News @ M-Media

Blog

  • ဂီတဖြင့်ဖျော်ဖြေကာ အလှူငွေရှာပြီး ကချင်စစ်ဘေးဒုက္ခသည် စခန်းများသို့ သွားရောက်လှူဒါန်းမည်

    ဂီတဖြင့်ဖျော်ဖြေကာ အလှူငွေရှာပြီး ကချင်စစ်ဘေးဒုက္ခသည် စခန်းများသို့ သွားရောက်လှူဒါန်းမည်

    မေ ၂၁၊ ၂၀၁၄
    M-Media
    လမင်း

    DSC01959


    ရန်ကုန် ။      ။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ဘေးဒုက္ခသည်များကို လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်း လူမှုကွန်ရက် ရွှေသံစဉ်ဂီတဖောင်ဒေးရှင်း နှင့် The Action Times Foundation တို့မှ ပူးပေါင်းပြီး ဂီတဖြင့်ဖျော်ဖြေကာ အလှူငွေရှာပြီး သွားရောက်လှူဒါန်းမည့်အကြောင်းကို ယနေ့ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    “မနှစ်တုန်းကတော့ သူတို့တွေကို စိတ်ဓာတ်ခွန်အားပေးတဲ့အနေနဲ့ အဆိုတော်တွေခေါ်သွားပြီး ရှိုးပွဲလုပ်ပေးလိုက်တော့ သူတို့ကြည့်ချင်နေတဲ့ အဆိုတော်တွေကို ကြည့်ရတော့ စိတ်ချမ်းသာမှုရသွားတယ်။ ဒီနှစ်မှာလည်း မနှစ်ကနဲ့မတူအောင် သူတို့တွေလိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ အလှူငွေကောက်ခံတာပါ။ ဂီတ ဖောင်ဒေးရှင်းကလည်းပူးပေါင်းပေးမယ်ဆိုပြီးလုပ်ဖြစ်သွားတာပါ” ဟု The Action Times Foundation မှအတွင်း မအိန္ဒြာနေနွယ် က ရှင်းလင်းပြောကြား ခဲ့သည်။

    ၎င်းအဖွဲ့နှစ်ဖွဲ့ပူးပေါင်းပြီး ဇွန်လ ၁ရက်နေ့မှစတင်ကာ ရန်ကုန်မြို့ အောင်မင်္ဂလာအဝေးပြေးဝင်းတွင် ဂီတဖြင့်ဖျော်ဖြေအလှူခံပြီး မန္တလေးမြို့၊ ပြင်ဦးလွင်၊ နောင်ချို၊ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ ကွတ်ခိုင်၊ မူဆယ် စသည့်မြို့များတွင် ဆက်လက်ဖျော်ဖြေမည်ဖြစ်ပြီး နမ့်ခမ်းဒေသတ၀ိုက်ရှိ ဒုက္ခသည်စခန်းများသို့ အလှူငွေများ သွားရောက် လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

    ရွှေသံစဉ်ဂီတဖောင်ဒေးရှင်းမှ ဥက္ကဌ ဦးဝင်းဇော်မှလည်း မိုးရာသီရောက်ပြီဖြစ်၍ ထိုနေရာဒေသများအတွင်း ပိုမိုဆိုးရွာနေသောကြောင့် သွားရောက် လှူဒါန်းရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ပဋိပက္ခဖြစ်နေသောဒေသများဖြစ်သည့် ရခိုင်ပြည်သို့လည်းသွားရောက်ဖျော်ဖြေရန်ရှိသော်လည်း ဒေသန္တရအုပ်ချုပ်ရေးများနှင့် လုံခြုံရေး အခြေအနေကို ညှိ၍မရနိုင်သောကြောင့် သွားရောက်ဖျော်ဖြေရန် အခက်အခဲရှိနေသောကြောင့် ဆိုင်းငံ့ထားရကြောင်း ထိုရခိုင်ပြည်နယ်သို့လည်း ဒေသခံ ပြည်သူများအတွက် စိတ်ပိုင်းဆိုင်ရာအကူအညီပေးနိုင်ရန်အတွက် ကြိုးစားလျှက်ရှိနေကြောင်း ၎င်းကပြောခဲ့သည်။

  • နယ်စပ်ရေးရာ ဒုဝန်ကြီးမှ ကမန် တိုင်းရင်းသားများကို ဧည်သည်များဖြစ်သည်ဟု သုံးနှုန်း

    မေ ၂၁ ၊ ၂၀၁၄
    M-Media

    နယ်စပ်ရေးရာ ဒုတိယ၀န်ကြီး ဦးဆောင်သည့် ECC အဖွဲ့ ရခိုင်ပြည်နယ်ရှိ ကမန် ဒုက္ခသည် စခန်းများသို့ သွားရောက်၊ ကမန်များအား ဧည့်သည်များဖြစ်သည်ဟု နယ်စပ်ရေးရာ ဒု-၀န်ကြီးက သုံးနှုန်းပြောဆိုခဲ့

    displaced-communities
    စစ်တွေ မြို့ပြင် ပေါက်တော ဒုက္ခသည်စခန်း မြင်ကွင်း ၂၀၁၃ ခုနှစ် မေလ (PHOTO: Reuters)

    – နယ်စပ်ရေးရာ ဒုတိယ၀န်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်း ခေါင်းဆောင်သည့် အရေးပေါ် ပူးပေါင်းဆောင်ရွက်ရေး စင်တာ ECC အဖွဲ့မှာ ကုလနှင့် အန်ဂျီအိုမှ ကိုယ်စားလှယ်များနှင့်အတူ ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းများသို့ မေလ ၁၆ ရက်နေ့က သွားရောက်ကြည့်ရှုခဲ့သည်ဟု သိရသည်။

    “ကျွန်တော်တို့ကို စခန်းထဲက ထွက်ခွင့်မပေးပါဘူး။ ၁၅ ဧက လောက်သာရှိတဲ့ ဒီစခန်းထဲမှာ ကျွန်တော်တို့ဟာ အလုပ်မရှိ၊ ၀င်ငွေမရှိဘဲ အကျယ်ချုပ်လို နေ နေရပါတယ်။ ပြီးတော့ အဓိက အစားသောက် ပြတ်လတ်တာ မျိုးကိုလည်း ကျွန်တော်တို့ ကြုံတွေ့နေရပါတယ်”

    အဆိုပါအဖွဲ့မှာ ကမန်ဒုက္ခသည် စခန်းများရှိသည့် မြေပုံမြို့နှင့် ပေါက်တောမြို့များသို့ သွားရောက်ကာ စခန်း အခြေအနေများကို လေ့လာခဲ့သည်။ မြေပုံမြို့ရှိ ဒုက္ခသည် စခန်းတွင် ဒုက္ခသည် သုံးထောင်ခန့်ရှိပြီး ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် အောက်တိုဘာလက ဖြစ်ပွားခဲ့သည့် မွတ်စလင် ဆန့်ကျင်ရေး တိုက်ခိုက်မှု အတွင်း အိုးအိမ် ဖျက်ဆီးခံရကာ ထွက်ပြေးလာရသည့် ကမန် တိုင်းရင်းသားများဖြစ်ကြသည်။

    ထိုစခန်းမှ တာဝန်ခံ ကမန်အမျိုးသား ဦးအောင်လွင်က စခန်းအတွင်းခံစားနေရသည့် အကျပ်အတည်းများနှင် ပတ်သက်၍ ထိုအဖွဲ့အား ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ကို စခန်းထဲက ထွက်ခွင့်မပေးပါဘူး။ ၁၅ ဧက လောက်သာရှိတဲ့ ဒီစခန်းထဲမှာ ကျွန်တော်တို့ဟာ အလုပ်မရှိ၊ ၀င်ငွေမရှိဘဲ အကျယ်ချုပ်လို နေ နေရပါတယ်။ ပြီးတော့ အဓိက အစားသောက် ပြတ်လတ်တာ မျိုးကိုလည်း ကျွန်တော်တို့ ကြုံတွေ့နေရပါတယ်” ဟု ပြောကြားခဲ့သည်။

    စခန်းအတွင်းမှ ဒုက္ခသည်များ ငါးဖမ်းထွက်နိုင်ရန်အတွက် စခန်းဥက္ကဌက ထိုအဖွဲ့အား တောင်းဆိုထားကြောင်း၊ ကလေးများအတွက်ပြုလုပ်ထားသည့် စာသင်ကျောင်းမှာလည်း နွားတင်းကုပ် သာသာဖြစ်ကြောင်း ဦးအောင်လွင်က ဆိုသည်။

    Maj-Gen Maung Maung Ohn
    နယ်စပ်ရေးရာ ဒုတိယ၀န်ကြီး ဗိုလ်ချူပ် မောင်မောင်အုန်း Photo- RFA

    နယ်စပ်ရေးရာ ဒုတိယ၀န်ကြီး ဗိုလ်ချူပ် မောင်မောင်အုန်းကမူ ရခိုင်ပြည်နယ်ရှိ ကမန်များမှာ ဧည့်သည်သာဖြစ်ပြီး ဧည့်သည်အဖြစ် ပြုမူနေထိုင်သင့်သည်ဟုဆိုကာ ရခိုင်ဗုဒ္ဓဘာသာများကို ရည်ညွှန်း၍ အိမ်ရှင်များအား မကျေမနပ် မဖြစ်သင့်ကြောင်း ပြောကြားခဲ့သည်။ ထိုမှတ်ချက်အတွက် ကမန်တိုင်းရင်းသားများမှ ၀မ်းနည်းမိကြောင်း ဦးအောင်လွင်က ထပ်လောင်းပြောကြားခဲ့သည်။

    “သူက ကျွန်တော်တို့ကို ဧည့်သည်တွေလို့ ပြောပါတယ်။ ကျွန်တော်တို့ မျိုးဆက်ပေါင်း များစွာ ဒီမှာနေလာခဲ့တာပါ။ မနေ့တနေ့ကမှ ပြောင်းလာတာ မဟုတ်ပါဘူး။ သူဒီလိုပြောတဲ့ အတွက် ကျွန်တော်တို့ သိပ်ကိုနာကျင်ရပါတယ်”

    အဆိုပါ ECC အဖွဲ့မှာ မြေပုံမြို့ရှိ အဆိုပါ ဒုက္ခသည်စခန်းတွင် နာရီဝက်ခန့် လှည့်လည်ကြည့်ရှုပြီးနောက် ပေါက်တောရှိ ဒုက္ခသည်စခန်းသို့ ဆက်လက် ထွက်ခွာခဲ့သည်။

    ECC အဖွဲ့အား ဗဟိုအစိုးရ၊ ရခိုင်ပြည်နယ်အစိုးရ အရာရှိများနှင့် ဒေသတွင်း ဗုဒ္ဓဘာသာ ခေါင်းဆောင်များဖြင့် မကြာသေးခင်က ဖွဲ့စည်းထားခြင်းဖြစ်သည်။ ထိုအဖွဲ့မှာ ကုလနှင် အန်ဂျီအိုအဖွဲ့များနှင့် ပူးပေါင်း၍ ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းများသို့ အကူအညီပြန်ပေးရေး ဆောင်ရွက်ရန် ဖွဲ့ထားခြင်းဖြစ်သည်။

    Ref: DVB English

  • တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)

    မေ ၂၁ ၊ ၂၀၁၄
    M-Media
    စုစည်းတင်ဆက်သူ- daythanix

    Facebook ရဲ့ လုပ်ဆောင်မှု အသစ် Ask

    Facebook မှာ သာမန်အားဖြင့် အိမ်ထောင်ရေး သို့မဟုတ် အချစ်ရေး အခြေအနေကို အများသိအောင် ဖေါ်ပြနိုင်သလို မဖေါ်ပြတဲ့ လူတွေလည်းရှိပါတယ်။ ဒီလို relationship အခြေအနေ မဖေါ်ပြသူကို စိတ်ဝင်စားရင် မေးမြန်းနိုင်ဖို့ profile မှာ Ask ဆိုတဲ့ ခလုပ်ကိုနှိပ်ပြီး မေးမြန်းနိုင်အောင် စီစဉ်ပေးလိုက်ပါတယ်။

    1509295_10152415755748166_3816987998217372402_n
    ______________________________
    အလင်းမှုန်မှ ဒြပ်မှုန်သို့ ပြောင်းနိုင်မည်။

    လွန်ခဲ့တဲ့ အနှစ် ၈၀ ခန့်က Breit နဲ့ Wheeler တို့ရဲ့ သီအိုရီ အဆိုအရ အလင်းမှုန်တွေ ကနေ ဒြပ်မှုန် အဖြစ် ပြောင်းလဲနိုင်တယ် လို့ဆိုပါတယ်။ အရင်ကတော့ အီလက်ထရွန် အမှုန်နဲ့ ဆန့်ကျင်ဒြပ်ဘက် ဖြစ်တဲ့ positron တွေ အချင်းချင်း ခြေဖျက်တဲ့အခါမှာ အလင်းမှုန် နှစ်ခု ရရှိတာကို သက်သေပြနိုင်ခဲ့ပါတယ်။ အခုဟာကတော့ ဆန်ကျင်ဘက် အခြေအနေ ဖြစ်ပါတယ်။ Imperial College London က Prof Steven Rose ဦးဆောင်တဲ့ သိပ္ပံပညာရှင်တွေဟာ Breit နဲ့ Wheeler တို့ရဲ့ သီအိုရီကို သင်္ချာ ပုံစံတူ တစ်ခု အောင်မြင်စွာ တွက်ချက် ပြုလုပ် နိုင်ခဲ့ပါတယ်။ လက်တွေ့ ပြုလုပ်နိုင်ဖို့ကတော့ အမှုန်အရှိန်မြှင့်စက် တစ်မျိုး တည်ဆောက်ဖို့ လိုပါတယ်။ ရွှေနဲ့ပြုလုပ် ထားတဲ့ ထုလုံးရှည်ထဲကို ဂမ်မာအလင်းတန်းနဲ့ လေဆာနဲ့ ရွှေကို ပစ်ခတ်ရာက ထွက်ပေါ်တဲ့ အလင်းတန်းတို့ တိုက်မိရာကနေ electron နဲ့ positron ရရှိရမှာ ဖြစ်ပါတယ်။

    light

    ______________________________

    ကမ္ဘာပေါ်မှာ ရှင်သန်ခဲ့သော အကြီးဆုံး သတ္တဝါ

    အာဂျင်တီးနားနိုင်ငံ Patagonia ဒေသမှာ ကမ္ဘာ့ အကြီးဆုံး ဒိုင်နိုဆော ရုပ်ကြွင်း တစ်ခုကို ရှေးဟောင်း သုတေသီတွေ ရှာတွေ့ခဲ့ကြပါတယ်။ နှစ်သန်း ၁၀၀ လောက် သက်တမ်းရှိနိုင်ပြီး အသီးအရွက်စား သတ္တဝါ ဖြစ်ပါတယ်။ အသက်ရှင်စဉ်က ခန္ဓာကိုယ် အလေးချိန် တန် ၈၀ လောက်ရှိနိုင်ပြီး ဦးခေါင်းကနေ အမြီးထိ အရှည် ပေ ၁၃၀ လောက် ရှည်နိုင်တာကြောင့် ကမ္ဘာမှာ တွေ့ဖူးသမျှ သတ္တဝါ ရုပ်ကြွင်း ထဲမှာ အကြီးဆုံးပဲ ဖြစ်ပါတယ်။

    dinosaw
    ______________________________

    Toyota က လျပ်စစ်ကား နည်းပညာ ပြောင်းမည်

    Tesla နဲ့ နည်းပညာ ပိုင်းမှာ လက်တွဲ လုပ်ဆောင်နေတဲ့ Toyota က လက်ရှိ Tesla ရဲ့ နည်းပညာအစား ဟိုက်ဒရိုဂျင် လောင်စာ နည်းပညာကို ပြောင်းလဲ မယ်လို့ ကြေငြာ လိုက်ပါတယ်။ Tesla ရဲ့ နည်းပညာကတော့ လျှပ်စစ်ကို ဘက်ထရီထဲမှာ အားသွင်းပြီး မောင်းနှင်မှာ ဖြစ်ပါတယ်။ ဟိုက်ဒရိုဂျင် လောင်စာကတော့ အားသွင်းစရာ မလိုဘဲ လေထု ညစ်ညမ်းမှုလည်း မဖြစ်တဲ့ လျှပ်စစ် နည်းပညာ ဖြစ်ပါတယ်။

    10262223_10152415756358166_8897383377279113184_n

  • ဆုဖလားများ ပိုလိုချင်၍ ဘိုင်ယန်သို့ ပြောင်းရွှေ့ခြင်းဖြစ်ကြောင်း လီဝန်ဒေါ့စကီးဆို

    မေ ၂၁ ၊ ၂၀၁၄
    M-Media
    406696_heroa
    – မိမိအနေဖြင့် ဆုဖလားများစွာရလိုသည့် ဆန္ဒကြောင့် ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့ရခြင်းဖြစ်သည်ဟု ပိုလန်တိုက်စစ်မှူး လီဝန်ဒေါ့စကီးက ပြောဆိုလိုက်သည်။

    ဒေါ့မွန်အသင်းတွင် လေးနှစ်ကြာ ကစားကာ အောင်မြင်သော ကစားသမား အဖြစ် ရပ်တည်နိုင်ခဲ့ပြီး ဘွန်ဒစ်လီဂါနှစ်ကြိမ်၊ ဂျာမန် ရှုံးထွက်ဖလား တစ်ကြိမ် ရရှိခဲ့သည့် လီဝန်ဒေါ့စကီးမှာ ရာသီကုန်တွင် ဘိုင်ယန်မြူးနစ် အသင်းသို့ ပြောင်းရွှေ့တော့မည်ဖြစ်သည်။

    “ကျွန်တော့ရဲ့ ရည်ရွယ်ချက်ကတော့ ပွဲတွေနိုင်ဖို့နဲ့ အဓိက ဖလားတွေ ရဖို့ပါ။ ဘိုင်ယန်မှာတော့ အခွင့်အရေးတွေဟာ ပိုပြီး ကြီးမားပါတယ်” ဟု လီဝန်ဒေါ့စကီးက Bild သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ထို့ပြင် ကစားသမားကောင်းများ ထွက်ခွာသွားပါက ဒေါ့မွန်အသင်းမှာ ကစားသမား အသစ်များကို ၀ယ်ယူနိုင်မည်ဖြစ်ပြီး အနာဂတ်တွင် အောင်မြင်သော အသင်းတ စ်သင်းဖြစ်လိ့မ်မည်ဟု လီဝန်ဒေါ့စကီးက ထည့်သွင်းပြောကြားခဲ့သည်။

  • တရုတ်နွယ်ဖွား တစ်ဦး ဂျကာတာ အုပ်ချူပ်ရေးမှူး ဖြစ်လာ

    မေ ၁၉ ၊၂၀၁၄

    ahok18e
    ဂျကာတာ။    ။ အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာ၏ ခေတ္တအုပ်ချုပ်ရေးမှူးအဖြစ် တရုတ်နွယ်ဖွား တစ်ဦးဖြစ်သူ ဘဆူကီတီဂေဟာပါနာမာ က တာဝန်ယူ လိုက်ပြီ ဖြစ်ကြောင်း ဘာဆူကီသည် ကမ္ဘာပေါ်တွင် မွတ်စလင်အများဆုံးနေထိုင်သည့် နိုင်ငံ၏ မြို့တော်အုပ်ချူပ်ရေးမှူးအဖြစ် တာဝန်ယူသည့် ပထမဆုံးသော တရုတ်မျိုးနွယ်တစ်ဦးဖြစ်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက မေ ၁၉ ရက်တွင် သတင်းထုတ်ပြန်သည်။

    ခရယာန်ဘာသာဝင် တစ်ဦးဖြစ်သူ ဘာဆူကီသည် သမ္မတရွေးကောက်ပွဲ ၌ ပါဝင်ယှဉ်ပြိုင်နိုင်ရန် ရာထူးမှ နုတ်ထွက်သွားသူ ဂျိုကိုဝီဒိုဒို၏ ရာထူးနေရာ ဆက်ခံသူဖြစ်သည်။

    အင်ဒိုနီးရှားနိုင်ငံ၌ ဇူလိုင် ၉ ရက်တွင် သမ္မတ ရွေးကောက်ပွဲကျင်းပမည်ဖြစ်ပြီး ဝီဒိုဒို အောင်ပွဲခံမည်ဟု ရွေးကောက်ပွဲ အကြို စစ်တမ်းများအရ သိရသည်။

    အကယ်၍ သမ္မတရွေးကောက်ပွဲ၌ ဝီဒိုဒို အောင်ပွဲခံပါက ငါးနှစ်သက်တမ်းရှိ ဂျကာတာ အုပ်ချူပ်ရေးမှူးရာထူး၏ လက်ကျန်ကာလ ကုန်ဆုံးချိန်ထိ ဘာဆူကီက တာဝန်ထမ်းဆောင်ခွင့် ရရှိမည်ဖြစ်သည် ။

    လူဦးရေ သန်း ၂၄၀ ရှိ အင်ဒိုနီးရှားနိုင်ငံ၌ တရုတ်နွယ်ဖွားဦးရေမှာ လူဦးရေ၏ ၂ ရာခိုင်နှုန်းမျှသာ ရှိသည်။

    ရိုက်တာ

    ၂၀၊၅၊၂၀၁၄ ကြေးမုံ သတင်းစာမှ
    PHOTO: SPH