News @ M-Media

Blog

  • အနုပညာရှင်များ သင်္ကြန်တွင်း ဝတ်ဆင်ဆင်ယင်မှု ထိန်းသိမ်းရန် ရုပ်ရှင် အစည်းအရုံး ကြေညာချက်ထုတ်

    ဧပြီ ၁၀၊ ၂၀၁၄
    M-Media
    လမင်း
    ရန်ကုန်။ ။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက သင်္ကြန်ကာလအတွင်း အနုပညာရှင်များ၏ ၀တ်စားဆင်ယင်မှုနှင့်ပတ်သက်ပြီး မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီသော ၀တ်စားဆင်ယင်မှုများကို မ၀တ်ဆင်ရန်၊ ရှောင်ကြဉ်ရန် ဧပြီလ ၉ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။
    556099_362712680445593_100001205914159_1072114_441082482_n copy
    ကမ္ဘာတစ်ဝန်းရှိရုပ်ရှင်သရုပ်ဆောင်များ၏ ၀တ်စားဆင်ယင်မှုသည် ယနေ့ခေတ်လူငယ်များ၏ အတုယူဖွယ်ဖြစ်နေလျှက် ရှိနေသောကြောင့် မြန်မာလူမျိုးများနေနှင့် ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းရန် အားလျော်စွာ သင်္ကြန် ကာလတွင် အနုပညာရှင်များ အနေနှင့် မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော ၀တ်စား ဆင်ယင်မှုများကို မပြုလုပ်ကြရန် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တိုက်တွန်းနှိုးဆော်သည့် ထုတ်ပြန်ချက်ကို အစည်းအရုံး ဥက္ကဌဖြစ်သူ ဦးလူမင်းက ထုတ်ပြန်ခဲ့သည်။

    အဆိုပါထုတ်ပြန်ချက်အပြင် ရန်ကုန်တိုင်းဒေသကြီး၊ အခြားပြည်နယ်များနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနှင့်လည်း ၀တ်စားဆင်ယင်မှုများနှင့် ပတ်သက်၍ စည်းကမ်းများ ထုတ်ပြန်ထားရှိပြီးဖြစ်ကြောင်းသိရှိရပါသည်။

    ၂၀၁၂ သင်္ကြန်ချိန်ခါတွင် ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်သူ သင်ဇာဝင့်ကျော်၏ ၀တ်စားဆင်ယင်မှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ ခေါ်ယူ သတိပေးခဲ့သည့်ဖြစ်ရပ်မျိုးရှိခဲ့ဖူးသည်။

    ပုံ စာညွှန်း-၂၀၁၂ သင်္ကြန်ချိန်ခါက အနုပညာရှင်တချို့ ဝတ်စားဆင်ယူမှု
    Photo- internet

  • စာသင်ကျောင်းများတွင် အစ္စလာမ်အကြောင်း မိတ်ဆက် သင်ကြား၊ ဟောပြောပွဲများ ချက်အစိုးရ ခွင့်ပြု

    ဧပြီ ၁၀၊ ၂၀၁၄
    M-Media

    – အစ္စလာမ်သာသနာအကြောင်းနှင့် ဥရောပနိုင်ငံများမှ မွတ်စလင်များ၏ ဘ၀နေထိုင်မှုများကို ကျောင်းသူကျောင်းသားများအား သိရှိစေမည့် အခမဲ့သင်ကြားမှုများ ဟောပြောပွဲများပြုလုပ်ရန် ချက်ပညာရေး ၀န်ကြီးဌာနမှ ခွင့်ပြုလိုက်ပြီဟု သိရသည်။

    Czech-Students-Offered-Islam-Education

    “ကျောင်းသင်ခန်းစာတွေက အစ္စလာမ်သာသနာနဲ့ ပတ်သက်ပြီး လုံလောက်တဲ့ သင်ကြားမှုမျိုး မလုပ်ကြပါဘူး။ ကျောင်းသားတွေက အစ္စလာမ်နဲ့ ပတ်သက်ပြီး ပိုသင်ယူချင်ကြပါတယ်” ဟု အဆိုပါ သင်ကြားရေအစီအစဉ်ကို ပူတွဲဖော်ဆောင်သူ ရှာဒီ ရှန်နာ၏ ပြောကြားမှုကို မြို့တော် ပရက်ဂ်တွင် ထုတ်ဝေသည့် Lidove Noviny(LN) သတင်းစာ က ဧပြီလ ၇ က်နေ့တွင် ဖော်ပြခဲ့သည်။

    ထိုသင်ကြားမှု အစီအစဉ်အားပြုလုပ်ရန် Muslims In Czech Schoolchildren’s Eyes အဖွဲ့ စတင်အကြံပေးခဲ့ခြင်းဖြစ်သည်။

    အဆိုပါ သင်ကြားမှုများတွင် အစ္စလာမ်ဘာသာဝင်အမျိုးသမီးများ ၀င်ဆင်သည့် ဟိဂျဘ်၊ ဘုရ်ခါတို့အရေးပါပုံများနှင့် မည့်သည့်အကြောင်းကြောင့် အစ္စလာမ်ဘာသာဝင်အမျိုးသမီးများက ထိုအရာများကို ၀တ်ဆင်သည်ဆိုခြင်းကို ရှင်းပြခြင်း၊ ဂျီဟတ်နှင့် ပတ်သက်၍ ကုန်အာန်ကျမ်းတော်မြတ်က မည်ကဲ့သို့ ပြောထားသည်ကို ရှင်းပြခြင်း စသည်တို့ ပါဝင်မည်ဖြစ်သည်။

    ထိုအစီအစဉ်အား အမေရိကန်သံရုံးနှင့် အစိုးရချင်းဆက်သွယ်ဆောင်ရွက်သည့် Anna Lindh ဖောင်ဒေးရှင်းတို့က စပွန်စာပေးထားပြီး ပရက်ဂ်မြို့ရှိ ဥရောပမစ်ရှင်နှင် ပရက်ဂ်မြို့ မြူနီစီပယ်စာကြည့်တိုက်တို့ကလည်း ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။

    ဂျီဟတ်ဆိုသည့်စကားလုံးကို အနောက်တိုင်းမီဒီယာများက ဘာသာရေးစစ်ပွဲအဖြစ် မကြာခဏဖော်ပြကြသည်။ မွတ်စလင်ပညာရှင်များကမူ ကုရ်အန်ကျမ်းတော်မြတ်ထဲတွင် ဖော်ပြထားသည့် ဂျီဟတ်၏ အဓိပ္ပါယ်မှာ ကောင်းမှုများဆောင်ရွက်ရန်၊ မတရားမှုများ၊ ဖိနှိပ်မှုများနှင့် လူ့အဖွဲ့အစည်းအတွင်းမှ ဆိုးရွားမှုများအား ဖယ်ရှားရန် ရုန်းကန်ကြိုးစားခြင်းသာဖြစ်သည်ဟု အကြိမ်ကြိမ်ရှင်းလင်းထားပြီးဖြစ်သည်။

    ထာဝရဘုရားတစ်ဆူတည်းအခြေပြုသည့် ဘာသာတရားသုံးခုနှင့် ပတ်သက်၍ စာအုပ်များကို ရေးသားသည့် ဗြိတိသျှ နာမည်ကြီးစာရေးဆရာ ကရန် အမ်းစထရောင်းကမူ “ဂျီဟတ်”ဟူသည့် စကားလုံးအား ဘာသာရေးစစ်ပွဲအဖြစ် ဖော်ပြနေမှုများကို ဝေဖန်ခဲ့သည်။

    ကျောင်းသားများ၏ တောင်းဆိုမှု

    ၂၀၁၃ ခုနှစ် စစ်တမ်းကောက်ယူမှုများအရ အစ္စလာမ်သာသနာအကြောင်းကို သင်ကြားရန် ကျောင်းသားများက ပိုမိုစိတ်ဝင်စားသည်ဟု သိခဲ့ရပြီးနောက် ယခုကဲ့သို့ အခမဲ့သင်ကြားမည့် အစီအစဉ်ပေါ်ပေါက်လာရခြင်းဖြစ်သည်။

    “ကျောင်းသားအများစုက (အစ္စလာမ်အကြောင်း) သူတို့ပိုသင်ချင်တယ်လို့ ပြောပါတယ်။ ဘာာတရားကို မီဒီယာကနေတစ်ဆင့် အဓိကသိရပြီး၊ အဲဒီမီဒီယာတွေက အစ္စလာမ်ကို မကြာခဏ ဝေဖန်ပြစ်တင်ကြတယ်လို့ သူတို့က ဆိုပါတယ်” ဟု ထိုအစီအစဉ်ဖြစ်မြောက်ရန် ပူးတွဲဖော်ဆောင်သူ အမျိုးသမီး ကလာရာ ပိုပိုဗိုဗာက ပြေကြေားကြောင်း LN သတင်းစာတွင် ဖော်ပြထားသည်။

    ပညာရေးဝန်ကြီးဌာနက အဆိုပါအစီအစဉ်ကို ခွင့်ပြုခဲ့သော်လည်း “ချက်နိုင်ငံတွင်အစ္စလာမ်ကိုမလိုလားသူများ” အဖွဲ့၏ ဆန့်ကျင်မှုများကိုလည်း ရင်ဆိုင်နေရသည်ဟု ဆိုသည်။

    “ကျောင်းတွေမှာ အစ္စလာမ်ကို သင်ကြားတာတွေ မလုပ်ဖို တောင်းဆိုတာနဲ့အတူ စော်ကားထားတဲ့ အီးမေးလ်း အနည်းငယ်ကို သူတို့က ကျွန်မတို့ဆီပို့ပါတယ်။ ဒါပေမယ့် ကျွန်မတို့ရဲ့ အစီအစဉ်က ၀ါဒဖြန့်တာ မဟုတ်ပါဘူး။ အဓိကရည်ရွယ်ချက်က ဆွေးနွေးမှုတွေဖြစ်လာအောင် လှုံ့ဆော်ဖို့နဲ့ မီဒီယာရဲ့ မှားယွင်းဖော်ပြမှုတွေကို ချေပဖို့ပါပဲ” ဟု ပိုပိုဗိုဗာက ထပ်လောင်းပြောကြားခဲ့သည်။

    လူဦးရေ ၁၀ သန်းကျော်ရှိသည့် ချက်နိုင်ငံတွင် အစ္စလာမ့်ဘာသာဝင်ဦးရေမှာ ၁၅၀၀၀ ၀န်းကျင်ခန့်ရှိပြီး၊ ၁၉၉၀ ပြည့်နှစ်များမှစ၍ အစ္စလာမ်ကို လက်ခံခဲ့ကြသည့် သစ်လွင်မွတ်စလင်အရေအတွက်မှာ ၁၅၀၀ မှ ၂၀၀၀ အကြားရှိသည်။

    ၂၀၀၄ ခုနှစ်မှစ၍ အစ္စလာမ်သာသနာအား ချက်နိုင်ငံ၏ တရားဝင် ဘာသာတရားတစ်ခုအဖြစ် သတ်မှတ်ခဲ့ပြီး ခရစ်ယာန်များ၊ ဂျူးများနည်းသူ ဘာသာရေးလွတ်လပ်ခွင့်များကို အစိုးရက ပေးအပ်ခဲ့သည်။

    Ref: OnIslam & Newspapers

  • နောက်ဆုံးဖလား မျှော်လင့်ချက် စွန့်လွှတ်ခဲ့ရတဲ့ မန်ယူ၊ လာလီဂါပြိုင်ဘက်ကို ချန်ပီယံလိဂ်မှာ အရှုံးပေးခဲ့ရတဲ့ ဘာစီ

    ဧပြီ ၁၀၊ ၂၀၁၄
    M-Media

    နောက်ဆုံးဖလား မျှော်လင့်ချက် စွန့်လွှတ်ခဲ့ရတဲ့ မန်ယူ၊ လာလီဂါပြိုင်ဘက်ကို ချန်ပီယံလိဂ်မှာ အရှုံးပေးခဲ့ရတဲ့ ဘာစီလိုနာတို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲများ

    2087950_w2

    – ယနေ့မနက်မှာတော့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်ရဲ့ ဒုတိယအကျော့ လက်ကျန် ၂ ပွဲကို ကစားခဲ့ပြီး ဘာစီလိုနာအသင်းနဲ့ မန်ယူတို့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။

    နျူးကမ့်မှာ နေးမာရဲ့ချေပဂိုးကြောင့် ၁ ဂိုးစီ သရေကျခဲ့တဲ့ ဘာစီလိုနာတို့ အက်သလက်တီကိုရဲ့ကွင်းမှာလည်း ကိုကီရဲ့ အစောပိုင်း ဂိုးတစ်ဂိုးနဲ့ အရှုံးပေးခဲ့ရပါတယ်။ အက်သလက်တီကိုမှာ အားထားရတဲ့ တိုက်စစ်မှူး ဒီယေဂိုကော်စတာ ဒဏ်ရာကြောင့်မပါဝင်ခဲ့ပေမယ့် ပွဲအစမှာ အိမ်ရှင်တို့ တောက်လျှောက်ထိုးဖောက်နိုင်ခဲ့ပြီး အနိုင်ဂိုးကိုလည်း ပွဲအစ ၅ မိနစ်မှာပဲရခဲ့တာပါ။ ဗီလာ၊ လိုပက်ဇ်တို့ရဲ့ အပိုင်ဂိုးသွင်းခွင့်တွေသာ ဂိုးဝင်ခဲ့ရဲ့ ဒီထက်ပို ဂိုးပြတ်သွားနိုင်ပါတယ်။ ဘာစီလိုနာတို့ကတတော့ ထုံးစံအတိုင်း ဘောလုံးပိုင်ဆိုင်မှုကို အသားပေးကစားခဲ့ပြီး အိမ်ရှင်အသင်းကို ထိုးဖောက်ခဲ့ပါတယ်။ ပထမပိုင်းမှာ ဇာဗီ၊ မက်ဆီ တို့ရဲ့ ကန်သွင်းချက်တွေ၊ ဒုတိယပိုင်း မိနစ် ၇၇ ကျော်မှာ နေးမာရဲ့ ခေါင်းတိုက်ချက်တွေ ဂိုးမ၀င်ခဲ့တာကာ ဘာစီလိုနာအသင်းအတွက် ရှုံးပွဲကို တွေ့စေခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ အက်သလက်တီကိုအသင်းက နှစ်ကျော့ပေါင်း ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ၁၉၇၃-၇၄ နောက်ပိုင်း ချန်ပီယံလိဂ် ဆီးဖီးဖိုင်နယ်ကို ပထမဆုံး တက်ရေက်နိုင်ခဲ့ပါတယ်။

    နည်းပြမိုယက်စ်ရဲ့ မန်ယူအသင်းကလည်း ဂျာမနီမြေမှာ ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပေမယ့် ဘိုင်ယန်ရဲ့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး ဒီရာသီ နောက်ဆုံးလက်ကျန် ဖလားမျှော်လင့်ချက်ကို စွန့်လွှတ်ခဲ့ရပါတယ်။ ဘိုင်ယန်မှာ မူလာ၊ မန်ဇူကစ်၊ ကရော့စ်၊ ဂေါ့ဇီတို့ လူစုံပါဝင်ခဲ့ပေမယ့် ပွဲအစအထနှေးခဲ့ပါတယ်။ မန်ယူကတော့ ဒဏ်ရာရနေတဲ့ ကွင်းလယ်ကစားသမား ဖယ်လိုင်နီရဲ့နေရာမှာ ဖလက်ချာ ၀င်ကစားခဲ့ပြီး ပထမပိုင်းမှာ မန်ယူတို့ အပိုင်ဂိုးသွင်းခွင့်၂ ကြိမ်လောက်ရခဲ့ပါတယ်။

    ဒါပေမယ့်နောက်ပိုင်းမှာတော့ ဘိုင်ယန်က ပွဲကိုထိန်းချုပ်လာနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း ဖန်တီးလာနိုင်ခဲ့ပါတယ်။ ဦးဆောင်ဂိုးကိုတော့ ၅၇ မိနစ်မှာ မန်ယူက စရခဲ့ပြီး ညာခြမ်းက ဗလင်စီယာ ဖန်တီးပေးတဲ့ ဘောလုံးကို နောက်ခံလူ အီဗရာက ဧရိယာအတွင်းမှာ ဘယ်ခြေနဲ့ အပြင်းကန်သွင်းယူခဲ့တာပါ။ ဒါပေမယ့် ဒီဂိုးဟာ အိမ်ရှင်တို့အတွက် အခက်အခဲတော့ မဖြစ်စေခဲ့ပါဘူး။ ၅၉ မိနစ်မှာ မန်ဇူကစ်က ချေပဂိုး ပြန်သွင်းနိုင်ခဲ့ပြီး၊ ၆၈ မိနစ်နဲ့၊ ၇၆ မိနစ်တို့မှာ မူလာနဲ့၊ ရော်ဘင်တို့က အနိုင်ဂိုးတွေ သွင်းယူနိုင်ခဲ့တဲ့အတွက် ပွဲအပြီးမှာတော့ ဘိုင်ယန်က ၂ ကျော့ပေါင်း ရလဒ် ၄ ဂိုး ၂ ဂိုးနဲ့ ဆီမီးဖိုင်နယ်ကို သုံးနှစ်ဆက် တက်ရောက်နိုင်ခဲ့ပါတယ်။

    ယနေ့မနက် ချန်ပီယံလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    အက်သလက်တီကို ၁-၀ ဘာစီလိုနာ (နှစ်ကျော့ပေါင်း ၂-၁ ဖြင့် အက်သလက်တီကို နောက်တစ်ဆင့်တက်)
    ဘိုင်ယန် ၃-၁ မန်ယူ (နှစ်ကျော့ပေါင်း ၄-၂ ဖြင့် ဘိုင်ယန်နောက်တစ်ဆင့်တက်)

    Photo- ©Getty Images

  • လွတ်လပ်မှုနှင့် မထိုက်တန်သူများ (Quote)

    ဧပြီ ၁၀၊ ၂၀၁၄
    M-Media
    ရှာဖွေတင်ပြသူ- Robert Elhose

    quote-those-who-deny-freedom-to-others-deserve-it-not-for-themselves-and-under-a-just-god-can-not-abraham-lincoln-247593 copy

    ” သူတစ်ပါး ၏ လွတ်လပ်မှု(လွတ်မြောက်မှု) ကို ငြင်းဆန်နေသူများ အနေဖြင့် ၎င်း တို့ကိုယ်တိုင်လည်း အဆိုပါ လွတ်လပ်မှု နှင့် လားလားမျှ မထိုက်တန် ”

    (မတရားသဖြင့် လူမျိုးခွဲခြား သည့် ကျွန်စနစ်အား မဆုတ်မနစ် တွန်းလှန်ပယ်ရှား ဖျက်သိမ်း ခဲ့သည့် ၁၆ ဆက်မြောက် အမေရိကန်သမ္မတ အေဗရာဟင် လင်ကွန်း)

  • အာဆင်နယ်အသင်းမှာ ဆုဖလားများရရှိရန် ခိုင်မာသော စိတ်ဓာတ်မရှိဟု တိုက်စစ်မှူး ကာဇိုလာပြောကြား

    ဧပြီ ၉ ၊ ၂၀၁၄
    M-Media

    – ဆုဖလားများကို ရယူချင်ပါက အာဆင်နယ်အသင်းမှာ ခိုင်မာသောစိတ်ဓာတ်မျိုးရှိရန် လိုအပ်ပြီး ထိုကဲ့သို့ မလုပ်နိုင်ပါက အသင်းမှ ထွက်ခွာမည်ဟု အာဆင်နယ်အသင်းတိုက်စစ်မှူး ကာဇိုလာက ပြောကြားလိုက်သည်။
    368767_heroa
    အာဆင်နယ်အသင်းမှာ ပရီးမီးယားလိဂ်နောက်ဆုံး လေးပွဲတွင် နိုင်ပွဲပျောက်ဆုံးနေခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံပြေးလမ်းကြောင်းမှ ထွက်ခွာခဲ့ရကာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်လည်း အဲဗာတန်အသင်းနှင့် အပြိုင်လုရဖွယ်ရှိနေသည်။

    မာလာဂါအသင်းမှ အာဆင်နယ်အသင်းသို့ ၂၀၁၂ ခုနှစ်က ပြောင်းရွှေ့လာခဲ့သော်လည်း မိမိရှာဖွေနေသော အောမြင်မှုကို မတွေ့ရှိဟု ကာဇိုလာကဆိုပြီး ဆုတံဆိပ်များရရှိရန်အတွက် အသင်းပြောင်းရန် ပြင်ဆင်နေသည်ဟုလည်း ဖွင့်ဟခဲ့သည်။

    “ကျွန်တော် ဆုဖလားတွေ လိုချင်တာကြောင့် အာဆင်နယ်ကို လာခဲ့တာပါ။ ဘောလုံးသမားတိုင်းဟာ ဆုဖလားတွေကို ရချင်ပါတယ်။ ကျွန်တော်တို့ဟာ ဖလားတစ်လုံးမှ မရဘဲ နှစ်တွေအများကြီး ကုန်ဆုံးခဲ့ပါတယ်။ တကယ်လို့ ဆုဖလားတွေ မရရင်တော့ နောက်ထပ်ကျွန်တော်ရှာဖွေတဲ့လမ်းက ဆုဖလားတွေရဖို့ အခွင့်အရေးပါပဲ” ဟု ကာဇိုလာက Sport360 သို့ ပြောကြားခဲ့သည်။

    ထို့ပြင် မန်စီးတီးနှင့် မန်ယူအသင်းများက လိုအပ်သောကစားသမားများကို ၀ယ်ယူခဲ့ပြီး၊ အာဆင်နယ်အသင်းမှာလည်း လာမည့်ရာသီတွင် မည်သည့်ကစာသမားများ ၀ယ်ယူရမည်ကို သိရှိကြောင်း၊ ထိုကစားသမားများမရှိဘဲ မိမိတို့အနေဖြင့် ဆုဖလားများရရှိမည်မဟုတ်ကြောင်း ကာဇိုလာက ထပ်လောင်းပြောကြားခဲ့သည်။

    အာဆင်နယ်အသင်းမှာ ယခုနှစ်ရာသီအစတွင် ခြေစွမ်းကောင်းများကိုပြသခဲ့သော်လည်း ကစားသမာများ ဒဏ်ရာရရှိမှု ပွဲထွက်ကစားသမားများမှာလည်း ခြေစွမ်းမပြနိုင်မှုတို့ကြောင့် နောက်ပိုင်းတွင် ရုန်းကန် လာခဲ့ရသည်။ ယခုနှစ်တွင် မည်သည့်ဖလားမှ မရပါက အာဆင်နယ်အသင်းအတွက် ၉ နှစ်မြောက် ဖလားလက်မဲ့ရာသီဖြစ်လာမည်ဖြစ်သည်။