင်များအား အလေးပြုခြင်း များကို ပြုလုပ်ခဲ့ကြသည်။

    ထို့ပြင် မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်နှင့် လူ့ဘောင်သစ် လူငယ်အဖွဲ့တို့မှ ဦးဆောင်ပြီး ကျဆုံးသွားသော ကျောင်းသားများ အတွက် အလေးပြုခြင်း ပန်းခွေများချခြင်း တို့ကိုပြုလုပ်ခဲ့ကြသည်။

    ရန်ကုန်တက္ကသိုလ်ကျောင်းသား အဆောက်အအုံအား ၁၉၆၂ ခုနှစ်တွင် ဦးနေ၀င်းအစိုးရမှ ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။

    ဓါတ်ပုံ – လမင်း