News @ M-Media

Blog

  • ရဲစခန်း စီးနင်းထားသော ရုရှား လိုလားသူများနှင့် ယူကရိန်း တပ်ဖွဲ့ဝင်များ အပြန်အလှန် ပစ်ခတ်မှုဖြစ်

    ဧပြီ ၁၃၊ ၂၀၁၄
    M-Media
    Ukraine crisis  Another police building seized in east
    – နိုင်ငံအရှေ့ပိုင်းရှိ မြို့များတွင် အစိုးရအဆောက်အဦးများအား သိမ်းပိုက်ထားသည့် ရုရှားလိုလားသူများကို ယူကရိန်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် စတင်နှိမ်နင်းခဲ့သည်ဟု သိရသည်။

    Slovyansk မြို့ရှိ ရုရှားလိုလားသူများသိမ်းပိုက်ထားသော ရဲဌာနချုပ်အဆောက်အအုံကို ပစ်မှတ်ထားကာ နှိင်နင်း ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကာ ယူကရိန်းလုံခြုံရေးတပ်ဖွဲ့နှင့် ရုရှားလိုလားသူများဘက်မှ တစ်ဦးစီ သေဆုံးခဲ့ပြီး ယူကရိန်းလုံခြုံရေးတပ်ဖွဲ့မှ ၅ ဦးဒဏ်ရာရခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုန်ပြန်ခဲ့သည်။

    ထိုဒေသတွင် နေထိုင်သူများကိုလည်း အိမ်အတွင်း၌သာနေထိုင်ရန် ညွှန်ကြားထားပြီး၊ မြို့အပြင်ဘက်ရှိ ရုရှားလိုလားသူများ သိမ်းပိုက်ထားသော ရဲတပ်ဖွဲ့အဆောက်အဦးပေါ်တွင်လည်း စစ်ဘက် ရဟတ်ယာဉ် ၂ စီး ပျံဝဲက အခြေအနေကို စောင့်ကြည့်လျက်ရှိသည်ဟု Reuters သတင်းဌာနက ဖော်ပြခဲ့သည်။

  • ဟာလာလ် ကာကွယ်ဆေး ထုတ်လုပ်ရန် မလေးရှား ဆောင်ရွက်နေ၊ ၂၀၁၇ ခုနှစ်တွင် စတင် အသုံးပြုနိုင်မည်

    ဧပြီ ၁၃၊ ၂၀၁၄
    M-Media

    – ကမ္ဘာပေါ်ရှိ သန်းပေါင်းများစွာသော အစ္စလာမ်ဘာသာဝင်များ၏ ရှောင်ရှားရမည့် တာဝန်ကို ဖြည့်ဆည်းရန်အတွက် ဟလာလ် ကာကွယ်ဆေးကို ထုတ်လုပ်နိုင်ရန် မလေးရှားရှိ ကော်ပိုရေးရှင်းတစ်ခုက ဆောင်ရွက်နေသည်ဟု သိရသည်။

    606x341_263414
    ဦးနှောက်အမှေးရောင်ရောဂါ၊ အသည်းရောင်ရောဂါနှင့် meningococcal ရောဂါတို့အတွက် ကာကွယ်ဆေးများဖြစ်ပြီး မလေးရှားအခြေစိုက် ဟာလာလ်ထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေးကော်ပိုရေးရှင်း HDC မှ ထုတ်လုပ်ရန် ဆောင်ရွက်နေခြင်းဖြစ်ကာ ၂၀၁၇ ခုနှစ်တွင် စတင်အသုံးပြုနိုင်ရန် မျှော်မှန်းထားသည်။

    “ကာကွယ်ဆေးတွေကို ဟာလာလ်ဖြစ်အောင်လုပ်နိုင်တဲ့ နည်းလမ်းတွေကို ကျွန်တော်တို့ ရှာဖွေနေပါတယ်။ မြန်နိုင်သလောက်မြန်မြန်ပြီးဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ အဲဒီ ကာကွယ်ဆေးတွေကို ဒေသတွင်းနဲ့ နိုင်ငံတကာက သိပ္ပံပညာရှင်တွေ၊ ရှရီအာကျွမ်းကျင်သူတွေနဲ့ အတူ အာရုံစိုက်လုပ်ဆောင်နေတာပါ” ဟု DHC မှ အမှုဆောင်အရာရှိချုပ် ဂျာမီလ်ဘိုင်ဒင်က ပြောကြားခဲ့သည်။

    ထိုရောဂါများအတွက် ဟာလာလ်ကာကွယ်ဆေးထုတ်ရန် ကန်ဒေါ်လာ သန်း ၁၀၀ နီးပါးကုန်ကျမည်ဖြစ်ပြီး HDC နှင့် ဆော်ဒီ ကုမ္ပဏီတစ်ခုတို့က ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ဖြစ်သည်။ ထိုကာကွယ်ဆေး အသစ်များကို အစ္စလာမ့်နည်းကျ လှီးဖြတ်ထားသော သားကောင်များမှ ရယူမည်ဖြစ်ပြီး၊ ၀က်မှထုတ်လုပ်ခြင်းပြုမည် မဟုတ်ပေ။

    လက်ရှိ ဦးနှောက်အမှေးရောင် ကာကွယ်ဆေးကို အနောက်နိုင်ငံများက ၀က်မှထုတ်လုပ်ခြင်းဖြစ်ပြီး အစ္စလာမ်ဘာသာဝင်များနှင့် သင့်တော်ခြင်းမရှိချေ။

    ဟဂ်ျဘုရားဖူးများအတွက် ၀န်ဆောင်မှု

    လက်ရှိ ဦးနှောက်အမှေးရောင် ကာကွယ်ဆေးကို အနောက်နိုင်ငံများက ၀က်မှထုတ်လုပ်ခြင်းဖြစ်ပြီး အစ္စလာမ်ဘာသာဝင်များနှင့် သင့်တော်ခြင်းမရှိချေ။ ကမ္ဘာ့ပထမဆုံး ဟလာလ် ဦးနှောက်အမှေးရောင် ကာကွယ်ဆေးကို မက္ကာဟ်မြို့သို့ ဟဂ်ျဘုရားဖူးလာရောက်ကြသူများအား ထိုးပေးသွားမည်ဟု ဆိုသည်။

    “ဟဂ်ျဘုရားဖူးလာရောက်ကြမယ့် ခရီးသည်တွေ အတွက် လိုအပ်တဲ့ ဦးနှောက်အမှေးရောင် ကာကွယ်ဆေး ထုတ်နိုင်အောင် ကျွန်တော်တို့ ပစ်မှတ်ထားလုပ်ဆောင်နေပါတယ်။ အခုသုံးနေတဲ့ဆေးတွေက ၀က်ကို အခြေခံပြီး ထုတ်ထားတာပါ” ဟု ဘိုင်ဒင်က ဆိုသည်။

    ထို့ပြင် ၀က်မဟုတ်ဘဲ အခြားသော သတ္တ၀ါများကို အခြေခံကာ ထုတ်လုပ်ထားသည့် အဆိုပါကာကွယ်ဆေးများမှာ မွတ်စလင်နှင့် မွတ်စလင် မဟုတ်သူများ အကြားတွင်ပါ ဈေးကွက်လိုအပ်ချက် မြင့်မားလာမည်ဖြစ်ကြောင်း၊ ယခုလုပ်ဆောင်နေသည့် ကာကွယ်ဆေးသုံးမျိုး ထုတ်လုပ်ပြီးပါက အခြားသော ကာကွယ်ဆေးများကိုလည်း ဆက်လက်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ဦးနှောက်အမှေးရောင်ရောဂါမှာ ဦးနှောက်နှင့် စပိုင်နယ်ကော့ဒ်ရှိ ပါးလွှာသော အမှေးပါးရောင်ရမ်းသည့် ရောဂါဖြစ်ပြီး၊ ဦးနှောက်ပျက်ဆီးခြင်း၊ နားထိုင်းခြင်းနှင့် ဥာဏ်မမှီခြင်း စသည့် အကျိုးဆက်များကိုဖြစ်ပေါ်စေနိုင်သည်။ ထိုရောဂါဖြစ်ပွားသည့် လူနာများ၏ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းမှာ သေဆုံးကြသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ စစ်တမ်းများအရ သိရသည်။

    OnIslam & Newspapers

  • ပြည်သူ့အသုံးစားရိတ် လျှော့ချရေး ဆန့်ကျင်သူများကို အီတလီရဲတပ်ဖွဲ့ အင်အားသုံးနှိမ်နင်း၊ ဒဏ်ရာရမှုများရှိ

    ဧပြီ ၁၃၊ ၂၀၁၄
    M-Media

    – အီတလီအစိုးရ၏ ပြည်သူ့အသုံးစားရိတ် လျှော့ချရေး ပေါ်လစီကို ဆန့်ကျင့်သောအနေဖြင့် ရောမမြို့တွင် ဆန္ဒပြနေသူများကို ရဲတပ်ဖွဲ့မှ အင်အားသုံးဖြိုခွဲခဲ့သည်ဟု သိရသည်။

    image

    ပြည်သူ့အသုံစားရိတ်လျှော့ချခြင်း၊ နေအိမ်များ ဈေးနှုန်းကြီးမြင့်လာခြင်းနှင့် အလုပ်လက်မဲ့များ များပြားလားခြင်းကို ဆန့်ကျင်သောအားဖြင့် ဆန္ဒပြသူ ရာပေါင်းများစွာတို့အား ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများအသုံးပြု ယမန်နေ့က လူစုခွဲခဲ့ပြီး ဒဏ်ရာရသူများလည်း ရှိသည်ဟု ဆေးကုသပေးသူများကဆိုသည်။

    ဆန္ဒပြသူများကလည်း ရဲတပ်ဖွဲ့အား ကြက်ဥများ၊ လိမ္မော်သီးများနှင့် ပစ်ပေါက်ခဲ့ပြီး အဖမ်းအဆီး အချို့လည်းရှိခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဌာကမူ အဆိုပါဖြိုခွင်းမှု အတွင်း လူ ၆ ဦးဖမ်းဆီးထားပြီး အခြား ၁ ဦးမှာ ဆိုးရွာစွာ ဒဏ်ရာ ရရှိနေသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

    ထိုဆန္ဒပြပွဲတွင် အလုပ်သမားများ၊ ကျောင်းသားများနှင့် အစိုးရ၏ ပြည်သူ့အသုံးစားရိတ် လျှော့ချမှုအား ဆန့်ကျင်သူ စုစုပေါင်း ၁၅၀၀၀ ခန့်ရှိသည်ဟု ဆန္ဒပြပွဲကို စီစဉ်သူများကဆိုသည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် အာဏာရခဲ့သည့် ၀န်ကြီးချုပ် မက်တိုရန်ဇီမှာ စီးပွားရေးပြုပြင်ပြောင်းလဲရန် အတွက် ပြည်သူ့အသုံးစားရိတ် ကန်ဒေါ်လာ ၆.၂ ဘီလီယံကို လျှော့ချရန်နှင့် အလုပ်သမား ဥပဒေများကို ပြောင်လဲပြင်ဆင်ရန် စီစဉ်နေသည်။ ထိုဥပဒေ အသစ်များ ပြောင်းလဲခဲ့ပါက အလုပ်သမားများကို အလွယ်တကူ ခန့်ထား၊ ထုတ်ပယ်နိုင်မည့် အခွင့်အရေးကို ကုမ္ပဏီများက ရရှိမည်ဖြစ်သောကြောင့် အလုပ်သမားများက ဥပဒေပြောင်းလဲပြင်ဆင်ရေးအပေါ် ဒေါသထွက်နေကြသည်။
    Agencies

  • အစ္စရေးကို ဆန့်ကျင်သော BDS လှုပ်ရှားမှုကို တုံ့ပြန်ရန် လျိုဝှက် ဆွေးနွေးပွဲ လန်ဒန်တွင်ကျင်းပခဲ့

    ဧပြီ ၁၃၊ ၂၀၁၄
    M-Media

    – အစ္စရေး၏ ထုတ်ကုန်များကို သပိတ်မှောက်ရန် နိုင်ငံတကာမှ ဆော်သြတိုက်တွန်းမှုများကို တန်ပြန်တွန်းလှန်ရန်အတွက် ၂၅ နိုင်ငံပါဝင်သည့် လျှို့ဝှက်ဆွေးနွေးပွဲတစ်ခုကို လန်ဒန်တွင်ပြုလုပ်ခဲ့သည်ဟု သိရသည်။
    358327_pro-Israeli-meeting
    ပါလက်စတိုင်းပိုင်နက်အတွင်း ဆောက်လုပ်နေသော အစ္စရေး၏ တရားမ၀င်အိမ်ရာများကို ဆန့်ကျင်သောအနေဖြင့် ပြုလုပ်သော BDS (သပိတ်မှောက်၊ လုပ်ငန်းရပ်၊ ပိတ်ဆို့မှုလုပ်) လှုပ်ရှားမှုအား ရှောင်လွှဲရန် အစ္စရေး၏ ကြိုးပမ်းမှုအဖြစ်သော အဆိုပါဆွေးနွေးပွဲကို ယခုတစ်ပတ် အတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    ထိုဆွေးနွေးပွဲသို့ နိုင်ငံခြားနှင့် ဓနသဟာယနိုင်ငံများရေးရာ ဗြိတိန်ပါလီမန် လက်ထောက် အတွင်းရေးမှူးဟောင်း အလစ်စတာ ဘာ့တ်နှင့် အစ္စရေးထောက်လှမ်းရေး ၀န်ကြီး ယူဗဲလ် စတီနစ်ဇ်တို့ အပါဝင် အမေရိကန်၊ ကနေဒါ၊ သြစတေးလျနှင့် ဥရောပနိုင်ငံများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

    BDS လှုပ်ရှားမှုမှာ ပါလက်စတိုင်းနယ်မြေအတွင်း တရားမ၀င်အိမ်ရာများအား ဆောက်လုပ်ခြင်းအား ရပ်တန့်ရန် ဖိအားပေးသည့်အနေဖြင့် ကမ္ဘာတစ်ဝှမ်းတွင် ပြုလုပ်နေခြင်းဖြစ်သည်။ ထိုကဲ့သို့ တရားမ၀င်အိမ်ရာများ ဆောက်လုပ်နေခြင်းမှာ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ အတွက်လည်း အတားအဆီးတစ်ခုဖြစ်နေသည်။

    အမေရိကန်၊ နယ်သာလန်၊ တောင်အာဖရိကနှင့် ဥရောပနိုင်ငံအချို့မှ အသင်းအဖွဲ့များ၊ ဘဏ်များနှင့် စီးပွားရေးလုပ်ငန်းအချို့မှာ အစ္စရေးရှိ စီးပွားရေး လုပ်ငန်းများ ဘဏ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ရပ်ဆိုင်းခဲ့ပြီး၊ အဆိုပါအိမ်ရာများတွင် ပါဝင်နေသည့် စီးပွားရေးလုပ်ငန်းများနှင့် ဆက်သွယ်သော ဥရောပ ကုမ္ပဏီများအား အရေးယူမှုများပြုလုပ်ရန် ဥရောပသမဂ္ဂ နိုင်ငံခြားရေးပေါ်လစီ အကြီးအကဲ ကက်သရင်းအက်ရှ်တန်က ဥရောပ ပါလီမန်သို့ မတ်လ ၂၈ ရက်နေ့က ပေးပို့သောစာတွင် တိုက်တွန်းထားသည်။

    ၁၉၆၇ ခုမှစ၍ ပါလက်စတိုင်းပိုင်နက်အတွင်း အစ္စရေးမှ ဆောက်လုပ်ခဲ့သည့် တရားမ၀င်အိမ်ရာများတွင် နေထိုင်သူဦးရေမှာ သန်းဝက်ခန့် ရှိနေသည်။ နိုင်ငံတကာမှ တားမြစ်မှုများ ရှိနေသော်လည်း အစ္စရေးကမူ တရားမ၀င် အိမ်ရာဆောက်လုပ်ခြင်းအား မစွန့်လွှတ်သေးပေ။

    NT/NN/AS

  • ငှက်တုပ်ကွေး ဗိုင်းရပ်စ် ကူးစက်မှု တွေ့ရှိ၍ ဂျပန်တွင် ကြက်ကောင်ရေ ၁ သိန်းကျော် သုတ်သင်

    ဧပြီ ၁၃၊ ၂၀၁၄
    M-Media

    – နိုင်ငံတောင်ပိုင်း ဥစားကြက်မွေးမြူရေးခြံတွင် ငှက်တုပ်ကွေးရောဂါပိုး ကူးစက်နေသည်ဟု အတည်ပြုနိုင်ခဲ့ပြီးနောက် ထိုခြံရှိ ဥစားကြက် ၁၁၂၀၀၀ ခန့်ကို သုတ်သင်ရန် ဂျပန်အစိုးရက အမိန့်ပေးခဲ့သည်ဟု သိရသည်။

    201441342828849734_20

    ကူမာမိုတိုပြည်နယ်ရှိ ကြက်ကောင်ရေ ၅၆၀၀၀ ထိန်းသိမ်းထားသည့် ခြံတစ်ခုတွင် ကြက်များမှာ ရုတ်တစ်ရက် သေဆုံးနေသည်ဟု ပိုင်ရှင်ဖြစ်သူမှ ယမန်နေ့က အကြောင်းကြားသောကြောင့် DNA စစ်ဆေးမှုပြုလုပ်ခဲ့ရာ ငှက်တုပ်ကွေးဗိုင်းရပ်စ်မျိုးကွဲ H5 ကူးစက်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

    ထို့နောက် အဆိုပါပိုင်ရှင် ပိုင်ဆိုင်သော အနီးအနားရှိ အခြားကြက်ခြံတစ်ခုတွင်လည်း H5 ဗိုင်းရပ်စ်ပိုး ကူးဆက်နိုင်ဖွယ်ရှိသောကြောင့် ထိုခြံအတွင်းရှိ ကြက်ပေါင်း ၅၆၀၀၀ ကိုလည်း သုတ်သင်ရန် အမိန့်ပေးခဲ့သည်ဟု စိုက်ပျိုးရေး ၀န်ကြီးဌာနက ယနေ့ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    ကက်ဘိနတ်အတွင်းရေးမှူးချုပ် ယိုရှီဟိုင်ဒီကလည်း စိုက်ပျိုးရေးဝန်ကြီး ယိုရှီမာဆာ ဟာယာရှီ အပါအ၀င် ၀န်ကြီးအချို့ကိုခေါ်ယူ၍ ထိုကိစ္စအတွက် ဆွေးနွေးခဲ့သည်။

    ဂျပန်နိုင်ငံတွင် ယခုကဲ့သို့ ငှက်တုပ်ကွေး ဗိုင်းရပ်စ်တွေ့ရှိရခြင်းမှာ သုံးနှစ်အတွင်း ပထမဆုံးဖြစ်ပြီး အဆိုပါ ကြက်ခြံနှစ်ခုနှင့် အနီးအနားရှိ ကြက်ခြံများမှ ကြက်များ တင်ပို့မှုကို ဒေသခံအာဏာပိုင်များက စနေနေ့တွင် ထိန်းချုပ်ခဲ့သည်။ ရောဂါပို့တွေ့ရှိရာ ဧရိယာရှိ အဓိကလမ်းမများပေါ်တွင် မောင်းနှင်မည့် ကားများကိုလည်း ပိုသတ်ပေးရန် အစိုးရက ပြင်ဆင်နေသည်။ ထို့ပြင် အဆိုပါရောဂါပိုး မည်ကဲ့သို့ ကူးစက်ခဲ့သည်ကို စစ်ဆေးရန်နှင့် အဏာပိုင်များ၏ လိုအပ်သောဆောင်ရွက်ချက်များကို ကူညီနိုင်ရန်အတွက် တာဝန်ရှိသူများ၊ ကျွမ်းကျင်ပညာရှင်များကို စေလွှတ်မည်ဟု သိရသည်။

    AFP