News @ M-Media
Blog
  • ကယ်ဆယ်ရေး လုပ်သားများ ထွက်ခွာပြီးနောက် လူသားချင်းစာနာမှု အကူအညီ ပျက်သုဉ်း
    ဧပြီ ၃၊ ၂၀၁၄
    M-Media
    ဘာသာပြန်ဆိုသူ- O’Laie Manzu
    ရခိုင်ပြည်မြောက်ပိုင်းက ရိုဟင်ဂျာ ဒုက္ခသည်တွေကိုထားရှိရာ စခန်းတွေမှာ နာရီနဲ့အမျှ စာနပ်ရိက္ခာတွေလျော့ပါးလာပြီး ကုန်ဈေးနှုန်းတွေ တဟုန်ထိုး တက်လာတာကြောင့် စခန်းတွင်းနေထိုင်သူ ကိုလှမောင် က အစားအသောက်ရရှိရေးအတွက် ဘေးပတ်ဝန်းကျင်ရွာက မိတ်ဆွေဆီမှာ အကူအညီတောင်းဖို့ ဆုံးဖြတ်လိုက်ရပါတယ်။
    A family stand at the entrance of their temporary shelter as the government embarks on a national census at a Rohingya refugee camp in Sittwe
    REUTERS/Soe Zeya Tun
    စနေနေ့မနက်လောက်မှာ ဆန်တစ်အိတ် ကျပ် တစ်သောင်းခွဲ (၁၅ ဒေါ်လာ)ရှိပေမယ် နေ့တွင်းချင်း ကျပ် နှစ်သောင်းခွဲအထိ ထိုးတက်ခဲ့တယ်လို့ မိတ်ဆွေအိမ် သွားရင်း လမ်းမှာပြောပြခဲ့ပါတယ်။ သူ့မိတ်ဆွေကတော့ ဘင်္ဂလားပင်လယ်အော်ရှိ အနောက်ပိုင်းရခိုင်ပြည်နယ်မှာမကြာခဏ ဘာသာရေးအသွင်ဆောင် အကြမ်းဖက်မှုတွေဖြစ်နေတဲ့ကြားက အိုးအိမ်မပျောက်၊ လှေမဆုံးဘဲ ကံကောင်းလှတဲ့ ရိုဟင်ဂျာတစ်ဦးလို့ပြောလို့ရပါလိမ့်မယ်။
    ပြည်နယ်မြို့တော် စစ်တွေမြို့မှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် လူသားချင်းစာနာထောက်ထားတဲ့ အထောက်အကူပြုလုပ်သားတွေကို ဖယ်ရှားလိုက်တဲ့အတွက် ကိုလှမောင်နဲ့ ထောင်ပေါင်းများစွာသော ဒုက္ခသည်တွေဟာ အစာရေစာတွေအတွက် ပိုမိုစိုးရွားတဲ့ အခြေအနေတွေကို ရင်ဆိုင်နိုင်ဖွယ်ရှိတယ်လို့ဆိုရပါမယ်။ ပြန်လည်နေရာချထားရေးစခန်းက ဒုက္ခသည် အနည်းဆုံး နှစ်သောင်းလောက်အတွက်ကတော့ ဆယ်ရက်အတွင်း သောက်သုံးရေကုန်ခမ်းသွားမှာဖြစ်ပြီး နှစ်ပါတ်အတွင်း အစားအသောက်တွေ ပျက်တောက်သွားပါလိမ့်မယ်။ နောက်ထပ် ထောင်ပေါင်းများစွာလည်း ဒုက္ခရောက်နိုင်ချေရှိနေပါတယ်။
    ဒါကတော့ စစ်တွေ ဒေသပိုင်းမှာရှိတဲ့ အသိုင်းအဝိုင်းကို အခြေခံပြီး ရည်ညွန်းပြောဆိုတာဖြစ်လို့ အားလုံးခြုံကြည့်ရင်တော့ ကုန်စည်ခမ်းခြောက်မှုတွေကြောင့် ဒုက္ခရောက်နိုင်ခြေရှိတဲ့ ဦးရေက ပိုများပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကယ်ဆယ်ရေးအဖွဲ့တွေက စစ်တွေကို အခြေပြုပြီး ဒုက္ခသည်စခန်းက လူဦးရေ တစ်သိန်းလေးသောင်းလောက်ကို ထောက်ပံ့တဲ့အပြင် အခြားကျေးရွာတွေက လူဦးရေ လေးသောင်းခန့်ကိုလည်း ကူညီနေကြရလို့ပါဘဲ။
    Children look out from their temporary shelter as the government embarks on a national census at a Rohingya refugee camp in Sittwe
    REUTERS/Soe Zeya Tun
    ပြည်နယ်အတွင်း လူနည်းစု ရိုဟင်ဂျာမွတ်စလင်တွေက အကူအညီလက်ခံရရှိတဲ့ ဒုက္ခသည်ဦးရေများတယ်ဆိုပေမယ့် လူများစုဖြစ်တဲ့ ရခိုင်ဗုဒ္ဓဘာသာဝင်တွေလည်း လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေအပေါ်မှီခိုနေရတာတွေလည်းရှိပါတယ်။
    ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ရခိုင်ဗုဒ္ဓဘာသာဝင် ၄၀၀ လောက်ဟာ ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ အိုးအိမ်တွေ၊ ရုံးတွေ၊ ဂိုဒေါင်တွေ၊ သယ်ယူပို့ဆောင်ရေး စက်လှေတွေကို ဖျက်ဆီးလိုက်ကြတဲ့အတွက် ကူညီစောင့်ရှောက်ရေးလုပ်ငန်းတွေ ရပ်တန့်လိုက်ရတာပါ။ လူစုခွဲဖို့အတွက်နဲ့ လူအုပ်တွေကြားက ကယ်ဆယ်ရေးလုပ်သားတွေကို ကယ်ဆယ်ဖို့အတွက် ရဲတွေက သတိပေး သေနတ်တွေ ပစ်ဖောက်ခဲ့ကြပြီး သေဆုံးမှုတွေ၊ ထိခိုက်ဒဏ်ရာရမှုတွေတော့မရှိခဲ့ပါဘူး။
    နောက်တစ်ရက်မှာတော့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ရဲတွေက သတိပေး သေနတ်တွေကြောင့် ၁၁ နှစ်အရွယ် မိန်းခလေးတစ်ဦး သေဆုံးခဲ့ပြီး ၃၉ နှစ်အရွယ်အမျိုးသမီး သေနတ်ဒဏ်ရာ ရခဲ့တယ်လို့ အစိုးရပိုင် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြခဲ့ပါတယ်။
    အစိုးရမဟုတ်တဲ့ အရပ်ဖက်အန်ဂျီအို အဖွဲ့အစည်းတွေမရှိတော့တဲ့အတွက် ကုလသမဂ္ဂကတော့ အစိုးရနဲ့ ညှိနှိုင်းပြီး အရေးပေါ် ကုန်စည်တွေကို ဒုက္ခသည်စခန်းတွေထဲ ပေးပို့နေပါတယ်။ ဒါကလည်း ရေတို ဖြေရှင်းချက်သာဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ Office for the Coordination of Humanitarian Affairs က ပြောရေးဆိုခွင့်ရှိသူ Pierre Peron ပြောပြပါတယ်။
    “ရေတိုနဲ့ရေရှည်မှာ အရပ်ဖက် အန်ဂျီအို အဖွဲ့ တွေအတွက် လုံခြုံစိတ်ချရတဲ့ နေရာတွေ ရှိဖို့ အရမ်းလိုအပ်ပါတယ်။” “ နိုင်ငံတကာလုပ်သားတွေနဲ့ ပြည်တွင်းဝန်ထမ်း တွေအတွက်ပါ လုံခြုံစိတ်ချရတဲ့ နေရာတွေ ဖြစ်ဖို့ အစိုးရက အာမခံဖို့လိုအပ်ပါတယ်။” လို့ သူက ပြောပါတယ်။
    ဇွန်လ ၂၀၁၂ ခုနှစ်ကတည်းက အကြမ်းဖက်မှုတွေကြောင့် ပြန်လည်နေရာချထားရေးစခန်းတွေထဲကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာ တစ်သိန်းလေးသောင်းကျော်လောက်ကို ဦးစားပေးကူညီတယ်လို့ စွပ်စွဲနေတဲ့ ရခိုင်ဗုဒ္ဓဘာသာဝင်အသိုင်းအဝိုင်းရဲ့ မနှစ်မြိုမှုကို ကယ်ဆယ်ရေးလုပ်သားတွေ ရင်ဆိုင်နေရတာကြာပါပြီ။
    အရပ်ဖက် အန်ဂျီအို ကိုယ်စားလှယ်တွေကတော့ ရခိုင်ဗုဒ္ဓဘာသာဝင် အသိုင်းအဝိုင်းကိုလည်း ကူညီပေးပါတယ်လို့ဆိုကာ ဘက်လိုက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂရဲ့ အဆိုအရကတော့ ကယ်ဆယ်ရေးလုပ်သားတွေက ခြိမ်းခြောက်တာ၊ စော်ကားတာကို ခံကြရပါတယ်။
    A Rohingya man carrying his child looks at police and volunteer conducting a national census at a Rohingya village in Sittwe
    REUTERS/Soe Zeya Tun
    အပြည်ပြည်ဆိုင်ရာ အရပ်ဖက် အန်ဂျီအို တွေကို ပြည်နယ်ကနေ နှင်ထုတ်ပေးဖို့ ရခိုင်ဗုဒ္ဓဘာသာဝင်တွေက အစိုးရဆီမှာ ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။ လက်တလောဖြစ်ပျက်ခဲ့တဲ့ အဓိကရုဏ်းကတော့ ကယ်ဆယ်ရေးအဖွဲ့အစည်းက ဝန်ထမ်းတွေကို စစ်တွေမြို့က ဖယ်ရှားအောင် ဖန်တီးလိုက်သလိုပါဘဲ။
    “သူတို့က ကျန်ရှိနေသေးတဲ့ အန်ဂျီအို လုပ်သားတွေကို စာရင်းပြုစုပြီး အပြီးရှင်းဖို့ ကြိုးစားနေတာ” လို့ အမည်မဖော်လိုသူ ကယ်ဆယ်ရေးလုပ်သားတစ်ဦးကပြောပြပါတယ်။
    စားနပ်ရိက္ခာတွေ သယ်ယူဖို့ဆောင်ပေးဖို့ တဆင့်ခံလုပ်ပေးတဲ့ ဒေသခံတွေကိုလည်း အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ အလုပ်မလုပ်ဖို့ ခြိမ်းခြောက်ထားတဲ့အတွက် လူသားချင်းစာနာထောက်ထားတဲ့ အလုပ်တွေ ဆက်လုပ်ဖို့ကတော့ တော်တော်ခက်ခဲ့ပါလိမ့်မယ်လို့ သူကပြောပါတယ်။
    “ရုံးတွေ၊ ကားတွေ၊ ယဉ်တွေ၊ ကုန်ကားတွေလည်း ကျနော်တို့ကို ဘယ်သူမှ မငှားပေးတော့ဘူး။ ကျနော်တို့ကို ဘာမှလည်း မရောင်းပေးတော့ဘူး။” လို့ သူကပြောပါတယ်။
    သန်းခေါင်စာရင်း အရှုပ်တော်ပုံ
    ဒီလို ကယ်ဆယ်ရေးလုပ်သားတွေကို ဖယ်ရှားလိုက်ချိန်ဟာ ဘာသာရေးနဲ့ လူမျိုးရေး မေးခွန်းတွေကြောင့် အငြင်းပွားမှုတွေ ပေါက်ဖွားနေတဲ့ သန်းခေါင်စာရင်းကောက်ဖို့ပြင်ဆင်နေတဲ့အချိန်လည်းဖြစ်ပါတယ်။ ဒါဟာ အစိုးရကိုယ်နှိုက်က ဘင်္ဂလားဒေ့ရှ်က တရားမဝင်ဘန်ဂါလီတွေလို့ စွပ်စွဲခံနေရတဲ့ သန်းချီ ရိုဟင်ဂျာတို့ရဲ့ ဇာတိမြေဖြစ်ရာ ဒီရခိုင်ပြည်နယ်မှာလည်း တင်းမာမှု ပိုမိုကြီးထွားလာစေနိုင်တဲ့ ကိစ္စလည်းဖြစ်ပါတယ်။
    “ရိုဟင်ဂျာ” ဆိုတဲ့ အမည်ဟာ သန်းခေါင်စာရင်းမှာမပါပေမယ့် “အခြား” ဆိုတာကိုရွေးချယ်ပြီး သန်းခေါင်စာရင်းလာကောက်သူကို ကိုယ့်ရဲ့ လူမျိုးရေးထည့်ပေးဖို့ ပြောလို့ရပါတယ်။ ဒါဟာ ရိုဟင်ဂျာဆိုတာကို တရားဝင်သိအမှတ်ပြုတဲ့ အနေအထားကို ရောက်သွားနိုင်တယ်လို့ ဆိုပြီး တချို့ ရခိုင်ဗုဒ္ဓဘာသာဝင်တွေက သန်းခေါင်စာရင်းကို သပိတ်မှောက်ဖို့ ခြိမ်းခြောက်ကြပါတယ်။
    သန်းခေါင်စာရင်းကို ဆန့်ကျင်တဲ့ သင်္ကေတ အမှတ်အသားနေနဲ့ စစ်တွေက ရခိုင်ဗုဒ္ဓဘာသာဝင်တွေဟာ ဘာသာရေးအလံတွေကို အိမ်ရှေ့မှာ ချိတ်ဆွဲကြပါတယ်။ Malteser International ကယ်ဆယ်ရေးရုံးရှေ့မှာ ဘာသာရေးအလံ ချိတ်ဆွဲထားလို့ ဘာသာရေး သို့မဟုတ် နိုင်ငံရေး သင်္ကေတဟာအဖွဲ့အစည်းရဲ့စည်းမျဉ်းကိုချိုးဖောက်တယ်ဆိုပြီး ဖယ်ရှားလိုက်ပါတယ်။
    A Rohingya woman carries a child inside a temporary shelter as the government embarks on a national census at a Rohingya refugee camp in Sittwe
    REUTERS/Soe Zeya Tun
    ဒါကို အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးလုပ်သား အမျိုးသမီးတစ်ဦးက ဘာသာရေးအလံကို မဖွယ်မရာ လုပ်တယ်ဆိုတဲ့ ကောလဟာလ ပြန့်လွင့်ခဲ့တဲ့နောက် ညနေ ၈ နာရီလောက်မှာတော့ Malteser International ရုံးရှေ့မှ လူ ၄၀၀ လောက် စုဝေးခဲ့ပြီး ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ အခြား အန်ဂျီအိုနဲ့ ယူအန်ရုံးတွေကိုလည်း ဆက်လက်တိုက်ခိုက်ခဲ့တယ်လို့ ကုလသမဂ္ဂအတွင်းပိုင်းအစီရင်ခံစာမှာဖော်ပြထားပါတယ်။
    စနေနေ့မှာတော့ အစိုးရပြောရေဆိုခွင့်ရှိသူ ဦးရဲထွဋ်က “ရိုဟင်ဂျာ” လို့ထုတ်ဖော်ရင်တော့ သန်းခေါင်းစာရင်ကောက်သူတွေက မှတ်တမ်းတင်မှမဟုတ်ဘဲ “ဘန်ဂါလီ” ဆိုမှသာ စာရင်းသွင်းမယ်လို့ သတင်းထောက်တွေကိုပြောခဲ့ပါတယ်။ ရခိုင်ပြည်နယ်က သန်းခေါင်စာရင်းကောက်သူတွေကလည်း ညွန်ကြားထားတဲ့အတိုင်းသာ လိုက်လုပ်ကြရပါတယ် လို့ Reuters သတင်းဌာနကိုပြောကြပါတယ်။
    “အားလုံးကတော့ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာပါ လို့ပြောတာဘဲ” လို့ စံပြကျေးရွာက သန်းခေါင်စာရင်းကောက်ပေးသူ ကျောင်းဆရာ ဦးစိန်ဝင်းက ပြောပါတယ်။
    “ဒီလိုဆို ကျနော်တို့လည်း ဘာမှမရေးရဘူး။ အထက်က အသိအမှတ်မပြုထားတဲ့ လူမျိုးဆိုရင် မရေးနဲ့လို့ အမိန့်ထုတ်ထားတာကို” လို့ပြောပါတယ်။
    သန်းခေါင်စာရင်းကို စီမံဆောင်ရွက်ရာမှာ ကူညီပေးတဲ့ UN Population Fund (UNFPA) ကတော့ ရိုဟင်ဂျာလို့ “ကိုယ်ပိုင်ဖော်ထုတ်ခွင့်” ကို ခွင့်မပြုတဲ့ ဆုံးဖြတ်ချက်အပေါ်မှာ စိုးရိမ်မိတယ်လို့ ထုတ်ပြန်ကြေညာချက်တစ်စောင်မှာဖော်ပြထားပါတယ်။
    “နိုင်ငံတကာသန်းခေါင်စာရင်း စံချိန်စံနှုန်းများမှလည်းကောင်း၊ လူ့အခွင့်အရေးစည်းမျဉ်းများမှ လည်းကောင်း၊ သဘောတူလက်ခံထားပြီးသော လုပ်ထုံးလုပ်နည်းများမှ လည်းကောင်း ဤသို့ ကျောခိုင်းခွဲထွက်လာမှုအပေါ် UNFPA မှ အထူးပင် စိုးရိမ်မကင်း ဖြစ်နေရပါသည်။” လို့ အင်္ဂါနေ့ထုတ် ကြေညာချက်တွေ ဖော်ပြခဲ့ပါတယ်။ အဲဒီအပြင် “လူ့အဖွဲ့အစည်းဆိုင်ရာ အကြမ်းဖက်မှုသမိုင်းကြောင်း ရှိနေသော ရခိုင်ပြည်နယ်၌ ဤလုပ်ရပ်က တင်းမာမှုများ မြှင့်တက်ကြီးထွား လာစေနိုင်ပြီး ကောက်ခံရရှိသည့် သန်းခေါင်စာရင်းအချက်အလက်များအပေါ် ယုံကြည်ထိုက်မှုတန်ဖိုး လျော့ကျလာမည်ကိုလည်း စိုးရိမ်ပါသည်။” လို့ UNFPA က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
    မှတ်ချက်။ Reuters သတင်းထောက်များပေးပို့ပြီး Jared Ferrie ရေးသားကာ Nick Macfie မှတီးဖြတ်ထားသည့် Humanitarian crisis looms in western Myanmar as foreign aid workers leave သတင်းဆောင်းပါးအား O’Laie Manzu မှ ဆီလျှော်အောင် ဘာသာပြန်ထားပါသည်။
  • ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ မျိုးစောင့်ဥပဒေ မူကြမ်း ဇွန်လတွင် ပြီးစီးမည်ဟုဆို
    ဧပြီ ၂၊ ၂၀၁၄
    M-Media
    ရန်ကုန်။     ။လာမည့်နှစ်လအတွင်း ဘာသာကူးပြောင်းမှု နှင့် လူဦးရေကို ထိန်းချုပ်ကန့်သတ်မည့် ဥပဒေကြမ်းနှစ်ရပ်ကို အစိုးရကော်မရှင်မှ အပြီးသတ်ရေးဆွဲမည်ဖြစ်ကြောင်း သာသနာရေးဝန်ကြီးဌာနမှ ပြောကြားလိုက်သည်။
    610x407x11.jpg.pagespeed.ic.5fGRiUVSfG
    အမျိုးစောင့် ဥပဒေ ပြဌာန်းပေးရန် အဓိက လှုံဆော် လုပ်ဆောင်ခဲ့သည့် မ.ဘ.သ အဖွဲ့ ညီလာခံမြင်ကွင်းတခု Photo: Teza Hlaing / The Irrawaddy
    သာသနာရေးဝန်ကြီးဌာနမှ ကော်မရှင် အဖွဲ့ဝင်များသည် ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာနမှ ကော်မရှင် အဖွဲ့ဝင်များသည် မေလနှောင်းပိုင်း သို့မဟုတ် ဇွန်လအစောပိုင်းတွင် အပြီးသတ်မည်ဟု ဒုဝန်ကြီးဦးမောင်မောင်ဌေးက ဗုဒ္ဓဟူးနေ့ သတင်းစာ ရှင်းလင်းပွဲတစ်ရပ်၌ ဧရာဝတီသတင်းဌာနသို့ ပြောကြားသည်။
    “ ဥပဒေကြမ်းပြီးစီးရင် လူထုကို ချပြနိုင်အောင် ဆောင်ရွက်သွားမှာပါ။ အဲ့ဒီအလျင် လွှတ်တော်ဆုံးဖြတ်မှုအတွက် မတင်ပြမှီ သမ္မတဦးသိန်းစိန်ဆီ ပို့ပေးမှာဖြစ်တယ်။ မြန်မာပြည်ထဲက ဘာသာအပြောင်းအလဲအများစုဟာ ဘာသာခြားတွေနဲ့ လက်ထပ်ထိမ်းမြားမှုကြောင့် ဖြစ်ပေါ်လာတာပါ ”။
    ထိုဥပဒေကြမ်းနှစ်ရပ်သည် အမျိုးသားရေးဝါဒီ ဗုဒ္ဓဘုန်းတော်ကြီးတို့မှ လူထု လက်မှတ် တစ်သန်းဖြင့် တင်သွင်းသော ဥပဒေလေးရပ်ပြဋ္ဌာန်းရေး အဆိုပြုချက်မှဖြစ်သည်။ ကျန်နှစ်ရပ်မှာ ဘာသာခြားထိမ်းမြားမှုနှင့်ဇနီးတစ်ဦးထက် ပိုယူသောစံနစ်အား လိုအပ်ပါက ဥပဒေပြဋ္ဌာန်းဖော်ဆောင် ရန်ဖြစ်သည်။ ၎င်းတို့ကို ဗဟိုတရားရုံးချုပ်မှ ဥပဒေကြမ်းရေးဆွဲနေသည်။
    ဘာသာရေး တင်းမာမှုများအား မီးမွှေးရာရောက်သဖြင့် ယင်းဆောင်ရွက်ချက်များကို လူမှုလှုပ်ရှားသူများနှင့် ဘာသာရေးခေါင်းဆောင်အချို့မှ ဆန့်ကျင်ကန့်ကွက်ကြသည်။ သမ္မတနှင့်အစိုးရသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ဘာသာရေးအခြေခံအမျိုးသားရေးဝါဒဖြင့် အမြတ်ထုတ်ခြင်းလော ဟူသည့် ဝေဖန်ချက်များ ရှိနေသည်။
    “ မျိုးစောင့်ဥပဒေဟာ ဗုဒ္ဓဘာသာဝင်များ အတွက်သာ ဖြစ်နေတယ်။ အထူးသဖြင့် အမျိုးသမီးတွေကို ကျဉ်းကြပ်သွားစေတယ်။ လူမျိုးစုံ ဘာသာစုံရှိနေတဲ့ တိုင်းပြည်တစ်ခုမှာ ဒီဥပဒေက ပကတိတရားနဲ့ အံဝင်ကိုက်ညီမှု ရှိမှာမဟုတ်ပါဘူး။ အမျိုးသမီးများဟာ ဒီဥပဒေအရ မိမိတို့ရဲ့အိမ်ထောင်ဖက်ကို မိမိတို့ဆန္ဒအရ ရွေးချယ်ခွင့် မရတော့ပါဘူး။ အဲ့လိုဥပဒေမျိုး ပြဋ္ဌာန်းမဲ့အစား အမျိုးသမီးတွေရဲ့ စီးပွားရေး၊ ပညာရေးနဲ့ လူမှုစွမ်းရည်ကို မြှင့်တင်ပေးရမှာပါ။ ဒါမှ သူတို့အနေနဲ့ သူတို့ရဲ့အသိပညာ၊ ဗဟုသုတပေါ်အခြေခံလို့ မိမိအိမ်ထောင်ဖက်ကို လွတ်လပ်စွာ ရွေးချယ်နိုင်မှာဖြစ်ပါတယ် ” ဟု အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ ဒေါ်ဇင်မာအောင်မှ ဝေဖန်လိုက်သည်။
    Ref :The Irrawaddy:  Draft Law on Religious Conversion to Be Finished by June: Deputy Minister By YEN SNAING
  • စစ်တွေ ထောက်ပံ့ကူညီရေးရုံးများ တိုက်ခိုက်မှုအတွက် လူ ၁၂ ဦးကို ဖမ်းဆီးထား
    ဧပြီ ၂ ၊ ၂၀၁၄
    M-Media
    ပြီးခဲ့သည့် သီတင်းပတ်က ကုလသမဂ္ဂနှင့်နိုင်ငံတကာထောက်ပံ့ကူညီရေးအဖွဲ့ရုံးများကို တိုက်ခိုက်မှုနှင့်ဆက်နွှယ်နေသော သံသယရှိသူ ၁၂ ဦးကို ဖမ်းဆီးထားကြောင်း စစ်တွေမြို့ရဲဌာနမှ  ပြောကြားသည်။
    10154253_440532849426467_1958875672_n
    Photo: Facebook/Myanmar Police Force
    ယမန်နေ့က လူ ၁၂ ဦးကို ဖမ်းဆီးပြီး စေ့စပ်စွာ စစ်ဆေးမေးမြန်းနေကြောင်း၊ အကြမ်းဖက်မှုများအပေါ် ဆက်လက်စုံစမ်းထောက်လှမ်း၍ ထပ်မံဖမ်းဆီးရန်ရှိကြောင်း စစ်တွေရဲဌာနအုပ် ဦးထွန်းဦးက ဆိုသည်။
    “ သူတို့ကို စစ်ဆေးမေးမြန်းမှု၊ သူတို့ရဲ့ထွက်ဆိုမှုပေါ်မူတည်ပြီး ထပ်မံဖမ်းဆီးရမယ့်လူတွေ ရှိပါသေးတယ်။ ထွက်ဆိုဝန်ခံလိုက်တဲ့သူအချို့ကိုလည်း ချုပ်နှောင်ထားပါပြီ။ ဥပဒေချိုးဖောက်သူ မည်သူ့ကိုမဆို အရေးယူသွားမှာ ဖြစ်ပါတယ် ”။
    မတ်လ ၂၆ နှင့် ၂၇ ရက်က စစ်တွေမြို့တွင် ဗုဒ္ဓဘာသာဝင်ရခိုင်လူအုပ်များက ကုလသမဂ္ဂနှင့်နိုင်ငံတကာ NGO ရုံးများကို ဦးတည်တိုက်ခိုက်ခဲ့ကြရာ တစ်ဒါဇင်မကသော ရုံးအဆောက်အဦများ ပျက်စီးခဲ့သည်။ ထောက်ပံ့ရေးသိုလှောင်ရုံမှ ပစ္စည်းပစ္စယများ၊ လှေနှင့် သယ်ယူပို့ဆောင်ရေး ယာဉ်များကို အပြင်ထုတ်ဖျက်ဆီးပြီး ဒေသခံကူညီ ကယ်ဆယ်ရေး လုပ်သားအချို့ကိုလည်း ဆွဲထုတ်ခဲ့ကြသည်။
    နိုင်ငံခြားနှင့် မြန်မာလုပ်သား ၁၃၀ ခန့်ကို ရဲတပ်ဖွဲ့၏ အကာအကွယ်ပေး၍ စစ်တွေမှ လေယာဉ်ဖြင့် ထွက်ခွာစေခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာများ၌ တင်ပြသည်။ အဆိုပါ သောင်းကျန်း ဖျက်ဆီးမှုအတွင်း ရာနှင့်ချီသောလူများ ပါဝင်ပြီး ရဲတပ်ဖွဲ့ဝင်များက တည်ငြိမ်မှု ထိန်းသိမ်းရန် အချက်ပေါင်း ၁၂၀ ကျော် သေနတ်ပစ်ဖောက်ခြောက်လှန့်ခဲ့ကြောင်း၊ ထိုသို့ ထိန်းသိမ်းနေစဉ် အခန့်မသင့်စွာဖြင့် ရခိုင် မိန်းမငယ်တစ်ဦး ကျည်သင့်သေဆုံးကြောင်း ဆိုထားသည်။ ထိုအချိန်မှစပြီး ရခိုင်အာဏာပိုင်များနှင့် သမ္မတဦးသိန်းစိန်တို့သည် ယင်းအရေးအား စုံစမ်းစစ်ဆေးရန် ကြေငြာလိုက်သည်။
    မတ်လ ၂၆ ရက်တွင် Malteser International ရုံးဝန်ထမ်းတစ်ဦးက သူမ၏အဖွဲ့ငှားရမ်း လုပ်ကိုင်နေသော အဆောက်အဦပေါ်မှ ဗုဒ္ဓဘာသာ သာသနာ့အလံအား ဖြုတ်ချပြီးနောက် ယင်းသို့ဖြစ်ပွားခဲ့သည်။ သူမသည် အလံအား မဖွယ်မရာပြုလုပ်သည် ဟူသော ကောလဟလမှာ တမဟုတ်ချင်း စစ်တွေတစ်မြို့လုံး ပျံ့နှံ့သွားသည်။ သူမသည် ထိုသို့မပြုမူခဲ့ကြောင်း Malteser International မှ ငြင်းဆိုလိုက်သည်။
    ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာဝင် အုပ်စုများသည် ဒုက္ခသည် ရိုဟင်ဂျာ မွတ်စ်လင်မ်တို့ အတွက် နိုင်ငံတကာ ကယ်ဆယ်ထောက်ပံ့နေမှုများ အပေါ် အချိန်ကြာမြင့်စွာ အမျက်ထွက်လျက် ရှိနေခဲ့ကြသည်။ ကုလကျောထောက်နောက်ခံပြု  သန်းခေါင်စာရင်းကောက်ယူမှု၌ ရိုဟင်ဂျာများအား ၎င်းတို့လူမျိုးအမည် ရေးသွင်းခွင့်ပေးထားခြင်းက ထိုသူတို့၏ဒေါသအား ပိုမို ကြီးမားသွားစေ၏။ မွတ်စ်လင်မ်တို့သည် ဘင်္ဂလားဒေ့ရှ်မှ ရွှေ့ပြောင်းလာကြသည့် ဘင်္ဂလီများဖြစ်သည်ဟု ရခိုင်လူမျိုးတို့က အချေအတင်ဆိုနေကြ၏။
    ရိုဟင်ဂျာ တစ်သိန်းလေးသောင်းခန့်အပေါ် စာနာထောက်ထားမှု အကူအညီပေးရေး လုပ်ငန်းစဉ်များ ပြတ်တောက်သွားစေသော အဆိုပါ သောင်းကျန်းမှု၏နောက်တွင် မြန်မာအစိုးရသည် သန်းခေါင်စာရင်းကောက်ခံခြင်း နည်းစဉ်ကို အပြောင်းအလဲလုပ်ကာ ရိုဟင်ဂျာအမည်ဖြင့် စာရင်းသွင်းခြင်းကို လျစ်လျူရှုရန် ဆုံးဖြတ်ခဲ့သည်။
    မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ၊ အမေရိကန် နှင့် ဥရောပသမဂ္ဂရုံးများက အဆိုပါ တိုက်ခိုက်မှုများကို ပြစ်တင်ရှုတ်ချလိုက်ပြီး သန်းခေါင်စာရင်းကောက်ခံပုံ အပြောင်းအလဲလုပ်သည့် အပေါ် စိုးရိမ်မကင်းရှိကြောင်း ဆိုထားသည်။
    By LAWI WENG
    The Irrawaddy
  • သန်းခေါင်စာရင်း တွင် ခဲတံ၊ ခဲဖျက် အသုံးပြုမှု ဂယက် သံသယများနှင့် UNFPA ဖြေကြားချက်
    ဧပြီ ၂၊ ၂၀၁၄
    M-Media
    5337c49c0c77e
    ၂၀၁၄-ခု သန်းခေါင်စာရင်း ကောက်ယူနေချိန်မှာ သန်းခေါင်စာရင်းနဲ့ ပတ်သက်ပြီး နေရာအတော်များများမှာ လွဲချော်မှုတွေ ရှိနေတယ်လို့ သတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။ သန်းခေါင်စာရင်း မကောက်ယူမီက သန်းခေါင်စာရင်းကောက်ယူတဲ့ အခါမှာ 2B ခဲတံများဖြင့်သာ ရေးခြစ်ဖြည့် သွင်းမယ်ဆိုတဲ့အကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ကိုယ်တိုင် အကြိမ်တော်တော် များများ ပြောခဲ့တာ ရှိခဲ့ပါတယ်။
    သို့သော်လည်း သန်းခေါင်စာရင်း တကယ်ကောက်ယူတဲ့ အခါမှာတော့ 2B ခဲတံနှင့် ရေးခြစ်ဖြည့်စွက်တာမျိုး မဟုတ်ဘဲ သာမန်ခဲတံများဖြင့် ရေးခြစ်ခြင်း၊ ခဲဖျက်ဖြင့် ဖျက်ခြင်းများ ပြုလုပ်နေတဲ့ အတွက်  သန်းခေါင်စာရင်း ဖြေဆိုသူများ အနေနဲ့ ဖြေဆိုသည့်အတိုင်း မဟုတ်ဘဲ ပြန်လည်ပြင်ဆင်ဖြည့်စွက် မည်လောဟု သံသယ၀င်နေကြပါတယ်။ အချို့နေရာ ဒေသများတွင်တော့ သန်းခေါင်စာရင်းကောက်ယူမှု စာရွက်များသည် UNFPA မှ ကူညီသည့် စာရွက်များ မဟုတ်ဘဲ ပုံစံတူ သာမန်စာရွက်များသာ ဖြစ်သည်ဟု ပြောဆိုမှုများလည်း ရှိနေပါတယ်။
    ဒါကြောင့် ခဲတံဖြင့် ဖြည့်စွက်မှုပတ်သက်ပြီး UNFPA ကို မေးမြန်းခဲ့တာဖြစ်ပါတယ်။
    မေး – သန်းခေါင်စာရင်းကောက်ယူမှုနဲ့ပတ်သက်ပြီး နေရာအတော်များများမှာ ခဲတံနဲ့ဖြည့်စွက်မှုမှာ ခဲဖျက်နဲ့ဖျက်ပြီး ပြင်လို့ရတယ် ဆိုတာမျိုးတွေ သတင်းထွက်ပေါ်နေတဲ့ အတွက် ဖြေဆိုသူ တချို့အနေနဲ့ ဖြေဆိုမှု အပေါ် ပြောင်းပြီးရေး လိုက်မလားဆိုတဲ့ အတွေးမျိုးရှိနေကြတဲ့ အပေါ် UNFPA အနေနဲ့ ရှင်းပြပေးလို့ ရမလား မသိဘူး။
    UNFPA – ကျွန်မတို့ UNFPA အနေနဲ့ကတော့ Enumerator ဆိုတာ အစိုးရ အနေနဲ့ ခန့်အပ်ထားတဲ့ ၀န်ထမ်းတွေပါ။ နောက်ပြီးတော့ အစိုးရအနေနဲ့ ဒါကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပြီး လုပ်မယ်ဆိုတဲ့ အပိုင်းမှာ တစ်ယောက်နဲ့ တစ်ယောက် trust ပေါ့နော်။ ပြင်မယ်လို့တော့ မထင်ပါဘူး။ အဲ့ဒါကြောင့် ဒီ system ကို supervisor အထပ်ထပ်နဲ့ packing သေချာ လုပ်ပြီးတော့ ပို့ရမယ်ဆိုတာကို ကျွန်မတို့ process လုပ်ကတည်းက သေချာ စီစဉ်ထားတာပါ။ အဲ့ဒီတော့ ကျွန်မအနေနဲ့ ဒီလောက်ပဲပြောနိုင်ပါတယ်။ ပြင်မယ် မပြင်ဘူးဆိုတာကတော့ individual verification တွေရှိတော့ ဘယ်သူ့ကိုမှလည်း အာမ မခံနိုင်ဘူး။ ဒါပေမယ့် တစ်ယောက်ကို တစ်ယောက် trust လုပ်ပြီးတော့ အခြေအနေပါ။ ကျွန်မတို့လည်း တတ်နိုင်သလောက် ပါဝင်ပြီးတော့ လုပ်ထားပြီးတဲ့ အခြေအနေ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။
    Photo by AFP
  • မွတ်စလင် ကျောင်းသူတို့ အတွက် Shippensburg တက္ကသိုလ်ပရ၀ဏ်မှာ ၀တ်ပြုဆုတောင်းဖို့ နေရာ တစ်ခုပေးပြီ
    ဧပြီ ၂ ၊ ၂၀၁၄
    M-Media
    3163_prayer_room_mgkp
    အမေရိကန် နိုင်ငံ Shippensburg တက္ကသိုလ်က မွတ်စလင်ကျောင်းသူတွေဟာ စာကြည့်တိုက်ထဲရှိ စာအုပ်စင်တွေ ကြားထဲမှာ သူတို့ ရဲ့ဝတ်ပြု ဆုတောင်းမှုတွေကို ပြုလုပ်ခဲ့ကြရပါတယ်။
    တက္ကသိုလ်တာဝန်ရှိသူ အချို့ နဲ့ ကျောင်းသားသမဂ္ဂအချို့ ဟာ သူတို့ ဝတ်ပြုရာ နေရာကို လွန်ခဲ့တဲ့အပတ်က လေ့လာဖြစ်ခဲ့ကြပါတယ်။ တနေ့ တာအတွင်း ၀တ်ပြု ဆုတောင်းမှုတွေကို လုပ်ဖို့ အတွက် မွတ်စလင် ကျောင်းသား/သူ တွေဟာ နေရာတစ်ခုကိုရှာဖွေနေရတယ်ဆိုတာ သူတို့ သိရှိလာခဲ့ကြပါတယ်။
    3161_houda_with_prayer_garment_mgkpအမှန်တကယ် မွတ်စလင်ပီသစွာ ကျင့်ကြံနေထိုင် သူတွေကတော့ တရက်တာမှာ (၅) ကြိမ်ဝတ်ပြု  ဆုတောင်းမှုကို ဆော်ဒီအာရေးဗီးယားနိုင်ငံ မက္ကာမြို့ ရှိ ၀တ်ကျောင်းတော်ကို ဗဟိုထားကာ ကမ္ဘာ့နေရာ အသီးသီးကနေ ယင်းကျောင်းတော် ဘက်သို့ မျက်နှာမူပြီး ၀တ်ပြုကြရပါတယ်။
    မွတ်စလင်အမျိုးသမီးတွေကတော့ မွတ်စလင် အမျိုးသားတွေကြားမှာ သာမာန်အားဖြင့် ၀တ်ပြုခွင့်မရှိပါဘူး။ ဗလီတစ်ခုထဲမှာ အမျိုးသားရော အမျိုးသမီးရော ၀တ်ပြုနိုင်ပေမယ့် အမျိုးသမီးတွေကတော့ အမျိုးသားတွေရဲ့ အနောက်ဘက် ကနေ ၀တ်ပြုကြရပါတယ်။
    အခုတော့ တက္ကသိုလ်မှာမွတ်စလင် အမျိုးသမီးတွေ အတွက် ၀တ်ပြုဖို့ နေရာလိုအပ်လာ နေခဲ့ပါပြီ။ ဘိုင်အိုမေဂျာ ကျောင်းသူ ဟိုဒါဘိုမန်း ကသူမရဲ့ လိုအပ်ချက်တွေကို အတန်း ဖော်သူငယ်ချင်းလည်းဖြစ် ကျောင်းသာ သမဂ္ဂ အဖွဲ့ ဝင်လည်း ဖြစ်တဲ့ ခရစ်စတီးနားကို ပြောပြခဲ့ပါတယ်။ ဒီနှစ်အတွင်းမှာတော့ ဟိုဒါဘိုမန်းအတွက် ၀တ်ပြုဖို့ နေရာရှာရတာ အထူးတလည် ခက်ခဲမှုမရှိပါဘူး။ ကျောင်းပရ၀ဏ် အတွင်းမှာနေထိုင် နေတော့စာသင်ခန်း နဲ့ သူမ၀တ်ပြုရာနေရာကို သွားလာဖို့ လွယ်ကူနေခဲ့လို့ ပါ။ ကျောင်းပြင်ပမှာနေရချိန်မှာတော့ ၀တ်ပြုဖို့ နေရာ တစ်ခုဟာ အတော်ပင်ခက်ခဲတယ်ဆိုတာ သိမြင်လာခဲ့ရပါတယ်။
    ကျမတို့ က စာကြည့်တိုက်ထဲမှာဝတ်ပြုနေကြတော့ တစ်ခြား လူတွေက ကျမတို့ ကြည့်ကြမယ်၊ စပ်စုကြမယ်၊ တစ်ခါတစ်ခါ ဒီမှာဘာတွေဖြစ် ကုန်ပြီလဲလို့ မေးကြတယ် ဆိုတော့ ကျမတို့  အတွက် ၀တ်ပြုရတာတော်တော် ခက်ခဲပါတယ်လို့ ဟိုဒါဘိုမန်း ကသူ့ သူငယ်ချင်းတွေကို
    ပြောပြပါတယ်။
    3164_prayer_rug_mgkp
    အတန်းဖော်သူငယ်ချင်း ဂွန်ဇေးလ် ကိုပြောပြသလိုကျောင်းသားရေးရာ အကူအညီပေးရေး အချက်အလက် ဌာနကိုလည်း ဆက်သွယ်ခဲ့ပါတယ်။ အဲဒီနောက်ဘိုမန်းက ကျောင်းသား သမဂ္ဂ ရှိရာဆီကို သွားရောက်ခဲ့ပြီး သူနဲ့ အခြား မွတ်စလင်ကျောင်းသူတွေရဲ့ အခက်အခဲကိုတင်ပြပြီး အကူအညီတောင်းခံခဲ့ ပါတယ်။
    Email အနည်းငယ်မျှ  အပြန်အလှန်ပေးပို့ ဆက်သွယ်ပြီးနောက် ဘိုမန်းနဲ့ သူမရဲ့ သူငယ်ချင်းတွေ က မတူကွဲပြားကော်မတီမှ နီကိုးလက်စ် ဂျွန်ဆင်ကိုတွေ့ ဆုံပြီး ရှင်းပြဖို့  အခွင့်အရေးရခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ တက္ကသိုလ်က မတူကွဲပြားကော်မတီကလုပ်ငန်းစဉ်မှာ မွတ်စလင်ကျောင်းသား ကျောင်းသူများအတွက် အခန်းနေရာစီစဉ်ပေးနိုင်ရေးက အဓိကဦးစားပေးဖြစ်လာပါတယ်။
    3165_quran_mgkpကော်မတီဥက္ကဌက သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ ခေါ်ယူတွေ့ ဆုံဆွေးနွေးမှုတွေပြုလုပ်ပြီး (၄) ရက် အကြာမှာ ၀တ်ပြု ဆုတောင်းဖို့ အခန်းကိုပေးအပ် ခဲ့ပါတယ်။ “ကျမတို့ တော့ အရမ်းကိုပျော်ရွှင်မိပါ တယ်။ ပြီးတော့ အချိန်မဆွဲပဲ အခုလိုစီစဉ်ပေးခဲ့တဲ့ ကျောင်းက သက်ဆိုင်ရာပုဂ္ဂိုလ်တွေကိုလည်း အရမ်းကျေးဇူးပါတယ်” လို့ ဘိုမန်းက တက္ကသိုလ်ကျောင်းသား သမဂ္ဂမှာပြောကြားခဲ့ပါတယ်။ အခုဆိုရင် ကျမ်းမြတ်ကုရ်အာန် အငယ်စားလေးတွေ၊ စိတ်ပုတီးတွေ၊ ၀တ်ပြုရာမှာ ၀တ်ဆင်ရတဲ့ ၀တ်ရုံလေးတွေအပြင် ကျောင်းသား သမဂ္ဂကထောက်ပံ့ထားတဲ့စားပွဲ၊ ထိုင်ခုံများနဲ့ပါ သူတို့ ရဲ့ ၀တ်ပြုခန်းလေးကပြည့်စုံနေခဲ့ပါပြီ။
    ဒီအခန်းလေးကသာမာန် အားဖြင့်နေ့ လည်မွန်းတည့်အချိန် (၁)ကြိမ်၊ ညနေစောင်း (၁)ကြိမ် နဲ့ နေ၀င်ပြီး (၁)ကြိမ်လောက်သာ ကျောင်းသားတွေက အဓိကအသုံးပြုရတာပါ။ မနက်အာရုံ တက်ဝတ်ပြုမှုနဲ့ ညပိုင်း ၀တ်ပြုမှုတွေကိုတော့ ကျောင်းသူ ကျောင်းသားတွေရဲ့ အိမ်မှာ ၀တ်ပြုနိုင်ကြပါတယ်။
    သောကြာနေ့  နေ့ လည်ပိုင်းမှာဝတ်ပြုကြဖို့ မွတ်စလင်ကျောင်းသားတွေဟာ ဘာသာရေး စင်တာ မှာစုရုံးကြပါတယ်။ အရင်ကတော့ အဲဒီနေရာမှာ မွတ်စလင်ကျောင်းသူတွေ အတွက် အခန်းရဖို့  စင်တာအကြီးအကဲဆီကို အမြဲတောင်းဆိုနေကြရပါတယ်။ အခုလိုသီးသန့် အခန်းလေးရလိုက်တော့
    ရက်သတ္တပတ်လုံး အတွက် ၀တ်ပြုဖို့ ပါ အဆင်ပြေသွားခဲ့ပါပြီ။
    ဘာသာတရားပေါင်းစုံကို အဲဒီတက္ကသိုလ် ဘာသာရေး စင်တာကကြိုဆိုပြီးကူညီပေးနေပါတယ်။ လက်ရှိမှာတော့ ခရစ်ယာန်၊ ဂျုး နဲ့ အစ္စလာမ် ဘာသာဝင်တွေက သူတို့ ဆုတောင်းဝတ်ပြုမှုတွေ အတွက် လာရောက်အသုံးပြုနေကြပါတယ်။ ကျောင်းမှာရှိတဲ့ မတူကွဲပြားကော်မတီရော
    ကျောင်းသားသမဂ္ဂ ကပါကျောင်းသူကျောင်းသားတွေရဲ့ အခက်အခဲကိုဖြေရှင်းပေးဖို့  အမြဲကြိုဆို အသင့်ဖြစ်နေကြပါတယ်။
    The State News တွင် ဖော်ပြခဲ့သည့် MARY GRACE KELLER ၏ Muslim women find a place for prayer on campus ကို နေခြည်မင်း (M-Media) မှ ဆီလျော်အောင် ဘာသာပြန်ထားခြင်းဖြစ်သည်။