News @ M-Media

Blog

  • ကမ္ဘာ့ဖလား ဆန့်ကျင်ရေး ဆန္ဒပြမှု ဘရာဇီးတွင် အရှိန်မြင့်၊ ယမန်နေ့က ရီယိုဒီဂျနေရိုးတွင် လူရာချီ ထပ်မံ ဆန္ဒပြခဲ့

    ကမ္ဘာ့ဖလား ဆန့်ကျင်ရေး ဆန္ဒပြမှု ဘရာဇီးတွင် အရှိန်မြင့်၊ ယမန်နေ့က ရီယိုဒီဂျနေရိုးတွင် လူရာချီ ထပ်မံ ဆန္ဒပြခဲ့

    မေ ၃၁၊ ၂၀၁၄
    M-Media

    31D

    – ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရန် ၁၀ ရက်ကျော်သာ လိုတော့ချိန်တွင် ဘရာဇီးနိုင်ငံတစ်ဝှမ်း ပြိုင်ပွဲဆန့်ကျင်ရေး ဆန္ဒပြမှုများမှာ ကြီးထွားလာနေပြီး ယမန်နေ့ကလည်း မြို့တော် ရီယိုဒီဂျနေရိုးတွင် ကြီးမားသည့် ဆန္ဒပြမှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    ကျောင်းဆရာများအပါအ၀င် လူပေါင်း ၅၀၀ ကျော်ပါဝင်ပြီး မြို့တော်ခန်းမသို့ ငြိမ်းချမ်းစွာ ချီတက်ခဲ့ကြကာ ကမ္ဘာ့ဖလား ဆန့်ကျင်ရေး  ကျွေးကြော်သံများကို ကျွေးကြော်ခဲ့ကြသည်။ ထို့ပြင် ထိုပြိုင်ပွဲအတွက် ကုန်ကျသည့် ဒေါ်လာ ဘီလီယံများစွာကို ကျန်းမာရေး၊ ပညာရေး၊ သယ်ယူပို့ဆောင်ရေးနှင့် အိမ်ရာများအတွက် သုံးစွဲပါက ပိုမိုကောင်းမွန်လိမ့်မည်ဟု အစိုးရအား တောင်းဆိုခဲ့သည်။

    ဆန္ဒြုပနေစဉ် ရဲတပ်ဖွဲ့ရှိနေသော်လည်း ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပွားခဲ့ခြင်း မရှိချေ။ မေလ ၂၈ ရက်နေ့ကလည်း ရီယိုဒီဂျနေရိုးရှိ ဘတ်စ်ကား မောင်းသူ သုံးပုံ တစ်ပုံက ဆန္ဒပြခဲ့ကြသောကြောင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ အခက်တွေ့ခဲ့ရသည်။ ဘရာဇီးအာဏာပိုင်များကမူ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွင်း လုံခြုံရေးဆောင်ရွက်ရန် ရီယို ဒီဂျနေရိုးတွင် စစ်တပ် ၂ သောင်းခန့်ကို ချထားမည်ဖြစ်ကြောင်း စောစောပိုင်းက ပြောကြားထားသည်။

    Ref : PressTV

  • ဆွာရက်ဇ်မှာ မက်ဆီ၊ ရော်နယ်ဒိုတို့ထက် ပိုကောင်းသည်ဟု ဥရုဂွေးအသင်းဖော်ဆို

    ဆွာရက်ဇ်မှာ မက်ဆီ၊ ရော်နယ်ဒိုတို့ထက် ပိုကောင်းသည်ဟု ဥရုဂွေးအသင်းဖော်ဆို

    မေ ၃၁၊ ၂၀၁၄
    M-Media

    31C

    – ခရစ္စတီယာနို ရော်နယ်ဒိုနှင့် လီယွန်နယ် မက်ဆီတို့အား ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားများအဖြစ် သတ်မှတ်ထားသော်လည်း လူးဝစ် ဆွာရက်ဇ်မှာ ၎င်းတို့ ၂ ဦးထက် ပိုကောင်းသည်ဟု ဥရုဂွေးအသင်းဖော် ခရစ္စတီယန် ရော်ဒရီဂက်ဇ်က ပြောကြားလိုက်သည်။

    ဆွာရက်ဇ်မှာ ဒူးဒဏ်ရာကြောင့် မေလအစောပိုင်းက ခွဲစိတ်ကုသမှု ခံယူထားရပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအမီ ပြန်လည်သက်သာရန် မသေချာသေးပေ။ ခရစ္စတီယန်ကမူ ဆွာရက်ဇ်မှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဖြစ်သည်ဟု ဆိုသည်။

    “ကျွန်တော် သတိထားမိသလောက်တော့ ရော်နယ်ဒိုနဲ့ မက်ဆီဟာ ဆွာရက်ဇ်ထက် တစ်ဆင့်နိမ့်ပါတယ်။ သူဟာ ကလပ်အသင်း အတွက်ရော နိုင်ငံအသင်းအတွက်ပါ ကိုယ်စားပြု ကစားသူပါ။ မက်ဆီနဲ့ ရော်နယ်ဒိုကတော့ ကလပ်အသင်းမှာပဲကောင်းမွန်ပြီး နိုင်ငံအသင်းအတွက် အဲလောက်မကောင်းပါဘူး” ဟု Daily Mail သတင်းစာသို့ ပြောကြားခဲ့သည်။

    ဆွာရက်ဇ်မှာ ၂၀၁၃-၁၄ ဘောလုံးရာသီတွင် လီဗာပူးလ်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး ပွဲပယ်ပြစ်ဒဏ်ကြောင့် ပွဲစဉ်အပြည့် မကစားခဲ့ရသော်လည်း ပရီးမီးယားလိဂ်တွင် ၃၁ ဂိုးအထိ သွင်းယူနိုင်ခဲ့သည်။

    Ref : Goal

  • ခွဲထွက်ရေးသမားများအား ထိုးစစ်ဆင်မည့် သတင်းများကြောင့် ယူကရိန်းအရှေ့ပိုင်းရှိ ဒေသခံအမြောက်အများ နေရပ်စွန့်ခွာနေ

    ခွဲထွက်ရေးသမားများအား ထိုးစစ်ဆင်မည့် သတင်းများကြောင့် ယူကရိန်းအရှေ့ပိုင်းရှိ ဒေသခံအမြောက်အများ နေရပ်စွန့်ခွာနေ

    မေ ၃၁၊ ၂၀၁၄
    M-Media

    31B

    – ယူကရိန်းစစ်တပ်က ရုရှားလိုလားသူ ခွဲထွက်ရေးသမားများအား ချေမှုန်းရန်အတွက် အကြီးစား စစ်ဆင်ရေးပြုလုပ်မည်ဟု သတင်းများ ထွက်ပေါ်နေသောကြောင့် နိုင်ငံအရှေ့ပိုင်း Slovyansk မြို့ရှိ ထောင်ပေါင်းများစွာသော ပြည်သူများမှာ နေအိမ်များကို စွန့်ခွာ ပြောင်းရွှေ့နေကြသည်ဟု သိရသည်။

    လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက ထိုဒေသမှပြည်သူများမှာ နေရပ်စွန်ခွာ ထွက်ခွာနေကြပြီး ဘတ်စ်ကားများတွင်လည်း အမျိုးသမီးများ ကလေးများဖြင့် ပြည့်နှက်နေသည်ဟု ကားအ၀င်အထွက်နှင့် အထောက်အထားများကို စစ်ဆေးသည့် စစ်ဆေးရေးဂိတ်မှ ယူကရိန်း စစ်သားတစ်ဦးက ဆိုသည်။ သွားလာရေးခက်ခဲစေရန် ထိုမြို့ရှိ လမ်းများတွင် အတားအဆီးများပြုလုပ်ထားပြီး ကာဖြူးအမိန့်လည်း ထုတ်ပြန်ထားသည်။

    ပြီးခဲ့သည့် တစ်ပတ်က ယူကရိန်းရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် သမ္မတသစ် ပက်ထရို ပိုရိုရှန်ကိုမှာ ခွဲထွက်ရေးသမားများ သိမ်းပိုက်ထားသည့် ဒေသများကို ပြန်လည်ရယူပေးမည်ဟု ကတိပေးထားပြီး ခွဲထွက်ရေးသမားများကိုလည်း ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့သည်။ ခွဲထွက်ရေးသမားများတွင် ရုရှားနိုင်ငံသားများလည်း ပါဝင်သည်ဟု သတင်းများ ထွက်ပေါ်နေသည်။

    Ref : Aljazeera

  • ရ၀မ်ဒါလူမျိုးတုံး သတ်ဖြတ်မှုတွင် ပါဝင်ခဲ့သည့် သူပုန်တပ်ဖွဲ့မှ လူ ၁၀၀ ကျော် ကွန်ဂိုတွင် လက်နက်ချ

    ရ၀မ်ဒါလူမျိုးတုံး သတ်ဖြတ်မှုတွင် ပါဝင်ခဲ့သည့် သူပုန်တပ်ဖွဲ့မှ လူ ၁၀၀ ကျော် ကွန်ဂိုတွင် လက်နက်ချ

    မေ ၃၁၊ ၂၀၁၄
    M-Media

    31A

    – ၁၉၉၄ ခုနှစ်က ရ၀မ်ဒါတွင်ဖြစ်ပွားခဲ့သည် လူမျိုးတုန်းသတ်ဖြတ်မှုတွင် ပါဝင်ခဲ့သည့် ရ၀မ်ဒါလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဖွဲ့ FDLR မှ လက်နက်ကိုင် ၁၀၅ ဦးမှာ ကွန်ဂိုနိုင်ငံမြောက်ပိုင်းတွင် ယမန်နေ့က လက်နက်ချခဲ့ကြသည်ဟု သိရသည်။

    ထိုလက်နက်ချမှုကို ကွန်ဂိုရှိ ကုလသမဂ္ဂ မစ်ရှင် MONUSCO က ကြိုဆိုခဲ့သော်လည်း  သူပုန်များအနေဖြင့် ပြင်းပြသောဆန္ဒရှိမရှိ စောင့်ကြည့်ရန် အချိန်ယူရမည်ဟု ပြောကြားခဲ့သည်။

    “ဒါဟာ ကောင်းတဲ့ စတင်မှုပါ။ ဒါပေမယ့် အများကြီးထပ်လုပ်ရပါဦးမယ်။ ဒီဖြစ်စဉ်ကို ကျွန်တော်တို့ အားပေးပြီး ကျွန်တော်တို့ရဲ့ တပ်တွေကိုလည်း စုစည်းထားပါတယ်။ ဒါပေမယ့် ဒီဖြစ်စဉ်ဟာ ယုံကြည်ရပြီး သေချာလားဆိုတာကိုတော့ လာမယ့်အချိန်တွေ စကားပြောသွားပါလိမ့်မယ်” ဟု MONUSCO မှ ဗိုလ်ချုပ် အဘ်ဒါလ်လာ ၀ါဖီက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    အဆိုပါ ရ၀မ်ဒါလွတ်မြောက်ရေးတပ်မှာ အနည်းဆုံး တွတ်ဆီလူမျိုး ၈ သိန်းကျော်အား သတ်ဖြတ်ခဲ့သည့် ပြည်သူစစ်တပ်ဖွဲ့တွင် တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့သည်ဟု ကွန်ဂိုအခြေစိုက် MONUSCO က ဆိုသည်။

    FDLR အဖွဲ့မှာ တပ်ဖွဲ့ဝင် ၁၅၀၀ ရှိမည်ဟု ကုလကခန့်မှန်းပြီး ကွန်ဂိုအစိုးရကမူ တပ်ဖွဲ့ဝင် ၄၀၀၀ ရှိသည်ဟု ခန့်မှန်းသည်။ ၎င်းတို့မှာ ကွန်ဂိုနိုင်ငံ မြောက်ပိုင်း ကီဗူပြည်နယ်တွင် ပြန့်ကျဲလျက်ရှိပြီး အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် စွပ်စွဲပြစ်တင်ခြင်း ခံထားရသည်။

    Ref : Aljazeera

  • တောင်ကိုရီးယား ခရစ်ယာန်သာသနာပြု တစ်ဦးကို တစ်သက်တစ်ကျွန်း အလုပ်ကြမ်း ပြစ်ဒဏ် မြောက်ကိုရီးယားချမှတ်

    တောင်ကိုရီးယား ခရစ်ယာန်သာသနာပြု တစ်ဦးကို တစ်သက်တစ်ကျွန်း အလုပ်ကြမ်း ပြစ်ဒဏ် မြောက်ကိုရီးယားချမှတ်

    မေ ၃၁၊ ၂၀၁၄
    M-Media

    31

    – တောင်ကိုရီးယားမှ ခရစ်ယာန် သာသနာပြုတစ်ဦးအား အဖျက်အမှောက်လုပ်ငန်း၊ သူလျှိုလုပ်ငန်းနှင့် လှုံ့ဆော်မှုများ ပြုလုပ်သည်ဟူသော စွပ်စွဲချက်ဖြင့် တစ်သက်တစ်ကျွန်း အလုပ်ကြမ်းပြစ်ဒဏ်ကျခံရန် တရားရုံးက အမိန့်ချမှတ်ခဲ့သည်ဟု မြောက်ကိုရီးယား သတင်းဌာန KCNA က ယနေ့နံနက်တွင် ဖော်ပြခဲ့သည်။

    အသက် ၅၀ အရွယ်ရှိ ကင်ဂျုံအက် ဆိုသူဖြစ်ပြီး မြောက်ကိုရီးယား၏ ဘာသာာရေးဆိုင်ရာ အက်ဥပဒေကို ချိုးဖောက်ခြင်း၊ မြေအောက် ခရစ်ယာန် အသင်းတော်များ ထူထောင်ခြင်းနှင့် မြောက်ကိုရီးယားနိုင်ငံအား သူလျှိုလုပ်ခြင်းတို့ အပါအ၀င် ရာဇ၀တ်မှုများအတွက် အပြစ်ရှိသည်ဟုဆိုကာ ကင်၏ နောင်တရသော အပြုအမူကြောင့် သေဒဏ်ချမှတ်ခြင်းမပြုခဲ့ဟု KCNA က ဖော်ပြခဲ့သည်။

    ကင်ကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရုပ်မြင်သံကြား သတင်းစာရှင်းလင်းပွဲတွင် ကင်က ၎င်းမှာ တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီ အတွက် သူလျှိုလုပ်ပေးနေကြောင်း ၀န်ခံခဲ့သည်။ သို့သော်လည်း တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီကမူ ထိုသတင်းအား ငြင်းဆိုခဲ့သည်။

    ပြီးခဲ့သည့် နိုဝင်ဘာလက ဖမ်းဆီးရမိခဲ့သည့် ကိုရီးယား-အမေရိကန် ခရစ်ယာန်သာသနာပြု တစ်ဦးကိုလည်း နိုင်ငံတော်ကိုဆန့်ကျင်သည့် ရာဇ၀တ်မှုများကို ကျူးလွန်ခဲ့သည်ဟုဆိုကာ မြောက်ကိုရီးယားက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့သည်။

    Ref : Xinhua