News @ M-Media

Blog

  • ယူကရိန်း နယ်စပ်ရှိ စစ်တပ် အချို့အား ရုရှား ပြန်ရုပ်သိမ်း

    ဧပြီ ၁၊ ၂၀၁၄
    M-Media

    – ခရိုင်းမီးယားဒေသအတွင်း မတည်မငြိမ်ဖြစ်ခဲ့ပြီးနောက် ယူကရိန်း အရှေ့ဘက်နယ်စပ်တွင် ချထားသည့် စစ်တပ်များမှ လက်နက်ကြီးတပ်စုတစ်ခုအား ရုပ်သိမ်းခဲ့ပြီဟု ရုရှားကာကွယ်ရေးဝန်ကြီှးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

    Russia pulls some troops from Ukraine border

    အဆိုပါတပ်များမှာ ၎င်းတို့၏ စစ်ရေးလေ့ကျင့်မှုပြီးနောက် ဆာမာရာဒေသရှိ စစ်အခြေစိုက်စခန်းသို့ ပြန်သွားပြီဟု ရုရှားဘက်မှ ယနေ့ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။ သို့သော်လည်း နယ်စပ်ရှိ စစ်သားများအား ရုပ်သိမ်းခြင်း ရှိ၊ မရှိဆိုသည်ကို ရှင်းလင်းစွာ ဖော်ပြထားခြင်းရှိပေ။ ရုရှားသမ္မတ ဗလာဒီမာပူတင်ကလည်း ၎င်းအနေဖြင့် ရုရှားတပ်အချို့အား ရုပ်သိမ်းရန် အမိန့်ပေးထားကြောင်း ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်အား ပြောကြားခဲ့သည်ဟုသိရသည်။

    ယခုကဲ့သို့ တပ်အချိုက ရုပ်သိမ်းမှုမှာ ယူကရိန်းပြဿနာအားဖြေရှင်းရာတွင် နယ်စပ်တွင်ချထားသော ရုရှားစစ်တပ်များ ရုပ်သိမ်းပေးရေးအပေါ် မူတည်နေသည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့အား ယမန်နေ့က ပြောကြားပြီးနောက်ပိုင်း ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

    “မကြာသေးမီရက်များကပဲ နယ်စပ်မှာရှိတဲ့ ရုရှားတပ်တွေကို တဖြည်းဖြည်းနဲ့ ရုပ်သိမ်းနေပါပြီ” ဟု ရုရှား ကာကွယ်ရေးဝန်ကြီး၏ ပြောရေးဆိုခွင့်ရှိသူ အိုလက်စီ ဒမင်ထရက်ကစ်ဗ်စကီးက APF သတင်းဌာနသို့ ယနေ့တွင် ပြောကြားခဲ့သည်။

    ယူကရိန်းပြဿနာဖြစ်ပေါ်လာပြီးနောက် ယူကရိန်းအရှေ့ပိုင်းနယ်စပ်တွင် ရုရှားဘက်မှ ရုတ်တရက် ချထားခဲ့သည့် စစ်အင်အားမှာ ၃ သောင်းမှ ၄ သောင်းအကြားရှိသည်ဟု အမေရိကန်နှင့် ဥရောပ တာဝန်ရှိသူများက ခန့်မှန်းထားသည်။

    Al Jazeera and agencies

  • အငြင်းပွားနေသည့် ကိုရီးယားရေပိုင်နက် အနီး မောင်းသူမဲ့လေယာဉ်တစ်စင်း ပျက်ကျ

    အငြင်းပွားနေသည့် ကိုရီးယားရေပိုင်နက် အနီး မောင်းသူမဲ့လေယာဉ်တစ်စင်း ပျက်ကျ

    ဧပြီ ၁၊ ၂၀၁၄
    M-Media

    – ကိုရီးယားနိုင်ငံအငြင်းပွားနေသည့် ရေပိုင်နက်အနီးရှိ တောင်ကိုရီးယားပိုင် ကျွန်တစ်ကျွန်းပေါ်သို့ လေယာဉ် တစ်စီး ပျက်ကျခဲ့သည်ဟု တောင်ကိုရီးယား အစိုးရ၏ ပြောကြားမှုကို ကိုးကား၍ Yonhap သတင်းအေဂျင်စီက ယနေ့တွင် ဖော်ပြခဲ့သည်။

    မည်သည့်အရပ်မှ လာမှန်းမသိသည့် အဆိုပါ မောင်းသူမဲ့လေယာဉ်မှာ မြောက်ဘက် ကန့်သတ်လိုင်း NLL သို့မဟုတ် ကိုရီးယားနှစ်နိုင်ငံအငြင်းပွားနေသည့် ရေပိုင်နက်အနီး Baengnyeong ကျွန်းပေါ်သို့ ဒေသစံတော်ချိန် ယမန်နေ့ ညနေ ၄ နာရီက ပျက်ကျခဲ့ခြင်းဖြစ်သည်။

    တောင်ကိုရီးယားအာဏာပိုင်များကမူ အဆိုပါမောင်းသူမဲ့လေယာဉ်အား ယူဆောင်၍ မည်သည့်နေရမှာလာသည်ကို စစ်ဆေးခဲ့ပြီး၊ မတ်လ ၂၄ ရက်နေ့က မြို့တော်ဆိုးလ်မှ ကီလိုမီတာ ၅၀ အကွာတွင်ရှိသည့် ပါဂျူးဒေသ၌ ကျခဲ့သည့် မောင်းသူမဲ့လေယာဉ်နှင့် အမျိုးအစားတူသည်ဟု ပြောကြားခဲ့သည်။

    ထိုမောင်းသူမဲ့လေယာဉ်နှစ်စင်းမှာ မြောက်ကိုရီးယားမှ လာရောက်ခြင်း ဟုတ်၊ မဟုတ်ကိုမူတောင်ကိုရီးယား ထောက်လှမ်းရေးနှင့် စစ်တပ် ပိုင်းမှ စစ်ဆေးနေသည်ဟုသိရသည်။

    မြောက်ကိုရီးယားနိုင်ငံမှာ နှစ်နိုင်ငံအငြင်းပွားနေသည့် ရေပိုင်နက်အတွင်း လက်နက်ကြီးများ၊ ဒုံးကျည်မျိုးစုံတို့ကို အသုံးပြု၍ တိုက်ပွဲဝင် စစ်ရေးလေ့ကျင့်မှုကို ယမန်နေ့တွင်ပြုလုပ်ခဲ့ပြီး၊ တောင်ကိုရီးယား ဘက်မှလည်း မြောက်ကိုရီးယား ရေပိုက်နက် အတွင်းသို့ သတိပေး ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။

    Ref: ဆင်ဟွာ

  • MH370 မှ နောက်ဆုံးဆက်သွယ်မှု မလေးအစိုးရ ထပ်မံထုတ်ပြန်မှု ယခင်ကွဲလွဲ ၊ ဝေဖန်မှုများမြင့်တက်လာနိုင်

    ဧပြီ ၁၊ ၂၀၁၄
    M-Media

    – မတ်လ ၈ ရက်နေ့က ပျောက်ဆုံးသွားခဲ့သည့် မလေးရှားလေယာဉ်နှင့် ပတ်သက်၍ ဝေဖန်မှုများ ရှိနေချိန်တွင် လေယာဉ်မှ နောက်ဆုံးပြောသွားခဲ့သည့် စကားအား မလေးရှားအစိုးရမှ ပြန်လည်ထုတ်ပြန်ခဲ့သည်ဟု သိရသည်။
    _73934682_73934463
    အဆိုပါလေယာဉ်နှင် မလေးရှား လေကြောင်းထိန်းသိမ်းရေးဌာနတို့ နောက်ဆုံးအဆက်အသွယ်ရချိန်မှာ မလေးရှားစံတော်ချိန် နံနက် ၁ နာရီ ၉ မိနစ်ဖြစ်ပြီး၊ ပိုင်လော့ထိုင်ခုံမှ နောက်ဆုံးပြောကြားခဲ့သည့် စကားမှာ “ကောင်းသောညပါ မလေးရှား သုံး ခုနစ် သုည” ဖြစ်သည်ဟု အရပ်ဘက်လေကြောင်းဌာနက ယနေ့တွင် ပြောကြားခဲ့သည်။ သို့သော်လည်း ထိုစကားအား လေယာဉ်မှူး သို့မဟုတ် တွဲဖက်လေယာဉ်မှူး မည်သူပြောခဲ့သည်ဆိုသည်ကို မှူခင်းဆိုင်ရာနည်းပညာဖြင့် ဆုံးဖြတ်မည်ဟု မလေးရှားပို့ဆောင်ရေး ၀န်ကြီးဌာနကဆိုသည်။

    ပိုက်လော့ထိုင်ခုံမှပြောခဲ့သည် နောက်ဆုံးစကားမှာ “ကောင်းပါပြီ။ ကောင်းသောညပါ” ဟု စောစောပိုင်းက မလေးအစိုးရကာ ပြောကြားထားသည်။ အဆိုပါလေယာဉ်ပျောက်ဆုံးသွားခြင်းနှင့် ပတ်သက်၍ မေးလရှား၏ ဆောင်ရွက်မှုများအတွက် ဝေဖန်မှုများခံရှိနေချိန်တွင် ယခုကဲ့သို့ မတူညီသည့် စကားတစ်ခု ထွက်လာမှုကြောင်း၊ မလေးရှားအစိုးရအနေဖြင့် ပိုမိုဆိုးဝါးသည့် တုံ့ပြန်မှုများနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်။

    ခရီးသည်နှင့် လေယာဉ်အမှူးထမ်း စုစုပေါင်း ၂၃၉ ဦးကို တင်ဆောင်သွားခဲ့သည့် အဆိုပါလေယာဉ်မှာ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီးနောက်ပိုင်း နောက်ဖက်သို့ ပြန်ကွေ့သွားသည်ဟု ရေဒါလမ်းကြောင်းအရ သိရပြီး၊ ဂြိုဟ်ထုအထောက်အထားများအရ လေယာဉ်မှာ အိန္ဒိယသမုဒ္ဒရာအတွင်းသို့ ပျက်ကျခဲ့သည်ဟု မလေးရှား ၀န်ကြီးချုပ်က ကြေညာခဲ့သည်။

    ထိုသို့ကြေညာပြီးနောက်ပိုင်းတွင် လေယာပေါ်လိုက်ပါသွားကြသည့် တရုတ်နိုင်ငံသားများ၏ ကျန်ရစ်သူ မိသားစု ဆွေမျိုးများက ဘေဂျင်းရှိ မလေးရှားသံရုံးရှေ့တွင် ဆန္ဒပြခဲ့ကြပြီး၊ လေယာဉ်ကိုပိုင်ဆိုင်သည့် MAS လေကြောင်းလိုင်းကိုပါ တရားစွဲဆိုသွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။ မလေးရှားအစိုးရကမူ အိန္ဒိယသမုဒ္ဒရာအတွင်း လေယာဉ်ရှာဖွေရေးလုပ်ငန်းများကို ယခုအချိန်အထိ လုပ်ဆောင်နေသည်။

    (ဓါတ်ပုံ အညွှန်း- လေယာဉ်ပေါ်ပါသွားသော မိသားစုအတွက် ဆုတောင်းနေသူ တဦး)
    Ref BBC

  • အလိမ်အညာ ဓါတ်ပုံဖြင့် ရခိုင်သတင်း Page တခုမှ သွေးထိုး လှုံဆော်မှုများ ပြုလုပ်နေ

    ဧပြီ ၁ ၊ ၂၀၁၄
    M-Media
    KK

    Fake BD Flag

    ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရိုဟင်ဂျာ မွတ်စလင်များမှ ဘင်္ဂလားဒေရှ်နိုင်ငံ အလံလွှင်ထူဆိုသည့် ဓါတ်ပုံ အလိမ်တခုကို သွေးထိုးလှုံဆော်မှုများ အဆက်မပြတ်ပြုလုပ်နေသည့် ရခိုင် FB သတင်း စာမျက်နှာ တခုမှ ဖြန်ချီနေတာကို တွေ့ရှိပါသည်။

    အဆိုပါ ဓါတ်ပုံမှာ ဘင်္ဂလားဒေရှ်သတင်းဌာနမှ ၂၀၁၂ ခုနှစ်က တင်ခဲ့သည့် ပုံကို ကူးယူပြီး ယခုကဲ့သို့ သွေးထိုးလှုံဆော်နေခြင်း ဖြစ်ပါတယ်။

    ပြည်လုံးကျွှတ်သန်းခေါင်စာရင်းကောက်ယူချိန် ရခိုင်ပြည်နယ်၌ ထိလွယ်ရှလွယ် ဖြစ်ပွားသည့်အခြေအနေတွင် အဆိုပါရခိုင်သတင်းဌာနမှ အချိန်ကိုက် သတင်းအမှားများဖြင့် လှုံဆော်လာခြင်းဖြစ်ပြီး သက်ဆိုင်ရာ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရဲတပ်ဖွဲ့တို့မှာ အချိန်မှီသတင်းထုတ်ပြန်ခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းတို့ ပြုလုပ်ဖို့ လိုအပ်ကြောင်းကို ရန်ကုန်မြို့နေ ပြည်သူတစ်ဦးမှ M-Media ကိုပြောပါတယ်။

    ရခိုင် သတင်း Page ဓါတ်ပုံတင်ထားသည့် Link =>https://www.facebook.com/photo.php?fbid=492274894210942&set=a.456827444422354.1073741829.455782234526875&type=1&theater

    People_of_Indian_enclaves_hoist_Bangladesh_flag_-_2014-04-01_12.20.22

    မူရင်းဓါတ်ပုံလင့် ကြည့်ရန်=> http://www.christianarchy.nl/2012/04/onbekende-hongerstakingsactie-in.html