News @ M-Media

Blog

  • ညောင်လေးပင်မြို့လမ်းမပေါ် အရက်မူးပြီး အိမ်ပျော်နေသူ ကားတိုက်ခံရ

    ဧပြီ ၂၅၊ ၂၀၁၄
    M-Media
    K K

    nyoung lay pin

    ညောင်လေးပင် ။ ။ ညောင်လေးပင်မြို့ စာတိုက်လမ်း မြို့မ(၃)ရပ်ကွက်တွင် ကိုကျားကြီး(စက်ဘီးပြုပြင်ရေး)သည် ဧပြီ ၂၅-ရက် ည ၇း၄၅-နာရီခန့်က အရက်မူး၍ လမ်းမပေါ်တွင် အိပ်ပျော်နေစဉ် ဖေါကားမှ ပွတ်ဆွဲကာ တိုက်မိသွားကြောင်း ၄င်းကားမှာ ထွက်ပြေးသွားကြောင်း သိရသည်။

    တိုက်ခဲ့သည့်ကားမှာ ညောင်လေးပင်မြို့တွင် ၉၆၉ လှုပ်ရှားမှုအဖွဲ့ဝင်ဖြစ်သူ လင်းထက်ဝင်း၏ ကားဟု မျက်မြင်သက်သေများက ဆိုကြောင်းနှင့် အဆိုပါကိစ္စနှင့် ပတ်သက်၍ ညောင်လေးပင်မြို့နယ် ရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရပါသည်။

    ကားတိုက်ခံရသူမှာ ဆေးရုံပေါ်တွင် ရောက်ရှိကုသမှုခံယူနေပြီး စိုးရိမ်ဖွယ်ရာ အခြေအနေရှိနေကြောင်း သိရသည်။

  • ရုရှမှာ တတိယကမ္ဘာစစ် စတင်ချင်နေသည်ဟု ယူကရိန်း ဝန်ကြီးချူပ်စွပ်စွဲ

    ဧပြီ ၂၅၊ ၂၀၁၄
    M-Media

    Arseniy_Yatsenyuk

    – ယူကရိန်း ၀န်ကြီးချုပ် အာဆန်နီ ယက်ဆန်ယွတ်က ရုရှားအနေဖြင့် တတိယ ကမ္ဘာစစ်ကို စတင်ချင်နေသည်ဟု ယနေ့တွင် စွပ်စွဲခဲ့ပြီး ရုရှား၏ကျူးကျော်မှုအား ဆန့်ကျင်ရန်အတွက် နိုင်ငံတကာမှ ကူညီကြရန်လည်း တိုက်တွန်းခဲ့သည်။

    “ယူကရိန်းမြေပေါ်မှာ ရုရှားစစ်တပ်ရဲ့ ရန်လိုတဲ့လုပ်ရပ်က ဥရောပမြေမှာ ပဋိပက္ခတွေဖြစ်တဲ့အထိ ဦးတည်သွားနိုင်ပါတယ်။ ယူကရိန်းက အကြမ်းဖက်သမားတွေကို ရုရှားရဲ့ အားပေးမှုဟာ နိုင်ငံတကာ ရာဇ၀တ်မှုကို ကျူးလွန်တာဖြစ်ပြီး ရုရှားရဲ့ကျူးကျော်မှုကို တွန်းလှန်တဲ့နေရာမှာ နိုင်ငံတကာအသိုင်းအ၀ိုင်းတွေ ပေါင်းစည်းဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်” ဟု ကတ်ဘိနတ်အစည်းအဝေးတွင် ယက်ဆန်ယွတ်က ပြောကြားခဲ့သည်။

    ယူကရိန်းအရေးအတွက် ရုရှားသမ္မတ ပူတင်နှင့် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်တို့ ယနေ့တွင်ဖုန်းဖြင့် ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ ယူကရိးန်အနေဖြင့် ဂျီနီဗာသဘောတူချက်အား ဆောင်ရွက်မှုများရှိနေပြီး ရုရှားက အနည်းငယ်သာဆောင်ရွက်နေကြောင်း ထိုဆွေးနွေးမှုတွင် မာကဲလ်က ပူတင်အား သတိပေးခဲ့သည်။

    ယူကရိန်းအရေး ဆောင်ရွက်ချက်များ တိုးတက်မှုမရှိသည့်အတွက် ရုရှားအပေါ် ပိတ်ဆို့မှုများ ဆက်လက်ပြုလုပ်သွားရန် စဉ်းစားနေသည်ဟု မာကဲလ်က ပြောကြားခဲ့သည်။
    live.aljazeera

  • မန်ယူနည်းပြအဖြစ် ခန့်သည့်နေ့မှာ ဘောလုံးသမားဘဝတွင် ဂုဏ်အယူရဆုံးနေ့ဖြစ်ကြောင်း ရွိုင်ယန်ဂစ်ဖွင့်ဟ

    ဧပြီ ၂၅၊ ၂၀၁၄
    M-Media

    – မန်ချက်စတာယူနိုက်တက်အသင်း၏ နည်းပြအဖြစ် ခန့်အပ်ခံရသည့်နေ့မှာ မိမိ၏ ဘောလုံးသမားဘ၀ သက်တမ်းတွင် ဂုဏ်အယူရဆုံးနေ့ တစ်နေ့ဖြစ်သည်ဟု အသင်း၏ ယာယီနည်းပြ ရွိုင်ယန်ဂစ်က ပြောကြားလိုက်သည်။

    article-2612887-1D56A32E00000578-40_634x355

    နည်းပြမိုယက်စ်အား ထုတ်ပယ်ခဲ့ပြီးနောက် ကျန်ရှိသည့် ပရီးမီးယားလိဂ် ၄ ပွဲကို ကိုင်တွယ်ရန် ရွိုင်ယန်ဂစ်အား နည်းပြအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ဂစ်ကမူ ၎င်းအနေဖြင့် အသင်း၏ပုံစံဖြစ်သည့် တိုက်စစ်အားပြုကစားပုံ ပြန်လည်ရရှိအောင် လုပ်ဆောင်မည်ဟု ယနေ့နံနက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    “ကျွန်တော့်ကစားသမားဘ၀ရဲ့ ဂုဏ်အယူရဆုံးနေ့ပါပဲ။ ပရိတ်သတ်တွေရဲ့ မျက်နှာမှာ အပြုံးတွေပြန်ရလာအောင် ကျွန်တော်ယူပေးပါ့မယ်။ လာမယ့်ပွဲအတွက် ကျွန်တော် မစောင့်နိုင်တော့ပါဘူး။ ကစားကွင်းဟာ အသက်ဝင်နေပါလိမ့်မယ်။ ကစားသမားတွေအားလုံးဟာ ဒီတစ်ပတ်လုံး တက်ကြွနေပါတယ်။ စနေနေ့ပွဲမှာ ကောင်းကောင်းကစားဖို့၊ ပရိတ်သတ်တွေကို ပျော်ရွှင်မှုတွေပေးဖို့ သူတို့ကို ကျွန်တော် ပြောထားပြီးပါပြီ” ဟု ဂစ်က ပြောကြားခဲ့သည်။

    အဆင့် ၇ နေရာရောက်နေသည့် မန်ယူအသင်းမှာ မနက်ဖြန်တွင် အိမ်ကွင်း၌ တန်းဆင်းဇုန်နားမှ နော်ဝစ်ခ်ျအသင်းအား ဧည့်ခံကစားရမည်ဖြစ်သည်။

    Daily Mail

  • အင်တာနက်ကွန်ရက်မှာ စီအိုင်အေ၏ အထူးပရောဂျက်ဖြစ်ပြီး ရုရှနိုင်ငံသားများ Google မသုံးရန် ပူတင်ပြော

    ဧပြိ ၂၅၊ ၂၀၁၄
    M-Media

    – ရုရှားသမ္မတ ဗလာဒီမာပူတင်က အင်တာနက် ကွန်ရက်ကြီးမှာ စီအိုင်အေ၏ ပရောဂျက်ဖြစ်ပြီး ရုရှားနိုင်ငံသားများအနေဖြင့် Google အသုံးပြု၍ ရှာဖွေမှုများ မပြုလုပ်ရန် သတိပေးခဲ့သည်။

    201442571418681580_20

    ယမန်နေ့က လူငယ်ဂျာနယ်လစ်များနှင့် တွေ့ဆုံသည့် ရုပ်မြင်သံကြား အစီအစဉ်တွင် ပူတင်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး အင်တာနက်ဆိုသည်မှာ အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ CIA ၏ အထူးပရောဂျက်တစ်ခုဖြစ်သည်ဟု မှတ်ချက်ပေးခဲ့သည်။

    Google နှင့် ပတ်သက်ပြီး မေးမြန်းရာတွင် ပူတင်က အဆိုပါကုမ္ပဏီ၏ အချက်အလက်သွားရာ လမ်းကြောင်းမှာ အမေရိကန်အစိုးရ ပိုင်ဆိုင်သည့် ဆာဗာထဲသို့ ဖြတ်ရပြီး ထိုနေရာတွင် အားလုံးကိုစောင့်ကြည့်နေသည်ဟု ဖြေကြားခဲ့ကြောင်း AFP သတင်းဌာနက ဖော်ပြခဲ့သည်။

    ရုရှား၏ အကြီးဆုံး အင်တာနက် ရှာဖွေရေးအင်ဂျင်တစ်ခုဖြစ်သည့် Yandex အကြောင်း ပြောကြားရာတွင်လည်း ပူတင်က ၎င်းကိုပိုင်ဆိုင်သော သူမှာ နိုင်ငံခြာသားဖြစ်သည့်အတွက် စိုးရိမ်မိကြောင်း ဖွင့်ဟခဲ့သည်။

    တီဗီအစီအစဉ်များတွင် ပါဝင်ခွင့်နည်းသော အတိုက်အခံများမှာ အင်တာနက်အသုံးပြုကာ ၎င်းတို့၏အမြင်များအား ဖြန့်ဝေနေခြင်းကြောင့် အင်တာနက်ထိန်းချုပ်မှုအား ပိုမိုပြုလုပ်ရန် ပူတင်အစိုးရက အလွန်အမင်း ဆန္ဒရှိနေသည်။ ထို့ကြောင့် ဆိုရှယ်မီဒီယာဝဘ်ဆိုဒ်များအား ရုရှားဆာဗာများတွင် သိမ်းထားပြီး အသုံးပြုသူ၏ အချက်အလက်များကို ၆ လ သိမ်းထားနိုင်မည့် ဥပဒေသစ်တစ်ခုကို ယခုသီတင်းပတ် အစောပိုင်းတွင် အတည်ပြုခဲ့သည်။

    ထို့ပြင် အမည်ပျက်ရှိသော ၀ဘ်ဆိုက်များကို တရားရုံးအမိန့်မလိုဘဲ အစိုးရက တိုက်ရိုက်ပိတ်နိုင်သည် ဥပဒေလည်းရှိနေသည်။ ပူတင်မှာ အင်တာနက်ကွန်ရက်နှင့် ပတ်သက်ပြီး မကြာခဏ ဝေဖန်ပြောကြားလေ့ရှိသည်။

  • ဖာတာနဲ့ ဟားမက်စ် ပူးပေါင်းမှုကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အစ္စရေးဘက်မှ ရပ်ဆိုင်း

    ဧပြိ ၂၅၊ ၂၀၁၄
    M-Media

    – ပါလက်စတိုင်းမှ ဟားမက်စ်နှင့် ဖာတာအဖွဲ့တို့ ညီညွတ်သော အစိုးရတစ်ရပ် ဖွဲ့စည်းရန် သဘောတူညီခဲ့ခြင်းအား တုံ့ပြန်သည့်အနေဖြင့် ပါလက်စတိုင်းနှင့် ပြုလုပ်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ရပ်တန့်ရန် အစ္စရေးက ဆုံးဖြတ်ခဲ့သည်။
    Palestinian factions to form unity government
    အဆိုပါဆုံးဖြတ်ချက်က အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီ ဦးဆောင်စတင်ခဲ့သည့် ၉ လကြာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အဆုံး သတ်သွားစေခဲ့သည်။ ယမန်နေ့က ပြုလုပ်ခဲ့သည့် ၅ နာရီကြာ အစည်းအဝေးတွင် အစ္စရေး လုံခြုံရေး ကတ်ဘိနတ်က ထိုဆုံးဖြတ်ချက်အား တညီတညွတ်တည်း ဆုံးဖြတ် ခဲ့ခြင်းဖြစ်ပြီး၊ နောက်ပိုင်းတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ပါလက်စတိုင်းများအပေါ် စီးပွားရေး ပိတ်ဆို့ရန်လည် အစ္စရေးက စဉ်းစားနေသည်ဟု Reuters သတင်းဌာနက ဖော်ပြခဲ့သည်။

    သို့သော်လည်း ပါလက်စတိုင်းဘက်ကမူ ဆွေးနွေးပွဲကို ရပ်တန့်ခဲ့သည့် အစ္စရေး၏ ဆုံးဖြတ်ချက်အား တုံ့ပြန်သွားရန် နည်းလမ်းပေါင်းစုံကို စဉ်းစားနေသည်ဟု ပြောကြားခဲ့သည်။

    “အခုလက်ရှိ ပါလက်စတိုင်းတို့ရဲ့ အဓိက အရေးကြီးဆုံးကတော့ ရင်ကြားစေ့ရေးနဲ့ ညီညွတ်ရေးပဲဖြစ်ပါတယ်” ဟု ပါလက်စတိုင်း အကြီးတန်းအရာရှိ စအီးဘ် အီရာကတ်က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ၇ နှစ်ကြာ ကွဲပြဲနေခဲ့ပြီးနောက် ဟားမက်စ်အဖွဲ့နှင့် ပြန်လည်ပေါင်းစည်းခဲ့သည့်အတွက် ပါလက်စတိုင်း သမ္မတ မဟ်မူးဒ် အဘတ်စ်ကို အစ္စရေးက ဒေါသထွက်နေသည်။ ဟားမက်စ် အဖွဲ့အား အစ္စရေးနှင့် အမေရိကန်တို့က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည်။

    ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ အကြီးအကဲ ကက်သရင်းအက်ရှ်တန်ကမူ ၎င်းတို့နှစ်ဖွဲ့ ပေါင်းစည်းမှုအား ကြိုဆိုသော်လည်း အဓိက ဦးစားပေးရေးမှာ အစ္စရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Al Jazeera and agencies