News @ M-Media
Blog
  • “ ရခိုင်ဒီမိုကရေစီ ကျဆုံးခန်း ”
    စည်သူအောင်မြင့်
    ရန်ကုန်တိုင်းမ် သတင်းစာ၊ ၄-၄-၁၄။
    ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နဲ့ ၂၇ ရက်နေ့တွေက ရခိုင်ပြည်နယ် မြို့တော် စစ်တွေမှာ နိုင်ငံတကာ အင်န်ဂျီအို အခြေစိုက်ထားတဲ့ ရုံးတွေ၊ ဂိုဒေါင်တွေ၊ အင်န်ဂျီအို ၀န်ထမ်းတွေ ငှားရမ်းနေထိုင်တဲ့ အိမ်တွေ တိုက်ခိုက်ခံရပါတယ်။ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ကြတာမျိုးတော့ မဟုတ်ပါဘူး။ အိမ်ကို ခဲတွေနဲ့ပစ်၊ တွေ့တဲ့ ကား၊ ဆိုင်ကယ်တွေကို ဖျက်ဆီး၊ တစ်ချို့အိမ်တွေဆို အိမ်ခန်းထဲ အထိ ၀င်ပြီး ဖျက်ဆီးတာမျိုး လုပ်ကြပါတယ်။ အင်န်ဂျီအို ၀န်ထမ်းတွေကတော့ တစ်ချို့ထွက်ပြေး၊ တစ်ချို့ကို အာဏာပိုင်တွေက ကယ်ထုတ်၊ လုံခြုံရာနေရာမှာ လုံခြုံရေးပေးပြီး စောင့်ရှောက်ထား၊ တစ်ချို့ကို ချက်ခြင်းလိုလို ရန်ကုန်ကို လေယာဉ်နဲ့ ပြန်လွှတ် စသဖြင့် လုပ်ကိုင်ဆောင်ရွက်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရခိုင်ပြည်နယ် စစ်တွေမှာ နိုင်ငံခြားသား အင်န်ဂျီအိုတွေနဲ့ နိုင်ငံသား အင်န်ဂျီအို ၀န်ထမ်းတွေ တိုက်ခိုက်ခံရတယ် ဆိုတဲ့ သတင်း နိုင်ငံတကာကို ပျံ့နှံ့သွားပါပြီ။ ရခိုင်ပြည်နယ်မှာ တရားဥပဒေ စိုးမိုးမှုရော ရှိပါသေးရဲ့လား၊ ၂၀၁၁ မတိုင်ခင် ရခိုင်တိုင်းရင်းသားတွေ တိုက်ပွဲဝင်ခဲ့တဲ့ ဒီမိုကရေစီကရော ဘယ်ရောက်သွားပြီလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။
    အားလုံးသိကြတဲ့အတိုင်း ၂၀၁၁ မတိုင်ခင် ရခိုင်ပြည်နယ်မှာ ရခိုင် တိုင်းရင်းသားတွေရဲ့ ဒီမိုကရေစီအရေး တောင်းဆို တိုက်ပွဲဝင်မှုတွေဟာ ပြည်မက အင်န်အယ်လ်ဒီ ပါတီ နဲ့ ၈၈ မျိုးဆက် ကျောင်းသား လှုပ်ရှားမှုတွေ နည်းတူ ရှေ့တန်းရောက်ခဲ့ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ရခိုင်တစ်မျိုးသားလုံး တခဲနက် စည်းလုံးညီညွတ်ပြီး ရွေးကောက်ပွဲ မ၀င်နိုင်ကြတဲ့တိုင် ရွေးကောက်ပွဲဝင်တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဟာ မမျှတတဲ့ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ၊ ကော်မရှင် အဖွဲ့ခွဲတွေကို အံတုပြီး အနိုင်ရအောင် ကြိုးစားခဲ့တာ တွေ့ရပါတယ်။ ရလာဒ် အဖြစ် ပြည်နယ် ရွေးကောက်ပွဲတွေမှာ RNDP အောင်မြင်မှု ရလာဒ်ဟာ အမြင့်မားဆုံး ဖြစ်ခဲ့ပါတယ်။ ခုလို ဒီမိုကရေစီရေး လှုပ်ရှားမှု ဒီရေတွေမြင့်တက်၊ ရွေးကောက်ပွဲမှာလည်း တွန်းတွန်းတိုက်တိုက် လုပ်လွန်းလို့ အတိုင်းအတာ တစ်ခု အထိ အနိုင်ရလာပြီဆိုတော့ ရခိုင်ပြည်နယ်မှာ ဒီမိုကရေစီ ပိုထွန်းကားလာမယ်၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရခိုင် တိုင်းရင်းသားတွေ ပညာရည် မြင့်မားရေးနဲ့ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တွန်းတွန်းတိုက်တိုက် လုပ်နိုင်ကြတော့မယ်လို့ ထင်မှတ်ခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီအတိုင်း ဖြစ်မလာပါဘူး။
    တစ်ချို့အဖွဲ့တွေဟာ အစ္စလာမ် ဘာသာဝင်တွေဆီ ဈေးသွားရောင်းသူတွေ၊ ဈေးသွားဝယ်သူတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ အပြစ်ပေးပါတယ်။ ရခိုင်အချင်းချင်း ဒါဏ်ခတ်တာ ဖြစ်ပါတယ်။ ဒီ လုပ်ရပ်တွေနဲ့ ပါတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေက လက်ပိုက်ကြည့်နေခဲ့သလို ရခိုင်နိုင်ငံရေး ခေါင်းဆောင်တွေကလည်း ဘာတစ်ခုမှ ထုတ်ဖော်ပြောဆိုတာ မရှိခဲ့ပါဘူး။
    ရခိုင်တိုင်းရင်းသူ မသီတာထွေး အသတ်ခံရမှု၊ အစိုးရပိုင် သတင်းစာတွေက အဲဒီ လူသတ်မှုသတင်းမှာ ကျူးလွန်သူတွေရဲ့ လူမျိုးဘာသာ ထည့်သွင်း ဖော်ပြမှု၊ တောင်ကုတ်မှာ အစ္စလာမ် ဘာသာဝင်တွေ အစုလိုက် အပြုံလိုက် အသတ်ခံရမှု ပေါ်ပေါက်လာအပြီးမှာတော့ ရခိုင်တွေရဲ့ အာရုံဟာ သူတို့အခေါ် ဘင်္ဂလီ လို့ ဆိုတဲ့ အစ္စလာမ် ဘာသာဝင်တွေ ဘက် လှည့်သွားပါတော့တယ်။ သတ်ကြ၊ ဖြတ်ကြ၊ မီးတွေရှို့ကြ၊ ဖျက်ဆီးကြနဲ့ နှစ်ဖက် လူ ၁၀၀ ကျော် သေဆုံးပါတယ်။ အိုးအိမ်တွေ အများအပြား ဖျက်ဆီးခံရပြီး ရခိုင် ၄၀၀၀ ကျော်လောက်နဲ့ ဘင်္ဂလီ တစ်သိန်းဝန်းကျင် ဒုက္ခသည် စခန်း ရောက်ကုန်ပါတယ်။ ဒီနေ့ထက်ထိ အဲဒီ ပြသနာ မပြီးသေးပါဘူး။
    Rakhine
    နောက်ပိုင်း ချက်ခြင်း လက်ငင်း သတ်ဖြတ်နေတာတွေ နည်းနည်း အေးသွားပေမယ့် ဒေါသတွေက ငြိမ်းအေး မသွားပါဘူး။ အစ္စလာမ်ဘာသာဝင်တွေနဲ့ ရခိုင်ဘာသာဝင်တွေ ခွဲခြားတဲ့ လှုပ်ရှားမှုတွေ ဆက်တိုက် ပေါ်ပေါက်လာပါတယ်။ အမုန်းတရား ဖြန့်ချီပြောဆိုမှုတွေနဲ့အတူ အစ္စလာမ်ဆိုင်တွေမှာ ဈေး မ၀ယ်ရေး၊ အစ္စလာမ် ဘာသာဝင်တွေကို ဈေး မရောင်းရေး၊ အစ္စလာမ်တွေနဲ့ မဆက်ဆံရေး စတဲ့ လှုပ်ရှားမှု လုပ်သူ အုပ်စုလေးတွေ အရှိုအရှို ပေါ်လာပါတယ်။ တစ်ချို့အဖွဲ့တွေဟာ အစ္စလာမ် ဘာသာဝင်တွေ ဆီ ဈေးသွားရောင်းသူတွေ၊ ဈေးသွား ၀ယ်သူတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ အပြစ်ပေးပါတယ်။ ရခိုင်အချင်းချင်း ဒါဏ်ခတ်တာ ဖြစ်ပါတယ်။ ဒီ လုပ်ရပ်တွေနဲ့ ပါတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေက လက်ပိုက်ကြည့်နေခဲ့သလို ရခိုင်နိုင်ငံရေး ခေါင်းဆောင်တွေကလည်း ဘာတစ်ခုမှ ထုတ်ဖော်ပြောဆိုတာ မရှိခဲ့ပါဘူး။ ရခိုင်တစ်ပြည်နယ်ထဲ အတူတူ နေနေရတဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ အစ္စလာမ်ဘာသာဝင်တွေ တစ်ဦးနဲ့ တစ်ဦး အဆင်ပြေပြေ နေနိုင်ရေး ဘယ်အာဏာပိုင်၊ ဘယ်ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေမှ ကြိုးစားတာ မတွေ့ရပါဘူး။
    ဒီလိုနည်းနဲ့ အစွန်းရောက်တွေရဲ့ နောက်ထပ် ပစ်မှတ်ဟာ ကိုယ့်တိုင်းရင်းသား အစ္စလာမ် ဘာသာဝင် ကမန်တွေဘက်ကိုလှည့်လာပြီး ပဋိပက္ခတွေ ဆက်ဖြစ်ပွားပါတယ်။ ရခိုင်ပြည်နယ်ကို သမ္မတ ဦးသိန်းစိန် ရောက်နေတုန်း ဖြစ်ပျက်ခဲ့တာမို့ အတော်လေး စိတ်ဆိုးသွားပြီး တကယ့်ကိုပဲ ကျူးလွန်သူတွေကို အရေးယူတော့မယောင် ဟန်ပြင်ပါတယ်။ ဖမ်းဆီးမှုတွေ လုပ်ပါတယ်။ နောက်တော့လည်း အဖျားရှူးသွားပြီး အကြမ်းဖက်သူတွေကို ကောင်းကောင်း မနှိမ်နင်းနိုင်ခဲ့ပါဘူး။
    နောက်တဆင့် တက်လာတာကတော့ ရခိုင်ပြည်နယ်ထဲ ရောက်နေတဲ့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေကိုပါ။ အဲဒီ အဖွဲ့အစည်းတွေဟာ သတင်းမှားတွေဖြန့်တယ်၊ အကူအညီပေးတဲ့အခါ ဘင်္ဂလီတွေဘက်လိုက်တယ် ဆိုတဲ့ စွတ်စွဲချက်တွေနဲ့ အဲဒီအဖွဲ့တွေ ရခိုင်ပြည်နယ်မှာ မနေနိုင်အောင် တစ်ဆင့်ပြီးတစ်ဆင့်လုပ်ပါတယ်။ မြောက်ဦးမှာဆိုရင် အဲဒီအဖွဲ့တွေ လိုက်နာရမယ့် အချက်တွေဆိုပြီး စည်းကမ်းတွေ ထုတ်ပါတယ်။ မလိုက်နာနိုင်ရင် ထွက်သွား၊ မြို့ထဲက ဟော်တယ်တွေ နေအိမ်တွေ ကိုလည်း နိုင်ငံတကာ အဖွဲ့အစည်းတွေကို လက်မခံဖို့ ဖိအားပေးပါတယ်။ ဒီလိုနည်းနဲ့ အစိုးရဟာ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF ကို ရခိုင်ပြည်နယ်ထဲမှာ ဆက်လုပ်ဖို့ သက်တန်း တိုးမပေးတော့တဲ့အခါ ရခိုင်ပြည်နယ်ထဲက ထွက်ခွာသွားခဲ့ရပါတယ်။
    ဒါပေမယ့်လည်း အစွန်းရောက်တွေရဲ့ လုပ်ရပ်တွေက ရပ်မသွားပါဘူး။ ကျန်တဲ့ နိုင်ငံတကာ အင်န်ဂျီအိုတွေဘက်ကို လှည့်လာပါတယ်။ အခန့်မသင့်တာနဲ့ ပြသနာ တက်တော့တာပါပဲ။ ဖြစ်စဉ်အကျဉ်းကတော့ စစ်တွေမှာ အခြေစိုက်တဲ့ Malteser International ရုံးအဖြစ် ငှားထားတဲ့ အိမ်က နိုင်ငံခြားသူဟာ အဲဒီ အိမ်မှာထောင်ထားတဲ့ သာသနာ့ အလံကို ဖြုတ်ချ၊ မဖွယ်မရာ လုပ်တယ် ဆိုတဲ့ သတင်းထွက်ပေါ်ပြီးနောက် အဲဒီ အိမ်ကို လူတွေ သွားဝိုင်းကြပါတယ်။ အဲဒီ နိုင်ငံခြားသူ အမျိုးသမီးကို ထုတ်ပေးဖို့ တောင်းဆိုကြပါတယ်။ နိုင်ငံခြားသူကို ရရင် ကိုယ့်ဖာသာကိုယ် တရားစီရင်၊ လူအုပ်နဲ့ အပစ်ပေးမယ့် သဘောပါ။ မရတော့ ကျောက်ခဲတွေနဲ့ ပစ်ပေါက် အိမ်ကို ဖျက်ဆီးကြပါတယ်။ အဲဒီက စလို့ နှစ်ရက်လုံးလုံး စစ်တွေက နိုင်ငံတကာကူညီပေးရေးရုံးတွေကို လိုက်လံဖျက်ဆီးကြပါတယ်။ ဖျက်ဆီးခံရတဲ့ နေအိမ်တွေ၊ ရုံးတွေ၊ ဂိုဒေါင်တွေကတော့ MSF , Solidarities, OXFAM, ICRC, UNHCR, OCHA, WFP, UNICEF, AZG အဖွဲ့တွေက ငှားထားတာ အားလုံးပါဝင်ပါတယ်။ ပြောရရင် စစ်တွေမှာ ရှိတဲ့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့ရုံးစိုက်ရာ၊ ငှားနေရာ၊ ဂိုဒေါင် အားလုံးနီးပါး ပါသွားပါတယ်။ လိုက်လံ ဖျက်ဆီးသူတွေဟာ ဘယ်နေရာမှာ ဘယ်အဖွဲ့ရဲ့ ရုံးခန်း၊ နေအိမ် ဂိုဒေါင်တွေ ရှိတယ်ဆိုတာ တိတိကျကျ သိကြပါတယ်။ နိုင်ငံခြားသားတွေနဲ့ မြန်မာနိုင်ငံသား အင်န်ဂျီအိုဝန်ထမ်းတွေကို အာဏာပိုင်တွေက ကယ်ထုတ်ရပါတယ်။
    Rakhine2
    တကယ်တော့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေကို အကြမ်းဖက်တိုက်ခိုက်တယ် ဆိုတာ အစ္စလာမ်မစ် အစွန်းရောက်တွေ အခြေချတဲ့ နိုင်ငံတွေမှာပဲ ဖြစ်တဲ့ အလေ့အထ ရှိပါတယ်။ ပိုလီယို ကာကွယ် ဆေးတိုက်တာကို သားဆက်ခြားအောင် လုပ်တယ် ပြောပြီး စွတ်စွဲတာလည်း အဲဒီ အစ္စလာမ်မစ် အစွန်းရောက်တွေ ခြေချနိုင်တဲ့ နိုင်ငံတွေ မှာပါပဲ။ ခုတော့ မြန်မာနိုင်ငံထဲမှာ ဖြစ်ခဲ့ပါပြီ။ ရခိုင်မှာဖြစ်ခဲ့ပါပြီ။
    ခုဆိုရင် အစိုးရအဖွဲ့ကတော့ ဒီ ပြသနာဖြစ်ရတာ ရခိုင်အစိုးရကြောင့်လို့ အပစ်တင်ထားပြီး စုံစမ်းရေး ကော်မရှင် ဖွဲ့ခိုင်းထားပါတယ်။ ရခိုင်နိုင်ငံရေး ခေါင်းဆောင်တွေကတော့ အဲဒီ နိုင်ငံခြားသူ လုပ်တာ လွန်လွန်းတယ်၊ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေကလည်း ဘင်္ဂလီတွေကို မျက်နှာလိုက်လွန်းတယ်၊ ဒါကြောင့် ရခိုင်တွေ ဒေါသထွက်တာကို အပစ်မတင်ကြပါနဲ့ လို့ ဆိုကြတုန်းပါပဲ။ အစွန်းရောက်တွေရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေကို ဝေဖန်ဆန်းစစ်ဖို့၊ ရခိုင်ပြည်နယ် အေးချမ်းတည်ငြိမ်ဖို့ စကား မစသေးသလို အစွန်းရောက်တွေရဲ့ အစ္စလာမ်ဘာသာဝင် မုန်းတီးမှုနောက်ကို သာမန်ပြည်သူတစ်ချို့နဲ့ အတူ ဒရွတ်တိုက် လိုက်နေကြတုန်းပါပဲ။
    ဘယ်လိုပဲဖြစ်ဖြစ် ရခိုင်ပြည်နယ်မှာ ဒီမိုကရေစီ ကျရှုံးနေပြီဖြစ်ပါတယ်။ အခုလောလောဆယ် ရခိုင်ပြည်နယ်မှာ မင်းမူနေတာ အစွန်းရောက်ဝါဒ နဲ့ လုံခြုံရေးအကြောင်းပြ နေရာယူလာမယ့် စစ်ဝါဒ နှစ်ခုပဲ ရှိနေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
    စည်သူအောင်မြင့်။
    ဓါတ်ပုံအညွှန်း-မွတ်စလင်တို့အား စာနာသည့် ရခိုင်လူမျိုးအချို့မှာ စားနပ်ရိက္ခာ ရောင်းပေးမှုကြောင့် ရခိုင်အမျိုးသားအချင်းချင်း အနိမ့်ကျဆုံး အောက်တန်း အကျဆုံး ရာဇဝတ်မှုဖြစ်သည့် လူ့ဂုဏ်သိက္ခာနိမ့်ပါးစေသည့် အပြုမှုနည်းလမ်းများဖြင့် တရားဥပဒေပ အရှက်ခွဲ အပြစ်ပေးမှု့များ
    ဓါတ်ပုံ Internet
    Link =>https://www.facebook.com/sithu.aungmyint/posts/270218433160964
  • မြန်မာ့သမိုင်းကို ယခုလိုရေးပြီး မွတ်စလင့်မ့် သမိုင်းကို ဖျောက်ဖျက်ခဲ့သည် ချည်းဖြစ်သည်
    ဧပြီ ၇ ၊ ၂၀၁၄
    M-Media
    ရေးသူ- ရောဘတ်အယ်လ်ဟို့စ်
    10152412_684968381545635_1200128292_n
    ရခိုင်ပြည်နယ် ၊ မြောက်ဥိးတွင် နှစ်ပေါင်း ထောင်ချီ တည်ရှိခဲ့သည့် အစ္စလာမ်ဘာသာဝင်တို့၏ ဗလိဝတ်ကျောင်းအားလည်း ဗိုလ်ချူပ်ကြီး ခင်ညွန့် တန်ခိုးထွားခဲ့စဉ် ၁၉၉၀ ကျော်ကာလက အပြီးသတ် ဖျက်စီးလက်စတုန်းပစ်ခဲ့ပြီးပါပြီ။
    နှစ် ၅၀၀ ခန့်သက်တမ်းရှိသည့် စစ်တွေမြို့မှ ဗလီကြီးအားလည်း လက်စတုန်းပစ်ခဲ့ပြီးပါပြီ။
    ကုန်းဘောင်ခေတ်၊ ဘိုးတော်ဘုရား လက်ထက်ကတည်းက မန္တလေးတိုင်း၊ အမရပူရ ရှေး ကုန်းဘောင်မင်းဆက် အလယ်ပိုင်းကာလကတည်းက တည်ရှိလာခဲ့သည့် သမိုင်းအမွေ အနှစ် တန်ဘိုးဖြင့် ပြည့်လျှမ်းနေသည့် မြန်မာ မွတ်စလင်မ် ပသီ တို့၏ ရှေးဟောင်း အမွေအနှစ် များထဲမှ တစ်ခုဖြစ်သည့် လင်းဇင်းကုန်းသုဿန် အားလည်း ယခုကဲ့သို့ မျက်နှာမျှမထောက် ဖျက်စီးပစ်ခဲ့ပြီးပါပြီ။
    အနှစ် ၁၆၆ နှစ်သက်တမ်းရှိ ပသီတို့၏ အထင်ကရ အမှတ်တရ နေရာတစ်ခုဖြစ်ခဲ့သည့် အမ ရပူရမြို့ဟောင်း နယ်မြေ တောင်သမန်အင်းပေါ် ဖြတ်ထိုးထားသည့် ကမ္ဘာကျော် ဦးပိန် တံ တား အားလည်း မြန်မာမွတ်စလင်မ် တို့၏ သမိုင်းကို တင်ကူးဖျောက်ဖျက်ရန် ရည်စူးချက်ဖြင့် စနစ်တကျ အစဖျောက်ရန် စတင် လုပ်ဆောင်နေကြပါပြီ။ သမိုင်းဝင် တောင်သမန်အင်း အား မြေဖို့ပြီး ကန်ထရိုက်မြို့ပြတည်ရန် ဟူသည့် အကြောင်းပြ ချက်ဖြင့် သမိုင်းမှတ်တမ်း မှတ်ရာ တစ်ခုအား ဖျောက်ဖျက်ရန် အထင်ကရကြိုးစားနေကြပြီ ဖြစ်ကြောင်း အများသူငှာ များသိစေရန် နှိုးဆော်အပ်ပါသည်။
    မြန်မာ့သမိုင်းအား ခေတ်အဆက်ဆက် အာဏာရှိခဲ့သူများ ယခုနည်းနှင့် ရေးခဲ့ သည် ချည်း ဖြစ်သည်။ ထိုသည့်ကြောင့် မြန်မာ့သမိုင်းတွင် ပါးစပ် ရာဇ၀င်များသာ မှတ်တမ်းမှတ်ရာ ကျန်ခဲ့ကြပြီး အထောက်အထားခိုင်မာသည့် မှတ်တမ်းမှတ်ရာများ ပျောက်ပျက်ခဲ့သည့် ချည်း ဖြစ်ပါသောကြောင့် မြန်မာ့ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်း ကပင် မဆဲရုံ တမယ် ရေးသားခဲ့ဘူးသည် ကို သတိချပ်သင့်လှပါကြောင်း အသိပေးအပ်ပါသည်။
    အဆိုပါ သုဿန်တွင် ကုန်းဘောင်မင်းဆက်ခေတ် နှစ်အရှည်ကြာဆုံး စိုးစံသွားခဲ့သည့် ဘိုးတော်မင်းတြားကြီး ခေါ် ဘိုးတော်ဦးဝိုင်း လက်ထက် က ၎င်း ကိုယ်တိုင် စာချွန်ေ တ်ာပြန် တမ်း ထုတ်ပြီး မြန်မာနိုင်ငံအတွင်းရှိ အစ္စလာမ်ဘာသာဝင်၊ ပသီလူမျိုးတို့၏ သာသနာပိုင် အဖြစ်ခန့်အပ်ခံရသည့် ဟသွရသ် အဘစ်ဒ်ရှားဟူစိန်နီ ၏ ကဗရ် ဂူဗိမာန် တည် ရှိရာ လည်း ဖြစ်သည်။
    နှောင်းလူတို့ခေတ် တွင် မွတ်စလင်မ် ဟူသည် ခိုးဝင်ကုလားများဟု သာ လိမ်လည်ခြင်း အထပ်ထပ်ဖြင့် ထပ်မံ ပုံဖော်ကြလိမ့်ဦးမည်သာ ဖြစ်သည်။
    ဓာတ်ပုံ – နှစ်ပေါင်း နှစ်ရာခန့်သက်တမ်းရှိခဲ့သည့် အမရပူရမြို့ဟောင်းနေရာ လင်းဇင်းကုန်း မွတ်စလင်မ် သုဿန် ကို ယခုလပိုင်းကမျှ မန္တလေးမြို့တော် စည်ပင်သာယာရေး အဖွဲ့ အမည်ခံကာ မြန်မာတစ်ပြည်လုံးရှိ အစ္စလာမ် ဘာသာဝင်များက ကန့်ကွက်နေသည့် ကြား မှ အတင်းအကြပ် ဘူဒိုဇာထိုး ဖျက်စီးနေသည့် မြင်ကွင်း။
  • အဲဗာတန်ကို ဂိုးပြတ်ရှုံးပြီး ချန်ပီလိဂ် ဝင်ခွင့် ရုန်းကန်ရတော့မည့် အာဆင်နယ်၊ လီဗာပူးအမှားမရှိ နိုင်ပွဲဆက်
    ဧပြီ ၇ ၊၂၀၁၄
    M-Media
    အဲဗာတန်ကိုရှုံးပြီး ချန်ပီယံလိဂ် ၀င်ခွင့်အတွက် ရုန်းကန် ရတော့မယ့် အာဆင်နယ်၊ အမှားအယွင်းမရှိဘဲ ဇယား ထိပ်ဆုံးနေရာကို ဆက်လက် ရယူထားနိုင်တဲ့ လီဗာပူးလ်တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၃ စူပါဆန်းဒေးပွဲများ
    7-4-2014
    – ယမန်နေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃၃ ဆူပါဆန်းဒေး ၂ ပွဲမှာ အဲဗာတန် အသင်းဟာ အဆင်နယ်ကို ဂိုးပြတ်နဲ့ နှိပ်ကွပ်နိုင်ခဲ့ပြီး၊ လီဗာပူလ်းကလည်း ဂျရတ်ရဲ့ ပင်နယ်တီဂိုးတွေနဲ့ ၃ မှတ်ရခဲ့ပါတယ်။
    ရာသီအစ ခြေစွမ်းကောင်းတွေပြသပြီး ပရီးမီယားလိဂ်ဇယားကို အချိန်အတော်ကြာ ဦးဆောင်ထားနိုင်ခဲ့တဲ့ အာဆင်နယ်တို့ နောက်ပိုင်းမှာတော့ အဓိက ကစားသမားတွေ ဒဏ်ရာရရှိမှု၊ ပွဲထွက်ကစားသမားတွေ ခြေစွမ်း မပြနိုင်မှု စတာတွေကြောင့် ရလဒ်ဆိုးများကို ဆက်တိုက်တွေ့ကြုံလာခဲ့ရပါတယ်။ မနေ့ညက ကစားခဲ့တဲ့ပွဲမှာလည်း အဲဗာတန်ကို ၃ ဂိုးပြတ်နဲ့ ရှုံးခဲ့ပြီး ရာသီအစက ချန်ပီယံဆုကိုမှန်းနိုင်ခဲ့တဲ့ အာဆင်နယ်တို့ အခုအချိန်မှာတော့ ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက်ပါ စိုးရိမ်လာခဲ့ရပါပြီ။
    ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲစလုံး အနိုင်ကစားထားနိုင်တဲ့ အဲဗာတန်တို့ ပွဲစတာနဲ့ အာဆင်နယ်ကို ဖိအားပေးနိုင်ခဲ့ပြီး ၁၄ မိနစ်မှာပဲ ဦးဆောင်ဂိုး စသွင်းနိုင်ခဲ့တာပါ။ အာဆင်နယ်တို့ ချေပဂိုးရဖို့ ကြိုစားခဲ့ပေမယ့် အရာမထင်ခဲ့ဘဲ အဲဗာတန်ကသာ ပွဲကိုစိုးမိုးထားနိုင်ခဲ့ပြီး အာဆင်နယ်ဂိုးသမား ရှက်ဇက်နီ အဲဗာတန်တိုက်စစ်ရဲ့ ကန်သွင်းချက် တော်တော်များများကို လက်စွမ်းပြ ကာကွယ်သွားနိုင်လို့သာ ဒီထက် ဂိုးမပြတ်ခဲ့တာပါ။ အဲဗာတန်အသင်းအတွက် ဒုတိယဂိုးကို ၃၄ မိနစ်မှာ တိုက်စစ်မှူး လူကာကူ တစ်ကိုယ်တော်အစွမ်းပြ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ၆၂ မိနစ်မှာ အာတီတာရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် အိမ်ရှင်တို့ တတိယဂိုး ရခဲ့ပါတယ်။
    ဒီပွဲအနိုင်ကြောင့် အဲဗာတန်တို့ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရေး မျှော်လင့်ချက်ဟာ အားကောင်းလာခဲ့ပြီး အာဆင်နယ်ကတော့ ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ၀င်ခွင့်မလွဲချော်အောင် ရုန်းကန်ရတော့မှာဖြစ်ပါတယ်။ အာဆင်ဝင်းဂါကလည်း အာဆင်နယ်အသင်းအတွက် ချန်ပီယံလိဂ် ၀င်ခွင့်ဟာ ခက်ခဲခဲ့ပြီလို့ ပွဲအပြီးမှာ ၀န်ခံသွားခဲ့ပါတယ်။
    မနေ့ကပွဲမှာ မန်စီးတီး၊ ချယ်ဆီးတို့ အနိုင်ရသွားတဲ့အတွက် အမှားခံလို့မရတဲ့ လီဗာပူးလ်ကလည်း အဝေးကွင်းမှာ ဂျရတ်ရဲ့ ပင်နယ်တီတွေနဲ့ အဖိုးတန် ၃ မှတ်ရခဲ့ပါတယ်။ စတားရစ်ခ်ျ၊ ဆွာရက်ဇ်၊ စတာလင်၊ ဂျရတ်တို့နဲ့ လူစုံခဲ့တဲ့ လီဗာပူးလ်တို့ ၀က်စ်ဟမ်းကွင်းဖြစ်ပေမယ့် ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်လည်း တော်တော် များများ ရခဲ့ပါတယ်။ ပထမပိုင်းရဲ့ အစောပိုင်းမိနစ်တွေကတည်းက ၀က်စ်ဟမ်းဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် ဦးဆောင်ဂိုးကိုတော့ ၄၄ မိနစ်မှာမှ ရခဲ့တာဖြစ်ပြီး ၀က်စ်ဟမ်းနောက်ခံလူ တွမ်ကင်ရဲ့ ဧရိယာအတွင်း လက်ထိမှုကြောင့် ရတဲ့ပင်နယ်တီကို ဂျရတ်က ကန်သွင်းယူခဲ့တာပါ။ ဒါပေမယ့် ပထမပိုင်း နာကျင်အချိန်ပိုမှာပဲ အိမ်ရှင်တို့ ချေပဂိုးရခဲ့ပြီး နိုဘယ်လ်ရဲ့ ထောင့်ကန်ဘောအကျမှာ ဒီမဲလ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
    ဒုတိယပိုင်းမှာ အိမ်ရှမ်တို့ အပိုင်ဂိုးသွင်းခွင့် ၂ ကြိမ်လောက်ရခဲ့ပြီး ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့သလို၊ လီဗာပူးလ် တိုက်စစ်မှူးတွေရဲ့ ကန်သွင်းချက်တွေကလည်း ဂိုးမ၀င်ခဲ့ပါဘူး။ ၇၁ မိနစ်မှာတော့ လီဗာပူးလ်တို့ အနိုင်ဂိုးထပ် ရခဲ့ပါတယ်။ လီဗာပူးလ်နောက်ခံလူ ဖလန်ဂန်ကို ၀က်စ်ဟမ်းအလယ်တန်းလူ မက်သယူးတေလာက ဧရိယာအတွင်းမှာ ပြစ်ဒဏ် ကျူးလွန်ခဲ့တဲ့အတွက် ရရှိတဲ့ပင်နယ်တီကို ဂျရတ်က အမှားအယွင်းမရှိ ကန်သွင်းယူနိုင်ခဲ့တာပါ။ လီဗာပူးလ်ဟာ ဒီပွဲအနိုင်ကြောင့် ပရီးမီးယားလိဂ်ဇယားကို ၇၄ မှတ်နဲ့ ဆက်လက် ဦးဆောင်နေပြီး ချန်ပီယံဖြစ်ရေး အိပ်မက်ဟာ တစ်ဖြည်းဖြည်းနဲ့ နီးကပ်လို့လာခဲ့ပါပြီ။
    ဒီတစ်ပတ် ပရီးမီးယားလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    အဲဗာတန် ၃-၀ အာဆင်နယ်
    မန်စီးတီး ၄-၁ ဆောက်သက်တမ်
    အက်စတွန်ဗီလာ ၁-၂ ဖူလ်ဟမ်
    ကာဒစ်ဖ် ၀-၃ ခရစ္စတယ်ပဲလေ့စ်
    ဟားလ်စီးတီး ၁-၀ ဆွမ်ဆီး
    နယူးကာဆယ် ၀-၄ မန်ယူ
    နော်ဝစ်ခ်ျ ၀-၁ ၀က်စ်ဘရွန်း
    ချယ်ဆီး ၃-၀ စတုတ်
  • ချန်ပီယံဖြစ်ခွင့်မှာ အခြားအသင်းများ၏ ရလဒ်များပေါ်တွင်သာ မူတည်သည်ဟု မော်ရင်ဟိုဆို
    ဧပြီ ၇ ၊ ၂၀၁၄
    M-Media
    – ယခုတစ်ပါတ်ပွဲစဉ်တွင် စတုတ်စီးတီးအသင်းအား ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သော်လည်း ချန်ပီယံဖြစ်ခွင့်မှာ မိမိတို့အပေါ်တွင် မူတည်ခြင်းမရှိဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားခဲ့သည်။
    383966_heroa
    မိုဟာမက်ဆာလာဟ်၊ လမ်းပတ်နှင့် ၀ီလီယံတို့၏ဂိုးဖြင့် အနိုင်ရခဲ့ကာ ချန်ပီယံလမ်းကြောင်းပေါ်ရှိနေသည့် မန်စီးတီး၊ လီဗာပူးလ်တို့ကို ဖိအားပေးနိုင်နေသော်လည်း ချန်ပီယံဖြစ်ရေးမှာ ပြိုင်ဘက်အသင်းများပေါ်တွင်သာ မူတည်သည်ဟု မော်ရင်ဟိုက ဆိုသည်။
    “(ချန်ပီယံဖြစ်ခွင့်ဟာ) ကျွန်တော်တို့အသင်းပေါ်မှာ မူတည်မနေဘူးဆိုတာ ကျွန်တော်ထပ်ပြောပါမယ်။ ဇယားထိပ်ဆုံးမှာရှိဖို့၊ ချန်ပီယံဖြစ်ရေး ကျွန်တော်တို့ကိုယ်တိုင်ဆောင်ရွက်ဖို့ စောင့်နေခဲ့ပေမယ့် ဖြစ်မလာပါဘူး။ ကျွန်တော်တို့ လီဗာပူးလ်နဲ့ ကစားဖို့ရှိနေပြီး ၃ မှတ်အတွက် စကားပြောရပါမယ်။ ဒါပေမယ့် ကျနော်တို့ မန်စီးတီးနဲ့ ကစားဖို့မရှိတော့ သူတို့က တစ်ပန်းသာနေပါတယ်” ဟု မော်ရင်ဟိုက Sky Sports သို့ပြောကြားခဲ့သည်။
    ချယ်ဆီးအသင်းမှာ ယခုလက်ရှိတွင် ၇၂ မှတ်ဖြင့် ထိပ်ဆုံး၌ဦးဆောင်နေသော်လည်း လီဗာပူးလ်က တစ်ပွဲလျော့ ၇၁ မှတ်ဖြင့်လည်းကောင်း၊ မန်စီးတီးအသင်းက ၂ ပွဲလျော့ ရမှတ် ၇၀ ဖြင့်လည်းကောင်း အဆင် ၂ နှင့် အဆင့် ၃ တို့တွင် ရှိနေကြသောကြောင့် ချန်ပီယံဖြစ်ရေးအတွင် အကြိတ်အနယ်ရုန်းကန်ရမည်ဖြစ်သည်။