News @ M-Media

Blog

  • ထိုင်ကြည့် ရပ်ကြည့်နေတတ်တဲ့ ကြားလူတွေကိုသာ ကြောက်ပါ။ (Quote)

    ဧပြီ ၅၊ ၂၀၁၄
    M-Media
    ပျံလွှား

    quote-fear-not-your-enemies-for-they-can-only-kill-you-fear-not-your-friends-for-they-can-only-betray-edward-yashinsky-279834 copy

    “ရန်သူတွေကို မကြောက်ပါနဲ့၊သူတို့က (အလွန်ဆုံး) အသင့်ကိုသတ်ရုံပါပဲ။

    မိတ်ဆွေတွေကို မကြောက်ပါနဲ့၊သူတို့တွေက (အဆုံးစွန်ဆုံး)  အသင့်ကို သစ္စာဖောက်ရုံပါပဲ။

    ထိုင်ကြည့် ရပ်ကြည့်နေတတ်တဲ့ ကြားလူတွေကိုသာ ကြောက်ပါ။

    ဘာလို့လဲဆိုတော့ သူတို့တွေက လူသတ်သမားတွေနဲ့ သစ္စာဖောက်တွေကို

    ကမ္ဘာမြေပေါ်မှာလုံခြုံစွာ သွားလာစေပြီး ကျူးလွန်ခွင့် ပေးလို့ပဲ”

    Fear not your enemies, for they can only kill you.

    Fear not your friends, for they can only betray you.

    Fear only the indifferent, who permit the killers and betrayers to walk safely on the earth.

    Edward Yashinsky

  • နိုင်ငံတကာ အလုပ်သမားညီလာခံ တက်ရောက်မည့် ကိုယ်စားလှယ် အစိုးရ ရွေးချယ်မှု အလုပ်သမားသမဂ္ဂ အဖွဲ့များ ကန့်ကွက်

    ဧပြီ ၄၊ ၂၀၁၄
    M-Media
    လမင်း

    ရန်ကုန်  ။      ။း ၂၀၁၄ ခုနှစ်အတွက် ဂျီနီဗာမြို့တွင် ပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ညီလာခံ သို့ သွားရောက်မည အလုပ်သမားထု ကိုယ်စားလှယ်အာ့် ရွေးချယ်ခွင့်နှင့် ပတ်သက်ပြီး အစိုးရမှရွေးချယ် ကန့်သတ်မည့် အပေါ် မြန်မာနိုင်ငံအလုပ်သမား အဖွဲ့ချုပ် ဥက္ကဌ ဦးအောင်သိန်းလင်းက အလုပ်သမားတွေက ခေါင်းဆောင်ရွေးချယ်ပိုင်ခွင့် မရှိတာဟာ အလုပ်သမားထုကို စော်ကားရာရောက် ပါတယ်လို့ ပြောခဲ့သည်။

    DSC00584

    ဦးအောင်သိန်းလင်းသည် ယနေ့ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံသို့ တက်ရောက်မည့် မြန်မာအလုပ်သမား ကိုယ်စားလှယ်ရွေးချယ်မှု ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ “အစိုးရအနေနဲ့ အလုပ်သမားတွ တန်ဖိုးကိုမြှင့်တင်ပေးပြီး လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးရမှာဖြစ်တယ်။ ဟိုကိုရောက်သွားမဲ့သူက မြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေကို အားလုံး သိအောင် ပြောပြရမှာဖြစ်တယ်။ အစိုးရကသာ ရွေးချယ်ပေးမယ် ဆိုရင် အစိုးရရဲ့ အာဘော်တွေပဲ ဖြစ်လာမှာဖြစ်တယ်”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

    ၂၀၁၄ ခုနှစ် ဇွန်လတွင် ဂျနီဗာနိုင်ငံ၌ပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံသို့ တက်ရောက်ရန် အလုပ်သမား ခေါင်းဆောင်တစ်ဦးကို သက်ဆိုင်ရာ အစိုးရမှ ရွေးချယ်ပေးမည်ဆိုခြင်းကို အလုပ်သမား သမဂ္ဂ အဖွဲ့များမှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချခဲ့ကြသည်။

    “အလုပ်သမားတွေ မရွေးချယ်ပေးလိုက်တဲ့လူဆိုရင် အလုပ်သမားတွေ အတွက်နစ်နာသွားပါ့မယ်။ ဒီမှာဖြစ်နေတဲ့ အသံတွေ ပြဿနာတွေ ပါသွားမှာမဟုတ်ပါဘူး။ အစိုးရဖက်က ဒီမိုကရေစီ အခွင့်အရေးကို အပြည့်အ၀မပေးနိုင်တဲ့သဘောပါ။ သွားရမယ့် ကိုယ်စားလှယ် အလုပ်သမား အစစ်အမှန်ဖြစ်ပြီး အလုပ်သမားထုကထောက်ခံတာ ပဲဖြစ်သင့်တယ်”ဟု အလုပ်သမား ကာကွယ်ရေး မြှင့်တင်သူများအဖွဲ့မှ ဒေါ်အိရွှေစင်ညွန့် ကပြောခဲ့သည်။

    မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံသို့ ၂၀၁၂ ခုနှစ်မှစတင် တက်ရောက်ခဲ့ပြီး ၎င်းညီလာခံသို့ မြန်မာနိုင်ငံမှ အလုပ်သမား ကိုယ်စားလှယ်တစ်ဦး၊ အလုပ်ရှင်ကိုယ်စားလှယ်တစ်ဦးနှင့် အစိုးရမှတာဝန်ရှိ ပုဂ္ဂိုလ်နှစ်ဦး တက်ရောက်ရမည် ဖြစ်ကြောင်းသိရသည်။ ၎င်းညီလာခံတွင်နိုင်ငံပေါင်း ၁၈၆ နိုင်ငံကျော်မှ တက်ရောက်ပြီး အလုပ်သမားများ အခွင့်အရေး အတွက် ဆွေးနွေးသွားကြမည် ဖြစ်ကြောင်းသိရသည်။

  • လိင်တူလက်ထပ်ခြင်း ဆန့်ကျင်မှုကြောင့် Mozilla ၏ စီးအီးအို ရာထူးမှ နှုတ်ထွက်ပေးခဲ့ရ

    ဧပြီ ၄၊ ၂၀၁၄
    M-Media

    – လူကြိုက်များသည့် အင်တာနက် ဘရောက်ဇာ Fire Fox အပါအ၀င် ဆော့ဖ်ဝဲပေါင်းများစွာကို ထုတ်လုပ်သော Mozilla ကုမ္ပဏီမှ စီအီးအို ဘရန်ဒန်အစ်ခ်ျမှာ လိင်တူလက်ထပ်မှုကို ဆန့်ကျင်သည့် ၎င်း၏ သဘောထားကြောင့် ရာထူးမှ နှုတ်ထွက်ခဲ့ရသည်ဟု သိရသည်။

    Mozilla-Firefox-CEO-Resigns-Over-Gay-Marriage

    လွန်ခဲ့သည်လကမှ Mozilla ကုမ္ပဏီ၏  စီအီးအိုအဖြစ် တာဝန်ပေးခံခဲ့ရသူ အစ်ခ်ျမှာ ကယ်လီဖိုးနီးယားပြည်နယ်တွင် လိင်တူလက်ထပ်မှု ဥပဒေပြဌာန်းရေးအား ဆန့်ကျင်ရန် ၂၀၀၈ ခုနှစ်က ကန်ဒေါ်လာ ၁၀၀၀ လှူဒါန်းခဲ့ကြောင်း သတင်းထွက်ပေါ်လာခဲ့သည်။ ထို့ကြောင့် ၎င်းအား စီအီးအိုအဖြစ် ခန့်အပ်ခဲ့မှုအပေါ် ဝေဖန်မှုများ ရှိလာသောကြောင့် ရာထူးအားရယူပြီး ၁၀ ရက်အကြာတွင်ပင် နှုတ်ထွက်သွားခဲ့ခြင်းဖြစ်သည်။

    Mozilla ကုမ္ပဏီ၏ ဥက္ကဌဖြစ်သူ မစ်ချယ် ဘိတ်ကာကမူ မိမိတို့ကုမ္ပဏီအနေဖြင့် ထိုကဲ့သို့ ခန့်အပ်မှုအတွက် တောင်းပန်ကြောင်း ပြောကြားခဲ့သည်။ အင်္ဂါနေ့ကပြုလုပ်ခဲ့သည် အင်တာဗျူးတွင် အစ်ခ်ျက ၎င်း၏သဘောထားကို ကာကွယ်ခဲ့ပြီး ကိုယ်ပိုင်အမြင်နှင့် မိမိလုပ်ကိုင်နေသာ စီးပွားရေးအမြင်တို့အား ခွဲခြားနိုင်စွမ်းရှိသည်ဟု ဖြေကြားခဲ့သည်။ သို့သော်လည်း ယမန်နေ့က ထုတ်ပြန်ခဲ့သောကြေညာချက်တွင် လက်ရှိဖြစ်နေသော အဖြစ်အပျက်များအောက်တွင် မိမိအနေဖြင့် ထိရောက်သော ဦးဆောင်သူ မဖြစ်နိုင်ဟု ထည့်သွင်းဖော်ပြခဲ့သည်။

    အင်တာနက် ဘရောက်ဇာများတွင်အသုံးပြုသည့် Javascript ပရိုဂရမ်ကို တီထွင်ခဲ့ပြီး Mozilla ကုမ္ပဏီအား ပူးတွဲတည်ထောင်သူဖြစ်သည့် အစ်ခ်ျ နှုတ်ထွက်ခဲ့ရမှုအတွက် ပညာရှင်များစွာက မကျေမနပ်ဖြစ်နေသည်။

    ကယ်လီဖိုးနီးယားပြည်နယ်တွင် လိင်တူလက်ထက်ခွင့်အား ၂၀၀၈ ခုနှစ် ဇွန်လ ၁၆ ရက်နေ့ က စတင်ခွင့်ပြုခဲ့သော်လည်း ပြည်နယ်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၈ နှင့် ငြိစွန်းနေသောကြောင့် နိုဝင်ဘာ ၅ ရက်နေ့တွင် ထိုခွင့်ပြုချက်အား ခြွင်းချက်ဖြင့် ပြန်လည်ပိတ်ပင်ခဲ့သည်။ ထို့နောက် အမေရိကန်တရားရုံးချုပ်၊ ပြည်နယ်ခုံရုံးတို့တွင် အကြိတ်အနယ် ဆွေးနွေးခဲ့ကြပြီးနောက်ပိုင်း ၂၀၁၃ ခုနှစ် ဇွန်လ ၂၈ ရက်နေ့တွင် လိင်တူ လက်ထပ်ခွင့်အား ပြန်လည်ခွင့်ပြုခဲ့သည်။

    AGB/AGB

  • PSG ကို ချန်ပီယံလိဂ်မှာ ရှုံးပြီးနောက် အသင်း၏ တိုက်စစ်အား မော်ရင်ဟို ပြင်းပြင်းထန်ထန်ဝေဖန်

    ဧပြီ ၄၊ ၂၀၁၄
    M-Media

    – ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ ပီအက်စ်ဂျီအသင်းအား ရှုံးနိမ့်ခဲ့သောပွဲအပြီးတွင် ချယ်ဆီးတိုက်စစ်နှင့် တိုက်စစ်မှူးများ အား မော်ရင်ဟိုက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

    jose-mourinho

    ထိုပွဲအတွက် မော်ရင်ဟို၏ ပွဲထွက်စာရင်းတွင် တိုက်စစ်မှူးတစ်ဦးမှ ထည့်သွင်းအသုံးပြုခဲ့ခြင်းမရှိဘဲ အလယ်တန်းကစားသမား ရှရဲလ်ကို အထောင်တိုက်စစ်မှူးအဖြစ် ပွဲထုတ်ခဲ့သည်။ ချယ်ဆီးအသင်းမှာ မိနစ် ၆၀ ကျော်အထိ ၁ ဂိုးစီ သရေကစားနိုင်သော်လည်း ပီအက်စ်ဂျီအသင်း၏ နောက်ကျဂိုး ၂ ဂိုးကြောင့် အရှုံးပေးခဲ့ရပြီး ဒုတိယအကျော့တွင် ရုန်းကန်ရတော့မည်ဖြစ်သည်။

    ပြင်သစ်မြေတွင် ကစားခဲ့သည့် အဆိုပါ ပွဲတွင် ချယ်ဆီးတိုက်စစ်ပိုင်းမှာ အခွင့်ရေးကောင်းများကို ဖန်တီးနိုင်ခြင်းမရှိခဲ့ဘဲ မော်ရင်ဟိုက

    “တကယ်လို့ ကျွန်တော်တို့မှာ သူတို့အသင်း(ပီအက်စ်ဂျီ)ရဲ့ တိုက်စစ်မှူးတွေ ရှိမယ်ဆိုရယ် ကျွန်တော်တို့ အနိုင်ပါပဲ။ ကျွန်တော်တို့ တိုက်စစ်မှူးတွေရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး မကျေနပ်ပါဘူး။ ဒါ့ကြောင့် ကျွန်တော် ကြိုးစားရပါတော့မယ်” ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    မိမိတို့အနေဖြင့် ဘောလုံးပိုင်ဆိုင်မှုရခဲ့သော်လည်း ဂိုးသွင်းဖို့လိုကြောင်း၊ ယခုကဲ့သို့အဆင့်မျိုးတွင် ထိပ်တန်းတိုက်စစ်မှူးတစ်ဦးမှာ အခွင့်အရေးတစ်ကြိမ်တွင် တစ်ဂိုးသွင်းနိုင်ရမည်ဖြစ်ပြီး မိမိတို့တွင် ထိုကဲ့သို့ တိုက်စစ်မှူးမရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ မော်ရင်မှာ အသင်း၏တိုက်စစ်မှူးများအား ယခင်ကလည်း ဝေဖန်မှုများ ပြုလုပ်ခဲ့ဖူးသည်။

    Ref: Mirror

  • Twitter ပိတ်ပင်ထားမှုအား ရုပ်သိမ်းရန် တူရကီ တရားရုံး ဆုံးဖြတ်

    ဧပြီ ၄၊ ၂၀၁၄
    M-Media

    201432273443538734_20

    – တူရကီနိုင်ငံတွင် နှစ်ပတ်ကြာမြင့်နေပြီဖြစ်သည့် Twitter အသုံးပြုမှု တားမြစ်ပိတ်ပင်ခြင်းအား ရုပ်သိမ်းရန် အခြေခံဥပဒေဆိုင်ရာ တရားရုံးက ဆုံးဖြတ်ခဲ့သည်ဟု ဝန်ကြီးချူပ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    ဝန်ကြီးချူပ် အာဒိုဂန်နှင့် ၎င်း၏ သားဖြစ်သူတို့ လာဘ်စားခဲ့သည်ဟူသော သတင်းများ Twitter စာမျက်နှာတွင် ထွက်ပေါ်လာခဲ့ပြီးနောက် မတ်လ ၂၁ ရက်နေ့မှစတင်ကာ တူရကီဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် TIB မှ ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတကာမှ ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချခဲ့သည် ထိုပိတ်ပင်မှုမှာ လွတ်လပ်စွာပြောဆိုပိုင်ခွင့်ကို ချိုးဖောက်ခြင်းဖြစ်သောကြောင့် Twitter ပိတ်ပင်မှုအားရုပ်သိမ်းရန် တူရကီ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက ဗုဒ္ဓဟူးနေ့တွင် ဆုံးဖြတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

    Twitter အား ပိတ်ပင်ပြီး ၁ ပတ်အကြာတွင် Youtbe ၀ဘ်ဆိုဒ်ကိုလည်း အသုံးပြုမူကိုလည်း TIB က ပိတ်ပစ်ခဲ့ပြီး ယခုအချိန်အထိ ဆက်လက်ပိတ်ထားဆဲဖြစ်သည်။ ထိုပိတ်ပင်မှုများအား ဆန့်ကျင်ခဲ့သည့် သမ္မတ အက်ဘ်ဒူလာဂေါလ်ကမူ ထိုဝဘ်ဆိုဒ် နှစ်ခုစလုံးအား တူရကီနိုင်ငံတွင် ပြန်လည်အသုံးပြုခွင့်ပေးသင့်သည်ဟု တရားရုံးမှ ဆုံးဖြတ်ချက် ချမှတ်ပြီးနောက်ပိုင်းတွင် ပြောကြားခဲ့သည်။ တရားရုံး၏ ထိုဆုံးဖြတ်ချက်အား ကြိုဆိုကြောင်း တူရကီပြည်သူများက အွန်လိုင်းစာမျက်နှာများတွင် မှတ်ချက်ပေးထားကြသည်။

    ရိုက်တာ