News @ M-Media

Blog

  • သန်းခေါင်စာရင်း ပထမနေ့ အစ္စလာမ် ဘာသာဝင် အိမ်ထောင်စုများ ကောက်ယူမှု့ အခြေအနေ သတင်းများ

    မတ် ၃၀ ၊ ၂၀၁၄
    M-Media

    ၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်း (မတ်-၃၀) ပထမနေ့ အစ္စလာမ် ဘာသာဝင် အိမ်ထောင်စုများ ကောက်ယူမှု့ အခြေအနေသတင်းများ

    1st Days By M-Media

    ပြည်လုံးကျွတ်သန်းခေါင် စာရင်းကောက်ယူမှုကို ယနေ့ မတ်လ ၃၀ ရက်နေ့မှ နိုင်ငံအနှံ့အပြား စတင်ကောက်ခံနေပါတယ်။ ပထမနေ့ ကောက်ခံရာတွင် တိုင်းရင်းသား/နိုင်ငံသားအစ္စလာမ်ဘာသာဝင်များ၏ အိမ်ထောင်စုများသို့ စာရင်းကောက်ခံရာတွင် ကြုံတွေရသည့် အခြေအနေများကို

    စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

    မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး မှ တာဝန်ရှိသူတစ်ဦးကို မေးမြန်းချက်အရ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာဖြည့်ခွင့်မရှိ၍ သန်းခေါင်းစာရင်းကောက်ယူမှု အဆင်မပြေကြောင်း၊ ပြည်မ မှ နေရာဒေသ အချို့တွင် အဆင်မပြေမှုများ ပေါ်ပေါက်ခဲ့ပေးမယ့် သက်ဆိုင်ရာကို ညှိုနိုင်းဆောင်ရွက်ခဲ့နိုင်ကြောင်း အများစု အဆင်ပြေကြောင်း ပြောပါတယ်။

    ငြိမ်းချမ်းမှုတည်ဆောက်ရေး ကွန်ရက် (PCN) ရဲ့ သန်းခေါင်စာရင်းကောက်ယူရေး အထောက်အကူပြုကော်မတီ  ဆက်သွယ်မေးမြန်းမှုနှင့် ၄င်းတို့  သတင်းထုတ်ပြန်ချက်များ၊ ဆိုရှယ်မီဒီယာများတွင် ရေးသားဖော်ပြချက်များအရ ရခိုင်ပြည်နယ်မှ လွဲ၍ မြန်မာနိုင်ငံနေရာအများစုတွင် ဖြေဆိုကောက်ခံမှု အဆင်ပြေခဲ့ကြောင်း၊ မြို့နယ်အချို့တွင် အစ္စလာမ်ဘာသာဝင်များကို ဗမာလူမျိုးဖြည့်စွက်ရာတွင် အဆင်ပြေပေမယ့် အခြား တိုင်းရင်းသားဖြည့်လိုသူများ 914 ကုဒ်အတွင်းသားဖြည့်ရန် ပြောကြာင်း ဖြေဆိုသူပြောကြားသည့်အတိုင်း စာရင်းမသွင်းကြောင်း သိရှိပါတယ်။

    M-Media မှ စုစည်းရသမျှ သန်းခေါင် စာရင်းကောက်ခံမှု ပထမရက် အခြေအနေများကို စုစည်းတင်ဆက်လိုက်ပါတယ်။

    အဆင်ပြေမှုများ

    ရန်ကုန်
    ———-
    မြို့နယ်အချို့တွင် လူမျိုးနေရာ ရိုဟင်ဂျာဖြည့်ရာ စာရင်းကောက်များမှာ ထည့်သွင်းပေးခဲ့ကြောင်း သိရှိရ၊

    ရန်ကုန်တိုင်း မြို့နယ်အချို့မှ အစ္စလာမ်ဘာသာဝင်များ လူမျိုးဗမာ (501) ဖြေကြားရာ စာရင်းကောက်များ အသာတကြည်လက်ခံထည့်ပေးကြောင်းသိရှိရ

    ပဲခူးတိုင်း အုတ်တွင်း၊ ညောင်လေးပင်၊ ရှမ်းပြည် ဝ အထူးဒေသ၊ ၊ ချင်းပြည်နယ်၊ ဒေါပုံ၊ သာကေတ၊ သင်္ကန်းကျွန်း၊ တာမွေ၊ မင်္ဂလာတောင်ညွှန့်၊ ပဲခူးတိုင်း အရှေ့ခြမ်း၊ တိုက်ကြီး၊ မော်လမြိုင်၊ ဗိုလ်တထောင်၊ ညောင်တုန်း၊ ပန်းတနော်၊ မေမြို့ ၊ မန္တလေးတိုင်း ဒေသများမှ အစ္စလာမ်ဘာဝင်များ သန်းခေါင် စာရင်း ဖြေဆိုရာတွင် အဆင်ပြေကြကြောင်းး လူမျိုးနေရာတွင် ကုဒ်နံပါတ် 914(ပသီ) ဟု ဖြေဆိုသူ ရာခိုင်နှုန်းများကြောင်း သိရှိရ (Source: PCN )

    ပန်းတနော်
    ———–
    ပန်းတနော်တွင် လူမျိုးအမည်နေရာတွင် 914 ဟုသာကောက်ခံသဖြင့် ကွပ်ကဲရေးမှုးရုံးသို့ သွားရောက်တိုင်ကြားရာ 914 နောက်တွင် ပသီ ဟုပြန်လည်ရေးသွင်းခွင့်ရခဲ့သည် ဟုသတင်းရရှိပါတယ်။ (Source: PCN )

    မြေပုံ
    ——–
    ရခိုင်ပြည်နယ် မြေပုံမြို့နယ် တွင် မနက်ဖြန်မှ သန်းခေါင်စာရင်းကောက်ယူမည်ဖြစ်ကြောင်း (Source: PCN )

    ရခိုင်ပြည်နယ် ကျောက်နီမော်တွင် ကမန်-702 ကို အဆင်ပြေချောမွေ့စွာ ရေးသွင်းခဲ့ကြကြောင်းသတင်းရရှိပါတယ်။ (Source: PCN )

    အဆင်မပြေမှု အခက်အခဲများ
    ———————————–
    ရခိုင်ပြည်နယ်
    ————-
    ရခိုင်ပြည်နယ်မှ မွတ်စလင် အများစု နေထိုင်ရာ မြို့နယ်များတွင် လူမျိုးရိုဟင်ဂျာဟု ဖြေဆိုမည် ပြော၍ စာရင်းမကောက်ဘဲ  ပြန်သွားကြောင်း ရိုဟင်ဂျာသတင်းဌာန တခုဖြစ်သော RB News ရဲ့ ဖော်ပြချက်များအရသိရှိရပါတယ်။

    သံတွဲ
    ——-
    သံတွဲမြို့မှ အစ္စလာမ်ဘာသာဝင် တချို့ အိမ်ကို စာရင်းကောက်ယူရာ ဘင်္ဂလီအတင်း ထည့်ခိုင်းကြောင်း၊ အစ္စလာမ် ကိုးကွယ်သူများ အတွက် 914 မှာသာထည့်ခွင့်ရှိကြောင်း၊ ရိုဟင်ဂျာလုံးဝ ပေးမထည့်ကြောင်း၊ ရိုဟင်ဂျာသာ ထည့်ချင်သူများ စာရင်းပါမှာ မဟုတ်ဘူးလို့ စာရင်းကောက်များပြောဆိုကြောင်း သံတွဲမြို့ခံ များရဲ့ ဆိုရှယ်မီဒီယာ များမှ ဖော်ပြချက်များအရသိရှိရပါတယ်။

    မော်လမြိုင်
    ————
    မော်လမြိုင်မြို့ အနီးတဝိုက်မှ မွန် နှင့် ကရင်လူမျိုး အစ္စလာမ်ဘာသာဝင်များမှ သက်ဆိုင်ရာ မွန် ၊ ကရင်လူမျိုးများ ထည့်ခွင့်မရကြောင်း သိရှိရပါတယ်။

    ပြည်
    ——-

    ပြည်မြို့မှ ရပ်ကွက်အချို့ရှိ မွတ်စလင် အိမ်ထောင်စုများ စာရင်းကောက်ရာတွင် လူမျိုးမေးခွန်းမမေးဘဲ 914 သာရေးသွားကြောင်း သိရှိရ

    ပုသိမ်
    ——–
    ပုသိမ်ဘက်က အောက်သက်ကယ်ရွာ ဘာသာမေးပြီး လူမျိုးမမေးဘဲ ချန်ထားခဲ့ကြောင်း သတင်းရရှိ၊

    ဇေယျဝတီ
    ————–
    ဇေယျဝတီဘက်မှာ အစ္စလာမ်ဘာသာ ကုတ်နံပါတ် ၅၀၁ ပြောတော့ မဖြည့်ဘဲ ၉၁၄ ထဲ ဖြည့်ပါတယ်။ သူတို့ ၉၁၄ မဟုတ်ဘူး ဗမာလို့ပြောတော့ အစ္စလာမ်ဆို ၉၁၄ ပဲ ဖြည့်ရမယ်လို့ သင်တန်းမှာကတည်းက မှာထားပြီးဖြစ်ကြောင်း စာရင်းကောက်များ တုံ့ပြန်

    ပျဉ်းမနား
    ————
    ပျဉ်းမနား ဦးကျေးရွာ လူမျိုး ၉၁၄ သာ ရေးမှတ်သွားကြောင်း၊ လူမျိုးနာမည်မရေးသွားကြောင်း သတင်းရရှိ

    ပန်းတနော်
    ————-
    ပန်းတနော်မှာ သန်းခေါင်စာရင်းကောက်တာ လူမျိုး ပသီလို့ ဖြေတာကို အဖြည့်မခံဘဲ စာရွက်အလွတ်ယူတဲ့ ဖြစ်စဉ် တခုဖြစ်ပွားခဲ့

    ရန်ကုန်
    ———–
    ၂၅ လမ်းမှာ အစ္စလာမ်ဘာသာကိုးကွယ်သူ ကရင်လူမျိုးကို ကရင်အဖြစ်လက်မခံဘဲ ၉၁၄ သာဖြည့်ခွင့်ရှိဟု ညွှန်ကြားထားကြောင်း စာရင်းကောက်ပြောကြား

    တာမွေ ဖို့မြေရပ်ကွက်မှ အိမ်ထောင်စု တစုကို စာရင်းကောက်ရာ ပသီ ဖြေခဲ့ကြောင်း ညနေမှ ကောက်ကွက် နံပါတ်မှားလို့ ပြန်လာတဲ့အချိန် စာရွက်တွင် ပသီကို ဖျက်ထားကြောင်းသိရပါတယ်။

    အင်းစိန်မြို့နယ်တွှင် စာရင်းကောက်ဆရာမများမှ မွတ်စလင် အိမ်ဆိုတာ သိလျက်နှင့် ကိုးကွှယ်သည့် ဘာသာ ဗုဒ္ဓဘာသာ လူမျိုး မြန်မာဆိုပြီး ထည့်မည်ဟု ပြောဆို၊  ပေါက်တောရပ်ကွက်တွင်းရှိ မွတ်စလင်များအား လူမျိုးမြန်မာထည့်ရန်  (မွတ်စလင် ဇာတ်ပျက်) တစ်ဦးမှ လိုက်လံစည်းရုံး နေကြောင်း သတင်းရရှိပါတယ်။

    ပဲခူး
    ———-
    ယနေ့မနက်ပိုင်း ပဲခူးမြို့မှ ကောက်ကွက်နေရာတော်များများတွင် စာရင်းကောက်များ ယူဆောင်လာခဲ့သော စာရွက်များတွင် ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာဟု ကြိုတင်ဖြည့်လာခဲ့ကြပါသည် သတိရှိသူ အချို့က ထောက်ပြပြင်ဆင်ခိုင်းပါမှ ဖျက်၍ပြန်ပြင်ပေးပါကြောင်း၊ လူမျိုးနေရာတွင် 914 ကိုသာဖြည့်သွင်းပြီး အမည်ကို ထည့်သွင်းမရေး ဘဲ ချန်လှပ်ထားခဲ့ကြပါသည်။ တာဝန်သိသူတို့က 1840 သို့ အကြောင်းကြားသောအခါ သက်ဆိုင်ရာ ဌာနများသို့ ခုမနက်ပဲ 914 ပသီ ကိုလက်ခံဖြည့်သွင်းပေးဖို့ ညွှန်ကြားထားပြီးဖြစ်ကြောင်း ပြန်ပြောလာပါတယ်။ သို့ပေမယ့် ခုညနေပိုင်းအထိ စာရင်းကောက်များက အထက်ပါအတိုင်းသာ ဆက်လက်ကောက်ယူနေပါကြောင်း သိရပါတယ်။

    ကရင်ပြည်နယ်
    ——————-
    ကရင်ပြည်နယ်ကော့ကရိတ်မြို့၌ 914 ပသီဟု ရေးပြပြီး ခြံပြင်ရောက်လျင် ခဲဖျက်နှင့် ဖျက်ပြီးပြင်ရေးနေကြောင်း ဆက်သွှယ်ပြောကြားလာပါတယ်။

    သန်းခေါင်းစာရင်းကောက်ယူရာတွင် စာရင်းကောက်များ မမှန်မကန်ဖြည့်သွင်းလျင် လ.ဝ.က ဝန်ကြီးဌာနနှင့် UNFPA တို့ကို အောက်ပါ နံပါတ်များအတိုင်း ချက်ခြင်းတိုင်ကြားနိုင်ကြောင်း  သတင်းရရှိပါတယ်။
    ဖုန်းနံပါတ်-1840 (သို့မဟုတ်) 067-4307369

    သန်းခေါင်စာရင်းကောက်ခံမှုတွေ ကြုံတွေ့ရသည့် အဆင်ပြေမှု မပြေမှုများကို M-Media Email လိပ်စာ ( [email protected] )  သို့မဟုတ် M-Media Facebook Page သို့ Message ဖြင့် ဆက်သွယ်ပေးပို့နိုင်ပါတယ်။
    ပေးပို့လာတဲ့ အချက်အလက် အကြောင်းအရာများကိုသာ ဖော်ပြပြီး ပုဂ္ဂလိက အချက်အလက်များကို (လုံးဝ) ဖော်ပြမည် မဟုတ်ပါ ။

  • ခရစ္စတယ်ပဲလေ့စ်နှင် ပွဲတွင် ပဲလေစ့်၏ ဘောကောက် ကလေးငယ်အား မော်ရင်ဟိုမှ ခြိမ်းခြောက်ခဲ့

    မတ် ၃၀ ၊ ၂၀၁၄
    M-Media
    – ယမန်နေ့က ကစားခဲ့သည့်ပွဲတွင် ပဲလေ့စ်အသင်း၏ ဘောကောက်ကလေးငယ်အား အထိုးခံရမည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ငြိမ်းခြောက်ခဲ့သည်ဟု သိရသည်။

    article-2592360-1CABE14800000578-829_634x454

    ၁ ဂိုး ဂိုးမရှိဖြင့်ရှုံးနိမ့်ခဲ့သည့် ထိုပွဲတွင် ချယ်ဆီးကစားသမား ဆီဇာ အက်ဇ်ပီလီကျူတာမှာ လက်ပစ်ဘောမြှောက်ရန်အတွက် ဘောလုံးကို အမြန်အလိုရှိနေချိန်တွင် ပဲလေ့စ်အသင်းမှ ဘောကောက် ကလေးငယ်က ဘောလုံးပေးရန် အချိန်ဆွဲနေခဲ့သည်။ ထို့ကြောင့် မော်ရင်ဟိုက ထိုကလေးအနားကပ်ကာ အထိုးခံရမည်ဟု ပြောခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

    သို့သော်လည်း မော်ရင်ဟိုကမူ ပြီးခဲ့သည့်နှစ်က ဆွမ်ဆီးအသင်းနှင့်ပွဲတွင် ချယ်ဆီးကွင်းလယ်လူ ဟဇာ့ဒ် ဘောကောက်အား ကန်ခဲ့မှုကြောင့် အနီကဒ်ပြခံခဲ့ရသည့် အဖြစ်အပျက်ကို ရှောင်ရှားရန် ကြိုးစားခြင်းသာ ဖြစ်သည်ဟု ကာကွယ်ပြောကြားခဲ့သည်။

    “(ဘောကောက်ကလေးငယ်အပေါ်) ဆီဇာအ အက်ဇ်ပီလီကျူတာဟာ ဒေါသထွက်တော့မယ်လို့ ကျွန်တော်တွေးမိခဲ့ပါတယ်။ ပြီးတော့ ကလေးတွေဟာ အချိန်ဆွဲဖို့ သင်ပေးခံထားရပြီး၊ ကစားသမားက ဒီကလေးကို ရိုက်ပုတ်လိုက်မယ်ဆိုရင်တော့ သူတို့ကိုသင်ပေးထားတဲ့သူတွေ ပျောက်သွားပါတယ်။ အဲဒီကစားသမားကတော့ သူ့လုပ်ရပ်အတွက် ဒုက္ခရောက်တော့တာပါပဲ” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    ထို့ပြင် ချစ်စရာကောင်းသည့် ထိုကလေးငယ်၏နားကို သွားခွင့်ရခဲ့ပြီး “မင်း ဒီလိုသာလုပ်နေ၊ တစ်နေ့ကျရင် တစ်ယောက်ယောက်က မင်းကိုထိုးလိမ့်မယ်” ဟုပြောခဲ့ကြောင်း မော်ရင်ဟိုက ၀န်ခံခဲ့သည်။

    ဂျွန်တယ်ရီ၏ ကိုယ့်ဂိုးကိုသွင်းမှုကြောင့် မထင်မှတ်ဘဲရှုံးနိမ့်ခဲ့သည့် ထိုပွဲပြီးနောက် မော်ရင်ဟိုက မိမိတို့အသင်းအနေဖြင့် ချန်ပီယံပြေးလမ်းမှ ထွက်ခဲ့ရပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
    Ref: Daily Mail

  • အသင်းလူစာရင်းမှာ ဇရာထောင်းနေ၍ ဖာဂူဆန်ကိုင်လည်း ရုန်းကန်ရမည်ဟု မိုယက်ဆို

    မတ် ၃၀ ၊ ၂၀၁၄
    M-Media

    – အသင်း၏ ဇရာထောင်းနေသော လူစာရင်းကြောင့် ဖာဂူဆန် ကိုင်တွယ်ပါကလည်း ယခုကဲ့သို့ ရုန်းကန်ရမှုများ ရှိလိမ့်မည်ဟု မန်ယူအသင်းနည်းပြ မိုယက်စ်ကပြောကြားခဲ့သည်။

    380722_heroa

    ဂန္တ၀င်နည်းပြ ဖာဂူဆန်၏နေရာကို ဆက်ခံခဲ့သည့် မိုယက်စ်လက်ထက်တွင် မန်ယူအသင်းမှာ အခြေအနေဆိုးရွားနေပြီး ပြည်တွင်းရှုံးထွက် ဖလားများတွင်လည်း ထွက်ခဲ့ရကာ၊ အသင်းသမိုင်းတွင် ပထမဆုံးအကြိမ် အဖြစ် ရှုံးပွဲ ၁၀ ပွဲတွေ့ခဲ့ရသည်။ ထို့ပြင် အသင်းမှာလည်း အဆင့် ၇ နေရာတွင်ရောက်နေသည်။

    အသင်းပရိတ်သတ်များက အဓိကပြိုင်ဘက်များဖြစ်သည့် လီဗာပူးလ်၊ မန်စီးတီးတို့ကို ရှုံးနိမ့်ခဲ့သောကြောင့် မကျေမနပ်ဖြစ်နေကြပြီး မိုယက်စ်အား ဝေဖန်သည့် နဖူးစီးတစ်ခုကိုပါ လေယာဉ်ဖြင့်ချိတ်၍ အိုးထရက်ဖိုဒ့်ကွင်းပေါ်သို့ ပျံသန်းရန် စီစဉ်ခဲ့ကြသည်။

    သို့သော်လည်း မန်ယူအသင်းရှိလူစာရင်းမှာ ဇရာထောင်းလားပြီဖြစ်သည့်အတွက် မည်သူကိုင်တွယ်သည်ဖြစ်စေ ခက်ခဲမည်ဟု မိုယက်စ်က ပြောကြားခဲ့သည်။

    “ဒီနှစ် ဆာအဲလက်စ် ဒီနေရာမှာ ရှိမယ်ဆိုရင်လည်း သူ့အတွက် ခက်ခဲမှာပါပဲ။ သူလည်းဒါကို သတိပြုမိမှာပါ။ အသင်းရဲ့ လူစာရင်းဟာ အိုမင်းနေတယ်ဆိုတာကို လူတွေကလည်း သိကြပါတယ်။ ဒါ့ကြောင့် ဒီရာသီမှာ ဘယ်သူပဲပဲ ကိုင်ကိုင် ခက်ခဲမှာပါပဲ” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် လေယာဉ်ပျံသန်းမည့်အစီအစဉ်နှင့်ပတ်သက်၍ မိုယက်စ်က ပရိတ်သတ်များမှာ ၎င်းတို့၏ ခံစားချက်များကို ထုတ်ဖော်ခွင့်ရှိပြီး မိမိအနေဖြင့် တည်တည်ငြိမ်ငြိမ်ရှိကြောင်း၊ မိမိအား ကောင်း၊ မကောင်းဆုံးဖြတ်ရမည်မှာ မိမိကို ခန့်ထားသူသာ ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

  • အစိုးရဆန့်ကျင် ဆန္ဒပြသူ ၂ ဦး ဗင်နီဇွဲလားတွင် ထပ်မံသေဆုံး၊ သေဆုံးသူ ၃၉ ဦးအထိ ရှိလာ

    မတ် ၃၀၊ ၂၀၁၄
    M-Media

    – ယမန်နေ့က ဆန္ဒပြသူ ၂ ဦး ထပ်မံသေဆုံးခဲ့ပြီးနောက် ဗင်နီဇွဲလားနိုင်ငံအတွင်း ဖြစ်ပွားနေသည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှု၌ သေဆုံးသူများမှာ ၃၉ ဦး အထိ ရှိလာပြီဟု ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့သည်။

    Venezuela death toll rises amid new protests

    မြို့တော် ဆန်ခရစ္စတိုဘဲလ်တွင် လမ်းအားပိတ်ဆို့ရန် ဘီလ်ဘုတ်တစ်ခုကို ဆန္ဒပြသူများက သယ်လာစဉ် ဗို့အားပြင်း ဓာတ်ကြိုးတစ်ခု ရိုက်မိမှုကြောင့် အသက် ၄၄ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး၊ အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦးမှာလည်း မော်တာဗုံးတစ်လုံးသယ်ဆောင်လာစဉ် ပေါက်ကွဲခဲ့သောကြောင့် ယမန်နေ့တွင် သေဆုံးခဲ့ရသည်။

    နိုင်ငံအတွင်း ရာဇ၀တ်မှုများထူပြောလာခြင်း၊ ငွေကြေးဖောင်းပွမှု အလွန်မြင့်တက်လာခြင်းနှင့် မရှိမဖြစ် ကုန်ပစ္စည်းများ ပြတ်လတ်မှုကြောင့် ဗင်နီဇွဲလားနိုင်ငံတွင် ဖောဖော်ဝါရီ ၄ ရက်နေ့ကတည်းက အစိုးရဆန့်ကျင်ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။

    ဆိုရှယ်လစ်သမ္မတ နီကိုလက်စ်မာဒူရိုကမူ ထိုဆန္ဒပြမှုများမှာ ၎င်းတို့အစိုးရ ပြုတ်ကျရန်အတွက် အမေရိကန်၏ စီစဉ်မှုဖြစ်သည်ဟု ပြောကြားခဲ့ပြီး ၎င်းအား ထောက်ခံသူများကလည်း ကာရာကက်စ်မြို့တွင် တန်ပြန်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။

    “သူတို့(အစိုးရ)က ဆန္ဒပြတဲ့ ကျောင်းသားတွေကိုဖမ်းပြီး ရာဇ၀တ်မှုတွေနဲ့ လူဆိုးလူမိုက်တွေကိုကြတော့ လွှတ်ပေးထားပါတယ်။ ကျွန်တော်တို့ဟာ သီးခြားဖြစ်နေပြီး၊ ဘာမှပြောလို့လည်းမရပါဘူး။ စားဖို့ အစားအစာ အလုံအလောက်မရှိတာနဲ့၊ ကျွန်တော်တို့ရဲ့ ကလေးတွေကို သတ်ပစ်နေတဲ့ ရာဇ၀တ်မှုတွေကြားမှာ ကျွန်တော်တို့ နွမ်းလျနေပါပြီ” ဟု အသက် ၅၀ အရွယ် ပြည်သူ တစ်ဦးဖြစ်သူ မာတာ ပီရက်ဇ်က ပြောကြားခဲ့သည်။

    အတိုက်အခံခေါင်းဆောင်များနှင့် ဆက်သွယ်ကာ အာဏာသိမ်းကြံစည်သည်ဟူသော စွပ်စွဲချက်ဖြင့် လေတပ်ဗိုလ်ချုပ် ၃ ဦးကိုလည်း မတ်လ ၂၆ ရက်နေ့တွင် မာဒူရိုက ဖမ်းဆီးခဲ့သေးသည်။

    AFP