News @ M-Media

Blog

  • ဂျာမနီအသင်းဘက်သို့ ဂိုးသွင်းယူခဲ့သည့် အီတူး မော်ရင်ဟိုကို လှောင်ပြောင်သည့် ပုံစံဖြင့် အောင်ပွဲခံခဲ့

    ဂျာမနီအသင်းဘက်သို့ ဂိုးသွင်းယူခဲ့သည့် အီတူး မော်ရင်ဟိုကို လှောင်ပြောင်သည့် ပုံစံဖြင့် အောင်ပွဲခံခဲ့

    ဇွန် ၂၊ ၂၀၁၄
    M-Media

    2-B

    – ယမန်နေ့က ကစားခဲ့သည့် ဂျာမနီအသင်းအား ၂ ဂိုးစီသရေကျသည့်ပွဲတွင် ပထမဦးဆောင်ဂိုး သွင်းယူခဲ့သည့် ကင်မရွန်းတိုက်စစ်မှူး အီတူးမှာ မော်ရင်ဟိုအား လှောင်ပြောင်သည့်ပုံစံဖြင့် အောင်ပွဲခံခဲ့သည်။

    ဂိုးသွင်းယူပြီးနောက် အီတူးမှာ ထောင့်ကန်ဘော အလံတိုင်နားသို့သွားကာ ခါးကိုင်းပြီး အလံတိုင်ကို အားပြု၍ အဘိုးကြီးအသွင်သဏ္ဍာန်ပြုလုပ်ကာ အသက်အရွယ် ကြီးလွန်းနေသည်ဟုဆိုသော မော်ရင်ဟို၏ မှတ်ချက်အား လှောင်ပြောင်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ အောင်ပွဲခံမှုမျိုးကို စပါးအသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်တစ်ခုတွင် အီတူးက စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    ဖေဖော်ဝါရီလက ပြုလုပ်ခဲ့သည့် စပွန်ဆာပွဲတစ်ခုတွင် မော်ရင်ဟိုက ထိုကဲ့သို့ မှတ်ချက်ပေးခဲ့ခြင်းဖြစ်ပြီး အီတူးက မကျေမနပ်ဖြစ်ကာ မေလ ၁၅ ရက်နေ့က ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် မော်ရင်ဟိုကို အရူး၊ ရုပ်သေးရုပ် စသဖြင့် ခေါ်ဝေါ်သုံနှုန်းခဲ့သည်။

    Ref : Goal

  • ဗလီဝတ်ကျောင်းတော်တွင်း အခမ်းအနားတက်ရောက်ရန် ငြင်းဆန်ခဲ့သည့် အမေရိကန်ရဲအရာရှိ လူ့အခွင့်ရေးချိုးဖောက်မှုဖြင့် အရေးယူခံရ

    ဗလီဝတ်ကျောင်းတော်တွင်း အခမ်းအနားတက်ရောက်ရန် ငြင်းဆန်ခဲ့သည့် အမေရိကန်ရဲအရာရှိ လူ့အခွင့်ရေးချိုးဖောက်မှုဖြင့် အရေးယူခံရ

    ဇွန် ၂၊ ၂၀၁၄
    M-Media

    2-A

    – အိုကလာဟိုးမားပြည်နယ် တူလ်ဆာမြို့ရှိ ဗလီဝတ်ကျောင်းတော်တစ်လုံးတွင် ပြုလုပ်သော ဂုဏ်ပြုပွဲအခမ်းအနားကို တက်ရောက်ရန် ငြင်းဆန်ခဲ့သည့် ရဲအရာရှိ တစ်ဦးအား ဥပဒေမလိုက်နာမှုဖြင့် ခရိုင်တရားရုံးက အပြစ်ပေးခဲ့သည်ဟု သိရသည်။

    ပေါလ်ဖီးလ်ဆိုသူ ဗိုလ်တစ်ဦးဖြစ်ပြီး ၎င်းအပေါ်တွင်ရှိနေသည့် လူ့အခွင့်အရေးကို ဖောက်ဖျက်မှုဖြင့် တူလ်ဆာမြို့နှင့် မြို့နယ်ရဲဌာနက တရားဆွဲဆိုခဲ့ခြင်းဖြစ်ကာ ပြစ်မှုထင်ရှားသောကြောင့် လုပ်ခ လစာ ၁၀ ရက် ဖြတ်တောက်ခြင်း၊ ခတ္တခဏ အနားပေးခြင်းနှင့် ဂျူတီရွှေ့ဆိုင်းခြင်း စသည့် ပြစ်ဒဏ်များကို ချမှတ်ခဲ့သည်။

    ထိုမြို့ရှိ အစ္စလာမ့်အသိုင်းအ၀ိုင်းမှ ပြုလုပ်သော ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်ရန် သို့မဟုတ် ကိုယ်စားလွှတ်ပေးရန် ရဲတပ်ဖွဲ့က အမိန့်ပေးခဲ့သော်လည်း ပေါလ်ဖီးလ်မှာ ၎င်း၏ ဘာသာရေးယုံကြည်မှုကို ဖောက်ဖျက်သည်ဟုဆိုကာ မလိုက်နာသောကြောင့် ယခုကဲ့သို့ အပြစ်ပေးခံခဲ့ရခြင်းဖြစ်သည်။

    ထိုကဲ့သို့ တက်ရောက်ခြင်းက ၎င်း၏ ဘာသာရေးယုံကြည်ချက်ကို ထိပါးစေသည်ဟုဆိုလျှင် အခြားတစ်ဦးအား စေလွှတ်နိုင်ကြောင်း၊ အစ္စလာမ်သာသနာကို အစိုးရက အသိအမှတ်ပြုလက်ခံခြင်းအဖြစ် ထိုပွဲသို့တက်ရန် အမိန့်ပေးခြင်းကို လက်ခံရမည်ဖြစ်ကြောင်း ဘာသာရေးအဖွဲ့အစည်းများမှ ပြုလုပ်သည့် လူ့အဖွဲ့အစည်းတည်ဆောက်ရေး အခမ်းအနားများကို ရဲတပ်ဖွဲ့မှ ပုံမှန်တက်ရောက်ကြောင်း၊ တရားရုံးက ပြောကြားခဲ့သည်။

    Ref : IslamRU

  • ကမ္ဘာ့ဖလားပွဲအတွက် ပြင်ဆင်ရန် အင်္ဂလန်အသင်း အမေရိကန်သို့ ထွက်ခွာ

    ဇွန် ၂ ၊ ၂၀၁၄
    M-Media
    414442_heroa
    – ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်မှုအဖြစ် ခြေစွမ်းပွဲများ ကစားရန် အင်္ဂလန်အသင်းမှာ အမေရိကန်နိုင်ငံ မိုင်ယာမီသို့ သွားရောက်ခဲ့သည်ဟု သိရသည်။

    ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့် ကစားသမား ၂၃ ဦး အပြင် အရန်ထားသည့် နောက်ခံလူ ဖလာနာဂန်နှင့် ဂျွန်စတုန်းတို့လည်း လိုက်ပါသွားကြပြီး အီကွေဒေါ၊ ဟွန်ဒူးရပ်စ်အသင်းတို့နှင့် ခြေစမ်းပွဲများ ကစားမည်ဖြစ်သည်။ နည်းပြ ဟဒ်ဆန်ကမူ ဘရာဇီးသို့မသွားခင် အသင်းသားတိုင်းမှာ ၎င်းတို့၏ လုပ်နိုင်သည်များကို ပြသရန် အခွင့်အရေးရှိသည်ဟု ပြောကြားခဲ့သည်။

    အင်္ဂလန်အသင်းမှာ သောကြာနေ့က ၀င်လေကွင်းတွင် ပီရူးအသင်းနှင့် ခြေစမ်းကစားခဲ့ရာတွင် ၃ ဂိုးပြတ်ဖြင့်အနိုင်ရခဲ့သည်။ အီတလီ၊ ဥရုဂွေး၊ ကော်စတာရီကာတို့နှင့် တစ်အုပ်စုတည်းကျရောက်နေပြီး အဖွင့်ပွဲစဉ်တွင် အီတလီအသင်းနှင့် ကစားရမည်ဖြစ်သည်။

  • ပါလက်စတိုင်း အစိုးရသစ် ၀န်ကြီးလောင်းသုံးဦးအား ဂါဇာသို့ ၀င်ရောက်ခွင့် အစ္စရေးပိတ်ပင်

    ဇွန် ၂ ၊ ၂၀၁၄
    M-Media
    index
    – ညီညွတ်သော ပါလက်စတိုင်းအစိုးရ၏ ၀န်ကြီးလောင်းသုံးဦးအား အနောက်ဘက်ကမ်းခြေမှ ဂါဇာသို့ ၀င်ရောက်ခွင့်မပြုဟု ပါလက်စတိုင်းနယ်မြေရှိ အစ္စရေး စစ်တပ်အကြီးအကဲ ယိုအဗ် မိုဒီချိုင်က ရေဒီယိုမှတစ်ဆင့် ယနေ့တွင် ပြောကြားခဲ့သည်။

    အစ္စရေးဝန်ကြီးချုပ်ရုံးနှင့် ကာကွယ်ရေးဝန်ကြီးဌာနသို့ AFP က ဆက်သွယ်ရာတွင် ထိုသတင်းအားနှင့် ပတ်သက်၍ ဖြေကြားရန် ငြင်းဆိုခဲ့သည်။ ဖာတာနှင့် ဟားမတ်စ် နှစ်ဖွဲ့ ပေါင်းစည်းပြီးနောက် ဖွဲ့စည်းမည့် ပါလက်စတိုင်းအစိုးရသစ်ကို တနင်္လာနေ့တွင် ကြေညာမည်ဟု ပါလက်စတိုင်းသမ္မတ မဟ်မူဒ် အဘတ်စ်က စနေနေ့တွင် ပြောကြားခဲ့ပြီး ထိုအစိုးရအား သပိတ်မှောက်မည်ဟု အစ္စရေးက အကြောင်းကြားထားသည်ဟု ၎င်းက ဆိုသည်။

    ဂါဇာတွင်အခြေစိုက်သည့် ဟားမတ်စ်အဖွဲ့နှင့် မဟ်မူဒ်အဘတ်စ်ခေါင်းဆောင်သည့် ဖာတာအဖွဲ့မှာ ပြီးခဲ့သည့် ဧပြီလက ပြန်လည်ပေါင်းစည်းခဲ့သည်။ ထို့ပြင် အချိန်ကြာညောင်းစွာ နှောင့်နှေးနေခဲ့ရသည့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပရန်အတွက် လွတ်လပ်သော အစိုးရဖွဲ့စည်းရေးကိုလည်း သဘောတူခဲ့ကြသည်။

    AFP

  • ကမ္ဘာကို တိုးတက်ပြောင်းလဲစေခဲ့သည့် မွတ်စလင်တို့ ၏ ဆန်းသစ်တီထွင်မှုများ – ၄ (အနုပညာ)

    ဇွန် ၂ ၊ ၂၀၁၄
    M-Media
    Credit to -အောင်သန်းလွင် (UCSY)

    ကျော်ကြားတဲ့ ဆင့်ပြန်ချက်တွေ အရ ” အလ္လာဟ်အရှင်မြတ်သည် ကိုယ်တိုင်လှပသော ဂုဏ်တော်များရှိသကဲ့သို့ လှပမှုကိုလည်း ချစ်ခင်မြတ်နိုးတော်မူသည် ” ဟု တမန်တော် မိုဟမ္မဒ် (ငြိမ်းချမ်းခြင်း သက်ရောက်ပါစေ) မိန့်ကြားကြောင်း သိရှိရပါတယ်။

    988480_753650051336533_1615486550943112624_n

    ဒီမိန့်ကြားချက်က မွတ်စလင်တွေကို လက်ရေးလှ အတတ်ပညာအသုံးပြုပြီး “အလ္လာဟ်” နဲ့ အခြားဂုဏ်တော်တွေကို လှပစွာပုံဖော်ဖို့ တွန်းအား တစ်ခုဖြစ်စေခဲ့ပါတယ်။ လက်ရေးလှအတတ်ပညာဟာ ဗျာဒိတ်ရကျမ်းစာ ကုရ်အာန် ကျရောက်ခြင်းနဲ့အတူ မွတ်စလင်တွေရဲ့ စိတ်နှလုံးထဲက လှိုက်လှိုက်လှဲလှဲ တုံ့ပြန်ချက် အနေနဲ့ ပေါ်ထွက်လာတာလို့လည်း ပြောနိုင်ပါတယ်။ လက်ရေးလှအတတ်ပညာဟာ ကုရ်အာန် ကျမ်းစာ စာသားတွေကို လှပစွာ ပုံဖော်ရာကနေ အရာဝတ္ထုတွေ၊ အိမ်တွေ၊ ဗလီဝတ်ကျောင်းတော်တွေကို လှပစွာ ပုံဖော်ကြတဲ့အထိ ရွေ့လျားကျယ်ပြန့်လာပြီး ဗိသုကာပညာရပ် တစ်ခုအဖြစ် တိုးတက်လာခဲ့ပါတယ်။

    1604488_753649681336570_1100285070197691090_n

    ဂျီသြမေတြီ (အရာဝတ္ထုပုံစံ၊ အရွယ်အစား စသည်လေ့လာခြင်း) ပညာရပ်ဟာ မွတ်စလင် ကမ္ဘာရဲ့ အနုပညာရပ်မှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်လာခဲ့ပါတယ်။ သူတို့ဟာ စက်ဝိုင်းတွေကို အခြေခံပြီး ထပ်တလဲလဲ ဆက်စပ်ခြင်း၊ ခေါက်ချိုးချခြင်း၊ အရွယ်အစားပြောင်းလဲခြင်း စတာတွေနဲ့ ထူးခြားပြီး လှပတဲ့ ပုံစံထွက်လာအောင် ဖန်တီးယူကြပါတယ်။ ဒီတင်မက မွတ်စလင် အနုပညာရှင်တွေဟာ ကနုတ်ပန်းတွေ(Arabesque) ပုံဖော်တဲ့ ထိအောင် ထူးချွန်ပြောင်မြောက်လာကြတယ်။ ကနုတ်ပန်းတွေဟာ ဂျီသြမေတြီ အနုပညာဖြစ်ပြီး များစွာသော မတူညီတဲ့ ပုံသဏ္ဍန် အရွယ်အစားတွေကို ဆက်စပ်တွဲယှက်ရတဲ့ ပညာရပ်ပဲဖြစ်ပါတယ်။

    10307202_753649804669891_6355580501244762966_n

    မွတ်စလင်တွေရဲ့ အသိဉာဏ် အဆင့်မြင့်မားပြီး ထူးချွန်ပြောင်မြောက်တဲ့ အနုပညာရပ်ရဲ့ ဥပမာအနေနဲ့ မကြာသေးမီကမှ တူရကီနိုင်ငံ အစ္စတန်ဗူမြို့ (Istanbul) မှာ ဖော်ထုတ်တွေ့ရှိရတဲ့ တော့ပ်ကာပီ စာလိပ် ( Topkapi Scroll ) က သက်သေခံနေပါတယ်။ အဲ့ဒီစာလိပ်ထဲမှာ နံရံတွေနဲ့ အမိုးခုံးတွေမှာ ပုံဖော်တဲ့ မတူညီတဲ့ ဂျီသြမေတြီ ပုံစံပေါင်း ( ၁၁၄ ) မျိုးပါဝင်နေတယ်။ အဲ့ဒါဟာ ( ၁၅ ) ရာစုနဲ့ ( ၁၆ ) ရာစုမှာ အလုပ်လုပ်ခဲ့တဲ့ များစွာသော အဆောက်အဦးဆောက်သူတွေ(ဗိသုကာပညာရှင်တွေ)ရဲ့ လက်ရာပဲဖြစ်ပါတယ်။

    10341766_753650254669846_3203363980405076806_n

    ကျော်ကြားတဲ့ ကြိုးထုံး မှန်ကူကွက် ပုံစံကို အင်္ဂလန် ဘုရင် ဟင်နရီ (King Henry VIII) ရဲ့ ရုပ်ပုံလွှာက ဝတ်ရုံအနားနဲ့ လိုက်ကာတွေမှာ ပုံဖော် အသုံးပြုထားတာကိုပုံပါ အတိုင်းတွေ့ရပါလိမ့်မယ်။

    ကမ္ဘာကျော် အီတလီ ပန်းချီပန်းပု ဆရာ လီယိုနာဒို ဒါဗင်စီဟာ ကနုတ်ပန်းတွေ (Arabesque) ရဲ့ ရွှင်မြူးဖွယ်ကောင်းတဲ့ လက်ရာကို သိရှိပြီး ရှုပ်ထွေးခက်ခဲတဲ့ ပုံစံတွေကို အချိန်ပေးပြီး တွက်ထုတ်နေလေ့ရှိပါတယ်။

    (1001 Inventions : Muslim Heritage in Our World)

    အင်္ဂလန်နိုင်ငံ သိပ္ပံ၊နည်းပညာ နှင့် ယဉ်ကျေးမှု ဖောင်ဒေးရှင်းမှ ပုံနှိပ်သည်။ (Foundation for Science, Technology and Civilisation (FSTC), UK)

    “ကျွန်ုပ်တို့ကမ္ဘာရှိ မွတ်စလင်များကပေးခဲ့သော အမွေအနှစ်များ” စာအုပ်မှ အကျဉ်းထုတ်နှုတ်ချက်
    ==========================
    ကမ္ဘာကို တိုးတက်ပြောင်းလဲစေခဲ့သည့် မွတ်စလင်တို့၏ ဆန်းသစ် တီထွင်မှုများ – ၁ (စာသင်ကျောင်းများ) ဖတ်ရန်
    http://www.m-mediagroup.com/news/27979

    ကမ္ဘာကို တိုးတက်ပြောင်းလဲစေခဲ့သည့် မွတ်စလင်တို့ ၏ ဆန်းသစ်တီထွင်မှုများ – ၂ (ဓာတုဗေဒပညာရပ်)
    http://www.m-mediagroup.com/news/28107

    ကမ္ဘာကို တိုးတက်ပြောင်းလဲစေခဲ့သည့် မွတ်စလင်တို့ ၏ ဆန်းသစ်တီထွင်မှုများ – ၃ (ဆေးပညာ)
    http://www.m-mediagroup.com/news/28166

    (အစ္စလာမ့် တီထွင်ဆန်းသစ်မှုများကို ဖော်ပြရခြင်းအကြောင်း)

    ယနေ့ကာလမှာ ကမ္ဘာ့လူသားထုတိုးတက်ရေးအတွက် အစ္စလာမ်ကမ္ဘာကပြုလုပ်ခဲ့တဲ့ အရေးပါအရာ ရောက်လှတဲ့ ဖြည့်စွက်ချက်တွေကို အသိ နည်းနေကြပါသေးတယ်။ နှစ်ပေါင်း ( ၅ဝဝ ) ကျော်မျှ အစ္စလာမ်က သိပ္ပံပညာရပ်တွေမှာ ကမ္ဘာကို ဦးဆောင်ခဲ့ရုံမျှမက စည်းစနစ်ကျတဲ့ အသိပညာရှာဖွေမှုတွေမှာ တက်တက်ကြွကြွ ရှိနေခဲ့ကြတဲ့ တစ်ခုတည်းသော လူသားမျိုးနွယ် အစိတ်အပိုင်းဖြစ်ခဲ့ပါတယ်။

    ( ၈ ) ရာစုအလယ်က စလို့ သိပ္ပံနဲ့ ပညာရေးဟာ ဘဂ္ဂဒက်မြို့တော်ကိုအခြေပြုတဲ့ တန်ခိုးကြီး အစ္စလာမ့် အင်ပါယာအောက်မှာ မွတ်စလင်တွေရဲ့ လွှမ်းမိုးမှုအဖြစ်နဲ့ အကြီးအကျယ်ထွန်းကားနေခဲ့ပါတယ်။ ဒီတိုးတက်မှုအနေအထားဟာ နောင် နှစ်ပေါင်း (၅ဝဝ) ကြာပြီးတဲ့အခါ မွတ်စလင်တွေ နိုင်ငံရေးအရ ကျဆင်းလာတဲ့ အချိန်ကိုကျော်လွန်ပြီးတဲ့တိုင်အောင် ရှိနေခဲ့ပါတယ်။

    အစ္စလာမ့် တီထွင်ဆန်းသစ်မှုများ အဖြစ်နဲ့ ဖော်ပြသွားမယ့် ဆောင်းပါးတွေဟာ အစ္စလာမ့် ရွှေခေတ်လို့ခေါ်တဲ့ ကာလတွေမှာ မွတ်စလင်တွေဟာ အသိပညာရှာဖွေရာမှာနဲ့ အရေးပါအရာရောက်လှတဲ့ လူ့သမိုင်း တိုးတက်ရေးတွေမှာ ဘယ်လောက်တောင် ထူးချွန်ပြောင်မြောက်စွာဖြည့်စွက်ခဲ့ကြသလဲ ဆိုတာကို ဖော်ပြသွားဖို့ရည်ရွယ်ပါတယ်။

    အောင်သန်းလွင် (UCSY)