News @ M-Media

Blog

  • ဖိလစ်ပိုင်နှင့် အမေရိကန်တို့ ကာကွယ်ရေးဆိုင်ရာ သဘောတူစာချုပ်ချူပ် အမေရိကန်စစ်သားများ ပိုမိုချထားခွင့်ရမည်

    ဧပြီ ၂၉ ၊ ၂၀၁၄
    M-Media
    IMG_5E320D-A26656-C72110-93DB7A-CE7166-DAE19B
    ဖိလစ်ပိုင် နိုင်ငံအတွင်း အမေရိကန်၏ စစ်အင်အား ပိုမိုချထားမည့် စစ်တပ်ဆိုင်ရာ သဘောတူညီချက် စာချုပ်တစ်ခုကို အမေရိကန်နှင့် ဖိလစ်ပိုင်တို့က လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။

    အိုဘားမား၏ အာရှခရီးစဉ်တွင်း ဖိလစ်ပိုင်နိုင်ငံသို့ မလာရောက်မီ နာရီပိုင်းအလိုက ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဗော်လတိုင်းယား ဂက်ဇ်မင်နှင့် ဖိလစ်ပိုင်ဆိုင်ရာအမေရိကန် သံအမတ်ကြီး ဖီးလစ် ဂိုးလ်ဘာ့ဂ်ျတို့ ဖိလစ်ပိုင်နိုင်ငံအတွင်း အမေရိကန်စစ်သားများ ပိုမိုချထားရေး သဘောတူညီချက်အား လက်မှတ်ထိုးခဲ့ကြခြင်းဖြစ်သည်။

    ထိုသဘောတူညီချက်က နှစ်နိုင်ငံအကြား မဟာဗျူဟာကြသည့် ခိုင်မာသော မိတ်ဖက်နိုင်ငံအဖြစ် အသိအမှတ်ပြုမှုဖြစ်သည်ဟု ဖိလစ်ပိုင်အစိုးရက ဆိုသည်။ အမျိုးသားရေးဝါဒီများက ဆန့်ကျင်နေပြီး ဖိလစ်ပိုင်၏ ၁၉၈၇ အခြေခံဥပဒေကလည်း ခွင့်ပြုခြင်းမရှိသောကြောင့် ထိုသေဘာတူညီချက်တွင် အမေရိကန် စစ်စခန်းများ ပြန်လည်ဖွင့်လှစ်ရန် မပါဝင်ဟု ဂိုးလ်ဘာ့ဂ်ျက ဆိုသည်။

    သို့သော်လည်း ထိုသဘောတူညီချက်အရ အမေရိကန်စစ်သားများမှာ ဖိလစ်ပိုင်နိုင်ငံတစ်ဝှမ်းရှိ ဖိလစ်ပိုင် စစ်စခန်းများအတွင်းသို့ ၀င်ထွက် သွားလာခွင့်ရမည်ဖြစ်သည်။

    နိုင်ငံခြားရေးရာ ဖိလစ်ပိုင်ဆီးနိတ်ကော်မတီ ဥက္ကဌ မီရီယမ် ဒီဖန်ဆာ ဆန်တီယာဂိုကလည်း ယခုကဲ့သို့ သဘောတူညီချက်စာချုပ် ချုပ်ဆိုနိုင်ခြင်းက ဖိလစ်ပိုင်နိုင်ငံအတွက် အကျိုးကျေးဇူးနည်းငယ်ရရှိပြီး အမေရိကန်အတွက် ပို၍ အကျိုးဖြစ်ထွန်းစေသည်ဟု ဆိုသည်။

    ထို့ပြင် ဖိလစ်ပိုင်အပါအ၀င် ပတ်ဝန်းကျင်နိုင်ငံများက အမေရိနကန်နှင့် သဘောတူစာချုပ်များ ချုပ်ဆိုနိုင်ခဲ့ခြင်းကြောင့် အမေရိကန်မှာ တရုတ်အား ၀ိုင်းထားနိုင်ပြီဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံမှာ တောင်တရုတ်ပင်လယ်အတွင်းရှိ ကျွန်းတစ်ကျွန်း ပိုင်ဆိုင်မှုအတွက် တရုတ်နိုင်ငံနှင့် အချင်းများနေရသည်။

    aljazeera

  • ကစားသမားများ ဒဏ်ရာပြဿနာကြောင့် ချန်ပီယံလမ်းကြောင်းမှ ဖယ်ပေးလိုက်ရသည့်ဟု ဝင်းဂါးပြော

    ဧပြီ ၂၉ ၊ ၂၀၁၄
    M-Media
    389933_heroa
    – မိမိတို့အသင်း ပရီးမီးယားလိဂ်ချန်ပီယံ စိန်ခေါ်သူအဖြစ်မှ ဖယ်ပေးခဲ့ရခြင်းမှာ အသင်းရှိ ကစားသမားများ၏ ဒဏ်ရာပြသနာများကြောင့်ဖြစ်သည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    အာဆင်နယ်သင်းမှာ ယမန်နေ့က ကစားခဲ့သည့် နယူးကာဆယ်နှင့်ပွဲတွင် ၃ ဂိုးပြတ်ဖြင့်အနိုင်ရခဲ့ပြီး၊ ဒဏ်ရာရနေသည့် အသင်း၏ အဓိကကစားသမား အာရွန်ရမ်ဆေးမှာလည်း အသင်းတွင် ပြန်လည်ပါဝင်လာနိုင်ခဲ့သည်။

    ထိုပွဲအပြီးတွင် သတင်းထောက်များက ရမ်းဆေးဒဏ်ရာရခြင်းကြောင့် အာဆင်နယ်အသင်း၏ ချန်ပီယံမျှော်လင့်ချက် ဆုံးရှုံးသွားခြင်းဖြစ်မည်လားဟု မေးမြန်းခဲ့ရာ ၀င်းဂါးက

    “အာရွန်ရမ်ဆေးတစ်ယောက်တည်းကြောင့်လို့ ကျွန်တော်မပြောချင်ပါဘူး။ တစ်ချိန်တည်းမှာ အခြားကစားသမားတွေကိုလည်း ကျွန်တော်တို့ဆုံးရှုံးခဲ့ရတာပါ။ ဒါဟာ ကျွန်တော်တို့အသင်းရဲ့ အခွင့်အရေးကို ဆုံးရှုံးစေခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ ဇယားထိပ်ဆုံးမှာ ရှိခဲ့တယ်။ ဒါပေမယ့် ရာသီရဲ့ အရေးကြီးတဲ့အချိန်မှာ ကစားသမားအများအပြားကို ဆုံးရှုံးခဲ့ရပါတယ်” ဟု ၀င်းဂါးက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ယခုပွဲအနိုင်ကြောင့် အာဆင်နယ်အသင်းမှာ အဆင့် ၅ နေရာမှ အဲဗာတန်အသင်းအား ၄ မှတ်ဖြတ်ထားနိုင်ကာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် သေချာသလောက်ရှိနေသည်။

  • ခရီးသည်တင်သင်္ဘော တိမ်းမှောက်မှု တောင်ကိုရီးယား သမ္မတ ပက်ဂျုံဟီးနှင့် အစိုးရအဖွဲ့ တောင်းပန်

    ဧပြီ ၂၉ ၊ ၂၀၁၄
    M-Media

    – Sewol ခရီးသည်တင်သင်္ဘော တိမ်းမှောက်မှုအား မတားဆီးနိုင်ခြင်းနှင့် တိမ်းမှောက်ခဲ့ပြီးနောက် ကယ်ဆယ်ရေး လုပ်ငန်းများ အမြန် မဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် လူပေါင်း ၃၀၀ ခန့် သေကြေ၊ ပျောက်ဆုံးခဲ့ရသည့်အတွက် တောင်ကိုရီးသမ္မတ ပက်ဂျုံဟီးက တောင်းပန်လိုက်သည်ဟု သိရသည်။

    Asia-Pacific S Korea leader apologises over ferry disaster

    အစိုးရအနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ပြည့်ပြည့်၀၀ ဆောင်ရွက်နိုင်ခဲ့ခြင်းမဟု အဆိုပါသင်္ဘောပေါ်တွင် လိုက်ပါသွားသည့် ခရီးသည်များ၏ ဆွေမျိုးများက ဝေဖန်ခဲ့ပြီးနောက် ပက်ဂျုံဟီးက ယခုကဲ့သို့ တောင်းပန်ခဲ့ခြင်းဖြစ်သည်။

    “ဒီမတော်တဆမှုကို ဖြစ်မလာအောင် မတားဆီးနိုင်ခဲ့တဲ့အတွက်နဲ့၊ တိမ်းမှောက်ပြီးတဲ့နောက် လျင်လျင်မြန်မြန် မဆောင်ရွက်နိုင်တဲ့အတွက် ကျွန်မ ဘယ်လိုတောင်းပန် ရမှန်းတောင် မသိတော့ပါဘူး။ ပြည်သူတွေအတွက် ၀မ်းနည်းမိပြီး၊ အဖိုးတန်ဘ၀တွေ ဆုံးရှုံးသွားရတဲ့အတွက် ကျွန်မ တော်တော်လေး ကြေကွဲရပါတယ်” ဟု ပက်ဂျုံဟီးက ကတ်ဘိနတ် အဖွဲ့အတွင်း ထုတ်ပြန်သော ကြေညာချက်တွင် ရေးသားဖော်ပြထားသည်။ ပြည်သူများအား ကတ်ဘိနတ် အဖွဲ့မှ တောင်းပန်မှုကို နိုင်ငံပိုင် ရုပ်သံက ယနေ့တွင် ထုတ်လွှင့်ပြသ ခဲ့သည်။

    ပက်ဂျုံဟီးမှာ သင်္ဘောပေါ်တွင် လိုက်ပါသွားသည့် ကျောင်းသားများ ကျောင်းတက်ရာ အန်ဆန်မြို့ရှိ အထက်တန်းကျောင်း၌ ပြုလုပ်ထားသော အောက်မေ့ဖွယ် အခမ်းအနားကို သွားရောက်ခဲ့ပြီး သေဆုံးသွားသူများအတွက် ဂါရ၀ပြုခဲ့သည်။

    ထိုကျောင်းတွင် သေဆုံးသွားသူများ၏ မိသားစုဝင်များက ၎င်းအား အော်ဟစ်ခဲ့ကြပြီး၊ ၎င်းတို့၏ ပြောဆိုမှုကို ပက်ဂျုံဟီးက ၁၀ မိနစ်ခန့် နားထောင်ခဲ့ကာ နောက်ပိုင်းတွင် ထိုနေရာမှ ပြန်လည်ထွက်ခွာခဲ့သည်။

    လူပေါင်း ၄၇၆ ဦးအား တင်ဆောင်သွားခဲ့သည့် အဆိုပါသင်္ဘော နစ်မြုပ်မှုကို တာဝန်ယူသည့်အနေဖြင့် တောင်ကိုရီးယား ၀န်ကြီးချုပ်မှာ စောစောပိုင်းက နှုတ်ထွက် သွားခဲ့သည်။ ထိုသင်္ဘောမှ ခရီးသည် ၁၇၄ ဦးကိုသာ အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့သည်။ လက်ရှိချိန်အထိ ၁၈၀ ကျော်၏ အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ပြီး ၁၀၀ ကျော်မှာ ပျောက်ဆုံးနေဆဲဖြစ်သည်။

    Agencies

  • ဂျူများအား နာဇီတို့က လူမျိုးတုန်းသတ်ဖြတ်မှု အောက်မေ့ဖွယ် အခမ်းအနား အစ္စရေးပြုလုပ်

    ဧပြီ ၂၉ ၊ ၂၀၁၄
    M-Media

    – နာဇီများက ဂျူးများကို လူမျိုးတုန်းသတ်ဖြတ်သည့် Holocaust အစီအစဉ် အောက်မေ့ဖွယ်အခမ်းအနားကို အစ္စရေး၌ပြုလုပ်ခဲ့ပြီး အစ္စရေးအစိုးရ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

    487094597-1024x682

    Yad Vashem အောက်မေ့ဖွယ် အဆောက်အဦးတွင် တနင်္ဂနွေနေ့ညက ပြုလုပ်သည့်အဆိုပါ အခမ်းအနားမှာ ၂၄ နာရီကြာမြင့်ခဲ့သည်။ နာဇီတို့၏ Holocaust အစီအစဉ်အတွင်း ဂျူလူမျိုး ၆ သန်းသေဆုံးခဲ့ပြီး ထိုစဉ်ကရှိသည့် ဂျူးလူမျိုးများ၏ သုံးပုံတစ်ပုံခန့် ပမာဏဖြစ်သည်။

    Holocaust အောက်မေ့ဖွယ်နေ့မှာ အစ္စရေးပြက္ခဒိန်၏ ထူးခြားလေးနက်သည့် နေ့တစ်နေ့ဖြစ်သည်။ ထိုနေ့တွင် အစ္စရေးရှိ စားသောက်ဆိုင်များ၊ ဖျော်ဖြေရေး လုပ်ငန်းများ ပိတ်ကြပြီး၊ ရေဒီယိုနှင့် တီဗီအစီအစဉ်များတွင်လည်း Holocaust နှင့် ပတ်သက်သည့် မှတ်တမ်းရုပ်ရှင်များ၊ အသတ်ခံရမှုမှ လွတ်မြောက်လာသူများ၏ အင်တာဗျူးများ၊ ၀မ်းနည်းကြေကွဲဖွယ် သီချင်းသံများကိုသာ ဦးစားပေး ထုတ်လွှင့်ကြသည်။

    နာဇီတို့၏ Holocaust အစီအစဉ်အတွင်း သေဆုံးသွားသူများအတွက် အစ္စရေးတစ်နိုင်ငံလုံးက ယမန်နေ့နံနက်ပိုင်းတွင် ၂ မိနစ်ခန့် ငြိမ်သက်ဆုတောင်းခဲ့ကြသည်။

    AP

  • ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း နှစ် (၅၀)ပြည့်အထိမ်းအမှတ် ပန်းချီပြပွဲကျင်းပမည်

    ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း နှစ် (၅၀)ပြည့်အထိမ်းအမှတ် ပန်းချီပြပွဲကျင်းပမည်

    ဧပြီ ၂၉၊ ၂၀၁၄
    M-Media
    လမင်း

    DSC01303

    ရန်ကုန် ။      ။      ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း နှစ်(၅၀)ပြည့် အထိမ်းအမှတ်အဖြစ် ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်မှ ဦးစီး၍ ပန်းချီပြပွဲတစ်ခုကို ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

    ပန်းချီပြပွဲကို ရန်ကုန်မြို့ပန်းဆိုးတန်းလမ်းရှိ လောကနတ်ပန်းချီပြခန်းတွင်ကျင်းပခန်းတွင် ၂၀၁၄ ဇူလိုင်လ ၂၈ ရက်နေ့မှ သြဂုတ်လ ၂ ရက်နေ့ထိ ပြုလုပ်ကျင်းပသွားမည် ဖြစ်ပါသည်။

    “ကျွန်တော်တို့ပန်းချီပြပွဲမှာ ဆရာကြီးရဲ့ပုံတူရုပ်ထုတွေ၊ နောက်ဆရာကြီးဟာငြိမ်းချမ်းရေးရဲ့ဖခင်ကြီးဆိုတာကို ရည်ညွှန်းနိုင်တဲ့ပန်းချီကားမျိုး၊ ဆရာကြီးရဲ့ ဂုဏ်ပုဒ် တွေကို ဖော်ညွှန်းနိုင်တဲ့ပန်းချီကားမျိုးတွေကို ၀င်ရောက်ပြသနိုင်ဖို့ ကျွန်တော်တို့ကွန်ယက်အဖွဲ့ကနေ ဖိတ်ခေါ်ပါတယ်” ဟုဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ယက် (ရန်ကုန်)မှ ဦးထွန်ဝင်းငြိမ်း ကပြောကြားခဲ့သည်။

    ၂၀၁၄ ဇူလိုင်လ ၂၃ ရက်နေ့တွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခဲ့သည်မှာ နှစ် (၅၀) ပြည့်ခဲ့ပြီဖြစ်သောကြောင့် ငြိမ်းချမ်းရေးဖခင်ကြီး ဆရာကြီးသခင် ကိုယ်တော်မှိုင်းအား ဂုဏ်ပြုသောအားဖြင့် ယခုကဲ့သို့ပန်းချီပြပွဲကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။