News @ M-Media

Blog

  • တန်းဆင်းဇုန်နား ရောက်နေသည့် နော်ဝစ်ခ်ျ အသင်း နည်းပြ ထုတ်ပယ်ခံရ

    ဧပြီ ၈ ၊ ၂၀၁၄
    M-Media

    – ပရီးမီးယားလိဂ်တွင် အဆင့် ၁၇ သို့ရောက်ရှိနေပြီး ရလဒ်များဆိုးဝါးနေသည့် နော်ဝစ်ခ်ျအသင်းက ၎င်းတို့၏ နည်းပြဖြစ်သူ ခရစ်ဟူတန်အား ထုတ်ပယ်လိုက်ပြီဟု ကြေညာခဲ့သည်။

    Neil Adams

    နော်ဝစ်ခ်ျအသင်းမှာ နောက်ဆုံးကစားခဲ့သည့် ၆ ပွဲတွင် လေးပွဲအထိ ရှုံးနိမ့်ထားပြီး၊ ရာသီပြီးဆုံးရန် ၅ ပွဲသာ လိုတော့ချိန်တွင် အဆင့် ၁၇ နေရာတွင်ရှိနေသည်။ ထို့ကြောင့် ရလဒ်ကောင်းများ ရရှိအောင် ဆောင်ရွက် မပေးနိုင်သည့် နည်းပြဟူတန်အား ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

    လစ်လပ်သွားသော နည်းပြနေရာအတွက် ယခင်နော်ဝစ်ခ်ျအသင်း တောင်ပံကစားသမားဖြစ်ပြီး လူငယ်အသင်းအား FA လူငယ်ဖလား ရရှိအောင် စွမ်းဆောင်ပေးထားနိုင်သည့် နီးလ်အဒမ်အား ခန့်အပ်ခဲ့သည်ဟု အသင်း၏ကြေညာချက်တွင် ဖော်ပြထားသည်။

    နော်ဝစ်ခ်ျအသင်းအတွက် ၆ နှစ်ကြာကစားခဲ့ပြီး လက်ရှိတွင် ယူ ၁၈ အသင်းအား တာဝန်ယူကိုင်တွယ်နေသည့် အဒမ်က အသင်းကြီးအား ကိုင်တွယ်ခွင့်ရသည့်အတွက် ပျော်ရွှင်မိကြောင်း၊ လက်ကျန် ၅ ပွဲမှာ မိမိတို့အတွက် စမ်းသပ်မှုကြီးတစ်ခုဖြစ်ပြီး၊ ပရိတ်သတ်များ၏ ထောက်ခံမှုနှင့်အတူ ရည်မှန်းချက်အောင်မြင်ရန် အခွင့်အရေးများ ရရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    Goal

    Photo-BBC

  • ရီယဲလ်၏ စွမ်းဆောင်ရည် ကောင်းမွန်မှုမှာ မိမိတို့ တိုက်စစ်သမား သုံးဦးကြောင့် မဟုတ်ဟု ဘေးလ်ဆို

    ဧပြီ ၈ ၊ ၂၀၁၄
    M-Media

    – ယခုရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်း ခြေစွမ်းပြနိုင်ပြီး ရလဒ်ကောင်းများရရှိနေခြင်းမှာ မိမိတို့ တိုက်စစ်မှူး သုံးဦးကြောင့် မဟုတ်ဘဲ တစ်သင်းလုံးကောင်းမွန်မှုကြောင့် သာဖြစ်ကြောင်း အသင်း၏ ဝေးလ်တိုက်စစ်မှူး  ဂါရက်ဘေးလ်က ပြောကြား လိုက်သည်။

    387931_heroa

    ဂါရက်ဘေးလ်မှာ စပါးအသင်းမှ ရီးယဲလ်သို့ စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ဖြင့် ပြီးခဲ့နွေရာသီက ပြောင်းရွှေ့ လာခဲ့ခြင်းဖြစ်ပြီး ရော်နယ်ဒို၊ ဘန်ဇီမာတို့နှင့်တွဲကာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့သည်။ ၎င်းတို့ သုံးဦး တိုက်စစ်အတွဲကို BBC တိုက်စစ်အတွဲဟု ခေါ်ကြပြီး ၃ ဦးတွဲကစားပြီး သွင်းထားသည့် ဂိုးအရေအတွက်မှာ ၅၈ ဂိုးရှိနေသည်။

    “ပွင့်ပွင့်လင်းလင်းပြောရရင် ရော်နယ်ဒို ဘန်ဇီမာတို့လို ကစားသမားကောင်းတွေနဲ့ တွဲကစားရတာ သိပ်ကို ကျေနပ် စရာကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သုံးယောက်ထဲတော့ မဟုတ်ပါဘူး။ ရာသီတစ်လျှောက်လုံးမှာ တစ်သင်းလုံး ကောင်းကောင်း ကစားနိုင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဘေးလ်က ပြောကြားခဲ့သည်။

    ရီးယဲလ်မက်ဒရစ်မှာ လာလီဂါတွင် ထိပ်ဆုံးမှ အက်သလက်တီကိုနှင့် ၃ မှတ်အကွာ တတိယနေရာတွင် ရှိနေပြီး ချန်ပီယံလိဂ်တွင် ကွာတားဖိုင်နယ်ရောက်နေကာ ဒေါ့မွန်သင်းနှင့် ယှဉ်ပြိုင်နေရပြီး ပထမအကျော့တွင် ဂိုးပြတ်ဖြင့် နိုင်ထားသောကြောင့် နောက် တစ်ဆင့်တက်ရန် အခြေအနေကောင်းနေသည်။

    Goal

  • ယူကရိန်းအရှေ့ပိုင်း Donetsk မြို့ကို ရုရှားလိုလားသူ ဒေသခံများက လွတ်လပ်သော နိုင်ငံအဖြစ် ကြေညာ

    ဧပြီ ၈ ၊ ၂၀၁၄
    M-Media

    – ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Donetsk မြို့ရှိ ရုရှားထောက်ခံသူများက ၎င်းတို့ဒေသအား လွတ်လပ်သော သမ္မတနိုင်ငံအဖြစ် ထူထောင်ကြောင်း ယနေ့ညနေတွင် ကြညာခဲ့သည်ဟု သိရသည်။

    Protesters declare Donetsk 'republic'

    သမ္မတဟောင်း ယာနူကိုဗစ်ခ်ျ အစိုးရ ပြုတ်ကျခဲ့သည့် ဖေဖော်ဝါရီလကတည်းက ယူကရိန်း အရှေ့ပိုင်းပြည်နယ်တွင် မငြိမ်မသက်မှုများဖြစ်ပွားနေခဲ့ပြီး၊ တနင်္ဂနွေနေ့မှ စတင်၍ ရုရှားထောက်ခံသူများက အစိုးရ အဆောက်အဦးများကို တိုက်ခိုက်ကာ ၀င်ရောက်စီးနင်းခဲ့ကြခြင်းဖြစ်သည်။

    ယခုကဲ့သို့ သီးခြားလွတ်လပ်သော နိုင်ငံအဖြစ် ကြေညာခဲ့ပြီးနောက် ပြည်သူ့ဆန္ဒခံယူပွဲကို မေလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်ရန် အတိုက်အခံများက သတ်မှတ်ခဲ့သည်။

    Donetsk မြို့အပါအ၀င် နိုင်ငံအရှေ့ပိုင်းရှိ Luhansk နှင့် Kharkiv မြို့များသို့ ယူကရိန်း လုံခြုံရေးတပ်ဖွဲ့ တာဝန်ရှိသူများ သွားရောက်နေပြီး၊ လက်ရှိသမ္မတ တာချီနော့ဗ်က ယခုကဲ့သို့ မတည်ငြိမ်မှုများမှာ ယူကရိန်းအား ဖဲ့ထုတ်ရန် ရုရှား၏ ကြိုးပမ်းမှုသာဖြစ်သည်ဟု ပြောကြားခဲ့သည်။ နိုင်ငံပိုင် TV မှ ထုတ်လွှင့်ခဲ့သည့် မိန့်ခွန်းတွင် ယခုအဖြစ်အပျက်မှာ ယူကရိန်းနိုင်ငံမတည်ငြိမ်ရန်၊ အစိုးရအားဖြုတ်ချရန်နှင့် စီစဉ်ထားသည့် ရွေးကောက်ပွဲ ပျက်ပြားစေရန်အတွက် ရုရှားမှ ဖန်တီးသည့် ဒုတိယလှိုင်းဖြစ်သည့် ထည့်သွင်းပြောကြားခဲ့သည်။
    Ref: BBC

  • M-Media android app user feedback တောင်းခံခြင်း

    ဧပြီ ၇ ၊ ၂၀၁၄
    M-Media

    App adv Design copy
    M-Media သတင်းဆိုဒ်မှ တင်ဆက်ပေးလျှက်ရှိသော မြန်မာ- အင်္ဂလိပ် ဗားရှင်း ၂ ခုစလုံးအတွက် Android application ပြီးခဲ့တဲ့နှစ် ၂၀၁၃ ခုနှစ် ဇွန်လတွင် ဖြန့်ချီပေးခဲ့ပြီးဖြစ်ပါတယ်။

    လက်ရှိ Version1 ကို ပိုမိုကောင်းမွန်အောင့် Version 2 သို့ မွမ်းမံ မြင့်တင်မည်ဖြစ်ပါ၍ လက်ရှိ အသုံးပြုနေသူ စာဖတ်ပရိတ်သတ်များ အခက်အခဲ တစုံတရာရှိရင်သော်လည်းကောင်၊၊ အကြံဥာဏ်များ ပေးလိုရင်သော် လည်းကောင်း  ဒီပိုစ်အောက်မှာ ကော်မန့်ရေးပြီး အကြောင်းကြားနိုင်သလို့  [email protected]  ကိုလဲ အီးမေးလ်ပေးပို့နိုင်ကြပါတယ်။

    M-Media Android application မသုံးရသေးတဲ့ စာဖတ်ပရိတ်သတ်အသစ်တွေကတော့ Google Play Download  ဖုန်းတွင် အလွယ်တူ ဖတ်ရှုနိုင်ပါပြီ။

    Google Play မှ ဒေါင်းလုတ်လုပ်ရန် [0.57 MB]

    Link >>https://play.google.com/store/apps/details?id=com.app.news.mmedia

  • ယူကရိန်းအရှေ့ပိုင်းမြို့ တစ်မြို့တွင် ရုရှားထောက်ခံသူများက ရဲတပ်ဖွဲ့၏ လက်နက်တိုက်ကို သိမ်းပိုက်

    ဧပြီ ၇ ၊ ၂၀၁၄
    M-Media

    – ယမန်နေ့က ယူကရိန်းနိုင်ငံအရှေ့ပိုင်း ရဲဌာနချုပ်ကို ဖျက်ဆီးခဲ့သည့် ရုရှားထောက်ခံသူ ဆန္ဒပြ လူအုပ်ကြီးမှာ ယနေ့တွင် ရဲဌာနရှိ လက်နက်တိုက်ကို သိမ်းပိုက်လိုက်သည်ဟု သိရသည်။

    2014477314135734_20

    ရုရှားနှင့် ၂၅ ကီလိုမီတာသာဝေးသော လူဟန့်စ်က် မြို့တွင် အမည်သိသူများမှာ လုံခြုံရေးအဆောက်အုံအား ဖျက်ဆီးဝင်ရောက်ခဲ့ပြီး၊ လက်နက်တိုက်အား သိမ်းပိုက်ခဲ့သောကြောင့် မိမိတို့အနေဖြင့် မြို့၏ ၀င်ပေါက်ထွက်ပေါက်များအားလုံးကို ပိတ်ဆို့ထားခဲ့ပြီဟု ယူကရိန်းရဲတပ်ဖွဲ့မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    အဆိုပါရဲဌာနချုပ်ကို ဆန္ဒပြလူအုပ်စုကြီးမှ ယမန်နေ့ကတည်းက ကြက်ဥ၊ ကျောက်တုံး၊ မီးခုံးဗုံးများဖြင့် ပစ်ပေါက်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး မီးလောင်ဗုံးပါ ပါဝင်ခဲ့သည်။ ရုရှားထောက်ခံသူ သမ္မတဟောင်း ယာနူကိုဗစ်ခ်ျ ပြုတ်ကျသွားသည့် ဖေဖော်ဝါရီလကတည်းက လူဟန့်စ်က်မြို့တွင် မငြိမ်မသက် ဖြစ်နေခဲ့ခြင်းဖြစ်သည်။

    ယူကရိန်းနိုင်ငံအရှေ့ပိုင်းပြည်နယ် အဓိကမြို့များရှိ အစိုးရအဆောက်အဦးများအား ရုရှားထောက်ခံသူများက တိုက်ခိုက်နေသည်မှာ ကြာနေပြီဖြစ်ပြီးသည်။ ၎င်းတို့မှာ ထိုဒေသများအား ပြည်သူ့ဆန္ဒခံယူပွဲပြုလုပ်၍ ရုရှားနိုင်ငံထဲသို့ သွတ်သွင်းရန် ဆန္ဒရှိကြသူများဖြစ်ပြီး၊ ထိုကဲ့သို့ မငြိမ်သက်မှုများကြောင့် လက်ရှိ ယူကရိန်း သမ္မတ တာချီနော့ဗ်က လုံခြုံရေးအကြီးအကဲများအား ခေါ်ယူကာ အရေးပေါ်အစည်းအဝေး တစ်ခုကို ယမန်နေ့တွင် ပြုလုပ်ခဲ့သည်။ ယူကရိန်းအစိုးရကမူ ထိုကဲ့သို့ မငြိမ်သက်မှုများဖြစ်လာအောင် ရုရှားက လှုံ့ဆော်ပေးနေသည်ဟု စွပ်စွဲထားသည်။

    Ref: Agencies